“အမှောင်ကိုခွင်း၊ အလင်းကိုဆောင်၊ ရခိုင်အလင်းရောင်။” စာပီမြင့်မှ လူမျိုးမြင့်ရေ။ စာပီပျောက်ကေ လူမျိုးပျေက်တေ။ ရခိုင်လူမျိုးလွတ်လပ်ချင်ကေ ရခိုင်စာကို အယင်သင်ကတ်။
ကျွန်တော်ရို့၏ “အမှောင်ကိုခွင်း၊ အလင်းကိုဆောင်၊ ရခိုင်အလင်းရောင်”ဘလော့သည် အိန်တာနက်ထက်မှာ တက်လာသမျှ ရခိုင်ဘာသာနန့် ဆောင်းပါး၊ကဗျာ စသည်တိကို ရှာဖွီတင်ဆက်ဖို့အတွက် စမ်းသပ်ပြုလုပ်နိန်ပါသည်။ လိုအပ်ချက်တိဟိပါက c'box မှာအမှာစာရေးထားခကတ်ပါ။ အတတ်နိုင်ဆုံး အကောင်းဆုံးဖြစ်အောင် ကြိုးစားနိန်ပါသည်။ ဆက်သွယ်ချင်ပါက alrevelation@gmail.com ကိုဆက်သွယ်နိုင်ပါရေ။

ငါကရခိုင်

ငါကရခိုင်
------

မနှင်းဇီ

နင်ကမြန်မာ

ငါကရခိုင်

မျဉ်းပြိုင်နှစ်ကြောင်း

မဆုံကောင်းပါ

ခွင့်လွှတ်လိုက်ပါ မနှင်းဇီ --။

ဤကဗျာမှာ မနှင်းဇီအား ကိုသာကျော် နောက်ဆုံးပီးခသော ကဗျာဖြစ်သည်။ ဤကဗျာကို ပီးပြီးနောက် ကိုသာကျော်သည် သူချစ်သော မနှင်းဇီအားကြောခိုင်းပြီး ရန်ကုန်မှ သူ့မွီးရပ်မြီ ရခိုင်ပြည်သို့ အပြီးအပိုင်ထွက်ခွာလာခသည်။ ဘ၀နှင့်ပုံ၍ ချစ်ခရစွာဖြစ်လို့ ကိုသာကျော် မနှင်းဇီနှင့်ခွဲရစဉ်မှာ ရင်ဆို့အောင်ခံစားရသည်။

အပိုင်း (၁)

ရန်ကုန်တက္ကသိုလ် နောက်ဆုံးနှစ် မြန်မာစာကျောင်းသားတဦးဖြစ်သော ရခိုင်သားကိုသာကျော်သည် သူနှင့်အတန်းတူ အချိန်တူ မြန်မာမချေ “မနှင်းဇီ” နှင့် ချစ်ရည်မျှခသည်။ သူရို့ချစ်ကျွမ်းဝင်ပုံကလည်း ဆန်းဆန်းချေဖြစ်သည်။ တယောက်နှင့်တယောက် နတ်ယင်းသွမ်းယင်း ရည်းစားဖြစ်လားခကတ်သည်။ မနှင်းဇီရို့ကျောင်းသူအုပ်စုက အတန်းထဲတွင် ကိုသာကျော်အပါအ၀င် ရခိုင်ကျောင်းသားများကို နာမည်ထုတ်မခေါ်ဘဲ “ခုနစ်ခိုင်” ဟုခေါ်သည်။ ရခိုင်မှ “ရကောက်” ကို “ခုနစ်ဂဏန်း” ဖြင့်အစားထိုးပြီး နတ်သည့်သွမ်းသည့်သဘော “ခုနစ်ခိုင်” ဟု ခေါ်ခြင်းဖြစ်သည်။

မနှင်းဇီသည် သူရို့အုပ်စုထဲတွင် အလှဆုံး၊ အသားမဖြူမညို နှာတံပေါ်လွင်ပြီး ရယ်လိုက်လျှင် ပါးချိုင့်ပေါ်သည်။ သူ့ပိုင် အချောအလှမချေက “ကိုသာကျော်” လို့ ခေါ်ဖို့အစား “ကိုခုနစ်ခိုင်” လို့ ခေါ်နီခါ ကိုသာကျော်က အောင့်သက်သက် ခံနီရသည်။ ထို့ကြောင့် ကိုသာကျော်လည်း “ခုနစ်ခိုင်” လို့ခေါ်စွာတုန့်ပြန်ဖို့ စကားလုံးလိုက်ရှာရပါတော့သည်။ ထိုအခါ စကားတလုံးကို ကိုသာကျော်လားတွေးမိသည်။

ထိုနိမှစ၍ မနှင်းဇီက “ကိုခုနစ်ခိုင်” လို့ခေါ်တိုင်း ကိုသာကျော်ငြိမ်ခံမနီ။ “ဟေ့ ကိုခုနစ်ခိုင် နီကောင်းလား” ဟု မနှင်းဇီးကမီးလာလျှင် ကိုသာကျော်က “မနှင်းဇီ” ကျွန်တော့်နာမည်က “ကိုခုနစ်ခိုင်” မဟုတ်ပါ။ ကိုချစ်ခိုင်ပါ။ ချစ်ကေခိုင်လွန်းလို့ “ကိုချစ်ခိုင်” လို့ခေါ်စွာပါ။ “ခုနစ်ခိုင်” လို့ မခေါ်ပါကဲ့။ “ကိုချစ်ခိုင်” လို့ နာမည်ပြောင်းခေါ်ပီးလို့ရပါဖို့လားစသဖြင့် ပြန်လှန်ရပါသည်။ ထိုအခါ မနှင်းးဇီမှာ မျက်လွှာချပြီး ဂေါင်းငုံ့လားတတ်သည်။ ထိုသို့ တဦးနှင့်တဦး နတ်ယင်းသွမ်းယင်းနှင့် ကိုသာကျော်နှင့် မနှင်းဇီရို့နှစ်ဦး နောက်ပိုင်းတွင် သမီးရည်းစားဖြစ်လားသည်။

အပိုင်း (၂)

ရည်းစားဘ၀ဖြစ်လားသောအခါ သူရို့နှစ်ဦး မိုးမမြင်လီမမြင် ပျော်သည်။ ကျောင်းပြီးလျှင် မနှင်းဇီကို လက်ထပ်ယူရန် ကိုသာကျော်က ဆုံးဖြတ်လိုက်သည်။ နောက်ပိုင်းတွင် ကိုသာကျော်က ကျောက်ဖြူမှ အမိအဖထံသို့ အကြောင်းကြားသည်။ မိခင်ဖြစ်သူ မိဒေါ်ညွန့် ရန်ကုန်ထိလိုက်လာပြီး မနှင်းဇီနှင့်တွိသည်။ စကားပြောသည်။ ချွေးမလောင်းကို အကဲခတ်သည်။ နောက်ပိုင်းတွင် စမ်းချောင်းသျှမ်းလမ်းမှ မနှင်းဇီရို့အိမ်ထိ လိုက်လည်သည်။ မနှင်းဇီမိဘများနှင့်လည်း တွိဆုံသည်။ အားလုံးအိုကေ အဆင်ပြေသည်။ ကိုသာကျော်ရို့ မိသားစုသည်လည်း ကျောက်ဖြူတွင် ထိပ်ထိပ်ကြဲဖြစ်သည်။ အသောက်အစားကင်းပြီး လူတဘက်သားကိုကူညီတတ်သော မိသားစုဖြစ်သဖြင့် လူချစ်လူခင်များသည်။

၎င်းအပြင် လူမျိုးရေးအစွဲကင်းသည်။ (ရခိုင်-မြန်မာ) ခွဲခြားမှုမဟိ။ အားလုံးမိသားစုတခုကဲ့သို့ သဘောထားသည်။ ကိုသာကျော်သည် ရခိုင်သားဖြစ်သော်လည်း ကျဉ်းမြောင်းသော အမျိုးသားအတွေးအခေါ်အယူအဆမဟိ။ သို့ဖြင့် မနှင်းဇီကို ရာသက်ပန်အိမ်ထောင်ဖက်အဖြစ် ကိုသာကျော် ရွီးချယ်လိုက်သည်။ ကိုသာကျော်နှင့် မနှင်းဇီအကြား မည်သည့်အဟန့်အတားမှမဟိ။ ချစ်သူများလျှောက်သောလမ်းသည်ကား ခရောင်လမ်းမဟုတ်၊ ပန်းခင်းသောလမ်းအတိဖြစ်သည်။

အပိုင်း (၃)

ထိုတနိ။ ထိုတနိကို ကြမ္မာငင်သောနိဟု ဆိုရဖို့လားမသိ။ ထိုနိတွင် ကိုသာကျော်နှင့် မနှင်းဇီရို့ လမ်းခွဲခရပါသည်။ ကိုသာကျော်နှင့်မနှင်းဇီရို့နှစ်ဦး ရွှေတိဂုံမြောက်ဘက်မုခ်မှ ဘုရားပေါ်သို့တက်လာလတ်သည်။ လမ်းဘေးပန်းသည်တဦးက ပန်းတိလန်းလန်းဆတ်ဆတ် ယူပါအုံးပြောလို့ ပန်းစည်း တယောက်တစည်းယူပြီး ဘုရားပေါ်တက်လာသည်။ မနှင်းဇီက င်္အဂါသမီးဖြစ်၍ င်္အဂါထောင့်တွင်ပန်းတင်ပြီး ရွှေတိဂုံစေတီကို လက်ညာရစ်ပတ်ယင်း အနောက်ဘက်စေတီရင်ပြင်တော်အနီး အနောက်ပြည်ရခိုင်ကုန်သည်ကြီးများတန်းဆောင်တွင် နှစ်ယောက်သားထိုင်သည်။

နီမညှိုးသိမ့်သဖြင့် ဘုရားပေါ်တွင် လူကြဲနီသည်။ အချေနှစ်ယောက်က မိခင်ဖြစ်သူနှင့်အတူ တန်းဆောင်အရိပ်ခိုပြီး ခွာစာကျွေးနီသည်။ ခွာချေတိကလည်း အချေလက်ထက်တက်ပြီး အစာစားလိုက် ပျံလိုက်နားလိုက် မြင်ရသောမြင်ကွင်းသည် ချစ်ဖို့အလွန်ကောင်းသည်။ ကိုသာကျော်နှင့် မနှင်းဇီရို့နှစ်ယောက်စလုံး အချေတိ ခွာစာကျွေးနီရာသို့ မျက်စိရောက်လားသည်။ မနှင်းဇီက ကိုသာကျော်ကို စပြောသည်။ “ကိုကို အချေတိ ကကောင်းချစ်ဖို့ကောင်းရေ” ကိုသာကျော်ကလည်း သဘောတူ ဂေါင်းညှိတ်ယင်း “ဟုတ်တေ မနှင်းဇီ အချေတိ ကကောင်းချစ်ဖို့ကောင်းရေနှန်း” ဟုဆိုသည်။

ထိုမှတဆင့် သားသမီးမွီးလာပါက ယောက်ျားချေနှင့် မမချေ “ပဇာကို ပိုကြိုက်တေလဲ” ဟု မနှင်းဇီက မီးသည်။ ကိုသာကျော်က ယောက်ျားချေဘဲမွီးမွီး သမီးချေဘဲမွီးမွီး သားသမီးဖြစ်သဖြင့် ချစ်ရမည်ဖြစ်ကြောင်းပြောသည်။ ထိုမှတဆင့် သားသမီးများမွီးလာပါက။ သားသမီးများ၏နာမည်ကိစ္စသို့ ရောက်လာသည်။ ထိုအခါ ကိုသာကျော်က “ကိုယ့်သားတိကို ရခိုင်နာမည်စစ်စစ် “သာထွန်းဦး“ ၊ “ကျော်လှဦး” စသည်ဖြင့် နာမည်ထားချင်ကြောင်းပြောသည်။ မနှင်းဇီမျက်နှာ ကိုသာကျော်စကားကြောင့် အနည်းငယ်ပျက်လားသည်။ “ဇာဖြစ်စွာလဲ မနှင်းဇီ” ဟု မီးသောအခါ မနှင်းဇီက “အေနာမည်တိ မဖြစ်နိုင်ထင်ရေ ကိုကို” ဟုဆိုသည်။

ကိုသာကျော်က “ဇာဖြစ်လို့လဲ မနှင်းဇီ” ဟု မီးသောအခါ မနှင်းဇီက “စိတ်မဟိပါကဲ့ ကိုကို မနှင်းဇီက သားချေတိနာမည်ကို မြန်မာနာမည်ဖြစ်တေ “ကျော်စွာမြင့်” ၊ “ဇော်လွင်မြင့်” ယင်းပိုင် နာမည်တိရာထားချင်စွာပါ။ ဇာဖြစ်လို့လဲဆို ကိုကို့သားတိနာမည်ကို ရခိုင်ပိုင်ထားကေ ကိုကိုသားတိ ဇာခါလည်း ရာထူးကြီး၊ အစိုးရထိပ်ပိုင်းရာထူးတိကို ရလီဖို့မဟုတ်ယာ။ မနှင်းဇီက သားချေတိကို စစ်ဗိုလ်ချုပ်ကြီးတိ၊ နိုင်ငံတော်အကြီးအကဲတိ ဖြစ်ချင်စွာ။ နာမည်တခုကြောင့် မနှင်းဇီသားချေတိ အနာဂါတ်တက်လမ်း ပိတ်မလားစီချင်ပါ ကိုကို”။ ကိုသာကျော်၏နှလုံးသား ဆားနှင့်အတို့ခံရပိုင် ခံစားလားရသည်။

ဖနောင့်ကသွီး ငယ်ထိပ်တက်လားသည်။ “ဟုတ်လား မနှင်းဇီ၊ အေတိုင်းပြည်မှာ ရခိုင်နာမည်ထားစွာနှင့် အစိုးရထိပ်ပိုင်းရာထူးကို မရနိုင်ပျာလား။ စစ်ဗိုလ်ချုပ်ကြီးတိ မဖြစ်နိုင်ပျာလား။ နိုင်ငံတော်အကြီးအကဲ မဖြစ်နိုင်ပျာလား” ကိုသာကျော်က ရင်ဆို့ဆို့ပြောသည်။ မနှင်းဇီသည် အ၀ီးတနီရာသို့ကြည့်ယင်း ပြောလာသည်။ “ဟုတ်တေ ကိုကို ။ အေချင့် အမှန်ပါ။ မနှင်းဇီ ကိုကို့ကို စမချစ်ခင်ကပင် အေကိစ္စကို အယင်စိုင်းစားပြီးသားပါ။ အထူးသဖြင့် သားသမီးတိ အနာဂါတ်ခရီး။ ရခိုင်သားတယောက်နှင့်ရရေ မနှင်းဇီသားသမီးတိ အေတိုင်းပြည်မှာ ဇာပိုင်လူရာဝင်လဲဆိုစွာကိုပါ”။ ကိုသာကျော် နားလည်လိုက်ပါပျာ။

မနှင်းဇီ၏စကားလုံးများသည် ကိုသာကျော်၏နှလုံးသားကို မျှားချွန်းချွန်းနှင့် တချက်ချင်းထိုးနီရေပိုင် ခံစားမိသည်။ ကိုသာကျော် ဇာလည်းဆက်ပြောချင်ပျာ။ ထိုနိက မနှင်းဇီကို သူ့အိမ်သျှမ်းလမ်းထိ ကိုသာကျော်လိုက်ပို့သည်။ သို့သော် စကားတခွန်းမပြောဖြစ်။ ချစ်သူနှစ်ဦး၏အိမ်အပြန်လမ်းရီးသည် ဆိတ်ငြိမ်လွန်းလှ၏။ မနှင်းဇီရို့အိမ်သို့ရောက်သော်လည်း စကားတခွန်းမျှမပြောမဆိုဘဲ လှည်းတန်းအခန်းသို့ ကိုသာကျော် လှည့်ပြန်လာလတ်သည်။ လာလမ်းတလျှောက် ကိုသာကျော်၏အတွေးအာရုံကို မနှင်းဇီ၏စကားလုံးများက ကြီးစိုးထားသည်။ နှလုံးသားဖြင့်ရင်း၍ချစ်ရပါသော်လည်း ဘ၀ကား မနှင်းဇီကို လက်ထပ်ရန်မဖြစ်နိုင်တော့။ ကိုသာကျော် နားလည်သဘောပေါက်လိုက်သည်။

(နိဂုံး)

မိုးလင်းသောအခါ ကိုသာကျော် မနှင်းဇီရို့အိမ်သို့လားပါသည်။ မနှင်းဇီက အိမ်တန်းခါးဖွင့်ပီးသည်။ ကိုသာကျော်အိမ်ထဲဝင်ရန် စိတ်မဟိတော့ပါ။ အသင့်ရွီးယူလာသောကဗျာနှင့် မနှင်းဇီ အမှတ်တရပီးထားခသောပစ္စည်းများကို မနှင်းဇီလက်ထဲ ပီးအပ်ယင်း ကိုသာကျော် မနှင်းဇီကို ကြောခိုင်းလိုက်ပါသည်။

မနှင်းဇီ

နင်ကမြန်မာ

ငါကရခိုင်

မျဉ်းပြိုင်နှစ်ကြောင်း

မဆုံကောင်းပါ

ခွင့်လွှတ်လိုက်ပါ မနှင်းဇီ --။

(ကွန်ချုပ်ကေ)


ရွက်နုတိဝီ

ရွက်နုတိဝီ
...........
မေတ္တာခေါင်းပါး
နွီရွာကြားမှာ...
အဝတ်စား ဗလာ၊ ငါလျှောက်လာလည်း...။

အကြင်နာခေါင်းပါး
နွီရွာကြားမှာ...
အစားစာ ဗလာ၊ ငါလျှောက်လာလည်း...။

စေတာနခေါင်းပါး
နွီရွာကြားမှာ...
အင်အားဗလာ၊ ငါလျှောက်လာလည်း...။

ငါကား မသီ
ချီမြဲချီလျက်။

ရွက်ကျင်လီသွန်၊ ရာသီပြန်ကေ
ထက်သန်စွမ်းအား၊ ငါ့သွီးသားက
ပေါက်ဖွားစီရီ၊ ဖူးညှောက်စီဗျာ
နီမြန်းတက်ကြွ၊ ငါ့အလှကို
ဝမ်းသာအားရ ကြည့်ကတ်လီ။
.......၀.......
လေးဝတီ ခိုင်ကျော်
(ရခိုင်သဟာယမဂ္ဂဇင်း အမှတ်(၆) မှ)


သားကြီးပါးသို့ ပီးစာ


     သို့
     သားကြီး ကောင်းကျော်ခိုင်...

နိန်ထိုင်ကောင်းယင့်မနား။ ဘာဘာလေ့ ကျန်းမာပါယင့်။ သားကြီးမိန်းရေမနား။ ဒေနှစ်သင်္ကြန်ခါ ဇာကိုခရီးထွက်ဖို့လဲလို့။  ဘာဘာရို့ ဒေနှစ်ခါလေ့ မြောက်ဦးကိုလားဖို့ စီစဉ်ထားရေ။ သားကတော့  မြောက်ဦးကိုချည်းဗျာယ် နှစ်စဉ်လားနိန်ရေလို့ စိတ်ပျက်လားခဗျာယ်လား။ ဘာဘာရို့ ရခိုင်လူမျိုး အတွက် ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ရေ မွီးရပ်မြေ။ မြောက်ဦးမြို့ရာမဟိခကေ ဘာဘာရို့ ရခိုင်လူမျိုးလေ့ ဟိလီဖို့ကားမဟုတ်။ ယင်းကြောင့် ဘာဘာရို့အတွက် မြောက်ဦးမြို့ရေ အရေးကြီးရေ။

တစ်နည်းဆိုရကေ မွီးရပ်ဇာတိရေ အရေးကြီးရေ။ ဇာတိမြေရေ လူတိအတွက်တောင် မကသိ၊ တိရစ္ဆာန်တိအတွက်လေ့ အရေးကြီးရေဆိုစွာ တစချို့ တိရစ္ဆာန်တိ အမူအကျင့်က သက်သီပြနိန်ရေ သား။ ဥပမာပြုရဖို့ဆိုကေ တောင်အာဖရိကနိုင်ငံမှာဟိရေ မိုးစရီငှက်တစ်မျိုးရေ မိုင်ပေါင်းခြောက်တောင်
ကျော်လောက်ဝီးရေ အင်္ဂလန်နိုင်ငံမှာ လာရောက်ရှာဖွေစားသောက် ကတ်တေလတ်။ နွီဦးပေါက်လာဗျာယ် ဆိုကေ ဇာတိမြေဖြစ်တေ တောင်အာဖရိက နိုင်ငံကို ပြန်လာကတ်ပျာယ် နဂိုလ်က နိန်ထိုင်ခရေအသိုက်ကို အတိအကျ ပြန်ရောက်ကတ်တေလို့ ဆိုရေကာ။ ဒေငှက်အကျင့်မျိုးပိုင် ပျားရို့၊ ဆိုက်ဘေး ရီးယားဘဲရို့၊ ဆော်လမွန်ငါးရို့ မှာလေ့ ဟိရေဆိုယင့်။

ပင်လယ်သမုဒ္ဒရာမှာ လာလောက်ရှာဖွေစားသောက်လေ့ ဟိတတ်တေ ဆော်လမွန် ငါးတိစွာ အရွယ်ရောက်လို့  သားသမီးမွီးဖို့ဗျာယ်ဆိုကေ ယင်းသူရို့မွီး ရာဇာတိဖြစ်တေမြစ်တိကို
ပြန်လို့လာကတ်တေလတ်။ အမှန်ဆိုကေ ဒေငါးတိစွာ ရီချိုမြစ်မှာ ပေါက်ဖွားဗျာယ် နှစ်နှစ်လောက်ထိ
နိန်ထိုင်စားသောက်ခါပြီးမှ တဖြည်းဖြည်းနန့် ပင်လယ်သမုဒ္ဒရာအထိ ရီကြည်ရာမြက်နုရာ ခရီးထွက်လားခကတ်စွာလတ်။ လေးနှစ်သားအရွယ်ရောက်ခါမှ ကိုယ့်ဘားကို ဥဖို့၊ ပေါက်ဖို့
ပြန်လာကတ်တေလို့ ဆိုရေကာ။ ပင်လယ်သမုဒ္ဒရာက ကိုယ့်အရပ်ဒေသကို ပြန်လာခါစမှာ တစ်ကောင်စီဆိုစွာ ပေါင် (၂၀)က (၂၅) ပေါင်ထိ ကြီးရေလို့ ဆိုယင့်။

မိုင်ပေါင်း ထောင်သောင်းချီလို့ ဝီးကွာရေခရီးကို ရီဆန်၊ လီဆန် အခက်အခဲတိ အများကြီးထဲက
ပြန်လာကတ်ရစွာယေ။ တစ်ခါတစ်ခါ မွီးရပ်ကိုရောက်ဖို့အတွက် ရီတံခွန်တိ၊ တောင်တိကို မရောက်ရောက်အောင် ခုန်တက်ကတ်ရရေ။ ကြိမ်ဖန်များစွာခုန်ရေခါ တစ်ချို့ကသီ၊ တစ်ချို့ကလေ့ မွီးရပ်ကို ပြန်ရောက်ကတ်တေလတ်။ ယင်းပိုင် အခက်အခဲ အများကြီးကြားက အပြန်ခရီးမှာ လူတိဖမ်းစားကတ်စွာကတစ်မျိုး၊ တစ်ခြား သတ္တဝါတိက ဖမ်းစားကတ်စွာတစ်မျိုးနန့် မွီးရပ်ဇာတိကို အကောင် အနည်းသျှေရာ ပြန်ရောက်တေလတ်။ ယေခါပြီးမှ ကိုယ့်ရပ်ကိုယ့်မြီမှာ သားသမီးတိကို မွီးဖွားဗျာယ် ယင်းသူရို့အနာဂတ်သမိုင်းကို ယင်းသူရို့ကိုယ်တိုင် ကျေပွန်အောင် ထမ်းဆောင်ကတ်တေလို့ ဆိုယင့်။

ဒေငါးတိနန့် နှိုင်းယှဉ်ကြည့်ကတ်ဖို့ဆိုကေ ဘာဘာရို့မွီးရပ်မြေကို ပြန်ဖြစ်စွာ၊ ဇာလောက်ပင်ပန်းကတ်လို့လဲ။ ပြီးကေသားလေ့ ရခိုင်အတိတ်သမိုင်း ရာဇဝင်ရို့ကို သိခွင့်ရဖို့၊ ပစ္စုပ္ပန်သမိုင်းကိုလေ့ မြင်ကတ်ရဖို့၊ အနာကတ်သမိုင်းကိုလေ့ မှန်းဆရဖို့မနားယေ။ ဇာပင်ဖြစ်ဖြစ် တစ်နှစ်တစ်ခါ၊ နှစ်ခါလောက်တော့
ပြန်ကတ်မေနှန်း။

                     ဘာဘာ...........
                                          ရိုးမလူ

...............
(၂၀၀၃၊ အောက်တိုဘာလထုတ်- ရခိုင်သဟာယ အသင်း(ရန်ကုန်) မဂ္ဂဇင်း (၆) မှကူးယူဖော်ပြပါသည်။


ရှေးဟောင်းရခိုင် သုတေသန ပညာသျှင် ဦးစံသာအောင်


ရှေးဟောင်းရခိုင် သုတေသန ပညာသျှင် ဦးစံသာအောင် (၁၉၂၅-၁၉၈၁)။

ရှေးဟောင်းရခိုင် သုတေသန ပညာသျှင် ဦးစံသာအောင်

ရှေးဟောင်း ရခိုင်သမိုင်းနှင့် ယဉ်ကျေးမှု သုတေသန နယ်ပယ်တွင် နိုင်ငံခြား သုတေသီ ပညာသျှင် အတော်များများ ပေါ်ထွက်ခပါသည်။ မြန်မာ တိုင်းရင်းသားများထဲမှမူ လက်ချိုး ရေတွက်ကြည့်လျှင် လက်တဖက်ပင် ပြည့်မည် မထင်ပါ။ အထူးသဖြင့် ရခိုင်ခေတ်ဦး ကျောက်စာ၊ ခေါင်းလောင်းစာ၊ ကြေးပြားစာ၊ ဒင်္ဂါးများနှင့် ပတ်သက်၍ စနစ်တကျ သုတေသန ပြုသူ အလွန် နည်းပါးခသည်။ ရခိုင် တိုင်းရင်းသားများထဲမှ ဦးစံရွှေဘု၊ ရခိုင်ပဏ္ဍိတ် ဦးဦးသာထွန်း၊ ဦးအောင်သာဦး ရို့သာ ထင်ထင်ရှားရှား ဟိခသည်။ ဦးစံရွှေဘုမှာ စစ်မဖြစ်မီက ရခိုင်ပြည်နယ် ဂုဏ်ထူးဆောင် ရှေးဟောင်း သုတေသီ (Archaecologist) တဦး ဖြစ်၍၊ ရခိုင်သမိုင်းနှင့် ပတ်သက်၍ မြန်မာနိုင်ငံ သုတေသန အသင်းဂျာနယ် (The Journal of Burma Research Society) တွင် အင်္ဂလိပ် ဘာသာဖြင့် သုတေသန စာတမ်းများ ရွီးခသူ ဖြစ်သည်။ အခြား ထင်ရှားသူ တဦးမှာ ရန်ကုန် တက္ကသိုလ် ရူပဗေဒ ပါမောက္ခ၊ နောင်တွင် အထက်တန်း ပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဖြစ်လာသူ ရခိုင် အမျိုးသား ဦးစံသာအောင် (၁၉၂၅-၁၉၈၁) ဖြစ်သည်။


လူနှင့် ဂုဏ်သိက္ခာ

လူဟူသည်မှာ၊ ဓမ္မတာတည့်
“ရီကြိုင်ရာ မြက်နုရာ” ရှာကတ်လည်း။

ဤသည်စကား၊  ငါစဉ်းစားမိ
ငါမွီးရေမြီ၊ အဖပြည်ကို
ဤနီရာသည်၊  ရီမကြိုင်ဟု
သွေဖယ်ကြောခိုင်း သင့်သလား။


နယ်ချဲ့လက်သစ်

ငါ့မြီပြင်မှာ
ခိုးဝင်ထွန်းယက်  သီးနှံထွက်ပြီး
ဈီးထက်တင်ရောင်း  အမြတ်ကောင်းရ
ဝမ်းဝဂေါင်းထောင်  မိစ္ဆာကောင်တိ
နှာရောင်ကောင်ကောက်ကောက်  မျက်လုံးနောက်ဗျာယ်
ယာမျောက်က  ယာသျှင်ကိုနှင်နီရေ။

ငါ့ရီပြင်မှာ
ခိုဝင်ငါးရှာ   ငါးရလာပြီး
ဈီးမှာတင်ရောင်း  အမြတ်ကောင်းရ
ဝမ်းဝဂေါင်းထောင်  မိစ္ဆာကောင်တိ
နှာရောင်ကောက်ကောက်   မျက်လုံးနောက်ဗျာယ်
ပြားမျောက်က  ပြားသျှင်ကိုနှင်နီရေ။


ရခိုင်စာအရီးအသား တစ်ရပ်ပေါ်ပေါက်ရေးအတွက် ရခိုင်ပါတီ ဆွေးနွေး

ရခိုင်သူ/သား တစ်ရပ်လုံးသို့ ပီးပို့လိုက်ပါယင့်

ကျွန်တော်ရို့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ မှ ကမကထ လုပ်ပြီး
ရခိုင်စာအရီးအသား တစ်ရပ်ပေါ်ပေါက်ရေးအတွက် ဆွေးနွေးထားချက် များကို တခြား
ရခိုင်သူ/သား များလည်း ပါဝင်ပူးပေါင်းပြီး ဆွေးနွေးပီးနိုင်ရန်
ပီးပို့လိုက်ပါရယ်။

အခုပို့ပီးရယ် စာတန်းတိကို ဖတ်ပြီးကေ အားလုံးလက်ခံနိုင်သော ရခိုင်စာ
အရီးအသား တစ်ရပ်ပေါ်ပေါက်အောင် ဆွေးနွေး အကြံပြုပီးကတ်ပါလို့ နိုးဆော်
တိုက်တွန်းလိုက်ရပါရယ်။

ရခိုင်စာ အရီးအသား တစ်ရပ်ပေါ်ပေါက်ရေး ကော်မတီ
ရခိုင်တိုင်းရင်းသားများတိုးတက်

ရေးပါတီ
စစ်တွေမြို့


ဂီရိကျိန်စာ (၀တ္ထူတို)

“စွန်လာ သစ်ငုတ်လား၊ သစ်ငုတ်ဆိုထိုင်နိန်၊ စွန်ဆို ထလိုက်၊ ကြက်မမကောင်း ကြက်ချေကောင်း ပိယောင် ပိယောင်၊ ကြက်မ မကောင်း ကြက်ချေ ကောင်းပိယောင်၊ပိယောင်” ………….

အဘုချေတိကစပ်နိန်ကတ်တေ အသံ……. ၀ါကျွတ်လပြည့်ဖို့ယာဖြစ်လို့ နပြင်တိခြောက်၊ နီပူတောက်ဖို့ အားယူလာရေအချိန်၊ ရှစ်ခွင်ဝဠာတိုင်းမှာ မိုးတစ်ပြ နီတစ်ပြနန့်…….။ ဖြူမချေရို့ သူငယ်ချင်းတစ်စု ကကောင်း ကစပ်မက်တေ…….နိန့်စိုင်ရက်ပြတ်၊ ညတိုင်းမချူ ကစပ်ကတ်တေ……



ဆရာတော် ဘဒ္ဒ န္တ စန္ဒြမဏိ ၏ အတ္ထုပ္ပုတ္တိအကျဉ်း

ဆရာတော် ဘဒ္ဒ န္တ စန္ဒြမဏိ ၏ အတ္ထုပ္ပုတ္တိအကျဉ်း

သာ့သနာ့အာဇာနီလောင်းလျာ သူငယ်ကို ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ မြောက်ဦးမြို့နယ် ပေါက်ပင်ကွင်းကျေးရွာ၌ ခမည်းတော် ဦးကျော်အောင်နှင့် မယ်တော် ဒေါ်မိဝင်ယေ ရို့မှ
၁၈၇၅ ခုနှစ်၊ မေလ (၂၅) ရက်၊ ၁၂၃၇ ခုနှစ်၊ ကဆုန်လပြည့်ကျော်(၁)ရက် အင်္ဂါနိန့်တွင် မီးရှူးသန့်စင် ဖွားမြင်တော်မူခသည်။

မွီးချင်းသုံးဦးအနက် ဆရာတော်သည် အကြီးဆုံး သားကြီးသြရသဖြစ်သည်။ အသက်(၁၂)နှစ် အရွယ်တွင် ဘာကြီးတော်စပ်သူ ဆရာတော် ဘဒ္ဒန္တစန္ဒိမာ (စန္ဒိယာရာမကျောင်း၊စစ်တွေ) ထံပါးတွင် သျှင်သာမဏေဘဝဖြင့် ပိဋကတ်စာပီများကို သင်ယူခသည်။ ထိုနောက် မော်လမြိုင်မြို့ ကဒိုးကောဝှပ်ကျောင်း၊ မန္တလေးမြတောင်တိုက်၊ ပတ္တမြားတိုက်၊ ခင်မကန်တိုက်နှင့်၊ ဝိသုဒ္ဒါရုံကျောင်းတိုက် ဆရတော်ဘုရားများထံတွင် ပိဋကတ်ကျမ်းကန်များကို နှံ့နှံ့စပ်စပ် သင်ယူလေ့လာခသည်။


“ရှိ”လား “ယှိ” လား


“မေတ္တာ”

“အမှောင်ကိုခွင်း၊ အလင်းကိုဆောင်၊ ရခိုင်အလင်းရောင်” ဘလော့ကို တမင်တကာလာကတ်တေဖြစ်စီ၊ လမ်းမှားလို့ရောက်လာကတ်တေဖြစ်စီ ကျွန်တော်ရို့ “ရခိုင်အလင်းရောင်” မိသားစုမှ အထူးပင်ကျေးဇူးတင်ပါရေ။ နောက်ထပ်လည်း လာလည်ကတ်ပါလို့ ဖိတ်ခေါ်ပါရေ။