ဝီးနိန်ကေလေ့
ရိုးတောင်ကာထား
တန်တိုင်းခြားလို့
တယောက်တပြည်
ဝီးလို့နိန်လည်း
ကိုယ့်၏အတွေး
အသဲထဲမှာ
တယောက်တနိန်ရာ
မဝီးပါဝေ
အချစ်ဦးမို့
စွဲလန်းရေ…။
၂၈-၀၇-၂၀၀၄
----------
http://kyawdiary.blogspot.com/
ဝီးကတ်ရပြီးနောက်
ခွဲသူလည်းလွမ်း
ကျန်သူလွမ်းမို့
အလွမ်းခြီရာ
ဝေဒနာကို
ရင်မှာခုတိုင်
မဖြေနိုင်ပါ
အချစ်ဦးသူချေ
ကိုရူးမယ်…။
၀၃-၀၇-၂၀၀၄
.........
http://kyawdiary.blogspot.com/
ချစ်သူ...
အဂုအချိန်မှာ
မဖြေသာဝေဒနာတိနန့်
မင်းနန့်ငါက
မဆုံသောလမ်းကို
လျှောက်လှမ်းကတ်ယာနှ။
မင်းနန့်ငါ့ဘဝကို
ဘဝကံကြမ္မာရထားက
တယောက်တနိန်ရာ
တယောက်တကမ္ဘာ
အဝီးတနိန်ရာကို
ဆွဲဆောင်လားခရေနိန့်ကစလို့
အတိတ်ဟောင်းကအဖြစ်ဟောင်းတိကို
မိန့်ပစ်ဖို့ကြိုးစားလိုက်တိုင်း
မင်းပြောခရေစကားနန့် မင်းယုယမှုတိကို
ငါတတိုးချေသတိရနိန်ရေ
ငါ့၏စိတ်ကိုလည်း ငါအံ့သြမိပါရေ
ချစ်သူ...။
မမျှော်လင့် မတတမ်းတပါယာလို့
သန္နိဋ္ဌာန်ချထားပြီးခါမှ
မင်းလည်း ငါ့ပိုင်မိန့်ဖျောက်လို့မရအောင်
သတိရလွမ်းနိန်ဖို့သီးလားလို့
ခပ်ကြောင်ကြောင်အတွေးတိနန့်
မင်းနန့်ဝီးရာ ထို......
အဝီးတနိန်ရာကိုထွက်ခွါလားချင်ကေလေ့
ထွက်ခွါလို့မရနိုင်ရေ ငါ့ခြီလှမ်းတိ
ပြီးကေ...
မင်းကိုပိုင်ဆိုင်ခွင့်မဟိဘဲ
အကြွီခံပန်းချေတပွင့်ပိုင်
အတိတ်ကအမှတ်တရများစွာကို
သတိရတမ်းတ လွမ်းဆွေးရုံကလွဲလို့
ငါ့ ဇာတတ်နိုင်ပါဖို့သီးလဲ
ချစ်သူ...။
ငါ့ရင်ထဲက မင်းထွက်ခွါလားရေနိန့်ကစလို့
အထီးကျန် ငါ့ကမ္ဘာထဲမှာ
ပျော်စရာတိပျောက်ဆုံးလို့
မသေချာရေအနာဂတ်ခရီးကိုလည်း
မျှော်လင့်ချက်ကင်းမဲ့စွာနန့်လျှောက်လှမ်းယင်း
အေစွာ..အချစ်ဝဋ်ကြွီးတခုဖြစ်ခကေ
ဒေဘဝဒေမျှနန့်ရာကျီပါလီဖိ
ချစ်သူ....။
--------
၀၂--၀၁-၂၀၀၄
----------
http://kyawdiary.blogspot.com/
*ဆန္ဒ*
နှစ်လွှာပေါင်းဖက်
တရွက်ဖြစ်တေ
စွယ်တော်ရွက်သာ
ဖြစ်ချင်ရေ။
၂၀-၀၁-၂၀၀၄
---------
http://kyawdiary.blogspot.com/
ခိုင်မာသည့်ကြိုး
ရိုးရိုးလေးယည်သူမို့
တိတ်တခိုးချေနန့် ချစ်နိန်မိရေ။
အတွေးတိုင်း ငါ့ရင်မှာ
သူ့ကိုမှစွဲလန်း။
သံယောဇဉ်နှောင်ကြိုးတိက
နှလုံးသားမှာရစ်ကာပတ်လို့
ဟောင်းနွမ်းမပြတ်။
၂၂-၁၂-၂၀၀၃
--------------
http://kyawdiary.blogspot.com/
ဝေဒနာလမ်းအို
----------------
သူမလာယာ
သိနိန်ပါလည်း
ရင်မှာမခံသာ
ဝေဒနာနန့်
အမြဲမပြတ်
ရက်မလပ်ဘဲ
ထိုလမ်းကိုဂျည်း
ငေးမိရေ။
၂၁-၀၁-၂၀၀၄
-----------
http://kyawdiary.blogspot.com/
ချစ်သူ...
တစ်ယောက်တနိန်ရာ ဝီးနိန်ချိန်မှာ
မဖြေနိုင်စရာ ဝေဒနာနန့်
ကြယ်ကိုအဖော်ပြု စာတိစုပြီး
ကဗျာချေတိ ရွီးမိရေ။
ချစ်သူ...
လားလိုက်စားလိုက် ပျော်မြူးလိုက်နန့်
နှစ်ဦးအတူ ဟိနိန်ချိန်မှာ
မင်းကို“ချစ်တေ” ဖွင့်ပြောချင်လည်း
မဝံ့မရဲ အတွေးလေးနန့်
ရင်ထဲမျိုသိပ် မပြောဖြစ်ခ
မင်းမုန်းလားမှာ စိုးလို့ပါ။
ချစ်သူ...
ငါ့နှလုံးသား ရင်ခွင်ကြားက
ပေါက်ဖွားလာရေ အချစ်ပန်းချေတိ
ရနံ့သင်းကြိုင် တလှိုင်လှိုင်နန့်
ကြီးထွားလာစွာ မင်းအတွက်သာ။
ချစ်သူ...
မင်းကခုဆို လွမ်းမပိုဘဲ
ဘဝင်ဟဒယ ရွှင်ပျပျနန့်
သတိတောင်မှ ရဖို့မဟုတ်နှ။
ချစ်သူ...
ငါ၏ရင်မှာ အချစ်ဒဏ်ရာ
ဝေဒနာကို မျက်ရည်ကြွီလျှက်
လွမ်းရက်ဆက်ပနာ
ကိုယ့်ဖွဲ့ဆိုရေ ကဗျာချေကို
မင်းတယောက်သိနိုင် ပါလီဖိ။
----------
၀၁-၀၁-၂၀၀၄
------------
http://kyawdiary.blogspot.com/
ဟန်ဆောင်အပြုံး
သူနန့်တွိ့ဆုံ အကြည့်ချင်းဆုံတိုင်း
ငါ့အားသူက အပြုံးစနှင့်
နှုတ်ဆက်ချိုသာ ရယ်ပြလာလည်း
မပြုံးသာပါ ငါ့ရင်မှာကား
နှလုံးကြွီမွ ဖြေမရလို့
ဟန်ဆောင်လို့ရာ ပြုံးရရေ။
-------------------
၁၉-၀၂-၂၀၀၄
-----------
http://kyawdiary.blogspot.com/
ချစ်သူ…
မင်းအကြောင်းကိုမတွေးယာ
မင်းကိုငါ
မလွမ်းယာလို့ဆုံးဖြတ်ထားကေလေ့
မတည်ငြိမ်ရေ ငါ့စိတ်တိက
မင်းဘားကိုရာ အမြဲတမ်းပျံ့ရွင့်နိန်စွာပါ။
မင်းကိုမတွေ့ချင် မမြင်ချင်လို့
ငါ့ပဇကဇာလောက်ပင်ပြောပြော
ငါ့စွာ အရူးတယောက်ပိုင်
မင်းဟိနိန်ကျနိန်ရာတိကို
အားစိုက်လို့လိုက်ရှာနိန်မိသူပါ။
မင်းထံမှောက်မာ
ငါ့ရင်ထဲဟိသမျှတိကိုအန်ထုတ်ဖို့
အကြိမ်ကြိမ်ကြိုးစားခကေလေ့
မင်းရှိကိုရောက်တိုင်းမာ
ငါက အ,အ-တယောက်ပိုင်ချောင်
ဆွံ့အ,နိန်ရသူပါရာ ချစ်သူ။
-------------
၁၄-၀၈-၂၀၀၂
-----------
http://kyawdiary.blogspot.com/
မပြောင်းလဲပါ
ကိုယ့်ပျိုးသည်ပန်း ကြွီကာနွမ်းပြီး
မြီမှာခ,ယ ဝပ်စင်းခလည်း
ပြာတိကိုမှုတ် ဖုံကိုသုတ်ပြီး
ဲမြတ်မြတ်နိုးနိုး ရင်မှာပျိုးပြီး
ချစ်ခင်တွယ်တာ ယုယစွာဖြင့်
ထာဝရသာ သိမ်းထားပါဖို့။
------------------
၂၀-၀၁-၂၀၀၄
http://kyawdiary.blogspot.com/
အချစ်ဆုံး ဂတုံးမ
နင့်ဂေါင်းထက်မှာ
အနာဖီးတိထ
ဝဲချီးခြူနိန်စွာက
ကြယ်စုံညပိုင်
ကြည့်လို့ လှရေ…၊
အချစ်ဆုံး ဂတုံးမ
နင့်အပြုံးက
မိုနာလီဇာထိုင်ငို
ချီးတိယိုလားအောင်
ဖြူစင်ပြောင်လက်
အရောင်ထရေ..၊
အချစ်ဆုံး ဂတုံးမ
နင့်ဒဿနက
ပို့ စ်မော်ဒန်ကဗျာတိထဲက
နိမိတ်ပုံပြစကားလုံးတိပိုင်
အဓိပ္ပါယ်ဖော်ရခက်တေ…၊
အချစ်ဆုံး ဂတုံးမ
နင့်မျက်လုံးက
စိုးမဲကျီပတ္တမြားပိုင်
ပြည်တန်စူးရှ
တန်ဖိုးပြည့်ဝရေ…၊
အချစ်ဆုံး ဂတုံးမ
နင်နန့် ငါ
အရက်တိယစ်ပနာ
ရှုခင်းသာတန်းထားထက်မှာ
မိုးတလင်း ငြင်းပစ်လိုက်ကတ်စွာ
ကုလားတန်မြစ်ဝ ပပွဆူ
ဆူနာမီတိ ဖြစ်လားခယင့်..၊
မိုးသီးပေါက်တိကြွီကျ
မိုးကြိုးပစ်ချရေ
ဒေပိုင်အချိန်
ထိန်းမနိုင်သိမ်းမရ
သတိရရေ
ဘ၀ခြားလားရေ ဂတုံးမချေ.....။ ။ ။
( စိတ်ကူးခြောက်ပိဿာနန့်  မြောက်ဦးကဘီလူး )
ကြယ်တစ်စင်းနန့် 
အလင်းမဖြစ်တေ အာကာ…၊
သူရဲကောင်းတစ်ယောက်နန့် 
သမိုင်းမဖြစ်တေ ရာဇ၀င်စာမျက်နှာ…၊
လူတစ်ယောက်တည်းနန့် 
အိမ်ထောင်မဖြစ်တေ ဘ၀မှာ….၊
မင်းကငါ့ကိုမချစ်
နားလည်မှုအနှစ်မဟိကေ
ရင်ကဗလာ
နှလုံးသားအကာနန့် 
ငါ…
ဇာဒေါင့်ကြားမှာ
တဲထိုးပြီးကေ
လားနိန်ခီရဖို့ လဲ…။ ။ ။
( စိတ်ကူးခြောက်ပိဿာနန့်  မြောက်ဦးကဘီလူး )
ရိုးမတောင်ကြီးလောက်ချစ်ကေလေ့
ဆီးစိချေလောက်
ငါ့အချစ်ကို နင်နားမလည်...၊
ကမ္ဘာကြီးကို မျိုပြ
ရင်ကအချစ်ကို
ဦးမောင်သိန်းတေးခြင်းဆိုပနာ
ငိုလို့ ပြကေလေ့
လရောင်ပိုင် လူပျက်လုပ်နိန်ရေလို့ 
နင့်က ငါ့ကို ထင်ရေ...၊
မွန်းရေ ညိုချေ
ဘင်္ဂလားပင်လယ်အော်က
ရီတိအားလုံးကို
သောက်ထားရရေပိုင်ဗျာယ်
ငါ့ဝမ်းက
အချစ်တိနန့် ဖဖူးရောင်
ဝမ်းကြီးသည်မတောင်
ဆရာခေါ်လောက်တေ...၊
ဘ၀မှာ
ရက်ပေါင်းသုံးသောင်းကျော်ရာ
ပိုင်ဆိုင်ရကေလေ့
စစ်တွေမြို့ လမ်းမကြီးမှာ
နင့်ကို လိုက်ကောနိန်ရစွာ
ရက်ပေါင်းသုံးထောင်ကျော်လားခဗျာယ်...၊
နှလုံးသားကမ်းစပ်မှာ
အချစ်ကျောက်ဆောင်တိ
အပြုံးပန်းနန့် ကြိုနိန်ကေလေ့
နင့်အကြင်နာလှိုင်းက
တစ်ခါလေ့ သတင်းလာမမိန်း...၊
အောင့်ရေ ညိုချေ
ရင်ဖတ်ထဲက
အချစ်စပါးခင်း
ဝင်းပလို့ ရင့်မှည့်နိန်ကေလေ့
နင့်ကလာလို့ မရိတ်ပီးဂါ..၊
နင့်အိမ်ရှိမှာ
ဂီတာတဒေါင်ဒေါင်နန့် 
ဘီလူးတစ်ကောင်
ကြောင်နိန်ဗျာယ် လတ်
လူတိကပြောနိန်ကတ်တေ...။ ။ ။
( စိတ်ကူးခြောက်ပိဿာနန့်  မြောက်ဦးကဘီလူး )
မဖြစ်းဖူးရေ သောက
မခံစားဖူးရေ ဝေဒနာ
သောကပင်လယ်
် တဝဲဝဲ
လှိုင်းကကြီး
မိုးကရွာ
လီပြင်းက တိုက်
် ကျောက်ဆောင်
နှင့်ရိုက်
ထိရှက်ကွဲပြစ်
အလွမ်းသမား
ဘဝ၌
ဖြေမပြေ အလွမ်း
သောကမီး လောင်မြစ်
ရက်စက်
အက်ကွဲ
ဒေခန္ဓာ၌
ရက်စက်တေ လွမ်း
မုန်းမိရေ လွမ်း
ကျီရာ ကျီကြောင်းး
တောင်းဆုပန်ရေ လွမ်း
(မာရယု)
(ဘုရင်မာရယုဘလော့မှ)
ကျိန်စာ တိုက်ထားရေ
ဝီးကွာခြင်းတိကြား
ကာရံ နဘေ မဟိရေ
ငါ နှလုံးသား ခုန်ချက်တိ
သင်္ချာ အပြင်ဘက်က
အလွမ်းနိရက်တိနန်.
အနာဆိုးတိပိုင်
တစိတ်စိတ် ကိုက်နီရေ
ငါ့ အလွမ်းဝေဒနာ
အပူတိ ငြိမ်းအောင်
ဖြေစရာ မဟိလို.
ရခဲ့တောင်ကြားက
မြစ်ထဲကို ငါ
အားရ၊ဘရ ခုန်ဆင်းချင်ရေ ...............။
အပြာရောင်မိုးကောင်းကင်ကို
မြင်ဂေလေ့
ငါလွမ်းရေ
အရွက်ချေတိ ကြွီကျစွာ
့မြင်ဂေလေ့
ငါလွမ်းရေ
ငှက်ချေတိ တေးခြင်း
ဆိုသံ ကြားဂေလေ့
ငါလွမ်းရေ
မြောက်လီတိုက်ဂေလေ့
ငါလွမ်းရေ
တောင်လီတိုက်ဂေ့လေ့
ငါ လွမ်းရေ
ရွီးလို.မကုန်နိုင်
ငါ့ အလွမ်းရတု
ဒေပိုင်.......
ဒုက္ခ နန်. အထီးကျန်
ဘ၀တိ ကို
ငါ ကျင်မကိုင်ချင်ယာ........။
ပန်းမျိုးတစ်ရာ ပွင့်ရေ
ငါ့ ဘ၀ နိရက်တိ နန်.
ကြင်နာ၊ယုယ မူတိ
ဘဘောင်းပြည့်နိန်ရေ
ဘုံချေ တစ်ဘုံ
ငါ ...ကို အယင်ပီးဖိ.............။
အေးမောင်(ရင်အုံတော်ဓာတ်)
၂၈၊၀၆၊၀၉(၁၄:၂၈)
(ဘုရင်မာရယုဘလော့မှ)
နွမ်းမလားခင်
အလှမာန်ကို
ချော့လိုက်ပါဝေ
မောင်ကြီးချစ်တေ
ပန်းပွင့်ချေ...။
ယင်းပိုင်မဟုတ်ကေ
င်္သခါရ ခပြားသတ်မူအောက်မှာ
ဗြားစားလားဖို့ဒေ...။
နင့်နားမှာ ရစ်သီရစ်သတ်
ယင်ကောင်တိ လာဟပ်စွာ
အဂယင့်မထင်ကဲ့...။
ယင်းချင့်တိစွာ
ငါ့ရို့အမျိုးကို
ပြတိုက်ပို့ဖို့ ပျင်နီစွာ...။
အရွက်ချေလှုပ်စွာ
ကြည့်ပနာရယ်ချင်ရေ
ပန်းပွင့်ချေကို
စကားချေချိုချိုနန့်
မပွင့်တပွင့်ပြော
ဗျင်းဘလိုက်သံကြားကေ
မျိုးချစ်မောင်ရခိုင်
ရင်နာလို့မဆုံးနိုင်...။
အမျိုးချစ်တေလို့
သက်သီပြုချင်ကေ
ရက္ခိတအားမာန်
ထာဝရရှင်နိုင်အောင်
စိတ်အလိုကိုလျော့
သာယာမှုကို
သမာဓိနန့် ဇမ္ဘတ်ကိုင်
တောင့်ခံနိုင်မှ
အတန်ကျဖို့ယေ...။
မဟုတ်ကေတော့ခါ
အမျိုးသီလကိုခြီနှုန့်သတ်
အမျိုးစပျောက်
ပိုးစဖောက်ကေ
ငါ့ရို့အဖတယောက်
တသက်လုံးရင်ကျိုးလီဖို့ယာ...။
အေးမောင်(ရင်အုံတော်ဓာတ်)
၁၆၊၀၈၊၀၉
(ဘုရင်မာရယုဘလော့မှ)
အမုဒ္ဒယ ကြိုးတစ်ပင်
ကမာငင်နိန်လို့
ယူဇနာ အသျူတစ်ရာ က
ငါ........
တဗျင်းလွမ်းနိန်ရရေ....
သိုက်လိုက်ခံလိုက်ရရေ
ငါ နှလုံးသား ...
စပါးကြီးမြွီ ညို့ခံထားရရေ
ကြက်မချေပိုင်
ဇာကိုဘင် လားလား
နင့်မျက်နှာ
ငါ.... ရင်မှာ.....
လ တစ်ရာ ပ လို့..........
အော်.........အချစ် အချစ်
တူးလားကေလေ့
ဝဲမသတ်နိုင်
ခါး --လားကေလေ့
ချောကလက်ချေပိုင်
ငါ မျိုချ မိနိန်ရေ ဂါ..........
ငါ ...ရေ
ရီမျိုး ကမ်းတင်
ကောက်ဆရီပင် ချေ တစ်ပင်
ယကေလေ့.....
နင်နန့်ကျမှ
ငါ့ နှလုံးသားတိ
ရမ်းပေါက်တိုက်ပနာ
အညာရီပေါက်ကေလေ့
အဂုကျမှ
ငြိမှာ ကပ် ကပ်လို့ .....................။
အေးမောင်(ရင်အုံတော်ဓာတ်)
၂၈၊၀၉၊၀၉(၂၀:၄၀)
(ဘုရင်မာရယုဘလော့မှ)
စိတ်နောက်ကို
ခိုးရွှာလိုက်ချင်ရေ
နင့်ကို
ကြက်ပေါင် တိုက်ပီးနိန်ကတ်တေ .....။
နင့် အချစ်က
အစွာပိုင်စွာရောင်
အချေခါ
ဖင်မှာ ၀ဲပေါက်ပေါက်လို့ဂါ
ခံရရေ ငါ့မှာ
နှလုံးသားတိ နာ
သွီးတိရပ်
ခြီတိ၊လက်တိ
ဗြဗြန်းတုန်ရေ ဒေ........
နင်ဇာဖြစ်လို့
ငါ အသဲတိကို
မုန့်သန်း ထောင်းရေပိုင်
ထောင်း နိန်စွာလေ ချစ်ချေ ......
မိုင်ပေါင်း ယုဇနာက
အလွမ်းတိ ခြောက်ပိဿာ နန့်
အရှုးတစ်ပိုင်း ချစ်ငတ်ကြီးကို
စာနာ နားလည်ပီးဘလင်
ဘုသျှေ...............။
အေးမောင်(ရင်အုံတော်ဓာတ်)
၁၆၊၁၁၊၂၀၀၉
(ဘုရင်မာရယုဘလော့မှ)
လရို့ သာခေါင်
တပေါင်း နွီဦး
ဝါးငှက်ချေ တွန်သံကျူးလို့ ........
ကြွီကျ ငါအသဲ
ရွှက်ခြောက်တိပိုင်
တဖြုတ်ဖြုတ်နန့်
သခင်မ ခြီအပါးခရသည်။
သခင်မ လားရာ
တလျောက်လမ်းဝယ်
ပန်းမျိုးတစ်ရာ
သက်ဆင်းကြွီလို့
ငှက်မျိုးမောင်နှံ
သံပြိုင်ဆိုလျက်
တေးခြင်းသီကုံး ဆိုကတ်သည်.....။
အင်ဂရားသခင်
အို အသျှင်မ
တစ်သက်တစ်ခါ
ချစ်မိဒေလူ
ဒေ ငမိုက်အား....
အသျှင်မ၏ အင်ဂရားပန်တိနန့်
ပစ်လျက်
ချစ်ကြိမ်လုံးနန့်
ဆုံးမတော်မှုပါ..........။
(အသက်နန့်ထပ်တူချစ်ရသူ အင်ဂရားပန်းချေသို့)
အေးမောင်(ရင်အုံတော်ဓာတ်)
(၀၃၊၀၃၊၂၀၁၀) (၂၃း၁၂)
(ဘုရင်မာရယုဘလော့မှ)
အမြင့်ဆုံး အကာထက်မှာ
ကြယ်စင်တိဝန်းရံလို့
အဆုံးမဟိရေ
အချစ်ဝိညဉ်
အဆုံးမဟိရေ
ငါ့ ၀ိညာဉ်။
အချစ်ဂီတရို့
ဖန်ဆင်းသျှင် အို သခင်။
ပျော်ရွှင်မှုရို့ အမြင့်မြတ်ဆုံး
တောင်းတမှု ညို့အားတိ
ငါ့ ကို ခဗြားလာသတ်။
ငါ့ဘ၀ တစ်စိတ်တစ်ဒေသ အကွေ့မှာ
အချစ်ကြယ်စင်ရို့ ဖန်တီးသူ အို သခင်။
ပန်းဆိုဂေ မြီမှာခ
စမ်းဆိုဂေ နွီမှာခန်း
အလွမ်းပန်း တစ်သန်း
ခမ်းခြောက် အနမ်း ။
ထီးနန်းစံ အချစ်ဗိမာန်
မိတ္တာစိတ်မှန် ငါ့နှလုံးသားအလံ
အမှန်စိုက် ဖို့ ငါတာစူးပြန်
အို...
ကြယ်စင်ရို့ ဟာမိုနီ။
အသျှင့် နှလုံးသား
အချစ်ကြယ်စင်ရို့
အယင် ထွန်းလင်းကတ်ပါ ဖိ.။
အေးမောင်(ရင်အုံတော်ဓာတ်)
၀၄၊၀၅၊၂၀၁၀( ၁၆း၄၇)
(ဘုရင်မာရယုဘလော့မှ)


