ညက အေအမ်ပီ ချက်ရုန်းမာ စကားပြောကတ်နီကတ်ယင်း ကလိမေသျှေတယောက်က မီးခွန်းတခုမီးလာရေ။ ယကေလေ့ ယင်းအချိန်မာ ချက်ချင်းပြန်ဖြေဖို့မရခဘာ။ ဇာဖြစ်လို့လဲဆိုကေ မီးရေကလိမေသျှေကလေ့ ကြက်ချခုတ်စားထားလားမသိ…အဆက်မပြတ်မီးစွာကတကြောင်း၊ အကျွန့်မာလေ့ လုပ်စရာစိချေ ဟိနီစွာကတကြောင်း၊ အင်္ဂလိပ်စာမတတ်စွာလေ့တကြောင်း…..နန့် အကြောင်းပေါင်းများစွာကြောင့် မဖြေပီးနိုင်ခဘာ။ ဂနိအချိန်ရလို့ သူ့မီးခွန်းကိုအေမာဖြေပီးလိုက်ပါရေ….။
2/8/2010
ဘင်္ဂလာဒေ့ခ်ျနိုင်ငံ ဒက္ကားမြို့တွင်
ကျင်းပ ပြုလုပ်သော ၁၁ ကြိမ်မြောက် တောင်အာယှ အားကစားပြိုင်ပွဲတွင်
ဘင်္ဂလာဒေ့ခ်ျနိုင်ငံဖွား ရခိုင်အမျိုးသမီး မဇော်ဦးဖြူမှ ရွှေတံဆိပ် ၂
ဦးဆုနှင့် ကြီးတံဆိပ် တခု ရခပါသည်။
ဆုရဟိစွာနန့်ပတ်သက်လို့ သူမ၏ ခံစားချက်ကို အဂုပိုင် ပြောသည်။
“အကျွန် အဂုပိုင် တောင်အာယှ အားကစားပြိုင်ပွဲမှာ ဆုတိ အများကြီး
ရဟိလီဖို့လို့ အကျွန် မမျှော်မှန်းခပါ။ ညခါက နောက်ဆုံး ပြိုင်ပွဲမှာ
ဘင်္ဂလာဒေ့ခ်ျ နိုင်ငံအတွက် ရွေတံဆိပ် ၂ခု နန့် ကြီးတံဆိပ် တခု ဆွတ်ခူး
ပီးနိုင်ခရေ အတွက် အကျွန်အတိုင်းမသိ ၀မ်းသာပါရေ။ အဂုပိုင် ဆုတိ ရဟိခရေအတွက်
အထူးဝမ်းမြောက်ရေပိုင် အကျွန်အပေါ် စေတနာထားပြီးကေ ပြသပီးခရေ
ဆရာသမားတိကိုလည်း အထူးကျေးဇူး တင်ပါရေ။ ပြီးကေ အကျွန့်လူမျိုးအတွက် လည်း
ဂုဏ်ယူပါရေ။”


