ရခိုင်ဆိုရေနာမည်စွာ နက္ခတ်ကောင်းနိမိတ်ကောင်းတိဟိရေအတွက်နန့် ရခိုင်ပြည်ဆိုစွာ ပညာတတ်လူတော်တိထွန်းမြတ်တေ အရပ်ဒေသတခုလည်းဖြစ်ပါရေ။
အနောက်ကိုကြည့်လိုက်တေခါ ဒေါက်တာအေးကျော်၊ ဒေါက်တာနာယက အစဟိရေပညာသျှင်တိကိုတွိရပါဖို့။
အရှိဖက်ကိုကြည့်လိုက်တေခါ ဒေါက်တာအေးချမ်းကိုတွိပါလိမ့်မေ။ သမိုင်းကိုလှန်လို့ကြည့်ကေ ယင်းထက်အများကြီးတွိပါဖို့ဆိုစွာကို ငြင်းပါယ်ကတ်ဖို့မထင်။ မီဒီယာကဏ္ဍကိုကြည့်ကေ ဦးကျော်ဇံသာစွာကကောင်းတော်ရေလို့ အားလုံးကလက်ခံထားယင့်။
ယေကေလည်းသော့ အခုတင်ပြဖို့ပညာသျှင်တိက ရခိုင်ပြည်ကပြိုင်ဖက်ကင်းပညာသျှင်တိပါ။ တသက်မှာတယောက်ပေါ်ဖို့ဆိုစွာခက်ခဲရေပညာသျှင်မျိုးပါ။ ကမ္ဘာမှာ ပညာရပ်မျိုးစုံဟိရေပိုင် ရခိုင်ပြည်မှာလည်း ပညာသျှင်မျိုးစုံဟိယင့်။
ရွာတရွာမှာ ဘုန်းကြီးကျောင်းတကျောင်းဟိရေ။ ရွာမှာ တရားနာဖို့ဆိုကေ ယင်းကျောင်းက ဘုန်းကြီးလားပင့်ရရေ။ ယင်းဘုန်းကြီးကျောင်းမှာ အလွန်တရားဟောချင်ရေ ဘုန်းကြီးတပါးဟိရေ။ ဘုန်းကြီးလာပင့်ရေထဲမှာ သူတခါလည်းမလိုက်ရ။ ဘုန်းကြီးမှာ တရားဟောချင်ရေစိတ်ကို မျိုထားရရေ။ ယင်းရွာမှာ မောင်သာလှဆိုရေ ငပျင်းတယောက်ဟိရေ။ သူ့အလုပ်က စားလိုက်အိပ်လိုက်နန့် အချိန်ကုန်ရေ။ တရက်နိ သူ့အိမ်သျှင်မကပြောရေ"ဒေနိ ထမင်းချက်ဖို့ထင်းရှာခီ။ ပါမလာကေ အိမ်ပြန်မလာကဲ့" ဆိုပြီးကေ ခိုင်းလိုက်တေ။ ငပျင်းလည်း ထင်းရှာဖို့ လားရေ။
တချက်တီးကျော်လောက်မှာ ငပျင်းက လယ်ကွင်းထဲကိုရောက်လားခရေ။ လယ်ကွင်းထဲမှာ လူတိ အညောင်းဖြေနီကတ်တေ။ ယင်းအချိန်မှာ တရားဟောချင်ရေဘုန်းကြီးကြွပါလတ်တေ။ ယေခါ ဘုန်းကြီးလည်း ၀မ်းသာလားခပြီးကေ ငါ့တော့ ဒေမှာတရားဟောလို့ရပျာဆိုပြီးကေ လယ်ကွင်းမှာဟိရေ လူတိအားလုံးကို တရားစဟောရေ။
ရွာတရွာမှာ မောင်လူကြီးဆိုရေ မနူးမနပ်ယောက်ကျားချေတယောက် ဟိပါရေလတ်။ သူက အဖသည်ကို ''ဘားဘာ မောင်မောင်ကို ခွစွာတစီးဝယ်ပီးပါပလင်'' ဆိုပြီးကေ ပူဆာပါရေလတ်။ အဖသည်က ''အဝေသားချေ မင်းကိုစက်သီးအသစ်တစီးဝယ်ပီးထားပျာဝါ'' လို့ ပြောလိုက်ပါရေလတ်။ ယေခါ သားသည်က ''ယင်းချင့်မဟုတ်သိမ့်လေ ဘားဘာ။ လှဖြူသီးသားအဖ ရွာကိုလာလည်ကေစီ စီးလာစွာလေ ဘားဘာ'' လို့ ပြောလိုက်တေခါ ''အဝေသားချေ သူရို့က တခါတရီ ဂါရီနန့်လာရေ။ တခါတရီ မော်တော်ဆိုက်ကယ်နန့်လည်း လာရေ။ သားချေ ဇာကိုလိုချင်စွာလဲ'' လို့ မီးလိုက်တေခါ ''ဇာပိုင်ပြောရဖို့လဲ ဘားဘာ။ နားရွက်ချေကိုလိမ်ပြီးကေ ဘေးခမ်းကို ဘင်းဘင်းနန့် ကျောက်ပစ်လိုက်ကေ ဖုန်းဖုန်းနန့်မြည်လာခါ တက်ပျာခွလိုက်ကေ ပျံထွက်လားခစွာလေ ဘားဘာ'' လို့ပြောလိုက်တေခါ အဖသည်က “အဝေသားချေ ယင်းစွာကို ဆိုက်ကယ်လို့ ခေါ်ရေ'' လို့ ပြန်ပြောလိုက်ပါရေလတ်။
ဆက်လက်ကြိုးစားပါမည်။
မသန်းရွှေ (စင်္ကာပူ)
-----------
(ရက္ခိတရို့ဆုံရပ်မြီဘလော့မှ)
ဒေ AMP မှာ ဖောက်သည်ချဖို့ပျာယ်။ ငရို့မှာ ၀မ်းကွဲညီတိအများကြီး။၊ ယင်းထဲမှာ အမျိုးအမျိုးတိပါရေ။ လူတော်၊ လူဆိုး၊ ဟက္ကရီကျ၊ ဆီးဆုံး၊ အငုတ်တုံး၊ စောင်းကန်း၊ ငပျင်းထွေ၊ ရွီကေကျီဖို့မထင်။
စိတ်ကောင်းရေ လူတိ၊ ဒေါသကြီးရေ လူတိ၊ ယင်းပိုင်မကန်။ အော် ဒေနန့်စကားမစပ်၊ ယင်းအထဲက ငရို့ဝမ်းကွဲညီချေတယောက်အကြောင်းကို ပြောပြမေ။
ငရို့တိက သူ့ကိုဒေါသကြီးလို့ “တစ်စူးထိုး“ လို့ခေါ်ရေ။
"တစ်စူးထိုး"
နာမည်အရင်းကိုတော့ခါ မပြောပျာယ်။ ငါ့ကို သတ်ဖို့လာဖို့စွာကို ကြောက်လို့။ ရွံတတ်စွာမှာလည်း မပြောကဲ့။ သူ့အိမ်ကို နွမ်းနွမ်းပါးပါး ဆင်းရဲသမတယောက်ဝင်လာကေပင် အိမ်ကထမင်းကို မစားပျာယ်။
တရားထိုင်ဖူးသူတိုင်းသိပါလိမ့်မည်။ သတိတလုံးကိုသုံးကေ အောင်မြင်မူမျိုးစုံရနိုင်ပြီးကေ သတိတလုံးမိကေ ဒုက္ခမျိုးစုံကြုံနိုင်ပါရေ။ တခါတလီ အောင်မြင်မူကြားက သတိလက်လွတ်မူကြောင့် မဖြစ်သင့်စွာတိဖြစ်လားရပါရေ။ ယင်းအတွက်နှင့် မဟာသတိပဌာနသုတ်မှာ ဘုရားသျှင်က သတိကိုဦးစားပီးဟောထားစွာကို အားလုံးအသိပါ။ သတိတရားက လောကကို အလှဆင်နိုင်ရေပိုင် သတိတရားပျက်မှုကြောင့် ဖြစ်ပျက်ပုံ ရခိုင်ပုံပြင်ချေတပုဒ်ကို AMP ပရိဿတ်ကိုပြောပြပါဖို့။
"ငပြာ" ဆိုရေလူတယောက် မိသားစုစားဝတ်နီရေးအတွက် ချောင်းကိုဆင်းပျာ ကွန်ပစ်လားရေခါ မိုးသောက်ဖက်ဖြစ်နီလို့ လူသူကင်းယှင်းနီသိမ့်သောကြောင့် ဒယောကို ပြူးပင်ထက်မှာ ချွတ်တင်ထားခပျာ ကွန်ပစ်ဖို့ဆင်းလားခပါရေ။ တချိန်းနှစ်ချိန်း ကွန်ကိုလက်မောင်းမှာတင်ပနာ တံငါသမားပီပီ ပစ်ဖြန့်လိုက်ကေလည်း ငါးတကောင်လည်းမကျ။
လေ့လာ၍မရသောပညာဟူသည်မဟိဟု အများကလက်ခံယူထား၏။ ယေတာလည်းအမှန်ပင် ယောက်ကျားများလေ့လာ၍မရသောပညာမှာ မိမ္မာယာကျမ်းပင်ဖြစ်သည်။ ပဇာကြောင့်ဆိုသော် ယင်းပညာသည် မိမ္မရို့၏ကိုယ်ပိုင်ဖြစ်သည့်အတွက် သူရို့တိရာပိုင်ပြီး ယောက်ကျားတိအမှန်ပင် လေ့လာ၍မရနိုင်ပါ။
ဥပမာအားဖြင့် ပုံပြင်ချေတပုဒ်ပြောပြပါမည်။ုအယင်ကခါ လူပျိုချေတယောက် ဒိသာပါမောက္ခဆရာပါးမှာ ပညာသင်ပြီးလို့ပြန်ရေခါ ကန်ဘောင်နား ရီခတ်ဖို့လာရေ အပျိုမချေတယောက်နှင့်တွိပါရေ။
မင်းဘာကြီးကိုသိလား (ဟာသ)
---------------------------
ရခိုင်တယောက်နှင့် မြန်မာတယောက် ခရီးလားယင်း အမှတ်မထင်တွိဆုံသည်။ မြန်မာက ရခိုင်သမိုင်းအကြောင်းစိတ်ဝင်စားသူတယောက်ဖြစ်သည်။ ထို့ကြောင့် ထိုအကြောင်းဒေအကြောင်း ထွေရာလေးပါးပြောဆိုယင်း မြန်မာက "အော် မိန်းယခိုင်ဆိုယိန် (မိန်းဘာဂျီး) ကို သိယဲ့လား" ဟု မီးလိုက်သည်။
ထိုခါ ကိုရခိုင်ဖြေလိုက်သည်က "အော် မသိလို့ဟိဖို့လား၊ (ငါ့ဘဂျီး) ဆိုစွာ ငရို့အကြီးသျှင်မှာ လင်မလားယေ”
----------
(ရက္ခိတရို့ဆုံရပ်မြီဘလော့မှ)
အကျွန်ရန်ကုန်မှာနီခခါ အကျွန်ကိုယ်တိုင် ရယ်လို့မဆုံးဖြစ်ခရရေ ဟာသချေတိပါ။ ယင်းခါက အကျွန့်အိမ်မှာ တလစာမီတာကြေးစာရွက်တရွက် ဖေးသာမသွင်းရသိမ့်ဘဲ (ရပ်ကွက်ထဲမှာ လည်လို့ကောက်တေ ၀န်ဆောင်မှုကားနန့်လည်း လွဲလားပြီးကေ) ငွေနောက်ဆုံးသွင်းရဖို့ရက်နန့်ကပ်နီလို့ မီတာယုံးကိုကိုယ်တိုင်လားသွင်းရဖို့ အနီအထားဖြစ်နီပါရေ။ အကျွန်ကလည်း အလုပ်လားရလို့ မီတာယုံးဖွင့်ရေအချိန်နန့် မကိုက်ဖြစ်နီပါရေ။ ယင်းခါ အကျွန့်အိမ်ကနှမလည်း ရန်ကုန်ကိုအလည်လာဆိုက်ပါ။ နောက်ဆုံးသူ့ကိုရာ မီတာယုံးကိုလားသွင်းခိုင်းဖို့အကြံရလို့ သူ့ကိုခိုင်းလိုက်ပါရေ။ မီတာယုံးက အိမ်နန့်ဆိုကေမ၀ီးပါ။ ယေကေလည်း အကျွန်က သူ မလားတတ်ဘဲဖြစ်နီလတ်မည်လို့ ဆိုက်ကားနန့်လားလီ၊ မီတာယုံးကိုပို့လို့ပြောဆိုပြီးကေ ခိုင်းပစ်ခပါရေ။ သူလည်း ယင်းနိ နိခြင်းလောက်ရောက်ခါ အရာဝမ်းကွဲနှမတယောက်ကိုအဖော်ခေါ်လို့ ဆိုက်ကားတစီးကိုခေါ်ပျာလ် မီတာယုံးကိုလားကတ်ပါရေလတ်။ ဆိုက်ကားနန့်လားလို့ လမ်းတ၀က်ရောက်တေခါ စိုးရိမ်ပြီးကေ ဆိုက်ကားသမားကို ထပ်ပြောပါရေလတ်။ “မီတာယုံးကိုတယောက် (တရောက်) ပို့နော်” လို့။ ယေကေ ဆိုက်ကားသမားကပြန်မီးပါရေလတ် “ဒါဆိုရင် နောက်တစ်ယောက်ကို ဘယ်ပို့ပေးရမလဲ” လို့။
အိုင်ယာလန် နိုင်ငံသား
----------------------
တခါက အင်္ဂလိပ်လူမျိုးတယောက်၊ စကော့လူမျိုးတယောက်၊ အိုင်ယာလန်လူမျိုးတယောက် (၂၆) မိုင် အရှည် မြစ်တမြစ်မှာ ရီကူးပြိုင်ကတ်တေ။
စကော့လူမျိုးက (၁၂) မိုင် ကူးပြီးရေခါ ညောင်းပနာ လက်လျှော့လားရေ။
အင်္ဂလိပ်လူမျိုးက (၁၆) မိုင် ကူးပြီးရေခါ လက်လျှော့လားပြန်ရေ။
အိုင်ယာလန်လူမျိုးကတော့ခါ (၂၅) မိုင်ကူးပြီးရေခါမှ ငါပန်းတိုင်ရောက်အောင်မကူးနိုင်ပျာယ်လို့ စိတ်ဓါတ်ကျပနာ နောက်ပြန်လှည့်လို့ ပန်းတိုင်အစကို ပြန်ကူးလားရေလတ်။
ကလေချေတယောက်မှာ ချစ်စကြင်စ ရည်းစားအသစ်စက်စက်ချေ တယောက်ဟိပါရေ သူ့အသဲချေမွီးနိအတွက် အမှတ်တရဖြစ်အောင် ဇာလက်ဆောင်ပီးကေ ကောင်းဖို့လဲ အသည်းအသန်စိုင်းစားနီရေ။ သူ့အချစ်လည်း ပေါ်လွင်ရဖို့ သူမအတွက်လည်း အသုံးဝင်ရဖို့်။ အမှတ်တရနှင့် ဂန္ဓ၀င်လည်းမြောက်ရပါဖို့။ ဈီးကြီးစွာတိလည်း မတတ်နိုင်ပါလေ။ နောက်ဆုံး ကိုးရီးယားမင်းသမီးတိဝတ်နီကတ်တေ အကောင်းစား လက်အိတ်အဖြုရောင်တစုံဝယ်ဖို့ ဆုံးဖြတ်လိုက်တေ။ မမအသုံးပစ္စည်းဆိုင်ကိုလားဖို့ဖြစ်လို့ သူ့ရည်းစားနှမလည်းပါလာရေ၊ ဆယ်ကျော်သက် အလှပလှချေပါရာ။ ဆိုင်ရောက်တေအခါ သူက လက်အိတ်အဖြူချေတစုံ ၀ယ်ရေ။ သူ့ရည်းစားနှမက အောက်ခံဘောင်းဘီ (ပင်တီ) တထည်ဝယ်ရေ။ ဖြစ်ချင်ခါ ထုပ်ပိုးပီးရေအရောင်းစာရေးမ၏အမှားကြောင့် သူ့ရည်းစားနှမက လက်အိတ်ရလားခရေ။ သူလည်း ဖွင့်မကြည့်ဘဲနှင့် (ပင်တီ) ပါဆယ်ထုပ်ကို စာတစောင်ရွီံးပြီးကေ သူ့ရည်းစားသည်ဘားသို့ စာတိုက်က ပို့ပီးလိုက်တေ။ စာက..
အယင် ကွန်ပျူတာတိပေါ်စက မောင်ကောင်းစံရို့ နယ်တကာလှည့်ပနာ ကွန်ပျူတာရောင်းခပါရေ။ တနှစ်အာမခံနန့် ပျင်လည်း ပျင်ပီးပါရေ။ တရက်နိ နယ်ဖောက်သယ်တယောက်က ဖုန်းဆက်လာပါရေ။
ဖောက်သယ်။ ။ ဟဲလို၊ ကျွန်တော် ကွန်ပျူတာပျင်ချင်လို့ပါ။
ကောင်းစံ။ ။ ရပါရေ။ ဇာပိုင် ပျက်စွာလဲ ပြောပြပါ။
ဖောက်သယ်။ ။ ကကောင်း ကြီးကြီးကျယ်ကျယ်တော့ခါ မဟုတ်ပါ။ လဖက်ရည်ခွက်အထိုင် ပျက်လားစွာလောက်ပါရာ။
ကောင်းစံလည်း ခေါင်းနောက်လားပါရေ။ ကွန်ပျူတာမှာ လဖက်ရည်ခွက်အထိုင် ပျက်လားပါရေလတ်။ ဇာခါကများ တပ်ပီးလိုက်ပါရေလဲ။
တခါက လင်သယ် ကုန်းထက်ကို တနားတပိုအိပ်ဖို့ တက်လားရေခါ၊ မယားသယ်က ငါးဖမ်းဘုတ်ကို ရီထဲချပနာ ကမ်းနန့် အင်တန်ချေလောက်အ၀ီးမှာ ကျောက်ချပနာ စာဖတ်နီပါရေ။
ရီကန်စောင့် လုံခြုံရေးက ဘုတ်နန့် ရောက်လာပနာ
"ဇာလုပ် နိန်စွာပါရေလဲ" လို့ မီးလိုက်တေ။
"အကျွန် စာဖတ်နီစွာပါ"
"အေချင့် တားမြစ်နယ်မြီဆိုစွာကို သိပါရေလား။"
"အကျွန် ငါးမျှားနီစွာမဟုတ်ပါ။ စာဖတ်နီစွာပါ။"
"ယေကေလည်း ဘုတ်ထဲမှာ ငါးဖမ်းကရိယာ အစုံအလင် ပါနီရေအတွက်နန့် အချိန်မရွီး ငါးဖမ်းနိုင်ပါရေ။ တာဝန်အရ ဒဏ်ရိုက်ရပါဖို့"
"စာဖတ်နီစွာကို ဒဏ်ရိုက်ပါဖို့လား"
"အေချင့် တားမြစ်နယ်မြီ ဖြစ်နီလို့ပါ"
စစ်တွေမြို့ အိုးတန်ရပ်ကွက်က ကားသမားရွှေစိန်အောင်သည် မောလိပ်ကသူငယ်ချင်း သာကျော်အောင်ဘားသို့ လည်ဇောင်ရောက်လာလတ်တေ။
သာကျော်အောင် “ဝေး..သူဌီးကြီးလာလာ၊ ဇာကမျက်စိလည်လမ်းမှား ရောက်လာစွာလဲ?”
ရွှေစိန်အောင် “ထားလိုက်ဝေ… ဇာသူဌီးကြီးလဲ”
သာကျော်အောင် “အခု ကားထောင်ထားရေဆို?”
လွန်ခရေ နှစ်ပေါင်းခုနှစ်ဆယ်လောက်က ရခိုင်ပြည်ကလူတိ ဗမာပြည်ကိုခရီးလားရေခါ ရိုးတောင်ကို ခြီကျင်လားကတ်ပါရေလတ်။ ယင်းခါက ကားလမ်းမဟိပါသိမ့်။ ခရီးလားဖို့ လူသုံးယောက်လေးယောက်စုပြီးကေ စီလားကတ်ပါရေ။ ရိုးတောင်မှာလည်း ကျားက
ကကောင်းပေါရေဆိုပါကားယင်းခါ။ ယေခါ ခရီးလားလူတိစွာ ကျားရန်ကိုကြောက်ရစွာတကြောင်း၊ အရောင်းအဝယ်ကောင်းဖို့တကြောင်း ခရီးမလားခင် ရွာဦးကနတ်၊ လမ်းမှာတွိရေ တွိသမျှနတ်တိအားလုံးကို ပသကတ်ပါရေလတ်။ နတ်အနှောင့်အယှက်ပီးကေ မအောင်မြင်လို့ယူဆထားကတ်ပါရေ။
တရက်ခါ ခရီးလားရေလူတစုမှာ ခွီးတကောင်ပါလာပါရေဆိုကား။ ရိုးတောင်ထက်မှာ အမောပြေအနားယူပြီးကေ ပါလာရေအစားအသောက်ချေတိကိုစား၊ ရီချေသောက်ကတ်တေခါ ခွီးကလူအနားမှာပင် ချီးစိုက်ပါရေလတ်။ ယေခါ ခွီးသျှင်က ထမင်းဆုပ်ကိုစားနီးယင်းကနီ ခွီးကို ဟိုင်းခွီးဆိုပြီးကေ ယောင်လို့လက်ထဲကထမင်းဆုပ်နန့် ပစ်မိပါရေ။ ထမင်းဆုပ်က ခွီးကိုမကျဘဲနန့် ခွီးချီးထက်မှာ လားတင်နီပါရေလတ်။ ယေပြီးကေ အေသူရို့တိလားခကတ်ပြီးကေ နောက်တဖွဲ့ခရီးလားလို့လာကတ်ပါရေလတ်။ အေအဖွဲ့တော့ခါ တခါလည်းသင့် အေလမ်းမှာလားဖူးရေလူတိမပါ။ ဟိကလူတိလားခရေလမ်းကိုကြည့်ပြီးကေ နောက်ကနီမျှောင်လိုက်လာရေ။
အေနိ တလင်္ဂုနီနိ အလုပ်အားရေအတွက် မရောက်စွာလည်းကြာပျာယ်ဆိုခါ သူငယ်ချင်းတယောက်၏အိမ်သို့ လားလည်ဖြစ်ပါသည်။ သူငယ်ချင်း၏မယားသည်က အိပ်ရာခင်းတခုကို ခြုပ်လိုက်ကိုက်လိုက် အလုပ်ယှုတ်လျှက်ဟိသည်။ အကျွန်ုပ်ကလည်း အလာပ,သလ္လပ လောက၀တ်ပြုလျှက်
”ကုတ်ကုတ်ကုတ်ကုတ် ကကောင်းအလုပ်ယှုတ်နီရေကား ဇာလုပ်နီလဲ” ဟု မီးလိုက်သည်။
မယားသည်က “နမူနာ” ပီးစွာငယ်လားလို့ အိပ်ရာခင်းကို ပြန်ခြုပ်နီရေ” ဟု ဖြေသည်။
ထိုအခါ သမီးသည်က ”အမိ နမူနာ ဆိုစွာဇာလဲ” ဟု မီးသည်။
ကျုပ်လလူး၊ပြာလလူး နှင့် ပိန္နဲချောင်းကျွန်းတွင် မွီးဖွားခသော ကျွန်းသားငမန်းအေးမောင် တစ်ယောက် ကံကောင်းထောက်မစွာဖြင့် ၈တန်းကို အောင်မြင်လီသည်။ ထိုအေးမောင်အား အမိ၊ဘ ဆင်းရဲ၍ ကျောင်းဆက်မထားနိုင်သဖြင့်သူ.အဖက စစ်တွေမြို. ဘုရားကြီးနောက်တွင်တည်ဟိ သော ဘုန်းကြီးတစ်ကျောင်းတစ်ကျောင်း၌အပ်နှံလီရာ သူသည် ဘုန်ကြီးကျောင်းသား ဂုဏ်ကို ဆယ်ကျော်သက်အရွယ်၌ ထိုက်တန်စွာ ဆွတ်ခူးရဟိလီသည်။ အေးမောင် ၏ ကံဇာတာကို တွက်ချက်မိသော သူ.အဖက အထက်တန်းပညာ သင်ကြားရန် လယ်မထွန်ခိုင်းဘဲ စစ်တွေမြို. ဘုန်းကြီးကျောင်းတစ်ကျောင်း၌ အပ်နှံရခြင်းဖြစ်ပါသည်။ ဘုန်းကြီးကျောင်းသားအေးမောင်သည် အမှတ်(၂) ကျောင်းသို. တထည်တည်းဟိသော ကျောင်းစိမ်းဒယော ကိုဝတ်လျက် ဘ၀င် သုံးပိဿာ ဖြင့်အထက်တန်းပညာ ရပ်များကို သင်ကြားလျက်ဟိသည်။ ကျောင်းပထမ တက်စနိ၌ မိမိကိုယ်ကို ဇာကလဲဆိုစွာကို အတန်းထဲ၌ မိတ်ဆက်ရလီသည်။ အတန်းဖော်တိကသူရို.နီရာဒေသကို ၀င့်ကြွားစွာဖြင့် ဖြေကြားလျက်ဟိ၏ ။
ဥပမာ...ကန်းနားလမ်းက၊ကျောင်းတက်လမ်းက ၊မိဇံက ထိုသို.ဖြေကြားကတ်လီသည်။ ကျွန်သား အေးမောင် အလှည့်သို.ရောက်သောအခါ သူ၏အဖြေကြောင့် တတန်းလုံး ရွာပြိုအောင်ရယ်ကတ်လီသည်။ ပဇာကြောင်းဆိုသော် သူ၏အဖြေမှာ "ဘုန်းကြီးကျောင်းက" ဟု၍ ဖြစ်၏။ ကျွန်းသား အေးမောင် သည် စစ်တွေမြို. သမ အတန်းဖော်တိ ဘက်တွင် အဟားခံရသော်လည်း ဆရာမ က ပပွင့်လလင့် ရရိုးသသား ပြောသည်ဟုချီးကျူးလီသည်။ ထိုကျွန်သားအေးမောင် ကျောင်းသို.လာလျှင် တချို.အတန်းဖော်ကောင်မချေတိက ဆရာတော်လာရာ လမ်းဖယ် ပီးကတ် စသည်ဖြင့် အော်ကတ်လီသည်။ ယေဘင်ကေလေ့ အေးမောင်၏ သူငယ်ချင်းများမှာ ကောင်မချေအများဆုံး ဖြစ်ပါသည်။ ပဇာကြောင့်ဆိုသော် အေးမောင်သည် ၉တန်း အင်္ဂလိပ်စာ တိကို အထစ်အငေါ မဟိဘဲ အရည်ကြိုသောက်နီခြင်းကြောင့် ဖြစ်ပါသည်။ အေးမောင်အတန်းတွင် မမချေတိ အင်္ဂလိပ်စာ ညံ့ကတ်လီသည်။ထိုဟာကွက်အား အေးမောင် ကိုင်ထားခြင်းဖြစ်ပါသည်။
နိဒါန်းရှည်လားစွာကို တောင်းပန်ပါသည်။ ပြောသျှင်သည်မှာ စက်သီးကိစ္စဖြစ်ပါသည်။ အေးမောင်သည် ငါးခူတစ်ကောင်ကို ရီထဲ၌ စမ်းဖမ်းနိုင်သည်။ ငါးမျှားရန် ကျွဲကူးမြစ် အလယ်ကျောက်ကို ကိုင်းတန်ကို ပါးစ မှာကိုက်လျက် ကူးနိုင်ပါသည်။ ရီဘဘောင်းပြည့်နိန်သော လယ်ဇွ တွင် တစ်ရက်လုံးဘောလုံးကျောက်နိုင်သည်။ ယကေလေ့ ကျွန်းတွင် စက်သီးပင် မဟိ၍ အသက် ၁၃၊၁၄ အရွယ်ထိ စက်သီမမြင်ဖူးပါ။ စစ်တွေမြို.တွင် စက်သီးစီးနိန်ကတ်သော ကောင်ချေ၊ကောင်မချေတိ ကိုကြည့်လျက် အေးမောင်သည် စက်သီးစီးချင်စိတ်နှင့် ကျင်ကိုင်နိန်ရလီသည်။ ထိုကြောင့် စက်သီး စီးစီမံကိန်းအား အကောင်အထည်ဖော်ရန် အေးမောင် ဆုံဖြတ်လိုက်ပါသည်။ ဆရာ တော်က ၀ါကျွတ်လျှင် ပီးသော ဒင်္ဂါး အသစ်ချေတိ ကို စုထားလျက် နွေရာသီ တွင် စသီးချေ ငှားလျက်အသားကုန်လေ့ကျင့်လီသည်။ စက်သီး မူန်.စိချေ နှင့်ကျင်ကိုင်နိန်သောဘဘောင်သံ ဘုန်းကြီးကျောင်း သားအေးမောင်ကို ကုန်တန်းက ရီခတ်ရန်လာသော ကောင်မချေတိက နိတိုင်း ၀ိုင်ဟားကတ်လီသည်။ ဇာပိုင်ဘင်ဆိုဆို အေးမောင်သည် ဇနက မင်းသားလုံးလဖြင့် ခြီကျိုး၊ ဒူးက သွီးတိ စစယိုအောင်ထိ အသားကုန် ကျင်ကိုင်လီရာ ၂ လအကြာတွင် စီးတက်လာလီသည်။ ထို စီးတက်သည့်နိတွင် မိုရမျက်နှာမျိုး နှင့် စက်သီးကို အသားကုန်နှင်းလျက် ပိုင်ချင်အိမ်သို.လားအပ်ရာ အရှိန်ကို မထိန်းနိုင်ဘဲ ၀င်္ကဘာကွင်း၌ မုန်းတီဆိုင်မှ မုန်းတီသောက်နိန်သော အသက် ၄၀ အရွယ်အရီးတစ်ယောက် တင်သားကို ၀င်တိုက်ရာ ထိုအေးမောင်မှာ ဆီးဆောက်ကရောက်နှင့် ကြုံရလီသည်။ မုန်.တီသယ်မသည် အေးမောင်ကို ပန်းတိဖြင့်ကြဲချလီသည်။ အေးမောင်လည့် ပုရစ်ချေ မျက်နှာဖြင့် စစ်သီးကို ဆက်စီးလားလီသည်။
နောက် ၃ လခန်.အကြာတွင် တစိချေ ကျွန်းပါလတ်လီသည်။ခင်မင်ရသော မြို့သားသူငယ်ချင်းတိက အေးမောင်အား ညဇာဘက် စစ်တွေမြို.တစ်ခုတည်းသော လမ်းမကြီးထက်သို.စက်သီးစီရန် လာခေါ်ချိန် စာမဖတ်ဘဲ မျော်တက်လာလီသည်။ ဆရာတော်
သိလျှင် အောက်သကော် အနှက်ခံရမည်ကိုကြောက်သဖြင့် ကိုယ်ဖွပညာကို တရုတ်သိုင်းစာအုပ်တိဖတ်လျက်လေ့ကျင်ထားရလီသည်။ဒေပိုင် စက်သီးမစီးတက် စီတက်အချိန်တွင် မြို.ထဲ စက်သီးစီးထွက်ရသော အရသာသည်ရွီးပြရန်ခက်ပါသည်။ တညနိန်တွင်
စက်သီးအင်ဒန်စီးတတ်နိန်ယာဖြစ်သော ထိုအေးမောင်အား သူငယ်ချင်း ၄ယောက်က တဘက်နှစ်ယောက်စီကြားညှပ်လျက် လက်မကြီးထက်စက်သီးစီထွက်ကတ်လီသည်။ ကကောင်းမကြာလိုက် Palace ဟိုတယ်ရှီအရောက်တွင် ဘဘောင်းမြည်ပနာ
တန်းသိမ်ပြတ်လဲကျရာ ထိုမြို.သားသူငယ်ချင်းများမှာ ကျွန်းသားအေးမောင်ကြောင့် စလောင်းပေါ် အရှက်ကွဲရလီ၏။ ထိုနိမှစ၍ အေးမောင်အား မည်သူတစ်ယောက်မျှ ညဇာဘက်၌ စက်သီးစိ မခေါ်ဝံ့ဘဲ ဟိကတ်လီသည်။
ယကေလေ့ အေးမောင်သည် စက်သီးစီးခြင်းအတက်ပညာအား ဆက်လက်ကြိုးစားလျက်ဟိသည်။ တရက်နိတွင် ကျောင်းသို. စက်သီးစီလျက် အေးမောင် ထွက်လာလီသည်။ သူ၏ ဘ၀င်များသည် ရိုးမတောင်ထက် မြင့်လျက်ဟိပြီး မျက်နှာမှလည်း
ရည်စားဘားက အဖြေရကဲ့သို. ပြုံးလျက်ဟိသည်။ စက်သီး ဟန်းဒရွက်(Handle) ကိုလည်း လက်နှစ်ဘက်ဖြင့် သတိထားကိုင်လျက် အမှတ်(၂) ကျောင်းသို. မယင် မနှေး အရှိန်ဖြင့်နင်းလာလီသည်။ ဘုရားကြီးအကျော် ကျားရုပ်ကျောင်းနားအရောက်တွင်
ကုန်တန်းမှ ရိန်နာသတ် ဆဗွီ တစ်ဖွဲ. အေးမောင်အနားတိုးကတ်လာပြီး စက်သီးစီးလျက် ဇိန်တွိနိန်သော ထိုအေးမောင် ဒယောကို ဖြီချလိုက်လီသည်။ ဤတွင် အေးမောင်သည် အခက်အခဲ့ အကြီးအကျယ်တွိလီပြီ။ ဟန်းဒရွက်ကို လက်တစ်ဘက်ကိုင်လျှင်
မထိန်းတတ်၍ မြောင်းထဲထိုးကျမည်။ ပြီနိန်သော ဒယောကို လက်တဘက်ဖြင့် မကိုင်ထားလျှင် လူလယ်ကောင်၌ တဒုံဖလင် အရှက်ကွဲနိုင်သည်။ ဇာပိုင်လုပ်ရဖို.လဲ။ ဒယောကလည်း တဖြည်းဖြည်းပြီ ကျလာလီသည်။ မထူးယာ အရှက်တော့ အကွဲမခံနိုင်ဟု အေးမောင်ဆုံးဖြတ်ချ ချလိုက်သည်။ ပြီးနိန်သော စက်သီးကို ညာဘက်လက်ဖြင့် ကြိုးစားထိန်လျက် ပြီရ် နိန်သော ဒယောကို ဘယ်ဘက်လက်ဖြင့် ကြိုးစားဝတ်လေရာ ထင်ထားခသိအတိုင် စက်သီးကို မထိန်းနိုင်ဘဲ အနားက လူတစ်ယောက် အားရဘားရတိုက်လျက်
နာလာကြောင်း သို. နှစ်ယောက်စလုံး အရှိန်နတ် လူးကျလီသည်။ ကံကောင်းထောင်မ၍ ခြီမကျိုးခပါ။ အတိုက်ခံရသောလူသည် မှန်ပါဖို.အစား ဖင်တတုန်းနှင့် ခွီနိန်သော အေးမောင်ကိုကြည့်လျက် သနားသဖြင့် ဘုန်းကြီးကျောင်းသို.အရောက် ပို.လိုက်ရလီသတည်း။
(ဖြစ်ရပ်မှန်)
ပျော်ရွင်ကတ်ပါဇီ။
အေးမောင်(ရင်အုံတော်ဓာတ်)
၂၆၊၀၆၊၀၉
(ဘုရင်မာရယုဘလော့မှ)
ဒေပုံပြင်ကတရုပ်ပုံပြင်ချေပါ..
ကျောင်းဆရာက... ကျောင်းမှာ ၄/၅နှစ်အရွယ်ကျောင်းသားချေတိကိုဂဏန်းသင်္ချာသင်ပီးပါရေ..။
ယေခါကျောင်းသားချေတယောက်ကိုမိန်းရေလာတ်။
၁+၁ =(....)ဇာလောက်ရလဲ ...
ယေခါကျောင်းသားချေက လက်၂ဘက်ကို လက်ချောင်းချေတချောင်းစီထောင်ပနာ ပေါင်းကြည့်ပါရေခါ-
“၁+၁=၂ ပါဆရာ”လို့ဖြေလိုက်ရေလာတ်။
ယေခါဆရာကတဆင့်တိုးပနာမိန်းရေ။
၎+၄ =(....)ဇာလောက်ရလဲ..။
ယေခါကျောင်းသားချေက လက်၂ဘက်ကို လက်ချောင်းချေ ၄ ချောင်းစီးထောင်ပနာ ပေါင်းကြည့်ရေခါ-
၎+၄=၈ ရပါရေဆရာလို့ဖြေလိုက်တေ။
...ယေခါဆရာက မင်းကောင်းကောင်းလည်ရေ မင်းလက်တိကို ဘောင်းဖီအိပ်မှာထိုးထားလိုက်လို့ပြောလိုက်၏
ကျောင်းသားချေကလက်၂ ဘက်ကိုဘောင်းဖီအိပ်မှာထိုးထားလိုက်ပါရေ။
...ပြီးရေခါ..
ဆရာကမိန်းပါရေ
၅+၅ =(...)ဇာလောက်ရလဲ..
ယေခါ ကျောင်းသားချေက လက်တဘက်မှာ လက်ချောင်းချေ ၅ ချောင်းစီဟိစွာကိုသိထားရေအတွက်နန့်
ဘောင်းဖီအိပ်မှာထိုးထားရေလက်၂ဘက်ကလက်ချောင်းချေတိကိုအားလုံးကိုထည့်ပနာပေါင်းလိုက်ရေခါ...
၅+၅=၁၁ရပါရေဆရာလို့ဖြေလိုက်တေ။
၁၁..ဇာဖြစ်လို့ရလဲလို့ဆန်းစစ်ကြည့်ခါ
ဘောင်းဖီအိပ်မှာထိုးထားရေလက်၂ဘက်ကြားမှာ....(ပန်းချေ)....ကိုလက်ချောင်းချေထင်ဗျာလ်ထည့်ပေါင်းပစ်လိုက်စွာကို...
ယင်းကြောင့်..၅+၅=၁၁ ဖြစ်လားခရေ...။
( Ashonအသျှင်)
(ရက္ခဌာနီဘလော့မှ)
အကျွန်ုပ်ရို့ ရခိုင်ပြည်တခွင်မှာ လွန်လားခရေ (၂၀) ရာစုအစောပိုင်း ဝန်းကျင်လောက်အထိ Technology ပိုင်းဆိုင်ရာနှင့်ပတ်သက်လို့ တစွန်းတစချေတောင် မသိကတ်တေလူတိအများကြီးပါ။ အမှန်ပြောရဖို့ဆိုကေ ယင်းအချိန်လောက်က မဖွံ့ဖြိုးရေနယ်မြီ
ချေတခုဖြစ်တေအတွက်နှင့် ဓာတုဗေဒဆီးတိအားနည်းပြီးကေ ဗိန္ဓောဆီးလို့ခေါ်ရေ နယ်ဆီးသမားတိက အရွက်အခက်၊ အမြစ်အဥတိနှင့် ရောစပ်လုပ်ထားရေဆီးတိကို အမှီပြုကတ်ရပါရေ။ ယင်းဆီးနှင့် ယင်းဆီးသမားတိစွာ အကျွန်ုပ်ရို့အတွက် တန်ဖိုးဖြတ်မရလောက်အောင် ကျေးဇူးတရားလည်းများခပါရေ။
(၂၀) ရာစုနောက်ပိုင်းမှာ ဓာတုဗေဒဆီးတိဝင်ရောက်လာရေအတွက်တာနှင့် လူအများစုက ဓာတုဗေဒဖက်ကို အမှီပြုလာကတ်ပါရေ။ အကျွန်ရို့ရွာနားနောက်တရွာက အဖိုးချေသာဘန်းမှာ ထိပ်မှာ အနာပေါက်တေခါ မြို့ကိုလားပျာယ် ဓာတုဘေဒဆီးနှင့်ကုဖို့ ဆုံးဖြတ်ကတ်ပါရေ။ မြို့ကိုရောက်တေခါ ဆီးရုံမှာဆရာဝန်က အဖိုးချေသာဘန်းကို တင်ကနီပြီး အကြောဆီးတလုံး ထိုးပီးလိုက်ပါရေ။
ယေခေါ အဖိုးချေသာဘန်း ကကောင်းမာန်ပါပြီးကေ ချက်ချင်းထပါရေ။ ထစွာနှင့်တပြိုင်နက်ပြောစွာက-
"အဝေး....မင်းရို့ ကကောင်းရူးရေကား။ ထိပ်မှာအနာပေါက်စွာကို တင်ကဆီးထိုးလို့ ဇာပိုင်ကောင်းဖို့လဲဝေ။ အနာနှင့်ဆီး ဝီးလိုက်တေပင်။ ငါ့ရို့ရွာက ဆီးသမားကျော်စိန် အနာကိုတည့်တည့်ကုစွာတောင်က မကောင်း။ လုံးဝ...... လုံးဝ.....မဖြစ်နိုင်။ လာပြန်ကတ်မည်ဝေး။ ဒေ အရည်ဆီးသမားတိနှင့် ငါဆက်မကုချင်ပျာယ်" ပြောပြလို့မရ ချက်ချင်းပြန်လာကတ်ရပါရေ။
အသျှင် (Ashun)
(ရက္ခဌာနီဘလော့မှ)
တရက်နိ ညီအစ်ကိုနှစ်ယေက် ရွာနားကလယ်ပြင်မာ နွားတတူကျောင်းနီကတ်တေ။ နွားကျောင်းနီယက်ပင်း တောပုတ်ချေအကွယ်က ကန်းသင်းဘေးမာ အစ်မသေနန့် မြို့ကလည်ဖို့ရောက်နီရေ အာဂန္တုအကောင်တ ကောင်နန့် ချိန်းတွိနီကတ်စွာကို လားမြင်ကတ်တေ။ ယေခါ အစ်ကိုအကြီးက မကျေမနပ်ဖြစ်ပြီးကေ ညီသေကို -
”အဝေး ညီချေ…မင်း သူရို့နှစ်ယောက်ကိုကြည့်ထားလိုက်…မပျောက်စီကေ့။ ငါရွာထဲက အမျိုးတိကိုလားတိုင် ပစ်ခီမေ” ဆိုဘနာ ထွက်လားခရေ။
တနားနီကေ ရွာထဲကအမျိုးတိ အဆွီတိ ဒုတ်တိ၊ ဓါးတိကိုင်ပြီးကေ သတ်ဖို့လိုက်ပါလတ်ကတ်တေ။ လူတိသတ် ဖို့လိုက်လာစွာကိုမြင်ခါ အစောင့်ကျန်ခရေ ညီသေစွာ ခြုံပုတ်နောက်က ထွက်လာဘနာ သတ်ဖို့လိုက်လာရေ လူတိကို ဟန့်လိုက်တေ။ ” ယင်း မြို့ကလာရေဂိုးဂိုကို မေးမေ အောက်ကနီဘနာ လိုင်စိကိုညှစ်သတ် ထားစွာ ဂုဆိုကေ ဒယောတိတောင်ကျွတ်လို့ …တင်သားချေတခုရာ လှုပ်နိုင်ယာ၊ သတ်ဖို့မလိုယာ ပြန်လီကတ်ဖိ” လတ်။ ။
အားလုံးပျော်ဟြွင်နိုင်ကတ်ပါစီ…..။
(ခွန်းတိုင်းသက်သီဘလော့မှ)
ယင်းဇူးနန့် ဟင်းချေ ကျီးချေ တထပ်စာလောက်ရဖို့လားဆိုဗျာ ခမောက်ကိုမယူခဘဲ တောနားတောင်နား ယောင်ပါလတ်တေ။ ရွာပြင်ကိုထွက်လို့ စကေလောက်ရောက်သိမ့်ရေ..မိုးက ဘဦးဟိရေဖက်ကိုဦးတည်ပနာ တောင်နားယောင် ရွာပါလတ်တေ။ဘဦးစိတ်ထဲမာ ”အော်...အေမိုး.ငါ့မာ ခမောက်မပါမှန်းသိလို့ ငါ့ကိုသတ် သတ် ဒုက္ခလိုက်ပီးရေဆိုဘနာ” ကဂေါင်းဒေါသထွက်လားရေ။ ရွာကိုပြန်ပနာ ခမောက်ယူဖို့လေ့ အချိန်မရ လိုက်ယာ။ နောက်ဆုံး.....မိုးဘားမာအရှုံးမခံချင်စွာနန့် ယင်းရွာလာရေမိုးကို အားရဗရ တခွန်းဆဲဆဲဘနာ ”(အဝေး....(ပစကြမ်း)....မိုး.....မင်းဘားမာတော့ အစွတ်မခံနိုင်ဝေး အေမာကြည်လီကား”
”ဂျုံး................”
အနားမာဟိရေ ကန်းဘိုင်တခုထဲကို ခုန်ဆင်းပလိုက်တေ။ ပြီးကေ ကန်းဘိုင်ထဲက မိုးကိုအနိုင်ယူထားရေ မျက် နှာနန့် စောင့်ကြည့်နီရေ။ ကြည့်နီယင်း...ကြည့်နီယင်းနန့် မိုးက တောင်စိုင်အတိုင်းရွာလားဘနာ တံ့လားခ ရေ......ဘဦးဟိနီရေ ကွင်းပြင်အနားကိုမရောက်ခ.........။ ဘဦး ကန်းဘိုင်ထဲက ပြန်တက်ပနာ မိုးကိုကော်နှက် ပလိုက်စွာ..... လယ်ကွင်းထဲမာဟိရေ ကျွဲတိ၊ နွားတိ ပဒုံးထောင်ပနာ တောင်စိုင်ရီမရ ပြီးနီလီကတ်ယက်........)(ရခိုင် ခမောက်နန့် အောက်သားခမောက် မတူပါကား)လာဖတ်ကတ်တေလူတိကို ကျေးဇူးတင်ပါရေ........။
(ခွန်းတိုင်းသက်သီဘလော့မှ)
အထူးမှတ်ချက်။ ။ဗမာတိမှာ “ခမောက်”လို့ခေါ်ရေစွာကို ရခိုင်သားမှ “မက္ကလာ”လို့ခေါ်သည်။ (“ယောက္ခမက္ကလာမဆောင်းပါ တောမှာပေါက်ဖက် ဟိလီယက်”) ။ ရခိုင်မှာ ခေါ်ရေ/သုံးရေ “ခမောက်” ဆိုစွာက ဂေါင်းကဆောင်းထားလိုက်ကေ ကန်ဂေါက်ခွက်ထိရောက်သည်။ များသောအားဖြင့် “ခမောက်”ကို ပျိုးစိုက်သမတိဆောင်းပါသည်။ ယင်းစွာကို ရခိုင်ဝေါဟာရ အားဖြင့် ခမောက်လို့ခေါ်သည်။ အဂုခေတ် “မိုးကာ”တိပွါးလာရေနောက်ပိုင်းမှာ ရခိုင်ကျေးလက်တိမှာလည်း ယင်းခမောက်ကို အသုံးနည်းလာပါယာ။ ပျိုးစိုက်သမတိလည်း ခမောက်အစား မက္ကလာကိုဆောင်းပနာ မိုးကာကိုချုံထားကတ်ပါသည်။ အခွင့်ကြုံကေ ရခိုင်ခမောက်ကို ဓာတ်ပုံရိုက်လို့တင်ပြပီးကတ်စီချင်ရေ။


