Showing posts with label ပဏ္ဍိတ်ဦးဦးသာထွန်း. Show all posts
Showing posts with label ပဏ္ဍိတ်ဦးဦးသာထွန်း. Show all posts
ဆရာကြီး ဦးဦးသာထွန်းကို ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ ညောင်ပင်ဈီးရွာ အနီး အဖ ဦးကောင်းစံရွှီ၊ အမိ ဒေါ်အောင်ွ့ကဇံရို့မှ ၁၉၁၇ ခု၊ နိုဝင်ဘာလ ၂၃ ရက်၊ သောကြာနိန့်တွင် ဖွားမြင်ခသည်။ တဦးတည်းသောသား ဖြစ်သည်။ ငယ်စဉ်မှ စ၍ အဘိုးဖြစ်သူ ရာဇဝင် ဆရာကြီး ဦးသာထွန်းအောင်က ရခိုင် ရာဇဝင်၊ ဆီးကျမ်း၊ နက္ခတ်ကျမ်း၊ ပူရာဏ်ကျမ်းများအား နုတ်တိုက်အာဂုံ သင်ကြား ပီးခသည်။ နဝမတန်းတွင် ပညာသင် ကြားနီစဉ် ဖခင် ကွယ်လွန်သောကြောင့် ကျောင်းထွက်လိုက်ရပြီး ရဟန်း ပုဂ္ဂိုလ်ရို့ထံတွင် သက္ကဋ၊ ပါဠိ၊ သမိုင်း၊ အင်း၊ ဗေဒင်နှင့် အခြား လောကီ ပညာရပ်များကို သင်ကြား လေ့လာ ဆည်းပူးခသည်။
Subscribe to:
Posts (Atom)


