“အမှောင်ကိုခွင်း၊ အလင်းကိုဆောင်၊ ရခိုင်အလင်းရောင်။” စာပီမြင့်မှ လူမျိုးမြင့်ရေ။ စာပီပျောက်ကေ လူမျိုးပျေက်တေ။ ရခိုင်လူမျိုးလွတ်လပ်ချင်ကေ ရခိုင်စာကို အယင်သင်ကတ်။
ကျွန်တော်ရို့၏ “အမှောင်ကိုခွင်း၊ အလင်းကိုဆောင်၊ ရခိုင်အလင်းရောင်”ဘလော့သည် အိန်တာနက်ထက်မှာ တက်လာသမျှ ရခိုင်ဘာသာနန့် ဆောင်းပါး၊ကဗျာ စသည်တိကို ရှာဖွီတင်ဆက်ဖို့အတွက် စမ်းသပ်ပြုလုပ်နိန်ပါသည်။ လိုအပ်ချက်တိဟိပါက c'box မှာအမှာစာရေးထားခကတ်ပါ။ အတတ်နိုင်ဆုံး အကောင်းဆုံးဖြစ်အောင် ကြိုးစားနိန်ပါသည်။ ဆက်သွယ်ချင်ပါက alrevelation@gmail.com ကိုဆက်သွယ်နိုင်ပါရေ။

ညှာစိမ်းခိုင်(သို့) ရခိုင်တေးဂီတ ကြယ်တစ်ပွင့်

ရခိုင်အမျိုးသမီးအဆိုသျှင် ညှာစိမ်းခိုင်
နာမည်ရင်း                        ညှာစိမ်းခိုင်
အဆိုတော်နာမည်                ညှာစိမ်းခိုင်
မိဘနာမည်                       ဦးထွန်းအောင်ကျော်၊ ဒေါ်ခင်ဌေး
မွီးနိန့်                              ၁၉၈၆-ခု၊ ဒီဇင်ဘာလ (၁၀) ရက်၊           ဗုဒ္ဓဟူးနိန့်
အရပ်အမြင့်                       ၅ ပေ ၂လက်မ
ဘာသာ                           ဗုဒ္ဓဘာသာ
သွီးအုပ်စု                          B
ပညာအရည်အခြင်း              BSc(Maths),DCSc,MISc
လိပ်စာ                      ပခ/၉၉၊ ပန်းခြံလမ်း၊ ရူပမြောက်ရပ်ကွက်၊ စစ်တွေမြို့

သီဆိုခရေ စီးရီးခွေတိ
  • ဓည၀တီမှ မြောက်ဦးရွှီနန်းသို့                              အပြာရောင်ကောင်းကင်
  • ပြိုင်စံမမှီ                                                    ရက္ခဌာနီ မြောက်ဦးမြီ(ဘုရားသမိုင်း)
  • ကျွန်တွင်ဇမ္ဘူလူတွင်ရခိုင်                                  အဆိုတော် ဦးမောင်သိန်း Live Show
  • လှိုင်းလုံးချေ(ပြန်ဆိုတေး)                                 ကြယ်စုံညဉ့်
  • ရင်ခုန်သံ Remix                                           မျိုးမင်းလေး ခေတ်သစ် Program Album
  • အာရီယံနွယ်
ရခိုင်ဂီတနယ်ပယ်မှာ အောင်မြင်မှုအဟိဆုံးဖြစ်နိန်ရေ သမီးချေညှာစိမ်းခိုင်ကို စိတ်ဝင်စားနိန်စွာ ကြာပါဗျယ်၊ အသံကလည်းကောင်းရေ၊ အရုပ်ချေလေ့လှရေ၊ အမှုအရာကလည်းဆွဲဆောင်မှုဟိရေ။ အရွယ်တိုင်းကသူ့ကို တန်ဖိုးထား နှစ်သက်ကတ်ပါရေ။ အဆိုတော်ညှာစိမ်းခိုင်၏ ဘ၀နန့် အနုပညာခရီးကို ရခိုင်ပြည်သူတိသိနိုင်ဖို့အတွက် စာတည်းအဖွဲ့၏ တာဝန်ပီးချက်အရ တွိဆုံမီးမြန်းချက်တိကို ၀ံသရက္ခိတ မဂ္ဂဇင်းကဖော်ပြလိုက်ရပါရေ.......




ညှာစိမ်းခိုင်ဧ။်ဘ၀အစ
ညှာစိမ်းခိုင်ကို ၁၉၈၆ ခု၊ဒီဇင်ဘာလ(၁၀)ရက်(ဗုဒ္ဓဟူးနိန့်)စစ်တွေမြို့ ပြည်သူ့ဆေးရုံကြီးမှာ မွီးဖွားခပါရေ။ ညှာစိမ်းခိုင်မိဘရို့မှာ ဦးထွန်းအောင်ကျော်နဲ့ ဒေါ်ခင်ဌေးရို့ ဖြစ်ကတ်ပါရေ။ နှစ်ယောက်စလုံး ဆရာ၊ ဆရာမတိဖြစ်ပြီးကေ "ရခိုင့်တန်ဆောင် ပညာရိပ်မွန်"ပညာရေးဝန်ဆောင်မှုလုပ်ငန်းကို စစ်တွေမြို့မှာ လုပ်ကိုင်နိန်ကတ်ပါရေ။ မွီးချင်းအကိုတစ်ယောက် တည်းရှိပါရေ။ အကိုနာမည်က ဦးထွန်းဝင်းပါ။


ညှာစိမ်းခိုင်ဧ။်အနုပညာခရီးအစ
၁၉၉၃-ခုနှစ်၊ အသက်(၇)နှစ်အရွယ်မှာ ဦးအောင်ကျော်သာ ဦးဆောင်ရေ စစ်တွေမြို့ က"တေးသံသာ"တီးဝိုင်းအဖွဲ့ဝင်အဖြစ် ၀င်ရောက်ခပါရေ။ ယင်းနှစ်မှာပင် စစ်တွေမြို့ ဦးဥတ္တမ ပန်းခြံမှာကျင်းပပြုလုပ်တေ စစ်တွေမြို့နယ် ယဉ်ကျေးမှု ပဒေသာကပွဲမှာ "ဇီသျှင်ခိုးကေ၀တ်ပြုမေ" တေးခြင်းနန့် အနုပညာနယ်ထဲကို စတင်ဝင်ရောက်ခပါရေ။ ၁၉၉၄-ခုနှစ် ကျောင်းသားအားကစားပွဲတော် ရံပုံငွေအတွက် Show တစ်ခုကို ဓည၀တီအားကစားရုံမှာ ကျင်းပပြုလုပ် ခပါရေ။ ယင်းပွဲမှာ အဆိုတော် လွှမ်းမိုး၊ ခင်ဝမ်း၊ လှမျိုးသဉ္စာနွယ်၊ နှင်းနုနုနိုင်၊ စိုးမြတ်ကလျာ ရို့ပါပါရေ။ တီးဝိုင်းက"တေးသံသာ"ဖြစ်လို့ ညှာစိမ်းခိုင် တစ်ယောက်တည်း ပါဝင်သီဆိုခွင့်ရခပါရေ။ ညှာစိမ်းခိုင်က အဆိုတော်မေခလာ သီဆိုထားရေ "ဂိုးသွင်းကောင်းတဲ့ကိုကို"တေးခြင်း ဆိုဖြစ်ပါရေလတ်။ ညှာစိမ်းခိုင်ဆိုလို့အပြီးမှာ အဆိုတော်လွှမ်းမိုးက စင်ထက်ကိုတက်လာပြီးကေ ညှာစိမ်းခိုင်ကို ပွိ့ချီလိုက်ပါရေလတ်။ မိဘနှစ်ယောက်ကိုခေါ်ပြီးကေ "ဒီကလေးစာ နောင်တစ်ချိန်မှာ အနုပညာကြယ်တစ်ပွင့်ဖြစ်လာမှာသေချာတယ် မိဘများ အနေနဲ့ပြုစုပေးကြပါဗျာ" လို့ ပြောခပါရေလတ်။

/


ရွီတံဆိပ်ဆုရှင်
ဦးအောင်ကျော်သာ၏ အကူအညီဖြင့် ၁၉၉၄ ခုနှစ် ဒုတိယအကြိမ် ဆို၊က၊ရေး၊တီး ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခပါရေ။ န၀မအကြိမ် တစ်နှစ်ရာ ဆယ်တန်းဖြစ်လို့ မပြိုင်ခပါ။ ဧကဒသမအကြိမ်ထိ ဆက်တိုက်ပြိုင်ခပါရေ။ နှစ်တိုင်းမြို့နယ် အဆင့် ပြည်နယ်အဆင့် ပထမရဟိခပါရေ။ ၁၉၉၈-ခု၊ ဆဌမအကြိမ်မှာ အခြေခံပညာအဆင့် (၁၀-၁၅) အမျိုးသမီး မဟာဂီတမှာ နိုင်ငံတော်အဆင့် "ရွှီတံဆိပ်"ရဟိခပါရေ။ ဒသမအကြိမ်မှာ အခြေခံပညာအဆင့်(၁၅-၂၀)အမျိုးသမီး မဟာဂီတမှာ နိုင်ငံတော်အဆင့် အထူးဆုရဟိခပါရေ။ ရွှီတံဆိပ်ရရေနှစ်က "တေးသံသာ"အဖွဲ့မှ ရွှီတံဆိပ်ဆုသျှင် ညှာစိမ်းခိုင်ကို ဂုဏ်ပြုပွဲတစ်ခုကို ဦးအောင်ကျော်သာ နီအိမ်မှာ ပြုလုပ်ပီးခပါရေ။

ညှာစိမ်းခိုင်ဧ။်အဆိုတော်ဘ၀အစ
ရွှီတံဆိပ်ဆုရပြီးနောက်တစ်နှစ်မှာ စစ်တွေမြို့"နရဉ္စရာတေးထုတ်လုပ်ရေး"မှ ကိုထွန်းလှိုင်၊ ကိုမင်းစောခိုင်၊ ကိုစောထူးရို့က ညှာစိမ်းခိုင်ကို တိတ်ခွေထုတ်ပီးဖို့ မိဘတိနဲ့လာရောက်တိုင်ပင်ကတ်တေခါ မိဘတိကလည်း ၀မ်းသာအားရ လက်ခံကတ်ပါရေလတ်။ တစ်ပြိုင်တည်းနှစ်ခွေပါ၊ မိုနိုတစ်ခွီ၊ စတီရီယိုတစ်ခွီပါ။ မိုနိုခွီက"ဓည၀တိမှ မြောက်ဦးရွှီနန်းသို့" ဖြစ်ပြီးကေစတီရီယိုက "ပြိုင်စံမမှီ" ခွီရို့ဖြစ်ပါရေ။ မိုနိုခွီကို ရန်ကုန် EMS တေးသံသွင်းမှာသွင်းပြီးကေ စတီရီယိုခွီကို လင်း(Lynn)တေးသံသွင်းမှာ သွင်းပါရေလတ်။ တိတ်နန့် CD နှစ်မျိုး ထုတ်လုပ်ဖြစ်ခပါရေ။ မိုနိုခွီမှာ မောင်ကိုကို ပါဝင်သီဆိုပြီးကေ ပြိုင်စံမမှီမှာ အဆိုတော် ၀င်းကိုခိုင် ပါဝင်သီဆိုထားပါရေ။ ယင်းအချိန်ကညှာစိမ်းခိုင်ရေ အသက် (၁၃)နှစ် အရွယ်ရာရှိပါသိရေ။ ညှာစိမ်းခိုင်ဧ။် ထူးခြားမှုကမိုနိုနဲ့ စတီရီယို နှစ်မျိုးစလုံးကို စနစ်တကျ သီဆိုနိုင်မှုဖြစ်ပါရေ။ ရခိုင်မိုနိုတိတ်ခွီတိထဲမှာ "ဓည၀တီမှမြောက်ဦးရွီနန်းသို့"တိတ်ခွီရေ အရောင်းရဆုံးတိတ်ခွီဖြစ်ကြောင်း လေ့လာတွိဟိရပါရေ။ ဘုရားပွဲ၊ရှင်ပြုပွဲ၊ ကထိန်ပွဲတိမှာ ယက်ပြတ် ကြားနိန်ရပါရေ။ အသက်(၁၅)နှစ်မှာ မောင်ကိုကိုနဲ့ တွဲဖက်သီဆိုထားရေ"ကျွန်းတွင်ဇမ္ဗူလူတွင်ရခိုင်" mono ခွီထွက်လာပါရေ မိုနိုခွီနှစ်ခုစလုံး၏ တေးရွီးဆရာမှာ ဦးထွန်းအောင်သာဖြစ်ပါရေ။ ညှာစိမ်းခိုင်ပါဝင်သီဆိုရေ တေးခြင်းတိကို တင်ပြရဖို့ဆိုကေ "လှိုင်းလုံးချေ" တိတ်ခွီမှာ အသျှေခါ ဆိုခရေ ဇီသျှင်ခိုးကေ၀တ်ပြုမယ်၊ ရင်ခုန်သံRemix CD မှာ "ရွှီတူပန်းငွီတူပန်းနန့် "အား"တေးခြင်းတိ၊ အပြာရောင်ကောင်းကင်
VCD မှာ အပြာရောင်ကောင်းကင်၊ အတ္တမဲ့နောင်တ၊ ပြန်အလာမျှော်နိန်သူ၊ တေးခြင်းတိ၊ရခိုင့်ဌာနီမြောက်ဦးမြီ ဘုရားသမိုင်းVCD  မှာ"သဇင်ပန်းခိုင်တမြိုင်မြိုင်"၊ ဦးမောင်သိန်း Live Show မှာ "လာဇီချင်ရေ" နန့် ပြိုင်ညောင်တန်းကစောင့်နိန်မယ်"၊ ကြယ်စုံညဉ့် VCD မှာ" ရိုးမရံစီ"၊ မျိုးမင်းလေး ခေတ်သစ် Program Album မှာ "ထွန်းကားခလီဝေသာလီ " တေးခြင်းတိကိုပါဝင်သီဆိုခပါရေ။ အထင်ရှား အကျော်ကြားဆုံးတေးခြင်း (၃)ပှဒ်မှာ ပြိုင်ညောင်တန်းကစောင့်နိန်မေ၊ (တေးရွီး-ထွန်းလှိုင် ဓါတ်မှန်) ရိုးမရံစီ (တေးရွီး-ဆရာထွန်းအောင်သာ)၊ အဖြူရောင်သံယောဇဉ် (တေးရွီး-ကိုထွန်းလှိုင်)ရို့ ဖြစ်ကတ်ပါရေ။


ညှာစိမ်းခိုင်ဧ။်ဆရာများ
ညှာစိမ်းခိုင်ဧ။် ဂီတလက်ဦးဆရာက"ဖခင် ဦးထွန်းအောင်ကျော်"ဖြစ်ပါရေ။ မယ်ဒိုလင် အခြီခံကို ဆရာထွန်းအောင်သာနန့် ဒုံမင်းအခြီခံကို ဆရာဦးသောင်းမြင့်ထွန်း(စစ်တွေနည်းပညာတက္ကသိုလ်)ရို့ဗာမှာ သင်ဖူးပါရေ။ အဆိုပညာကို ဆရာဦးအောင်ကျော်သာ၊ ဆရာမောင်မောင်(သံတွဲ)၊ စောင်းမူမူခင်၊ ဦးမင်းနောင် ရို့မှသင်ကြားပီးခရေ ဆိုပါရေ။ ညှာစိမ်းခိုင်၏ ဆိုကရေးတီးပြိုင်ပွဲတိမှာ တီးခတ်ပီးခရေဆရာတိမှာ ဦးထွန်းသိန်း(သစ္စာရှင်တီးဝိုင်း)၊ တေးသံသာတီးဝိုင်းကဦးကျော်နု၊ ဦးထွန်းရှိန်၊ ဦးလုံးလုံး၊ ဦးမောင်နီအောင်ရို့ဖြစ်ပြီးကေ ဦးထွန်းအောင်သာ၊ ဦးအေးထွန်း ဦးမောင်မောင်(ကျော်ဖြူ)၊ ဦးဘမင်းသိန်း(ကျောက်ဖြူ)၊ ဦးမောင်မောင်(သံတွဲ)၊ ဦးအောင်ကျော်သိန်း(သံတွဲ)၊ ဦးအောင်သန်းဇော်(စောင်း)ရို့ ဖြစ်ကတ်ပါရေ။ ညှာစိမ်းခိုင်ဂီတလောကမှာ ကျင်လည်လာစွာ အဂုဆိုကေ (၁၅) နှစ်လောက်ဟိခဗျယ်ဆိုပါရေ။ ရခိုင်တေးလောကအပေါ် ညှာစိမ်းခိုင်ဇာပိုင်မြင်လေ။ ဇာပိုင်ခံစားလေ၊ ဇာပိုင်မျှော်မှန်းလေ ရို့ကို သိနိုင်ဖို့မိန်းခွန်းတစ်ချို့ကို မိန်းဖြစ်ခပါရေ။

မိန်း   ။  ။ ညှာစိမ်းခိုင် အခုပိုင်စာနယ်ဇင်း media နန့် ပထမဆုံးအကြိမ် တွိဆုံရစော်စွာကိုဇာပိုင်ခံစားရပါလေ။
ဖြေ ။  ။ ၀မ်းလေ့သာရေ၊ စိတ်လေ့လှုပ်သျှားရပါရေ။ သမီးသျှေပြောချင်စွာတိကို ပရိတ်သတ်ကို ပြောခွင့်ရလို့ အတိုင်းမသိပါဗျာယ်ယေ။

မိန်း ။        ။ ရခိုင်ဒေသထုတ်မဂ္ဂဇင်းတိမှာတေးဂီတနဲ့ပါတ်သတ်တေ media ကဏ္ဍတစ်ခု အမြဲပါဟိငင့်ရေလို့ ယူဆပါလာ၊        ဇာကြောင့်ပါလေ။
ဖြေ ။    ။ စာနယ်ဇင်း media ဟိမှရခိုင် ဂီတနယ်ပယ်အကြောင်းကို ပရိသတ် သိရပါဖို့။ သိမှဝေဖန်ပိုင်းခြားမှု တိရှိပါဖို့။ ဝေဖန်ပိုင်းခြားမှုတိဟိမှ ပတ်သတ်နိန်ရေလူတိ ဆင်ခြင်နိုင်ကတ်ပါဖို့။ မဟုတ်ကေ ကိုယ်ဇာမှား နိန်မှန်း၊ဇာလိုနိန်မှန်းမသိ ဖြစ်နိန်ကတ်ပါဖို့နှင့်ရာ။ အောင်မြင်ကျော်ကြားသင့်ရေ အနုပညာသျှင်  တိအတွက်လေ့ လမ်းပွင့်လားနိုင်ပါဖို့။

မိန်း ။      ။ ၀ံသရက္ခိတ မှာမျက်နှာဖုံး အနိန်နန့်ပါဖို့ဆိုလို့ ဇာပိုင်ခံစားရပါလေ။
ဖြေ ။   ။ ရခိုင်ဒေသထုတ်မဂ္ဂဇင်းတစ်ခုအနိန်နဲ့ ပုံစံသစ်တစ်ခုကို ဖေါ်ထုတ်လိုက်တေလို့ ခံစားရပါရေ။ ကျေးဇူးတင်ပါရေ။ ဂီတနယ်ပယ်ကဖြစ်ဖြစ်၊ အခြားနယ်ပယ်ကဖြစ်ဖြစ် ရခိုင်ပြည်နယ်မှာထူးချွန်ရေ သူရို့ကိုလေ့ မျက်နှာဖုံးမှာ မှတ်တမ်းတင်သင့်ရေလို့ ယူဆမိပါရေ။

/
မိန်း ။      ။ ၀ံသရက္ခိတမှာ ညှာစိမ်းခိုင်ပုံကို ခေတ်ဆန်ဆန်နန့် ထည့်သုံးခွင့်ပြုခပါရေ။ ၀ံသရက္ခိတက ဒေပိုင် ခေတ်ဆန်ဆန် ပုံသုံးစွာကို ဇာပိုင်မြင်မိပါလေ။ ရခိုင်လူထုလက်ခံနိုင်ဖို့ ထင်ပါယင့်လား။
ဖြေ ။   ။ ရခိုင်သမသျှေတိကြားမှာ ၀တ်စားဆင်ယင်မှုနန့်ပါတ်သတ်ကေ ကောင်းကောင်းခေတ်ရှိမပြီးသင့် ယကေလေ့ ခေတ်နောက်ကျ ကျန်မနိန်သင့်လို့သမီးမြင်ပါရေ။ သမီးပိုင်အရွယ်တိအားလုံး ဒေပိုင်ဟိကတ်ဖို့လို့ ထင်ပါရေ။ အိနြေ္ဒပျက်ပြားလောက်တေ သရုပ်ပျက်ဝတ်ဆင်စွာတိကိုတော့၊ မ၀တ်သင့် လို့ပြောချင်ပါရေ၊ ခေတ်ပေါ်ဖြစ်ကေလေ့ အိနြေ္ဒဟိရေ ၀တ်စားဆင်ယင်မှုဆိုကေ လက်ခံဘို့လို့တော့ထင်ပါရေ။


မိန်း ။    ။ အခုခေတ်စတီရီယိုတေးလောကမှာPOP, R&B, Hip Hop, Alter, Disco, Country, Rock, Punk, Garage, Reggae နန့် Emo ဆိုပြီးကေ ဂီတအမျိုးအစားမျိုးစုံတွိရပါရေ။ ညှာစိမ်းခိုင် တေးခြင်းတိမှာဝါ အေပိုင်ခေတ်မီရေ တေးဂီတအမျိုးအစားတိ ပါဝင်ပါလာ။
ဖြေ ။   ။ ဂီတမျိုးစုံပါဝင်ရေ Singal တစ်ခွီလုပ်ဖို့ကြိုးစားနိန်ပါရေ။ လာဖို့သင်္ကြန်မကျခင်လောက်မှာ ထွက်နိုင်ဖို့လို့ထင်ပါရေ။

မိန်း ။       ။ ရခိုင်မှာ ရခိုင်တေးခြင်းတိကို စနစ်တကျတီးခတ်ပီးနိုင်ရေ မိုနို၊စတီရီယို တီးဝိုင်းတိဟိပါလာ။ နာမေတိတစ်ချက် ပြောပြပါ။
ဖြေ ။    ။ မိုနိုအနီနန့်ဆိုကေ သစ္စာသျှင်တီးဝိုင်းဟိပါရေ။ စတီရီယိုအနိန်နန့်ဆိုကေ၊ EDEN နန့်  တေးသံသာ  တီးဝိုင်းဟိပါရေ။ အသူ့တေးခြင်း ဓါတ်ပြားအတွက်မဆို အခကြေးငွီနန့် လိုက်တီးပီးနိုင်ရေလို့သိရပါရေ။

မိန်း ။      ။ အဆိုတော်တစ်ယောက်ဘ၀မှာတေးရွီးဆရာနန့် သံစဉ်ဆရာရို့ဇာလောက်အရေးပါရေ ထင်ပါလေ။
ဖြေ ။   ။ အဆိုတော်အသက်စွာ တေးရွီးဆရာ နန့် သံစဉ်ရှာသူလက်ထဲမှာရာဟိပါရေ။ မိဘနဲ့တဂိုဏ်တည်းထားသင့်ရေ ပုဂ္ဂိုလ်တိပါ။

မိန်း ။       ။ ညှာစိမ်းခိုင်တစ်ကိုယ်တော် LIVE SHOW CONCERT ဇာခါလောက်ဟိဖို့ပါလေ။ တစ်ခြားလူနန့်မတွဲဘဲ SingleAlbum ၀ါထွက်ဖို့ရှိပါလာ။
ဖြေ ။   ။ Single Album ထွက်ဖို့ဟိပါရေ Single Album ပြီးမှတစ်ကိုယ်တော် Live Showလုပ်ဖို့လို့စဉ်းစားထားပါရေ။


မိန်း ။       ။ နောက်ထွက်ဖို့ VCD,DVD ဓါတ်ပြားတိဟိပါလာ။ စီစဉ်သူကအသူလေ တေးရွီးဆရာကအသူလေ၊ တစ်ချက် ပြောပါ။
ဖြေ ။   ။ မြောက်ဦးသျှစ်သောင်းဘုရား show ပွဲတစ်ခွီနန့် ခိုင်ခိုင် ၁၅ နှစ်အရွယ်ကပင် မောင်ကိုကိုနန့်တွဲလို့ သီဆိုထားရေ" မေတ္တာရွှေအိမ်မက်"(mono)တစ်ခွီ ဒေနှစ်ထွက်လာပါဖို့။ နရဉ္စရာ တေးထုတ်လုပ်ရေးမှ ကိုထွန်းလှိုင်က စီစဉ်ပြီးကေ တေးရွီးဆရာက ဦးထွန်းအောင်သာဖြစ်ပါရေ။


မိန်း ။       ။ ညှာစိမ်းခိုင်ကို အားပီးချစ်ခင်ကတ်တေ မိဘပြည်သူတိကို ဇာပြောချင်ပါလေ။
ဖြေ ။  ။ ခိုင်ခိုင်က ပြည်သူ့အချစ်တော် အဆိုတော်တစ်ယောက်ဖြစ်ချင်ပါရေ။ ခိုင်ခိုင်သီဆိုရေ show ပွဲတိုင်းမှာ မိဘပြည်သူများ၏ အားပီးမှုကိုအပြည့်အ၀ရဟိရေအတွက် အလွန်ဝမ်းသာမိပါရေ။ ဆက်လက်ပြီးကေ အားပီးနိုင်ကတ်ပါစီလို့ ဆန္ဒပြုပါရေ။ ခိုင်ခိုင်ရို့အဆိုတော်တိဖက်က နိုင်ငံတကာအဆင့်မီတေးခြင်းတိ ထွက်လာနိုင်ဖို့အတွက် ကြိုးစားနိန်ကတ်ပါရေ။ ရခိုင်တေးခြင်းတိ စိုင်ဆက်မပြတ်ထွက်နိုင်ဖို့အတွက် မိဘပြည်သူတိ၏ အားပီးမှုကလဲ အလွန်ပင်အရေးကြီးပါရေ။ ယေပြီးခါမှရခိုင်အနုပညာနယ်ပယ်ရေ ဆက်လက်ရှင်သန်နိုင်ဖို့ဖြစ်ပါရေ။ အ၀ီးရောက် ရခိုင်တိကပါ ရခိုင်တေးခြင်းကို အားပီးကတ်စွာကိုသိရလို့ အားရကျေနပ်မိပါရေ။ ကျေးဇူးတင်ပါရေ။


ဗဂျီးကျော်(စစ်တွေ)
၁၀-၅-၀၈
(၀ံသရက္ခိတမဂ္ဂဇင်း အတွဲ(၂) အမှတ်(၂)အောက်တိုဘာ ကကူးယူဖေါ်ပြပါရေ)





/


(ရက္ခိတမျူးဇိ(ခ်)ဂရူးမှ)

2 မှတ်ချက်:

Unknown said...

အစ်မ ခိုင်ကို အမျကြိးအားပိပါရေ မခိုင်အကြောင်းသေသေရှာရှာ သိရလို့ ဝမ်းလေးသာပါရေ ဆက်ကြိုးစားပါ မခိုင် ရခိုင်ပြည်သူ့ပြည်သားတိနက်အတူ အားပိးဖိုး စောင်နိပါရေ အခုဆိုကေ မခိုင် ပြည်သူ့ အချစ်တော် ဖြစ်နိပါယာ

Unknown said...

မခိုင် ဒေထက်မက အောင်မြင်ပါစိ

“အမှောင်ကိုခွင်း၊ အလင်းကိုဆောင်၊ ရခိုင်အလင်းရောင်” ဘလော့ကို တမင်တကာလာကတ်တေဖြစ်စီ၊ လမ်းမှားလို့ရောက်လာကတ်တေဖြစ်စီ ကျွန်တော်ရို့ “ရခိုင်အလင်းရောင်” မိသားစုမှ အထူးပင်ကျေးဇူးတင်ပါရေ။ နောက်ထပ်လည်း လာလည်ကတ်ပါလို့ ဖိတ်ခေါ်ပါရေ။