ကျားဆိုးကြီးတစ်ကောင်၊ သားကောင်တစ်ကောင် ဖမ်းအုပ်၊ မလွတ်တမ်းကိုက်စား၊ ညဉ့်လည်း ကြွတ်ကြွတ်။ နိန်လည်းကြွတ်ကြွတ်မွား။ ဇာအချန်ကပင် ဖမ်းစားထားစွာလေ့မသိ။ အေအကြောင်းနန့်ပတ်သက်ပြီးကေ ဇာလူကလေ့ ရေရာစွာသိနိုင်လိမ့်မေမဟုတ်ထင့်ယင့်လေ။
သို့သော်….မျက်လုံးကိုဖွင့်ကြည့်လိုက်ချိန်မှာတော့ မိမိ၏ မဟူရာတောင်ထက်မှာ ဗျိုင်းကောင်တိတစ်ချို့ လာအိပ်နိန်ကတ်ယာ။ မို့အိအိ လယ်ကွင်းထဲမှာ မြီကွဲတိ ဖြာယာကွဲလို့။
လိုက်ဖမ်းထားရေ ကျားဆိုးကြီးလက်ထဲက သားကောင်၏ပုံပန်းက အထိုက်အလျောက် ပျက်နီယာ။ အချိန် မှန်မှန် တွန်တတ်တေ ခြီထောက်ရှည်ရှည်နန့် ကြက်ဖကြီး၏ အသံကိုတမ်းတ။ အမွှီး၊ အတောင် မစုံလင် သိရေ ကြက်ဖသျှေကလေ့ မတွန်တတ်သိ။
အက္ခရာမဲ့ ဂဏန်းပိုင်ကားနီရာမှာ ၆က-တိ၊ ၇က-တိကိုပါ တွိလာရ။ ခြာချဉ်အုံကို တုတ်နန့်ထိုးရေပိုင် တပြုတ်ပြုတ်၊ တရွရွနန့် ဆိုက်ကားတိ ယှုပ်ယှက်ခတ်။
လမ်းမကြီးထက်မှာ ဂန္တ၀င်အိမ်တိပျောက်၊ မော်ဒန်အိမ်တိရောက်၊ အချို့ကတော့ မော်ဒန်အိမ်ကို ဂန္တ၀င်ပုံစံ ဆောက်။
ဒူနာလမ်းတိရေ ရေစီးထဲမှာမျောပါလား။ အောက်ခံကျောက်တုံးတိက သရဲသဘက်ပိုင် ပြူးပြဲခြိမ်းခြောက်။ အချို့နီရာမှာ လမ်းသစ်ထပ်တိုးလာ။
‘ဟိုတယ်’လတ်။
‘တည်းခိုခန်း’လတ်။
‘ဧည့်ရိပ်မွန်’လတ်။
ဈီးကွက်စီးပွါးရေးနန့် အတူပေါ်လာရေ စကားလုံးတိ။ အသိုက်အမြုံတိ။
ကာင်း ရို့ကို ဆက်စပ်ပီးနီဆဲ။ မြို့ရွာတိုင်း သည် ဖြူဖွေးသော သဲသောင်ပြင် ထက်သို့ လှိုင်းလုံးကြီးငယ်များ အဆက်မပြတ်တွန်းတိုက်နီရေ အလှ တရားများဖြင့် ချယ်သထားဆဲ။ ပင်လယ်ပြင်မှ လတ်ဆတ်သော လီတိက ရီအုန်းပင်ရို့ကို ဖြတ်သန်းတိုက်ခတ်နီသော လီရနံ့ ရို့ ဖြင့် မွှီးပျံ့နီဆဲ။ ထိုနီရာရို့သည် တစ်သက်တာပတ်လုံး ပြန်မတွိ့နိုင် စရာနီရာများပင်ဖြစ်လီဖို့ယာ။ဒေကမ္ဘာမြီထက်မှာ လူတိစလို့  ဖြစ်လာခါကပင် သဘာဝတရားရာသီဥတုတိနန့် ရန်ဖြစ်ခကတ်တေ။ တောရိုင်းတိရိစ္ဆာန်တိ
နန့် ရန်ဖြစ်ခကတ်တေ။ နောက်ပိုင် လူအချင်းချင်းရန်ဖြစ်ကတ်တေ။ စစ်ပွဲတိဆိုစွာက ရန်ပွဲအကြီးစားတမျိုးပင် ဖြစ်တေ။ ရန်ဖြစ်ခြင်းက လူတိကို သီစီနိုင်ရေပိုင် အင်ပါယာတိ ပေါ်လာစွာလေ့ဟိရေ။ ပထမ
နန့် ဒုတိယကမ္ဘာစစ်ရန်ပွဲမှာ အမေရိကန်နိုင်ငံ ၀င်ပါလာပြီးရေနောက်ပိုင်းမှာ အမေရိကန်နိုင်ငံစွာ ကမ္ဘာ့ရွာသူကြီးဖြစ်ပါလတ်တေ။ ရန်သူကိုတိုက်ဖို့ လက်နက်တိတီထွင် နည်းပညာတိကြံဆလိုက်စွာ ကမ္ဘာ့အဖွံဖြိုးအတိုးတက်ဆုံး တိုင်းပြည်အမေရိကန်ဆိုပြီးကေ ဖြစ်လာရေ။
ဒင်္ဂါးတစ်ပြားမှာ ဟိရေ ထိုဖက်ဒေဖက်ခွါမရရေ မျောက်နန့် ပန်းပိုင် စစ်ပွဲနန့် ငြိမ်းချမ်းရေးစွာ ဒွန်တွဲနိန်ရေ။ ယင်းအတွက်နန့်  ရန်ပွဲတိကို ရင်မဆိုင်ဝံ့ပဲ ငြိမ်းချမ်းရေးတည်ဆောက်ဖို့ ဆိုစွာ လုံးဝမဖြစ်နိုင်။
အရေးကြီးဆုံးက ရန်ဖြစ်ခြင်းကို နားလည်ဖို့ ပင် ဖြစ်တေ။ ရန်ဖြစ်ခြင်းမှာ အနည်းဆုံးဘက်နှစ်ဘက်ဟိရရေ။ ပြိုင်ဖက် သို့ မဟုတ် ရန်သူဟိရရေ။ ရန်သူ၏အားနည်းချက် အားသာချက်ကို သိရရေ။ ရန်သူကို အနိုင်ရခါမှ ငြိမ်းချမ်းရေးဆိုစွာ တည်ဆောက်လို့ ရရေ။
ယင်းအတွက်နန့်  ငြိမ်းချမ်းရေးလိုချင်ရေ ရခိုင်သားတိုင်းစွာ ကိုယ့်ရန်သူအသူလဲဆိုစွာကို သိပနာ ရန်ဖြစ်သင့်ရေ။
မှတ်ချက်။ ။ အဂုက ရခိုင်သားတိစွာ ကိုယ့်ရန်သူဘားကို လားပနာ ဆီဆွတ်နိန်စွာက အဓိကပြဿနာဖြစ်နိန်ရေ။ ယင်းအတွက်နန့် 
ဘီလူးရို့ ဖင်ကချီးထွက်အောင် ပြောနိန်ရစွာပါ။ အချိန်တိပိုနိန်လို့  ပျော်ကြီးကျလို့  လက်တိအားနိန်လို့  လာပြီးကေ ခြစ်ပြရီးပြနိန်စွာမဟုတ်ကြောင်း တဖဲ့ချေလောက်နားလည်ပီးကတ်ပါ။
(စိတ်ကူးခြောက်ပိဿာနန့်  မြောက်ဦးကဘီလူး )
အချစ်အမျိုးမျိုးဟိရေ။ အားလုံးသူရို့ သိကတ်တေ။
မိဘနန့် သားသမီးကြားကအချစ်
မောင်နှမအချစ်
သမီးရည်းစားအချစ်
လူတိက ခွီးတိကြောင်တိကို ချစ်တေ အချစ်
အဆိုတော် မင်းသားမင်းသမီး နာမေကြီးရေ လူတိကို ပရိတ်သတ်တိက ချစ်တေ အချစ်
လူအချင်းချင်းကြားမှာ လူသားဝါဒနန့် ချစ်တေ အချစ်
အယူဝါဒ အယူအဆတူရေ လူတိကြားက အချစ်
ကိုးကွယ်ရေ ဘာသာတူလို့ ချစ်တေ အချစ်......................
အေပိုင် အချစ်အမျိုးမျိုးဟိကတ်တေ အထဲမှာ
တိုင်းပြည် လူမျိုးနန့် စာပီကို ချစ်တေ အချစ်စွာ
သွီးအစစ်ဆုံး အမြင့်ဆုံး အမြတ်ဆုံး အကြီးကျယ်ဆုံး တန်ဖိုးအဟိဆုံးနန့်  အနှစ်သာရအပြည့်ဝဆုံး အချစ် ဖြစ်တေ။
အေအချစ်ကို အဂေါင့်ဂေါင့်ချစ်တတ်တေ လူတိစွာ လူသီလားခကေလေ့ နာမေမသီ
သမိုင်းစာမျက်နှာတိမှာ မော်ကွန်းတင်ကဗ္မည်းထိုးလို့  လူအများက ကိုးကွယ်ပူဇော်မြတ်နိုးခြင်းကို ခံကတ်ရရေ...။
ဒေအေအမ်ပီမှာ ဟိကတ်တေ ရခိုင်သမရခိုင်သားတိထဲမှာလေ့ နောင်အနာဂတ်မှာ ရခိုင်အမျိုးသားဂေါင်းဆောင် (Arakanese State-Man) ဆိုပြီးကေ ကျောက်ရုပ်ထု ဂုဏ်ပြုလားကတ်ရဖို့  ဂေါင်းဆောင်သစ်ချေတိ မဟိလို့  လုံးဝပြောလို့ မရနိုင်ပါ။ Leaders are nurtured and created. ဆိုရေ စကားပိုင် ကိုယ့်ကိုယ်ကို ကျင့်ကြံဖန်တီးတည်ဆောက်ပြုစုပျိုးထောင်လားကေ ရခိုင်သားတိအားကိုးရေ ရခိုင်လူထုဂေါင်းဆောင်တိ တိုင်းပြည်လူမျိုးနန့် စာပီကို အသက်ပီးပနာ ချစ်တေ ရခိုင်ဂေါင်းဆောင်သစ်တိ ပေါ်ထွန်းလာကတ်ဖို့ စွာ ကျိန်းသီနိန်ပါရေ။
( စိတ်ကူးခြောက်ပိဿာနန့်  မြောက်ဦးကဘီလူး )
လူရိုင်း ရခိုင်ပိုင်အယင်ပြောကေ လရိုင်း... ဒေပိုင် လရိုင်းတိအကြောင်းကိုပြောကေ အာဖရိကတိုက်က တောင်အမေရိက အမေဇုံသစ်တောတိထဲက ယိုင်ကျေးမှုမထွန်းကားသိမ့်ရေ တောထဲတောင်ထဲတိက လူရိုင်းမျိုးနွယ်စုတိကို လားပနာမြင်ကတ်ဖို့ စွာ ကျိန်းသီရေ။
ယကေလေ့ ဒေနိန်ရာမှာ ပြောချင်စွာ လရိုင်းက တခြားသော လရိုင်းတိအကြောင်းပင် ဖြစ်တေ။ ဥပမာပီးရ
ဖို့ ဆိုကေ “ဗမာအမျိုးသားရေးဝါဒီ အောင်ဆန်းစွာ လရိုင်း”။ အောင်ဆန်းကို အေစာထဲမှာ ရီးပြပြောရစွာ ချစ်လွန်းအားကြီးလို့ တော့ မဟုတ်။ ရခိုင်မျိုးဆက်တိအတွက် အတုယူလေ့လာထားသင့်ရေ တချို့ သော အချက်အလက်တိကို မိတ်ဆက်ပီးချင်လို့ ရာ။
ဆက်ပြောရဖို့ ဆိုကေ အောင်ဆန်းစွာ အဂေါင့်ဂေါင့် လရိုင်း။ စကားပြောကေ မွီးရာပါဖွားဖက်တော် “လ” အက္ခရာကို ပဇာ့က မချ။ လူတပုံကြီးရှိမှာ စကားပြောကေလေ့ လအက္ခရာပါရေ။ သူ့ အဖလောက်ဟိရေ လူတိကိုလေ့ ကော်နှက်တေ။ ယကေလေ့ အောင်ဆန်းကို တယောက်လေ့ ပြန်မပြောဝံ့ကတ်။ ဇာဖြစ်လို့ လဲ။ အကြောင်းရင်းကိုစစ်ကြည့်ကေ အောင်ဆန်းစွာ နိုင်ငံရေးအရ ရိုင်းနိန်စွာ။ သူ့ ဂေါင်းထဲမှာ ချီးစိုက်ကေလေ့ နိုင်ငံရေး... သီးပေါက်နိန်ကေလေ့ နိုင်ငံရေး.. ထမင်းစားကေလေ့ နိုင်ငံရေး.. အိပ်နိန်ကေလေ့ နိုင်ငံရေး.. လမ်းလျှောက်လို့ လားနိန်ကေလေ့ နိုင်ငံရေး။ “ဗမာတိ အင်္ဂလိပ်ကိုလိုနီကျွန်ဘ၀က လုံးဝလွတ်လပ်ရေးနန့်  ခေတ်သစ်ဗမာအမျိုးသားနိုင်ငံထူထောင်ရေး”က အောင်ဆန်းဂေါင်းထဲမှာ ရက်ပြတ်အချိန်ပြည့်နိန်ရာယူထားရေ။ အေပိုင်ယုံကြည်ခံယူချက်သွီးနန့်  အောင်ဆန်း အသက်ရှင်ရေ။ ဒေယုံကြည်ချက်မှာ အခြီခံပနာ အောင်ဆန်း စကားပြောရေ။ သူ့ ပါးက ထွက်ကျလာရေ စကားလုံးတိုင်းက တော်လှန်ရေးနိုင်ငံရေးအဆီဝနိန်ရေ။ အောင်ဆန်းရေ
သူ့ အတ္တမာနကိုယ်ကျိုးအတွက် အလုပ်မလုပ်ခ။
အတိုချူပ်ပြောရဖို့ ဆိုကေ လရိုင်းအောင်ဆန်း လမ်းကြောင်းထွင်လားပခလို့  ဗမာတိနိုင်ငံရေးအာဏာကို ရလားခကတ်တေ။ တဖက်မှာ ရခိုင်အပါအ၀င် ရှမ်း ကချင် ကရင် အစဟိရေ လူမျိုးတိ ဗမာကျွန်ဘ၀ကို အေနိန့် ကာလထိ ရောက်နိန်ကတ်ရရေ။ လှုပ်ယှားမှုတိုင်းမှာ တန်ပြန်အကျိုးသက်ရောက်မှု ဟိရေ။ အောင်ဆန်းပိုင် လရိုင်းတကောင် မပေါ်ခကေ ယင်းသူပိုင် ပြင်းထန်ရေ အမျိုးသားနိုင်ငံရေးယုံကြည်ချက်နန့်  အလုပ်မလုပ်ခကတ်ကေ ဗမာပြည်နိုင်ငံရေးအခြေအနေစွာ တမျိုးတဖုံ အဖြေထွက်လားနိုင်ရေ။ အောင်ဆန်းလရိုင်း၏စည်းရုံးဦးဆောင်မှုအောက်မှာ ဗမာပရိယာယ်မာယာအောက်မှာ ဗမာမဟုတ်တေ လူမျိုးတိရုန်းထွက်နိုင်စွမ်းမဟိခကတ်။ အောင်ဆန်းထောင်ခရေ ဗမာစစ်တပ်က အဂုအချိန်မှာ အင်အား ၅ သိန်းလောက်ဟိနိန်ဗျာလ်။ သန်းရွှေက ဒေစစ်တပ်ကို ဦးဆောင်နိန်ကေလေ့ ဒေ ဗမာစစ်တပ်၏အဓိကရည်ရွယ်ချက်က အောင်ဆန်းလမ်းစိုင်ချခရေအတိုင်း နိုင်ငံရေးအာဏာကို ဗမာတိထိန်းချူပ်ထားနိုင်ရေးပင် ဖြစ်တေ။
အောင်ဆန်းလရိုင်းပိုင် ရခိုင်သားတိထဲမှာ ပေါ်လာနိုင်ဖို့ လားချင့်။ မင်းမျှော်ဝါဒ ကို ချပြနိန်ခြင်းတော့ မဟုတ်။ ယကေလေ့ တော်လှန်ရေးနိုင်ငံရေးကို အောင်မြင်အောင်လုပ်ဖို့  ယုံကြည်ခံယူချက်ပြင်းထန်ရေ ဂေါင်းဆောင်တိ လိုအပ်တေ။ ရခိုင်ရို့ ဗမာ ကိုလိုနီကျွန်ဘ၀က လုံးဝလွတ်လပ်ရေးနန့်  အီးငြိမ်းချမ်းရေ ခေတ်သစ်ရခိုင်ပြည်ထူထောင်ရေးအတွက် ဘ၀တခုလုံးကို အပ်ထားရေ မျိုးဆက်သစ်လရိုင်းတိ အသည်းအသန်လိုအပ်နိန်ရေ။
ဇာပင်လုပ်လုပ် ဇာနိန်ရာကိုပင်လားလား ဇာဒေါင့်ကြားချေမှာပင် အိပ်နိန်နိန် တော်လှန်ရေးနိုင်ငံရေးနန့်  ရခိုင်ရို့ လွတ်မြောက်ရေးကို တစက္ကန့် ချေ လေ့ မမိန့်  အချိန်တိုင်းမှာ စိုင်းစားနိန်တတ်တေ... မာယာမဟိ ပကတိဖြူစင် အပြောရိုင်းကေလေ့
ရခိုင်ရို့ ခေတ်သစ်သမိုင်းကို လွတ်လပ်ခြင်းနန့်  မော်ကွန်းထိုးနိုင်ရေ ရခိုင်လရိုင်းမျိုးဆက်သစ်ပေါ်လာဖို့  ၂၁ ရာစုစွာ အချိန်ကောင်းပင် ဖြစ်တေ။ ။ ။
( စိတ်ကူးခြောက်ပိဿာနန့်  မြောက်ဦးကဘီလူး )
လွန်ခရေ လေးငါးခြောက်နှစ်ပတ်ဝန်းကျင်ကဆိုကေ ရခိုင်သားတိကိုယ်ပိုင်လွှင့်တင်ထားရေ ၀ပ်ဆိုတ်တိက သုံးလေးခုလောက်ရာဟိခပါ ရေ။ အွင်လိုင်းမှာ တွိကတ်ဆုံကတ်ဆွေးနွေးလို့ ရရေ သတင်းအချက်အလက်တိဖလှယ်လို့ ရရေ ကွန်ယှက်တိကလေ့ အနည်းချေပါ။ ယင်းအချိန်က အဂုအေအမ်ပီပိုင် အဖွဲ့ ဝင်ပေါင်းသုံးထောင်ကျော်လောက်စုနိန်လာကတ်တေ ရခိုင်လူ့ ဘောင်သစ်ချေတစ်ခု အိန်တာနတ်မှာ ဖြစ်တည်လာဖို့ လို့  ယောင်လို့ ပင် အိမ်မက် မက်ဖူးခကတ်ဖို့ မဟုတ်ပါ။ ယေကေလေ့ မထင်ထားစွာတိ ဖြစ်တတ်တေ စက္ကန့် နန့် လိုက်ပနာ ပြောင်းလဲလာရေ ကမ္ဘာ့ရွာက သတင်းနည်းပညာလက်ဆောင်သစ်တိ တစ်ခုပြီးကေ တစ်ခုပီးနိန်လို့  မစိုင်းစားဝံ့ခရေ စိတ်ကူးချေတိက လက်တွိကိုယ်ရောင်ပြပနာ ကိုယ့်ကွန်ပြူတာရှိကို ရောက်ပါလတ်စွာကို တစ်ယောက်လေ့ ငြင်းလို့ ရလီ
ဖို့ မထင်ပါ။
အေအမ်ပီကို စပြီးကေ ဖန်တီးလိုက်တေ အချိန်က ရခိုင်နန့် ရခိုင်ကြားကဆက်သွယ်ရေးလမ်းမကြီးထက်မှာ ဖြတ်သန်းလားနိန်ကတ်တေ စကားလုံးတိထဲမှာ ရခိုင်ရို့ ဘာသာစာပီစကားလုံးတိက လူရာမ၀င်ခလို့  ပြောကေ မှားလီဖို့ မထင်ပါ။ ယေကေလေ့ ကိုယ်ပိုင်ဘာသာစကားကို နှစ်ပေါင်းငါးထောင်ကျော်သုံးလာကတ်တေ လူမျိုးတစ်မျိုးအတွက် ကိုယ်ရို့ အမင်ဘာသာစကားစာပီကို ကိုယ်ရို့ ပိုင်ရေနယ်ပယ်ရပ်ဝန်းမှာ မကြာရေအချိန်ကာလချေတခုအတွင်း ရှိတန်းတင်သုံးစွဲလာနိုင်ကတ်စွာက မှန်ကန်သွီးစစ်မြင့်မြတ်တေ ရွီးချယ်မှုနန့်  မျိုးရိုးစိုင်လာယိုင်ကျေးမှုအမွီအနှစ်တိကို လက်ဖြန့် ယူ ထိန်းသိမ်းလိုက်ခြင်းပင် ဖြစ်ပါရေ။
ပိုပြီးကေတောက်ပရေ စာမျက်နှာတိကိုချယ်သလာကတ်တေ နောက်ပိုင်း အေအမ်ပီရင်ပြင်ထက်မှာ ရခိုင်စာပီပန်းခင်းကြီးတစ်ခုပွင့်လာရေပိုင် အရောင်အသွီးကာလာစုံရေ ရက္ခစာပီအညွန့် အဖူးအငုံအပွင့်ချေတိ စိမ်းစိုပွင့်လန်းလာစွာကို တွိမြင်လာကတ်ရပါရေ။ နိုင်ငံရေးစာပီ၊ ဘာသာရေးစာပီ၊ ရသစာပီ၊ သုတစာပီ၊ သရော်စာ၊ ဝေဖန်ရေး၊ ဘာသာပြန်၊ လူမှုရေးစီးပွါးရေးသာရေးနာရေး၊ ခရီးလားမှတ်တမ်း၊ သတင်း စရေ အရီးအသားမျိုးစုံကို ဖန်တီးလာနိုင်ကတ်ခြင်း
ဖြန့် ဝီပီးလာနိုင်ကတ်ခြင်းက ခေတ်သစ်ရခိုင်အီလက်ထရွန်နခ်စာပီသစ် (Modern Arakanese Electronic Literature) တစ်ခုကို ဆွဲဆောင်မှုဟိဟိ ပီပီပြင်ပြင်ထင်ထင်ယှားယှား မော်ကွန်းတင်လမ်းသစ်ခင်းလိုက်နိုင်ခြင်းပင်ဖြစ်ကြောင်း ဖော်ပြနိန်ပါရေ။
အေပိုင်စာပီခရီးကို ချီတက်လားကတ်တေအချိန်မှာ ရွှီစစ်မစစ် မှတ်ကျောက်တိုက်ကြည့်ကတ်တေပိုင် စာပီစိတ်ဓါတ်ဇာလောက်ခိုင်မာမှုဟိလဲ ဆိုစွာကို စမ်းသပ်လာကတ်ဖို့ စွာက လောကသဘောလို့ ပြောကတ်ရပါဖို့ ။ စိန်ခေါ်မှုစွာ ရှိဆက်လားဖို့  တွန်းအားတစ်ခုဖြစ်တေပိုင် လုံ့ လကို အပြည့်ဖြည့်လို့  ယုံကြည်မှုဇွဲသတ္တိကို နှနှောင်းကိုင်ပနာ ခြီလှမ်းလှမ်းလားကေ အောင်မြင်မှုပန်းဖူးကိုမျှော်မှန်းထားကတ်တေအတိုင်း ဆွတ်ခူးလာနိုင်ဖို့ စွာက ကျိန်းသီနိန်ပါရေ။
အေထက်ပိုပြီးကေ စာကောင်းစာသန့် တိကို ရီးလာနိုင်ဖို့  ကြိုးစားအားထုတ်ကတ်ရဖို့ စွာက ရခိုင့်စာပီလှုပ်ယှားမှုထဲမှာ ဟိနိန်ကတ်တေ အားလုံးသူရို့ တာဝန်ပင်ဖြစ်ပါရေ။ ရခိုင်သားရို့ ရင်ဖတ်အ၀ီစိတွင်းနက်ထဲက စိမ့်ယိုထွက်ကျလာရေ စကားလုံးတိကို နှလုံးသွီးနန့် ဆီးပနာ လက်ထဲက ကလောင်နန့်  မော်ကွန်းထိုးကတ်ရဖို့ စွာက သမိုင်းကပီးရေ အလုပ်ပင်ဖြစ်ပါရေ။ အရီးအသားတိ များလာလီလီ စာပီက ပိုလို့ 
ကျယ်ပြန့် တန်ဖိုးဟိလာလီလီဖြစ်တတ်လို့  ရခိုင့်လူ့  ဘောင်အတွက် အသက်သွီးကြောဖြစ်တေ ရခိုင့်စာပီကို အေထက်ပိုပြီးကေ ဆန်းသစ်တောက်ပြောင်လာအောင် မြင့်မြတ်တေအမျိုးချစ်စိတ်နန့်  ဖန်တီးတည်ဆောက်လားကတ်ပါမေ။ ။ ။
( စိတ်ကူးခြောက်ပိဿာနန့်  မြောက်ဦးကဘီလူး )
လမ်းဟောင်းကိုစွန့် ခွါကတ်တေခါ လမ်းသစ်မှာ ကြုံလာရဖို့  အခက်အခဲ အတားအဆီး စိန်ခေါ်မှု အားစမ်းမှု ပတ်ဝန်းကျင်ကတိုက်ခတ်လာရေ လှိုင်းဒဏ်လီဒဏ်တိကို ခံနိုင်ရည်မဟိကေ ဖိအားတွန်းအားတိနန့် ရင်ဆိုင်ရပနာ ထိုမရောက်ဒေမရောက် လမ်းပျောက်လားတတ်တေ။ စိတ်ခွန်အားကို ပြည့်ဝအောင်လုပ်ထား ရပ်တည်မှုခိုင်ခိုင်မာမာနန့်  မလျော့ရေဇွဲကို ကိုင်ပနာလားခါမှ မျှော်မှန်းရေပန်းဖူးကို ရောက်နိုင်ဖို့ ။
ကမ္ဘာကြီးက ရပ်လို့ မနိန်ရေပိုင် လူတိလေ့ ပြောင်းနိန်ကတ်တေ။ အပြောင်းအလဲ အလှည့်အပြောင်းတိဆိုစွာ လူတိနန့်  ရင်းနှီးကျွမ်းဝင်ပြီးသား မိတ်ဆွေကောင်းတိဖြစ်ပါလတ်တေ။ ဒေပိုင် အခြေအနေတိအောက်မှာ တချို့ က အဟောင်းကို ချန်ထားပနာ အသစ်ဘားကို ဦးတည်ပြီးကေ လားကတ်တေ။ တချို့ က အဟောင်းထဲမှာ နစ်မြှပ်ပနာ ဘ၀ဆုံးလားကတ်တေ။ တချို့ က အဟောင်းထက် ပိုလို့ ဟောင်းရေ နိန်ရာကို ရွိလားနိန်ကတ်တေ။
သေချာနိန်စွာတစ်ခုက အချေခါဝတ်ခရေ အကျီင်္တိကို ကြီးခါ ပြန်ဝတ်လို့ မရရေပိုင် အသစ်ဆိုစွာ လစ်လျူရှူပစ်ပယ်ထား
လို့ ရရေ အရာမဟုတ်။ အသစ်နန့် မတွိချင်ပါ ပုန်းလို့ နိန်ပါဖို့ ဆိုကေတောင် အသစ်က အိမ်ထဲထိဝင်လာနိုင်ရေ။
ခြင်ချေတစ်ကောင်ကိုက်တေဒဏ် ပုရွက်စိတ်ချေတစ်ကောင်ကိုက်တေဒဏ်ကို မခံနိုင်လို့  လမ်းတစ်ပိုင်းမှာ
ကျန်လိုက်ဖို့  ဗျာယ် ရှိဆက်လို့ မလားနိုင်ဗျာယ် ဆိုခြင်းရေ အသစ်ကိုလိုချင်ရေ ကိုယ့်ယုံကြည်မှုကို အသီသတ်လိုက်ခြင်းပင် ဖြစ်တေ။
ဝီခွဲမရဒွိဟဖြစ်မှုက လူ့ စိတ်တစ်နိန်ရာမှာ ဟိနိန်တတ်တေ ခံစားချက်တစ်မျိုး။ ဒေခံစားချက်ကို အသိတရားနန့်  ဆီးပြီးခါမှ
သန့် ယှင်းလတ်ဆတ်တေ အမြင်နန့်  ရှိဆက်လားဖို့ ခရီးကို လှမ်းမြင်နိုင်ပါဖို့ ။
ခေတ်သစ်အိုင်တီဘလော့ဂ်စာမျက်နှာတိထက်က ရခိုင့်စာပီလှုပ်ယှားမှုစွာ ခါးဆက်အဖြတ်ခံထားရရေ အညွန့် ချိုး ခံထားရရေ ရခိုင်စာပီအပင်ကြီးပြန်ရှင်လာဖို့  မြီသြဇာ အားဆီးတစ်ခွက်ဖြစ်ပါလတ်တေ။ အေပိုင်အချိန်ကာလမှာ ဒေအပင်ကြီးရှင်သန်လာဖို့  အားလုံးဝိုင်းဝန်းပြုစုပျိုးထောင်ပီးမှုက လိုအပ်တေ။ အားစုံခါမှ အပင်လှပါဖို့ ။ ရွက်နုချေတိထွက် အပွင့်ချေတိပွင့်ပနာ အနံ့ ချေတိသင်းပျံ့ မွှီးကြိုင်လာပါဖို့ ။ တက်ညီလက်ညီ ကလောင်ချေတိစုံပနာ မိုးဒဏ် လီဒဏ် လှိုင်းဒဏ်တိကို ခုံခံကာကွယ်ပြီးကေ ရခိုင်စာပီအပင်ကြီးကို ၀ိုင်းရံပံ့ပိုးပီးလားကတ်ပါမေ။
(စိတ်ကူးခြောက်ပိဿာနန့်  မြောက်ဦးကဘီလူး )
ရခိုင်သားတိ မယား ၁၀၀ ရစီဖို့
--------------------------------
AMP က discussion တိမှာ ရခိုင်သားတိ မယားသုံးယောက် ယူသင့်မယူသင့် ဆွေးနွေးနီကတ်စွာကို အမြဲတမ်း မြင်နီရပါရေ။ မယားသုံးယောက်ရဖို့ထားလို့ တယောက်တောင်ရှာလို့မရရေလူတိ အများကြီး။ တချို့ကလည်း ရခိုင်သမတိ ရခိုင်သားကို မကြိုက်စွာ ဇာဖြစ်လို့လဲဆိုပြီးကေ မီးနီကတ်တေ။ သေချာစွာကတော့ခါ ရခိုင်သမတိုင်း တတ်နိုင်ကေ ရခိုင်သားကိုပဲ ယူချင်ရေဆိုစွာပါ။ ယေကေလည်း ဇာဖြစ်လို့ တချို.က လူမျိုးခြားတိနောက်ကို လိုက်လားခရရေလဲ။ တချို.ကလည်း အဖြေမရှာပဲနန့် မမချေတိကိုပဲ အပြစ်ပုံချကတ်တေ။ လူတိုင်းမှာကိုယ့်အားနည်း၊ အားသာချက်တိ ကိုယ်စီဟိကတ်တေ။ အခု ရွီးပြချင်စွာကတော့ ရခိုင်သားအများစုမှာ Common ဖြစ်တေ အားသာချက်၊ အားနည်းချက်တိနန့် မမချေတိရွီးချယ်ရေအခါ ဇာအချက်တိကို ထည့်စဉ်းစားရေလဲဆိုစွာ အချက်အလက်တိပါ။
အားနည်းချက် (ကိုယ့်စိတ်ထင်) တိကို အယင်ပြောပြပါမေ။ တိုက်ဆိုင်မှုဟိကေ ခွင့်လွှတ်ကတ်ပါ။
၁။ ရခိုင်သားတိစွာ အနည်းနန့်အများ ဘဝင်မြင့်ပါရေ။
ရခိုင်ဆိုပြီးကေ အမျိုးမာန်တက်စွာထက် တချို.ကလွန်ကဲပြီးကေ ဘဝင်ကိုင်ရေအဆင့်ကိုရောက်လားခရေခါ မမချေတိကို ဖွင့်မပြောဖြစ်ပဲနန့် ဝါးလုံးခေါင်းထဲမှာပဲ လပပြီးကေ အခါလွန်မိုးဖြစ်လားခစွာများပါရေ။ အချေခါကပင် gender ကို ကောင်းကောင်းအလေးပီးပြီးကေ ခွဲခြားထားကတ်စွာလည်းး ပါပါဖို့။ ကိုယ့် ရခိုင်ပြည်မှာက မမချေတယောက်မှာ ကလေချေသူငယ်ချင်း (၃၊ ၄) ယောက်ဟိကေ ယှုပ်တေဆိုပြီးကေ အပြောခံရရေ။ ယင်းချင့်တိက တကယ်တမ်း relationship တခုအတွက် approach လုပ်တေအခါ smooth ဖြစ်အောင်မပြောတတ် မဆိုတတ်ဖြစ်စီရေလို့ ထင်ပါရေ။ ငြင်းလိုက်ဖို့စွာကို ကြောက်လို့လည်း ဟိပါဖို.။
၂။ ရခိုင်သားတိစွာ စိတ်ထဲမှာ ဟိစွာခံစားချက်ကို ဖွင့်မပြောတတ်။
ရည်းစားကိုချစ်လို့ တပိုင်းသီဖို့ပျာယ်။ ယေကေလည်း ပါးစက သူငယ်ချင်းတိကိုပြောကေ မိုးလားကဲလား၊ အားနာလို့ လက်ခံထားရရေဆိုရေ ပုံစံမျိုး အသံကောင်းဟစ်တတ်တေ။ အထူးသဖြင့် ယောက်ျားအချင်းချင်းကြားမှာ မယားနိုင် ကောင်းကောင်းဖြစ်ချင်ကတ်တေ။ ချစ်ကေလည်း ချစ်တေလို့မပြော။ ယင်းအပိုင်းမှာက ကိုယ့်စိတ်မှာ (၁) ဆချစ်ကေ (၁၀) ဆချစ်တေလို့ပြောတတ်တေ မြန်မာတိနှင့် အမှတ်ကွာလားပါပျာယ်။ မမချေဆိုစွာက ယင်းပိုင်ပြောမှ သဘောကျရေ။ ယူပြီးခါ ဖျာပိုင်ခင်းပြီးနင်းထား နင်းထား၊ မရခင်ကတော့ ထိပ်မှာတင်ထားမှ။ အဓိကက ပြောဆိုဆက်ဆံရေးမှာ ကောင်းကောင်းလိုသိမ့်ရေ ဆိုစွာပါ။
၃။ တော်တော်များများ ရခိုင်သားတိစွာ သိက္ခာဟိဟိ မရူးဝံ့ကတ်။
ကိုယ်ယှုံးကေ၊ ငြင်းခံရကေ ခါးခါးသီးသီးတုန့်ပြန်ရေ။ အငြင်းပယ်ခံနိုင်ရေသတ္တိမဟိ။ တဖက်သားကိုအပြစ်ပုံချပြီးကေ ကိုယ့်အပြစ်ကို ဝန်မခံတတ်။ စွပ်စွဲစွာ ပြင်းထန်ချင်ကေလည်း ပြင်းထန်လီပါဖို့။ လူတိုင်းမဟုတ်ကေလည်း တော်တော်များများမှာ တွိရလို့ စိတ်မကောင်းပါ။ အထူးသဖြင့် ရည်းစားစကားပြောလို့ မမချေဖက်က လက်မခံနိုင်လို့ငြင်းလိုက်ကေ သပုတ်လီလွှတ်ပြောစွာကို အမြဲတမ်းတွိရရေ။
၎။ တော်တော်များများ ရခိုင်သားတိစွာ gentleman ဆိုစွာဇာလဲဆိုစွာ နားမလည်။
အပြစ်ဆိုဖို့တော့ နည်းနည်းခက်ပါရေ။ ရခိုင်စွာ male dominant ဖြစ်တေ society တခုပါ။ ထမင်းစားတိုင်း လင်ကို အယင်ဦးချရရေနီရာက လာလူတိဆိုခါ အနောက်တိုင်းကိုရောက်လာရေအခါမှာ lady first ဆိုပြီးကေ ထမင်းဝိုင်းမှာ မမချေကို အယင်ဦးစားပီးထည့်ပီးရေ စနစ်နန့် မရင်းနှီစွာ အဆန်းတော့ မဟုတ်ပါ။ ယေကေလည်း အခု oversea ကိုရောက်နီရေလူတိကတော့ သိသင့်ရေလို့ ထင်ပါရေ။ မမတိက အားမနာလုပ်လို့ရရေလို့ ပြောစွာမဟုတ်ပါ။ နှစ်ဦးနှစ်ဘက် respect ဟိရဖို့လို့ ဆိုလိုစွာပါ။ Gender Discrimination တိကို လျှော့ဖို့လိုပါပျာယ်။
၅။ ရခိုင်သားတိစွာ အမြင်ကျဉ်းမြောင်းရေ။
ဟုတ်ပါယင့်။ အဆဲခံလိုက်ပါအုံးမယ်။ တချို.ရခိုင်သားတိက ပြောပါရေ။ ရခိုင်သမတိဖော်စွာကို ကြည့်လို့မရလတ်။ ယင်းချင့်ကိုတော့ နားမလည်။ ကိုယ့်အရပ်နန့် ကိုယ့်ဇာတ်ဆိုစွာ ဟိပါရေ။ ကိုယ်နီရေ နီရာဒေသနန့် လိုက်လျောညီထွေဖြစ်ဖို့ အရေးကြီးပါရေ။ စစ်တွေမြို့ကိုလားပြီးကေ မီနီစကပ်နန့် ဗန်းပြနီလို့ကတော့ ဇာဖြစ်ပါဖို့လဲ။ ကမ်းခြီမှာ ဘီက်ီနီဝတ်စွာ အဆန်းမဟုတ်။ ရခိုင်သမ ဖော်စွာမကြည့်ဝံ့ကေ မျက်စိရာမှိတ်ထားကတ်ပါဖိ။ အတိုအကပ် (နိုင်ငံခြားမှာ) ဝတ်တိုင်း ပျက်စီးနီရေလို့ထင်နီစွာကတော့ ကောင်းကောင်းရယ်ရစွာ အယူအဆပါရာ။ လူတယောက်၏စိတ်ဓါတ်နန့် အကျင့်စာရိတ္တကို ဝတ်ထားရေ အဝတ်အစားနန့် ဆုံးဖြတ်တေဆိုကေတော့ သဘောပါ။
၆။ ရခိုင်သားတိစော် စိတ်မရှည်၊ ခွင့်လွှတ်သည်းခံစိတ်နည်းပါရေ။
စလို့လိုက်တေ ဆိုခါကပင် ကြုံလိုက်တိများရေ။ တနားချေလိုက်လို့မရကေ နောက်တယောက်ကို ချက်ချင်းပြောင်းတတ်တေ။ ကုသ ပပဝတီကိုရစွာ ကုသက ဖုရားလောင်းဖြစ်လို့ မဟုတ်ပါ။ ဇွဲဟိလို့။ ယင်းပိုင်ဇွဲမဟိကတ်ပါ။ ရည်းစားဖြစ်ကေလည်းသင့် ကိုယ်ရာ တလုံးချိုင့် ဖြစ်ချင်ဖြစ်ဖို့၊ မမချေကို ငါးဆင့်ချိုင့်လောက်နန့် perfect ဖြစ်ဖို့ မျှော်လင့်ကတ်တေ။ အမှားတခုလုပ်မိကေ ခွင့်မလွှတ်တတ်။ အားလုံးတော့ မဟုတ်ကေလည်း ရခိုင်သမတိုင်းလိုလိုပါးက ပြန်ကြားရစွာ စကားပါ။
တခြားအချက်တိကိုတော့ minor လို့ထင်ပါရေ။ relationship တခုတည်ဆောက်တေနီရာမှာ အခုအားနည်းချက်တိကိုကြည့်လိုက်ကေ အားလုံး အပြောအဆို၊ အမူအကျင့်နန့်သက်ဆိုက်နီစွာကို တွိပါဖို့။ ရခိုင်သားတိ အရက်သောက်လို့ မယားမရဆိုစွာကို လက်မခံပါ။ ရခိုင်သားတိက အရက်သမားဖြစ်ရစွာ ဂုဏ်ယူနီကတ်စွာကိုတော့ တွိပါရေ။ ထားလိုက်ပါဖိ ယင်းချင့်ကို။ ကောင်းရေအချက်တခုက ရခိုင်သားတိစွာ သစ္စာဟိရေလို့ ထင်ပါရေ။ မပြောတတ် မဆိုတတ်ဆိုစွာက opposite gender နန့်တွိကေ ပြောစွာပါ။ လူကြီးသူမကိုတော့ အားလုံးသူသိတတ်ကတ်တေ။ ဖြောင့်ဖြောင့်မှန်မှန်ဟိရေ။ အားနာတတ်တေ။ စိတ်ရင်းကောင်ပြီးသားပါ။ အပြောမတတ်စွာ၊ Manner မဟိစွာချေတခုကို ပျင်လိုက်ကေတော့ခါ မယားသုံးယောက်ကပြောကဲ့ အယောက် (၁၀၀) လောက်ရဖို့သေချာပါယင့်။ ကိုယ့်ကို ဝယ်နိုးဝယ်နိုးစောင့်နီကေတော့ မပြောတတ်။
(ခိုင်ဝေဇံ)
(ရက္ခိတရို့ဆုံရပ်မြီဘလော့မှ)
ကိုယ့်ရပ် ကိုယ့်ရွာ ကိုယ့်မြီ ကိုယ့်ရခိုင်မြီ နန်.၀ီးလာရစွာလေ့ ကကောင်းကြာဗျယ်မလားဂု။ဒေတန်းခူးလ ရောက်ယာဆိုကေ ငရို.ရွာလယ်က စံပယ်ပင် မှာ သင်္ကြန်ပွင့်တိ ပွင့်လို.ဟိလီဖို.။ ရွာက လူပျိုချေတိ ဆိုကေ အပြုံးကိုယ်စီနန်.။အကွက်ကိုချောင်းနိန်ကတ်စွာ။ အယင်ခါဆိုကေ အကွက်ချောင်းစွာမှာ ငါလေ့ပါရေ။ငါ အဂု လန်ဒန် ကိုရောက်နိန်ရေ။ လန်ဒန် ကို စကော့တလန်ကနိန် ဆင်းလာစွာ ငါအကြောင်းဟိရေ။ သင်္ကြန်ဆိုရေ အငွိအသက်ချေတိကိုငါခံစားချင်လို.။ ဒေကိုရောက်ခိုက်ငါရခိုင်ကိုဖုန်းဆက်စွာ။ စကော့တလန်က ရခိုင်ဖုန်းဆက်ရစွာမလွယ် တခြားဂြိုလ်တစ်ခုကိုဆက်ရေပိုင်။ ခြစ်တတ်ခြစ်တတ် နန်.။ လူကြီးမင်း ဆိုရေလူနန်.လေ့ ရက်ပြတ် ရက်ပြတ်တွိရေ။ထိုတစ်ရက်နှစ် ရက်က ရခိုင်ကို ဖုန်းဆက်ရေခါ ဘုရားရီချိုးဖို.လားဖို.ပျင်နိန် ကတ်တေလတ်။ ယင့်ချင့်ကို ကြားစွာနန်. ငါမျက်လုံးတိမှာ မျက်ရည်တိ စွတ်လာရေ။ ငါကကောင်း ငိုချင်လားရေ။ ဖုံးကိုဆက်ပြီးကေပြောဖို. ငါမှာအင်အားမဟိခ။ ငါကကောင်းငိုချင်လားရေ။အသိုက်နန်.၀ီးနိန်ရေငါ။ ဇာခါ ဇာဘ၀မှာ ငါ ရခိုင်သင်္ကြန်ကို ငါတစ်ခါ ပြန်တွိရဖို.လဲ။ ဘုရားရီချိုလို.ပြန်လာကေ ဇာဖြစ်ဖို.လေ့ငါသိရေ။ သိရေအတိုင်းဗျာယ် ငါရို.တိ ရွာထိပ်ဝ က ရီဗုံးတိနန်.အဆင်းသင့်၊ အဘုချေတိဆိုကေ ရီဇစ်တိနန်. တဗျင်းကြိုးဖို. အသင့်။ ယင်းပိုင်း အားရဘားရ ကိုင်းဘလိုက်ချင်ရေ။ ဒေချင့်ငါစိတ်ကူးတိရာ။ ထိုတစ်ရက်နိန်.က မြန်မာတိလုပ်စွာသင်္ကြန်ပွဲကိုငါလားခီရေ။တေးခြင်းလေ့ တစ်ပုဒ်တက်ဆိုပခသိမ့်ယင့်။ယကေလေ့ ငါမပျော် ခြောက်တိခြောက်သတ်နန်. ငါဇာပိုင်မသိတွိရေ။ ငပိမပါ ဆားမပါပိုင်။ မြန်မာစကား မြန်မာတေးခြင်း တိ ငါးနားကို နှိပ်စက်ကတ်ကေ။ ငါ ရခိုင်သားတိနန်. ရခိုင်သင်္ကြန်တေး ခြင်းအားရဘရ ဆိုပြီးကေ ကွဲပါကောင်က ပိုက်ချင်ရေ။ ငါရို.ရွာက လူတိဆိုကေ ကကောင်းပျော်ကြီးကျတိ။ အချေကအစ ၀ါကြီးမ ၀ါကြီးတိအဆုံး သင်္ကြန်ကျရာယာဆိုကေ သုံးဆယ့်တစ်ဖုံ။ ငါဘကြီးတစ်ယောက်ဆိုကေ သင်္ကြန်ကျယာဆိုကေ အရာလူတိဘားမှာရီအလောင်းခံကေလေ့ ကိုယ့်မယားဘားမှာဆိုကေ လုံးဝအလောင်းမခံ။ ထိုတစ်နှစ်သင်္ကြန်ခါ ငရို.အကြီးသျှင် လင်သယ်ကို ရီးလောင်းချင်လို. ဖလားကိုင်ဘနာ ရွင့်ဘနာ လိုက်ယူလခစွာ ရွာအပြင်က ၂ မိုင် ၃ မိုင်ကျမှ နွားရုံ နားမှာ မှီခီရေဆိုဝါ။ယကေ လင်သယ်ကို ရီလေ့လောင်း နချီးတိနန်. လေ့ ကျိုင်ဘခရေလတ်။ယင်ပိုင်အမျိုးမျိုး။ တစ်ချို.ကလေချေတိဆိုကေ သင်္ကြန် ကျယာဆိုဘနာ အင်္ကျီကကောင်းစစက်တိကို လက်မောင်းတိကနိန်ပိုင်ပလိုက်ကတ်လို. အိမ်က အမိသယ် ရို. ငိုရဖို. ရာယ်ရဖို.ပိုင်။ သူရို. သင်္ကြန် mood တိကလေ့ တစ်မျိုးတဖုံ။ ၀ါကြီးမတိအဖွဲ. တိကိုလေ့ကြည့်တစ်ချက်။ အသက်က ၆၀၊၇၀ ။ သင်္ကြန်ကျယာဆိုကေ ချော့ပန် တိ အတို.ချေတိဝတ်လို.။ မျက်နှာခွက်တိမှာ မိတ်ကပ်အမျိုးတစ်ရာ။ရွာက ၀ါကြီးတိ အီးလို.နိန်ဖို.မရ။ ၀ါကြီးတိနိန်ရေ အိမ်တိုင်းကိုလားဘနာစီ ရီလောင်းကတ်တေ။ ရွာလယ်က သင်္ကြန်မဏ္ဍပ်.မှာလေ့ ကျကျိုပ်တိုးလို.စည်ရေ။ ရွာက အလှပချေ ကလိန်.မေချေ တိဆိုကေ ရီလောင်းခံရစွာ လက်ခတ်မကျ။ တချို.ဆိုကေ မဖျားရအောင် ပါရာဆူတာမောက် ဆလုံးဆောင်ထားရရေလတ်။မဏ္ဍပ်ရှိမှာလေ့ ကကတ်စွာ ဘိတ်တိအိုင်တက်ပါရေ။ လှကတ်စွာ အိုင်စိမ်နိန်ရေ ကျွဲတိကိုကြည်.။ယပိုင် မြွတ်ကတ်စွာ။ တချို.ကလေချေတိဆိုကေ နတ်ကြီးတိ။ သင်္ကြန်ကျယာဆိုကေ အိမ်တိုင်းပတ်စိ ၀င်ဘနာ သံကျပ်ထိုးကတ်ဖို. ဆုမချကေ သံချပ်ထိုးလို.မပြီးယာ။ ဖဲ့သာ ပီးလိုက်မှ ရွင့်ကတ်တေ။ယင်းကြားထဲမှာ သံချပ်လေ့ထိုး သမီးကို ရည်းစားစကားပြောဖို.ချောင်းနိန်စွာကောင် တိ လေ့မကန်။ ယပိုင်ညုက်တေ။ အပျော်ကြီးလို. ရွာမြောက်ဘက်က သောက်ရီကန်ထဲခုန်ချစွ လူပျိုချေတိလေ့ ဟိသိမ့်ရေ။ယကေ ၀ါကြီးတိဘက်မှာ တတုတ်အဆဲခံ။
သင်္ကြန်ပြီးလားကေလေ့ ထမင်းပေါင်းချက်စား၊ ရွာကလူကြီး သူမတိကို ကန်တော့ ၊ ဘုန်ကြီးကျောင်းကိုဆွမ်ပို. ယပိုင်ချစ်ဖို.ကောင်းရေ ရခိုင်ရိုးရာ တောဓလေ့ သဘာဝတိဟိရေ။ အော်သင်္ကြန် သင်္ကြန် ပြောကေကျီဖို.မဟုတ်။ ဒေတန်းခူးလ ရောက်ယာဆိုကေ ငရို.ရွာလယ်က စံပယ်ပင် မှာ သင်္ကြန်ပွင့်တိ ပွင့်လို.ဟိလီဖို.။ ပိတောက် ရနံ.တိ ကြိုင်လို.ဟိလီဖို.။ ရခိုင်သင်္ကြန် နန်. ပိတောက်ကိုချစ်တေငါ ဇာခါဘင်လေ့ အားရဘရ ဆုံတွိကတ်ရဖို.လေ့ဂု။ အော် သင်္ကြန် သင်္ကြန် ..................။
အေးမောင်( ရင်အုံတော်ဓာတ်)
(ဘုရင်မာရယုဘလော့မှ)
အားလုံးမင်္ဂလာပါ..
အေနိန့်ခါတော့ ရခိုင်ပြည်မှာနိန်ထိုင်ဂတ်ရေ ရခိုင်လူမျိုးတိ ဂျီးရာဖြစ်လည်း စကားပြောရေခါ စကေချေ ကွဲနီစာတိကို ရီးပါဖို့ .. တမြို့နက် တမြို့ စကားပြောစာတိ အစာပိုင်းမတူဂတ်ဆိုဟာကို ရီးချင်စာလောက်ပါရာ.. ဥမ္မာဆိုလို့ဟိခကေ ကျောက်ဖြူနားက ရွာချေမှာမွီး၊ ကျောက်ဖြူမှာကြီးရေလူဖြစ်လို့ ကိုယ့်ပါးက စကားကိုရာ ကောင်းကောင်းပြောတတ်ပါရေ.. ၁၀တန်းအောင်လို့ စစ်တွေကို ကျောင်းတက်ဖို့ လားရရေခါ မှ ယင်းမှာ ပြောဂတ်ရေ၊ ကြားရရေ စကားတိဂ ကိုယ့်ရို့ရခိုင်စကားမှန်းကို သိယက်သားနက် နားမလည်စာတိက အများကြီးပါရာ... :) ယေ့စာတောင်မှ အိမ်ကို အလည်ရောက်ရေ ဘာဘာနက် စီးပွားရေး အတူတူလုပ်နီဂတ်ရေ လူတိရောက်လို့ ကြာဖူးစာသိပါ .. မဟုတ်ကေ အစာပိုင်ရာ ဟိမယ်မသိသီး... ဥမ္မာရို့ ကျောက်ဖြူမှာ လူတယောက်နက် တယောက်တွေ့ဂတ်ကေ အမ၊ အကို၊ ဦးလေး၊ အရီး၊ အဘောင်၊ အဖိုး ... ' အစာလားပါရောင် ?' 'အစာဂ လာပါရောင် ?' လို့မီးရေ.. ယေ့မှာကျကေ ဦးလေးကို "အခင်" ၊ အဘောင်ကို "အဘောင်သျင်"၊ အဖိုးကို "အဖိုးသျင်" 'ဇာကိုလားပါလေ?' 'ဇာကပြန်လာပါလဲ' ယင်းပိုင်းပြောဂတ်ရေ ။ ယေပြီးကေ တရက် ဥမ္မာနီရေ အိမ်က အိမ်ရှင်မဂ အိမ်အောက်မှာ အ၀တ်လျော်နီရေဟိဖို့ ။ ပြီးခါ အိမ်ထက်ကို မတက်ချင်လို့ ဥမ္မာကို အားနီကေ 'အိမ်ထက်က "Hanger"တိကို တချက်လောက် ကမ်းပလ’် ဆိုရေ ။ ဥမ္မာနက်လည်း ရင်းရင်းနှီးနှီးဟိဂတ်လို့ပါရာ.. ယေခါ ဥမ္မာ ကောင်းစဉ်းစားလားခရေ။ :-) ဥမ္မာ ကိုယ်တိုင်က ဖြတ်ခနဲဆိုခါ သူက အင်္ဂလိပ်ပိုင် တိုက်ရိုက် ပြောချလိုက်စာကို နားမလည်.. ဟီဟီ ..ယေနာ 'Hanger' 'Hanger' အစာပြောစာရောင်လို့ ရှာကြည့်ပ..။
အ၀တ်လျော်ပြီးကေ ဥမ္မာရို့ပါးမှာ ခွန်း (ဂျိတ်)ကိုရာ သုံးရေလို့. .. ယေပြီး မသိခါမှ ‘အစာကို ကမ်းခိုင်းစာပါရောင’် နောက်တခေါက်မီးရရေ ။ မီးပြီးခါမှ ကိုယ့်စာကို သိရေ.. အော် အကျီင်္လှမ်းဖို့ ခွန်း(ဂျိတ်) ယူခိုင်းစာပါလားလို့ .. :) ယေပြီးကေ ဥမ္မာရို့ပါးမှာ ထိုးအကျီင်္ကို( ဗမာအခေါ် စွပ်ကျယ်) ယေ့မှာ ဂင်စီဗရာဆိုဂေါ်.. :-) ဇီးသီးကို ‘ဇသီး’ ၊ ဈေးကြီးကို ‘ဈကြီး’၊ ဦးထုပ်ကို ‘၀ထုပ်’ ယေ့ပိုင် ယေ့ပိုင် အများကြီးဟိပါသိရေ..စစ်တွေကို ရောက်ခါစကဆိုကေ လေယူလေသိမ်း အသံနေအသံထားတိ မတူဂတ်လို့ ‘အစာပြောစာပါရောင်’ လို့ ပြန်ပနာမီးရပါရေ.. ဥမ္မာကိုယ်တိုင်ကလေ ရခိုင်ပြည်မှာဟိရေ မြို့တိ ရွာတိအလိုက် အစာပိုင် ပြောဆိုဂတ်ရေဆိုဟာကို လေ့လာစာ အားနည်းလို့လည်းပါပါရေ..ယေ့ပိုင်ပါရာ. ယေ့ကလူတိကလည်း ဥမ္မာပြောစာတိ နားမလည်ရေအခါတိလည်း ဟိပါရေ.. အစာပိုင်းပင်ဖြစဖြစ် ဥမ္မာရို့ ရခိုင်လူမျိုးးတိစာ တနိန်ရာရာမှာ ပြန်တွေ့ကေ ကိုယ်ပြောနီကျ စကားတိနက်ပြန်ပြောဂတ်စာပါရာ..ရခိုင်ပြည်ကို ချစ်ရေဆိုကေ ကိုယ်ပြောနီကြ ကိုယ့်ရခိုင် စကားကို အစာနိန်ရာ အစာဒေသကိုပင် ရောက်ရောက် ပြန်တွေ့ဆုံဂတ်ခါ အရင်ပိုင်ပြန်ပြောဆိုတတ်အောင် ထိမ်းသိမ်းဂတ်ပါမယ်..ရခိုင်သူ/သား အားလုံး ကျန်းမာ ချမ်းသာဂတ်ပါစီ…။
(ကျောက်ဖြူသူချေဘလော့မှ)
ရခိုင်ပြည်နယ်မှာ အမ်းမြို့နယ် အပိုင် ‘သပြုချိုင်’ လို့ခေါ်ရေ ကျွန်းချေမှာ ရွာချေတိ အများကြီးဟိပါရေ။ ယင်းမှာ ‘ကာရီကြီးတောင် ‘လို့ ခေါ်ရေ ရွာချေတရွာဟိပါရေ။ တောင်ချေတလုံးထက်မှာ ရွာတည်ပနာ အိမ်ဆောက်နိန်ဂတ်စော်ပါ။ ယင်းရွာချေမှာ အိမ်ခြီ (၃၀)ကျော် ၀န်းကျင်လောက်ရာဟိပါရေ။ ဥမ္မာ ရို့အိမ်လည်း တအိမ် အပါအ၀င်ပါ။
အဂုခါတော့ အိမ်ခြီစကေချေ တိုးလားပါယာ။ ဥမ္မာရို့နိန်ခရေ အချိန်ခါက ရွာမှာ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းမဟိပါသိမ့်။ အဂုတော့ခါ ရွာမှာ ဘုန်းကြီးကျောင်းချေတကျောင်း၊ စာသင်ကျောင်းချေတကျောင်း ဟိလားခပါယာ။ ယင်းသတင်းတိကို မြို့ရောက်မှ ကြားရစော်ပါ။ နောက်နှစ်တိ နွီရာသီကျောင်းပိတ်လို့ အလည်ပြန်လားခါမြင်ရလို့ ကောင်းဝမ်းသာမိပါရေ။ ဆက်သွယ်ရေးဆိုစာလည်း အကြီးအကျယ် ခက်ခဲပါရေ။ နီရေ ရွာတိကို ခြီကျင်လားလို့ရစော်ကလွဲကေ မြို့ကိုရောက်ဖူးရေလူ မဟိစော်ပိုင်ပါရာ။
ရွာသူ၊ရွာသားတိ အဓိက အသက်မွီး ၀မ်းကြောင်း ကလယ်လုပ်စားဂတ်ပါရေ။ လယ်အလုပ်ကိုရာ အားထားနီရရေ၊ မိုးရာသီမှာ မိုးရီကြီးလို့ စပါးပျိုးခင်းတိ၊ ပျိုးစိုက်ထားစော်တိ ရီမြုပ်လားရေဆိုကေ အိမ်တိုင်းယာ။ ယင်းလူရို့မှာ စပါးပိုရေလူတိပါးမှာ ချီးငှားပနာ စားရပါရေ။ ဆောင်းရာသီ ဆိုကေ စပါးပင်တိ ရွေဝါရောင် တ၀င်းဝင်းနန့် မှည့်လာဂတ်ယာဆိုကေ ရွာသူ၊ရွာသားတိမှာ ပျော်မဆုံး တပြုံးပြုံးနန့်။ စပါးရိတ်သိမ်းချိန်ဆိုကေ ရိတ်လူကရိတ်၊ သိမ်းရေလူတိကသိမ်းနန့် မြင်ကွင်းတိက လှပနီရေ။ ရိတ်ပြီး စပါးတိကို ‘မအောင်ပုံ’ ရေလို့ခေါ်ရေ။ စပါးလှိုင်းတိကို ပုံဂတ်စော်ပါ။ ပြီးကေ နွားချီးနန့် အချောကိုင်ထားရေ လယ်စွက် အလွတ်တခုမှာ ယင်းစပါးလှိုင်းတိကိုပုံရေ။ ‘တလင်းလှည့်’ ရေလို့ခေါ်ပါရေ။ နွားနှစ်ကောင်ကို ကြိုးနန့်ရှေ့က ကိုင်ဆွဲပြီးကေ နွားနန့် စပါးတိကို တက်နင်းခိုင်းစော်ပါ။ စပါးချွေစော်ပါ၊ ယင်းပိုင်ခါရို့ဆိုကေ ကိုယ့်မှာလှည့်ခါ ရွာဂ လူတိကိုဖိတ်ပြီး ကောက်ညှင်းပေါင်း ကျွေးပါရေ။ လူများမှာ လုပ်ကေလည်း ကိုယ်ရို့ကို ဖိတ်ရေ။ ယင်းစော်uတော့ခါ ရွာတိမှာလုပ်ရေ အလေ့တခုပါ။
ဥမ္မာရို့အစိကေတိကတော့ခါ ကောင်းပျော်ရေ။ စာရွီးယင်းနန့်တောင် ကိုယ့်ဘားကို တခေါက်ပြန်လားပလိုက်ချင်ရေ။ ကောက်ညှင်းပေါင်း စားဖို့ပါ။ စပါးရကေ ဆန်ဖြစ်အောင်ကြိတ်ရပါသိရေ။ စပါးကြိတ်စက် မဟိလို့ ကြိတ်ဆုံနန့်ကြိတ်ကတ်ရပါရေ။ မိုးရာသီစာ အတွက် စပါးကြိတ်ဖို့ကျဂေ ရွာကလူတိစုပနာ စပါးကြိတ်စက် ငှားပြီးဂေ ကြိတ်ကတ်ရပါရေ။ ကြိတ်ပြီးရလာဆန်က ‘လုံးတိ’ လို့ခေါ်ရေ။ ထမင်းချက်လို့ရရေ အဆင့်မဟုတ်ပါသိမ့်။ ဆန်ကို ဖွတ်ရပါသိရေ။ ဖွတ်ရေ ဆိုစော်လည်း ဆန်ဖွတ်စက် မဟိပါ။ ဥမ္မာရို့ ရွာက ရွာသူ၊ရွာသားတိအဖို့ ‘ဆုံ’ နန့်’ကျဉ်ပွေ့’ (ကျမွိ့) ကိုရာသုံးရရေ။ မိသားစုများရေ အိမ်သားတိဆို နိန့်တိုင်းဆန်ဖွတ်ရရေ။ လ,ပ သာရေ ညည့်တိဆိုကေ အိမ်ရှေ့ တခုမှာစုလို့ ဆန်ဖွတ်ကတ်စော်လည်း တောသဘာဝအလျောက် ပျော်ဖို့ကောင်းပါရေ။ အဂုထိဟိနီသိမ့်ရေ တောဓလေ့ တခုပါရာ။ ယေပြီးကေ ရွာသူ၊ရွာသားတိမှာ သောက်ရီ၊ သုံးရီအတွက်လည်း တောင်တတောင်လောက် ကျော်ပနာလားမှ ရောက်ရေ ရီကန် တကန်ရာဟိရေ။ နွီရာသီဆိုကေ ယင်းကန်မှာ ရီကုန်လားခကေ ရွာမှာ ရီကုန်လားစော်အဖြစ်မျိုးလည်းဟိပါရေ။ ယင်းပိုင်ဆိုဂေ ခြီကျင် နာရီပြတ်ကြာရေ ခရီးကိုလားရရေ။
တခြားရွာတိက ရွာလူကြီးကို ပြောပနာ ရီခတ်ဂတ်ရရေ။ အဂုထိ ယင်း ပိုင်ပါသိမ့်။ ရီကန် တကန်တည်းနန့် သုံးနိန်ဂတ်တုန်းပါ။ အစားအစာကတော့ခါ တောသဘာဝ အလျောက် လယ်ထွန်ပြီးကေ ချောင်းချေ၊မြစ်ချေတိမှာ ငါးချေ၊ပုဇွန်ချေ၊ကဏန်းချေတိ ရှာလို့စားဂတ်ရေ။ ပိုက ၊ကွန် ၊ယက်သေ့ရို့ကို အသုံးပြုဂတ်ရေ။ အသီးအရွက်က အိမ်နားမှာ ဘူးစင်၊ ဖရုံစင် ၊ဂြန့်(ဂြင့်)ခါးသီးစင် ၊ သခွားသီးစင် ၊ ခရမ်းခင်း ၊ ငရုပ်ခင်းချေတိ စိုက်ထားဂတ်ရေ။ တောင်မှာ လားပနာရှာရရေ ဟင်းတိလည်းဟိရေ။ ရာသီပေါ် မှို၊ သင်္ဘောညွန့်၊ ကောက်ကောက်ညွန့်၊ ပဒပ်စ်ာဟိသည်ရို့ပါ။ ရွာသူ၊သားတိမှာ တီဗွီ၊ ဗွီဒီယို ဆိုစော်မြင်ဖူးဖို့ဂါး ဝေလာဝီး။ ယကေလေ့ တခါတော့ခါ ကြည့်ဖူးလိုက်ရေ။ “ဘာဘာ”နန့် “ဘဂျီး”မှာ ဗွီဒီယို တလုံးဝယ်လို့ ရွာတိကို လည်ပနာ လိုက်ပြပါရေခါ ရွာနားက ဘောလုံးကွင်းပိုင် ကွင်းပြင်တိမှာ ဖျာနန့်ကာပနာ ရုံသဘောပြပါရေ။ ဥမ္မာ နိန်ရေရွာမှာ ဘောလုံးကွင်းလို့ သတ်သတ်မဟိပါ။ ဥမ္မာရို့အိမ်က ရွာအေဖက်အစမှာ။ ယေပြီးကေ လယ်ကွင်းပြင်တိ။ ယင်းမှာ စပါးသိမ်းပြီးကေ လူငယ်တိ ဘောလုံး ကျောက်ဂတ်တေ။ ဥမ္မာရို့ ယင်းခါက ဗွီဒီယို ကြည့်ဖူးလို့ ကောင်းပျော်ရေ။ မြို့လို့ခေါ်ရေ ကျောက်ဖြူ ၊ အမ်း ၊ တပ်တောင် တောင် မရောက်ဖူးရေ လူတိအဖို့ ရန်ကုန်ဆိုစာ ကြားရာ ကြားဖူးစော်ကို။ ရောက်ဖူးချင်သိမ့်ရေ။ ဗွီဒီယိုမှာ တခါမြင်ဖူးစော်နန့်။ စကေချေကြီးလာခါမှ ရွာနားက ‘စည်တောင်ကလေး’ ဆိုရေရွာမှာ လားကြည့်ရရေ။ ယင်းစော်တောင်မှ နွီရာသီ နန့် ဆောင်းရာသီဆိုကေ လယ်ကွင်းပြင်ကို ဖြတ်လားရရေ။ ၂၅ မိနစ်လောက် လားရခရီးပါ။ မိုးရာသီ ဆိုကေတော့ခါ အလားနည်းဂတ်ရေ။ လယ်ကွင်းတိမှာ စပါးစိုက်ထားရေခါ လားရလာရခက်ခဲရေ။ ယင်းရွာကို ရောက်ဖို့ တောင် ၂တောင်လောက်ကိုကျော်လို့ တောင်လမ်းခရီးက လားရလို့ပါ။
ဘုန်းကြီးကျောင်း မဟိရေ ဥမ္မာရို့ရွာသားတိအဖို့ ရွာနန့်နီးရေ ‘စည်တောင်ကလေး’ နန့် ‘ အမွေပုံ’(အမွီပုံ) ဆိုရေ ရွာတိက ကျောင်းတိကိုလားပနာ အလှူ ဒါနလုပ်ကတ်ရပါရေ။ ရှင်ပြုဖို့ ၊ ဥပုသ် သီတင်းယူဖို့ ဆိုကေလည်း ယင်းရွာတိကိုလားပနာ ကောင်းမှုလုပ်ရပါရေ။ စာသင်ကျောင်းတောင်မှ မဟိရေ ဥမ္မာရို့ရွာမှာ စာသင်ဖို့ ဆရာ ၊ဆရာမ ဆိုစော်လည်း မဟိပါ။ ၀ီးလံခေါင်းပါးရေ နိန်ရာဖြစ်လို့ လာပနာစာသင်ပြပီချင်ရေ ဆရာ၊ ဆရာမဆိုစော် ကောင်းရှားပါရေ။ စာသင်ချင်ရေ အစိကေတိ ရွာကအိမ်တအိမ်မှာ စုပနာစာသင်ခရရေ။ စာလာပြဖို့ ဆရာ ၊ဆရာမတိကို တခြားရွာတိက စပါးပီးလို့၊ ဖေသာပီးလို့ငှါးရရေ။ ယင်းဆရာ၊ ဆရာမက ဥမ္မာရို့ရွာက အိမ်တအိမ်မှာ အိမ်နိန် အိမ်စား စာသင်ပီးပါရေ။ ယင်းပိုင် လာပြရေ ဆရာ ၊ ဆရာမကိုယာ ငှါးလို့ မရဆိုကေ ကောင်းအခက်ကြုံပါရေ။ ဥမ္မာဆိုကေ ယင်းရွာချေမှာ လေးတန်းထိတက်ဖူးခပါရေ။ လေးတန်းလို့ အမည်ခံ စာမေးပွဲ အောင်ခစော်ရာပါ။ ‘ကကြီး၊ခခွေး’ ကိုတောင် စာလုံးပေါင်းမှန်အောင် မရီးတတ်ရေ အဖြစ်တိရာ။ ဥမ္မာကြုံခရပါရေ။ စာလာပြဖို့ ဆရာ ၊ ဆရာမ မဟိလို့ သူငယ်တန်း၊ တစ်တန်း ၊ နှစ်တန်းရို့ကို ရွာက ဆယ်တန်းကို(ခ)နန့် အောင်လူတယောက်ကိုပြခိုင်းရရေ။ ယေပြီးကေ ဥမ္မာလေးတန်းရောက်ခါဆိုကေ ဥမ္မာနန့် နောက်ယောက်ျားချေတယောက်ရာဟိရေ။ သုံးတန်းမှာ ဆိုကေ ဥမ္မာအစ်မ တ၀မ်းကွဲ တယောက်ရာ ဟိပါရေ။ တခြားအတန်းတိက အစိကေတိ အစော်နှယောက်ဟိရေဆိုစော်ကိုတော့ခါ မပြောတတ်ပါယာ။ ကျောင်းစာလို့ သင်ရပါကေလည်း အဖြစ်သဘောရာ။ သုံးတန်းနန့် လေးတန်းကို စာပြဖို့ တခြားရွာက ဆရာတယောက်စော် မိုးရာသီဆိုကေ ၂နာရီလောက် ခရီးကို လာရရေ။ တောင်တထပ်နန့်၊ မိုးရီးကြီးနိန့်တိဆိုကေ ချောင်းချေတိကို ဖြတ်ထိုးထားရေ တံတားအငယ်ချေတိက ရီနက်မြုပ်နီရေ။ ရီတ၀က်စွတ်လို့ရာ လာရရေ။ ယင်းပိုင် ခရီးကို နိန့်တိုင်းလာဖို့ဆိုစာ မလွယ်ကူပါ။
ဥမ္မာရို့စာသင်ရရေ ရက်ဆိုစာ မဟိသလောက်ရာ။ တက်ခါတက်ရလို့ မတက်ရရက်ကပိုများပါရေ။ အစိကေခါဆိုကေ စာမသင်ရဂေကောင်းရေလို့ ထင်ပါရေ၊ မြို့ကို ရောက်ခါမှ အကြောင်းသိပါရေ။ မြို့ကို ရောက်လို့ ကျောင်းတက်ခါ အစော်လောက် အခက်အခဲတိ ဟိရေဆိုအကြောင်းကို နောက်တခေါက်မှ ရွီးပါဖို့။ အဂုတော့ခါ ရွာက စာသင်ကျောင်းမှာ လေးတန်းထိတက်လို့ရရေ။ မူလတန်းကျောင်းဟိရေ။ လေးတန်းအောင်ပြီးကေ ရွာနားက ‘ကျောက်မြောင်း’ လို့ခေါ်ရေ ရွာမှာ လားတက်ရရေ။ လားတက်ရေ အချေတိက ခရီးကြမ်းကို ဖြတ်ပနာလားရစော်ပါ။ မိုးရွာ လီကြီးဆိုကေ သိအတိုင်းပါရာ။ အဂုခါတော့ခါ ဆယ်တန်းထိ တက်လို့ရနီရာ။ ဆယ်တန်း စာမေးပွဲဖြေခါကျဂေ ‘တပ်တောင်’ ကို ဖောင်တင်ပြီးမှ ယင်းကိုလားပနာဖြေရရေ။
ရွာက အစိကေတိမှာ “ရခိုင်ပြည်ကြီးကို အစော်ပိုင် သာယာဖွံ့ဖြိုးလာအောင် လုပ်ရဖို့၊ သိရဖို့” ဆိုရေ အသိချေတိ ဟိဖို့ကို မပြောဂေ့.. အဂုအချိန်ထိတောင် ယင်းရွာမှာနိန်ပနာ ဆယ်တန်းအောင်ရေ အစိကေ တယောက် မဟိပါသိမ့်။ ဆယ်တန်းအောင်ဖို့ဆိုစော်ကလည်း အောင်ဖို့ အရည်အချင်းဟိအောင် အခြေခံဟိမှပါရာ။ လူမှုရေး အသိဆိုစော် အလွန်တရားမှ နည်းပါးဂတ်ပါရေ။ သွန်သင်ဆုံးမဖို့ ဆိုရေလူကြီးတိက အသိဟိကေလည်း တရက်တရက်ကို လယ်လုပ်ယင်းနန့် သူရို့တိ ဘ၀ ရှင်သန်ရပ်တည်ဖို့ ကြိုးစားနီရရေ။ အစိကေခါဆိုကေ စစ်သား၊ ပုလိပ်တိကို မမြင်ဖူးပါ။ ယင်းလူရို့တိ ရွာကိုလာလို့ ဖြစ်ဖြစ် ၊ ရွာကနီပနာ ဖြတ်လားစော် ဖြစ်ဖြစ် အစိကေတိမှာ ကြောက်လို့နီ စရာမဟိ။ ပုန်းနိန်ဂတ်ရရေ။
အဂုခါ အေအကြောင်းအရာချေတိကို အဂုပိုင် ရွီးယင်းနန့် အစိကေခါ ဘ၀အဖြစ်ချေတိကို ကောင်းကောင်းသတိရမိပါရေ။ အေအကြောင်းရာချေတိကို ရွီးဖြစ်ရေ ဆိုစော်က ၀ီးလံခေါင်းပါရေ နိန်ရာမှာ နိန်ရရေ ကျေးလက်တောရွာလူတိ ပညာရေး အခက်အခဲချေတိ ၊ ဗုဒ္ဓ ဘာသင်ဝင်တိပင်ဖြစ်ကေလည်း ဘုန်းကြီးကျောင်း မဟိလို့ လယ်လုပ်ပြီးကေ အသက်မွီး နိန်ထိုင်ဂတ်တေ ရွာသူ၊သားတိ တခြားတရွာကိုလားနာ အလှူအတန်းလုပ်ရရေ အခက်အခဲချေတိ၊ တောနီ သဘာဝချေတိကို သိစီချင်လို့ ရွီးစော်ပါရာ။. ဥမ္မာနီခရေရွာချေက အစိကေတိ ပညာရေး၊ လူမှုရေး အမြင်တိ တိုးတက်အောင် ၊ လူကြီး အတွက် ဘာသာရေး အမြင်တိ ပိုမြင်လာအောင် တဖက်တလမ်းက တတ်နိုင်သလောက် ၀ိုင်းဝန်းကူညီလားပါဖို့။ အားလုံး ကိုယ်စိတ် နှလုံးပြုံးပျော်ဂတ်ပါစီ။
(ကျောက်ဖြူသူချေဘလော့မှ)
အေပိုင် အားလပ်ရက်တိဆိုကေ အိပ်ယာက စကေချေ နောက်ကျမှ ထစော် အကျင့်ပိုင် ဖြစ်နီယာ..အိပ်ယာမှာ အီဆေးငြိမ်လို့ နီနာ ကိုယ့်ပါးက အကြောင်းချေတိကို စဉ်းစားလိုက် ၊ မေမေ ၊ ဘာဘာကိုဆိုလည်း ပိုလို့ သတိရရေ.. ကိုယ့်အိမ်မှာယာ ဆိုဂေ အစာလောက်ကောင်းဖို့လို့ အတွေးတိနက်ပ..ယေပြီးကေ ဘလော့အကြောင်းကို စိတ်က ရောက်လားခရေ..မွီးရပ်မြီကို စဉ်းစားဂေ ဥမ္မာရို့ မြိန်း(မြေး)တိအပေါ်မှာ သံယောဇိုင်ကြီးပြီး စောင့်ရှောက်ပီးခရေ ဖိုးဖိုးကို ကောင်းသတိရမိရေ..တစ်ယောက်ပါးမှာ တစ်ယောက်ထားဟိရေ သံယောဇိုင်ဆိုစော် မိဖနက် သားသမီးတိမှာယာဟိစော်မဟုတ်ပါ..။
ဖိုးဖိုးဂ ဥမ္မာ အဖိုးအရင်းမဟုတ်ပါ..အဖိုးတ၀မ်းကွဲယာ တော်ပါရေ..ဖိုးဖိုး( ဘာဘာ အဖ) ညီတ၀မ်းကွဲပါ.. ယေလည်း ဥမ္မာရို့ မောင်နှမတိ အပေါ်မှာ ထားရေ ဖိုးဖိုး သံယောဇိုင်ကြိုးက အဖိုးအရင်းတိထက် အဆပေါင်းများစွာ ပိုပါသိမ့်ရေ.. ဖိုးဖိုးကို သတိရရေဆို စိတ်တခုနက် အေပိုစ့်ကို ရီးဖို့စော်ပါယာ.. ဖိုးဖိုးဂ အဂုဆိုဂေ အသက် ၇၀ကျော်နီပါယာ..အသက်နန့် အတူ အိုမင်းရေ ဇရာ လက္ခဏာတိလည်း ဖိုးဖိုးပါးမှာ နီရာ ယူနီဂတ်ယာ.. ယေလည်း ဥမ္မာ မွီးရပ်မြေမှာ တကိုယ်တည်း နိန်နီတုန်းသိမ့်ယာ.. အဖော်မဟိ အထီးကျန်နှာ နိန်စာပါ..သံယောဇဉ် ထားရဖို့စော်ကို ကြောက်လို့ မယားတောင် ယူခစော် မဟုတ်ပါ.. တကိုယ်တည်း ဂုထိ လူပျိုကြီး ဘ၀နန့် နိန်နီစော်ပါ..ဘာဘာရို့ ညီအစ်ကို မောင်နှမတိမှာ ဆိုကေ ဘာဘာက ညီအငယ်ဆုံးပါ.. ဘာဘာကို ချစ်လို့ ဘာဘာနိန်ရေ ရွာမှာနီနာ ဥမ္မာရို့ မောင်နှမတိကို ထိန်းကျောင်းလို့ နိန်လာစော်ပါ..။
ဖိုးဖိုးဂ အရပ်ကောင်းရှည်ပါရေ..ရွာကလူတိဂ ဖိုးဖိုး ခတန်ရှည် (အဖိုး ခတန်ရှည်) လို့ ယာခေါ်ဂတ်ပါရေ.. ဥမ္မာရို့ မောင်နှမတိတော့ ဖိုးဖိုး လို့ ယာခေါ်ရေ.. သတိတရနန့် ပြောဖြစ်ဂတ်ရေ ဆိုခါတော့ “ငါရို့ အဖိုး ခတန်ရှည် တစ်ယောက် နီကောင်းလားမသိ ၊ အစာလုပ် နီမသိလို့” ပြောဖြစ်ရေ.. ဥမ္မာရို့ တောမှာ နီခရေ အိမ်နားမှာ ‘အိမ်’ ( အိမ်အခင်းကို သစ်ချေ မဟောက်တဟောက်နက် စီနာ ၊ အုန်းမိုး ၊ ၀ါးဓရံ ကာထားစော် အိမ် )လို့ယာ ခေါ်ဆိုနိုင်သော တဲသာသာချေယာ အိမ် တလုံးဆောက်နာ နီစော်ပါ..ဥမ္မာရို့ မောင်နှမ အငယ်ချေခါ ယေ့အိမ် ထက်မှာယာ ပြီးဂတ်တေ သေးဂတ်တေ ဆိုဂေ အိမ်ဂ လှုပ်တုပ်တုပ် ၊ ယိုင်တိယိုင်တိုင်နက်ပါယာ..ယေ့အိမ်မှာ ဖိုးဖိုးပိုင်ဆိုင်ရေ ပစ္စည်းဆိုဟာလည်း များများစားစား မဟိပါ..ဘုရားစင်ချေတစင် ၊ အိပ်ရေ အိပ်ယာချေ တစ်ယာ ၊ “ဆောင်းဒူ” လို့ခေါ်ရေ သစ်သားနက် လုပ်ထားစာ ဗီဒို( တခုခုကို လားဂေ ဟိရေ ပစ္စည်း အားလုံးကို ထည့်ခနိုင်ရေ ဗီဒို)တလုံး ၊ ချက်စားရေ အိုး (နှစ်လုံး ၊ သုံးလုံးလောက်) ၊ ထမင်း စားဖို့ “ဟင်းစား” (တစ်လုံး ၊ နှစ်လုံး ) ၊ “လောင်ဗွမ်း” (တစ်ချပ် ၊ နှစ်ချပ်) ၊ သောက်ရီ ၊ သုံးရီ အတွက် ရီအိုးခွက် နှစ်လုံးဟိရေ..ရီချိုးစော်ကျဂေ တခုတည်းယာဟိရေ ရီကန်မှာ လားချိုးဂတ်ယေ..။
ဥမ္မာ အငယ်ချေခါဂ အသက်မွီးဝမ်းကြောင်း အတွက် တောင်ချေ ၊ ပုတ်ချေ ၊ ပလုံးချေတိ ယက်လုပ် ရောင်းချနာ နီလာစော်ပါ.. ယေ့တောင်ချေတိ ယက်လုပ်ဖို့ ၀ါးနန့် ကြိမ်ကို အသုံးပြုရရေ..ယက်ပြီးစာ တောင် ၊ ပုတ် ၊ပလုံး တိကို စပါး ၊ ဆန် ၊ ဖေသာတိနန့် ရောင်းရေ.. ဥမ္မာ အငယ်ချေခါဆိုဂေ ယေ့တောင်းတိကို ယက်ဖို့ နီး ထိုးရင်း ဥမ္မာကို လည်း ရင်ခွင်ထဲမှာ ထည့်ထားရေ.. ဥမ္မာရို့ မောင်နှမတိမှာ ဥမ္မာဂ အကြီးဆုံးဖြစ်လို့ ဖိုးဖိုး ထိန်းကျောင်းလို့ ဖိုးဖိုး လက်မှာ ကြီးလာရေ ဆိုကေ ပိုမှန်ပါရေ.. မေမေ ၊ ဘာဘာရို့မှာ လယ်အလုပ်လုပ်ဂတ်ရေ လူတိဖြစ်လို့ သုံးရာသီလုံး အားရေလို့ ကို မဟိနိုင်ပါ..ဖိုးဖိုးဂ တကိုယ်တည်းဖြစ်ရေ တွယ်တာစရာ မဟိရေ လူဆိုခါ အားးနိန်ရေ ဆိုဂေ တခြားရွာတိကို လားနာ “ဖဲဂဇတ်” ရေ.. အရက်သောက်စော်ကိုတော့ ကောင်းကြိုက်ပုံ မရ.. “ဖဲဂဇတ်” စော်ဂတော့ ကောင်းကောင်းကြိုက်ပုံရပါရေ.. အားတိုင်းကို ရွာဇိုင် လျောက်လို့ ရထားရေ ဖေသာချေတိနန့် “ဖဲဂဇတ်” ဖို့လားရေ.. ဥမ္မာရို့ မောင်နှမတိ မွီးပြီးခါမှ စကေလျော့လားခရေ..။
ယေပြီးဂေ ရွာတိဓလေ့အလျောက် အသားဆိုရေ “ကြက်သား ၊ ၀က်သား ၊ အမဲသား” ရို့ဂ တစ်ခါ စားရဖို့ ကောင်းကောင်း ခက်ခဲပါရေ.. ရွာဇိုင်လျှောက်လို့ လားနီရေ ဖိုးဖိုးဂ ဥမ္မာရို့ မောင်နှမ အတွက် ၀ယ်လာနာ ချက်ကျွေးတတ်ရေ.. ဖိုးဖိုးဂ ယင်းပိုင် “ဖဲဂဇတ်” အလုပ်ကို မေမေဂ မကြိုက်လို့ တခါတလီဆိုဂေ ဥမ္မာရို့ ကို မရွက်ရ.. အိမ်နားကိုပင် မလာရခါတိဟိရေ.. အစေ့ကေတိကို အငယ်ချေခါဂပင် အကျင့်ဆိုးတိ ကူးဖို့ ကြောက်လို့ပါ.. ယေ့ပိုင် အခါရို့မှာ ဆိုဂေ ဖိုးဖိုးလည်း တရက်လောက်တော့ မလာပဲ နီရေ .. ယေလည်း နောက်တရက်ဆိုဂေ ဖိုးဖိုးဂ မေမေ အစာအချိန်ကို လယ်ပြင်ကို လားဖို့ယောင်လို့ ချောင်းနီယာ .. မေမေ လယ်ပြင်လားဂေ ဥမ္မာကို ပုခက်ထဲမှာ ထည့်နာ သိပ်ပိုက်ခရေ..တအောင့်ကြာလို့ ငိုသံကြားရေ ဆိုဂေ လာယာ .. ဥမ္မာရို့ အိမ်ကို..ယေပြီးဂေ ဥမ္မာကို တရက်လုံးစီ ထိန်းလို့နီနိန်ခစော်ပါ..ယေ့ပိုင်း မေမေနန့် ဖိုးဖိုးဂ စကားများနီကျ..ဖိုးဖိုးဂလည်း အေတသက်လည်း ဥမ္မာရို့ အိမ်နားကို မလာ ဆိုနာပ. . ဖိုးဖိုးဂ ရွာဂ လူတိယာ ယင်းပိုင်းပြောဖို့ ဆိုဂေ နောက်ခါ စကားပြောလီဖို့ကို မပြောဂေ့..လှည့်လို့ပင်ကြည့်လီဖို့စော် မဟုတ်ယာ..ဖိုးဖိုးနီရေ ခြံထဲမှာ ချဉ်ဘောင်ခင်း ၊ ပဲသီးစင် ၊ ပိန်းခင်းနန့် တခြား အပင်တိစိုက်လို့ဟိရေ .. ယေ့အပင်တိကိုယာ ဖိုးဖိုး မဟိခါ ရွာဂလူတိဂ ခူးရေ ၊ ဆွတ်ရေ ဆိုစာကို ဟိဖို့ဆိုဂေ တစ်ရွာလုံးကို “လဂျေ” ခေါ်တောင်းစာမျိုးပါ.. ယေ့ဟာကို ကြောက်လို့ ရွာဂ လူတိမှာ စားစရာ မဟိ ၊ ဖိုးဖိုးခြံဂစာကို လိုချင်ရေ ဆိုဂေ ဖိုးဖိုးဟိခါ တောင်းရရေ..ယေလို့ ဖိုးဖိုးကို ရွာဂ လူတိဂ “လူဂွစာ” လိုယာ သတ်မှတ်ဂတ်ပါရေ..။
ရွာဂ လူတိဂ ဖိုးဖိုးကို “လူဂွစာ” လို့ သတ်မှတ်ဂေလည်း ဥမ္မာရို့ မောင်နှဖို့တော့ ကျေးဇူးရှင်ပါ.. ဖိုးဖိုးမှာ တခါတလီ ထမင်းစား နီရင်းနန့်လည်း ဥမ္မာရို့ မောင်နှမ နှစ်ယောက်ကို ထိန်းရခါတိဟိရေ.. ယေ့ခါရို့ဆိုဂေ ဥမ္မာဂ ငြိမ်လို့နီဂေလည်း ဥမ္မာမောင်ဂ အငြိမ်မနီ..ထမင်းစားရေ ခုံထက်မှာယာနီရေ.. ယင်းသူကို ထမင်းလည်း ခွံ့ရသိမ့်ရေ .. မခြီဂေ ခုံထက်မှာ ဟိရေ ဟင်းစားတိကို ကျောက်ချသိမ့်ရေ.. ဟင်းတိမှောက်ကျ ၊ စားနီရေ ဟင်းခွက်တိ ကွဲကျနန့် .. ယေဂေတောင်မှ ရီနာယာ နီယေ ဖိုးဖိုးပါ..အဂုခါရို့ ယေ့အကြောင်းတိကို လူတယောက် ဖိုးဖိုးပါးကို အလည်ရောက်လို့ ပြန်ပြောရဖို့ ဆိုဂေ တပြုံးပြုံးနန့် ‘မောင်ကြီး အငယ်ချေခါ မယ်သေပိုင် ၊ ပုချေ အငယ်ချေခါ မယ်ဝါပိုင်’ ဆိုနာ ပြောလို့ကို မဆုံးနိုင်ပါ.. ဥမ္မာ မောင်အငယ်ဆုံးဖြစ်ရေ “သားသား (ညီပုချေ ဖိုးဖိုးခေါ်စော်)” ကိုကျ ဖိုးဖိုး ကောင်းမထိန်းခရပါ..။
ဥမ္မာရို့ မြို့ကို ပြောင်းဖို့ကျခါ မြို့ကို မလိုက်ချင်ဆိုနာ ငိုချင်ချင် မျက်နှာနက် ကျန်ခရေ ဖိုးဖိုး.. အဂုပိုင်း စာရီနီရင်းနန့်တောင် ဖိုးဖိုးကို ဥမ္မာကောင်းကောင်း သတိရမိပါရေ.. ဥမ္မာရို့မြို့ကို ရောက်ပြီး ဖိုးဖိုး တယောက် အရူးတပိုင်းပိုင် နိန်မပျော်ရေ အဖြစ်ချေတိကို ကြားရပါရေ..” ရွာဂ လူတိဂ ဖြစ်ဖြစ် ဖိုးဖိုး စားပစီလို့ အသားချေဘာချေ (၀က်သား။ ကြက်သား) လားပီးဂေ ၊ ရွာတရွာ လားလို့ ရခဂေ “ငါတစ်ယောက်တည်း မစားဝံ့ ၊ ငါ့ မြိန်းချေတိ မဟိဘဲနက်” ဆိုနာ ငိုရေဆိုစာတိ.. မျက်ရည် တစီစီကျလို့ပါ..ခြံထဲက ငှက်ပျောသီးပင် တခိုင်မှည့် ပစီ ငှက်ပျောသီးခိုင်း၊ ပိန်းခင်းဂ ပိန်းဥတိ ၊ ဇီးသီးမှည့်ချိန် ၊ သစ်ခွပွင့်ချိန် ဆိုဂေ မိုးလင်းဂပင် လားနာ ကောက်ရရေ ဇီးသီး ၊ သစ်ခွပွင့်တိကို အခြောက်လှမ်းလို့ ဇီးသီးခြောက် ၊ သစ်ခွပွင့် ခြောက်တိကို ဥမ္မာရို့ မောင်နှမစားဖို့ မြို့ကို အရောက်ထည့်ပီးပါရေ.. မြို့ကိုယာ တခါလာဖို့ဆိုဂေလည်း ကန်ဂေါ်မကန်ပါ စားစရာတိ ရှာလို့ယူလာစာပါ.. ဥမ္မာရို့ မောင်နှမတိ စားဂတ်ရေဆိုစော်ကို မြင်ဂေပင် ဖိုးဖိုးမှာ ပျော်လို့ မဆုံးပါ..ယေလည်း မြို့ကို တခေါက်ရောက်ဖို့ ခက်ခဲရေ.. ဥမ္မာရို့ မောင်နှမတိ နွီရာသီ ကျောင်းပိတ်လို့ ပြန်လားဂေလည်း ဖိုးဖိုးမှာ ပျော်လို့ မဆုံးပါ..ဖိုးဖိုးပါးမှာယာ စားလို့ နိန်စီချင်ရေ.. ဥမ္မာရို့ မောင်နှမတိဂလည်း “ဘဂျီး” (ဘာဘာ အစ်ကို အကြီးဆုံး) ယင်းအိမ်မှာယာ နိန်ဂတ်ဆိုဂေ ဖိုးဖိုးဂ ကောင်းသဘော မကျချင်ပါ..။
ဥမ္မာ မောင်ချေ နှစ်ယောက်ကို ရှင်ပြုခါဆိုဂေ တောမှာယာ အမျိုးများရေ ဥမ္မာရို့အဖို့ တောဂ လူတိကို “ဘုတ်” နှစ်စီးနန့် ရှင်ပြုပွဲ အမှီရောက်အောင်လာဖို့ စီစဉ်ထားရေ..ယေခါရေ “ငါ့မြိန်းတိကို ရှင်ပြုဖို့စော် ငါလားရဖို့ဆိုနာ” မြို့ကို ယူလာရေ စားစရာတိ တပုံနန့် ဖိုးဖိုး တယောက် ဒုက္ခရောက်နီခပါသိမ့်ရေ.. ဘုတ်တစီးကို မေမေရို့ မိဖ ၊ ညီအစ်ကို မောင်နှမနန့် ဆွေမျိုးမိတ်ဆွေတိ အားလုံးလိုက်လို့ရအောင်ဆို ရွာနားဂရွာတိဂ လူတိလည်း အဆင်ပြေအောင်ဆိုနာ ဆိပ်ကမ်းတခုမှာ ကပ်ထားရေ.. နောက်တစီးကို ကျဂေ ဘာဘာရို့ မိဖ ၊ ညီအစ်ကို မောင်နှမနန့် ဆွေမျိုးမိတ်ဆွေတိ အားလုံးလိုက်လို့ရအောင်ဆိုနာ ရွာနားဂရွာတိဂ လူတိလည်း အဆင်ပြေအောင်ဆိုနာ ဆိပ်ကမ်းတခုမှာ ကပ်ထားရေ..ဆိပ်ကမ်းတစ်ခုနန့် တစ်ခု ခြီကျင် ၂ နာရီခွဲလောက် လျောက်ရပါရေ..ဘုတ်ထွက်ဖို့ အချိန်တိဂ အတူတူပါယာ..”ဖျား” အတက်အကျနက်ကို စောင့်နာ ထွက်လာဖို့စော်ပါ.. ညစာဖက် ၉ နာရီနက် ၁၀နာရီကြားကို အရောက်လို့ ပြောထားစော်ပါ..ယေ့စော်ကို မေမေရို့ ရွာဖက်ဂ ဆိပ်ကမ်းကို ညနိန်ဇောင် ၅ နာရီလောက်ဂပင် ရောက်နီပါရေ.. စောင့်ပိုက်စာ အချိန်ကြာလာလို့လည်း လူတယောက်လည်း မတွေ့ဆိုခါ ဖိုးဖိုးဂ “အေဆိပ်ဂ ဘုတ်ထွက်လားယာ ငါ့ကို မခေါ်ခ ၊ နောက်တဆိပ်ဂ ဘုတ်ကို မှီအောင်လိုက်ရဖို့” ဆိုနာ များပြားရေ စားစရာတိကို လှမ်းမှာ တွေ့ရေ တုတ်တချောင်းကို “ဆိုင်းထမ်း” ပိုင်လုပ်နာ ထမ်းလို့လာပါ..။
အကြာကြီးလာပြီးလို့ အေဖက်ကို ဆိပ်ကမ်းကို ရောက်ခါ စောင့်နိန်ပါယာ .. ယေကေတောင် အေဖက်ဆိပ်ဂ လိုက်ဂဖို့ လူတိ အရိပ်အယောင်ကို မမြင်ရဆိုခါ “ဘုတ်နှစ်စီးစလုံး ငါ့ကို မစောင့်ခဂတ် ၊ တသက်မှာ ငါ့မြိန်းတိ ရှင်ပြုစော်တောင် ငါ မလားနိုင် ၊ မရောက် ” ဆိုနာ အထုပ်တိကို ဘေးမှာ ပုံနာ ငိုယာငိုနီလီယာ .. ဆိပ်ကို အရင်ဆင်းလားရေ ရွာသား တချို့က တွေ့လို့ “အဖိုး အစာဖြစ်လို့ ငိုနီပါရောင်” ဆိုခါမှ အဖြစ်စုံကို သိရပါရေ..။
အဂုဆိုဂေ ဖိုးဖိုး အသက်လည်းကြီးပါလာယာ..ရွာမှာ ဆိုကေ တယောက်တည်း နီစော်ဖြစ်လို့ အစားအသောက် ဆင်းရဲလို့ မြို့မှာလာနီပါ ဆိုကေလည်း တောမှာ တသက်လုံး အနိန်ကျလာလို့ မြို့မှာ လာနာ မနိန်နိုင်ပါ..မြို့ကို အလည်လာတောင် တပတ် ယေလောက်ယာ နိန်ပါရေ.. ဥမ္မာရို့ မောင်နှမတိလည်း အိမ်နက် အ၀ီးရောက်နီဂတ်လို့လည်း ပါပါရေ..အသက်ကြီးလားရေ ဖိုးဖိုး စားရေး အတွက်ကတော့ ဘာဘာဂ ဖြည့်စီးပီးထားရေ.. မေမေတောကို တခေါက်လားခီရေ .. ဖိုးဖိုး အရင်း(ဘာဘာ အဖ) မှာ ကထိန်ခင်းလို့ .. ယေ့မှာ ဖိုးဖိုးကို တွေ့ဂေ ဥမ္မာတတ်နိုင်လောက် ကန်တော့ဖို့ ဖေသာပို့ပီးလိုက်ရေ .. မေမေဂ ဖိုးဖိုးကို ပီးပြီးဂေ အမျိုးတိဂ ဖိုးဖိုးကို မီးဂတ်ပါရေ..” အဖိုးမှာ အဖိုးချစ်ရေ မြိန်းမပါးဂ ဖေသာတိရကေ အစာလုပ်ဖို့ ပါယောင်လို့ ?” “အစာလုပ်ဖို့ယောင် ငါဂေါ် အသက်ကြီးနီရာ” ဆိုနာ ယေ့ဖေသာတိနက် ၊ မေမေပီးပိုက်ခရေ ဥမ္မာ နန့် မောင်ရေ ဓါတ်ပုံကို အိတ်ထည့်မှာ ထည့်နာ လားနီပါရေ..။
မေမေဂ ဖိုးဖိုးကို မြိန်းတိနန့် လူမတွေ့ရလည်း ဖုန်းတာဘဲ ပြောရပစီဆိုနာ မြို့ကိုခေါ်လို့ မြို့ကို တခေါက်ရောက်လာပါသိမ့်ရေ .. ဖိုးဖိုး ရောက်နိန်ခါဂ ဖိုးဖိုးကို နိန့်တိုင်း ဖုန်းဆက်ပါရေ.. ဖိုးဖိုးဂ ကောင်းကောင်းပျော်ပုံရပါရေ.. ဥမ္မာရို့ မောင်နှမ ဖုန်းဆက်ဖို့ ဆိုနာ အခါတိုင်း မြို့ကို လာပိုင် တခြား အမျိုးအိမ်ကိုလည်း မလားဘဲနက် ဖုန်းနားမှာယာ စောင့်နီပါရေ..ဖုန်းသံ ကြားဂေ ဥမ္မာရို့းပါးဂ ဖုန်းလို့ ထင်လို့ ထမင်းစားနီဂေတောင် ဆက်မစား စောင့်နီယာပါ..မေမေပြောလို့ ဥမ္မာစိတ်မကောင်းဖြစ်မိရေ..ဖိုးဖိုးပြန်လားခါ ဖိုးဖိုးဖို့ ကန်တော့ရေ ဖေသာ နန့် စားစရာတိ ၀ယ်ထည့်ပီးလိုက်ရေ.. ဖိုးဖိုးနန့် မတွေ့စော် နှစ်တိကြာလားခပါယာ .. ပဇောင်ပိုင်ပင် ၀ီးနီပစီ ဖိုးဖိုးကို ဥမ္မာတတ်နိုင်ရေ နီးလမ်းဂ ဖိုးဖိုး တခါပြန်နာ ကျေးဇူးသိတတ်လားပါဖို့..။
ဥမ္မာရို့ မောင်နှမတိ အပေါ်မှာ သံယောဇဉ်ထားရေ ဖိုးဖိုး ၊ စားစရာချေပင် တခုရပစီ တစ်ယောက်တည်း မစားဘဲနန့် ဥမ္မာရို့ မောင်နှမနန့် အတူတူစားယာ စားရေ ဖိုးဖိုး ၊ ဥမ္မာရို့ မောင်နှမ အစေ့ကေချေခါပင် ထိန်းကျောင်းလာရေ ဖိုးဖိုး.. ဥမ္မာ ဖိုးဖိုး ကို သတိရလို့ အေပိုစ့်ချေကို ရီးစာဖြစ်လို့ ဖတ်ပီးဂတ်ရေ လူတိကို ကောင်းကျေးဇူးတင်ပါရေ..ကျန်းမာချမ်းသာ ဂတ်ပါစီ..။
(ကျောက်ဖြူသူချေဘလော့မှ)
အားလုံးမင်္ဂလာပါ..ဘလော့ကို ရောက်ဖြစ်ပါယေ..အသူရို့တိ လာရောက် လည်ပတ်ကယောင်လို့ ကြည့်ဖြစ်စော်က လွဲကေ ဘလော့ကို ရီးဖို့ မဖြစ်..:D ရီးချင်စော်တိကတော့ အများကြီး ခေါင်းထဲမှာစီလို့ စိုင်းစားထားဟိရေ..မရီးဖြစ်စော်က အလုပ်များလို့တော့ မဟောက်ပါ.. ယောင်တောင်တောင်နက် တခုလည်း မယ်မယ်ရရမလုပ်ဖြစ်.. တစ်ရက်ပြီကေ တစ်ရက် ရက်တိကနီ လကိုတောင် ကူးလားခယာ. ဒေနိန့်ခါတော့ မမဥမ္မာ တစ်ယောက် ဘလော့ရီးဖြစ်အောင် ရီးဖို့ဆိုနာ စတင်ရီးပါဖို့ယာ..။
တစ်နှစ်သော နွေရာသီ အခါသမယ ဥမ္မာတစ်ယောက် လေးတန်း စာမေးပွဲပြီးလို့ ငါးတန်းကို တက်ဖို့ စောင့်နီရေ အချိန် နွေနိန့်ရက်တစ်ရက်..နွီရာသီ သဘာဝ ပူပြင်းယေ နီရောင်ခြည်အောက်က တခြားရာသီတိမှာ စစိမ်းစစိုမြင်ရယေ သစ်ပင်တိ ဥမ္မာရို့ အိမ်နားမှာ ဟိရေ ၀ါးပုတ်တိ၊ ဘူးစင် ၊ သခွားသီစင် ၊ ခရမ်းခင်း ၊ ငရုပ်ခင်းတိ သဘာဝ ရှုခင်းတိက ခြောက်သွေ့နီကတ်ယေ.. နောက်ဖက် လယ်ကွင်းပြင်တခုလုံးလည်း ဆောင်းရာသီခါက ရွေဝါရောင် တ၀င်းဝင်းနက်ဟိခယေ စပါးပင်တ အစား ခရိုးခုံအုတ် (စပါးပင်တိ ရိပ်သိမ်းပြီးကေ ကျန်ခရေ စပါးပင်အငုတ်)တိ ဟိုမှာတစ ဒေမှာ တစနက် မြီကြီးတိအက်ကွဲလို့.. ပူပြင်းရေ နီရောင်ခြည်က တရှိန်းရှိန်းတောက်လို့.. ဥမ္မာရို့ အိမ်က အနောက်ဖက်ကို မျော်ကြည့်ကေ ဖိုးချိုဦးတောင်လို့ ခေါ်ရေ တောင်ကုန်းပေါ်က အရိုးပြိုင်းပြိုင်းနက် ဖြစ်ဟိနီရေ သစ်ပင်ထက်တိက ဥသြငှက်တိ ကျူးရင့်သံက နားထဲမှာ လွမ်းမောဖို့ ကောင်းနီပါရေ..ယင်းသဘာဝ အငွေ့တိကို စွန့်ခွါလို့ ဥမ္မာရို့ မိသားစု တောရွာချေက မြို့ကျောက်ဖြူကို ပြောင်းလာဖို့ မဟာစီမံကိန်းစတင်လာယာ.. ။
ပြောင်းဖြစ်ရေ အကြောင်း အရင်ကတော့ မေမေဘာဘာရို့ တောရွာမှာနီ တောသူတောင်သားတိဆိုကေလည်း သူရို့ သားသမီးချေတိကို ပညာတတ် ဖြစ်စီချင်ရေ ဆန္ဒက သူရို့ရင်ထဲမှာ အပြည့်ဟိရေ..မေမေဘာဘာရို့ နားလည်နီဂတ်တေ.. အေရွာချေမှာနီနာ လယ်ယာအလုပ်ကိုရာ တသက်လုံး အသက်မွီးဝမ်းကြောင်း ပြုနီဖို့ဆိုစော်မဖြစ်နိုင်. သားသမီးတိ ပညာရေးကို ကြည့်ရဖို့..ဥမ္မာရို့ မောင်နှမတိကို ပညာတတ်ကြီးတိယာဖြစ်ချင်ရေ မေမေဘာဘာ .. ကကြီးခခွေး အေဘီစီဒီလောက်ယာ ဖတ်တတ် ရီးတတ်ရုံနက် ပညာရေးဆုံးခန်းတိုင်လားဖို့ ဆိုစော်ကို လက်မခံနိုင်..သူရို့နားလည်နီရေ..အေပိုင် ၀ီးလံခေါင်းပါးရေ နိန်ယာဒေသ တခုမှာ တသက်လုံး နီလို့ သားသမီးတိ သူရို့ မျော်လင့်ရေ ပညာတတ်တိဖြစ်လာဖို့ မဟောက်ဆိုနာ.. ကျောက်ဖြူမြို့ ကိုပြောင်းဖြစ်ကတ်ရေ..။
ဥမ္မာအစေ့ကေခါက နီမကောင်းလို့ ဘာဘာနက် ဆီခန်းပြဖို့ တစ်ခေါက်ယာ ရောက်ဖူးရေ.. ပြောင်းဖြစ်ရေနိန့်ကို ဥမ္မာသတိရနီပါသီရေ.. ဥမ္မာရို့ တောကနီနာ မြို့ကို လားဖို့ဆိုကေ ဘုတ်နက် ၅နာရီလောက် စီးမှရောက်ရေ..သင်္ဘောနက် လားလို့တော့ ရောက်ယေ..တစ်ပတ်ကို တစ်ခေါက်ယာ သင်္ဘောတက်ရေ..ဆိပ်ကမ်းက နီပြီးကေ ဥမ္မာရို့ ရွာကို တစ်နာရီခွဲလောက် ခြီကျင်းလာရသိမ့်ရေ..ယေလို့ လူတိက လိုင်းဘုတ် ၊ ရီးခဲဘုတ်တိ(တစ်ပတ်မှာ တစ်ခါ ၊ နှစ်ခါဟိရေ) နက်ယာ မြို့ကို လားဂတ်ရယေ..ဘုတ်ကို ပစ္စည်းတိကို သယ်ချနီကတ်ယာ.. ဥမ္မာလည်း နိုင်လောက် ကူပီရယေ..အားလုံးပြီးစီယာဆိုခါ ဘာဘာ ဘုတ်ကို ကမ်းက ခွာဖို့ ဘုတ်က လူတိကို ကမ်းမှာ ကပ်ထားရေခါ ချိုင်ထားစော်ကြိုးတိကို ဖြုတ်ခိုင်းယေ.. ဘုတ်ကလည်း ကမ်းက ခွာဖို့ယာဆိုခါ ရင်ထဲမှာ အစော်ပိုင် ခံစားရမှန်းကို မသိ..အေမြီအေဒေသမှာ နီသားတကျ နီလာရေ နှစ်ပေါင်းတိက မနည်း..တရက်မဟောက် နှစ်ပေါင်း အချိန်ကြာ အတူတူနီခယေ ဥမ္မာနက် ခင်ကတ်တေ သူငယ်ချင်းမချေတိ(ဥမ္မာကို ခင်ဥမ္မာလို့ခေါ်ကတ်ရေ ယင်းမှာနီခါက)၊ ဥမ္မာ အစ်မ ၀မ်းကွဲတိ ၊ ဖိုးဖိုး ခတန်ရှည် တယောက်တည်း ကျန်ခရဖို့..ဥမ္မာရို့ နီခရေ သစ်ခင်း ၊ ပြိုင်ကာ ၊ အုန်းမိုးထားရေ နီသူမဟိ သခင်မဟိ အိမ်အိုချေ..။
ယေ့ရွာချေမှာယာ နီချင်ရေ.အေပိုင် နွီရာသီဆိုကေ တောင်ကို ပဓါတ်ဇာပွင့် ၊ သင်္ဘောညွန့် ၊ ကောက်ကောက်ချေညွန့် ဆိတ်ဖို့လားလူတိ ၊ ထင်းခွီးဖို့လားလူတိနက် လိုက်ပါးလားရစော်တိ ၊ မိုးရာသီဆိုကေလည်း မိုးရီးချိုးရင်း လယ်ကွင်းပြင်မှာ တောင်ခရုရှာဖို့လားရစော် ၊ ဥမ္မာရို့ အခေါ် မဟင်းခူးဖို့လားရစော် ၊ ကျဖုတ် (ကျုတ်)တောကို ဆင်းလို့ ပုဇွန်စေ့ကေ ၊ ငါးစေ့ကေရှာရစော်တိ အများကြီးယာ.. မိုးရီကြီးလို့ ရွာနားထိ ရောက်အောင် ရီမြှပ်ရေခါရို့ဆိုကေလည်း တခြားရွာတိကို စားစရာချေတိ လှောင်းချေနက် လားလို့ ၀ယ်ရခါ ဟိရေ..တခါတလီ စည်တောင်းကလေးဆိုရေ ရွာကို ဘာဘာက စားစရာ ၀ယ်ဖို့ လှောင်းနက်လားရယေခါ ဥမ္မာရို့ မောင်နှမကိုလည်း ခေါ်လားတတ်တေ. ယင်းခါ အစေ့ကေ သဘာဝ ရီပေါ်မှာ စီစီရီရီနက် ပွင့်လန်းနီဂတ်ရေ ကြာပန်းတိကို လှောင်းထက်က မမှီတမှီနက် ခူးရစော်က အရသာ တခု.စိုင်းစားကေ ပုံရိပ်တိက မကြာသိမ့်ခင်ကပိုင်ယာကော.. ။
ယင်းပိုင်လားရင်း တခါသား ဘာဘာက ဥမ္မာကို စနာပြောယေ..ဥမ္မာရို့ ရွာနားရောက်ခါနီး ဥမ္မာရို့ အိမ်ကတောင် လှမ်းမြင်သာလောက်ယေ နီရာမှာ “ကျအင်းချေ”လို့ခေါ်ရေ အင်းချေတခုဟိလီရေ..ယင်းအင်းချေက ဒေပိုင် မိုးရီကြီးရေ ဆိုကေ ၀ါးတလုံးလောက် အနက်ဟိယေ..နွီရာသီ စကုန် နီပူခါလောက်မှ ရီခမ်းရေ.ယင်းနီရာ ရောက်ခါ ဘာဘာက ဥမ္မာကို စနာပြောစော်..ဘာဘာက ဥမ္မာကို ခေါ်ကေ ‘ပုချေ’ ’သမီး’ လို့ယာခေါ်ယေ.”ပုချေ ဒေအင်းကို ခုန်ဆင်းဝံ့ဖို့လား ခုန်ဆင်းဝံ့ကေ အိမ်ကို ရောက်ခါ ကြက်အသည်း (ဟိုဖက်ရွာကို လားနာ ကြက်ဝယ်လို့ ပြန်လာဂတ်စော်..အေလောက် မိုးရီးကြီး အချိန်မှာ ကြက်တစ်ကောင် ရဖို့ဆိုစော် လွယ်စော် မဟောက်..)ကို ကျွေးဖို့ဆိုယာ” .. အမှန်မှာတော့ ဘာဘာက ဥမ္မာ မလုပ်ဝံ့စော်ကို သိလို့ စပြောလိုက်စော်ယာ.ဥမ္မာက ရီလည်း မကူးတတ်စော်ကို သိလို့..ခုန်းဆင်ဝံ့လောက် သတ္တိလည်း ဥမ္မာ မဟိစော်ကိုသိလို့ ပြောစော်..ယေမှာ ဥမ္မာ တစ်ယောက် ကြက်အသည်းစားရဖို့ စိတ်တစ်ခုယာ ဟိရေ..ရီထဲကို ခုန်ဆင်းကေ မြှပ်ဖို့ဆိုစော်ကို ယောင်လို့ တောင် တချက်ချေ မစိုင်းစားခ.ဗြုန်းခနဲဆို ခုန်ဆင်းပိုက်ယာ.ယေမှာ ရီကော မကူးတတ်ရေ ဥမ္မာ ရီမြှပ်ယာပ..ဘာဘာမှာလည်း စလို့ ပြောစော်ကို အဂေါင်းခုန်းဆင်းယေ ဥမ္မာကို တားချိန်မရ .. ရီထဲကို ဗြုန်းဆို ခုန်ဆင်းနာ အချိန်မှီ ကယ်ရယာမနားရေ.. ဥမ္မာခမာလည်း မသီကောင်း မပျောက်ကောင်း အသက် သီသီချေယာ ရလိုက်တေ :D..မဟုတ်ကေ ဒေအကြောင်းအရာတိကို ဂုပိုင်း ရီးလို့ ဟိဖို့မဟောက်ယာ.. အင်း.ပြောချင်စော် လိုရင်းနက် ကောင်းဝီးလားယာ..။
ဆောင်းရာသီ စပါး စမှဲ့ချိန်ဆိုကေလည်း စပါးမှဲ့ ရိတ်သိမ်းဖို့ အချိန်မတန်သီရေ စပါးကို ရိတ်ပြီးကေ ခြီ နက် နင်းရယေ..စပါးခြွေစော်ပ.. ယေပြီးကေ ယင်းစပါးကို လှော်တံချေ တခုခုနက် လှော်လို့ ရနိုင်ရေ အပေါက်တခုပါ အိုးမှာ ထည့်နာလှော်ရယေ..ပြီးကေ ဆုံမှာ ထည့်ထောင်း..ပြီးကေ စံကော် နက်ထည့်နာ ပြာရယေ..ပြီးကေတော့ ဥမ္မာပြောရေ “မုန့်သန်း” ဆိုစော်ကို ရယေ..အေအတိုင်းလည်း စားလို့ရယေ..အုန်းသီး ၊ သကြားနက်လည်း လူးပြီးကေ စားလို့ရပါ.. ဒေပိုင်ဒေပိုင် အောက့်မွိန့်ဖို့ကောင်းစော်ချေတိကို မြို့ကိုရောက်ကေ မဟိယာ ၊ မလားရ ၊ မလာရ၊မလုပ်ရနိုင်ယာ.. မြို့ဆိုစော် အစော်ပိုင်းမှန်းတောင် ကောင်းကောင်း မသိရေ ဥမ္မာအဖို့ ယေလောက်လည်း လားချင်စိတ်ဟိစော် မဟုတ်.. ယင်းစော်ယင်းစော် အားလုံးတိကို အဂယောင်း ထားပိုက်ခလို့ လားရဖို့ဆိုခါ ရင်ထဲမှာ မချိတင်ကဲ ၀မ်းနည်းမိပါယေ..ခွဲခွာလို့ မလားချင်..။
ဖြစ်ချင်ခါ ဥမ္မာတစ်ယောက်ဝမ်းနည်းရေ စိတ်ကို အကြာကြီး ၀မ်းမနည်းနီနိုင်.. တအောင့်ချေယာ ခံလိုက်ရေ.. ဘုတ်က စက်စလို့ နိုးရေဆိုစော်နက် ဘုတ်က ရီထဲမှာ လူးလွန့်လာရေ.. ဥမ္မာက ဘုတ်စီးရဖို့ကို ဂဂေါင်းကြောက်တေလူ..ဘုတ်စီးကေ လှိုင်းမူးတတ်လို့..ကိုယ့်ဘုတ်နက် လားစော်ဖြစ်လို့ အိပ်ဖို့ နီယာ ရှာနာ အိပ်ဖို့ယာ အရင် စဉ်းစားရရေ..ဘုတ်ထက်ကို ရောက်ခါကပင် မူးချင်နီရေ ဥမ္မာ အိပ်လို့ လှမ်းတလျောက်လုံးကို လိုက်ပါလားရရေ..လိုင်းတမူးမူး နက်ပါလာစော် ၄နာရီကျော် ဘုတ်စီးလာပြီးခါ ကျောက်ဖြူမြို့ကို မရောက်ခင် ကျောက်ဖြူမြစ်ကို အရင်ဖြတ်ရယေ.. ရေနိန်ရာက နီနာ ကျောက်ဖြူမြို့ကို လှမ်းမြင်နီရယာ..အုန်းပင်တိ စိမ်းစိမ်းစိုစိုနက် ကမ်းစပ်က ဘုတ်တိ ၊ လှောင်တိ ၊ နွားကာရီတိကို ၀ိုးတ၀ါးဝါးတော့ မြင်လာရယာ.. ယေကေလည်း ဆိပ်ကမ်းကို ဆိပ်ရောက်ဖို့ ဆိုကေ တစ်နာရီ နီပါး မောင်းရသီရေ..နိန့်ခင်းဖက် ၂နာရီကျော်ချိန်က စပြီးကေ ယေ့နိန်ယာမှာ လိုင်းကြီးရေ.လိုင်းမူးတတ်လူဆိုကေ မမူးလူလို့ကို မဟိ.. မသောက်ဘဲနက်ကို မူးရဖို့လို့ အာမခံရေ နီရာမျိုး..ယေ့လောက်ထိကို လိုင်းကြီးရေ.. ဥမ္မာကတော့ ပြောဖို့တောင် မလိုမူးစော်မှာ..လူမသိ သူမသိ.လူရုပ်သူရုပ် မပေါက်နက်.. ကျောက်ဖြူဆိပ်ကမ်းကို ရောက်လာယေ..ဥမ္မာကတော့ ဥမ္မာကို ဘုတ်ထက်က နီနာ နွားကာရီထက်ကို အသူက ရွက်နာချလို့ ချမှန်းတောင် မသိ..ကျောက်ဖြူဆိပ်မှာ ဘုတ်ကနီးနာ ကမ်းကို ရောက်ဖို့ ကုတို့ နှစ်မျိုးဟိရေ..တစ်မျိုးက ဖျားတက်နီအချိန်ဆိုကေ လှောင်းနက် တစ်ခါဆင်း ..နွားကာရီက ယေလောက် ရီအနက်ကြီးကို လာလို့မရ..ယေ့ခါကြကေ လှောင်းနက် တစ်ခါဆင်းပြီးမှ ကမ်းစပ်ကိုရောက်စော်..ယင်းပိုင်းနက် နိန်ရာ အသစ် ၊ နီအိမ် အသစ် ၊ ဥမ္မာ ဘ၀မှာ အခင်ဆုံး ၊ အကောင်းဆုံး သူငယ်ချင်းချေတစ်ယောက်နက် တွိ့ဖို့ဖြစ်ခ နိန်ယာကို ရောက်ခရေ နွီရက် ချေတစ်ရက်ပ..ပြန်စိုင်းစားကေ နှစ်တိကြာလာခယာလို့တောင် မထင်မိပါသိမ့်..ရင်မှာ တမ်းတမ်းတတ သတိရနီတုန်းသိမ့်ပါ..။
(ကျောက်ဖြူသူချေဘလော့မှ)
ဥမ္မာဘလော့ကို လာရောက်လည်ပတ်ကတ်တေ မိတ်ဆွေတိကို အရင်ဆုံး အားလုံး မင်္ဂလာပါလို့ နူတ်ဆက်ပါရေ.ဖတ်ခဖူးရေ forward mail တခုကို အခြေခံပြီးကေ" မျော်လင့်ချက်ဆိုစော်ရေ ဘ၀တွန်းအားတခု " ဆိုစော် ပို့ချေကို ဥမ္မာစိတ်ကူး အမြင်တိနဲ့ ထပ်ဖြည့်ပြီးကေ ရီးလားပါဖို့..။
သက်ရှိအရာဝတ္ထုဖြစ်စီ၊ သက်မဲ့အရာဝတ္ထုဖြစ်စီ တွန်းအားမဟိဘဲ ရွေ့လျားနီရေ အရာတစ်ခုခုကို မိတ်ဆွေရို့ မြင်ဖူးပါလား။ ဥမ္မာကတော့ တစ်ခါလည်း မမြင်ဖူးပါ။ အရာရာတိုင်း ရွေ့လျားမှုတိစော် နောက်ကွယ်က တွန်းအားတစ်မျိုးမျိုးကြောင့်လို့ ဥမ္မာ ယုံကြည်ပါရေ။ သစ်ရွက်ချေတစ်ရွက် ရွေ့လျားနီစာကိုရာ ဥပမာ ထားနာကြည့်ပါ။ လေပြေလေညင်းတိ တိုက်ခတ်တွန်းထိုးမှုကြောင့်ဆိုစော်ကို သိနိုင်ပါရေ။ ရေပိုင်မဟုတ်ကေတောင် တခြားအကြောင်းတစ်ခုခု၊ တွန်းအားတစ်ခုခုကြောင့် ဆိုစော် မလွဲနိုင်ပါ.။
ဒေပိုင်ဆိုကေ ဥမ္မာရို့ နိစိုင် လှုပ်ရှားနီကတ်စော်တိက အစော်တိအပေါ်မှာ အခြေခံလဲ?? ဥမ္မာရို့ ရှေ့ဆက် အသက်ရှင်ရေးအတွက် တွန်းအားတစ်စုံတစ်ရာဟိပါလား??။ ဟိပါရေ ဆိုရေအဖြေစော် ဂဂေါင်း မှန်ကန်ရေ အဖြေဆိုစာ မိတ်ဆွေရို့ လက်ခံနိုင်လီဖို့လို့ ထင်ပါရေ။ ရေကေ တွန်းအားဆိုစော်က အစော်ကိုပြောစော်လဲ ။ အဖြေအမျိုးမျိုးပီးကတ်ဖို့လို့ ထင်ပါရေ။ ဥမ္မာကတော့ မျှော်လင့်ချက်စော် ဘ၀ရဲ့တွန်းအားတခုလို့ ပြောချင်ပါရေ. ။ မျော်လင့်ချက်တခုတည်း ဟိရုံနက် ဘ၀ရပ်တည် ရှင်သန်မှုက လုံလောက်လား ဆိုစော်လည်း မီးစရာတိဖြစ်လာရေ..။
မျော်လင့်ချက် တခုအပေါ်မှာ ထားဟိရဖို့ ယုံကြည်မှုဆိုစော်လည်း လိုအပ်ပါရေ..
မျော်လင့်ချက်နက် ဥမ္မာရို့ အသက်ဆက် ရှင်သန်နီရေဆိုကေ ဥမ္မာရို့ အစော်တိကို မျော်လင့်နီကတ်လဲ ? လက်ဟိ အနိန်အထားတခုထက်ကောင်းရေ နိန်ရာတခု အနိန်အထားတခု၊ ကိုယ်ဖြစ်ချင်ရေ အခြေအနေ တခုခုဆိုကေ မှားဖို့လို့ မထင်ပါ..ရေကေလည်း တခါတလီမှာ ကိုယ်မျော်လင့်နီရေ အရာတခု ၊ ဖြစ်ချင်နီရေ အရာတခုက လူများအဖို့ မှားချင်ကေ မှားနီဖို့ ။ ကိုယ့်အဖို့ကတော့ ဒေမျော်လင့်ချက်ချေနက်ပင် အိမ်မက်တိ မက်လို့ကောင်းတုန်း။ စိတ်ကူးတိက ရှင်သန်နီတုန်း..တောရွာနီ တောင်သူလယ်သမားတိ အဖို့ မိုးကျကေ လယ်လုပ်ဖို့ မိုးရာသီကို မျော်ပိုင် ၊ ရောင်နီသန်းလာကေ လယ်ထွန်းဖို့ လယ်တောကို ဆင်းဖို့ပြင်နီပိုင် ၊ ဆေင်းရာသီမှာ ရွှေဝါရောင် တ၀င်းဝင်းနဲ့ စပါးပင်တိကို မျော်ပိုင်း ၊ နွီဦးပေါက်မှာ စပါးတိကို ရောင်းချခါ ဇီးကောင်းရဖို့ကို မျော်လင့်ရေပိုင် မျော်လင့်ချက်တိနက် လူတိုင်း၏ ရင်ထဲမှာ ဘ၀စော် လှပနီကတ်ပါရေ..။
ကျောင်းသားတစ်ယောက် အဖို့ စားမေးပွဲအောင်ရဖို့ အမှတ်ကောင်းရဖို့ ၊ အလုပ်သမား တယောက်အဖို့ ကိုယ်နဲ အဆင်ပြေရေ အလုပ်ကောင်း တနိရာရဖို့ ၊ စီးပွားရေ လုပ်ငန်းရှင် တယောက် အဖို့ တစ်နှစ်တာမှာ အမြတ်ရကေ လုပ်ငန်းကို ပစောင်ပိုင်း တိုးချဲ့လုပ်ကိုင်ဖို့ အများကြီးဟိကတ်ပါဖို့ရာ..မျော်လင့်ချက်ဆိုစော်ရေ လူတိုင်းက အကောင်းကိုရာ မျော်လင့်ကတ်တေ..အဆိုးကို ကြိုပြီကေ မျော်လင့်ရေလူကောင်းနည်းပါရေ..လောကကြီးမှာ ချမ်းသာစော်နဲ ဆင်းရဲစော် နှစ်မျိုးရာ ဟိရေ..လူတိုင်က ချမ်းသာဖို့ကိုရာ မျော်လင့်ကတ်တေ..ဆင်းရဲဖို့ကို မမျော်လင့်ကတ်.မျော်လင့်ထားရေပိုင် ချမ်းသာမှုတိဂျေးရာ လူတိုင် ကြုံနီဖို့ဆိုကေ အစော်မှာ စိတ်ဆင်းရဲမှုတိ၊ စိတ်အဆင်မပြေဖြစ်စော်တိဆိုစော် ဟိဖို့လဲ ?? အစော်ပိုင်ပင် ဖြစ်ဖြစ် လောကကြီးမှာ ဖြစ်လာရေ အရာအားလုံးကို လက်ခံနိုင်အောင် ကြိုးစာရဖို့စော်ရာ.ကိုယ်မျော်လင့်ပိုင်း ဖြစ်မလာလို့ရာ လောကကြီးကို အရှုံးပီ လက်မြောက်လို့ ထိုင်ငိုင်နီဖို့ဆိုကေ..ဘ၀မှာ မျော်လင့်ချက်ဆိုစော်ရေ ဟိနီဖို့လည်း မလိုရာပိုင် ဘ၀ဆိုစော်ကို ပိုင်ဆိုင်နီရလို့လည်း ယေ့လူအဖို့ လူပိုတယောက်ပိုင်ဖြစ်နီလီဖို့ရာ...။
ဒေနိရာမှာ တခုတော့ ပြောချင်ပါရေ..အစော်လောက်ပင် ကိုယ့်မျော်လင့်ချက်တိနဲ ဘ၀ကို လှပအောင် တည်ဆောက်ဖို့ ကြိုးစားနီပစီ အဂေါင်းဖြစ်လာအောင် လုပ်ဖို့ကြကေ ယင်းအပေါ်မှာ ထားဟိရေ ယုံကြည်ချက် (စိတ်) ကလည်း ပိုအရေးကြီးပါသိမ့်ရေ.. ကိုယ်ဖြစ်ချင်စိတ်(မျော်လင့်ချက်) အပေါ်မှာ ဖြစ်အောင်ကို လုပ်ရဖို့ဆိုရေ( ယုံကြည်စိတ်နဲ)ရာ ဘ၀တခုကို တည်ဆောက်ဖို့ဆိုကေ ကိုယ်မျော်လင့်ရေ ကိုယ်ဖြစ်ချင်ရေ အခြေအနေ၊ နိရာတခုရဖို့ဆိုစော် ခက်ခဲဖို့ မဟုတ်.. ယေကေလည်း ကိုယ်မျော်လင့်ရေ အရာက ကိုယ်မျော်လင့်ရေ အရာက ကောင်းကင်နက် မြီကြီးပိုင်း ကွာဝီးနီလို့တော့ အစော်ဖြစ်ဖို့ရောင်..အရာအားလုံးမှာ အကျိုးနဲ့ အကြောင်းဟိနီပြီသားရာ.. ကိုယ်မျော်လင့်ရေ အရာတခုက ကိုယ့်နက် သဟဇာတ ဖြစ်နီဖို့လည်း လိုအပ်တေ.ကိုယ်မျော်လင့်ရေ ပန်းတိုင်က ကိုယ်နဲ လက်လှမ်းတမှီဖြစ်နီဖို့ ပိုလို့အရေးကြီးပါရေ..ကိုယ်နဲ လက်လှမ်းမမှီရာကို လှမ်းဖို့ဆိုကေ ပင်ပန်းရကျိုး မနပ်တေအပြင် တဖြည်းဖြည်းနဲ မျော်လင့်ချက်ဆိုစော် ပျောက်ပြီးကေ ကိုယ့်ကိုကိုယ် အသုံးမကျရေ လူတယောက်ပိုင်းခံစားလာရဖို့..ကိုယ်လုပ်နီစော်က ကွန်ပျူတာနဲ သက်ဆိုင်စော် အလုပ် ကိုယ်ဖြစ်ချင်နီစော်က ဆရာဝန်အလုပ်ဆိုလို့ ဖြစ်နိုင်ပါဖို့လား?? ဖြစ်ကောင်းဖြစ်လာဖို့ပ..ရေကေလည်း ဆရာဝန်ကောင်းတစ်ယောက် ဖြစ်လာဖို့ အတွက် သူနဲ သက်ဆိုင်ရေ ပညာရပ်တိကို သင်ယူဖို့ အချိန်ပီးရဖို့ ။ လေ့လာသင်ယူမှုတိ လုပ်ရဖို့သိမ့်လေ.ဒေပိုင်ဆိုကေ ဆရာဝန်ကောင်း တစ်ယောက်ဖြစ်ဖို့ထက် ကိုယ်လုပ်နီရေ ကွန်ပျူတာ ပညာရပ်ကိုရာ ထူးချွန်အောင်လုပ်ဖို့ဆိုကေ တော်ရေတတ်တေ ကွန်ပျုတာ ပညာရှင်တစ်ယေက် မဖြစ်လာနိုင်စ၇ာ အကြောင်းမဟိပါ..။
မျော်လင့်ရေဆိုစော်ရေ စိတ်ကူးသက်သက်ရာ ဖြစ်လို့ ကိုယ်မျော်လင့်ချင်ပိုင် ဖြစ်တေဆိုကေလည်း ကိုယ်နက် အလှမ်းဂဂေါင်းကွာနီလို့ မဖြစ်နိုင်ပါ..မဖြစ်နိုင်လာခါ ကိုယ်တိုင် စိတ်ဓါတ်ကျစော်မျိုးတိ ယေအပေါ်မှာထားရေ ဖြစ်ကိုဖြစ်ရဖို့(ယုံကြည်ရေစိတ်)တိစော် အလိုလို ပျောက်လာဖို့..ရေလို့ ကိုယ်နဲ လက်လှမ်းမှီရေ ပန်းတိုင်ကို အရင်ရအောင် ကြိုးပမ်း အားထုတ်ရပါဖို့။ ပြီးမှ တဆင့်ပြီးကေ တဆင့်တက် ကြိုးစားသင့်ပါရေ..ကိုယ်ဖြစ်ချင်ရေ မျော်လင့်ချက် တခုအပေါ်မှာ အချိန်ဆိုစော်လည်း အေ၇းကြီးပါရေ..အချိန်သတ်မှတ်ချက်တခု ရေရေရာရာ မဟိဘဲနက် မျော်လင့်နီရေ ဆိုစော်ကတော့ လီထဲမှာ တိုက်ဆောက်နီစော်နဲ အတူတူရာ ဖြစ်နီဖို့..မျော်လင့်ရုံရာ ဟိလီဖို့..ရှေ့ဆက်ဖို့ ဘ၀အတွက် ရောင်ခြည်တခုတော့ မဖြစ်လာနိုင်ပါ..ရေလို့ ကိုယ့်မျော်လင့်ချက် အပေါ်မှာ အချိန်ကို ကောင်း၂ အသုံးချတတ်ဖို့ ၊ ဖြစ်ကိုဖြစ်ရဖို့ဆိုရေ ယုံကြည်စိတ်တိနဲရာ ဘ၀ကို လက်တွေ့ကျကျ ကြိုးပမ်းလားဖို့ဆိုကေ ဘ၀မှာ ကိုယ်မျော်လင့်ရေ ဘ၀ရောင်ခြည်က အမြဲတမ်း ထွန်းလင်းတောက်ပနီဖို့လို့ မျော်လင့်ယင်း.
(ကျောက်ဖြူသူချေဘလော့မှ)
ခရစ်စမတ် ခရစ်စမတ်နဲ့ နားထဲမှာ ကြားနီရရေ..ခရစ်စမတ်ဆိုရေ အချိန်အခါကျရောက်ဖို့နီလာရာဖြစ်
လို့ ပတ်ဝန်းကျင်နီနားမှာ ဟိရေလူတိ ပြောနီကတ်တေ စကားသံတိပါ..လားဖြစ်တေ နိန်ရာတိုင်းက မြင်ကွင်းတိထဲမှာလည်း ခရစ်စမတ်သစ်ပင်တိ ၊ အလှအပ တန်ဆာဆင်ထားရေ မီးပန်းမီးဆိုင်တိက ထထိန်ထိန်နဲ့ လှပတင့်တယ်ပနာ နီရာယူနီကတ်တေ..တစ်နှစ်ထက်တစ်ပိုလှပအောင် ပြင်ဆင်ထားရေ မြင်ကွင်းတိက မျက်စိထဲမှာ ရိုးလို့ မလား..သူရို့နယ်မြေဒေသကို လူတိ က ပြုပြင်အလှပတိနက် တန်ဆာဆင်ထားကတ်တေ.. ယေကေလည်း ရင်ထဲမှာ နှစ်နှစ်ကာကာ တမ်းတအောက့်မိန့်စော်က မွီးဌာနီ တောရွာချေနဲ့ ကျောက်ဖြူမြို့ကိုပါ.. နှစ်တစ်နှစ်တာ ကုန်ဆုံးချိန်ဖြစ်တေ ဒေဒီဇင်ဘာလမှာ နှင်းတိတဖွေဖွေကျလို့ စိမ်းလန်းစိုပြေနီရေ တောင်တန်းကြီးတိ သဘာဝအလှ မြင်ကွင်းတိကိုရာ အောက့်မိန့်ပါရေ..တောမှာဆိုကေ စပါးရိတ်သိမ်းပြီးချိန်ဖြစ်နီရာ ဟိဖို့.. ကိုယ့်ရပ်ကိုယ့်မြီနက် ၀ီးနီစော်ကြာလို့ သီချင်း စာသားတိကပိုင်း တမ်းတမှန်းဆလို့ရာ ဖြစ်နီယာ။
အငယ်ချေခါဘ၀တိကိုလည်း အောက့်မိန့်ရေ..ဇီးသီးကောက်ဖို့ လားဖို့လိုလို့ စောစောစီးစီးကပင် အိပ်ရာက ထရေ.. ရာသီဥတုကလည်း ချမ်းစော်မှာ မပြောကေ့ဖိ.. တောင်တိကြားထဲမှာ ဟိရေ ရွာချေဖြစ်လို့ အအီးဒဏ်ကို ပိုခံရရေ..မြို့ပေါ်လူကုံတန်ရို့ ဂွမ်းစောင်ကြီးတိထဲမှာ ဇိမ်ခံလို့ ကောင်းနီတုန်းဟိဖို့.. တောရွာနီရေ တောင်သူ လယ်သမားတိအဖို့ အချမ်းဒဏ်ကို မသိချင်ယင်ဆောင်ပနာ လယ်တောဆင်းနီကတ်ရရေ အချိန်ပ..သတိရမိန့်ပါရေ..အချေခါဘ၀တိကိုလည်း..စလုံးလို့ လူတိခေါ်ကတ်တေ စင်္ကပူမှာတော့ ယင်းပိုင်း သဘာဝ ဆောင်းရာသီ အအီးဓါတ်ဆိုစော မဟိ.. နှင်းတိဝေေ၀ဆာဆာကျနီရေ နံနက်ခင်း အလှအပ တရားဆိုစော် မဟိပါ.. လူတိ ဖန်းတီထားရေ အလှအပတိကတော့ တစ်နိန်ရာနဲ့ တစ်နိန် မတူရလီအောင် မြင်ကွင်းတိက ဆန်းပြားနီရေ.. စလုံးက လူတိက နှစ်တစ်နှစ်ကုန်ဆုံးချိန် ဒီဇင်ဘာကို မျော်လင့်ကတ်တေ.. အလုပ်လုပ်နိန်ရေ အလုပ်သမားတိ အဖို့ ဒေလမှာ ခရစ်စမတ်ရုံးပိတ်နဲ့ ရေက်ရှည်ခွင့်ယူပြီးကေ အနားယူလို့ရစော်ရို့ (ဥမ္မာရို့ပိုင် အဖရခိုင်ပြည်ကြီးနဲ့ ခွဲခွာပြီးကေ လာအလုပ်လုပ်နိန်ရေ အလုပ်သမားတိအဖို့လည်း ကိုယ့်ပြည်ကို ခွင့်ရက်ယူပြီးကေ ပြန်နိုင်ရေ။
ဂုလောလောဆယ် မပြန်ဖြစ်စော်ကတော့ မမဥမ္မာဖြစ်နီေ၇..)၊ Bonus လို့ခေါ်ရေ နှစ်တစ်နှစ်ကုန်လို့ အပိုဆုအဖြစ် အလုပ်ရှင်တိက အလုပ်သမားတိကို ပီးစော်ရို့ ၊ အ၀တ်အထည် အသုံးအဆောင် အစဟိသဖြင့် ပစ္စည်းတိကိုလည်း ချိုသာရေ ဈေးနူန်းတိနဲ့ ရစော်မျိုးရို့တိပ...နှစ်ဟောင်းကစော်တိကို နှစ်သစ်ကို မကူးခင် ဈေးနူန်းလျော့ချ စနစ်ဖြင့်ရောင်းပိုက်စော်တိပါ..စလုံးကလူတိကတော့ ကောင်းပျော်ကတ်ပုံရရေ.. ဥမ္မာကတော့ ရင်ထဲမှာ တသသနဲ့ ရိုးမတောင်တန်းတစ်ဖက်က ကိုယ့်ပြည်ကိုရာ အောက်မိန့်ပါရေ..ခရစ်မမတ်လို့ ထူး၂ခြားပွဲကျင်းပရေ ပွဲမဟိကေလည်း လူကလုပ်စရာ မလိုဘဲလှပနီရေ သဘာဝအလှအပတိက ရင်ထဲမှာ တမ်းတမ်းတတ နီရယူထားပါရေ.. အခွင့်ရကေ ခွင့်ယူပြီးကေ ကိုယ့်ပြည်ကို ပြန်ချင်ပါရေ.. ခွင့်ယူလို့ မရ အဆင်မပြေပါ..သူငယ်ချင်းတိနဲ့ ချိန်ထားရေ ကံကော်တော ဘုရားကို ဖူးဖို့လားဖို့.. မိုးသောက်ဖက် ၅နာရီခွဲလောက်က အိပ်ရာက ထ..ချမ်းကလည်း ချမ်းနဲ့.. နှင်းတိကျနီလို့ ဟိုဖက်အိမ်နဲ့ ဒေဖက်အိမ်ကို ဖောက်လို့ မမြင်ရနိုင်.. ၆နာရီလောက်ဆိုကေ ဥမ္မာရို့ အိမ်မှာ လူစု..ပြီးကေ စက်ဘီး ကိုယ်စီးနက် ဘုရားကို လားဖို့ ချီတက်ကတ်ရာ..ဒေပိုင်း မိုးသောက်ဖက် စော၂စီးလားမှ အပြန်ခရီးက နီကောင်းမပူခင် အိမ်ကို ပြန်ရောက်ပါဖို့..ဥမ္မာရို့ အိမ်ဖက်က စလို့းလားကေ ကုမဏီဈေးလို့ခေါ်ရေ ဇေတီယျရွာကို ဖြတ်လို့လားရရေ..ပွိုင့်ဖက်ကိုလည်းဖြတ်လို့လားရရေ..ယင်းလမ်းတစ်လျောက်မှာ နှင်းတိကကျနီလို့ တစ်ယောက်နဲ့ တစ်ယောက် အပါးချေမှ မြင်ရရေ..အချမ်းဒဏ်ကတော့ သက်သာရေ..စက်ဘီးနင်းနီရလို့.. ၀မ်းဆာလူတိက ယင်းမှာ မုန့်တီဝင်ဝယ်စားကတ်တေ။
ပြီးကေ ဆက်လားကေ ကျောက်တစ်လုံး ဘုရား.. ယင်းမှာတော့ ခရီးတစ်ထောက်နားရရေ..ဥမ္မာရို့ အိမ်က ကံကော်တော ဘုရားကို စက်ဘီးနဲ့လားကေ တစ်နာရီခွဲလောက် လားပါရရေ...ယင်းပိုင်နဲ့ ကံကော်တော ဘုရားကို မရောက်ခင် ဂုံးချိန်ရွာက ဈေးမှာ ဘုရားမှာ ကပ်လူုဖို့ ဘုရားပန်းတိ ဆင်းဝယ်ကတ်တေ.. ဘုရားရှိခိုးပြီးကေ စားဖို့ ကောက်ညှင်းထုပ်ရို့ ပဲတောင့်ရှည်ပြုတ်စားရို့ ၀ယ်လားကတ်တေ.. ဘုရားကို နှင်းတောတိကြားက ၀ိုးတိုးဝါးတားလှမ်းမြင်နီရရေ..ယင်းအနားမှာ စက်ဘီးနဲ့ဆိုကေ စကေချေ အားစိုက်ပနာ နင်းရရေ..ကုန်းစကေချေ မြှင့်လို့.. ဘုရားကို ရောက်ကေ ဘုရားပန်းတိ ကပ်လူု..အလုငွေတိဘာတိထည့်.. ပုတီးစိပ်လူက စိပ်.. ပတ်ဝန်းကျင်တစ်ခုလုံးကို သန့်ရှင်းရေလုပ်လူက လုပ်နဲ့..ပြီးကေ စကားစမြည်ပြော.. ဓါတ်ပုံရိုက်..ပါလာရေ မုန့်တိကို စားကတ်နက်.. ကောင်းပျော်ဖို့ ကောင်းပါရေ.. အပြန်လမ်းမှာလည်း အစာပုတ်တေ ဥမ္မာရို့ အဖွဲ့က ဂုံးချိန်မှာ ဆီထမင်းနက် ငါးခြောက်ဖုတ်၊ လဖက်ရည်သောက်လူက သောက်၊ မုန့်တီစားလူကစား၊ အကြော်စုံစားလူက စား.. ပြီးကေ အိမ်ရောက်ကေ စားဖို့ ယင်းအနားမှာ ရောင်းရေ ဇီးသီးရို့ကို တနိုင်ဝယ်လာကတ်သိမ့်ရေ။
ကျောက်တစ်လုံးရောက်ကေ ဘုရားဝင်ဖူးကတ်သိမ့်ရေ..ယင်းနိရာမှာကတော့ အုန်းသီအရည်သောက်ရောင်းရေ..ဥမ္မာရို့အုပ်စုကတော့ နိုင်လောက်ဝယ်လာကတ်သိမ့်ရေ.. အိမ်ကိုေ၇ာက်ကေ နီလည်းကောင်းမပူသိမ့်ရေ အချိန်ရောက်လို့ ကွက်တိရာ..ယင်းပိုင်းနိ့တိကတော့ ဥမ္မာရို့အိမ်က ဒိုင်ခံ.. ထမင်းချက်ကျွေးရသီရေ.. တစ်ရက်လုံးပိုင်း ဥမ္မာရို့ အိမ်မှာ ချက်ပြုတ်စားသောက် စကားတပြောပြောနဲ့.. ညစာတိုင်းမှာ ကိုယ့်အိမ်ကို ပြန်ကတ်တေ..ယင်းပိုင်း ပပျော်ပပါးရက်တိကို အောက်မိန့်ရေ.. နောက်အားလပ်တေ ရက်တိဆိုကေ အုပ်စုတိ ဖွဲ့ပနာ ထမင်းချက်စားဖို့ လားကတ်သီရေ.. ကားစီလုံးငှါး၊ကားထက်မှာ ဆောင်းဘောက်စ်တိ ဖွင့်၊ ချက်ပြုတ်ဖို့ အိုးခွက်တိတင်ပနာ တပျော်တပါး လားကတ်စော်လည်း ဒေလ ဒေရာသီမှာရာ မဟုတ်ပါလား..ကျောင်းသူ၊ ကျောင်းသားတိ အဖို့ ဒီဇင်ဘာကျောင်းပိတ်ရက်ရှည်ကလည်း ဒေလမှာရာဆိုခါ သူရို့တိအဖို့လည်း အပျော်ဆုံး အချိန်မဟုတ်ပါလား.. ဇာတ်ပွဲ သဘင်တိကလည်း ဘုရားကြီးတောင်မှာ ကလိုက် ၊ဘောလုံးကွင်းမှာ ကလိုက်နဲ့.. ဥမ္မာရို့ အုပ်စုကတော့ ပွဲကြည့်ဖို့ လားစော်ထက် ပွဲဈေးတန်းလျောက် မုန့်စား..ပြီးကေ ပြန်လာကတ်တေ.. လရောင် ထိန်ထိန်နက် အီးချမ်းနီရေ ညအလင်းရောင်အောက်မှာ ဥမ္မာရို့ သူငယ်ချင်းတိ အုပ်စု အိမ်ဖက်ကို ခြီကျင်ပြန်လျောက်လာကတ်တေ.. စက်ဘီးယူလားကေ ကောင်းအလုပ်ရှုပ်လို့..ဆောင်းရာသီမှာ ဒေလကို အနှစ်သက်ဆုံးပါ..ဆောင်းရာသီနဲ့ အတူပျော်ပွဲရွင်ပွဲများ၊ သူငယ်ချင်းတိ အားလုံးကို ဥမ္မာဒေနိန်ရာက ကကောင်းသတိရ အောက့်မိန့်ပါကြောင်း ရင်ထဲက တမ်းတယင်း။
(ကျောက်ဖြူသူချေဘလော့မှ)
၈.၈.၀၈ အေနိစွာ Singapore နိုင်ငံ၏ အမျိုးသားနိတနိပါ
လွတ်လပ်တေတိုင်းပြည်တပြည်
လွတ်လပ်တေလူမျိုးတမျိုး၏
အမျိုးသားနိဆိုစွာ ဘလောက်ထိတတ်မက်စရာကောင်းလေဆိုစွာ
အယင်က မသိဖူး မမြင်ဖူး မရင်းနှီးဖူးခရ
သူရို.တိ၏ ပျော်ပွဲ ရွှင်ပွဲတိနန်.
သူရို.တိ၏ ပျော်ပါးလွတ်လပ်မူတိကြားထဲမှာ ငါ….
ဒေနိအဖို.တော့ ငါ တို့ဆီးအခတ်ခံထားလိုက်ရဗျာလ်။
အုပ်စုလိုက် အုပ်စုလိုက် လီကြောင်းချီတိုက်ခိုက်ရေး အနှေးပျံ
နိုင်ငံတော်အလံချီ ရဟတ်ယာဉ်ပျံ အုပ်စုတိ၏ ချီတက်အလေးပြုမူ
လီထီးခုန်သမားတိ၏ ရောင်စုံလီထီတိက လီထဲမှာ လွင့်မျှောလို.။
ဘင်ခရာတီးသံမှုတ်သံတိက တချက်တချက်စီ ကျယ်လာလိုက်ပျောက်လားလိုက်နန်.။
အများပြည်သူရို. အပန်းဖြီအနားယူတတ်တေနိရာတိုင်းမှာ
အများပြည်သူရို. စုရုံးပွဲသဘင်ဆင်နွဲနီကျနီိရာတိုင်းမှာ
သံစုံတီးဝိုင်တိ၏
သတ္တုချင်းရုန်းပွတ်သံ Electronicsပြုဂီတသံတိကြားထဲမှာ
လူကြီး၊ လူငယ်၊ ယောက်င်္ကျား၊ မိန်းမ၊ ပြည်သူအားလုံး လွတ်လပ်မူ၏မှော်ကိုဝင်းစားလို.
အရောင်တိ…. အရောင်တိ….
ယင်အရောင်းတိအားလုံးကြားထဲမှာ အလှုပ်ရွက်ဆုံးအရောင်နှစ်ရောင်
အဖြူ နန်. အနီ
အဖြူတိ…. အဖြူတိ…
အနီတိ…. အနီတိ….
အဖြူ အနီ နှစ်ရောင်စပ် အင်္ကျီကို လူတိုင်လိုလိုဝတ်လို.
တနိုင်ငံလုံး အိမ်တိုင်းအဆောက်အအုံတိုင်း လမ်းတိုင်း
အဖြူနန်. အနီနှစ်ရောင်းစပ်ချယ်ထားရေ အလံတိက တရွရွလုပ်လို.
စိတ်ထဲမှာ….
ကျွန်တော့်စိတ်ထဲမှာ ဒေအရောင်နှစ်ရောင်နန်. ကကေါင်းရင်းနီးဖူးရေ
ပြီးကေ ယင်းအဖြူ အနီ နှစ်ရောင်စပ် အင်္ကျီတိကိုလေ့ အခါခါဝတ်ဆင်ဖူးရေ
ဒေအဖြူ အနီနှစ်ရောင်စပ် အလံမျိုးနန်.လေ့ ဂကောင်းရင်းနီးဖူးရေ
စိတ်ထဲ့မှာပျော်လာရေပိုင်တွိလို့ယင်းလူအုပ်ကြီးတိကြားထဲ့မှာ
ရောယောင်းဗျာလ် ပျော်ပါးဖို. ကြိုးစားကြည့်နိမိရေ ကျွန်တော်
တထပ်တည်းမကျနိုင်ရေခံစားမူနန်. ရင်းထဲ့မှာ ဆို.နစ်ဝမ်းနည်းလာရေခံစားမူတိက
နာကျင်စီခစွာရာ အဖတ်တင်မူတိနန်.ကျွန်တော်….
အရှိအာသျှ၏ ပညာဥာဏ်အမြော်အမြင်အကြီးမားဆုံးသူရဲကောင်း
”လီကွမ်ယု”
လေးစားအပ်ပါသော…. လေးစားရပါသော….
တိုင်းပြည်တည်ထောင်သူ
ပထမဆုံးမြို.ပြနိုင်ငံတခု၏ မဟာအထင်ကရ
ပထမဆုံး စင်္ကာပူရ၏ဖခင်
”လီကွမ်ယု” အကြောင်းခေါင်းထဲဝင်လာစွာနန်.
”မာရယု” အကြာင်းကိုလားပနာသတိရမိရေ
သူကလေ့ရက္ခုပူရ၏မဟာ့မဟာသူရဲကောင်း
ရက္ခိရို.၏ ပထမဆုံးသောမဟာသမ္မတ
ဓညဝတီမြို.ပြနိုင်ငံကိုတည်ထောင်သူ
ရက္ခိတရို.၏ ဖခင်
လွတ်လပ်သော…. လွတ်လပ်သော…. လွတ်လပ်သော….
ရင်ထဲမှာ…. ရင်ထဲမှာ…. လိုအပ်နီသော၊ လိုက်ဟာနီသော
စိတ်ကူးတိ လွင့်လိုက်မျှောလိုက် နန့်ရင်ထဲမှာမွန်းကျပ်တေ
ကောင်းပွင့်လင်းရေလူမျိုးတမျိုး
အကွေ.အကောက်မာယာကင်းရေ လူမျိုးတမျိုး
ကလိမ်ကမာ မာယာမဟှိရေလူမျိုးတမျိုး
အပျော်အပါးကိုမက်မောခင်တွယ်ရေ လူမျိုးတမျိုး
ကောင်းလလွတ်လလပ်နီလိုစိတ်ဟှိရေလူမျိုးတမျိုး
သူရို.အတွက်…. သူရို.အတွက်…. အလိုအပ်ဆုံးစွာဇာလေ?
အား….ရင်ထဲဆဆို့နနင့်နန်.
တက်သီးတချက်ရာခတ်ခေါက်ပစ်လိုက်လို့ မိုးရာပြိုလားဖို့ဆိုကေ
ချက်ချင်း ငါ အခါတသောင်းလောက်ခတ်ခေါက်ပစ်ချင်ရေ
ဒေလူမျိုးအတွက် ဒေပိုင်တိုင်းပြည်
တိုင်းပြည်… တိုင်းပြည်….တိုင်းပြည်….
တိုင်းပြည်၊ နိုင်ငံ၊ မိုးတိမ်၊ ပေါက်၊ ကျီး
မိုးသားတိမ်တိုက်တိ လွင့်ပါးပျောက်ကွယ်လားဖို့နိတနိကို
”မာရယု” Please….၊ Pl….
အိုချစ်စွာသော မာရယု Please…
ဝင်းကိုခိုင်ဂျောင်ချေမှာငိုနီရစွာကြာဗျာလ်
အိုလေးစားစွာသော မာရယု Please….
ရက္ခီတရို. ဆိုက်ဘေးရီးယားငှက်ချေကို အားကျဖို.မလိုအောင်
ရက္ခီတရို.လခြမ်းမြီကို ရီကြဉ်အောင် မြက်နုအောင်
အိုချစ်စွာသောမာရယု Please…..။ ။
၈.၈.၀၈ စင်္ကာပူနိုင်ငံ၏ အမျိုးသားနိ ခံစားမှူချေတခုကို ချစ်သူအတွက်…။
(ရင်သွီးငယ်)
(ဆိုက်ဘေးရီးယားဘလော့မှ)
ယေခါ ထင်းခြွီသမက အကျွန်ဖုတ်လို့ ရရေမသွီးနန့် ဆန်စိချေနန့် ဖပါရေ။ ယင်းရရေဆန်က အကျွန်ရို့ လင့်မယားအတွက်လလုံလလောက် စားလို့ ရပါရေ။ကျန်စွာကို ဒါဒေါင်တိလည်းဆပ်တေ၊ ပြန်ပြီးကေလည်း ချီးငှါးပါရေ လို့ ဖြေပါရေလတ်။
ယေခါ အပင်စောင့် နတ်က မင်းဒေလောက် ဆန်တဖဲ့ချေနန့် ဇာပိုင်လုပ်လဲ? ဆိုပြီးကေ မီးပါရေ။ ထင်းခြွီသမ ပြန်ဖြေစွာက `ရလာရေဆန်ကိုချက်ပနာ အကျွန်ရို့ လင်မယားနှစ်ယောက် စားပါရေ၊ ယပြီးကေ အကျွန့် အမိ လည်းသော့ အကျွန်ရို့ နန့် တတူတူစားကတ်ပါရေ။ ယင်းချင့်ကတော့ခါ အကျွန်ရို့ အချေခါ အမိက အကျွန်ရို့ တိကို ကျွေးခရေ ထမင်းဒါဒေါင်တိကို ပြန်ဆပ်စွာပါ။ ယပြီးကေ အကျွန်ရို့ အချေ(၂)ယောက်လည်း အကျွန်ရို့ နန့် တတူတူ ထမင်းစားကတ်ပါရေ။ ယင်းချင့်ကတော့ အကျွန်ရို့ အသက်ကြီးလာခါ သူရို့ ပါးမှာတလှည့်ပြန်စားရဖို့ ဖြစ်လို့  ချီးထားရေသဖောဖြစ်ပါရေ `လို့ ယှင်းပြလိုက်ပါရေလတ်။
ယေခါ သစ်ပင်စောင့် နတ်ကြီးက `အော် ---- မင်းဘ၀ကလည်း ကဂေါင်းဆင်းရဲရေမလားယေ` ဆိုပနာ ငါ မင်း ကို ပုလင်းချေတလုံးပီးလိုက်မယ်၊ အိမ်ပြန်ခါ ယင်းချင့်ကို အိမ်ကိုယူလီ၊ မင်းတခုခုကို စိတ်မှာလိုချင်ရေခါ ယင်းပု လင်းချေကိုပြောပြီးကေ တောင်းလီ၊ မင်းလိုချင်စွာကို ရလိမ့်မေ။ ယကေလေ့ မင်းလိုချင်စွာကိုရပြီးစွာနန့်  `တန့် ဖိ`လို့ ပြောဖို့ စွာကို မမိစီကဲ့။ မင်း ယင်းပိုင်ရာ `တန့် ဖိ`လို့ မပြောခကေ မင်းအတွက်အသက်အန္တရာယ် တောင်ဟိနိုင်ရေ `ဆိုပြီးကေလည်း သတိပီးလိုက်ပါရေလတ်။
ထင်းခြွီသမရေ အိမ်ပြန်လားခပြီးကေ ယင်းပုလင်းချေပါးမှာ သူအလိုဟိသမျှ ဆန်နန့် ဆားကို နိစိုင် နိစိုင်တောင်းယူပါရေလတ်။ ယင်းပိုင်တောင်းယူပြီးတိုင်းလည်း သစ်ပင်စောင့်နတ်မင်းကြီးမှာလိုက်တေအတိုင်း `တန့် ဖိ`လို့ လည်း အမြဲတမ်းပြောပါရေလတ်။ ယင်းဇုနန့် ထင်းခြွီသမရေ ကိုယ်လိုချင်စွာဟူသမျှကို လိုချင်ရေ အချိန်မှာရနီရေအတွက်ကြောင့် ကိုယ်တိုင်စားဖို့ သောက်ဖို့ စွာကို ပူပင်စရာမလိုတင်မက အိမ်နားပါတ်ဝန်းကျင် ကအိမ်တိကိုလည်း ရောင်းစားနိုင်လို့  စီးပွါးတက်လာပနာ အိမ်ကြီးယာသန်အသစ်တိကိုလည်း ဆောက်လာနိုင် ပါရေလတ်။
ယင်းခါ သူ့ အိမ်နားမှာ ဆိုင်သေတယောက်ဟိပါရေလတ်၊ ယင်းဆိုင်သေစွာ ထင်းခြွီသမနန့် တခြားအိမ်နားပါတ်ဝန်းကျင်ကလူတိ သူ့ ဆိုင်မှာ ဆန်တိ၊ ဆားတိမ၀ယ်ကတ်စွာကို သတိပြုမိလာပါရေ၊ ယပြီးကေ ထင်းခြွီသမက လည်း အိမ်ကြီးယာသန်တိဆောက်စွာကို သတိပြုမိလာရေခါ ဒေသူဇာဖြစ်လို့  ဂုပိုင်ချက်ချင်းပြောင်းလဲလာလဲ ဆိုစွာကို စိုင်းစားမိပါရေလတ်။ နောက်ဆုံးမှာ ယင်းဆိုင်သေက ထင်းခြွီသမမှာ ပုလင်းချေတလုံးဟိစွာကို သိလားပနာ ယင်းပုလင်းချေကိုရအောင်ခိုးဖို့ ဆိုပြီးကေလည်း ဆုံးဖြတ်လိုက်ပါရေလတ်။
ဆိုင်သေရေ ကုန်ရောင်းကုန်ဝယ်ကိစ္စတိနန့်  တခါတရီ တခြားတိုင်းပြည်တိကိုလည်း ခရီးလားကျင့် ဟိပါရေ လတ်။ ယင်းပိုင်လားယင်းနန့်  တခေါက်မှာတော့ ကြောင်ချေတကောင် ရလာလတ်ပါရေ။ ယင်းကြောင်ချေကို အသုံးပြုပနာ ထင်းခြွီသမပါးက ပုလင်းချေကို ရယောင်ခိုးယူလီပါရေလတ်။ ပုလင်းချေကိုခိုးပနာ လောင်းချေတ စီးနန့် ပင်လယ်ပြင်မှာ အယင်လားနီကျအတိုင်းတခြားတိုင်းပြည်တိကို ခရီးလားလီပါရေ။ ဆိုင်သေရေ လား ယင်းလာယင်း တခြားတိုင်းပြည်တိကိုရောက်တေအချိန်မှာ ရောင်းဖို့ စိတ်ကူးနန့်  ပုလင်းချေကို ဆားတိအ များကြီးထုတ်ပီးဖို့ ပြောလိုက်ပါရေ။
အေနီရာမှာ နော်ဝေးလူမျိုးတိကတော့ သူရို့ ဝထုတပုဒ် အစမှာ Det var en gang ဆိုပြီးကေ စပနာ ဆုံးရေခါ “---- og snipp, snapp, snute sa er eventyret ute” လို့ ပြောကတ်ပါရေ။
တခါက တရားရုံးတခုမာ….လူသတ်မှု၊ မုဒိန်းမှု၊ ခိုးမှု၊ ဓါးပြမှု အစဟိရေ အမှုပေါင်းသောင်းခြောက်ထောင်နန့် တရားခံတယောက်ကို အမှုစစ်တေ။ အမှုတိကို အားလုံးစစ်လို့ပြီးစွာနန့် တရားသူကြီးက
“အေး..မောင်မင်းကို ဒေအပြစ်ဒါဏ်တိ သက်သာအောင် နောက်ဆုံးအခွင့်အရေးပီးရေ အနီနန့် ရှေ့နေငှါးဖို့ဆိုဂေ ငှါးခွင့်ပြုရေ…” လို့ ပြောလိုက်တေ။
တရားခံက “အကျွန်ရှေ့နေ လုံးဝမငှါးဘာ” ဆိုဘနာ ချက်ချင်းပြန်ဖြေရေ။ တရားရုံးတရုံးလုံး ကဂေါင်းအံ့သြလားခဂတ်တေ။ တရားသူကြီးက ဇာဖြစ်လို့ မငှါးစွာလဲလို့ ထပ်မီးရေခါ တရားခံက “ဘ၀မာ ကျနော်ကျူးလွန်ခသမျှပြစ်မှုတိအားလုံးကို အမှန်အတိုင်း ၀န်ခံဖို့ဆုံးဖြတ်ထားပါရေ”………လတ်။
ဂနိ ကျနော်ရို့ပတ်ဝန်းကျင်မာလေ့ ဖေ့သာချမ်းသာလို့ပင်ဖြစ်ဖြစ်၊ ပညာတတ်လို့ပင်ဖြစ်ဖြစ်၊ ထုံးတမ်းစိုင်လာအရပင်ဖြစ်ဖြစ် လူအများက ယေဘူယျအားဖြင့် လေးစားအထင်ကြီးခံရရေလူတိစွာ တခါတရီမာ လူအများက လူဆိုး၊ သူခိုးအထင်ခံနီကတ်ရရေ လူတိလောက်တောင် အမှန်တရားကို တန်ဖိုးမထားတတ်စွာတိ ဟိတတ်ပါရေ။
ယေဇူးနန့် ရခိုင်သူ၊ ရခိုင်သားအားလုံး ကိုယ်ရို့ရုန်းကန်လှုပ်ယှား ဟြင်သန်နီဂတ်ရရေ ပါတ်ဝန်းကျင်မာ အမှန်တရားကို မြတ်နိုးတန်ဖိုးထားတတ်တေလူတိနန့် မုသ၀ါဒ သမားတိကို ခွဲခြားမြင်နိုင်ကတ်ပါစီ………။
Free4waddy
(ခွန်းတိုင်းသက်သီဘလော့မှ)
အင်္ဂလိပ်ခေတ်မာ ဖါးချေအဖိုးကို အင်္ဂလိပ်တိက ဟိုခိုင်း၊ ဒေခိုင်း ခိုင်းဖို့ ခေါ်ထားယင်း သံယောစိုင်ဖြစ်လားပနာ ဘိလပ်ကိုအလည်လိုက်ဖို့ ခေါ်လားခရေလတ်။ ဖါးချေအဖိုးက အင်္ဂလိပ်စာ၊ အင်္ဂလိပ်စကား တလုံးလေ့ မတတ်ဘဲ ဖလိသတ်၊ ဖလာသတ်နန့် အင်္ဂလိပ်တိနောက်က လည်ဖို့လိုက်လားခရေလတ်။ ရွာမာကျန်လိုက်တေ မိသားစုတိ၊ မိတ်ဆွေတိကလေ့ ကဂေါင်းကြောင့်ကြဘနာ ကျန်လိုက်ကတ်တေလတ်…
တလလောက်ကြာလို့ ပြန်ရောက်လာရေဆိုစွာနန့် ကျန်လိုက်ကတ်တေလူတိက ၀ိုင်းလာပနာ “အခင်…အင်္ဂလိပ်စကားတလုံးလေ့ မတတ်ဘဲနန့် ဘိလပ်ကိုလားခီစွာ ကဂေါင်းဒုက္ခရောက်ခဘာဖို့ဟံ…”ဆိုဘနာမီးကတ်တေခါ ဖါးချေအဖိုးက ဇာပြန်ပြောလိုက်လဲဆိုကေ…”အူး..ငါ ဒုက္ခရောက်ဖို့ မဆိုကေ့….ငါတခုပြောလိုက်တိုင်း ယင်းသူရို့ဂျေးယာ ခခဲမွိပနာ ဒုက္ခရောက်လားခဂတ်ယင့်…ငါ တခုတောင်မဖြစ်”ဆိုပြီးကေ ပြောလိုက်ပါရေလတ်။
ယင်းဇူးနန့် အင်္ဂလိပ်တိလေ့ ခခဲမမွိရအောင်၊ ရခိုင်တိလေ့ ခခဲမမွိရအောင် အေမာဟိနီကတ်တေလူတိမာ သားချေ၊ သမီးချေ ဟိလူလေ့ပါကတ်ဖို့ထင်ဘာရေ။ မဟိကတ်တေ လူတိမာလေ့ တူချေ၊ တူမချေတိ ဟိကတ်ပါဖို့။ ယင်းပိုင်လေ့ မဟိကတ်ဆိုကေကိုယ့်ပါတ်ဝန်းကျင်မာဟိနီကတ်တေ အဘုချေတိကို အေပိုင်တခေါက်ချေ လုပ်ကြည့်ကတ်ပါကား။ လူတိုင်းလေ့ သိရေ၊ လူတိုင်းလေ့ လုပ်နိုင်ပါရေ။ (အတွက်ဖော်ပီးစွာပါရာ)
(၁) အဘုချေတိကို တရက်မာ အင်္ဂလိပ်စာ ဝေါဟာရ (၅)လုံးလောက်စီ ပုံမှန်ရအောင် အလေ့အကျင့် လုပ်ပီးပါ။ (အချေကပင် အလွတ်ရထားရေ စကားတလုံးကို (၁၀)နှစ်လောက် ပြန်မဖတ်ဖြစ်ကေတောင် အလွယ်ချေနန့်ပြန်အတွက်ပေါ်ပါရေ။)
(၂) ကိုယ်ရို့လားနီကျ၊ လာနီကျလမ်းမာဟိရေ ဆိုင်နာမေတိ၊ လမ်းနာမေတိ၊ ဟော်တည်နာမေတိ အစဟိသဖြင့် အင်္ဂလိပ်ပိုင်ရွီးထားကေ ယင်းချင့်တိကို ရခိုင်ပိုင်သိအောင်လုပ်ပါ။ (တခါသိအောင်လုပ်ထားစွာနန့် ယင်းနီရာကိုရောက်တိုင်း ယင်းစကားလုံးတိကို ပြန်အတွက်ပေါ်နိုင်ဘာရေ)
(၃) ကိုယ်ရို့နိစိုင်သုံးနီကျ အသုံးအဆောင်တိထဲကလေ့ အင်္ဂလိပ်ဝေါဟာရတိကို ရခိုင်ပိုင်သိအောင် လုပ်လို့ရနိုင်ဘာရေ။
(၄) ကိုယ့်အိမ်မာဖြစ်ဖြစ်၊ အခန်းမာဖြစ်ဖြစ် ကိုယ်ရို့အတွက်အသုံးတည့်ဖို့ဝေါဟာရတိကို စာလုံးအကြီးသန်နန့် ရွီးပနာကပ်ထားပါ (တကူးတကဖတ်စရာမလိုဘဲ အလွတ်ရလားဘာလိမ့်မေ)။
နံပါတ်(၁)ကတော့ ပါပါက ကျနော်ရို့တိကို လေ့ကျင့်ပီးခစွာကို မျှဝီပီးလိုက်စွာဘာ။ တခြားစွာတိကတော့ ဘ၀တက္ကသိုလ်က သင်ပီးလိုက်စွာတိဘာ။ အေချင့်ကို ရခိုင်သူရခိုင်သားတိကို မျှဝီပီးယင်း ကျေးဇူးသျှင် မေမေနန့် ပါပါကို ရှိခိုးကတော့လိုက်ပါရေ….။
Free4waddy
(ခွန်းတိုင်းသက်သီဘလော့မှ)
အာလီနန့် အကျွန့်ပြဿနာ
(သို့မဟုတ်)
စိတ်ခံစားမှုနန့် ခွဲထွက်စိုင်းစားခြင်း
လူတိုင်း စိတ်မာစွဲလန်းနီရေ အစွဲအလမ်းတခုစီဟိကတ်ပါရေ။ ယင်းအစွဲအလမ်းစွာလေ့ အမျိုးမျိုးကွဲပြားကတ်ပါရေ။ ချစ်စွာ၊ မုန်းစွာ၊ ကြိုက်စွာ၊ မကြိုက်စွာ အမျိုးမျိုးဟိကတ်ပါရေ။ ယင်းချင့်တိစွာရေ အခွင့်အခါသင့်တိုင်း၊ ကြုံကြိုက်တိုင်း နဂိုဟိနီပြီးသားဓါတ်ခံက အလိုအလျောက်စိတ်ခံစားမှုကို ဖြစ်ပေါ်လာစီတတ်ပါရေ။ များသောအားဖြင့်ကလေ့ ကိုယ်ကြိုက်စွာ၊ နှစ်သက်စွာတွိရ၊ မြင်ရ၊ ကြားရဂေ စိတ်ချမ်းသာမှုကို ခံစားရစီပနာ ကိုယ်မကြိုက်စွာ၊ မနှစ်သက်စွာတိကို တွိရ၊ မြင်ရ၊ ကြားရဂေ အလိုအလျောက် စိတ်မသက်မသာဖြစ်မှုတိကို ဖြစ်ပေါ်စီတတ်ပါရေ။
အကျွန်လေ့လူသားတိထဲက တယောက်ဖြစ်တေအတွက်နန့် ယင်းအထဲမာပါပါရေ။ အကျွန်က မိုးထဖက်အလုပ်လားဂေ လမ်းမာဒေမြို့ကလွှင့်ရေ ရေဒီယိုလိုင်းကိုနားထောင်ဘနာ လားကျင့်ဟိပါရေ။ ယင်းရေဒီယိုမာ ကော်ဖီကြော်ငြာတခုစီလာဘာရေ။ ယင်းကြော်ငြာမာ “ အာလီ………..အာလီ“ ဆိုဘနာစီ အော်ဘာရေ။ ယကေ အစခါ အကျွန်ကပဇောင်ပိုင် စိုင်းစားမိလဲဆိုကေ “ဇာလေတခု…မိုးမလင်းသိမ့်..ကုလားနာမေ အာလီ ကိုရာတခု အော်နီကတ်တေဂါး” ဆိုပနာ စိုင်းစားမိရေ။ ယင်းအသံကို ကြားဂေစိတ်ထဲမာ အလိုလို စိတ်မချမ်းမသာ ဖြစ်နီပါရေ။ ယင်းပိုင် တရက်မဟုတ်၊ တပါတ်မဟုတ် အလုပ်လားတိုင်း၊ ယင်းအသံကိုကြားတိုင်း အကျွန်စော် အလိုလိုစိတ်မချမ်းမသာ ဖြစ်နီပါရေ။
ဒေချင့်စွာရေ ကုလားကိုမုန်းရေစိတ်ဓါတ်အရင်းခံနန့် မိုးမလင်းသိမ့် ကုလားနာမေကိုကြားရရေခါ စိတ်မချမ်းမသာ ဖြစ်ရစွာပါ။
ယပိုင်ဆိုကေ အကျွန်က အရာအခြားတဖက်က လှည့်စိုင်းစားပါရေ။ ဇာပိုင်စိုင်းစားလဲဆိုဂေ ဒေချင့်စော် ကုလားနာမေကိုအော်နီဂတ်စော်မဟုတ်။ အင်္ဂလိပ်ပိုင် Early မိုးထဖက်စောစောမာ လူတိကိုကော်ဖီသောက်ဖို့ နှိုးဆော်စော်ရာ ဆိုဘနာပြောင်းပြီးကေ ခံစားကြည့်ပါရေ။ ယေခါ အယင်ခံစားနီရေ ကုလားနာမေပိုင် ခံစားနီစွာထက် အများကြီးသက်သာလားပါရေ။
ယင်းဇူးနန့် ဒေမာဟိနီဂတ်တေ ရခိုင်သူ၊ ရခိုင်သားတိကိုလေ့ အကြောင်းအရာတခုခု၊ ပြဿနာတခုခုကို ရင်ဆိုင်ကြုံတွိခံစားဂတ်ရရေခါ နဂိုဟိပြီးသားခံစားချက်အတိုင်း ဒါသီကျစိုင်းစားတွေးခေါ်ရေ ပုံစံမျိုးမဟုတ်ဘဲနန့် ဒေါင့်ပေါင်းစုံ၊ ဖက်ပေါင်းစုံက စိုင်းစားတွေးခေါ်နိုင်အောင် အကျွန့်ကိုယ်တွိအဖြစ်အပျက်ချေတခုကို မျှဝီတင်ပြလိုက်ရစော်ရာ ဖြစ်ပါရေ။
သာမန်အဖြစ်အပျက်ချေတခုကလေ့ တခါတရီ ဘ၀တခုလုံးနန့်သက်ဆိုင်ရေ အတွေးအခေါ်ချေတိကို ရနိုင်ဖို့ထင်ဘာရေ။ ရခိုင်သူ၊ ရခိုင်သားတိုင်း စိတ်ချမ်းသာ၊ ကိုယ်ချမ်းသာ ဟိနိုင်ဂတ်ပါစီ…..။
Free4waddy
(ခွန်းတိုင်းသက်သီဘလော့မှ)


