“အမှောင်ကိုခွင်း၊ အလင်းကိုဆောင်၊ ရခိုင်အလင်းရောင်။” စာပီမြင့်မှ လူမျိုးမြင့်ရေ။ စာပီပျောက်ကေ လူမျိုးပျေက်တေ။ ရခိုင်လူမျိုးလွတ်လပ်ချင်ကေ ရခိုင်စာကို အယင်သင်ကတ်။
ကျွန်တော်ရို့၏ “အမှောင်ကိုခွင်း၊ အလင်းကိုဆောင်၊ ရခိုင်အလင်းရောင်”ဘလော့သည် အိန်တာနက်ထက်မှာ တက်လာသမျှ ရခိုင်ဘာသာနန့် ဆောင်းပါး၊ကဗျာ စသည်တိကို ရှာဖွီတင်ဆက်ဖို့အတွက် စမ်းသပ်ပြုလုပ်နိန်ပါသည်။ လိုအပ်ချက်တိဟိပါက c'box မှာအမှာစာရေးထားခကတ်ပါ။ အတတ်နိုင်ဆုံး အကောင်းဆုံးဖြစ်အောင် ကြိုးစားနိန်ပါသည်။ ဆက်သွယ်ချင်ပါက alrevelation@gmail.com ကိုဆက်သွယ်နိုင်ပါရေ။

တွေးမိသော ရက္ခမြီ

ကျွန်တော်မွီးဖွားရာဒေသ၊ ကျွန်တော်ကြီးပြင်းခရာဒေသရို့သည် ဂနိန့်တိုင် ထီးမူနန်းဟန်များဟိနိန်ဆဲ။ ကြည့် လီရာနီရာတိုင်းသည် အတိတ်သမိုင်းက ကြီးကျယ်ခမ်းနားခသော ရာဇ၀င်ရို့ကို ပြန်ပြောင်းပြောပြနီဆဲ။ မြို့ရိုးဟောင်းများနှင့် နတ်ရုပ်ကျိုးရို့သည် အတိတ်နှင့် ပစ္စုပ္ပန်အကြောင်း ရို့ကို ဆက်စပ်ပီးနီဆဲ။ မြို့ရွာတိုင်း သည် ဖြူဖွေးသော သဲသောင်ပြင် ထက်သို့ လှိုင်းလုံးကြီးငယ်များ အဆက်မပြတ်တွန်းတိုက်နီရေ အလှ တရားများဖြင့် ချယ်သထားဆဲ။ ပင်လယ်ပြင်မှ လတ်ဆတ်သော လီတိက ရီအုန်းပင်ရို့ကို ဖြတ်သန်းတိုက်ခတ်နီသော လီရနံ့ ရို့ ဖြင့် မွှီးပျံ့နီဆဲ။ ထိုနီရာရို့သည် တစ်သက်တာပတ်လုံး ပြန်မတွိ့နိုင် စရာနီရာများပင်ဖြစ်လီဖို့ယာ။


အဖရခိုင်ပြည်မှ ၀ီးကွာသောနီရာသို့ ၁၀ စုနှစ်တစ်ခုစာမက ရောက်ဟိနီသော ကျွန်တော့်အနီဖြင့် ထိုအရာ များကိုလွမ်းဆွတ် တမ်းတနီရုံမှ တစ်ပါး တခုလည်းတတ်နိုင်ပေ။ ရိုးသားသော၊ အဆင်တန်ဆာမပါသော စကားလုံးတိကို လီသံပြင်းပြင်းဖြင့်ပြောလေ့ဟိသော ရိုးရာ စကားသံများကို ကြားယောင်တိုင်း ၀မ်းနည်း ကြွီ ကွဲခရသည်။ ရာသီ ဥတု၊ ပင်လယ်ကမ်းခြီ၊ ဒေသအစားအစာနှင့် ချစ်စွာသော မိဘရို့အကြောင်းကို တွေးမိလီတိုင်း အိမ်ပြန်ချင် စိတ်တကြောင့် မျက်ရည်ကျရသည်။ စိမ်းညို့နီသော ရခိုင်ရိုးမမှသည် မြောက်ဦးရှိဟောင်း နန်းတော်ရာအထိ တွေးမိလီတိုင်း လွမ်းမပြေ။ အဖရခိုင်ပြည်၏ ရင်ခွင်ကို သတိရတမ်းတခြင်းရို့သည် မည်သည့်အခါမှ ငုပ်လျှိုး ကွယ်ပျောက်လိမ့်မည်မဟုတ်ပါ။ ရီကြည်ရာ မြက်နုရာကို ရွှေ့ ပြောင်းယင်း ရီခြားမြီခြား သို့တိုင်အောင် ၀ီးလွင့်ခရသော လူငယ် တစ်ယောက်အတွက် အဖရခိုင်ပြည်၏အငွိ့အသက်များကို ရှာဖွီခံ စားခြင်းဖြင့်သာ ဒဏ်ရာတကို ကုစားယင်းအချိန်ကုန်လွန်စီရသည်။

ဓည၀တီ၊ ရမ္မာဝတီ၊ ဒွါရာဝတီ နှင့် မေဃ၀တီတိုင်အောင် ခြီရာချင်း ထပ်ခသော ရီမြီရို့သည် ကျွန်တော့် အတွက် ယခုအခါ အိပ်မက် ပမာ တမ်းတစရာ ပုံရိပ်များပင်တည်း။ ပင်လယ်ပျော် ကျွန်တော်သည် အဖရခိုင်ပြည် တွင် အသွင်အမျိုးမျိုးဖြင့် ကျင်လည်ကျက်စားနီခသည်။ ထိုစဉ်က ကစ္စပနဒီမြစ်၏ ကြီးကျယ် ခမ်းနားသော ညဉ့် အလှရို့ကိုခံစားယင်း ရခိုင်လူငယ်တစ်ဦး၏ အမျိုးသားရေးစိတ်ဓာတ်များအမြစ်တွယ် ခိုင် မာနီခရသည်။ နီဝင် ချိန်ညနေဆည်းဆာတွင် ကမ်းခြီသို့ပြန်လည်ဆိုက်ကပ်လာနီသော လောင်းလှီ၊ သမ္ဗာန် ရို့ ကို ကြည့်ယင်း အမျိုး အမည်မသိသော ဝေဒနာရို့ကိုခံစားခရသည်။ ခြုပ်ရာ၊ ဖာရာ ဗလပွထနီသော ရွက်ရို့ဖြင့် တန်ဆာဆင်ထား သော လောင်းလှီငယ်တိသည် ဘင်္ဂလားပင်လယ်အော်အနှံ့ ၀မ်းရေးအတွက် မကြောက် မရွံ့ ရွက် ရွှင့်နီကြလျက်ဟိသည်။ ဘ၀၏အားမာန်ကို ကွက်ကွက် ကွင်းကွင်းမြင်ရ သော ထိုမြင်ကွင်းရို့သည် ကျွန်တော်၏ ဘ၀တစ်သက် တာပတ်လုံး အမှတ်ထင်နီဖို့ အလှ တရား တသာဖြစ် ပါလိမ့်မည်။

ရခိုင်ရိုးမအနောက်ဘက်က လခြမ်းမြီဟု တင်စားခေါ် ဝေါ်သော အဖရခိုင်ပြည်ကား အတိတ်က ကြီးကျယ်ခမ်း နားခသလောက် ယနေ့ကာလတွင် ဖွံ့ဖြိုးတိုးတက်မှုမဟိဟု ဆိုရလောက်အောင် ဆင်းရဲမွဲတေမှုများကို တွေးမိ တိုင်းရင်နာရသည်။ ရိုးသားပွင့်လင်းသော ဒေသခံရို့၏ အလှတရားများသည် ဆင်းရဲနွမ်းနယ်မှုအောက်မှာ အ ကျည်းတန်နီခြင်းကို စဉ်းစားမိတိုင်း ရင်ထဲမှာ တစ်စစ်စစ် နာကျင်ရသည်။ တဲအိမ်စုတ်မှသည် ဘုရားပြို ဘုရား ပျက်အထိ ဆုတ်ယုတ်ယိုယွင်းနီသော အခြေအနီရို့က အဖရခိုင်ပြည်၏ ယနေ့သရုပ်များသာဖြစ်ပေလိမ့်မည်။ ဂက်စ်၊ ရနံနှင့် ရီထွက်ပစ္စည်းမျိုးစုံပေါကြွယ်ဝသော အဖရခိုင်ပြည်၏ ရင်ခွင်မှ ထမင်းငတ်နီရေဒုက္ခကို မ ခံစားနိုင်၍ အဆိပ်သောက်သီသည့် မိသားစုများ၊ တက္ကသိုလ်ကျောင်းမှ မူးယစ်ဆီးဝါးအရောင်းဆိုင်များ၊ လမ်း ပျောက်နီကြသော မဟာဘွဲ့ရလူငယ်များ၊ ၀မ်းစာရေးအတွက် ပင်လယ်ထဲသို့ သက်စွန့်ဆံဖျား ငါးဖမ်းခြင်းကို လုပ်ကိုင်နီရရေ လူမမယ်အချေတိ၊ အဓမ္မခိုင်းစီခြင်းခံနီရရေမြင်ကွင်းများ၊ လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်နီသူများ၊ ရိုးရာအစဉ် အလာကို ကျားကန်ထိန်းသိမ်းနီရသည့်အဖြစ်အပျက်များ၊ လူ့အခွင့်အရေး အရီခြုံလျက် နယ်စပ်မှခိုးဝင် နီကတ်တေ ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီမွတ်စလင်များ စသည်ဖြင့် လွမ်းပြီး မောချင်စရာကောင်းလှသော စိတ်အာရုံများက တစ်ခါ တစ်ရံ နောက်ကျိယှုပ်ထွီးလို့နီသည်။

တွေးမိသည်။ ခံစားမိသည်။ အရာရာတိုင်းသည် ကုန်လွန် ခပါဗျာယ်။ အဖရခိုင်ပြည်အတွက် ယခုထက်ပိုပြီး လုပ်ပီး နိုင်မည့်နည်းလမ်းများကိုသာ တွေးတောမိသည်။ ရင်ထဲက နာကျင်ခံစားမှုရို့ကို ပီးဆပ်ခြင်းဖြင့် သက်သာစီ ဖို့ယာ ဟုသာ တွေးမိသည်။ ရခိုင်စည်သံကိုကြားတိုင်း၊ ပန်းမြတ် သဇင်ရနံ့ရို့ကို ခံစားမိတိုင်း ရက္ခရိုးမနှင့် ဘင်္ဂလား ပင်လယ်အော်နှင့် အမိအဖရို့ကို သတိရမြဲသာ။ ရိုးရာ သီချင်းရို့ကို ဆိုညည်းမိတိုင်း ခံစားမှုအတွေးရို့ သည် မျက်ဝန်းမှတစ်ဆင့် ဖော်ပြကြသည်သာ။ ပြန်ချင်ပါ သည်ဟု တွေးမိလီတိုင်း အကျွန့်ရင်ထဲမှာ နာကျင်ရ ပါသည် ရက္ခဌာနီ။ မဖြစ်နိုင်သီးသော ဆန္ဒရို့ကို ရင်မှာမျို သိပ်လျက် အတွေးရို့ကို အလျင်စလိုရုပ်သိမ်း လိုက်ရ သည်မှာ အကြိမ်ကြိမ်အခါခါ။ မဘဇောင်ပင်ဖြစ်စီ ကျွန်တော့် အနီ နှင့်ကား ဇာနီရာကိုရောက်ရောက်၊ ဇာအစား အစာကိုစားစား၊ ဇာစကား ကိုပြောပြော အထက်ပါ အကြောင်းအရာများကို ကြိမ်ဖန်များစွာတွေးတော ခံစား နီဦး မည်သာ။ ဤသို့တွေးမိခံစားချက်များသည် ယခုတစ်ကြိမ် တွင်တော့ စာမျက်နှာထက် များသို့ အကြောင်း တိုက်ဆိုင်စွာ ရောက်ဟိမှတ်တမ်း တင်နိုင်သောကြောင့် ၀မ်းနည်းဝမ်းသာဖြစ်ရကြောင်းကို အဖ ရခိုင်ပြည်ကြီး သိစီချင်လွန်းလှပါသည်။ သို့သော်.......သို့သော်..။

----------------

ဝန်ခံချက်။ ဘလော့ဂါ မောင်မိုးဆိုက်က“တွေးမိသော ရက္ခမြီ” ကိုသဘောကျလို့ ကူးယူပနာ ရခိုင်ဘာသာသို့ တတ်နိုင်သလောက်ပြန်ဆိုထားခြင်းဖြစ်ပါသည်။


0 မှတ်ချက်:

“အမှောင်ကိုခွင်း၊ အလင်းကိုဆောင်၊ ရခိုင်အလင်းရောင်” ဘလော့ကို တမင်တကာလာကတ်တေဖြစ်စီ၊ လမ်းမှားလို့ရောက်လာကတ်တေဖြစ်စီ ကျွန်တော်ရို့ “ရခိုင်အလင်းရောင်” မိသားစုမှ အထူးပင်ကျေးဇူးတင်ပါရေ။ နောက်ထပ်လည်း လာလည်ကတ်ပါလို့ ဖိတ်ခေါ်ပါရေ။