“အမှောင်ကိုခွင်း၊ အလင်းကိုဆောင်၊ ရခိုင်အလင်းရောင်။” စာပီမြင့်မှ လူမျိုးမြင့်ရေ။ စာပီပျောက်ကေ လူမျိုးပျေက်တေ။ ရခိုင်လူမျိုးလွတ်လပ်ချင်ကေ ရခိုင်စာကို အယင်သင်ကတ်။
ကျွန်တော်ရို့၏ “အမှောင်ကိုခွင်း၊ အလင်းကိုဆောင်၊ ရခိုင်အလင်းရောင်”ဘလော့သည် အိန်တာနက်ထက်မှာ တက်လာသမျှ ရခိုင်ဘာသာနန့် ဆောင်းပါး၊ကဗျာ စသည်တိကို ရှာဖွီတင်ဆက်ဖို့အတွက် စမ်းသပ်ပြုလုပ်နိန်ပါသည်။ လိုအပ်ချက်တိဟိပါက c'box မှာအမှာစာရေးထားခကတ်ပါ။ အတတ်နိုင်ဆုံး အကောင်းဆုံးဖြစ်အောင် ကြိုးစားနိန်ပါသည်။ ဆက်သွယ်ချင်ပါက alrevelation@gmail.com ကိုဆက်သွယ်နိုင်ပါရေ။
Showing posts with label ဆောင်းပါး. Show all posts
Showing posts with label ဆောင်းပါး. Show all posts

သားကြီးပါးသို့ ပီးစာ


     သို့
     သားကြီး ကောင်းကျော်ခိုင်...

နိန်ထိုင်ကောင်းယင့်မနား။ ဘာဘာလေ့ ကျန်းမာပါယင့်။ သားကြီးမိန်းရေမနား။ ဒေနှစ်သင်္ကြန်ခါ ဇာကိုခရီးထွက်ဖို့လဲလို့။  ဘာဘာရို့ ဒေနှစ်ခါလေ့ မြောက်ဦးကိုလားဖို့ စီစဉ်ထားရေ။ သားကတော့  မြောက်ဦးကိုချည်းဗျာယ် နှစ်စဉ်လားနိန်ရေလို့ စိတ်ပျက်လားခဗျာယ်လား။ ဘာဘာရို့ ရခိုင်လူမျိုး အတွက် ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ရေ မွီးရပ်မြေ။ မြောက်ဦးမြို့ရာမဟိခကေ ဘာဘာရို့ ရခိုင်လူမျိုးလေ့ ဟိလီဖို့ကားမဟုတ်။ ယင်းကြောင့် ဘာဘာရို့အတွက် မြောက်ဦးမြို့ရေ အရေးကြီးရေ။

တစ်နည်းဆိုရကေ မွီးရပ်ဇာတိရေ အရေးကြီးရေ။ ဇာတိမြေရေ လူတိအတွက်တောင် မကသိ၊ တိရစ္ဆာန်တိအတွက်လေ့ အရေးကြီးရေဆိုစွာ တစချို့ တိရစ္ဆာန်တိ အမူအကျင့်က သက်သီပြနိန်ရေ သား။ ဥပမာပြုရဖို့ဆိုကေ တောင်အာဖရိကနိုင်ငံမှာဟိရေ မိုးစရီငှက်တစ်မျိုးရေ မိုင်ပေါင်းခြောက်တောင်
ကျော်လောက်ဝီးရေ အင်္ဂလန်နိုင်ငံမှာ လာရောက်ရှာဖွေစားသောက် ကတ်တေလတ်။ နွီဦးပေါက်လာဗျာယ် ဆိုကေ ဇာတိမြေဖြစ်တေ တောင်အာဖရိက နိုင်ငံကို ပြန်လာကတ်ပျာယ် နဂိုလ်က နိန်ထိုင်ခရေအသိုက်ကို အတိအကျ ပြန်ရောက်ကတ်တေလို့ ဆိုရေကာ။ ဒေငှက်အကျင့်မျိုးပိုင် ပျားရို့၊ ဆိုက်ဘေး ရီးယားဘဲရို့၊ ဆော်လမွန်ငါးရို့ မှာလေ့ ဟိရေဆိုယင့်။

ပင်လယ်သမုဒ္ဒရာမှာ လာလောက်ရှာဖွေစားသောက်လေ့ ဟိတတ်တေ ဆော်လမွန် ငါးတိစွာ အရွယ်ရောက်လို့  သားသမီးမွီးဖို့ဗျာယ်ဆိုကေ ယင်းသူရို့မွီး ရာဇာတိဖြစ်တေမြစ်တိကို
ပြန်လို့လာကတ်တေလတ်။ အမှန်ဆိုကေ ဒေငါးတိစွာ ရီချိုမြစ်မှာ ပေါက်ဖွားဗျာယ် နှစ်နှစ်လောက်ထိ
နိန်ထိုင်စားသောက်ခါပြီးမှ တဖြည်းဖြည်းနန့် ပင်လယ်သမုဒ္ဒရာအထိ ရီကြည်ရာမြက်နုရာ ခရီးထွက်လားခကတ်စွာလတ်။ လေးနှစ်သားအရွယ်ရောက်ခါမှ ကိုယ့်ဘားကို ဥဖို့၊ ပေါက်ဖို့
ပြန်လာကတ်တေလို့ ဆိုရေကာ။ ပင်လယ်သမုဒ္ဒရာက ကိုယ့်အရပ်ဒေသကို ပြန်လာခါစမှာ တစ်ကောင်စီဆိုစွာ ပေါင် (၂၀)က (၂၅) ပေါင်ထိ ကြီးရေလို့ ဆိုယင့်။

မိုင်ပေါင်း ထောင်သောင်းချီလို့ ဝီးကွာရေခရီးကို ရီဆန်၊ လီဆန် အခက်အခဲတိ အများကြီးထဲက
ပြန်လာကတ်ရစွာယေ။ တစ်ခါတစ်ခါ မွီးရပ်ကိုရောက်ဖို့အတွက် ရီတံခွန်တိ၊ တောင်တိကို မရောက်ရောက်အောင် ခုန်တက်ကတ်ရရေ။ ကြိမ်ဖန်များစွာခုန်ရေခါ တစ်ချို့ကသီ၊ တစ်ချို့ကလေ့ မွီးရပ်ကို ပြန်ရောက်ကတ်တေလတ်။ ယင်းပိုင် အခက်အခဲ အများကြီးကြားက အပြန်ခရီးမှာ လူတိဖမ်းစားကတ်စွာကတစ်မျိုး၊ တစ်ခြား သတ္တဝါတိက ဖမ်းစားကတ်စွာတစ်မျိုးနန့် မွီးရပ်ဇာတိကို အကောင် အနည်းသျှေရာ ပြန်ရောက်တေလတ်။ ယေခါပြီးမှ ကိုယ့်ရပ်ကိုယ့်မြီမှာ သားသမီးတိကို မွီးဖွားဗျာယ် ယင်းသူရို့အနာဂတ်သမိုင်းကို ယင်းသူရို့ကိုယ်တိုင် ကျေပွန်အောင် ထမ်းဆောင်ကတ်တေလို့ ဆိုယင့်။

ဒေငါးတိနန့် နှိုင်းယှဉ်ကြည့်ကတ်ဖို့ဆိုကေ ဘာဘာရို့မွီးရပ်မြေကို ပြန်ဖြစ်စွာ၊ ဇာလောက်ပင်ပန်းကတ်လို့လဲ။ ပြီးကေသားလေ့ ရခိုင်အတိတ်သမိုင်း ရာဇဝင်ရို့ကို သိခွင့်ရဖို့၊ ပစ္စုပ္ပန်သမိုင်းကိုလေ့ မြင်ကတ်ရဖို့၊ အနာကတ်သမိုင်းကိုလေ့ မှန်းဆရဖို့မနားယေ။ ဇာပင်ဖြစ်ဖြစ် တစ်နှစ်တစ်ခါ၊ နှစ်ခါလောက်တော့
ပြန်ကတ်မေနှန်း။

                     ဘာဘာ...........
                                          ရိုးမလူ

...............
(၂၀၀၃၊ အောက်တိုဘာလထုတ်- ရခိုင်သဟာယ အသင်း(ရန်ကုန်) မဂ္ဂဇင်း (၆) မှကူးယူဖော်ပြပါသည်။


၂၀ဝ၉-ခုနှစ် ဒီဇင်္ဘာလ (၃၁)ရက်နိန့်တွင် ရခိုင်ကျွှန်သက်အနှစ်(၂၂၅) နှစ် တင်းတင်းပြည့်သည်၊

မြန်မာကျူးကျော်စစ်ကို (၄၅)ရက်ကြာ ခုခံတိုက်ခိုက်ပြီးနောက် ၁၇၈၄-ခုနှစ် ဒီဇင်္ဘာလ ၃၁-ရက်နိန့်မှာ ရခိုင်ပြည်ကြီးနန့်တကွ ရုပ်ရှင်တော် မဟာမြတ်မုနိ အသိမ်းခံလိုက်ရသည်၊ မြန်မာများသည် ရခိုင် ရွီနန်းတော်၊ ပိဋကတ်တိုက်တော်။ ဘုန်ကြီးကျောင်းအကြီး (၃၀) အငယ် (၃၀ဝ၀)ကျော်ကို မီးလျှို့ဖျက်ဆီးခသည်၊ ရခိုင်တပြည်လုံး ဖူးဖူးရောင်သော လူသီကောင်များဖြင့် ပြန့်ကြဲလျက်ဟိသည်၊ နှစ်ပေါင်း (၅၀ဝ၀)ကျော် ကိုယ့်ထီးကိုယ့်နန်းနန့် နီထိုင်လာခသော ရခိုင်နိုင်ငံတော့် တိုင်းသားပြည်သူများမှာ ကူမည့်သူမဟိ ဖီးလွတ်ရာ
ကို ထွက်ပြီးကတ်ရသည်၊ မြန်မာများသည် ပုခက်တွင်းသား အချေသူငယ်ရို့ကိုပါမချန် သတ်ဖြတ်သည်၊ ရခိုင်မှတ်တမ်း


ရခိုင်ပြည်နယ်၏မြစ်များ

ရခိုင်ပြည်နယ်၏မြစ်များ

ရခိုင်ပြည်နယ်၌ ထင်ရှားသောမြစ်များမာ နတ်မြစ်၊ မယူမြစ် (မေယုမြစ်)၊ ကုလားတန်မြစ် နှင့် လေးမြို့မြစ်များဖြစ်ကြသည်။ ၄င်းအပြင် ရခိုင်ပြည်နယ်၏တောင်ဖက်၌ ဒလက်ချောင်း၊ အမ်းချောင်း၊ မအီချောင်း၊ ကလိန်တောင်မြစ်၊ တောင်ကုတ်မြစ်၊ သူဌေးချောင်း၊ ဂွချောင်းစသည်များ ဟိကြသည်။

ရခိုင်ပြည်၏ မြောက်ပိုင်းဟိမြစ်များသည် မြောက်ဖက်တောင်တန်းများမှ မြစ်ဖျားခံ၍ ဘင်္ဂလားပင်လယ်အော်သို့ စီးဝင်လျှက်ဟိကြပြီး၊ ရှည်လျားသည်။ ရခိုင်ပြည် တောင်ပိုင်းဟိမြစ်များမှာ အရှိတောင်ဖက်ဟိ တောင်တန်းများမှ မြစ်ဖျားခံ၍ ဘင်္ဂလားပင်လယ်အော်သို့ စီးဝင်ကြသည်။ မြစ်များမှာ ဖြားအတက်အကျဟိသော မြစ်များဖြစ်ပြီး မြစ်ဝပိုင်တွင်ရီငန်၍ မြစ်အညာ (အထက်)တွင် ရီချိုကြသည်။


နတ်မြစ်။ ။နတ်မြစ်သည် မောင်တောမြို့နယ်၌ဟိသည်။ မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ခ်ျနိုင်ငံရို့အား ပိုင်းခြားထားရေ နယ်စပ်မြစ်ဖြစ်သည်။ မြောက်ဖက် နယ်စပ်တောင်ကုန်းများမှ စီးဆင်းလာပြီး တောင်ဖက်တွင် မောင်တောမြို့အနီး၌ ဘင်္ဂလားပင်လယ်အော်သို့စီးဝင်သည်။ မိုင် (၅၀)ခန့်ရှည်လျားပြီး မြစ်အဝပိုင်းတွင် (၁) မိုင်ခွဲခန့်ကျယ်ပြန့်သည်။ နယ်စက်ကုန်သွယ်သင်္ဘောနှင့် ဘုတ်တိဝင်ထွက်ရာ မြစ်ဖြစ်သည်။

နတ်မြစ်အတွင်းသို့ ပြူးမချောင်း၊ ငါးခူရချောင်း၊ ကညင်ချောင်းနှင့် မောင်တောချောင်းရို့ စီဝင်လျက်ဟိကြသည်။ မင်္ဂလာကြီးတောင်တန်းမှထွက်ဟိသော ဝါး၊ ကြိမ်နှင့် သစ်များကို ပြူးမချောင်းမှတစ်ဆင့် မျှော၍ထုတ်ယူနိုင်ကြသည်။ နွီရာသီမြစ်အညာ (အထက်)အထိ ရီငန်တက်ပြီး မိုးရာသီတွင် ရီချိုသည်။ မြစ်ကမ်းများတွင် ရီငန်ပဇွန်မွီးမြူးရေးလုပ်ငန်းများကို လုပ်ကိုင်ကြသည်။


ရက္ခိုင်လူမျိုးရို့၏ကျင့်ဝတ်တရား (၄၈) ပါး

ထိုရက္ခိုင်မဟာရာဇဝင်ကြီးလာ (၄၈) ပါးသော ရက္ခိုင်လူမျိုးရို့၏ကျင့်ဝတ်ကို ဖော်ပြရသော်

၁။ ရှိဦးစွာ ရတနာသုံးပါးအား မမိမလျော့ဘဲ ကျင့်သုံးဆောက်တည် ဆည်းကပ်ကိုးကွယ်ရန်တပါး။

၂။ မိဘဆရာသမားရို့၏ဆုံးမသြဝါဒကို မြီဝယ်မကျမှတ်သားနာယူ ကျင့်သုံးစောင့်ယှောက်ရန်လည်း တပါး။

၃။ မိမိရို့၌မငြိမ်သက်ဘဲ သော့သွမ်းရမ်းကြွခြင်း၊ မကောင်းသောအကျင့်များကို ပါယ်ယှားရန်လည်း တပါး။

၎။ ပညာသိပ္ပ တတ်မြောက်စီရန်ကြိုးစားအားထုတ်လျှက် သင်အံလေ့လာရန်လည်း တပါး။

၅။ အသက်သိက္ခာကြီးရင့်သောသူရို့နှင့် မိဘ၊ ဆရာ၊ ရီမြီအသျှင် ဘုရင်မင်းမြတ်ရို့အားလည်း မရိုမသေ မလေးမစား အဂါရဝပြုလုပ်ခြင်းကို အထူးယှောင်ကြည်ရန်လည်း တပါး။

၆။ မိမိကိုယ်ကို ပညာနှင့်ပေါင်းယှဉ်လျှက် လောဘ၊ ဒေါသ၊ မောဟစသော မကောင်းသောဆန္ဒများကို ပယ်ယှားခြင်းသည်လည်း တပါး။

ရ။ ငါးပါးသီလကို စောင့်ယှောက်ပြီးလျှင် မိမိရို့အားလျှော်စွာ အလှူဒါနကုသိုလ်များကို နိညမပြတ် စိုက်ပျိုးရခြင်းသည်လည်း တပါး။

၈။ လောက၌ သူတပါးရို့အား နှုတ်ဖြင့်ကျူးလွန်ခြင်း၊ ကိုယ်ဖြင့်ကျူးလွန်ခြင်းတည်းဟူသော မကောင်းသောတရားနှစ်ပါးကို ဖယ်ယှားပြီး စိတ်ကြည်လင်စွာဖြင့် မိတ္တာတရားကိုရှိထားလျှက် သဘောဖြောင့်မတ်စွာဖြင့် နီရခြင်းသည်လည်း တပါး။

၉။ ထို့အပြင် လောကဓမ္မ နှစ်ဌာနတည်းဟူသော ကျင့်ဝတ်တရားနှစ်ပါးကို ပစ္စုပ္ပန်သံသရာ၌ ချမ်းသာခြင်းဖြင့် သိစွမ်းဆောင်ရွက်နိုင်သော ပညာဟိပုဂ္ဂိုလ်များအား အလေးအမြတ်ပြုပြီးလျှင် မိတ်ကျွမ်းဝင်ရခြင်းသည်လည်း တပါး။


မိမကိစ္စ ဤသို့ကြားလိုက်မိပါ၏

ဝူဖေဆန်

“သျှိန်ဒိုင်အကနန့် ဗုဒ္ဓပူဇနိယအက” ကို ၁၉၆၆ခုနှစ် ၁၉ ကြိမ်မြောက် ပြည်ထောင်စုပွဲတော်မှာ စစ်တွေမြို့နယ် ယဉ်ကျေးမှုအဖွဲ့က ကပြဖျော်ဖြေတင်ဆက်ခလီရေလို့ သိရပါရေ။

ဒေအကကို သျှစ်သောင်းပုထိုးတော်ကြီး အတွင်းဘက် ထရံမှာဟိရေ ရုပ်ကြွတ်တိကို အခြီခံပနာ တီထွင်ဆန်း သစ် ထားစွာလို့ ဆိုယင့်။ ဒေအကရို့ရေ တြိဘင်္ဂစလာရေလို့ အဆိုပြုချက်ကိုလေ့ တွိရေကား။

ရခိုင်အကနန့် ဗမာအကရို့ရေ ယင်းအတွက်နန့် အခြီခံကစပြီးကေ ကွဲရေလို့ သိရရေ။ ဗမာမှာက “ဘယ်ခြီ ညာ လက်” အခခြီခံ၊ ရခိုင်မှာက “ဘယ်ခြီ ဘယ်လက်” မတူကတ်။

ဗုဒ္ဓပူဇနိယ ယိမ်းအကရေ ပြည်ထောင်စုကပွဲကစပြီးကေ လူသိများပါလတ်တေ။ ယိမ်းအကကလေ့ ကြည့်လို့ ကောင်း။ ယင်းမှာပါရေတေးခြင်းက သာယာနာပျော်ဖွယ်ဟိ။ ယေနန့် အဂုထက်ထိ ရခိုင်ရို့နှလုံးသားမှာ ဆီမှင် စွန်းထင်းမှု မပျက်ပြယ်သိစွာလို့ ဆိုချင်ရေ။

ဗုဒ္ဓပူဇနိယယိမ်းအကမှာ ဆိုထားရေတေးခြင်းက မဟာမုနိမှာ ဆွမ်းတော်ကပ်လှူရေအခါရို့၊ ဆီမီးပူဇော်ရေ အခါ ရို့မှာ ဆိုစွာတေးခြင်းလို့ ဆိုရေကား။ တေးခြင်းအသွားမှာ ရခိုင်ရိုးရာကျေးလက်တေးသွားမျိုးလို့ မှတ်ချက်ကိုလေ့ တွိမိယင့်။ အတီးကိုတော့ခါ “စည်”နန့် “ပလွီ”ကို ဦးစားပီး တီးမှုတ်ထားစွာကို ကြားနိုင်ပါရေ။


ထလော့ ရခိုင်……ရခိုင် ထလော့

ခိုင်လင်း (မေဃ၀တီ)


သမိုင်း သုတေသီ ရမ္မာဝတီ အသျှင်ပညာစာရကိစ္စက မပြီးပြတ်သီး။ ပြည်တွင်း ပြည်ပ ရခိုင်တိကတော့ခါ အင်အားတေိစုပြီး တွန်းလှန် နိန်ကတ်ဆဲဖြစ်တေ။ တနည်းအားဖြင့် ပြောရကေ ခုခံ ကာကွယ်နိန်ကတ်ဆဲဖြစ်တေ။ နိုင်ငံရေးပါတီ အဖွဲ့အစည်းတိ၊ လူမှုရေး အဖွဲ့အစည်းတိ စသည်ဖြင့်၊ တဖက်ကလည်း လက်မှတ်ထိုး တောင်းဆိုရေအလုပ်ကို လုပ်နိန်ကတ်ဆဲ။ ဘဇောင်ပိုင်ချောင်ဖြစ်ဖြစ် ပုံစံမျိုးစုံ အသွင်မျိုးစုံနန့် အလွှာပေါင်းစုံက ရခိုင်တိအနီနန့် ခုခံကာကွယ်ရေး အလုပ်တိကို သမိုင်း တာဝန်တရပ်အနီနန့် လုပ်ကတ်ရလိမ့်မေလို့ ယုံကြည်ပါရေ။ အမျိုးထိကေ မချိအောင် နာတတ်တေ ရခိုင်တိအတွက် စိန်ခေါ်မှု တရပ်လည်း ဖြစ်နိန်ပြန်ပါရေ။


စာပီဂုဏ်ဖြင့် အမျိုးဂုဏ်မြှင့်ဇီလိုသည်

လူမျိုးစုအသီးသီးအတွက် စာပီသည် အသက်ဟုဆို လျှင် လွန်လီဖို့မထင်ပါ။ စာပီကြောင့် လူ မျိုးတိ၏ ဂုဏ်သည် မြင့်တက်ကြတ်ရပါသည်။ ရခိုင် အမျိုးသားအတွက် လုပ်နိန် သူရို့သည်ခန့်ခန့်ညားညား ဟိနိန်သောရခိုင်စာပီကိုဘေးဖယ် မထားသင့် ပါ။ ဖော်ထုတ်ရီးသားလားရန် တောင်းဆိုပါသည်။ တစ်ဖက်မှ အပြောအဆို အရီးအသားများ သည် အလုံးအရင်း ဖြင့် လွှမ်းမိုးလျှ က် ဟိပါသည်။ မလေးချား၌ ဟိသောရခိုင်အဖွဲ့ အစည်းရို့သည် ရခိုင်ဝေါဟာရတိကိုယုံးသုံးစာများတွင်အထူး အလီးပီး၍ ဖော်ထုတ်ရီးသားသင့် ပါသည်။ တဖက်နှင့်ဆက် ဆံရသော စာများရီးသားမူ ဟိခလျှင် ၎င်းရို့နားလည် ဇီရန်တဖက်မှလီသံဖြင့် ရီးသားရခြင်း မှအပ ရခိုင်-ရခိုင် အချင်း ချင်းကမ်းသော စာလွှာတိကို ရခိုင်ဝေါဟာရ သတ် သတ်ဖြင့်ရာ ရီးသားပီးဇီချင်ပါသည်။


ရာဇ၀င်စိုင်အဆက်

မြတ်စော( ပြည်ရခိုင်)

(၁)

အိပ်မရ။
အတွေးစတိက ထိုလားဒေလား၊ ထိုပျံဒေကူး။ မြူးတူးပျော်ပါးကတ်သည့် လိပ်ပြာသျှေတိပိုင်။ အတောင်ကို တဖျက်ဖျက်ခတ်ပနာ ပျံလို့ကောင်းတုန်း။

အိပ်ဖို့ပျင်းတိုင်းရွာလယ်ဗွီဒီယို သမားရို့၏ Sound Box မှလာသော အသံကြောင့် မျဉ်းနီသောမျက်လုံးတိ ပြန်,ပြန်ပွင့်လာလတ်သည်။

နားအစုံကို ဒယောစုတ်နန့်အား ဓမ္မပိတ်ဆုံလျှက် အိပ်ပစ်ရန်ဖြစ်ပေါ် လာသည့်အကြံကို အကြိမ်ကြိမ်အခါခါ ဖျက်ဆီးပစ်ရ၏။

လက်ဝါးဖြင့်နားကိုပိတ်လျှက် အိပ်ရန်ကြိုးစားမည်ဟု စိတ်ကူးနီတုန်း နားထဲသို့ပို၍ ဆူးညံသော အနီးကပ်အသံတစ်ချို့ကို ထပ်မံကြားရလတ်ပြန်သည်။ “လာလတ်ပြန်ယာ အရာတစ်မျိုး”ဟု စိတ်ပျက် လက်ပျက်၊ ပါးစပ်တဗြတ်ဗြတ်မြည်ရင်း ‘ဗရန်တာ’အခန်းသို့ထွက်လာလတ်၏။

ရွှန်းရွှန်းမြမြ၊ ကြည်ကြည်လင်လင်မြင်တွိရသည့် လရောင်အောက် အုပ်စုတစ်စု၊ အသံပျက် မယ်ဒလင်ဟောင်း ကိုလက်ကိုင်ထားလျက်---။


ရင်ခုန်မိရေ ကဗျာသျှေတစ်ပုဒ်

ပန် (စစ်တွေ)

ရခိုင်စကား၊ ရခိုင်အသံထွက်နန့် ရီးသားထားကတ်တေ ကဗျာ၊ ၀ထု၊ ဆောင်းပါးတိကို ရခိုင်ပြည်အတွင်းက ထုတ်ဝီနီကတ်တေ မဂ္ဂဇိန်းတိမှာ အားရ၀မ်းသာစရာ အများကြီးတွိလာရပါရေ။

ယေပြီးကေ မြို့နယ်အသီး သီးက ထွက်ပေါ်လာရေ မဂ္ဂဇိန်းတိကိုလည်း အားရဂုဏ်ယူစရာ တွိလာရပါရေ။
ဒေမဂ္ဂဇိန်းတိ ဆက်တိုက် ဆက်တိုက် ထွက်ယှိလာနိုင်ကတ်ပါစီ။ ကဗျာ၊ ၀ထု၊ ဆောင်းပါးတိလေ့ အများကြီး ရီးသားနိုင်ကတ်ပါစီလို့ ဆုတောင်းပါရေ။

မဂ္ဂဇိန်း တစ်အုပ်ထွက်လာဖို့ဆိုစွာ လွယ်တော့လွယ်ဖို့မဟုတ်ပါ။ ယင်းကျေးဇူးနန့် ကြိုးစားပြီးကေ စီစဉ်ထုတ် ၀ီကတ်တေ စာပီပညာသျှင် ပုဂ္ဂိုလ်တိကိုလေ့ ချီးမွှမ်းဂုဏ်ပြု လေးစားမိပါရေ။

အကျွန်စာမရီးတက်ပါ။ ကဗျာ၊ ဆောင်းပါး၊ စာမူချေတိကို ရီးပြီးကေ မယ်သယ်၊ မယ်ဝါ မဂ္ဂဇိန်းတစ်ခုကိုလေ့ မပို့ဖူးပါ။ ယေဒါလေ့ စာတော့ စိသျှေဖတ်ဖြစ်တေလို့ ဆိုရပါဖို့။ ယင်းပိုင်နန့် ၁၉၉၇ ခု၊ စက်တင်ဘာလထုတ် လခြမ်းမြီ အမှတ် (၁) မဂ္ဂဇိန်းကို ဖတ်ဖြစ်ပါရေ။ ဒေမဂ္ဂဇိန်းမှာ ကဗျာသျှင် နောက်အေး (အနောက်) ရီးသား ထားရေ ‘နှင်းမိုးထဲကလူ’ ဆိုရေ ကဗျာသျှေတစ်ပုဒ်ကို ရခိုင်အသံထွက်နန့် ဖတ်ရရေအခါ အကျွန့်ရင်ထဲမှာ ပီတိခံစားချက်သျှေတစ်ခု ဖြစ်ပေါ်လာရေအတွက်နန့် ပြန်လည်ခံစားတင်ပြချင်ရေစိတ်က ရွစိရွစိဖြစ်ပါလတ် ပါရေ။ ယင်းအတွက်နန့် အရဲစွန့်ဗျယ် မရီးတက်ရီးတက်နန့် ဖွင့်ဆိုခံစားမိလိုက်ပါရေ။


ဗြိတိသျှခေတ် ရခိုင်ဒေသ ဗုဒ္ဓသာသနာ

မောင်မိုးနှောင်း

ခရစ် ၁၇၈၄ ခုနှစ်မှာ ဗမာဘုရင် ဘိုးတော်မောင်ဝိုင်း၊ ရခိုင်ပြည်ကို သိမ်းပိုက်ရေခါ ရခိုင်ဒေသကို အုပ်ချုပ်ဖို့ ဗမာအများစုပါရေ အုပ်ချုပ်ရေးမှုးတိကို ခန့်အပ်ထားခရေ။ သူရို့စွာ ဘုရင်ဘိုတော်မောင်ဝိုင်း ချမှတ်တေ ပေါ်လစီအတိုင်း အုပ်ချုပ်ခကတ်ရေ၊ ယေဇူးနန့် ချင်းပျံစွာ ကိုယ့်မှာဟိရေအင်အားနန့် အင်္ဂလိပ်၊ အိန္ဒိယနယ် မြီကို ခြီကုတ်ယူပနာ ဘိုးတော်မောင်ဝိုင်းကို တော်လှန်ခပါရေ။ ယင်းပိုင် ချင်းပျံတော်လှန်မှုရေ နောက်ပိုင်းမှာ အင်္ဂလိပ်မြန်မာစစ်ပွဲဖြစ်ပွါးစီရေ အဓိကအကြောင်းတရားတိကို ပေါ်ပေါက်စီခပါရေ။ ယင်းပိုင်နန့် ၁၈၂၄ မှာ အင်္ဂလိပ်-မြန်မာ ပထမစစ်ဖြစ်တေ ၁၈၂၃ မှာ နယ်စပ်နတ်မြစ်ဝက သျှင်မဖြူကျွန်းကို ဗမာတိက ၀င်တိုက်ကတ်တေ။ ၁၈၂၄ ခုနှစ်၊ ဖေဖ၀ါရီ ၂၄ ရက်နိ့မှာ ဗမာနန့် အင်္ဂလိပ်ရို့ ရန္တဗိုလ်စာချုပ်ကို ချုပ်ဆိုကတ်ခ ကတ်တေ။
စာချုပ်အရဆိုကေ ဗမာတိ ပင်လယ်ရီကြောင်းဆက်သွယ်ဖို့ ရန်ကုန်၊ ပုသိမ်နန့် မုတ္တမရို့ရာ ကျန်ဟိခရေ။

ဘိုးတော်မောင်ဝိုင်းသိမ်းထားခရေ ရခိုင်ပြည်စွာ ရန္တဗိုလ်စာချုပ်အရ ဗြိတိသျှအစိုးရပိုင် ပြည်နယ်တစ်ခုအနီနန့် ၁၈၂၆ ခုထိ ကြာမြင့်ခရေ။ ရခိုင်နန့် တနင်္သာရီကို အစက အင်္ဂလိပ်ရို့အုပ်ချုပ်ခစွာ သီးခြားစီပါရာ ၁၈၂၉ ခုထိ အိန္ဒိယဘုရင်ခံက အုပ်ချုပ်ရေ၊ အင်္ဂလိပ်တိစွာ ၁၈၂၆ ခုနှစ်မှာ စစ်တွေမြို့ကို တည်ခရေ၊ ယင်းအခါ ရခိုင်ကို စစ်တစ်ကောင်း ကော်မယှိန်နာမင်းကြီးက ဒါရိုက်အုပ်ချုပ်ရေ။ ရခိုင်သားတိ ထဲက ပထမဆုံး ကြီးကြပ်အုပ်ချုပ်တေလူတိက ဦးအောင်ကျော်ဇံနန့် ဒေးဝန်းကြီး အောင်ကျော်ရွှီရို့ပါ၊ အင်္ဂလိပ်လက်အောက်မှာ ရခိုင်ပြည်ကို အုပ်ချုပ်ရေးနယ်မြီတစ်ခုတည်းအဖြစ် ပြန်ပနာစုစည်းခပါရေ။ ယေပြီးကေ နယ်မြီခွဲချေ ၁၆၀ ခွဲလို့ အုပ်ချုပ်တေ၊ ယင်းအထဲမှာ ၁၄၀ စွာ ကျွန်းနယ်မြီချေတိ၊ ၁၂ နယ်က တော့ခါ ကုန်းပိုင်နယ်မြီတိဖြစ်တေ။ ယင်းနယ်မြီချေတိကို အုပ်ချုပ်တေ ပုဂ္ဂိုလ်တိကို ‘ကျွန်းအုပ်’ ‘ချောင်းအုပ်’ လို့ ခေါ်ကတ်တေ။ သူရို့တိတာဝန်ကတော့ခါ အခွန်ကောက်ပီးရဖို့၊ ရာဇ၀တ်မှုနှိမ်နှင်းရေ ပုလိပ်တိကို ကူညီဖို့၊ သူရို့ကောက်လို့ရရေအခွန်တော်က ၁၅ ရာခိုင်နှုန်းစီ ခံစားခွင့်ရကတ်တေ။ အုပ်ချုပ်ရေး နယ်မြီတစ်ခုမှာ ၃ ရွာက ၅ ရွာထိ၊ တစ်ချို့နယ်တိဆိုကေ ၁၅ ရွာက ရွာ ၂၀ ထိပါဝင်ရေ။ အင်္ဂလိပ်တိအုပ် ချုပ်ရေးချပနာ အခွန်တိစည်းကြပ် ကောက်ခံလာလို့ မခံမရပ်နိုင်အောင် ဖြစ်လာရေအခါ အင်္ဂလိပ်တိ ရက်စက်မှုတိကို တွိမြင်လာကတ်ရပါရေ။ ရခိုင်ဗုဒ္ဓဘာသာရဟန်း သံဃာတိစွာ နယ်ချဲ့အစိုးရအုပ်ချုပ်မှုကို ဆန့်ကျင်လှုပ်ယှားခကတ်တေ။ သူရို့ရည်ရွယ်ချက်ကတော့ခါ ရခိုင်ကို လွတ်လပ်တေ ဗုဒ္ဓဘာသာနိုင်ငံ တည်ဆောက်ဖို့ပါ၊ ရခိုင်ရဟန်းတိက အမျိုးသားလွတ်မြောက်ရေး လှုပ်ယှားမှုအတွက် တပ်လှန့်လာကတ် တေ။ လှုပ်ယှားမှုဖြစ်လာရေအခါလေ့သော့ ရဟန်းတိပါဝင်ရေ အမျိုးသားဂေါင်းဆောင်တိက ဦးဆောင်ခ ကတ်တေ။


ဒေးဝန်းအောင်ကျော်ရွှီမှတ်တမ်း (စကားပြင်)

သက္ကရာဇ် (၁၁၈၂) ခုနှစ်တွင် စစ်တကောင်းမြို့ဝန်က(မရမာ) ဘာသာစကားအားတပ်ကျွန်းသူအကျွန်ုပ်အား အမှုကိစ္စအ၀၀အားဆောင်ရွက်ရန်အတွက် စစ်တကောင်း၌ တာဝန်ခန့်အပ်ခြင်းခံရသည်။ သုံးနှစ်အကြာ (၁၁၈၅) ခုနှစ်တွင် မြန်မာများက သျှင်မဖြူကျွန်းတွင် အင်္ဂလိပ်များကိုသတ်ဖြတ်၍ စတင်ရန်စရှာသည်။ ထိုသတင်းကို ကလကတ္တားဘုရင်ခံချုပ်ကြားသားအခါ Captain ဗေကာသတ်နှင့် ၀ီသတ်ရို့အား စစ်တကောင်းသို့စေလွှတ်လိုက်သည်။ စစ်တကောင်းသို့ရောက်သောအခါ ကာနယ်သုပိလုင်၊ ကပ္ပတိန် ၀ီသတ်နှင့် ဗေကာသတ်ရို့က အကျွန်ုပ်အားခေါ်ဆောင်၍ ရခိုင်များနီထိုင်ရာ ဖလောင်းချိတ်သို့တပ်ချီတော်မူသည်။ ဖလောင်းချိတ်တွင် လူတထောင်ကျော်ကိုစုဆောင်း၍ နတ်မြစ်ဝရှိ မြန်မာများတပ်စွဲထားရာ သျှင်မဖြူကျွန်းသို့ ချီတက်သည်။ အကျွန်ုပ်ရို့တပ်များ ခြင်္သေ့လားလားနီသောအခါ မြန်မာများမှာ ကြောက်ရွံပြီး ပုန်းအောင်းနီကတ်ရသည်။ ဘုရင်ခံချုပ်က စစ်တကောင်းမြို့ဝန် ဝေါ်နော်သတ်ကိုခေါ်၍ ရော်ဘတ်ဆင် Robertson (ရာပသိန်သတ်) အား တာဝန်အပ်နှင်းလျှက် ရခိုင်ပြည်ကို ကျူးကျော်သောင်းကျန်းလျှက်ဟိသော မြန်မာများအား ဖြိုခွင်းတိုက်ခိုက်ရန် စေလွှတ်တော်မူသည်။


ကုမ္ပဏီခေတ် နယ်ချဲ့ ဆန့် ကျင်ရေး တေးကဗျာ (နပျိုးသီး ကျာကျာ) ကို အဓိပ္ပာယ် ဖွင့်ဆိုခြင်း

ကုမ္ပဏီခေတ် နယ်ချဲ့ ဆန့် ကျင်ရေး တေးကဗျာ (နပျိုးသီး ကျာကျာ) ကို အဓိပ္ပာယ်ဖွင့်ဆိုခြင်း

မဟာသမတရာဇာသည် ရခိုင်ပြည်မြောက်ဦးနန်းတော်ကို စိုးစံရေ နောက်ဆုံးရခိုင်ဘုရင် ဖြိုက်သည်။
ယင်းနောက် ကုန်းဘောင်မင်းဆက် ဗမာဘုရင်မောင်ဝိုင်းနန့်  ဘကြီးတော်ရို့ သည် ဓည၀တီ၊ ရမ္မာဝတီ၊
မေဃ၀တီနန့်  ဒွါရာဝတီမြို့များကို မြို့ဝန် (၄) ဦးကို ခန့် ထားသည်။ ရခိုင်ပြည်ကို ယင်းမြို့ဝန်များအား
အုပ်ချုပ်ဇီသည်။ မြို့ဝန်များ အုပ်ချုပ်သည့်ကာလ (အေဒီ-၁၇၈၅ မှ ၁၈၂၆) ကို မြို့ဝန်များခေတ်လို့ 
ခေါ်ဆိုဂတ်သည်။

ကုမ္ပဏီခေတ်

မြို့ဝန်ခေတ်မှာ ရခိုင်နယ်စပ်သည် အင်္ဂလိပ်အရှိ အိန္ဒိယကုမ္ပဏီပိုင် အိန္ဒိယနန့်  နယ်နိမိတ် ထိစပ်လျှက် ဟိသည်။ ဗမာမင်းများနန့်  ကုမ္ပဏီအစိုးရရို့  နယ်နိမိတ်ပြဿနာကို ဖြိုက်ပေါ်ဇီသည်။ ယင်းကြောင့် ၁၈၂၄ ခု မတ်လ (၅)ရက်မှာ အင်္ဂလိပ်အရှိ အိန္ဒိယကုမ္ပဏီ
အစိုးရနန့်  စစ်ဖြိုက်ပွားရသည်။ ပထမ အင်္ဂလိပ်-ဗမာစစ်ပွဲ လို့  ခေါ်ဂတ်သည်။ ၁၈၂၆ ခု ဖေဖေါ်ဝါရီလ (၂၄) ရက်နိမှာ ချုပ်ဆိုရေ ရန္တပိုစာချုပ်အရ အင်္ဂလိပ်အရှိ အိန္ဒိယကုမ္ပဏီသည် ရခိုင်ပြည်ကို သိမ်းပိုက်ရဟိ သည်။ ၁၈၅၇ ခုမှာ ကုမ္ပဏီပိုင် နယ်မြီများအားလုံးကို အင်္ဂလန်ဟိ ဗဟိုအစိုးရက လွှဲပြောင်း ယူလိုက်သည်။ အင်္ဂလိပ်အရှိ အိန္ဒိယကုမ္ပဏီ အသိမ်းပိုက်ခံ နယ်တနယ်ဖြိက်တေ ရခိုင်ပြည်မှာ ၁၈၅၇ ခု မှစလို့  အင်္ဂလိပ်အရှိ အိန္ဒိယကုမ္ပဏီပိုင် ကိုလိုနီတနယ်အဖြိုက်မှ ဗြိတိသျှကိုလိုနီလက်အောက်ခံ နယ်တနယ်အဖြိုက် ရောက်ဟိလားသည်။ ယင်းကြောင့် ၁၈၂၆ ခု မှ ၁၈၅၇ခု အထိ နှစ်ပေါင်း (၃၀) ကျော် ရှည်ကြာခသည့်ကာလကို ကုမ္ပဏီခေတ် လို့  ခေါ်ဂတ်သည်။

ကုမ္ပဏီခေတ် ကြီးသုံးကြီး တော်လှန်ရေး

အင်္ဂလိပ်အရှိ အိန္ဒိယကုမ္ပဏီ နန့်  တာဝန်ထမ်းဆောင်ခသူ မင်းသားကြီး ရွှီဗန်း၊ ဒေ၀န်းကြီး အောင်ကျော်ရွှီ၊ မြို့သူကြီး အောင်ကျော်ဇံရို့ သည် ကုမ္ပဏီအုပ်ချုပ်ရေးနန့် ပတ်သက်လို့  တော်လှန်ပုန်ကန်မှုများ ဟိခသည်။ ယင်းကြီးသုံးကြီး တော်လှန်ရေးကို အကြောင်းပြုလို့ နှောင်းလူများကို အသိပီးသည့် နယ်ချဲ့ ဆန့် ကျင်ရေး တေးကဗျာမှာ “နပျိုးသီး ကျာကျာ” ဖြိုက်သည်။

နပျိုးသီး ကျာကျာ

နပျိုးသီး ကျာကျာ မှည့်လတ်ယာ (တေ)
ကြာဇံလင်လျာ(ရှာ) ဆိုလတ်ယာ (တေ)
ထီးနန့်  ထမ်းစင် အယင်ယူခ
စံရဖွေအိမ်နောက်က
အိမ်နောက်က အိမ်ရှင် မှင်းဂျိုးပင်
ပင်လီပင်စွပ်
ကပိုင်ရွာမှာ လီသသွပ်လေ လီသသွပ်နန့်  ... ။

နပျိုးသီးကျာကျာ (နီနီရဲရဲ) နန့်  ၀င်းမှည့်လို့  ဟိနီပါယာ။ ကြာဇံဆိုသူ မမပျိုအတွက် အိမ်ထောင်ဖက်ပြုဖို့  သူ(လင်)ကို ရွီးချယ်
သတ်မှတ် ပြောဆိုလို့  ဟိနီယာ ဖြိုက်သည်။ ထီးနန့်  ထမ်းစင်ကို အယင်အမြန်ယူခဖို့  မှာကြား ပြောနီပါသည်။ ယင်းထီးနန့်  ထမ်းစင်မှာ စံရဖွေဆိုသူ၏ အိမ်နောက်ဖက်မှာ ဟိနီပါသည်။ စံရဖွေအိမ်နောက်မှာ နီသူ အိမ်ရှင်မှာ မှင်းဂျိုးပင်ပိုင် ချိုင်တူးနီရေ အကျင့်ဟိသူ ဖြိုက်သည်။ ပင်လီပင်စွပ်သတ္တ၀ါ တကောင်မှာ ကိုယ်ပိုင်အခွံမဟိဘဲ တပါးသောသူ၏ အခွံမှာ ၀င်ရောက်လိ့ ဟိသည်။ ပင်လီပင်စွပ်ကောင်ပိုင် မှင်းဂျိုးပင်ပိုင်
ချိုင်တူးကောက်ကျစ်စဉ်းလဲသောသူမှာ လီပြေလီညှင်း တဖြူးဖြူးတိုက်ခတ် သာယာလှသည့် ကပိုင်ရွာမှာ စည်းစိမ်ခံနီပါသည်။

ကြာဇံလင်လျာ(ရှာ) ဆိုလတ်ယာ (တေ)

မင်္ဂလာအခမ်းအနားမှာ နပျိုးသီးမှာ အရေးပါသည်။ မင်္ဂလာဘိသိက်သွန်းရာမှာ အသုံးပြူသည့် နန်းစိုင်သုံးနပျိုးသီးမှာ ၀င်းမှည့်လို့  ဟိနီသည်။ ယင်းနန်းစိုင်သုံး နပျိုးသီးဝင်းမှည့်နီကြောင်းကို တေးကဗျာမှာ ဖေါ်ပြခြင်းသည် ရာဇဘိသေက မင်္ဂလာအခမ်းအနား ပြုလုပ်ဖို့  အချိန်ကျရောက်နီကြောင်းကို တေးကဗျာရွီးဖွဲ့ သူက တေးသီဆိုသူများ တနည်းအားဖြင့် ပြည်သူကို အသိပီးလိုက်ခြင်း ပင်ဖြိုက်သည်။

ရခိုင်ပြည်ကို ဦးစီးဦးဆောင်ဖို့ သူတိုင်းသည် မြောက်ဦးမြို့စောင့် နတ်သမီးနန့်  လက်ဆက်ဂတ်ရသည်။ ယင်းမှာ ရခိုင်ရို့  ဓလိ့ထုံး တမ်းစိုင်လာတခု ဖြိုက်သည်။ ရခိုင်ပြည်တခုလုံးကို ဦးစီးဦးဆောင်ဖို့ သူ မြောက်ဦးမြို့စောင့်နတ်သမီး ကြာဇံနန့်  လက်ဆက်မည့် သူကိုပင် ပြည်သူရို့ က လျာ (ရှာ) ထားဗြီး ဖြိုက်နီသည်။ ယင်းပိုင် မင်္ဂလာနပျိုးသီးမှည့်ဝင်းနီခြင်းနန့်  အချိန်အခါ ကျရောက်နီခြင်းနန့်  ရခိုင်ပြည်ကို ဦးစီးဦးဆောင်ဖို့ သူ ဟိနီခြင်းရို့ မှာ အချိန်နန့်  အခြေအနီကိုက်ညီနီကြောင်းကို တေးကဗျာရွီးဖွဲ့ သူက အလီးပီးဖေါ်ကျူးထားသည်။ တေးကဗျာ သီဆိုသူများအားလုံး တဆင့်လက်ဆင့်ကမ်းစကား ဆိုလိုက်ခြင်း ဖြိုက်သည်။

အချုပ်အချာ၏ လက္ခဏာ

်နိုင်ဂံတိုင်းမှာ အချုပ်အချာအာဏာ အမှတ်လက္ခဏာကို ဖေါ်ညွှန်းသတ်မှတ်ထားဂတ်သည်။ ထီးနန့်  ထမ်းစင်မှာ အချုပ်အချာ၏ အမှတ်အသား ဖြိုက်သည်။ ထီးနန့်  ထမ်းစင် မရှိနီခြင်းမှာ အချုပ်အချာကင်းမဲ့နီခြင်းကို ဖေါ်ညွှန်းသည်။ အကျွန်ရို့ ၏ ထီးနန့်  ထမ်းစင်ကို တနယ်တကျေးသား ရို့ုယူလို့ ထားခြင်းဖြိုက်ကြောင်းကို တေးကဗျာဖွဲ့ သူစာဆိုရှင်က သူ၏တေးကဗျာနန့်  ပြည်သူကို ညွှန်ပြထားသည်။ ပြည်သူ များအား မိမိရို့ အချုပ်အချာ တည်ဟိနိုင်ရေးကို မီးမောင်းထိုးပြလိုက်ခြင်း ဖြိုက်သည်။ ယင်းကို “ထီးနန့်  ထမ်းစင် အယင်ယူခ” လို့  ရွီးဖွဲ့ စပ်ဆိုခြင်းဖြင့် ကုမ္ပဏီခေတ်ပြည်သူရို့ အား တင်ပြလိုက်ခြင်း ဖြိုက်သည်။

စံရဖွေ

ကုမ္ပဏီခေတ်တွင် စံရဖွေအကြောင်းကို ချန်ထားခပါကေ ပြည့်စုံသည့် ကုမ္ပဏီခေတ်သမိုင်မှတ်တမ်းဟုတ်မေ မဟုတ်ပါ။ ကြီးသုံကြီးတော်လှန်ရေးအကြောင်း ပြောဆိုမှတ်သားရွီးသားဂတ်ပါကေ စံရဖွေနန့်  သူ၏အပေါင်းအပါ တကျိပ်ခြောက်ယောက်ရို့ ပါဗြီး ဖြိုက်သည်။ စံရဖွေနန့်  အပေါင်းအပါ တကျိပ်ခြောက်ယောက်ရို့ ကြောင်း ကြီးသုံးကြီးခေတ်တော်လှန်ရေးမှာ အောင်ပွဲနန့်  လွဲခရသည်။ ကြီးသုံးကြီး၏ ရဲတင်း၊ မော်ကွန်းရတုများမှာ ယင်းတကျိပ်ခြောက်ယောက်ရို့  ယုတ်မာပုံများကို ဖေါ်ထုတ်ထားသည် ကို တွိ့ ရသည်။ ယင်းရို့ မှာ -
- ကျောင်းတကာရဲဘော်သယ်၊ မြို့ထဲခဲပစ် ဆန္ဒညစ် နှင့် စင်စစ်လင်းငယ်သို့  သတ်စားမည်ကြောင်အလားနန့်  ပမာတူသူ၊
- ၀ံဟိန္ဒာ လွန်ယုတ်မာသည် မိစ္ဆာလူဗာလတို့  မည်နာမ စံရဖွေ ရှောက်ဖွေယူငြား၊ အောင်ကုလားနှင့် မယားငပုဝေရို့  မြေကြီးမျို တွင်းဆုံးကျများ။
- သူယုတ်လင်းပြန် ရင်ရနံ၊ တဖန်တိုးအောင်စသား၊ လူဗာလများ။
- လူဒိဌိငပုံသာ၊ ဟိန္ဒာသွေးသား အောင်ကုလားနှင့် ကုလားရွှေလုံး၊
- စံရဲဘော် တလင်သားမယားမျိုးနွယ် ငပုဝေကား ရှောက်ဖွေဒုံးကုလားနှင့် သင်ချီသားဒိုးအောင်ရှီ၊ လူလောင်ဟုဘိ၊ ပါတလီသား ဒိဌိဘိက်ကေနှင့် သက်နှံဝေ ကျွန်မသား၊ ကုလားလင်းပြန်ရင်ရနံ၊ လူလွန်ရှမ်းအောက်သား၊ သေအောင်မိုက်သည့် လူညစ်ဥဂါရှီ အစဟိသည်ရို့  ဖြိုက်သည်။

ယင်းတကျိပ်ခြောက်ယောက်ရို့ သည် ကုမ္ပဏီနယ်ချဲ့ သမားရို့ ပါးက တံစိုးလက်ဆောင်စားသည်။ မုသားစကားပြောပနာ တဖက်သူ များကို ရန်တိုက်ပီးသည်။ ယင်းကြောင့် စံရဖွေဆိုသည့် နာမေမှာ သာမန်လူတယောက်ဒေါ့ မဟုတ်ပါ။ တကျိပ်ခြောက်ယောက်ရို့  ဦးဆောင် စံရဖွေကို ရခိုင်အမျိုးသားရို့ က “စံရဖွေ” မှာ “ဖေါက်ပြန်ရေး လက္ခဏာ” လို့  မှတ်ယူထားဂတ်သည်။
တေးကဗျာရွီးစပ်သူ စာဆိုရှင်သည် ကုမ္ပဏီခေတ်၏ ဖေါက်ပြန်ရေးလက္ခဏာဖြိုက်သော စံရဖွေကို ကုမ္ပဏီအာဏာပိုင်ရို့ က လက်သပ်မွီးခသည်ကို ညွှန်ပြထားသည်။

ကုမ္ပဏီခေတ်မှာ ရာပသိန်သတ်၊ (T.C Robertson)၊ ကတ်တင်ဒေး သျှိန်သတ် (Captain Dickenson) ရို့ မှာ အင်္ဂလိပ်အရှိ အိန္ဒိယ ကုမ္ပဏီမှ ရခိုင်ပြည်အုပ်ချုပ်ရေးကို တာဝန်ပီးထမ်းဆောင်ခသူများ ဖြိုက်သည်။ သူရို့ သည် စံရဖွေနန့် အပေါင်းအပါရို့ ကို လက် သပ်မွီးခဗြီး ကြီးသုံးကြီးတော်လှန်ရေးကို ဖြိုခွင်းခသူများ ဖြိုက်သည်။ ကုမ္ပဏီအုပ်ချုပ်ရေးအာဏာပိုင်ရို့ သည် စံရဖွေနောက်ကွယ် မှာ ဟိနီသည့် အချုပ်အချာကို ယူထားသူများ ဖြိုက်သည်။ ယင်းကြောင့် အချုပ်အချာအမှတ်လက္ခဏာဖြိုက်တေ ထီးနန့်  ထမ်းစင် မှာ “စံရဖွေအိမ်နောက်က” လို့  တေးကဗျာမှာ စာဆိုရှင်က ရခိုင်ပြည်သူရို့ အား တင်ပြထားသည်ကို တွိ့ ရသည်။

အိမ်နောက်က အိမ်ရှင်

ကုမ္ပဏီခေတ်အုပ်စိုးသူများသည် နယ်ချဲ့ သမားများဖြိုက်သည်။ ကောက်ကျစ်များ ဖြိုက်သည်။ နယ်ချဲ သမားများအားလုံးသည် ကေက်ကျစ်ယုတ်မာသူများ ဖြိုက်သည်။ ရခိုင်ပြည်သူများဘားက ကြီးလီးသော အခွန်အကောက်များကို ကောက်ယူသည်။ ရခိုင်ပြည်သူရို့  ယုံကြည်အားထားရေ မင်းသားကြီး ရွှီဗန်း၊ ဒေးဝန်းကြီး အောင်ကျော်ရွှီ၊ မြို့သူကြီး အောင်ကျော်ဇံ ရို့ ၏ ဦးဆောင် မှုကို ခံယူသည့် စံရဖွေကို ရှိတန်းတင်ထားယောင်နန့်  သူရို့ ၏ ဦးစီးဦးဆောင်များကို ဖြိုခွင်းခသည်ကို သိရသည်။ မှင်းဂျိုးပင် အောက်ဟိ အိမ်ရာခေါင်မိုးမှာ မှင်းဂျိုးရွက်များ ကြွီကျခြင်းကြောင့် ပျက်စီးရသည်။ အထူးသဖြင့် မိမိရို့ မလိုလားမုန်းထားသူများကို မှင်းဂျိုးသီးပိုင် ချိုင်သူများဟု တင်စားပြောဆိုဂတ်သည်။ ယင်းပိုင် ရခိုင်ပြည်သူလူထု မလိုလားအပ်သူများမှာ ကုမ္ပဏီအာဏာပိုင် များ ဖြိုက်သော ရာပသိန်သတ်၊ ဒေးသျှိန်သန်၊ ပတ်တင်ရို့  ဖြိုက်သည်။ ယင်းကြောင့် ကုမ္ပဏီအာဏာပိုင်များကို “အိမ်နောက်က အိမ်ရှင် မှင်းဂျိုးပင်” လို့  မိမိရို့  ခံပြင်းမှုကို အလီးပီးဖေါ်ပြခြင်းဖြိုက်သည်။ စာဆိုသည် မိမိခံစားချက်ကို ပြည်သူရို့ နန့်  တထပ် တည်း ဟိနီကြောင်းကို သိသာထင်းရှာဇီသည်။

ပင်လီပွင်စွပ်

ပင်လီပင်စွပ် ပင်လယ်ကမ်းခြီ သောင်ပြင်များမှာ ကျက်စားသည့် အကောင်ငယ်(ချေ)များ ဖြိုက်သည်။ ယင်းအကောင်ငယ်တမျိုးမှာ
သူရို့ ၏ ကိုယ်ခန္ဓာ၌ ကိုယ်ပိုင်အခွံများ မဟိပါ။ အခြားခရုကောင်များ သီသည့်အခါ ကျန်ခသည့် အခွံများတွင် ခိုအောင်းနီထိုင် သည့် အကောင်ငယ်များဖြိုက်သည်။ ကိုယ်ပိုင်ခန္ဓာအတွက် အခွံမဟိလို့  အငှားခန္ဓာမြှောင်နီရသည့် အကောင်ငယ်များ ဖြိုက်သည်။
ကုမ္ပဏီအာဏာပိုင်များမှာ တနယ်တကျေးမှ ကျူးကျော်လာရောက်သူများဖြိုက်သည်။ သူရို့ ၏ နီရပ်မှာ အတည်အကျ ဟိသူများ မဟုတ်ပါ။ မိမိရို့ ပြည်ရွာကို မတရားသိမ်းထားသည်။ မိမိရို့ အိမ်ရာများကို ပိုင်စိုးပိုင်နင်း နီထိုင်သူများ (အဂုဆိုပါကေ ဗမာများ လည်း ရခိုင်ပြည်ကို နယ်ချဲ့ သိမ်းပိုက်ထားသများဖြိုက်သည်၊) ဖြိုက်လို့  သူတပါးအခွံနန့် နီသည့် ပင်လီပင်စွပ် အကောင်ငယ်များ ပိုင် ကုမ္ပဏီအာဏာပိုင်ရို့ လည်း အတူတူပင် ဖြိုက်သည်။ ယင်းကြောင့် စာဆို၏ တေးကဗျာမှာ “ပင်လီပင်စွပ်” လို့  ရွီးဖွဲ့ ထားသည်။ ကုမ္ပဏီအာဏာပိုင်ရို့ ၏ သဘောလက္ခဏာကို ပေါ်လွင်အောင် ဖေါ်ပြနိုင်ခြင်း ဖြိုက်သည်။

ကပိုင်ရွာမှာ လီသသွပ်

“သကြစ်တထောက်ဖြစ်၊ တရာသျှစ်ဆယ်၊ စွန်းနှစ်ခုတည်း၊ မာဃဖြစ်လဆန်းသာ၊ ငါးရက်နိနီထွက် တပိုရ်ကျော်တွင် မြို့ဝန်လျှင် ပတ်တင်သက်၊ ကက်တင်ဟုမှတ် ဒေသျှိန်သတ်နှင့် တိုင်ပင်ကြည်ရှူလတ်၍ စစ်တွေရပ်နားမှာ၊ ကောင်းသည့်အခါဝယ်၊ မြို့ရွာစ သည် လုပ်ပါလျက် ” လို့  ဒေးဝန်းကြီး အောင်ကျော်ရွှီ၏ သျှိုးလိုက်ရတအရ စစ်တွေမြို့တည်ထောင်ပုံကို တွိ့ ရသည်။
ယင်းကြောင့် စစ်တွေမြို့ကို ၁၁၇၈ ခု တပို့ တွဲလဆန်း (၅) ရက်နိ ကုမ္ပဏီခေတ်မှာ တည်ထောင်ခသည်။ အာဏာပိုင်များဖြိုက်သော ရာပသိန်သတ်၊ ဒေးသျှိန်သတ်၊ ပတ်တင်ရို့ မှာ စစ်တွေမြို့ တည်ထောင်စကဗင် နီခသူများ ဖြိုက်သည်။
အဂုစစ်တွေမြို့ ပြည့်သူ့ ဆီးရုံကြီးမှ ဗုဒ္ဒမော်တ၀ိုက်မှာ ခ၀ါသည်ချောင်းနန့်  ကပိုင်ချောင်းနှစ်ချောင်းရို့  ဂစ္ဆပနဒီသို့ စီးဝင်သည်။ ကပိုင်ချောင်းနားတ၀ိုက် (အဂု စစ်တွေထောင်နန့် ပြည်သူ့ အိုးအိမ်တိုက်တန်းအနီးတ၀ိုက်) မှာ ကပိုင်ရွာ ဟိခရေလို့  အဆိုဟိရေ။ ယင်းကပိုင်ရွာမှာ ကုမ္ပဏီအာဏာပိုင်များ နီထိုင်ရာ အရပ်ဖြိုက်သည်။
ကပိုင်ရွာမှာ အီးချမ်းသာယာလှသည်။ ကုမ္ပဏီအာဏာပိုင်များသည် ဂစ္ဆပနဒီမှ တိုက်ခတ်လာသည့် လီပြေလီညှင်း၏ အရသာကို ခံလို့  စည်းဇိမ်စံစားလျှက် ဟိသည်။ ယင်းသို့  စည်းဇိမ်ခံနီပုံကို “ကပိုင်ရွာမှာ လီသသွပ်နန့် ” လို့  ပေါ်လွင်အောင် သရုပ်ဖေါ်ပြ ထားသည်ကို ဖတ်ရှုရပါသည်။

နာမေမသိ စာဆိုရှင်

ကုမ္ပဏီအခြေအနီကို နောက်ခံထားလို့  ရခိုင်တော်လှန်ရေး ဖြိုက်စိုင်နန့်  ရခိုင်ပြည်သူရို့ ၏ ခံစားချက်များကို စာဆိုရှင်က တေး ကဗျာရွီးဖွဲ့  စပ်ဆိုထားခသည်။ ယင်းတေးဖွဲ့ သီကုံးခသည့် “နပျိုးသီးကျာကျာ”ကို ရခိုင်ပြည်သူရို့  နှုတ်မှာတရွရွ သီဆိုခဂတ်သည်။ အထူးသဖြင့် သီဆိုရွတ်ဆိုလွယ်သော တေးကဗျာဖြိုက်သည်။ မိမိရို့ သားသမီးအချေရို့ ကို အငယ်ခါ သီဆိုချော့သိပ်ခဂတ်သည်။
ရခိုင်ပြည်သူရို့ အား ကြီးသုံးကြီးတော်လှန်ရေးဖြိုက်စိုင်ကို သတိရဇီရန် ရည်ရွယ်စပ်ဆိုထားခြင်း ဖြိုက်သည်။ ယင်းကြောင့် အချေသူငယ်များအား ပင်လီပင်စွပ်ပိုင်လူများ၊ စံရဖွေပိုင်လူများကို ဆန့် ကျင်ဖယ်ရှားနိုင်ရေးကို အလီးပီးရွီးဖွဲ့ ဆိုထားသည်။ ပြည်သူကို ဦးဆောင်ဖို့ သူများ ရွယ်ရွယ်ထားသည်။ အမျိုးချိုက်စိတ်နန့်  အမျိုးသားရေးမာန်ကို ပြည်သူရို့ ၏ စိတ်မှာ ကိန်းအောင်း ဇီလိုရေ စေတနာ ဆန္ဒများကို “နပျိုးကျာကျာ”မှာ တွိ့ မြင်နိုင်သည်။ အမျိုးသားရေးအားမာန်ကို တိုးပွားဇီဖို့  တေးကဗျာကို ရွီးစပ်ခ ရေ ပုဂ္ဂိုလ် စာဆိုရှင်မှာ ကုမ္ပဏီခေတ်တွင် ပေါ်ထွန်းခရေလို့  သတ်မှတ်နိုင်သည်။ ပြည်သူရို့ ၏ အားမာန်ကို နိုးကြွဇီရေ တေးကဗျာ ကို ရွီးစပ်ခသူ၏ နာမေနန့်  အကြောင်းအရာ ဖြိုက်စိုင်များကိုကား မသိရပါ။ ယကေလေ့ “နပျိုးသီးကျာကျာ” တေးကဗျာမှာ ရခိုင်ပြည်သူရို့ ၏ နှလုံးသားထဲမှာ သာဒုန်း ..... အီးဒုန်း ..... သီဆိုဒုန်း ..... ကိန်းအောင်းနီဒုန်း ......ဗင်။

( မှတ်ချက်။ ။ ဒေ “ကုမ္ပဏီခေတ် နယ်ချဲ့ ဆန့် ကျင်ရေး တေးကဗျာ (နပျိုးသီး ကျာကျာ) ကို အဓိပ္ပာယ် ဖွင့်ဆိုခြင်း” ဆောင်းပါး ကို ၁၉၉၆ ခုနှစ် စက်တင်ဘာလထုတ် ရခိုင်တန်ဆောင် အမှတ် (၁၉)မှာ ထွန်းအောင် (ဘောင်းဒွတ်)က ရွီးသားထားခြင်းကို ပြန် လည် ကူးယူဖေါ်ပြထားခြင်းဖြိုက်သည်။ ကူးယူဖေါ်ပြသည် ဆိုကေလေ့ အကျွန်က ရခိုင်မူပြန် လုပ်ထား ခြင်း ဖြိုက်သည်။ မသိသော သူများ သိဟိဇီဖို့  ရည်ရွယ်တင်ဆက်ခြင်း ဖြိုက်သည်။ ဖတ်ရှုသူများမှတဆင့် ပြန်လည် ပြောပြပီးနိုင်ဂတ်ပါဇီ။ )

-------------------
AMP Seim Lann Oung ဘားကကူးယူ


“ကွာဟချက် (Gap)”

ရက္ခပူရလို့ခေါ်ကတ်တေ ရိုးတောင်အောက်ခြီက အမေရိကကိုပင် လားလား စင်ကာပူမှာ ပင် နိန်နိန်... ဂျပန်ကိုပင် ရောက်ရောက်...အိန္ဒိယ နီပေါ မလေး ထိုင်း ဥရောပတိုင်းပြည်တိမှာပင် သောက်လို့ ယစ်နီကတ်ပတ်စီ.. ဇာတိုင်းပြည်ဇာနိုင်ငံကိုပင်ရောက်ရောက် မြီအောက်က ငရဲပြည် အာဂါထက်ကနတ်ပြည်ကိုပင် ဇောက်ထိုးပျံတက်လားကတ်ပတ်စီ.... ရခိုင်သားတိမှာ တူညီရေ အချက်တခုဟိရေ။ ယင်းချင့်က ကျောသားရင်သား မခွဲခြား.. ဆင်းရဲချမ်းသာမခွဲခြား.. ပညာတတ် ပညာမဟိ မခွဲခြား.. လူ ဘုန်းကြီး သူတော်မ မခွဲခြား.. သူတောင်းစား ဘိန်းစား ဆရာဝန် အင်ဂျင်နီယာ နိုင်ငံရေးတော်လှန်ရေးသမား မခွဲခြား... အချေ အစိတ်ကေချေ အပျိုမ အပျိုထီး ၀ါကြီးမ လအိုကြီး မခွဲခြား... တန်းတူညီမျှခြင်းပြည့်ပြည့်၀၀နန့် ဗမာကျွန် ဖြစ်နိန်ရခြင်း ပင် ဖြစ်တေ။

စင်ကာပူမှာ လစာ ၅၀၀၀ ရပတ်စီ.. ရခိုင်သားမှန်ကေ ဗမာကျွန်ဗျာလ်ယေ ဝေ.. ငါ့ညီချေ။ အမေရိကန်မှာ ဟားဗတ်က ကျောင်းပြီးလို့ ဆင်းလာပတ်စီ.. ရခိုင်ဆိုကေ မင်းစွာ ဗမာကျွန်ဘ၀ကို ရောက်နိန်ရရေယေဝေ ငါ့တူချေ။

ရခိုင်သားတသန်းလောက်ကို ရက်ရက်စက်စက်သတ်ပြီးကေ နှစ်ပေါင်းနှစ်ရာကျော်ကျွန်ပြုထားရေ ဗမာတိကို ရခိုင်ပြည်က တိုက်ထုတ်ပြီးကေ သီးခြားလွတ်လပ်တေတိုင်းပြည်ကို ပြန်ပနာ မထူထောင်နိုင်ရေ ကာလပတ်လုံး မာန်အောင်မှာပင် နိန်နိန် ရမ်းဗြဲကျွန်းမှာပင် နိန်နိန် တောင်ကုတ်သံတွဲ ဟိုင်းကြီးကျွန်း ပလက်ဝ မီးချောင်း ပီချောင်းဖျား အမ်းဂွ
လေးမြို့ ချောင်းဖျားမှာပင် နိန်နိန် မြောက်ဦး မင်းပြားကျောက်ဖြူစစ်တွေ မောင်တောဘူးသီးတောင် ကျောက်တော်ပေါက်တောမြေပုံ ပုဏ္ဏားကျွန်း ရသေ့တောင်မှာပင်နိန်နိန် မင်းရို့ ငါရို့  ရခိုင်သားတိစွာ ရခိုင်သားမျက်နှာ ရခိုင်သား အသွီးအသားနှလုံးသားနန့် ဗမာကျွန်ဖြစ်နိန်ကတ်ရရေယေ ဝေ။

မောင်ရို့ က ရွှေတောင်ကြား ကျောက်မြောင်း ကျောက်ကုန်း ရှစ်မိုင် ကိုးမိုင် ကျောက်တံတား ဗိုလ်တထောင် မှာ နိန်စွာပါရာ လို့ ဆင်ခြီဆင်လက်တိ ပီးနိုင်ကေလေ့ ရခိုင်မှန်ကေ ဗမာကျွန်ဘ၀ကို ရောက်နိန်ရရေလို့ မှတ်ထားလိုက်ပါဝေ ငါ့ညီချေ။

ဒဗြုတ်သီးတလုံးမျိုချထားရရေပိုင် ရင်ဖတ်ဆို့ပနာ ၀မ်းနည်းဖို့ ကောင်းစွာတခုက ဗမာကျွန်ဖြစ်လာစွာ နှစ်ပေါင်းနှစ်ရာကျော်ကြာလာကေလေ့ အဂုထက်ထိ တော်လှန်ရေးနိုင်ငံရေးလုပ်ဖို့ ရခိုင်သားအယောက် ၂၀၀ စုလို့ မရနိုင်သိမ့်။ ပြောကေ အမျိုးချစ်တေ လတ်။ မျက်နှာကို တဗျင်းသတ်ပနာ သံပုရာသီးလူးပီးထားပစ်ခဖို့ ကောင်းရေ။ ယာ.. အရာလေ့ ပြောပါဂါ... အမျိုးချစ်တေ လတ်။ ဒေ အေအမ်ပီမှာတောင် နိုင်ငံရေးကို ပုတ်လောက်ရိုင်လောက်ရွီးပြကေတောင်မှ ဇာချင့်လဲမသိလို့ ပြန်ပြောဖို့ ပဇာ့ဟနိန်ရေ ရခိုင်သံခမောက်ဆောင်း ကျွန်ဘ၀မှာ ပျော်ကြီးကျနိန်ရေ လူတိ အများကြီး ဟိနိုင်ရေ။

အရေအတွက် မဟိရေပိုင် အရည်အချင်းလေ့ မဟိရေ အတွက် ရခိုင်နိုင်ငံရေးတော်လှန်ရေးစွာ ခွီးဖျာလိပ်ခေါင်းကို ၀င်နိန်ရရေပိုင် ထွက်ပေါက်မဟိ... တိုးတက်လာခြင်းမဟိ ပြောင်းလဲလာခြင်း မဟိ ဖြစ်နိန်ရေ။

ယင်းအတွက်နန့် ဒေ ကွာဟချက် (Gap... လူမျိုးတမျိုးလွတ်မြောက်ဖို့ လူတိုင်းက အခြီခံအမျိုးသားနိုင်ငံရေးအသိစိတ်ဓါတ် ဟိဖို့ လိုသည်။) ကို ဖြည့်ဖို့ ရခိုင်အထီးအမ အခြောက်တိ အပါအ၀င် အားလုံးသူရို့  အသက် ဆယ့်ရှစ်နှစ်ကျော်ကေ နိုင်ငံရေးစာပီကိုဖတ် လေ့လာ .. ယပြီးကေ နိုင်ငံရေးတော်လှန်ရေးထဲမှာ ကိုယ်တိုင်ကိုယ်ကျ ဘ၀မြှပ်ပနာ ပါဝင်ကတ်။ အပြင်က အရက်ယစ်ကေ အမျိုးကိုချစ်တေ ဆိုပြီးကေ မအာကေ့ တချက်။ ငါ့မှာ မွီးဇပ်ထားရေ သာလိကာချေတောင် အမျိုးချစ်တေလို့ ပြောတတ်နိန်ဗျာလ်။ ဇာ တတ်ယောင်ကားရခိုင်သားပါးက ရောဂါကူးလာလေ မသိ။

ရခိုင်ဘုန်းကြီးတိကို လျှောက်ထားချင်စွာက ရခိုင်ရို့ လူ့ဘောင်ကို အစိုင်အဆက်ထိန်းကျောင်းပါလတ်တေ မင်းဆရာလုပ်ပါလတ်ကတ်တေ (Moral Authority) ဆိုရေ ဂုဏ်ဒြပ်နန့် ကိုက်ညီဖို့ မျက်စိနားပိတ်နိန်ရရေ ရခိုင်သားတိကို နိုင်ငံရေးတရားဟောကတ်ပါ။ Religious study ထက် Political Sciences, Law, Sociology and Economics တိကို လေ့လာပနာ ရခိုင်သားတိ ဗမာကျွန်ဘ၀က လွတ်မြောက်ဖို့ ဦးဆောင်သင့်ပါရေ။ ကွဲပြဲနိန်ရေ ခွီးပိုင်ကိုက်နိန်ကတ်တေ တော်လှန်ရေးနိုင်ငံရေးအဖွဲ့အစည်းပါတီတိကို ကြားက ၀င်ဖျိုင်ပနာ ညှိနှိုင်းပြီးကေ ညီညွတ်ရေးတည်ဆောက်ပီးရေ ဒိုင်လူကြီးတာဝန်ကိုလေ့ ရခိုင်ဘုန်းကြီးအဖွဲ့ချူပ်ကရာ တာဝန်ယူသင့်ပါရေ။ ရခိုင်သားတိမှာ လိုအပ်နိန်စွာက ကိုယ်ပိုင် Political Identity ဖြစ်တေအတွက်နန့် ဗမာတိနန့် ရောပနာ ယောင်ခြောက်ဆယ် မလုပ်ကတ်ပါကေ့ တချက်။

အူမတောင့်မှ သီလစောင့်နိုင်ဖို့ ဆိုရေ စကားပိုင် ရခိုင်သားအားလုံး ဗမာစစ်ခွီးတိ ဂုတ်သွီးစုပ်ထားလို့ ငတ်နိန်ရရေ ဘ၀မှာ ငါးပါးသီလ ခြောက်ပါးသီလ ပရိတ်ကြီး ဆယ့်တသုတ် ထိုသုတ်ဒေသုတ်တိ အရေးမကြီးလိုက်ပါဗျာလ်။ တယောက်စ နှစ်ယောက်စလောက်ရာ နားလည်နိုင်ရေ နိရောဓသစ္စာတရားထက် လူ့အဖွဲ့အစည်းတခုလုံးလွတ်မြောက်စီဖို့ နိုင်ငံရေးတရားကိုဟောခြင်းက ဒေအချိန် ဒေကာလမှာ ပိုပြီးကေ အသုံးတည့်ဖို့ ထင်ပါရေ။

ကွက်လပ်ချေတိ ဖြည့်ပီးကတ်ပါမေ။ ။ ။


(စိတ်ကူးခြောက်ပိဿာနန့်  မြောက်ဦးကဘီလူး )


ဆင်ခြီကို ဆင်ခြီပီးခြင်း (Giving reason to reason)

ရခိုင်သားက ရခိုင်စာကို မရီးခြင်းရေ ကိုယ့်ကိုမွီးထုတ်ပီးလိုက်တေ အမိအဖ သမိုင်းစိုင်ဆက်ထိန်းသိမ်းပါလတ်တေ ရခိုင်ရို့ ယိုင်ကျေးမှု (အင်္ဂလိပ်ပိုင် Civilization) ရိုးရာအမွီအနှစ် စာပီဂီတ လူ့ အခြီခံအသိစိတ် ကိုယ်ကျင့်တရား လူ့ ဘောင်နီတိ အစဟိရေ လူဖြစ်ခြင်း၏အဆီအနှစ်တိ အားလုံးကို လက်ခံဖို့ ငြင်းဆန်လိုက်ခြင်းပင် ဖြစ်တေ။ တိရစ္ဆာန်တိစွာ အစာစားတတ်တေ၊ အိပ်တတ်တေ၊ ကာမမှီဝဲတတ်တေ။ ယေကေလေ့ ယင်းသူရို့ မှာ စာ မဟိ။ ယင်းပိုင်ဗျာယ် ကိုယ့်မှာဟိရေ ရခိုင်စာကို မရီးရေ ရခိုင်သားစွာ တိရစ္ဆာန်ဘ၀ကို ဖဲသာပီးစရာမလို အော်တိုရောက်လားကတ်ရဖို့ စွာက ကျိန်းသီနိန်ရေ။

ရခိုင်ရို့ သမိုင်းကို စာမျက်နှာတရွက်ချေလောက် လှန်ကြည့်လိုက်ဖို့ ဆိုကေ ရခိုင်သားတိမှာ စာဟိစွာ ထိုဖက်ကမ်းကိုတောင်ရောက်လားသိမ့်ရေ။ ဗမာတိ လူမဖြစ်ခင်ကပင် ရခိုင်သားတိ တိုင်းပြည်နိုင်ငံထူထောင်ပါလတ်စွာ နှစ်ပေါင်းထောင်ချီလားခဗျာယ်။ ဗမာတိလူလို့ စဖြစ်တေ အချိန် အေဒီ 849 ပုဂံကို ထူထောင်ရေ ကာလမှာ ရခိုင်သားတိစွာ ပထမဓည၀တီ ဒုတိယဓည၀တီ စိုင်းဒြားခေတ် ဝေသာလီ စရေ ခေတ်ကြီးလေးခေတ်ကို ထူထောင်ပနာ နိန်ပါလတ်ကတ်ဗျာယ်။ ဒေပိုင် သမိုင်းပုံရိပ်ကြီးခကတ်တေ ရခိုင်သားတိ ဒေနိန့် ကာလမှာ ကိုယ်ရို့ အဖိုးအဖီးတိ ထားပစ်ခရေ ကိုယ်ရို့ စာကို ရီးကတ်ဖို့  ဖင်ကချီးထွက်အောင် အော်ပြောနိန်ရစွာ နွားတိကို ဟဲဗီးမယ်လ်တေလ် တေးခြင်းလားဆိုပြနိန်ပိုင် ဖြစ်နိန်ရရေ။


ရခိုင်သားက ရခိုင်စာကို တန်ဖိုးမထား မရီးကတ်ခြင်း၏ ဆိုးကျိုးတိ

(၁) စာပီပျောက်ခြင်း (စာပီပျောက်ကေ လူမျိုးတုံးလားဖို့ စွာက ဗေဒင်မိန်းစရာ မလို။)
(၂) သမိုင်းယိုင်ကျေးမှု အစိုင်အလာ ဓလေ့ထုံးတမ်းစိုင်လာ မျိုးရိုးဗီဇ အတွေးအခေါ် အမြင် ယုံကြည်ချက် တိ အားလုံးပျောက်လားခြင်း (အေချင့်တိအားလုံးကို စာနန့် ရာမှတ်တမ်းတင်လို့ ရရေ။)
(၃) ဗမာစာကို လားရီးနိန်ကတ်ခြင်းက ကိုယ့်သီတွင်းကို ကိုယ်လားတူးပိုင်ဖြစ်နိန်ပနာ ခွီးထက်အဆင့်နိမ့်ရေ ဗမာဘားမှာ ကျွန်ဖြစ်နိန်ရစွာကို ပျော်ပါရေ လို့  ၀န်ခံခြင်းနန့် လားတူနိန်ရေ။

ရခိုင်စာမရီးချင်ရေ ရခိုင်သားရို့ ၏ဆင်ခြီ

(၁) အချေခါ ကျောင်းမှာ ဗမာပိုင်သင်လာရလို့  ရခိုင်ပိုင် မရီးတတ်လတ်။ (အဂုဒေစာကို ရီးနိန်ရေ မြောက်ဦးကဘီလူးလေ့ အချေခါ ကျောင်းမှာ ဗမာခွီးစာကို မသင်ချင်ပဲနန့်  အားဓမ္မသင်လာရစွာပါရာ။)
(၂) ရန်ကုန်မှာ အနိန်များလို့  ရခိုင်စာမရီးတတ်ပါ။ (အဂုစာရီးနိန်ရေ မြောက်ဦးကဘီလူးလေ့ ရန်ကုန်မှာ အကောင်းဆုံးတက္ကသိုလ်တခုမှာ (၇) နှစ်လောက် ကျောင်းတက်ခရေ လူပါရာ။)
(၃) ဗမာအပါအ၀င် ကျန်ရေ တိုင်းရင်းသားလူမျိုးတိပါ ဖတ်စီချင်လို့  ဗမာပိုင် ရီးရေလတ်။ အေပိုင် ရီးခြင်းကို အမြင်ကျယ်ရေလို့  ပြောကတ်သိမ့်ရေ။ (လက်တွိအခြေအနေမှာ ဗမာခွီးစာကို ကျန်ရေ ကချင်၊ ကယား၊ ကရင်၊ မွန်၊ ရှမ်း၊ ချင်းတိ တယောက်လေ့ မဖတ်ကတ်။ သူရို့ မှာ သူရို့ ကိုယ်ပိုင် ဘာသာစကားစာဟိရေ။ သူရို့ စာကို သူရို့ ချစ်မြတ်နိုးကတ်တေ။ သူရို့ ဝက်ဆိုဒ်တိကို သူရို့ စာ
နန့် ရီးကတ်တေ။ မယုံကေ အောက်မှာလားကြည့်ကတ်ပါ။)

http://kachinnews.com/kachin/

http://www.monnews-imna.com/monindex.php

http://www.kwekalu.net/>

http://www.mongloi.org/

http://www.kaowao.org/mon/


ဗမာဆိုရေ ခွီးတိကလေ့ သူရို့ ဗမာတိရီးရေ ဗမာစာကိုရာ လားဖတ်တေ။ ရခိုင်တိ ဆီဆွတ်ချင်ရေစိတ်နန့် ရီးထားရေ ဗမာစာကို ဗမာတိစိတ်မ၀င်စား။ လူမျိုးရေးမုန်းတီးခွဲခြားဆက်ဆံချင်ရေစိတ် အဟိဆုံးလူမျိုးစွာ ဗမာဖြစ်တေ။ ရခိုင်သားတိ ခံစားနိန်ရရေ အကြောင်းအရာတိကို ဗမာကိုလားပြောနိန်လို့ မရ။ ခွီးကို နိဗ္ဗာန်ရောက်ကြောင်းတရား လားဟောပြပိုင်ဖြစ်နိန်ဖို့ ။ နာဂစ်ဖြစ်တေခါ ဟိုင်းကြီးကျွန်းက ရခိုင်တိကို ဗမာတိလားပြီးကေ အကူအညီမပီးပါ။ ရခိုင်ဖြစ်နိန်လို့  လတ်။ ဧရာဝတီတိုင်းက ကရင်ရွာတိကိုလေ့ လားပြီးကေ အကူအညီမပီးကတ်။ ကရင်ဖြစ်နိန်လို့ ပါလတ်။ ယင်းအတွက်နန့်  ကိုယ့်ကိုယ်ကို အမြင်ကျယ်ရေလို့ ထင်ပနာ ဗမာစာကို လားရီးနိန်ရေ ရခိုင်သားတိစွာ အမြင်ကျယ်စွာက မဟုတ် ဆီဆွတ်စွာများလားလို့  ဖင်ကျယ်နိန်ခြင်းရာ ဖြစ်တေ။ အဂေါင့်ဂေါင့် အမြင်ကျယ်ချင်ကေ ကမ္ဘာသုံးဘာသာစကား (၅) မျိုးထဲက တမျိုးမျိုးကို အလှပလတတ်အောင်သင်.. ယေပြီးကေ ရခိုင်ပြည်မှာ ဖြစ်ပျက်နိန်ရေ အကြောင်းအရာတိကို ယင်းဘာသာကြီးတိနန့်  ရီးပါ။ ရခိုင်သားတိ ဗမာကျွန်ဘ၀မှာ ငရဲကျနိန်စွာကို ကမ္ဘာ့ယိုင်ကျေးရေအသိုင်းအ၀ိုင်းတိသိအောင်လုပ်နိုင်ခြင်းကရာ သွီးစစ်တေ အမြင်ကျယ်ခြင်းလို့  လက်ခံရပါဖို့ ။

ရန်ကုန်မှာကျောင်းတက်တေ အချိန်ကဆိုကေ ဗမာတိက ဘီလူးကို ပြောရေ “ဗမာစကား မပီလတ်”။ ယေကေ ဘီလူးက ဗမာတိကို ပြန်ပြောရေ “ငါကား ဗမာက မဟုတ် ရခိုင်ရာ။ ဇာဖြစ်လို့  ဗမာစကားပီရဖို့ စွာလဲ။ ဗမာစကားပီကေ မင်းရို့ ညီမတိကို တက်ခွလို့ ရ
ဖို့ လား... မင်းရို့  အပြန်အလှန်အသိဥာဏ်ဟိကေ ရခိုင်စကားပြောကြည့် ရဖို့ လား”။ အေပိုင်ပြန်ပြောလိုက်ခါကပင် တခါချေလေ့ ဗမာစကားမပီလို့  ပဇာ့မဟ၀ံ့ကတ်ဗျာယ်။

ကိုယ့်စာကို ကိုယ်မလေးစားခြင်းရေ မိမိကိုယ်ကို အသိအမှတ်မပြုခြင်းနန့်  အတူတူဗျာယ်။ ဒေစာကို ဆင်ခြီတိပီးပနာ ဗမာစာရီးနိန်ကတ်တေ ရခိုင်သားတိ ဖတ်ပြီးကေ ဆင်ခြင်နိုင်ကတ်ပါစီ။ ။ ။


( စိတ်ကူးခြောက်ပိဿာနန့်  မြောက်ဦးကဘီလူး )


ရခိုင့်စာပီလှုပ်ယှားမှု နှုတ်ခွန်းဆက်စကား

ရခိုင့်စာပီလှုပ်ယှားမှု (Arakanese Literature Movement) ကို ရီခံမြီခံကောင်းပနာ ရခိုင်မျိုးဆက်သစ်ချေတိ ဆုံတွိကတ်တေ ဒေအေအမ်ပီရပ်ဝန်းမှာ အဂုအချိန်ကစပြီးကေ စတင်လိုက်ပါကြောင်း ရခိုင်သူရခိုင်သားအပေါင်းကို အသိပီးလိုက်ရပါရေ။ ဒေလှုပ်ယှားမှုကို ဦးဆောင်လားဖို့ အဖွဲ့ က ရခိုင့်စာပီကွန်ယှက် (Arakanese Literature Network) ဖြစ်ပါရေ။ အေအဖွဲ့  ၏ ဆောင်ပုဒ်က

“ ရခိုင်စာ ရခိုင်စကား
ရခိုင်ရို့ လေးစား တန်ဖိုးထား”

“အမျိုးသီလ နှစ်ဌါနနန့် 
စာပီကိုယ်ပါ ချစ်မြတ်နိုး
အေချင့်စွာ ရခိုင်လူမျိုး”

“စာပီတောက်ပြောင်ကေ
ရခိုင်ရို့ လူ့ ဘောင်လေ့ တိုးတက်မေ”

“စာပီတိုက်ပွဲ ငါရို့ ဆင်နွဲ
စာပီဂုဏ်ရောင် ထွန်းလင်းပြောင်
ရခိုင်ရို့ အကျိုးကိုဆောင်…။”

အေအဖွဲ့ ကို ရခိုင်စာပီဖွံ့ ဖြိုးတိုးတက်လာစီရေး ဆိုရေ စုပေါင်းမျှော်လင့်ချက် (Collective Hope) အတွက် စုပေါင်းဦးဆောင်မှု (Collective Leadership) စုပေါင်းလုပ်ဆောင်မှု (Collective Activity) နန့်  တစ်ယောက်ချင်းစီက ကိုယ်ပိုင်အသိစိတ်နန့် ပါဝင်မှု (Individual Participation by Own Conscience) တိမှာ အခြီခံပနာ ဖွဲ့ စည်း တည်ဆောက်ထားပါရေ။ ရခိုင်စာပီအတွက် ပီးဆပ်လားဖို့ ဆိုရေ မြင့်မြတ်တေ စိတ်ဆန္ဒနန့်  အဖွဲ့ ဝင် ချင်ရေ ရခိုင်သူရခိုင်သားတိုင်းကို အပြုံးပန်းနန့် လက်ကမ်းလို့ ကြိုဆို နိန်ပါယင့်။ ရခိုင့်စာပီလှုပ်ယှားမှုမှာ ရခိုင်ဆိုရေအသိနန့်  အားလုံးသူရို့ ပါဝင် ဆင်နွဲလားကတ်ဖို့ ရခိုင်သားတိုင်းက ရခိုင်စာပီဖွံ့ ဖြိုး တိုးတက်လာရေးမှာ တာဝန်ဟိရေဆိုရေ စိတ်ဓါတ်နန့် ကူညီလားကတ်ဖို့ တိုက်တွန်း နိုးဆော်လိုက်ရပါရေ။

အဂုဆိုကေ ကမ္ဘာ့ရွာထက်မှာ ဟိကတ်တေ ရခိုင့်စာပီကွန်ယှက်အဖွဲ့ ဝင်သူရဲကောင်းကွန်မန်ဒိုတိက သူရို့ ကိုင် ထားကတ်တေ ကလောင်လက်နက်တိကို ထက်နိန်အောင်သွီးပနာ လက်စွမ်းပြနိန်ကတ်ပါဗျာယ်။ တချို့ ကဆိုကေ ၀က်ပ်ဆိုဒ်တိ ဘလော့ဂ်တိဖွင့်ပနာ ရခိုင်စာပီရီစီးကြောင်းအားကောင်းမောင်းသန်စီးဆင်းဖို့  ကြိုးပမ်းအားထုတ်နိန်ကတ်ပါဗျာယ်။ ဗုဒ္ဓသားတော် ရခိုင်ရဟန်းသူမြတ် တိကလေ့ တကာတကာမတိကို အဂုလက်ဟိလူ့  ဘောင်လောက ထဲက နိဗ္ဗာန်ကိုရောက်စီဖို့  စာပီတရားရီအီး တိုက်ကျွေးပနာ လမ်းညွှန်ပြပီးနိန်ကတ်ပါရေ။

အေရခိုင့်စာပီကွန်ယှက်က လုပ်ဆောင်လားဖို့ မျှော်မှန်းထားကတ်တေ ရှိလုပ်ငန်းစိုင်တိကတော့ကေ တတ်နိုင်ရေ သဒ္ဓါတရား
နန့် ကိုယ်ရို့ အိတ်ထဲက စိုက်ပနာ ဘုံဖဲသာတိ စုဆောင်းပြီးကေ ရခိုင်ပိုင်ရီးသားထုတ်ဝီထားရေ စာအုပ်စာတမ်းတိကို စုဆောင်းလားကတ်ပါဖို့ ။ ရခိုင့်စာပီလက်ရာကောင်းတိကို စုပေါင်းပနာ မဂ္ဂဇင်းဂျာနယ်တိ ထုတ်လားကတ်ပါဖို့ ။ စာပီအကြောင်းအရာဆွေးနွေးခန်းအသံဖိုင်တိကိုလေ့ ထုတ်လွှင့်ပီးလားပါဖို့ ။ ယပြီးကေ ရခိုင့်စာပီလှုပ်ယှားမှုမှာ တယောက်လေ့ပဲ့မကျန် လိုက်ရအောင် ရခိုင်နိုင်ငံရေးပါတီ တော်လှန်ရေးအဖွဲ့ အစည်း သတင်းဌါနမီဒီယာတိကိုလေ့ ရခိုင်လူထုနန့်  တသားတည်းဖြစ်ပနာ ရခိုင်သူရခိုင်သားမျိုးဆက်သစ်ရို့ ၏ယုံကြည်မှုတိကို ရချင်ကေ ရခိုင်စာကိုရီး ရခိုင်စကားကို တန်ဖိုးထားကတ်ပါလို့  အေရခိုင့်စာပီကွန်ယှက်က နည်းလမ်းပေါင်းစုံနန့်  စည်းရုံးသိမ်းသွင်းဖိအားပီးတိုက်တွန်းလားပါဖို့ ။

အေနိန်ရာမှာ ရခိုင့်စာပီလှုပ်ယှားမှု မိတ်ဆက်စကားကို နိဂုံးချူပ်အဆုံးသတ်လိုက်ရပါရေ။ အားလုံးကျန်းကျန်း မာမာချမ်းချမ်း
သာသာ နန့် ရခိုင်စာပီတိုးတက်ရေးကို ဆောင်ရွက်နိုင်ကတ်ပါစီ။ ။ ။


ရခိုင့်စာပီလှုပ်ယှားမှု နှုတ်ခွန်းဆက်စကား- အမှတ် (၂)

ရခိုင်ရို့ အစိုင်အဆက်နိန်ပါလတ်ကတ်တေ ပျိုင်စီပျိုင်ထောင်အိမ်ကြီးအိမ်ကောင်းကို ဗမာဒမြတိက ၀င်စီးပနာ အိမ်ကိုမီးတိုက်ထားပါရေ။ ဒေပိုင်မီးလောင်နိန်ရေ အချိန်မှာ အိမ်ကိုမီးဝိုင်းသတ်ကတ်ဖို့  ကော်မတီတိဖွဲ့  ဥက္ကဌ အတွင်းရေးမှူးတိရွီး ဘဏ္ဍာငွေတိစုဆောင်း ဇာပိုင်မီးသတ်ကတ်ရဖို့ ဆိုပနာ မဟာဗျူဟာနည်းဗျူဟာတိချဖို့  ကျွန်တော်ရို့ ရခိုင်သားတိမှာ အချိန်မဟိလိုက်ပါဗျာယ်။ အချိန်ရာဆွဲနိန်ကေ တအိမ်လုံးပြာကျလားလီဖို့ စွာက ကျိန်းသီနိန်ပါရေ။

ယင်းအတွက်နန့်  အဂုပိုင်အရေးကြီးရေ အချိန်ကာလမှာ တခုကိုလေ့စိုင်းစားတွေဝေမနိန်ပဲနန့်  တစ်ခွက်ချေပင်ဖြစ်ဖြစ် တစ်ဖလားချေပင်ဖြစ်ဖြစ် တစ်အိုးပင်ရရ တစ်ဗာရတီပင်တွိတွိ ရရေရီကိုရှာ ဇာသူပင်ဖြစ်ဖြစ် ၀ိုင်းပနာ မီးသတ်ကတ်ရပါဖို့ ။ အိမ်ထဲကို ၀င်ပနာ အိမ်သားတိကို ကယ်ဖို့ လုပ်ကတ်ရပါဖို့ ။ တန်ဖိုးဟိရေ ပစ္စည်းတိ မီးထဲကိုပါမလားရအောင် ၀ိုင်းပြောင်းပီးကတ်ရပါဖို့ ။

ဒေပိုင် အရေးပေါ်အခြေအနေမှာ သူနိုင်စွာကိုသူလုပ် ကိုယ်နိုင်စွာကို ကိုယ်လုပ်စွာကို စုပေါင်းဦးဆောင်မှု (Collective Leadership) စုပေါင်းလုပ်ဆောင်မှု (Collective Activity) နန့်  တစ်ယောက်ချင်းစီက ကိုယ်ပိုင်အသိစိတ်နန့် ပါဝင်မှု (Individual Participation by Own Conscience) လို့  အဓိပ္ပါယ်ဖွင့်ဆိုထားပါရေ။ အေလုပ်ငန်းစိုင်မှာ အားလုံးသူက ဂေါင်းဆောင်ပါ။ အိမ်ကိုလောင်နိန်ရေ မီးကိုအယင်သတ်ကတ်ရဖို့ ဆိုရေ ရည်ရွယ်ချက်ဆန္ဒ အားလုံးသူမှာ တချိန်တည်းမှာ အတူတူဟိနိန်ကတ်ခြင်းကို စုပေါင်းမျှော်လင့်ချက် (Collective Hope) သို့ မဟုတ် ဘုံအိမ်မက် (Common Dream) လို့  ခေါ်ဆိုထားပါရေ။

ယေဇူးနန့်  အေအမ်ပီမှာ ဟိနိန်ကတ်တေ ရခိုင့်စာပီကွန်ယှက်အဖွဲ့ ဝင်တိစွာ ထပ်တူကျရေ အယူဝါဒလမ်းစိုင်ကို လက်ကိုင်ထားပနာ လားနိန်ကတ်တေ ရခိုင့်စာပီဂေါင်းဆောင်တိဖြစ်ပါရေ။ ရခိုင့်စာပီလှုပ်ယှားမှုမှာ ပါနိန်ကတ်တေ ကလောင်သျှင်တိ စာဖတ်ပရိတ်သတ်တိ အားလုံးသူရို့ စွာ ရခိုင့်စာပီတိုးတက်ဖွံ့ ဖြိုးလာရေးအတွက် ရှိတန်းကတိုက်ပွဲဝင်နိန်ကတ်တေ သူရဲကောင်းတိ ဖြစ်ပါရေ။

ရခိုင့်စာပီအားကောင်းမောင်းသန်ဖွံ့ ဖြိုးတိုးတက်လာစီဖို့  အုတ်တချပ်သဲတပွင့် နိုင်ရေတာဝန်ကို ယူဖို့ လှမ်းလာနိန်ကတ်တေ သူရဲကောင်းအသစ်တိကိုလေ့ ရခိုင့်စာပီလှုပ်ယှားမှုက အပြုံးပန်းနန့် လက်ကမ်းလို့ ကြိုဆိုနိန်ပါယင့်။ ။ ။


( စိတ်ကူးခြောက်ပိဿာနန့်  မြောက်ဦးကဘီလူး )


အမျိုးသီလ နှစ်ဌါနကို အဓိပ္ပါယ်ပြန်ဖွင့်ခြင်း

အမျိုးသီလ နှစ်ဌါနစွာ ရခိုင်ပြည်ကျလားခါကပင် ကပ်ပါလားခဗျာယ်လို့  ပြောကေ ရခိုင်သားတိ ဇာပြောကတ်ဖို့ လဲချင့်။ အမျိုးသီလ နှစ်ဌါနကို စောင့်ထိန်းကတ်ရဖို့ ဆိုခြင်းရေ ရခိုင်တိုင်းပြည်၏နိုင်ငံရေးမူဝါဒ တစ်ခုဖြစ်ခရေ။ အေချင့်ကို အကျယ်ချဲ့ ပြောရဖို့ ဆိုကေ အမျိုးသီလ ဆိုစွာ ရခိုင်သားတိမှာ ကိုယ့်တိုင်းပြည်နန့် ကိုယ့်လူမျိုးကို ကိုယ်ရို့ ကာကွယ်စောင့်ရှောက်နိုင်ခြင်းနန့်  နိုင်ငံကြီးသားစိတ်ဓါတ်ဟိခြင်းကို နိုင်ငံရေးအရပေါ်လစီချပနာ ဖော်ပြခြင်းပင် ဖြစ်တေ။

အမျိုး (အနီရောင်) ၏ အဓိပ္ပါယ်က အချူပ်အချာအာဏာကိုပိုင်ဆိုင်ရေ စည်းမျဉ်းခံဘုရင့်နိုင်ငံတော်ဖြစ်တေ ကိုယ်ပိုင်နိုင်ငံရေးအာဏာဟိရေ လူမျိုးတမျိုးဖြစ်တေ.. ဒေပိုင်နိုင်ငံရေးသြဇာအာဏာနန့်  ကိုယ့်လူမျိုးလုံခြုံရေးကို
ကိုယ်ရို့ ကာကွယ်နိုင်ရေ ဆိုစွာကို ဖော်ညွှန်းခြင်းပင် ဖြစ်တေ။ ရခိုင်သားက ရခိုင်သမကို ယူခြင်းရေ အမျိုးချစ်တေလို့  ထင်မြင်ယူဆနိန်ကတ်ခြင်းရေ တပိုင်းတစရာ မှန်ရေ အားလုံးမမှန်ပါ။

သီလ (အဖြူရောင်) ၏ အဓိပ္ပါယ်က နိုင်ငံကြီးသားစိတ်ဓါတ်ဟိရေ တရားမျှတရေးတန်းတူရေးငြိမ်းချမ်းရေးလောကပါလတရားကို တန်ဖိုးထားရေ လူသားဝါဒကိုကျင့်သုံးရေ ဆိုစွာကို ဖော်ပြပြခြင်းပင် ဖြစ်တေ။ ဘာသာရေး ရှုထောင့်အမြင်အရ ရခိုင်သားတိုင်း ငါးပါးသီလစောင့်ထိန်းကတ်ရဖို့ လို့  ဆိုလိုခြင်း မဟုတ်ပါ။ လောကီလောကုတ္တရာပေါင်းထားပနာ ရခိုင်ရို့ လူ့ ဘောင် တခုလုံး လိုက်နာနိုင်အောင် ချမှတ်ကျင့်သုံးခရေ နိုင်ငံရေးပေါ်လစီတခု ပင်ဖြစ်ပါရေ။

နိုင်ငံကြီးသားစိတ်ဓါတ်ဆိုစွာ နိုင်ငံကြီးခြင်း ငယ်ခြင်း လူဦးရေ များခြင်းနည်းခြင်းနန့် မဆိုင်ပါ။ အကျင့်နန့် ရာဆိုင်ပါရေ။ လူ လူချင်းတန်ဖိုးထားပနာ လူသားစိတ် ဇာလောက်ကြီးမားလေ ဆိုရေ ပေတံနန့် ရာ တိုင်းတာနိုင်ပါရေ။ ဗမာမှာ နိုင်ငံကြီးသားစိတ်မဟိပါ။ ဗမာသမိုင်းမှာ ညီကိုအရင်း အချင်းချင်းသတ်ကတ်တေ။ အဂုလေ့ ရှမ်းမတိကို မုဒိမ်းကျင့် ကရင်ရွာတိကို မီးတိုက် လူသတ်။ အေချင့်က ဗမာစစ်ခွီးတိမှာ ဒမြစိတ်ဓါတ်ရာ ဟိရေ ဆိုစွာကို ဖော်ပြနိန်ပါရေ။ ဗမာမှာ လူဦးရေ သန်း (၂၀) လောက်ဟိကေလေ့ လူသားစိတ်မဟိ ယိုင်ကျေးမှုမမြင့်မား နိုင်ငံကြီးသားစိတ်မဟိဆိုစွာကို ကမ္ဘာ့အသိုင်းအ၀ိုင်းက လက်ခံထားကတ်တေ။

ဆက်ပြောရဖို့ ဆိုကေ အေနိန့် ကာလမှာ အမျိုးသီလ နှစ်ဌါနကို ရခိုင်သားတိ စောင့်ထိန်းခွင့်မရရေ အခြေအနေမျိုးဆိုက်ရောက်နိန်ရရေ။ ဗမာစစ်ခွီးတိ ချမှတ်နိန်ရေ ဒမြ၀ါဒအောက်မှာ ဗမာစစ်ခွီးတိ မှိုင်းတိုက်ဖြန့် ချီနိန်ရေ ဆီဆွတ်ပေါ်လစီတိအောက်မှာ ရခိုင်သားတိ အမျိုးသီလ နှစ်ဌါနကို ပြည့်ဝမဏ္ဍိုင် မစောင့်ထိန်းနိုင်ရေ အခြေအနေဆိုး ဘ၀ဆိုး အငတ်ဘုံ ပြာပုံမှာတိုးနိန်ရရေ အဆင့်ကိုရောက်နိန်ကတ်ရစွာ အားလုံး
သူရို့ သိကတ်ပါရေ။ ဥပမာတခုပီးရဖို့ ဆိုကေ မွှီးပျံ့ ကြိုင်သင်းရေ ပန်းခြံတခုဆောက်ဖို့  မြီဧက လေးငါးခြောက်ဧကလောက် အနည်းဆုံးလိုအပ်တေ။ မြီမဟိကေ ယင်းပန်းခြံဆောက်လို့ မရ။ ယင်းပိုင်ဗျာယ် အမျိုးသီလ နှစ်ဌါနကို ပြည့်ဝမဏ္ဍိုင် စောင့်ထိန်းနိုင်ဖို့  ကိုယ်ပိုင်အချူပ်အချာအာဏာနန့်  ကိုယ်ရို့ အုပ်ချူပ်တေတိုင်းပြည်လိုအပ်တေ။


ယင်းအတွက်နန့် 

ကိုယ်ပိုင်အချူပ်အချာ အာဏာပိုင်ခွင့်နန့်  ရခိုင်ရို့ ပြည်ကို ရခိုင်တိ အုပ်ချူပ်ခွင့် ရဟိရေးရေ အဓိက
ဗမာကိုလိုနီစစ်စနစ်ဖျက်သိမ်းရေးနန့်  ဗမာစစ်ခွီးတိကို ရခိုင်ပြည်က မောင်းထုတ်ရေးရေ ပထမ ဖြစ်လာရပါဖို့ ။

ယပြီးခါမှရာ အမျိုးသီလ နှစ်ဌါနကို ပြည့်ဝမဏ္ဍိုင် စောင့်ထိန်းနိုင်ရေ ရခိုင်သားလို့  ကမ္ဘာကြီးအလယ်မှာ လက်မထောင်လာနိုင်ပါဖို့ ။

(စိတ်ကူးခြောက်ပိဿာနန့်  မြောက်ဦးကဘီလူး )


ကောလာဟလထောင်ချောက်

ငါရို့ တိကြီးပြင်းလာကတ်တေ ပတ်ဝန်းကျင်က ကောလာဟလတိနန့် ပြည့်နိန်ရေ။ အရပ်လေးမျက်နှာ ဇာနိန်ရာကိုပင် ခြီလှမ်း လှမ်းပနာ လားကြည့်လိုက် ကောလာဟလစကားချေတစ်ခွန်းလောက်တော့ကေ ကြားလာကတ်ရဖို့ စွာ ကျိန်းသီနိန်ရေ။ ဝေဖန်ဆန်းစစ်လက်ခံတတ်မှုနန့် ဆင်ခြင်တုံတရား အားနည်းနိန်ရေခါ ကောလာဟလထောင်ချောက်ကြီးထဲကို သိသိယင့်
နန့် လူးကျလားတတ်တေ။

အရေးကြီးဆုံးက ကောလာဟလ၏ရင်းမြစ်က ဇာချင့်လဲ..။ ကောလာဟလ ဇာကလာလဲ။ ဇာသူရို့ က ဒေ ကောလာဟလကို ဖန်တီးလဲ။ ဒေပိုင် မိန်းခွန်းတိ မိန်းပနာ ကောလာဟလကို ခွဲခြမ်းစိတ်ဖြာကြည့်နိုင်ကေ ကောလာဟလထောင်ချောက်မိခြင်းက လွတ်ကင်းနိုင်ဖို့ စွာ သေချာရေ။

ဒေနိန်ရာမှာ ကောလာဟလတစ်ခုကို ဝေဖန်ဆန်းစစ်သုံးသပ်စိတ်ဖြာကြည့်လားကတ်ပါမေ။ ဥပမာ- ဗမာအောက်သားတိက ပြောကတ်တေ “ရခိုင်သားတိစွာ အမြင်မကျယ် သဘောထားသေးသိမ်ရေ” လတ်။ အသိပညာကိုယ်ခံအားနည်းနိန်ရေ ရခိုင်သားတစ်ယောက်က ဒေစကားကိုကြားကေ ပထမစိတ်ထဲမှာ ငါရို့ လူမျိုးစွာ အမြင်မကျယ် သဘောထားသေးသိမ်ရေ လူမျိုးတစ်မျိုးလို့  သိမ်ငယ်စိတ်ဝင်လားပနာ အမှန်လို့ ထင်လားနိုင်ရေ။ ဒေါသကြီးတတ်တေ ရခိုင်သားတစ်ယောက်က ဒေစကားကိုကြားကေ လက်သီးလက်မောင်းတန်းကော်ဆဲပနာ အော်ကြီးဟစ်ကျယ် ပြောပြီးကေ မလိုလားအပ်တေ ပြဿနာတိ ဆက်တိုက်ဖြစ်လားနိုင်ရေ။ ယင်းအတွက်နန့်  ဒေစကားကို အသေးစိတ်လေ့လာမကြည့်မိကေ ဒေစကားကိုပြောရေ အောက်သားတိ၏အဓိကရည်ရွယ်ချက်မြှားဦးဖြစ်တေ ရခိုင်သားတိကို စိတ်ပိုင်းဆိုင်ရာအရ ချိုးနှိမ်နှိပ်ကွပ်လိုခြင်းက အထမြောက်အောင်မြင်လားနိုင်ရေ။

ဒေစကားကို အသေအချာလေ့လာကြည့်ဖို့ ဆိုကေ “ရခိုင်သားတိစွာ အမြင်မကျယ် သဘောထားသေးသိမ်ရေ” လို့  ကောက်ချက်ချပြောရအောင် ဇာအချက်အလက်ကို အခြီခံပြီးကေ ပြောစွာလဲ။ လေးသန်းလောက်ဟိရေ ရခိုင်လူမျိုး၏ အပြုအမှုအကျင့် မျိုးရိုးဗီဇယိုင်ကျေးမှုဓလေ့ထုံးစံသမိုင်းကို စနစ်တကျ သုတေသနလုပ်ပြီးကေ ထွက်လာရေ နောက်ဆုံးအဖြေမျိုးလား။ ယင်းပိုင်မဟုတ်ကေ “ငခုံးမတစ်ကောင်ကြောင့် တစ်လောင်းလုံးပုတ်တေ” ဆိုရေ ဗမာစကားပုံပိုင် ရခိုင်သားတစ်ယောက်မကောင်းစွာကို လက်ညှိုးထိုးပနာ ကျန်ရေရခိုင်သားတိကိုပါ တံဆိပ်ကပ်လိုက်ခြင်းလား..။ အေပိုင် မိန်းခွန်းချေ သုံးလေးငါးခွန်း ကိုယ့်စွာကိုယ်မိန်းကြည့်ပနာ ဦးနှောဏ်ကို အလုပ်ပီးလိုက်စွာနန့်  ဒေစကားစွာ ကောလာဟလ ဟုတ်မဟုတ်ကို ထင်ထင်ယှားယှားမြင်လာကတ်ရရေ။

အမှန်က ဒေစကားကို ဗမာအောက်သားတိ ပြောနိန်ခြင်းရေ နိုင်ငံရေးရည်ရွယ်ချက်ပါရေ။ ဇာပိုင်နိုင်ငံရေးရည်ရွယ်ချက်မျိုးလဲ..။

လူမျိုးတစ်မျိုးကို လူမျိုးတစ်မျိုးက ရေရှည်အုပ်ချူပ်ထားနိုင်ဖို့  အအုပ်ချူပ်ခံလူမျိုး၏စိတ်ဓါတ်ကို အယင်ဆုံးဖျက်ဆီးထားဖို့ လိုအပ်တေ။ စိတ်ဓါတ်ပိုင်းဆိုင်ရာ ယိုယွင်းပျက်စီးပရမ်းပတာဖြစ်နိန်ရေ လူမျိုးကို အုပ်ချူပ်ရစွာ ကကောင်းလွယ်ကူရေ။ လူ့ အဖွဲ့ အစည်းတခု ပုံမှန်လည်ပတ်
ဖွံ့ ဖြိုးတိုးတက်စီဖို့  လိုအပ်တေ စိတ်ခွန်အားကို အသိပညာကရာ ပီးရေ။ ယင်းအတွက်နန့်  ပညာရေးကို စနစ်တကျဖျက်ဆီးလိုက်စွာနန့်  ရီသောက်မြစ်အဖြတ်ခံထားရရေ အပင်ပိုင် ယင်းလူ့ ဘောင်စွာ ရပ်စောက်သီနိန်လီကတ်ရဖို့ စွာဗျာယ်။ ဆင်ခြင်တုံတရားနန့် အသိဥာဏ်မြင့်မားမှုကို ဖျက်ဆီးပြီးကေ ဦးနှောဏ်ကိုဖောက်စားပနာ လပ်နိန်ရေယင်းနိန်ရာမှာ ကောလာဟလတိကို လွှင့်ပီးထားလိုက်စွာနန့်  ယင်းလူမျိုးစွာ အနှစ်သာရ
နန့် အပြင်ပန်း အဓိကနန့် သာမညကို ခွဲခြမ်းစိတ်ဖြာမကြည့်နိုင်ပဲ အမြင်မှန် အသိမှန် အဖြေမှန်တိနန့် ဝီးပနာ မျှော်လင့်ချက်ပန်းဖူးမဟိ ဖြစ်နိန်လီကတ်ရဖို့ စွာဗျာယ်။ ကောလာဟလပရိယာယ် ကောလာဟလနွံထဲမှာ နစ်မြှပ်နိန်လီကတ်ရဖို့ စွာဗျာယ်ယေ။

တချို့ ရခိုင်သားတိဆိုကေ နိုင်ငံရေး ဆိုရေ စကားလုံးကို ကြားကေ ကျားလောက်ကြောက်ကတ်တေ။ သူရို့ ဦးနှောဏ်က ဒေစကားလုံးကို လက်ခံသိမ်းထားနိုင်စွမ်းမဟိ။ မူလတန်းကျောင်းသားချေတိကို ပါရဂူစာတမ်းအကြောင်းလားဖတ်ပြပိုင်ဖြစ်နိန်ရေ။ အေပိုင်ဖြစ်အောင် ဗမာအောက်သားတိက စနစ်တကျ ပုံသွင်းထားရေ။ နိုင်ငံရေးစွာမကောင်း ရခိုင်သားနန့် နိုင်ငံရေး တခုလေ့မဆိုင်ဆိုရေ ၀ါဒဖြန့် ချီရေးလုပ်ထားရေ။ ဦးနှောဏ်အဖောက်စားခံ Brain-wash အလုပ်ခံထားရရေ ရခိုင်သားတိစွာ နောက်ဆုံးမှာ ဗမာအောက်သားတိ ဆင်ထားရေ ကောလာဟလထောင်ချောက်ထဲမှာ သားကောင်ဖြစ်လားရရေ။

ယင်းအတွက်နန့်  သတင်းတစ်ပုဒ်ပင် ဖြစ်ဖြစ် စကားတစ်ခွန်းပင်ဖြစ်ဖြစ် ကြားလာကတ်ကေ...

(က) ဒေစကားကို အသူပြောစွာလေ
(ခ) ဇာဖြစ်လို့ ပြောစွာလေ
(ဂ) ဇာပိုင်အချက်အလက်တိကို အခြီခံထားလေ
(ဃ) ဇာရည်ရွက်ချက်အတွက် ပြောစွာလေ
(င) အကယ်၍ အေစကားအမှန်ဖြစ်လားကေ ရလဒ်က ဇာချင့်လဲ .. အစဟိရေ မိန်းခွန်းချေတိကို မိန်းကြည့်ပနာ လေ့လာဆန်းစစ်သုံးသပ်ဝေဖန်နိုင်ကေ ကောလာဟလအန္တရာယ်က လွတ်ကင်းနိုင်ဖို့ စွာ ကျိန်းသီကြောင်း ပြောချင်ရေ။

အမှန်က ဗမာအောက်သားတိစွာ စိတ်ဓါတ်အောက်တန်းကျရေ။ လူစိတ်မဟိ။ နိုင်ငံရေးလောကထဲမှာ ဟိနိန်ရေ အောက်သားတိဆိုကေ ပိုပြီးကေ ကောက်ကျစ်အတွင်းလားပနာ အမြင်မကျယ်သဘောထားသေးသိမ်ရေ။ ဇာဖြစ်လို့ အေပိုင် ပြောနိုင်လေ။

ယာသျှင်နန့် မျောက်မှာ အသူအမြင်ကျယ်ဖို့ လဲ။ အိမ်သျှင်နန့် သူခိုးမှာ အသူက သဘောထားသေးသိမ်ဖို့ လဲ။ ဒေနှစ်ချက်က ရခိုင်သား
နန့် အောက်သား ဇာသူကဇာလောက်အဆင့်အတန်းဟိလဲ ဆိုစွာကို တိုယှင်းလိုရင်း ဖော်ပြပြောနိုင်ရေ။

နိုင်ငံတကာဥပဒေကလေ့ လူမျိုးတစ်မျိုးက တခြားလူမျိုးတစ်မျိုးကို ကိုလိုနီနယ်ချဲ့ ကျွန်မပြုရ ကိုလိုနီစနစ်ဖျက်သိမ်းရေး ကို ပြဌါန်းပီးထားရေ။ နောက်ပြီးကေ အပြည်ပြည်ဆိုင်ရာ လူ့ အခွင့်အရေးကြေငြာစာတမ်းက လူ့ အခွင့်အရေး နိုင်ငံရေးဆိုင်ရာအခွင့်အရေး စီးပွါးရေးဆိုင်ရာအခွင့်အရေး ပညာရေးဆိုင်ရာအခွင့်အရေးတိကို လေးစားလိုက်နာကျင့်သုံးဖို့  ဥပဒေပြုထားစွာကို ဗမာအောက်သားတိကချိုးဖောက်နိန်ရေ။ အောက်သားတိ လူစိတ်မဟိစွာကို သုတေသနလုပ်ထားရေ စာတမ်းတိ အချက်အလက်စုဆောင်းထားရေ ဆာဗေးတိ ထောင်နန့် သောင်းနန့် ချီပြီးကေ ဟိရေ။ အနှစ်ချူပ်ပြောရဖို့ ဆိုကေ အောက်သားစွာ စိတ်ဓါတ်အောက်တန်းကျ သဘောထားသေးသိမ်အမြင်မကျယ်ရေ လူမျိုးလို့ သတ်မှတ်နိုင်ရေ။

ဒေနိန်ရာမှာ ပြောချင်စွာတစ်ခုက အဂုလက်ဟိနအဖဗမာစစ်ခွီးတိစွာ ဗမာတိထဲက ဗမာတိဖြစ်ကတ်တေ။ အာကာထက်ကလူးကျလာစွာမဟုတ်။ နအဖစစ်တပ်ထဲမှာ တခြားလူမျိုးတိဟိကေလေ့ ပေါ်လစီချမှတ်အုပ်ချူပ်ရေးအပိုင်းဖြစ်တေ စစ်ကောင်စီကို ဗမာတိကရာ ချူပ်ကိုင်ထားရေ။ ခေတ်နောက်ပြန်ဆွဲနိန်ပြီးကေ ဖက်ဆစ်ဝါဒထက်ဆိုးရေ ဗမာအမျိုးသားရေးဝါဒကိုအခြီခံပြီးကေ ဗမာစစ်အုပ်စုဖြစ်ပါလတ်စွာ။ ဗမာအောက်သားအများစုက ကျောထောက်နောက်ခံပြုထားလို့  ကမ္ဘာမှာ သက်ဆိုးအရှည်ဆုံးဗမာစစ်ခွီးစနစ် တည်တံ့နိန်ရခြင်း ဖြစ်တေ။ အောက်သားတိက ဗမာမဟုတ်တေ လူမျိုးတိကို အားလုံးရန်သူလို့ သတ်မှတ်ထားရေ။ သူရို့ နိုင်ငံရေးအာဏာချူပ်ကိုင်ထားနိုင်ရေးစွာ
သူရို့ ၏အဓိကအမျိုးသားနိုင်ငံရေးမူဝါဒ ဖြစ်တေ။ ဇာလောက်ပင် နိုင်ငံရေးအရ သဘောထားကွဲလွဲနိန်ကတ်ကေလေ့ အရေးကြုံကေ အောက်သားတိစွာ တစ်သားတည်းဖြစ်လားတတ်တေ။

နောက်ဆုံးပြောချင်စွာက အောက်သားတိဆင်ထားရေ ကောလာဟလထောင်ချောက်ကို ရှောင်လားနိုင်ပနာ ဗမာအောက်သားတိပရိယာယ်မာယာကို ရခိုင်မျိုးဆက်သစ်တိ သိမြင်နိုင်ကတ်ပါစီ။ ။ ။

(စိတ်ကူးခြောက်ပိဿာနန့်  မြောက်ဦးကဘီလူး )


ဂိုဏ်းသုံးဂိုဏ်းနန့်  ရခိုင်ရို့ အရှုပ်တော်ပုံ

ပြည်ပမှာဟိကတ်တေ ရခိုင်လူမှုအသိုင်းအ၀ိုင်းနန့် နိုင်ငံရေးနယ်ပယ်ထဲမှာ သူရို့ အယူအဆနန့် သူရို့  ယုံကြည်လက်ခံကျင့်သုံးပနာ
အုပ်စုဖွဲ့ လားနိန်ကတ်တေ ဂိုဏ်းသုံးဂိုဏ်းဟိရေ။

ပထမဂိုဏ်းက ကုလားတိုက်ဖျက်ရေးဂိုဏ်း။ ဒေဂိုဏ်း၏၀ါဒက ဗမာနန့် ပေါင်းပြီးကေ ကုလားကိုတိုက်လားဖို့ ။ ယင်းအတွက်နန့်  ဒေဂိုဏ်းစွာ နအဖဗမာစစ်အုပ်စုကို လုံးဝမဝေဖန် ဗမာစစ်အုပ်စုမကြိုက်တေ နိုင်ငံရေးကိုလေ့ မလုပ်။ လူမှုရေးလို့  ဂေါင်းစိုင်တပ်ထားပြီးကေ ကုလား
ဆန့် ကျင်ရေးကို စာတိရီးလို့ တမျိုး အိန်တာနက်ထက်မှာ တစ်ဖုံ တိုက်ကွက်အမျိုးမျိုးဖော်ပနာ လက်စွမ်းပြနိန်ကတ်တေ။

ဒုတိယဂိုဏ်းက ကုလားနန့် ပေါင်းပြီးကေ ဗမာစစ်အုပ်စုကိုတော်လှန်ရေးဂိုဏ်း။ ဒေဂိုဏ်း၏၀ါဒက ဗမာတိ ရခိုင်ပြည်ကို စစ်ကိုလိုနီစနစ်
နန့် ဂုတ်သွီးစုပ်ကျွန်လုပ်နိန်စွာကို ကုလားနန့် ပေါင်းပနာ တော်လှန်လားရေးဆိုရေ မူလမ်းစိုင်ပင်ဖြစ်တေ။ အယင်ခါ
ရခိုင်ရို့ သမိုင်းမှာ ရခိုင်ဘုရင်မင်းစောမွန်စွာ ကုလားနန့် ပေါင်းပြီးကေ ဗမာကိုတိုက်ပနာ ရခိုင်ပြည်ကိုပြန်
လို့ သိမ်းပိုက်နိုင်ခစွာကိုထောက်ပြပြီးကေ ဒေဂိုဏ်းက ရခိုင်သားတိကို စည်းရုံးရေ။

တတိယဂိုဏ်းက ဖယ်ဒရယ်ဂိုဏ်း။ ဒေဂိုဏ်း၏၀ါဒက လူမျိုးပေါင်းစုံဟိရေ မြန်မာနိုင်ငံကို ဖယ်ဒရယ်တိုင်းပြည်တည်ဆောက်လားရေး ပင်ဖြစ်တေ။ နအဖဗမာစစ်ဝါဒီတိနန့် သုံးပွင့်ဆိုင်တွိဆုံဆွေးနွေးရေးစွာ ဒေဂိုဏ်းသားတိ ပြောနိန်ကျစကား။ ဒေဂိုဏ်းဂေါင်းဆောင်တိစွာ အမှန်တကယ်က ဖယ်ဒရယ်ဝါဒကို သိလို့ နားလည်လို့ ယုံကြည်လို့ တော့ မဟုတ်။ ဖယ်ဒရယ် အကြမ်းမဖက် လက်နက်မကိုင် ငြိမ်းချမ်းရေးလို့  အော်ကေ အန်ဂျီအိုတိက ပရောဂျတ်တိရပနာ ဖေးသာတပြားတချပ်ရကတ်
လို့  ဒေပိုင်အော်နိန်ရခြင်း ဖြစ်တေ။

ဒေဂိုဏ်းတိ၏ အားနည်းချက်က လုပ်ချင်စွာတိများပြီးကေ လုပ်နိုင်စွာတိနည်းပနာ ရခိုင်စာကိုမရီး အိန်စတီကျူးရှန်းတည်ဆောက်ရေးကို အားမပီး အနာဂတ်စီမံကိန်းနန့်  ရှိဆက်ပြီးကေ ဇာပိုင်လုပ်လားကတ်ဖို့ ဆိုရေ လုပ်ငန်းစိုင်တိမဟိခြင်း ပင်ဖြစ်တေ။ ယင်းအတွက်နန့်  အေဂိုဏ်းတိစွာ ရခိုင်သားတိ အားကိုးအားထားပြုလောက်တေ ပရိုဖက်ရှန်နယ်အဖွဲ့ အစည်းကြီးတိဖြစ်မလာပဲ အေအိုင်ဒီအက်စ်ရောဂါသည်တိပိုင် တဖြည်းဖြည်း
နန့် လုံးပါးပါးပနာ နိဂုံးချူပ်ဇာတ်သိမ်းလားဖို့ အဆင့်ကို ရောက်ပါလတ်တေ။ ပိုဆိုးနိန်စွာက the clash of ignorance (အသိဥာဏ်မဲ့ခြင်းများ အချင်းချင်းပွန်းတိုက်ခြင်း) လို့  ပြောနိုင်ရေ ရခိုင်အချင်းချင်း ပုဂ္ဂိုလ်ရေးတိုက်ခိုက် ရခိုင်အဖွဲ့ တိအချင်းချင်းတိုက် တစ်ယောက်တည်းကျင်ကိုင် တစ်သင်းတည်းဘောလုံးကဇတ်ပြီးကေ ကိုယ့်ဂိုးကို ကိုယ်သွင်းပနာ အောင်ပွဲခံနိန်ကတ်ခြင်းပင် ဖြစ်တေ။

ဒေပိုင် ကိုယ့်ပတ်ဝန်းကျင်မှာ ဖြစ်ပျက်နိန်ရေ အခြေအနေဆိုးကို မြင်ပနာ မျိုးဆက်သစ်တိ သွီးမလန့် လားစီဖို့ လိုအပ်တေ။ အနာဂတ်စွာ ရင်လီး
ဖို့ ကောင်းပါရေဝေ ဆိုရေ စကားကိုပြောပနာ ကိုယ့်ကိုယ်ကိုနှစ်သိမ့်ကျေနပ်လိုက်ကတ်စွာကလေ့ လမ်းမှန်မဟုတ်လို့ ထင်ရေ။

အဂုပိုင် ပြဿနာတိအားလုံးအတွက် အဖြေက တစ်ခုတည်းရာဟိရေလို့  ယူဆမိရေ။ ယင်းအဖြေက လူသားရင်းမြစ်နန့်  အရင်းအနှီးတိ
ဖွံ့ ဖြိုးလာရေး Human Capital and Resource Development ပင် ဖြစ်တေ။ ပွင့်ပွင့်လင်းလင်းပြောရဖို့  ဆိုကေ ရခိုင်မျိုးဆက်သစ်အချေတိ အထက်ကပြောခရေဂိုဏ်းတိနောက်ကိုလိုက်ပနာ အရက်ဝယ်ကြက်ဖမ်းလိုက်လုပ်နိန်ကေ တစ်ယောက်အတွက်လေ့ အကျိုးဖြစ်မလာပဲ ကိုယ့်ဘ၀ကိုကိုယ်လားဖျက်စွာနန့် တူနိန်ပါဖို့ ။ လုပ်သင့်စွာက လူစွမ်းလူစဟိလာအောင် တန်ဖိုးဟိရေ လူတိဖြစ်လာအောင် ကိုယ့်ဒူးကိုယ်ချွန် ကိုယ့်အစွမ်းအစကို ကိုယ်မြှင့်တင် ကိုယ့်အားကိုယ်ကိုးခြင်းကို အကောင်အထည်ဖော်ခြင်းကရာ သွီးစစ်တေလုပ်ဆောင်ချက်တိ ဖြစ်လာပါဖို့ ။ အနာဂတ်မှာ ရခိုင်ရို့ လူ့ ဘောင် တောက်ပြောင်လာဖို့  အရည်အချင်းအရည်အသွီးတိပြည့်ဝရေ စွမ်းရည်ဟိရေ မျိုးဆက်သစ်တိလိုအပ်နိန်စွာကို
မမိန့် သင့်ပါ။

အေနိန်ရာမှာ ပြောချင်စွာတစ်ခုက မြောက်ဦးကဘီလူး နိုင်ငံရေးအကြောင်း တော်လှန်ရေးအကြောင်းကို ပြောလိုက်မိစွာနန့်  နောက်ကလိုက်ဖို့  အဆင်သင့်ဟိရေလို့  ပြောလာကတ်တေ အေအမ်ပီအဖွဲ့ ဝင်တိကို တွိလာရရေ။ ရရိုးသသားပြောရဖို့ ဆိုကေ ဘီလူးစွာ မဆလပါတီ ကွန်မြူနစ်ပါတီတိပိုင် ဂိုဏ်းထောင်စွာကို မကြိုက်။ ထိုနာမေ ဒေနာမေတပ်ပနာ အဖွဲ့ တိထောင်ပြီးကေ
ဥက္ကဌလုပ်ဖို့  ဆိုရေ အတွေးအခေါ်မျိုးကို ပိုလို့ တောင် ရွံသိမ့်ရေ။ ယင်းပိုင်လူတိကို မြင်ရကေ အန်ပါအန်ချင်ရေ။

ဘီလူးဝါဒက “ နိုင်ငံရေးတော်လှန်ရေးစကားလုံးအကြီးသန်တိ မပြောခင် ရခိုင်စာကိုတတ်အောင်သင် ရခိုင်စာကို ရီး”။ ရခိုင်သားရခိုင်သမတိုင်းစွာ ရခိုင်ရို့ လူ့ ဘောင်အတွက် အားလုံးသူဂေါင်းဆောင်တိ။ လူမျိုးတမျိုးစွာ တခြားလူမျိုးတမျိုး၏ သွီးစုပ်အုပ်ချူပ်ကျွန်လုပ်ခံနိန်ရခြင်းက လွတ်လပ်ဖို့  အအုပ်ချူပ်ခံလူမျိုးထဲက လူတိုင်းစွာ တော်လှန်ပြည်သူဖြစ်နိန်ကတ်ရပါဖို့ ။ လူတိုင်းစွာ နိုင်ငံရေးတော်လှန်ရေးအသိစိတ်နိုးကြားနိန်ကတ်ရပါဖို့ ။ မူလလူ့ ဘောင်ကို အခြီခံပြီးကေ တော်လှန်ရေးနိုင်ငံရေးကို တည်ဆောက်ကတ်ရပါဖို့ ။ ပြည်ပကို ရောက်နိန်ကတ်တေ လူတိက ပြည်ထဲကလူတိကို စိတ်ပိုင်းရုပ်ပိုင်းဆိုင်ရာ ၀ိုင်းရံအားပီးကတ်ရ
ပါဖို့ ။ ယေမှရာ သွီးစစ်တေ တော်လှန်ရေးနန့် လွတ်လပ်လမ်းထက်မှာ ငြိမ်းချမ်းရေပန်းတိုင်ကို အရောက်လှမ်းလားနိုင်ပါဖို့ ။

နိဂုံးချူပ်ပြောရဖို့ ဆိုကေ ရခိုင်မျိုးဆက်သစ်အချေတိ ရခိုင်စာကိုသင် ကိုယ့်စွမ်းကိုယ်စကိုမြှင့်တင် ကိုယ်ပိုင်အသိဥာဏ်
နန့် ဆင်ခြင်တုံတရားကို မြင့်အောင်လုပ်ကတ်ပါလို့ ရာ တိုက်တွန်းချင်ပါရေ။ ။ ။

( စိတ်ကူးခြောက်ပိဿာနန့်  မြောက်ဦးကဘီလူး )


ရခိုင်သားတိ မကဇတ်တတ်တေ ဂိမ်း

လူ့ အဖွဲ့ အစည်းဆိုစွာ မတည့်ရေလူတိ အတူတူနိန်ကတ်တေ အသိုက်အမြုံတစ်ခုရာ ဖြစ်တေ။ ယင်းအတွက်နန့်  နိုင်ငံရေးလူမှုရေးပြဿနာတိကို ဖြေယှင်းကတ်တေခါ မတူရေရှုထောင့်အမြင်အယူအဆတိကို ညှိနှိုင်းတိုင်ပင်ဆွေးနွေးပေါင်းစပ်ပနာ
လူ့ အဖွဲ့ အစည်းအတွက် ဇာချင့်ရေ အကောင်းဆုံးအဖြေဖြစ်ဖို့ လဲ ဆိုစွာကို ဆုံးဖြတ်ကတ်ရရေ။

အကျယ်ချဲ့ ပြောရဖို့ ဆိုကေ နိုင်ငံရေးလူမှုရေးဆိုစွာ ဘောလုံးကဇတ်တေပိုင် ဂိမ်းတစ်ခုကဇတ်စွာနန့် လားတူရေ။ အတွေးအခေါ်မတူရေ လူတိ ကိုယ့်နိန်ရာမှာ ကိုယ်နိန်လို့  ကိုယ့်အလုပ်ကိုယ့်တာဝန်ကို အကောင်အထည်ဖော်ပြီးကေ အပီးအယူတိလုပ်ပနာ အချိတ်အဆက်လုပ်ပြီးကေ ကဇတ်ရရေ ဂိမ်းတစ်ခုဖြစ်ပါရေ။ အေပိုင် ဂိမ်းကို ကဇတ်ချင်ကေ ပထမဆုံးထား
ရဖို့ စိတ်ဓါတ်ချေက အသင်းသားစိတ်ဓါတ် (၀ါ) ငါရို့ တိစွာ ဘက်တစ်ဘက်တည်းမှာ ဟိနိန်ရေလူတိလို့  ခံယူသိဟိနားလည်ထားရရေ အသိစိတ်ပင်ဖြစ်ပါရေ။ အသင်းထဲမှာ တစ်ယောက်ပဲ့ထွက်လားစွာနန့်  တစ်သင်းလုံးဒုက္ခရောက်တတ်တေ ဆိုရေ အသိ... ယေပြီးကေ ကိုယ့်အဖွဲ့ ထဲမှာ တစ်ယောက်နန့် တစ်ယောက် ဖိုက်နိန်ကတ်ကေ တစ်သင်းလုံးအယှုံးပေါ်ပနာ အိမ်ပြန်မလှဖြစ်ကတ်ရရေ ဆိုရေ သဘောတရားကို အောက်ခြီကျကျယုံကြည်ထားခါမှ ယင်းအသင်းစွာ ပန်းတိုင်ကိုအရောက်လှမ်းလားနိုင်ဖို့  ညီညွတ်ရေး ဆိုရေ စွမ်းအားကို ရဟိလာနိုင်ပါရေ။ ငါရို့ စွာပြိုင်ဖက်တိမဟုတ် ငါရို့ စွာ ရန်သူတိမဟုတ် ဆိုရေ အတွေးအခေါ်ကို အခြီခံကျကျအကောင်အထည်ဖော်ကျင့်သုံးနိုင်ရေ လူတိစွာ နိုင်ငံရေးလူမှုရေးဂိမ်းတိကို ချန်ပီယံတိထိုင်ငိုချင်စိတ်ပေါက်လားအောင် ကျွမ်းကျွမ်းကျင်ကျင် ကဇတ်တတ်ကတ်ပါရေ။

မ၀ီးသိမ့်ရေ အတိတ်ခြီရာကို ပြန်လှန်ကြည့်ရဖို့ ဆိုကေ ဗမာတိ ကားလ်မားဇ် (Karl Marx) လီနင် (Lenin) မော်စီတုံး (Mao Zedong) ရို့ ဘားက အယူဝါဒတိကို ကော်ပီကူးယူပြီးကေ ကိုယ်ပိုင်လမ်းစိုင်လုပ်ပနာ ဗမာပြည်ကွန်မြူနစ်ပါတီထောင်ရေ။ ယင်းပါတီလက်အောက်မှာ ရခိုင်သားတိကို အရက်ဝယ်ကြက်ဖမ်း ခိုင်းစားလို့ ရအောင် အဖွဲ့ ချေထောင်ပီးထားရေ။ ကကောင်းမကြာလိုက်။ အလံနီ အလံဖြူကွဲပြီးကေ ဗမာဘားမှာ အရက်ဝယ်ကြက်ဖမ်းဆီဆွတ်နိန်ရေ ရခိုင်သားကွန်မြူနစ်တိ အချင်းချင်းတိုက်ကတ်တေ။ သတ်ကတ်တေ။ နောက်ဆုံးအဖြေက ရခိုင်သားတိသီရေ။ ရခိုင်ပြည် ထထွက်ကြီရေ။ ရခိုင်သား
ရို့ ကိုယ်ပိုင်ဂိမ်း အမျိုးသားနိုင်ငံရေးလမ်းကြောင်း ပျောက်လားခရေ။

၁၉၈၈ ကပင် အဂု ၂၀၀၉ ခုနှစ်ထိ ဗမာတိကဇတ်နိန်ရေ ဂိမ်းက ဒီမိုကရေစီအရီခြုံပနာ စတုတ္ထဗမာအင်ပါယာထူထောင်ရေးဂိမ်း ဖြစ်နိန်စွာကို တွိရရေ။ ဗမာတိ ကဇတ်နိန်ရေ အေဂိမ်းက ပညာသားပါရေ။ အကွက်စိရေ။ တော်ရုံတန်ရုံလူတိဆိုကေ
အေသူရို့ ကဇတ်နိန်ရေ ဂိမ်းနန့်  မဟာဗျူဟာနည်းဗျူဟာတိကို ကြည့်လို့ မြင်နိုင်ဖို့ မဟုတ်။ အေ ဂိမ်းကဇတ်လို့  ဗမာတိဇာချင့်ရလားလဲဆိုစွာကို လက်တွိကျကျသိချင်ကေ ရခိုင်ပြည်က ရန်ကုန်ကို တောင်ကုတ်လမ်းအတိုင်းကားစီးပြီးကေ လားကြည့်ပါ။ ရိုးတောင်ထိပ်မှာ ရခိုင်ပြည်နယ်နမိတ်ကျော်လို့  ဗမာပြည်ဖက်ကို ရောက်စွာနန့်  ဗမာတိကဇတ်နိန်ရေ ဂိမ်း၏အကျိုးရလဒ်ကို သိမြင်လားနိုင်ပါရေ။ အေထက်ပိုသိချင်ကေ အညာဖက်ကိုလားပနာ ရခိုင်ပြည်က ရရေဖေးသာနန့်  ဆောက်ထားရေ ရီလှောင်တာတမံဆည်ကြီးတိကို လားကြည့်လိုက်ပါ။ အမြင်ချေတိ ယှင်းလားနိုင်ပါရေ။

ဗမာတိကဇတ်နိန်ရေ နိုင်ငံရေးဂိမ်းကို စောစောစီးစီးသဘောပေါက်လားခရေ လူမျိုးက “၀” လူမျိုးပင်ဖြစ်ပါရေ။ “၀” တိစွာ ဗမာကွန်မြူနစ်တိနန့် ပေါင်းကြည့်ခရေ။ ယင်းအတွက်နန့်  ဗမာတိအမျိုးသားအကျိုးစီးပွါးစွာ ဇာချင့်လဲ ဇာပိုင်ဦးတည်ချက်တိထားပနာလားနိန်ကတ်လဲဆိုစွာကို အရိပ်ကျပနာ အသာချေလမ်းခွဲပြီးကေ ကိုယ့်လမ်းကြောင်းအတိုင်းကိုယ်လားခကတ်တေ။ အဂုဆိုကေ လူဦးရေ ငါးသိန်းကျော်လောက်ရာဟိရေ “၀” လူမျိုးနန့် “၀”ပြည်စွာ မြန်မာနိုင်ငံထဲက သီးခြားလွတ်လပ်တေ တိုင်းပြည်ချေတစ်ပြည်လို့  ပြောကတ်ရပါဖို့ ။

အစိုင်ပျက်လာရေ ရခိုင်သားတိက အဂုထက်ထိ ကိုယ်ပိုင်နိုင်ငံရေးဂိမ်းကို ကဇတ်ဖို့ မတတ်သိမ့်လို့ ပြောကေ လွန်လီဖို့ မထင်ပါ။ ဗမာတိနောက်ကိုလိုက်ပနာ ကိုယ့်စွာကိုယ် အမြင်ကျယ်ရေလို့ ထင်နိန်ကတ်တေ ရခိုင်သားတိကလေ့ အများကြီး။ ဂိမ်း၏သဘောသဘာဝနန့်  လိုက်နာကျင့်သုံးရဖို့  စည်းမျဉ်းကျင့်ဝတ်တိကို မသိရေ ယောင်ခြောက်ဆယ်တိပါနိန်ခြင်းက
ရခိုင်ရို့ နိုင်ငံရေးစွာ ကြည့်လို့ မကောင်းရေ ဂိမ်းပျက်တစ်ခုဖြစ်နိန်ရေ။ ပိုဆိုးနိန်စွာက ထိုလူ့ ကိုမကောင်းပြော ဒေလူ့ ကို မကောင်းပြော ရခိုင်သားအချင်းချင်းကြားမှာ မနာလိုကြီးကျလို့ အားမရသိမ့် ရခိုင်အကြောင်းကို ဗမာတိဘားမှာ လားပြီးကေ သတော်ဦးတင်သိမ့်ရေ ရခိုင်မသားတိကလေ့ တပုံကြီး။

ပိုင်ပိုင်နိုင်နိုင် ကျွမ်းကျွမ်းကျင်ကျင် နိုင်ငံရေးဂိမ်းသစ်တစ်ခုကို ကဇတ်နိုင်ဖို့  ရခိုင်သားတိမှာ ဇာချင့်တိလိုအပ်နိန်လဲ။ သေချာနိန်စွာက ဘောလုံးအသင်းတစ်သင်းအင်အားတောင့်ဖို့  ဘောလုံးသမားကောင်းတိ လိုအပ်တေပိုင် နိုင်ငံရေးဂိမ်းကို ကဇတ်ဖို့  နိုင်ငံရေးသမားကောင်းတိအများကြီးလိုအပ်တေ။ ဘောလုံးသမားကို အချေကပင် ပြုစုပျိုးထောင်မွီးမြူရရေပိုင် နိုင်ငံရေးသမားတိလေ့ အတူတူဗျာယ်။ အမျိုးသားအကျိုးစီးပွါးကိုကြည့်ပနာ ကိုယ့်အချင်းချင်းထိခိုက်နစ်နာလားအောင်မလုပ်ရ အသင်းသားစိတ်ဓါတ်အပြည့်အ၀ဟိရဖို့ ဆိုရေ ခံယူချက်ယုံကြည်ချက်နန့်  တစ်ယောက်ကိုတစ်ယောက် မဟိမဖြစ်လိုအပ်တေ နိုင်ငံရေးဂိမ်းကဇတ်ဖော်ကဇတ်ဖက်လို့  သဘောထားနိုင်ကေ အနာဂတ်မှာ ရခိုင်သားတိ ဇာဂိမ်းကိုမဆို ကဇတ်ဖို့  အဆင်သင့်ဖြစ်လာနိုင်စွာက ကျိန်းသီနိန်ပါရေ။


( စိတ်ကူးခြောက်ပိဿာနန့်  မြောက်ဦးကဘီလူး )


အချစ်တိလွန်ပြီးကေ အပြစ်မတင်ကတ်စီချင်

အချစ်တိလွန်ပြီးကေ အပြစ်မတင်ကတ်စီချင်
----------------------------------------------
ရခိုင်သားတိုင်းမှာ အမျိုးချစ်စိတ်က ခေတ်အဆက်ဆက် သန္ဓေတည်ဖြတ်သန်းလာပနာ ခိုင်ခိုင်မာမာဟိနီပြီးသားပင်ဖြစ်တေ။ ဒေအချက်က ငြင်းစရာမလိုရေ အားလုံးသူက သဘောတူထားကတ်တေ ဘုံယုံကြည်မှုလို့ ပြောကတ်ရဖို့ ထင်ရေ။ ယေကေလည်း
ဒေနိကာလ ရခိုင်သားတိ ရင်ဆိုင်နီကတ်ရရေ ပြဿနာတိက ဒေအမျိုးချစ်စိတ်ဆိုရေ ခံယူချက်ချေတခုတည်းနန့် ဖြေယှင်းလို့မရနိုင်ရေ မလုံလောက်တေ စိန်ခေါ်မှုအသစ်တိ ဖြစ်နီကတ်တေ။ အမျိုးချစ်စိတ်ကြီးပြီးကေ မျှော်မှန်းထားကတ်တေ စည်းလုံးညီညွတ်မှုတိမဖြစ်လာရေခါ အချင်းချင်းလက်ညိုးထိုး အပြစ်တင်ခြင်းနန့်စီ အဆုံးသတ်လားကတ်စွာကို တွိမြင်နီကတ်ရရေ။ ပုဂ္ဂလိကပဋိပက္ခတိဖြစ်ပနာ ညှိလို့မရ ကွဲပြဲလားရကတ်တေ။ ဒေပိုင်နန့် စုကွဲပြဲသံသရာလည်နီကတ်ရစွာ အေနိထက်ထိလို့ပြောကေ လွန်လီဖို့ မထင်ပါ။

ဒေကမ္ဘာကြီးမှာ လူတိရင်ဆိုင်နီကတ်ရရေပြဿနာပေါင်းစုံကို တထိုင်တည်းနန့် ဖြေယှင်းနိုင်ရေ ဆီးကြိမ်လုံးမဟိရေပိုင် နှစ်ပေါင်းနှစ်ရာကျော် အဖျက်ခံလာရရေ ရခိုင်ရို့လူ့ဘောင်ကို ပြန်ပနာတည်ဆောက်ဖို့နန့် ဆုံးယှုံးနီကတ်ရရေ နိုင်ငံရေး၊ စီးပွါးရေး၊ လူမှုရေး၊ အခွင့်အရေးတိအားလုံးကို ပြန်ရဖို့အတွက် အချိန်ကာလတခုကိုပီးပနာ တဆင့်ပြီးကေတဆင့်တက်လို့ အဖြေရှာလားကတ်ရဖို့စွာက လွန်ဆန်လို့မရနိုင်ရေ သဘာဝတရားတခု ဖြစ်နီရေ။ ပထမဆုံးလုပ်သင့်ရေ အချက်တခုကတော့ကေ ငါရို့ ဇာဖြစ်လို့ အချူပ်အချာအာဏာဆုံးယှုံးပနာ ထီးနန်းပျောက်ပြီးကေ တိုင်းပြည်ပျက်လားခရလဲဆိုစွာကို စနစ်တကျ ရှုထောင့်အမြင်ပေါင်းစုံက လေ့လာသင့်ရေလို့ ထင်ရေ။ ကိုယ်ရို့အထဲက အမျိုးသားသစ္စာဖောက်တိဟိခလို့ ၀င်တိုက်ခလို့၊ အချင်းချင်းကြားမှာ ညီညွတ်မှုမဟိလို့၊ စစ်တကောင်းဆိပ်ကမ်းကို လက်လွှတ်ဆုံးယှုံးလိုက်ရပနာ ရခိုင်ပြည်စီးပွါးရေးတခုလုံး နာလန်ပြန်မထူနိုင်လောက်အောင် အကျပ်အတည်းတိနန့်  ရင်ဆိုင်နီခရလို့ စရေအချက်အလက်တိအများကြီးတွိကတ်ရဖို့စွာက ကျိန်းသီနီပါရေ။ နောက်ပြီးကေ ၀ံလက်ရို့အားမာန်ကို အောင်လံထူဆုပ်ကိုင်ပနာ ခေတ်အဆက်ဆက်တော်လှန်ပါလတ်တေ အမျိုးသားတော်လှန်ရေးလမ်းကြောင်းနန့် လက်ဟိအခင်းအကျင်း၊ အားနည်းချက်၊ အားသာချက်တိကို လေ့လာသင့်ပါရေ။ အဓိကပြောချင်စွာက နိုင်ငံရေးပြဿနာစွာ လူ့ဘောင်၏ထောင့်ပေါင်းစုံကလာတတ်ပြီးကေ ဒေပြဿနာကိုဖြေယှင်းဖို့ ထောင့်ပေါင်းစုံက အဖြေရှာရခြင်းပင်ဖြစ်တေ။ ယင်းအတွက်နန့် ကွဲပြားခြားနားရေအမြင်ရှုထောင့်ပေါင်းစုံက ချဉ်းကပ်ပနာ နိုင်ငံရေးပြဿနာကို ဆွေးနွေးအဖြေရှာရစွာက ပိုပြီးကေ အနှစ်သာရနန့် ပြည့်စုံလက်တွိကျဖို့လို့ ထင်ရေ။

ပြောရဖို့ဆိုကေ ရခိုင်သားတိစွာ disorder ဖြစ်နီကတ်တေ။ ယင်းအတွက်နန့် order အသစ်တခု ရခိုင်ရို့လူဘောင်ကို ဖြတ်သန်းစီးဆင်းလားပစ်လိုက်ရဖို့။ soft-order သို့မဟုတ် hard-order နှစ်ခုထဲက တခုကို ရွီးချယ်ပနာ ကျင့်သုံးလည်ပတ်ရဖို့။ ကမ္ဘာမှာဟိရေ နိုင်ငံလူ့အဖွဲ့ အစည်းတိုင်းမှာ order ဟိရေ။ လူ့အဖွဲ့အစည်းတိုင်းမှာ Policy-making လုပ်တေအလွှာနန့် implementing လုပ်တေအလွှာဆိုပြီးကေ အလွှာနှစ်ခုစီဟိရေ။ ဒေအလွှာအထပ်နှစ်ခုကို အော်ဒါက ဆက်စပ်ချိုင်ပီးထားရေ။ ၀ါးလုံးတရာကို ချိုင်ပီးထားရေ ကြိုးပိုင်ဖြစ်တေလို့ ဥပမာပီးရဖို့ထင်ရေ။ အထက်ကအောက်ကို စီးဆင်းရေ အော်ဒါ (Authoritarian state တိမှာ တွိကတ်ရရေ) နန့် အောက်ကအထက်ကိုဆန်တက်တေ အော်ဒါ (Democratic state တိမှာ တွိကတ်ရရေ) နှစ်ခုရာ ခြားဖို့ထင်ရေ။ ဒေပိုင် အော်ဒါကိုသွင်းဖို့  အင်အားကောင်းရေ အဖွဲ့အစည်း (သို့မဟုတ်) အုပ်စုတစုဟိဖို့လိုအပ်တေ။ ဒေအုပ်စုရေ subjective ဖြစ်တေ ယေဘုယအမျိုးသားရေးစိတ်ဓါတ်ထက် objective ဖြစ်တေ နိုင်ငံရေးယုံကြည်ချက်တခုခုဟိရေ အင်အားစုတစု ဖြစ်သင့်ရေ။ ဥပမာ- ရခိုင်ပြည်မှာ ဇာပိုင်နိုင်ငံရေးစနစ် စီးပွါးရေးပေါ်လစီတိကျင့်သုံးဖို့လဲ။ လာဖို့နှစ်ပေါင်း (၅၀) မှာ ရခိုင်ပြည်၏အခြေအနေ ဇာဖြစ်လာနိုင်ဖို့လဲ အစဟိရေ အနာဂါတ်အမြင်တိပါဟိနီရေ အဖွဲ့မျိုးဖြစ်နီရပါဖို့။ အဓိကရန်သူဖြစ်တေ မြန်မာတိ၏အားနည်းချက်၊ အားသာချက်၊ မဟာဗျူဟာအနာဂါတ်ခြီလှမ်းပရိယာယ်တိကိုသုံးသပ်ပနာ နိုင်ငံရေးအရ အာဏာချိန်သီးကို ဇာပိုင်ညှိယူနိုင်ဖို့လဲဆိုရေ နိုင်ငံရေးပြည့်ဝရေ အဖွဲ့မျိုးဖြစ်သင့်ရေ။

နိုင်ငံရေးစွာ ရေရှည်လားရရေ ဖြစ်စဉ်တခုဖြစ်တေပိုင် ရက်ပြတ်ကဇတ်ရရေ ဂိမ်းတခု (Repeated Game) လည်းဖြစ်တေ။ ယင်းအတွက်နန့် နိုင်ငံရေးသမားဂေါင်းဆောင်တိလုပ်ချင်ရေ လူတိရေ နိုင်ငံရေးလောကစည်းဝိုင်းထဲကိုဝင်ဖို့ဆိုကေ စိတ်ကူးယိုင်မှုတိကို အိမ်မှာအယင်သိမ်းပနာထားပစ်ခသင့်ရေ။ အမျိုးသားရေးစိတ်ဓါတ်အမြင်စွာ အခြေခံဟိထားဖို့လိုအပ်ကေလည်း လက်တွိနိုင်ငံရေးလုပ်တေခါ အေထက်ပိုပြီးကေ ခိုင်မာရေနိုင်ငံရေးအယူအဆ ၀ါဒတိဟိသင့်ရေ။ ယေပြီးကေ တိုက်ပစ်လိုက်ဖို့၊ ခွပ်ပစ်လိုက်ဖို့၊ ထိုးပစ်လိုက်ဖို့ဆိုရေ ပြောလို့ဆိုလို့၊ စည်းရုံးလို့ကောင်းရေ ယေဘုယျအမျိုးသားရေးစကားလုံးတိကိုပြောနီရေလူတိထက်ပိုပြီးကေ လက်တွိကျ လိမ်မာပါးနပ်ပနာ အမြင်ကျယ်ရေ မဟာဗျူဟာနည်းဗျူဟာနန့် ဒီပလိုမေစီတိ ကျင့်သုံးတတ်တေ ဂေါင်းဆောင်အရည်အချင်းတိနန့်ပြည့်စုံရေ နိုင်ငံရေးသမားကောင်းတိအများကြီးဟိလာဖို့ လိုအပ်နီရေ။

နောက်တခုက ရခိုင်သားတိရက်ပြတ်ပြောနီကတ်တေ စည်းလုံးညီညွတ်ရေးကိစ္စ။ ဒေနိ ရခိုင်သားတိပြောနီကတ်တေ ဖြစ်ချင်နီကတ်တေ စည်းလုံးညီညွတ်ရေးကို ပဒေသရာဇ်စည်းလုံးညီညွတ်ရေးလို့ အဓိပ္ပါယ်ဖွင့်ဆိုပနာ နာမည်ပီးကတ်ရဖို့ထင်ရေ။ ရခိုင်သားမှာ အဖွဲ့တခုတည်းဖြစ်ရဖို့။ ယင်းပိုင်အဖွဲ့တခုတည်းဖြစ်လာကေ ရခိုင်ခေတ်သစ်ပဒေသရာဇ်တယောက်နှစ်ယောက်က လက်ဝါးကြီးအုပ်ပနာ ဆရာကြီးလုပ်နီဖို့။ ရာသက်ပန်နာယက၊ ထာဝရဥက္ကဌလုပ်လားဖို့။ ဒေနီရာမှာ ပြဿနာက အေပိုင် ပဒေသရာဇ်စည်းလုံးညီညွတ်ရေးကို ယုံကြည်လက်ခံကျင့်သုံးနီကတ်လို့ ပုဂ္ဂလိကကိုးကွယ်မှုတိပေါ်လာပနာ ရခိုင်သားတဦးချင်းစီ၏လွတ်လပ်တေတွေးခေါ်မှု၊ ကိုယ်စွမ်းကိုယ်စ၊ ကိုယ့်ခြီထောက်မှာရပ်ပနာ တီထွင်ကြံဆချင်စိတ်တိအားလုံး ပျောက်လားခရရေ။

ဖြစ်သင့်စွာက နိုင်ငံရေးဆိုကေ နိုင်ငံရေးလိုင်းကိုလားကတ်ပနာ ပရိုဖက်ရှင်းနယ် နိုင်ငံရေးပါတီ၊ စွမ်းရည်ဟိရေ လက်နက်ကိုင်အဖွဲ့တိ သူ့လမ်းကြောင်းနန့်သူ လားကတ်စွာက ပိုလို့ကောင်းဖို့လို့မြင်ရေ။ လူမှုရေးအဖွဲ့ဆိုကေ ထိရောက်တေလူမှုရေးအလုပ်တိကို လုပ်လာနိုင်အောင် ကြိုးစားအားထုတ်လုပ်ဆောင်လားကတ်စွာက ရခိုင်ရို့လူ့ဘောင်ကို ပိုလို့အထောက်အကူဖြစ်စီဖို့လို့ ထင်ရေ။ အိမ်တဆောင်ကို လိုအပ်တေတိုင်တိနန့် အောက်ခြီဖောင်ဒေးချန်းချပနာ တည်ဆောက်ရရေပိုင် လူ့အဖွဲ့အစည်းမှာလည်း အရေးကြီးရေ မဏ္ဍိုင်တိ (Pillars) ဟိဖို့ လိုအပ်တေ။ လူမှုအထောက်အကူပြု ပညာရေးအထောက်အကူပြု အစဟိရေအသင်းအဖွဲ့ချေတိ အများကြီးပေါ်လာပနာ ကိုယ်နိုင်ရေတာဝန်ကို ထမ်းဆောင်လားကတ်ခြင်းက ပိုပြီးကေ လူ့အဖွဲ့အစည်းအတွက် အကျိုးဖြစ်ထွန်းစီပါဖို့။ ပညာရေးအကျိုးဆောင်လုပ်ငန်းချေတိ အများကြီးလုပ်ပနာ အနာဂါတ်ဂေါင်းဆောင်သစ်တိကို ပြုစုပျိုးထောင်မွီးထုတ်ပီးခြင်းက အားလုံးသူစုပနာ အဖွဲ့တခုထောင်ပြီးကေ တခုလည်းအကျိုးရလဒ်ကောင်းထွက်တေ အလုပ်တိကို မလုပ်နိုင်ခြင်းထက် ပိုပြီးကေ သွီးစစ်တေအမျိုးချစ်ခြင်းလို့ ပြောကတ်ရပါဖို့လို့ ယူဆမိရေ။

ကျဆုံးလားခရရေ ဗိုလ်ခိုင်ရာဇာလက်ထက်မှာ ဖဲသာတောင့်ရေ။ အနည်းဆုံး အမေရိကန်ဒေါ်လာ သန်းဆယ်ဂဏန်းကျော်လောက်ကိုကိုင်ပနာ ဦးဆောင်လုပ်နိုင်ခလို့ ရခိုင်ပြည်ခေတ်သစ်တော်လှန်ရေးသမိုင်းမှာ အင်အားအကောင်းဆုံးရခိုင်တပ်မတော်ကို ထူထောင်နိုင်ခရေ။ ဟိဟိသမျှရခိုင်တော်လှန်ရေးနိုင်ငံရေးအဖွဲ့ချေတိအားလုံး ခိုင်ရာဇာနန့် ပူးပေါင်းခကတ်တေ။ ယင်းအတွက်နန့် ဒေနိကာလ ရခိုင်တော်လှန်ရေးနိုင်ငံရေးလောကမှာ အင်အားကောင်းရေ ဖဲသာတောင့်ရေ အုပ်စုတစုပေါ်ပါလတ်ကေ ဇာသူကို ဇာပိုင်အယင်တိုက်ရဖို့လဲဆိုစွာကို ငြင်းနီဆွေးနွေးနီစရာမလိုပဲ အေနိပေါ်လစီချ အေနိလားတိုက်လို့ရရေ။

ဝမ်းနည်းဖို့ကောင်းစွာက အေနိကာလ ရခိုင့်နိုင်ငံရေးတော်လှန်ရေးလောကစွာ အင်အားအနိမ့်ဆုံးအချိန်ကို ရင်ဆိုင်နီကတ်ရရေလို့ ပြောရဖို့ထင်ရေ။ ရခိုင်လူမှုရေးနိုင်ငံရေးအဖွဲ့အစည်းတိအားလုံးက စည်းစနစ်ကျရေ အဖွဲ့အစည်းတည်ဆောက်ထားမှုတိမဟိခြင်း (Structural deficiencies) နန့် အတွင်းပဋိပက္ခ (inner conflicts) တိကို ရင်ဆိုင်နီကတ်ရရေ။

နိဂုံးချူပ်ပြောရဖို့ဆိုကေ ငါရို့တိ အခုခေတ်ရခိုင်သား၊ ရခိုင်သမချေတိ အယင်ကထက် နှစ်ဆပိုတိုးပနာ ကြိုးစားကတ်ရပါဖို့ ။ လူစွမ်းလူစမြင့်လာအောင်လုပ်ကတ်ရဖို့။ ထူးချွန်ထက်မြက်လာအောင် ပီးအပ်လာရေအမျိုးသားရေးတာဝန်ကို ကိုယ်နိုင်ရေဖက်က ထမ်းဆောင်နိုင်အောင်လုပ်ကတ်ရပါဖို့။ ယင်းအတွက်နန့် ငါရို့နန့်အနီးဆုံးမှာဟိနီရေ ရန်သူ (Ignorance and illiteracy) ကို အရင်ဆုံးတိုက်ပစ်လိုက်ရဖို့လို့ ထင်မြင်မိပါယင့်။ အမျိုးသားရေး အချစ်တိလွန်ပြီးကေ ထိုလူကိုအပြစ်တင် ဒေလူကို ဝေဖန်နီစွာထက် မိမိကိုယ်ကို ဇာလုပ်နိုင်ဖို့လဲ။ ဇာလောက်ပီးဆပ်နိုင်ဖို့လဲလို့ ဆင်ခြင်သုံးသပ်နှလုံးသွင်းပနာ တာဝန်ယူနိုင်ခြင်းက ပိုပြီးကေကောင်းဖို့လို့ ပြောချင်ပါရေ။

ခိုင်အောင်အောင်
(29/03/2009)

(ရက္ခိတရို့ဆုံရပ်မြီဘလော့မှ)

“အမှောင်ကိုခွင်း၊ အလင်းကိုဆောင်၊ ရခိုင်အလင်းရောင်” ဘလော့ကို တမင်တကာလာကတ်တေဖြစ်စီ၊ လမ်းမှားလို့ရောက်လာကတ်တေဖြစ်စီ ကျွန်တော်ရို့ “ရခိုင်အလင်းရောင်” မိသားစုမှ အထူးပင်ကျေးဇူးတင်ပါရေ။ နောက်ထပ်လည်း လာလည်ကတ်ပါလို့ ဖိတ်ခေါ်ပါရေ။