“အမှောင်ကိုခွင်း၊ အလင်းကိုဆောင်၊ ရခိုင်အလင်းရောင်။” စာပီမြင့်မှ လူမျိုးမြင့်ရေ။ စာပီပျောက်ကေ လူမျိုးပျေက်တေ။ ရခိုင်လူမျိုးလွတ်လပ်ချင်ကေ ရခိုင်စာကို အယင်သင်ကတ်။
ကျွန်တော်ရို့၏ “အမှောင်ကိုခွင်း၊ အလင်းကိုဆောင်၊ ရခိုင်အလင်းရောင်”ဘလော့သည် အိန်တာနက်ထက်မှာ တက်လာသမျှ ရခိုင်ဘာသာနန့် ဆောင်းပါး၊ကဗျာ စသည်တိကို ရှာဖွီတင်ဆက်ဖို့အတွက် စမ်းသပ်ပြုလုပ်နိန်ပါသည်။ လိုအပ်ချက်တိဟိပါက c'box မှာအမှာစာရေးထားခကတ်ပါ။ အတတ်နိုင်ဆုံး အကောင်းဆုံးဖြစ်အောင် ကြိုးစားနိန်ပါသည်။ ဆက်သွယ်ချင်ပါက alrevelation@gmail.com ကိုဆက်သွယ်နိုင်ပါရေ။

ရင်ခုန်မိရေ ကဗျာသျှေတစ်ပုဒ်

ပန် (စစ်တွေ)

ရခိုင်စကား၊ ရခိုင်အသံထွက်နန့် ရီးသားထားကတ်တေ ကဗျာ၊ ၀ထု၊ ဆောင်းပါးတိကို ရခိုင်ပြည်အတွင်းက ထုတ်ဝီနီကတ်တေ မဂ္ဂဇိန်းတိမှာ အားရ၀မ်းသာစရာ အများကြီးတွိလာရပါရေ။

ယေပြီးကေ မြို့နယ်အသီး သီးက ထွက်ပေါ်လာရေ မဂ္ဂဇိန်းတိကိုလည်း အားရဂုဏ်ယူစရာ တွိလာရပါရေ။
ဒေမဂ္ဂဇိန်းတိ ဆက်တိုက် ဆက်တိုက် ထွက်ယှိလာနိုင်ကတ်ပါစီ။ ကဗျာ၊ ၀ထု၊ ဆောင်းပါးတိလေ့ အများကြီး ရီးသားနိုင်ကတ်ပါစီလို့ ဆုတောင်းပါရေ။

မဂ္ဂဇိန်း တစ်အုပ်ထွက်လာဖို့ဆိုစွာ လွယ်တော့လွယ်ဖို့မဟုတ်ပါ။ ယင်းကျေးဇူးနန့် ကြိုးစားပြီးကေ စီစဉ်ထုတ် ၀ီကတ်တေ စာပီပညာသျှင် ပုဂ္ဂိုလ်တိကိုလေ့ ချီးမွှမ်းဂုဏ်ပြု လေးစားမိပါရေ။

အကျွန်စာမရီးတက်ပါ။ ကဗျာ၊ ဆောင်းပါး၊ စာမူချေတိကို ရီးပြီးကေ မယ်သယ်၊ မယ်ဝါ မဂ္ဂဇိန်းတစ်ခုကိုလေ့ မပို့ဖူးပါ။ ယေဒါလေ့ စာတော့ စိသျှေဖတ်ဖြစ်တေလို့ ဆိုရပါဖို့။ ယင်းပိုင်နန့် ၁၉၉၇ ခု၊ စက်တင်ဘာလထုတ် လခြမ်းမြီ အမှတ် (၁) မဂ္ဂဇိန်းကို ဖတ်ဖြစ်ပါရေ။ ဒေမဂ္ဂဇိန်းမှာ ကဗျာသျှင် နောက်အေး (အနောက်) ရီးသား ထားရေ ‘နှင်းမိုးထဲကလူ’ ဆိုရေ ကဗျာသျှေတစ်ပုဒ်ကို ရခိုင်အသံထွက်နန့် ဖတ်ရရေအခါ အကျွန့်ရင်ထဲမှာ ပီတိခံစားချက်သျှေတစ်ခု ဖြစ်ပေါ်လာရေအတွက်နန့် ပြန်လည်ခံစားတင်ပြချင်ရေစိတ်က ရွစိရွစိဖြစ်ပါလတ် ပါရေ။ ယင်းအတွက်နန့် အရဲစွန့်ဗျယ် မရီးတက်ရီးတက်နန့် ဖွင့်ဆိုခံစားမိလိုက်ပါရေ။



တခုကြားဖြတ် ပြောပါရစီ။ အရီးအသား၊ နိမိတ်ပုံ၊ ထင်ဟတ်ချက်တိရေ ကဗျာဖတ်သူအကျွန့်ကို ဖမ်းစား ပုံဖော်ပီးနိုင်ပါရေ။ ကဗျာသျှင် နောက်အေး (အနောက်) ကို ကျွန်တ်ာမသိပါ။ ဒေယှင့်ကိုတော့ခါ ရိုးရိုးသား သားဝန်ခံပါရစီ။ ကဗျာသျှင်ဇာမှာနီလေ၊ ဇာအရွယ်လေ၊ ဇာဂုဏ်ပုဒ်တိယှိရေလေ။ အကျွန့်စိတ်ကူးနန့် ပုံဖော် မိပါရေ။

ဟုတ်ပါယင့်။ နောင်အေး (အနောက်) ကဗျာ-အလှဒဿနကို အကျွန့်လက်လှမ်းမှီသလောက် လက်တစ်ဆုံး နှိုက်ကြည့်စွာမှာ ၀ိမုတ္တိရသကျမ်းကို ချီးမွှမ်းထောပနာပြုရေ မြင်းထိန်းငတာပိုင်ဖြစ်နီခကေ ခွင့်လွှတ်ဖို့နန့် အကျွန်ခံစားမိသလောက် ခံစားမိရေပိုင်ဖွင့်ဆိုထားစွာဖြစ်လို့ အကျွန့်ကိုနားလည်ပီးဖို့ အယ်ဒီတာနန့်အတူ၊ ကဗျာသျှင် စာဖတ်သူတိကို တောင်းပန်ပါရေ။

ဒေနိန့် ခေတ်လူငယ်သျှေတိ အီးမြရေဆောင်းက မွီးဖွားပီးလိုက်တေနှင်းပွင့်သျှေပိုင် သားသမီးသျှေတိ။ ယေ ဇူးနန့် သီတာရီစင်ပိုင် အီးမြရေမိဘမေတ္တာ တစ်မွိမွိတစ်စိမ့်စိမ့်နန့် တစ်ပေါက်ပေါက်ကျနီရေ မိဘမေတ္တာ အနန္တထားယှိရေ မိဘကို အီးမြရေဆောင်းသျှေနန့်ဖွဲ့ပနာ ဆောင်းကမွီးဖွားပီးလိုက်တေ နှင်းပွင့်သျှေကိုတော့ လီပြင်းခတ်လို့ ကြောကပင်စိမ့်ရေ။ နှာစီး ခြောင်းဆိုး ဆောင်းမွိရရေ ဆောင်းနန့်တင်စားထားပါရေ။ ဆောင်းမွိရရေဆောင်း လာနီပါယင့်ထော။

ဖတ်ကြည့်ပါ။
လာယင့်ယေဆောင်း
ရေဘင်တစ်လက်တပ်
ရိုးရာဒယောခရစ်သိမ်ဝတ်လို့
မြင်လိုက်ယာလားကိုး၊
ရွှေဆိုးကြိုးပြဖို့ စပို့ယှပ်
ကြည်သီးမတပ်ပဲဝတ်ထားစွာ။

နံပါးကဟိနီရေလူကို လက်တို့ပြောလိုက်တေစကားပါ။ မိဘက သားသမီးကို ခေတ်ပညာတက်တစ်ယောက် ဖြစ်ဗျယ် အဆင့်မြင့်မြင့်နီနိုင်ဖို့ ရည်ရွယ်ချက်ချေနန့် ကျောင်းထား၊ စာသင်၊ စာတော်အောင်၊ လူတောပေါက် အောင်၊ အပေါင်းအသင်းဆန့်အောင်ဆိုပြီးကေ ၀ယ်ပီးဆင်ပီးထားရေ အ၀တ်အစား၊ ရွှေငွေတိကို ရိုးရိုးတန်း ၀တ်စားဆင်ယင်မှုမယှိ။
တစ်ချို့မိဘတိမှာဆိုကေ သားသမီးချစ်စိတ်နန့် မရရရေပိုင် ရှာကြံဖန်တီးထားစွာကို သဘောမပေါက် ဇာမှန်းလေ့မသိ။ ခေတ်ကြီးကို တရားခံဆွဲထည့်ပနာ ကျောင်းကိုအကြောင်းပြ မိဘဖေ့သာကို သုံးဖြုန်းဗျယ် ငါးသုံးလုံး လန်ဒန် စီကာလိပ်ကို လက်ကြားမှာညှပ် ကွမ်းတစ်လုပ်မုံ လမ်းဘေးထိုင် ဂီတာတီး သိုင်ခေါင် သုံးဘော်နန့် အိမ်ကိုမ၀င်ပဲ အနာဂတ်မရေရာ မသေချာသိရေ လူငယ်တစ်ချို့ကို မြင်ယောင်မိပါရေ။

ဆောင်းမွိရရေရောဂါရေ မဆင်မခြင်နီကေ တစ်ခြားလူကိုပါ ကူးတတ်ပါရေ။ ယင်းအတွက်နန့် ၀င်ဖိ၊ ၀င်ဖိ ဆောင်းမွိရဖို့ယေလို့ အသိပီးထားရေ ဒုတိယအပိုဒ်ကို ဖတ်ကြည့်ပါ။
ဝင်ဖိဝင်ဖိ
ဆောင်မွိရဖို့ယေ ဇာလေယှင့်တစ်ခု
နှင်းပွင့်လည်းမဟုတ်
မိုးစက်လည်းမဟုတ်နန့်။

ဟုတ်ပါရေ။ အကျွန်ရို့ယဉ်ကျေးမှုနန့် မအပ်စပ်၊ ကားရီးကားရာဝတ်ပြီးကေ ယောက်ျားလည်းမဟုတ်၊ မမချေ လည်းမဟုတ်၊ ပါးလ၀ိုက်ဝိုက်ဗျယ် သနပ်ခါးလိမ်း၊ နားပေါက်ဖောက်၊ နကွင်းဝတ်၊ ဆံပင်ကို ကြက်ချခုတ် စည်းဗျယ် ဘန်းစကားတိ ပြောလိုပြောနန့် ဖြစ်နီစွာကို ကဗျာသျှင်က တစ်လွဲတစ်ချော် အတုမယူမိဖို့ သတိပီးရေ စေတနာကို မြင်ယောင်မိပါရေ။

ကေတန်တု၊ အနာဂတ်လူသျှေတိရေ ပညာတစ်ပိုင်းတစ်စနန့် မရေရာရေလမ်းမှာကို ရောက်နီမိဖို့ဆိုကေ ဒေလူသျှေတိ တိုင်းပြည်တာဝန် ထမ်းဆောင်နိုင်ဖို့ထားလို့ အနာဂတ်မှာ ကိုယ့်ဝမ်းစာတောင် ကိုယ်ရှာစားနိုင် ဖို့မဟုတ်ဆိုစွာကို ရင်ထဲက ကရုဏာအပြည့်နန့် ဂရောင်ဝထုတ် ဆောင်းဖို့လား၊ ထီးရာဆောင်းဖို့လား၊ စပ်တမ်းထောလို့ ဒေါသသံရောဗျယ် စေတနာမိုးကြိုးသွားကို အားမလိုအားမရ ဒေဂုပိုင် ပစ်ချလိုက်ပါရေ။

ကိုင်း …. စပ်တမ်းထော
အကိုပြောစမ်ချက် လမ်းထက်ကယင်းအကောင်
ဂရောင်ဝထုတ်ဆောင်းဖို့လား ထီးရာဆောင်းဖို့လား …. လို့ စပ်တမ်းစကားပြောလိုက်ပါရေ။

ယင်းအတွက်နန့် ဒေနိလူငယ်သျှေတိ အနာ ဂတ် အားထားရရေ လူငယ်သျှေတိဖြစ်အောင် စာကိုကြိုးစားသင်ယူပြီးကေ ရခိုင့်ယဉ်ကျေးးမှု အမွီအနှစ်၊ ၀တ်စားဆင်ယင်မှုတိကို ထိန်းသိမ်းဗျယ် ရခိုင်ပြည်အတွက် အုပ်တစ်ချက် သဲတစ်ပွင့် ထမ်းဆောင်နိုင်ကတ် ပါစီ။ ထီးဆောင်းယောက်ျားသျှေတိ ဖြစ်နိုင်ကတ်ပါစီလို့ ဆုတောင်းယင်းနန့်၊ ရခိုင်ကဗျာစာပီ တိုးတက်ထွန်း ကားပါစီလို့ ဆန္ဒပြုလိုက်ရပါရေ။

မူရင်း၊ လခြမ်းမြီမဂ္ဂဇိန်း အမှတ် ၂၊ စာ ၁၃၉၊ ၁၉၉၉ ခုနှစ်၊ ရခိုင်သားကြီးစာပီ၊ အမှတ် ၅၅/ခ၊ ကျွန်းရွှေဝါ လမ်း၊ ဘုရင့်နောင်ပွဲရုံတန်း၊ ရန်ကုန်။

0 မှတ်ချက်:

“အမှောင်ကိုခွင်း၊ အလင်းကိုဆောင်၊ ရခိုင်အလင်းရောင်” ဘလော့ကို တမင်တကာလာကတ်တေဖြစ်စီ၊ လမ်းမှားလို့ရောက်လာကတ်တေဖြစ်စီ ကျွန်တော်ရို့ “ရခိုင်အလင်းရောင်” မိသားစုမှ အထူးပင်ကျေးဇူးတင်ပါရေ။ နောက်ထပ်လည်း လာလည်ကတ်ပါလို့ ဖိတ်ခေါ်ပါရေ။