“အမှောင်ကိုခွင်း၊ အလင်းကိုဆောင်၊ ရခိုင်အလင်းရောင်။” စာပီမြင့်မှ လူမျိုးမြင့်ရေ။ စာပီပျောက်ကေ လူမျိုးပျေက်တေ။ ရခိုင်လူမျိုးလွတ်လပ်ချင်ကေ ရခိုင်စာကို အယင်သင်ကတ်။
ကျွန်တော်ရို့၏ “အမှောင်ကိုခွင်း၊ အလင်းကိုဆောင်၊ ရခိုင်အလင်းရောင်”ဘလော့သည် အိန်တာနက်ထက်မှာ တက်လာသမျှ ရခိုင်ဘာသာနန့် ဆောင်းပါး၊ကဗျာ စသည်တိကို ရှာဖွီတင်ဆက်ဖို့အတွက် စမ်းသပ်ပြုလုပ်နိန်ပါသည်။ လိုအပ်ချက်တိဟိပါက c'box မှာအမှာစာရေးထားခကတ်ပါ။ အတတ်နိုင်ဆုံး အကောင်းဆုံးဖြစ်အောင် ကြိုးစားနိန်ပါသည်။ ဆက်သွယ်ချင်ပါက alrevelation@gmail.com ကိုဆက်သွယ်နိုင်ပါရေ။

ရာဇ၀င်စိုင်အဆက်

မြတ်စော( ပြည်ရခိုင်)

(၁)

အိပ်မရ။
အတွေးစတိက ထိုလားဒေလား၊ ထိုပျံဒေကူး။ မြူးတူးပျော်ပါးကတ်သည့် လိပ်ပြာသျှေတိပိုင်။ အတောင်ကို တဖျက်ဖျက်ခတ်ပနာ ပျံလို့ကောင်းတုန်း။

အိပ်ဖို့ပျင်းတိုင်းရွာလယ်ဗွီဒီယို သမားရို့၏ Sound Box မှလာသော အသံကြောင့် မျဉ်းနီသောမျက်လုံးတိ ပြန်,ပြန်ပွင့်လာလတ်သည်။

နားအစုံကို ဒယောစုတ်နန့်အား ဓမ္မပိတ်ဆုံလျှက် အိပ်ပစ်ရန်ဖြစ်ပေါ် လာသည့်အကြံကို အကြိမ်ကြိမ်အခါခါ ဖျက်ဆီးပစ်ရ၏။

လက်ဝါးဖြင့်နားကိုပိတ်လျှက် အိပ်ရန်ကြိုးစားမည်ဟု စိတ်ကူးနီတုန်း နားထဲသို့ပို၍ ဆူးညံသော အနီးကပ်အသံတစ်ချို့ကို ထပ်မံကြားရလတ်ပြန်သည်။ “လာလတ်ပြန်ယာ အရာတစ်မျိုး”ဟု စိတ်ပျက် လက်ပျက်၊ ပါးစပ်တဗြတ်ဗြတ်မြည်ရင်း ‘ဗရန်တာ’အခန်းသို့ထွက်လာလတ်၏။

ရွှန်းရွှန်းမြမြ၊ ကြည်ကြည်လင်လင်မြင်တွိရသည့် လရောင်အောက် အုပ်စုတစ်စု၊ အသံပျက် မယ်ဒလင်ဟောင်း ကိုလက်ကိုင်ထားလျက်---။



အသံကို ကြိုးစားပန်းစားထိန်းပနာ တေးခြင်းဆိုလာကတ်တေ ကလွေသျှေတိ၊ ဆယ်ကျော်သက်တိ၊ မျိုးနွယ်ဆက်သစ်တိ၊ အနာဂတ်ဖူးပုရစ်တိ၊ ငုံသစ်ပွင့်သစ်၊ အလှသစ်တိ။

သူရို့တိကိုကြည့်ရင်း ကုန်လွန်ကျော်ဖြတ်လာတေ ကာလတိကို ပြန်လည်စောင်းငဲ့ကြည့်မိပြန်၏။ ငယ်ဘ၀သို့ တမ်းမက်စွာ လွမ်းဆွတ်ခြင်းတိ ရင်ထဲသို့ဝှေ့တိုးဝင်လာကတ်သည်။

အမျိုးဖြုတ်ပနာ၊ ထားပစ်ခယာဟု ယူဆထားသည့် မျက်ရည်စက်တစ်ချို့ကို အဂုတဖန် လည်စောင် လာကတ်ပြန်သည်။

ကလွေသျှေတိ၏ ချိုမြိန်ဖွယ် သံစဉ်တစ်ချို့နားစည်သို့လာရောက်ရိုက်ခတ်ကတ်၏။

“မင်းမြတ်ရာဇာ- နရိန္ဒာ၊ နရိန္ဒာ ဒေပြည်ရွာတစ်ဝှမ်းမှာ- ရွှင်လန်းစီဖို့ရာ၊ အမှန်ပင် ကိုယ်ကျိုးမငဲ့ပါ--ရာဇ၀င်စိုင်အဆက်၊ မဖောက်ပြန်လီပါ--တရားအမှန်ကိုရှာ…သာယာအီးချမ်း- ရခိုင်သားရို့--စိတ်ဝမ်းမကွဲခပါ--”

အို---၊ ရာဇ၀င်စိုင်ဆက် မဖေါက်ပြန်လီပါလတ်။

အိပ်ချင်စိတ်ကို လွင့်ပါးပျက်သုဉ်း အိပ်ခြင်းတရားတိ ပျောက်ဆုံးလားခကတ်သည့်တိုင်း…၊ အိပ်ရီးပျက်ပိုင်မတွိ။ အားတိခွန်တိ လျော့ပါးမလား။ ဆက်၍ဆက်ပနာ နားထောင်ချင်စိတ်တိရာ ၀ှန်ကျလာလတ်သည်။
ရာဇ၀င်အစိုင်အဆက်….
ရာဇ၀င်အစိုင်အဆက်….
ရာဇ၀င်အစိုင်အဆက်….လတ်။

(၂)
မရောက်ဖြစ်ခစွာ ကြာလတ်သော်ငြား။ ရင်းနှီးကျွမ်းဝင်ပြီးသားဟု ခံစားရ၏။
အိမ်ခန်းဝန်းကျင် အသွင်အပြင် ကိုယ်တိုယ်က မိမိအား ထာဝရဖမ်းဆီး ချုပ်ကိုင်ထားမြဲဖြစ်သည်။ နံရံတိ၌ ချိတ်ဆွဲတွယ်ကပ်ထားသည့် ရုပ်ပုံကားချပ်တိသည် မိမိ၏ နှလုံးသည်းပွတ်အား စကားပြောတတ်လာအောင် သွန်သင်ပြမြဲဖြစ်သည်။

ခိုင်မောင့်အိမ်၊ ခိုင်မောင့်အိပ်ခန်း။
ရာဇ၀င်စိုင်အဆက်ထဲက စုဆောင်းရမိသမျှ ရုပ်ပုံကားချပ်တိကို စုဆောင်းထိန်းသိမ်းထားသောအခန်း။
သမိုင်းပြတိုက်သျှေတစ်ခုလို့ဆိုကေပင် ရချင်ကေ ရနိုင်လောက်တေအခန်း။
ခိုင်မောင်….။
အမှန်မှာ ဤအိမ်အသျှင်သခင်၏ နာမပညတ်သည် ခိုင်မောင်မဟုတ်။

သူသည် သူ့အဖိုး၊ သူ့အဘောင်၊ သူ့အဖ၊ သူ့အမိရို့မှည့်ခေါ်ကတ်သည့် အမည်နာမကို ရိုသေလေးမြတ်သော်ငြား မလွဲမရှောင်သာစွာ ဥပက္ခာပြုရင်း၊ မိမိချစ်ခင်မြတ်နိုးတွယ်မက်လှစွာသော၊ နွယ်ချိုဖိုးခေါင်ရိုးတောင်ခြီရင်းက၊ သွီးစစ်သားရင်းပီပီ၊ ခိုင်မာတည်တံ့သော မိမိမျိုးနွယ်စု၏ ယောက်ျားဘသားတစ်ဦးအဖြစ် မိမိ၏ နာမည်ကို ‘ခိုင်မောင်’ဟုခံယူထား၏။

အမည်နာမကို ပြောင်းလဲထားခသည်မဟုတ်။ စိတ်ဓါတ်ကိုပါ ကြိုးစားပန်းစား ပြုပြင်ပြောင်းလဲနီ သည့် လူသားတစ်ဦးလည်းဖြစ်သည်။ ခိုင့်မောင်အိပ်ခန်းအ၀င်ဝတွင် ဘောမဲတစ်ခု၌ ရီးထားသည့်စာကို ဦးစွာ ဖတ်ဖြစ် သည်။

ကိုမြတ် …………

မတ် မလွဲမသွေလာလိမ့်မေလို့ ငါ့ယုံကေလေ့ ညက တစ်ညဉ့်လုံး အိပ်ရီးပျက်ထားလို့ ဗြတ်ကနဲ့ အိပ်ပစ်လိုက်ဖို့ယာ။ မတ်စဉ်းစားခန်းဝင်နိုင်အောင် ငါဗဂျီးပြောဖူးရေ စကားတစ်ခွန်းကို ရီးထားခယင့်။ ငါ့ကို မနှိုးကေ့ အုံးသိမ့်။ ငါနိုးလာခါပြီးမှ မတ်နန့်ငါ စကားပြောကတ်ဖို့ယာ။
မတ်သူငယ်ချင်း ခိုင်မောင် ……..

စာကြွင်း။ ။ မင်းစဉ်းစားဖို့စကားက “နပျော်သီးသျှင်အခွံစား လောင်းသျှင်တောင်ကြားလား” လတ်။

ခိုင်မာမွန်မြတ်လှစွာသော လခြမ်းမြီ၏ သားကောင်းပီစွာ မိမိအား ‘ခိုင်မြတ်’ ဟု လေးစားစွာ ကလောင်အမည်ပီးအပ်ခရုံမက နှုတ်မှတစ်သသ ဖွင့်ဟခေါ်တက်သော ခိုင်မောင်ကို လေးစားခင်မင်စွာ ငေးစိုက်ကြည့်ယင်း ဘောမဲဆီသို့ ရောက်လားခပြန်သည်။
…………………………………………………………….


(၃)
‘လခြမ်းမြီမဂ္ဂဇိန်း’ စာမူဖိတ်ခေါ်စာကိုကိုင်လျက် ခိုင်မောင်ပါးသို့ ရောက်လာလတ်သည်။
‘လာ ကိုမြတ်-၊ မင်းကိုငါမျှော်နီစွာ’
‘ဇာဇာ ကိစ္စရောင်’
‘ဂု ငါရီးထားရေစာတစ်ကြောင်းကို အသံမှန်မှန်နန့် တစ်ချက်ချေ ဖတ်ပြ’
“ငါက မှန်အောင်ဖတ်ပြနိုင်ကေ” “ဂူဝကန်ကရီတစ်ခွက်ပီးမေ”
“မတ် -- မွဲလားမေနှမ်း”
“ဟတ်-- ဟတ်---ဟတ်-----”
“ရယ်ဖို့မတက်ပဲ ရယ်မနီကေ့ဝေ၊ ပြ-ပြ၊ ဇာစာရောင်”
ယား - ဖတ်ကြည့်

ခိုင်မောင်လှမ်းပီးသော စာရွက်ကိုလှမ်းယူလျက် အသံထွက်ဖတ်လိုက်မိသည်။ ကျားမြည်သံကိုကြားရ၏ ဇာဝေ-၊ ကြားမြည်သံကိုကျားရ၏ -- ဟုတ်လား

ဟုတ်တေ ကျားမြည်သံကိုကျားရကေ တောထဲမှာဟိရေ အခြားသတ္တ၀ါတိ တစ်ကောင်လေ့ မရကတ်ယာလား ထားဖိ၊ မတ်က ကောင်းနတ်ယောင် ကား “ဟဲ - ဟဲ - ဟဲ -။ ဘွဲ့ရကျောင်းဆရာတစ်ယောက် ဖြစ်ယင့်သားနန့် ယပင့်သံ၊ ရရစ်သံကို ခွဲခြားလို့ မသိလတ်ထော။ ကမ္ဘာ့အံဖွယ် - ဟဲ - ဟဲ”

“ငါက ပညာတက်ပီပီ၊ စာသံ ပီသံနန့်ဖတ်စွာ။ မတ်ကကောင်းတစ်မျိုးရာ”
“ထားပါဖိဝေ ရက္ခ၀ဏ္ဏအက္ခရာကို ယက္ခ၀ဏ္ဏအက္ခရာလို့ စာသံပီသံနန့် ထွက်နီကေ ဒုက္ခ”
“ဆရာ - ဆရာ၊ ကျေးရွာပေါင်းစုံ ဘောလုံးပွဲစပါဖို့ယာ။ ယေဇု မဏ္ဍပ်က ဆရာ့ကို ခေါ်ဖို့လွှတ်လိုက်ဖို့ပါ”
တပည့်တစ်ဦး၏ အသံကြောင့် စကားဝိုင်းကိုတန့်ပနာ ဘောလုံးကွင်းဟိရာသို့ ထွက်လာကတ် သည်။

(၄)
ဘောလုံးပွဲ၊ ပွဲချိန်တစ်ဝက်ပြီးလားခယာဖြစ်၏။ ကျေးလက်ကျွန်းရာနီ၊ အလုပ်ကြမ်းသမားတိ ဖြစ်ကတ်သည့် တိုင် ဆက်သွယ်ရေးဂြိုဟ်တုမှတစ်ဆင့် ထုတ်လွှင့်မှုကို တီဗွီမှ ကြည့်မြင်နီကျ လူငယ်တိပီပီ၊ ကဇတ်ကွတ် တိကမဆိုး၊ စနစ်တစ်ကျအချိန့်ပြည့် လေ့ကျင့်ပီးနိုင်ကေ ဒေအချေတိထဲက ထူးချွန်သူပေါင်းများစွာ ပေါ်ပေါက်လာနိုင်သည်။

အားလပ်ချိန်ဖြစ်သောကြောင့် အသံချဲ့စက်မှ တေးခြင်းတစ်ပုဒ်ဖြင့် ဖြေဖျော်နီ၏။

“ကိုမြတ်“
နံပါး၌ ထိုင်နီသည့် ခိုင်မောင်ခေါ်သံကြောင့် လှည့်ကြည့်မိသည်။
“ဇာလဲ ခိုင်မောင်“
“ပွဲကြီးကြပ်ရေးမဏ္ဍပ်က ဖွင့်ထားရေတေးခြင်းကို ကိုမြတ်ကြားဖူးလား“
မကြားဖူးကား ဇာတေးခြင်းလေးယှင့်“
တေးခြင်းနာမေကိုတော့ မသိပါ ကိုမြတ်၊ အဆိုတော်က တွံတွေးစိုးအောင်ပါ
“ယင်းတေးခြင်းမှာ ဇာဇာထူးခြားမှုတိဟိရောင်“
“သူ့အချစ်နန့် မြင့်မိုရ်တောင်ကို နှိုင်းယှဉ်လိုက်ကေ မြင့်မိုရ်တောင်လေ့ ဇီးစိလောက် ဖြစ်လီပါဖို့ ဆိုပါရေ ကား“
“ဇာ-- ခိုင်မောင် မြင့်မိုရ်တောင်က …….”
“ဟုတ်တေ …… ခိုင်မြတ်“
“မိဘရို့မေတ္တတရားနန့် ခေတ်အဆက်ဆက် နှိုင်းယှဉ်တင်စားလာကတ်တေ မြင့်မိုရ်တောင်က သူ့အချစ်နန့် နှိုင်းစာလိုက်ကေ ဇီးစိဖြစ်လားဖို့ ဟုတ်လား”

“ကိုမြတ်ကြားရေအတိုင်းပါ ကိုမြတ်”
ပြောချင်စိတ်တိ အလိုလိုခြောက်ခမ်းလာသောကြောင့် ခိုင်မောင်ကို နှုတ်တောင်မဆက်ဖြစ်ပဲ ထပြန်လာ လတ်သည်။ တွံတေးစိုးအောင်၏ တေးခြင်းသံက နားထဲ၌စွဲမြဲစွာ ခိုတွယ်ကပ်ပါလာ၏။
“………………………………………..”
“………………… မြင့်မိုရ်တောင်လည်း ဇီးစေ့ဖြစ်သွားမယ်”
ဟင်း ……….။
သက်ပြင်းမှုတ်ထုတ်သံသည် ကျယ်ဝန်းပူလောင်လွန်းစွ။


(၅)
လရောင်ရွှန်းမှည့် ညဉ့်တစ်ညဉ့်။
“အုန်းထန်းပီလက်၊ တမာရွက်တို့၊ ရွှေစက်ရွှေပြောက်၊ ရွှေရည်သောက်၏” ဆိုသော ကျောင်းသင်ကဗျာ တစ်ပုဒ်ကို တတိုးသျှေ ရွက်ဆိုနီမိသည်။
“တရံတခါ လေအလာတွင် ရွာလည်ပေါင်းကူး တံတားဦးမှ ဆိတ်ဖလူးနံ့ ရွာလုံးပျံ့၏”

မိမိ၏ နှာခေါင်းထဲသို့ ဝှေ့တိုးဝင်ရောက်လာအနံ့ကို ခွဲခြမ်းစိတ်ဖြာကြည့်မိသည်။ ကဗျာထဲ၌ ပါယှိသည့် ဆိတ်ဖလူးပန်းရနံ့ကားမဟုတ်။ ညမွှီးပန်းရနံ့။ မိမိရို့ဒေသအခေါ် ‘ကလန်ဒါပန်း’ ရနံ့။

ညဉ့်အချိန်ခါမှ မွှီးရနံ့ထုတ်လွှင့်ပီးတက်သော ပန်းတစ်မျိုး။ ကာလဒေသဘသာဝဖြင့် နတ်ပျာသွန်းပျာ ခေါ်ကတ်သည်က “လင်လိုပန်း”

နိန့်ခင်းမှာ မွှီးရနံ့မသင်းပျံ့ပဲ ညဉ့်အချိန်ရောက်ခါမှ လင်တော်မောင် ပြန်အလာကို ရနံ့ဖြင့် မျှော်ကြိုတက် သောပန်း။ ယေဇုကြောင့် “လင်လိုပန်း” ဟုခေါ်ကတ်၏။ “လင်မျှော်ပန်း”ဆို ပိုကောင်းမည်ဟု မဆီမဆိုင် အတွေးရောက်မိပြန်သည်။

ပန်းရုံနံဘေးမှာ အရိပ်နှစ်ခု
“မယုံ ----- မယုံ၊ တစိကေသျှေလည်းမယုံ ………..”
ကလိန့်မေသျှေတစ်ယောက်၏အသံ။
“ယုံပါဟေ၊ ငါ့ကတိ ငါ့သစ္စာတရားကို နင်ယုံရာယုံ၊ အဂုက ငါ့ညီသျှင်ပြုဖို့အဆဲမှာ …… ငါ့အဖ”
“အဲ --- ၊ သူ့အဖ ဇာဇာဖြစ်လားခစွာလဲယှင့် .. ဟင်”

“ဒေလောက် အပူပြင်းရေရာသီထဲ နီပူပြင်မှာ ကမ်းပိုင်ဆည်ရရေဆိုစွာ နင်လဲစဉ်းစားကြည့်။ သံပိုင်မာရေ မြီကို တူးရ၊ သောက်ရီကျခါလေ့ ငန်ကငန်ရေနန့်၊ ကြာကေ--- ငှက်ဖျားဝင်၊ ၀မ်းကျမနာ -- တောက်!”

“ငါ - ငါ-၊ နားလည်လာယာဟယ်။ ဂုတင်က ငါပြောစွာတိကို စိတ်မကောင်းမဖြစ်ကေ့နန်း။ ငါလေ့ သူနန့် အတူတူနီချင်လွန်းလို့ ပူဆာမိစွာပါရာ။ အခင်သီလားခကေ၊ အရီး စိတ်ချမ်းသာဖို့အတွက် ကျန်လိုက်တေ ညီသျှေတိကို ဖြစ်အောင် ရှင်ပြုပီးလိုက်နန်း။ ငါရို့တိက ယလောက် အရီးမကြီး။ အဆင်ပြေရေ တနိန့်မှ ယူကတ်ဖို့ယာ ကြားလာ ---- သူ”


အပျံသင်စ ငှက်သျှေနှစ်ကောင်၏ သောက။

ဖရိုဖရဲ ဖြစ်နီရေ သိုက်မြုံကို စွန့်ခွာပနာ၊ လွတ်ရာ ကျွတ်ရာသို့ ပျံထွက်ပြီးဖို့ စိတ်မကူးပဲ တစ်သိုက်တစ်မြုံလုံး ဥမကွဲရအောင်၊ အသိုက်မပျက်ရအောင် ကြိုးစားဖို့ ဆုံးဖြတ်တတ်သည့် အမွန်မြတ်ဆုံးသော နှလုံးသားပိုင်ရှင်သျှေတိ။ အမွန်မြတ်ဆုံး----။

ဟုတ်သည်။ အမွန်မြတ် ဆုံးသော နှလုံးသားပိုင်ရှင်သျှေတိ။

ငါ----ငါ---ငါ---။

ငါ့နှလုံးသားကား ယင်းသို့ မွန်မြတ်ခပါ ယင့်လား။ လား --- လား။ အတွေးအိမ်ကွန်ယှက် ထဲမှာ လားပေါင်းများစွာ -- ။ များစွာ-- ။ များစွာ --။

(၆)
“စမ်းရီဆိုစွာ အီမြပါဖို့နန့်ရာပါပါ၊ အထက်က အောက်ကို စီးဆင်းရစွာပါကို။ အောက်က အထက်ကို ဆန်တက်ရဖို့ ဆိုပါကေ။ ပင်လယ်ရီပိုင် မအီး။ မချို။ ငံက ငံရေနန့်။ ခါးကခါး ရေနန့်”

“မင်း၊ မင်း …… မင်းက ငါ့ကို”

မျက်နှောင့်နီရဲရဲနန့်ပြောလာသည့် ပါပါကို ဥပေက္ခာပြုလျက် အိမ်ထက်ကဆင်းပြီးအလာမှာ စကားတစ်ခွန်း ပြောဖြစ်အောင် ပြောမိခသည်။ ပြောမှန်းမသိ၊ ဆိုမှန်းမသိ။ မှားမှန်းမသိ၊ ပြောမိပြောရာ ပြောခစွာတိလေ။

“ရီပူ ရီငန်ကို မသောက်ချင်ကေ့ ဘာဘာ။ ဘာဘာရို့ပါးက ရီကြိုက်ရီအီးကိုရာချပီးပါ။ သားတစ်သက်လုံး သောက်ပါရေစီ”

“ငါ ……. ယှီး” ဆိုသော ပါပါ့ ဒေါသသံသည် မိမိအတွက် အချိုမြိ့ဆုံး တေးသံ။ ပျော်ပျော်ပါးပါး၊ မိုက်မိုက်မဲမဲ နီဖြစ်မိစဉ်ကလေ။ အရက်ဝိုင်း၌ ၀ိုင်းထိုင်ဖြစ်ကတ်သည်။


(၇)
အမည်နာမ အမျိုးမျိုးဖြင့် ထုတ်လုပ်ရောင်းချနီကတ်သော အရက်အမျိုးအစားတိကို လက်ချိုးရွီတွက်ကြည့်မိ ၏။ လက်နှစ်ဘက်က လက်ချောင်းချေတိ ကုန်လားခသောကြောင့် ခြီချောင်းချေတိကိုပါ ငှားယူအသုံးပြုဖြစ် ဖြစ်သည်။

ပုလင်းဝနန့်ဖန်ခွက်သို့ ရောက်နီသောစိတ်ကြောင့် စကားမပြောဖြစ်ကတ်။ ဘယ်လက်တွင် အမြီးတစ်ဇွန်း၊ ယာလက်တွင် ဖန်ခွက်ကိုကိုင်ထားသော ကိုအောင်မင်းက အ.ထစ် အ.ထစ်နန့် စကားစပြောသည်။

“ကိုမြတ် ……. သူများတိဝတ်ထား … ထား .. ရေ၊ ဒိုး … ဒိုးယောကို၊ ကြည့်ကြည့်ပနာ၊ ကောင်း … ကောင်း … လှရေကားမြင်မိရေ။ အား … အားလဲ … အား .. အားကျမိရေ။ စိစိနံနံကြည့်မိခါမှ …. ဒေ … ဒေ .. ဒိုးယောစွာ ငါ့ … ငါ့ … ငါ့မှာပျောက်လားရေဒိုးယော။ ငါ့အဖိုးပါးက အာ … အမွီပီးခရေစွာလို့ မြင် … မြင်မိ ရေ။ ယေ … ယေကေလေ့ ဒေ - ဒိုးယောစွာ ငါ့ … ငါ့စွာလို့မပြောဝံ့။ ဒေ … ဒေယှင့်ကို .. ဇာ .. ဇာပိုင်ပျင် … ပျင်ကတ်ဖို့”

“အရက်သောက်ပွဲမှာ ပါးစပ်ကို အရက်သောက်ဖို့နန့် အမြီးစားဖို့အတွက်ရာ အသုံးပြုပါ ကိုအောင်မင်း”

ကိုအောင်မင်း ရှိဆက်မည့်စကားများကို အရိပ်ကျသော ခိုင်မောင်က လှမ်းတားယင်း အိမ်ထရံ၌ ထောင်ထားသော မယ်ဒလိန်ကို ကောက်ကိုင်လိုက်၏။

“ကိုင်း ….. ရခိုင်တေးခြင်းတစ်ပုဒ်ဆိုကတ်မေ”

ခရမ်းချဉ်သီးစပ်သနီတစ်ဇွန်းကို ကောက်စားရာက ခိုင်မျိုးက လှမ်းပြော၏။ ခိုင်မြတ်၊ ခိုင်မောင်၊ ခိုင်မျိုး၊ ခိုင်မင်းဟု နာမေယူထားကတ်သော်ငြားလည်း ခိုင်မင်းက သူ့နာမေကို အပြောင်းမခံ။ ခိုင်သုံးခိုင်ပေါင်းလျက် အောင်မြင်မှုရစိမ့်သောငှာ အောင်မင်းဟူသော သူ့အမည်ရင်းကို မပြောင်းချင်ဟုဆို၏။

ခိုင်မျိုးမင်း၏ မယ်ဒလိန်သံက သာယာစွာထွက်ပေါ်လာ၏။ ကိုအောင်မင်းက တေးခြင်းအဆိုသမား၊ သံပြိုင် အရောက်တွင် လေးယောက်စလုံးဟစ်အော်ကြသည်။

“ဒေယှင့်ငါရို့ပြည် …… ဒေပြည်မှာဖွား ……. ငါပင်ရခိုင်သား ….. အမျိုးကိုထိကြည့် …. တစိလေ့မခံ … ကြွီးကြော်သံ ပီးကတ်ရုံနန့် ဇာအမျိုး ဇာအကျိုးမတိုးတက်တေ”

ဝှန်ထလာသောကြက်သီးတိ ပျောက်စိမ့်ခြင်းငှာ လက်ဝါးနန့် ပွတ်ချမိသည်။ ကြက်သီးဝှန်ထဆဲ၊ ပြုလုပ်၍ လည်းမရ။ ဖျက်ဆီးပစ်၍လည်းမရသော အရာများထဲတွင် ၀ှန်ထလာသော ကြက်သီးလည်းပါမည်ထင် သည်။

ယေကေလေ့သော့ အရက်သောက်စား မူးယစ်ပြီးမှ အဖရခိုင်ပြည်ပေါ် သတိရတတ်သော မိမိရို့နှလုံးသည်း ပွတ်အတွက် ရှက်ခြင်းတရားတိ၊ ဇာဒေါင့်ဇာအနားမှာ ပုန်းယှောင်ဝပ်စင်းနီလီရေဆိုစွာကို မစဉ်းစားမိကတ်။


(၈)
ကလဒါပန်းရုံနံပါး၌ သစ္စာထားခကတ်သည့် မောင်နန့်မယ်ရို့၏ လက်ထပ်ပွဲကား ကျစ်ကျစ်လစ်လစ်ဖြင့် ပြီးစီး လားခ၏။

ခိုင်မောင်က ကန်တော့လာသူ မင်္ဂလာမောင်မယ်နှစ်ဦးအတွက် ဆုပီး၏။

“ဒေကောင် ခိုင်မြတ်ရီးရေ ဗိန်ဂိုး၏ ပန်းချီကားတစ်ဆိုရေ ၀တ္ထုထဲမှာပါရေပိုင် ဘ၀လမ်းကိုလျောက်ကတ်ခါ ဆူးငြောင့်ခလုတ်တိ၊ ကျောက်ဆောင်တိ၊ လှိုင်းထန်နီရေမြစ်ချောင်းတိ၊ မလွှဲမသွေ ကြုံတိရဖို့။ မွီးဖွားလာရေ သားသမီးတိ အတွက်တော့ခါ ဂုကတည်းက လက်ဆောင်ကဗျာတစ်ပုဒ် ပီးခမေ။ ငါရီးရေ ငါ့ကဗျာတော့ခါ မဟုတ်။ သျှင်နာဂိန္ဒမော်ကွန်း။ ယင်းမောင်ကွန်းကို မတ်လေ့ရပြီးသားရာ။ ယင်းနာဂိန္ဒမော်ကွန်းအတိုင်း ဆောင်ရွက်ကတ်ပါစီ ဆိုစွာရေ ငါရို့အားလုံးပီးရေဆုကြားလား။

“ပီးရေဆုနန့်ပြည့်ပါစီ၊ ပြည့်အောင်လည်း အကျွန်ရို့ ကြိုးစားထိန်းသိမ်းအားကတ်ပါဖို့လို့ ကတိပီးပါရေ”။ “အေး---အေး---၊ သာဓု---သာဓု၊ သာဓု----”

ခိုင်မောင်ဆုကြောင့် အချိုမြိန်ဆုံးသောပီတိကို စားသုံးရ၏။ ယင်းပီတိမျိုးကို လူတိုင်းစားသုံးချင်သည်။ စားသုံးသူတိုင်းသည်လည်း ထိုသို့ချိုမြိန်မှုမျိုးကို ခံစားရစီချင်သည်။

‘ဆု’ဟူသည် ပီးတိုင်းမရကတ်။ တောင်းတိုင်းလည်းမရတတ်။ ‘ဆ’ု နန့်အထိုက်တန်ဆုံးသောအရာမှာ ‘အလုပ်’ သာဖြစ်သည်။ အလုပ်လုပ်သူတိုင်းအတွက် ဆုသည် အဆင်သင့်စောင်နီမြဲ။

မင်္ဂလာညဇာဖက် အိမ်အပြန်တွင် ကောင်းကင်သို့မော်ကြည့်ဖြစ်သည်။ မြူတိမ်ကင်းစင်သော ချမ်းမြိ့ဖွယ် အပြာရောင် မိုးကောင်းကင်ထက်တွင် ဆန်းစ လခြမ်းကွေးသျှေသည် လှလှပပ ရွှန်းရွှန်းမြမြ။

မိမိရင်ထဲတွင် ကြည်လင်လှစွာသော ‘သစ္စာဆု’ ပန်းပွင့်တစ်ပွင့် ငွားစွင့်တင့်တယ်ဝင့်ကြွားထယ်လျက်။

မြူတိမ်ကင်းစင်၊ မိုးကောင်းကင်မှ၊ ကြည်လင်ထွန်းပ၊ လခြမ်း၏အလှသည် ထ၀ရ….ထာဝရ ….ထာဝရ …တည်တံ့နိုင်ပါစီ သတည်း။

0 မှတ်ချက်:

“အမှောင်ကိုခွင်း၊ အလင်းကိုဆောင်၊ ရခိုင်အလင်းရောင်” ဘလော့ကို တမင်တကာလာကတ်တေဖြစ်စီ၊ လမ်းမှားလို့ရောက်လာကတ်တေဖြစ်စီ ကျွန်တော်ရို့ “ရခိုင်အလင်းရောင်” မိသားစုမှ အထူးပင်ကျေးဇူးတင်ပါရေ။ နောက်ထပ်လည်း လာလည်ကတ်ပါလို့ ဖိတ်ခေါ်ပါရေ။