သံဃာတော်များ ဦးဆောင်ရေ ရွှီဝါရောင်တော်လှန်ရေး ၃ နှစ်ပြည့် နှစ်ပတ်လည် ကာလအတွင်းမှာ ရခိုင်ပြည်နယ် စစ်တွေမြို့ က သက်တော် ၅၇ နှစ်၊ ၀ါတော် ၃၇ ၀ါ ခန့်ဟိ ဆရာတော် အသျှင်ပညာစာရကို စစ်အာဏာပိုင်များက နှစ်ရှည် ထောင်ဒဏ် ချမှတ်ခသည်။
ရခိုင်ပြည်နယ် စစ်တွေမြို့ မဟာမုနိ ဗုဒ္ဓ၀ိဟာရကျောင်းတိုက်မှ ရခိုင်သမိုင်း သုတေသီ အသျှင်ပညာစာရကို ဇူလိုင်လ ၂၇ ရက်နိ့ တွင် အာဏာပိုင်များက လာရောက် ဖမ်းဆီးခပြီး ကျောင်းတိုက်ကိုပါ ချိပ်ပိတ်ခခြင်းဖြစ်သည်။
ထို့နောက် ဆရာတော် စောင့်ယှောက်ထားသော မိဘမဲ့ကအချေ ၁၅၀ ကျော်ကို အာဏာပိုင်များက အစိုးရ လူမှုဝန်ထမ်း ဦးစီးဌာန များသို့ ပို့ဆောင်ခပြီး ဆရာတော် စုဆောင်းထားသော ရခိုင် ယဉ်ကျေးမှုဆိုင်ရာ ပစ္စည်းများကိုလည်း သိမ်းယူခသည်။
ဆရာတော်ကို စစ်တွေ ခရိုင်တရားရုံးတွင် ပုဒ်မ ၇ ခုနှင့် တရားစွဲဆို စစ်ဆေးခကာ စက်တင်ဘာ ၂၉ ရက်နိ့တွင် နှစ်ရှည် ထောင်ဒဏ် ချမှတ်ခခြင်းဖြစ်သည်။
ဆရာတော် အသျှင်ပညာစာရ၏ တရားခွင် လွတ်လပ်မျှတမှုနှင့် စပ်လျဉ်း၍ ဆရာတော်၏ ရှိနီ ဒေါ်အေးနုစိန်ကို ဧရာဝတီ သတင်းထောက် မင်းနိုင်သူက ဆက်သွယ် မိန်းမြန်း ထားပါသည်။
မိန်း။ ။ ပြီးခရေ ၂၉ ရက်နိ့က အသျှင်ပညာစာရကို ထောင်ဒဏ် ၈ နှစ် ၃ လ နန့်ဒဏ်ငွေ ကျပ် ၁ သောင်း ချမှတ်လိုက်ဗျာယ်ဆိုတော့ခါ ဇာတိဆက်လက် ဆောင်ရွက်ပီးလားဖို့ ဟိပါသလဲ။
အသျှင်ပညာစာရကို ထောင်ချစွာက လူမျိုးရေး အရ အနိုင်ကျင့်စွာ ဖြစ်တေ။
မိန်း။ ။ ဆရာတော် အသျှင် ပညာစာရ တရားစီရင်ရေနိန့်က ဦးဇင်း မြင်တွိ့ခရရေ မြင်ကွင်းကို ပြောပြပီးပါလား အသျှင်ဘုရား။
ဖြေ။ ။ ယင်းနိန့်က ဦးဇင်းနန့် ဦးဇင်းရို့ကျောင်းက ရဟန်း သုံးပါး အခြေအနီ ဇာပိုင်ဟိရေဆိုစွာကို သိချင်ရေ စစ်တွေ ခရိုင်တရားရုံးကို လားခကတ်ပါရေ။ တရားရုံးထဲကို တယောက်ကိုလည်း ၀င်ခွင့်မပြူ။ ရဲသားတိကို တရားရုံး အပြည့်ချထားရေ။ ရဲဆိုင်ကယ်တိ၊ ကားတိ အပြည့်။ စရဖတိ၊ SB တိလည်ူ အပြည့်ပါ။ တရားရုံးရှိ ပတ်ပတ်လည်မှာ လူတိ အပြည့်။
မိန်း။ ။ အပြည့်ဆိုတော့ခါ ပြည်သူလူထုက ဇာလောက်များလဲ အသျှင်ဘုရား။
ဒေတခေါက် မျက်မှောက်ရေးရာ ဆွေးနွေးခန်းမှာ ဦးကျော်ဇံသာ က သမိုင်းသုတေသီ ပညာသျှင်များဖြစ်ဂတ်တေ နယူးယောက်တက္ကသိုလ်က ဒေါက်တာအေးကျော် နန့် Dr. Lian H
Sakhong ရို့ကို ပြည်ထောင်စုမြန်မာနိုင်ငံသမိုင်း သမိုင်းမှန်သင်ကြားရေးဆိုင်ရာများကို
ဆွေးနွေးသုံးသပ်တင်ပြထားပါရေ။
ဦးကျော်ဇံသာ ။ ။ ပထမဦးဆုံး ဒေါက်တာအေးကျော်ကို မီးချင်ပါရေ။ မြန်မာနိုင်ငံမှာ သင်ကြားပီးနီရေ ပြည်ထောင်စုမြန်မာနိုင်ငံသမိုင်းဆိုစွာကို ဘဝင်ကျပါလား။ ဆရာသင်ကြားပီးခစွာ။၊ သူများကို
ပို့ချပီးခစွာ ဆရာကိုယ်တိုင် ကျောင်းသားအဖြစ် သင်ခရစွာတိနန့် ပတ်သက်လို့။
9/12/2010
ရခိုင်ပြည်နယ်ထဲက အကြီးမားဆုံး ရခိုင်အမျိုးသား ပါတီတစ်ခုဖြစ်တေ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီက ယခုအခါ လွှတ်တော် အသီးသီးမှာ ပါဝင် ယှဉ်ပြိုင်ကြဖို့ ကိုယ်စားလှယ် လောင်း အမည်စာရင်းတိကို ရွီးကောက်ပွဲ ကော်မယှိန်မှာ တင်သွင်းခပြီးဖြစ်ပါရေ။ အခုပိုင် တင်သွင်းခပြီးရေ နောက်ပိုင်းမှာ ပါတီ ဥက္ကဌ ဒေါက်တာအေးမောင်ကို နိရဉ္စရာက အိန်တာဗျူး ပြုလုပ်ခွင့် ရခပါရေ။ အိန်တာဗျူး အပြည့် အစုံမှာ အောက်ပါ အတိုင်း ဖြစ်ပါရေ။
-------------------------------------------------------------------------------------------------------
မိန်း။ ။ ဥက္ကဌရို့ ပါတီ အနီနန့် လွှတ်တော် ကိုယ်စားလှယ်လောင်း ဇာနှစ်ဦး စာရင်း တင်သွင်း နိုင်ခပါလဲ။
ဖြေ။ ။ ကျွန်တော်ရို့က ရခိုင်ပြည်နယ်ထဲမှာ အားလုံးပေါင်း လွှတ်တော် ကိုယ်စားလှယ် ၆၃ နီရာမှာ ၄၃ နီရာ ကျွန်တော်ရို့ လွှတ်တော် ကိုယ်စားလှယ်လောင်း တင်သွင်းနိုင်ခပါရေ။ နီရာပေါင်း ၁၈ နိန်ရာလောက်က လစ်ဟင်းမှု ဟိလားခပါရေ။ ဗမာပြည်ထဲမှာတောခါ့ ဧရာဝတီတိုင်းမှာ တစ်နီရာ၊ ရန်ကုန်တိုင်းမှာ တစ်နီရာ ကျွန်တော်ရို့ တင်သွင်းနိုင်ခပါရေ။ ကျွန်တော်ရို့ စုစုပေါင်း ၄၅ ဦးကို တင်သွင်း နိုင်ပါရေ။
ပါမောက္ခ ဒေါက်တာအေးကျော်နှင့် အိန်တာဗျူး
9/10/2010

ဒေါက်တာအေးကျော်ကို ၁၉၃၉ ခုနှစ် က ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် တန်းလွဲချောင်း ရွာမ ရွာသစ်တွင် မွီးဖွားခသည်။
ဒေါက်တာအေးကျော် ဆည်းပူး ရဟိခသော ပညာရပ်ဆိုင်ရာ ဘွဲ့များမှာ B.A (History and Religion) ရန်ကုန် တက္ကသိုလ် (၁၉၅၉) ၊ B.A (Honors) Oriental History ရန်ကုန် တက္ကသိုလ် (၁၉၆၀) ၊ M.A (History of Asia) ရန်ကုန် တက္ကသိုလ် (၁၉၆၄) ၊ B.L (Law) ရန်ကုန် တက္ကသိုလ် (၁၉၆၆) ၊ PhD (History of Southeast Asia) Monash University. Australia. 1979 စသည် ရို့ဖြစ်သည်။
ဒေါက်တာအေးကျော်သည် ယခုအခါ အမေရိကန်တွင် နိန်ထိုင်သည်။ ဆရာကြီင်္း ဒေါက်တာ အေးကျော်မှာ ရခိုင်တမျိုးသားလုံးက လေးစားရိုသေသော ပုဂ္ဂိုလ် တစ်ဦး ဖြစ်သည်သာမက လက်ဟိ မြန်မာနိုင်ငံရေး ရခိုင်နိုင်ငံရေး အပေါ် မျက်ခြီ မပြတ် လေ့လာ သုံးသပ် ကျွမ်းဝင်နိန်သူ တစ်ဦးလည်း ဖြစ်သည်။ ရခိုင် အမျိုးသား ပညာတတ်များ ကြံ့ဖွတ်ပါတီနှင့် ပူးပေါင်းပြီး ရွီးကောက်ပွဲဝင်ရန် စီစဉ်နိန်မှုအပါအ၀င် ၂၀၁၀ ရွေးကောက်ပွဲ၊ ရခိုင်အမျိုးသားများ အနာဂတ် အခြေအနီများကို ဆရာကြီးကို မိန်းမြန်းရာ အောက်ပါ အတိုင်း ဖြေဆိုထားပါသည်။
၂၀၁၀ ခုနှစ် သြဂတ်စ်လ ၁ ရက်နိန့်က ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီမှ အတွင်းရေးမှူး အဖွဲ့ဝင် ဦးခိုင်ပြည်စိုးနှင့် သူတပည့် ဖြစ်သူ နှစ်ဦးအား ရဲ SP နှင့် စရဖမှ (စစ်တွေ)အမှတ် ၁ ရဲစခန်းကို ခေါ်ယူပြီး စစ်ဆေးမိန်းမြန်းမူများ ပြုလုပ်ခသည်။ ခေါ်ယူ စစ်ဆေးမိန်းမြန်းမူနှင့် ပတ်သက်ပြီး နိရဉ္စရာကမိန်းမြန်းရာ ဦးခိုင်ပြည်စိုးမှ အဂုပိုင် စတင် ပြောကြားသည်။
3/13/2010
ရခိုင်ပြည်တပ်မတော် စစ်ဦးစီချုပ် ဗိုလ်ရာဇာကို အိန္ဒိယ
စစ်တပ်က အန်တမန်ကျွန်းမှာ ၁၉၉၈ ခုနှစ် ဖေဖေါ်ဝါရီ လ ၁၁ ရက်နိ့က
လုပ်ကြံသတ်ဖြတ်လိုက်တေအတွက် အခုနှစ် ဖေဖေါ်ဝါရီလ ၁၁ ရက်နိ့ဆိုကေ ဗိုလ်ရာဇာ
ကျဆုံးလားစွာ နှစ်ပေါင်း ၁၂ နှစ်ပြည့်မြောက်ရေနိ့ ဖြစ်ပါရေ။ ဗိုလ်ရာဇာစွာ
တိုင်းပြည်နန့် လူမျိုး လွတ် မြောက်ရေးအတွက် ကိုယ်ကျိုးစွန့်
ကြိုးပမ်းလုပ်ဆောင်နိန်ချိန်မှာ အဂုပိုင် အိန္ဒိယစစ်တပ်၏
လုပ်ကြံသတ်ဖြတ်မှုကို ခံလိုက်ရစွာဖြစ်ပါရေ။ ယင်းပိုင် ခေါင်းဆောင်တဦး
ကျဆုံးလားရခြင်းက ရခိုင် တော်လှန်ရေး လမ်းကြောင်းမှာ ကြီးမားရေ
ဆုံးယှုံးးမှုကြီးတစ်ရပ်ဖြစ်ရေပိုင် ရခိုင်တမျိုးသားလုံးအတွက်
အစားထိုးမရနိုင်ရေ ဆုံးယှုံးမှုကြီးတရပ် လည်း ဖြစ်ပါရေ။ ယင်းကြောင့်
ဗိုလ်ရာဇာစွာ ဇာပိုင်ဂေါင်းဆောင်မျိုးလဲ။ သူ၏စိတ်နီသဘောထားတိက
ဇာပိုင်ဟိရေလဲဆိုစွာကို သိဟိနိုင်အောင် ဗိုလ်ရာဇာနန့် ညီအစ်ကိုတော်စပ်သူ
တော်လှန်ရေး လုပ်ဖေါ်ကိုင်ဖက် တစ်ဦးလည်းဖြစ်ရေ ကိုလင်းခိုင်ကို
ကိုမောင်အေးက တွိ့ဆုံပြီး အဂုပိုင် မိန်းမြန်းထားပါရေ။
မိန်း။ ကိုလင်းခိုင်အနီနန့် ဗိုလ်ရာဇာ၏
ကိုယ်ရေးရာဇ၀င်အကြောင်းကို ပထမ ပြောပြပီးပါလား။

ဖြေ။ ဗိုလ်ရာဇာစွာ မင်းပြားမြို့နယ်
ရွှေချောင်းကျေးရွာဇာတိ ဖြစ်ပါရေ။ သူ၏ဖခင်က ဦးသာမြအောင်၊ မိခင်က
ဒေါ်ကြာစိန်မေ (သို့) ဒေါ်ကြာစိန်ဖြူ ဖြစ်ပါရေ။ သားသမီး ၇ ယောက်အနက်
တတိယမြောက် သားဖြစ်ပါရေ။ ငယ်နာမည်က လှထွန်းအောင်ဖြစ်ပါရေ။ သူ့ကို အသက် ၁၃
နှစ်မှာ သျှင်ပြုပြီး စစ်တွေမြို့ ပုသိမ်ကျောင်းတိုက်နန့် စစ်တွေမြို့က
ကြက်ကိုင်းတန်ကျောင်းမှာလည်း ပရိယတ္တိစာပီတိကို သင်ကြားခပါရေ။
မိန်း။ ဗိုလ်ရာဇာစွာ တော်လှန်ရေးနန့်
ဇာပိုင်ဆက်စပ်ခပါသလဲ။ ဇာပါတီနန့်ဆက်စပ်ပြီး သူ တော် လှန်ရေး စလုပ်ခစွာပါလဲ။

ရခိုင်လူမျိုး သမိုင်း ပညာရှင်တဦးဖြစ်ရေ ဒေါက်တာအေးကျော် ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ခေတ္တ ရောက်ဟိစဉ် ရခိုင်ပြည်နယ်၏ နောက်ခံ သမိုင်း၊
နိုင်ငံရေး အခြေအနီနှင့် ရိုဟင်ဂျာ နောက်ခံသမိုင်း၊ ရိုဟင်ဂျာ အရေးနှင့်
အမြင်များအား ဧရာဝတီ သတင်းထောက် ဘစောတင်က တွိ့ဆုံမီးမြန်းထားသည် များကို
ဖော်ပြလိုက်ပါသည်။
ဒေါက်တာအေးကျော်သည် လက်ဟိတွင် အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့၌
အငြိမ်းစား ပါမောက္ခ တဦးအဖြစ် နီထိုင်လျက်ဟိသည်။ ဒေါက်တာအေးကျော်၏
ကိုယ်ရေးအကျဉ်းကိုလည်း အောက်တွင် ပူးတွဲ ဖော်ပြထားပါသည်။
2/14/2010
ရခိုင်ပြည် အမျိုးသားကောင်စီ ကြီးကြပ်မှုနန့် ANC ညီလာခံ တခုကို ထိုင်းမြန်မာ နယ်စပ်တနီရာမှာ ဖေဖေါ်ဝါရီလ ၆
ရက်နိန့်ကနေ ၉ ရက်နိန့်ထိ ကျင်းပပြုလုပ်ခပါရေ။ ဂု ညီလာခံက ဥက္ကဌ အသျှင်
ဦးသီဟ၊ ဒုဥက္ကဌ ဦးခင်မောင်၊ ဒုဥက္ကဌ(၁) ခိုင်ကောင်းစံနန့် အထွေထွေ
အတွင်းရေးမှူး အဖြစ် ကိုထွန်းဇော်၊ တွဲဘက်အတွင်းရေးမှူး
ဦးခိုင်စံလင်းရို့ အပါအ၀င် ဗဟို အလုပ်အမှုဆောင်ကော်မီတီ၊ ဗဟိုကော်မီတီ
စုစုပေါင်း (၁၅) ဦးကို ရွီးချယ်တင်မြှောက်ခစွာကို တွိ့ရပါရေ။ ညီလာခံ
အပြီးမှာ အသစ် ဖြစ်ပေါ် လာရေ အေအန်စီက ပေါ်လစီရေးရာနန့် ပတ်သက်ပြီး ယေဘုယျ
ယှင်းလင်းထားရေ ကြေငြာချက် တစောင် ထုတ်ပြန်စွာကို တွိ့ရပါရေ။ ယင်း
ကြေငြာချက်ထဲမှာ အမျိုးသား ညီညွတ်ရေး အပေါ် အထူးအလီးပီး ဖေါ်ပြထားစွာကို
တွိ့ရရေ အတွက် အထွေအထွေ အတွင်းရေးမှူး အသစ် ဖြစ်လာရေ ကိုထွန်းဇော်ကို
အမျိုးသား ညီညွတ်ရေးနန့် ပတ်သက်ပနာ သဘောထားကို သိရအောင် နိရဉ္စရာကအဂုပိုင်
တွိ့ဆုံ မိန်းမြန်းထားပါရေ။
2/3/2010
ရခိုင်အမျိုးသမီးများ အစည်းအရုံး
(RWU) ဥက္ကဌ စောမြရာဇာလင်းမှ
မြန်မာနိုင်ငံဆိုင်ရာ ကုလ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ
ကိန်င်တေးနားဘားသို့ ညနိန့်ခါက စာတစောင် ရွီးသား ပီးပို့လိုက်သည်။
မစ္စတာ ကိန်တေးနားဘားသို့ စာပီးပို့ရခြင်း၏ ရည်ရွှယ်ချက်ကို
ရခိုင်အမျိုးသမီးများ အစည်းအရုံးမှ ဥက္ကဌဖြစ်သူ ဒေါ်စောမြရာဇာလင်းက
အဂုပိုင်ပြောပါသည်။
၁၉၆၇-ခုနှစ် သြဂတ်(စ်) ၁၃ ရက်နိ ဆန္ဒပြပွဲတွင် ကိုယ်တိုင်ပါဝင်ခသူ
ဦးမောင်အေးချမ်းမှာ ရခိုင်ပြည် စစ်တွေမြို့မှဖြစ်ပြီး
မြန်မာနိုင်ငံလွတ်လပ်ရေးရပြီး (၂) နှစ်အကြာ ၁၉၅၀-ခုနှစ်တွင် မွီးဖွားသည်။
ဘ၀သက်တမ်းတလျှောက်လုံး ရခိုင်နိုင်ငံရေးတွင် ပါဝင်ခသဖြင့် အကြိမ်ကြိမ်
ထောင်ကျခသူလည်းဖြစ်သည်။ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ တည်ထောင်စဉ်က
ကေဒါတဦးအဖြစ် ပါဝင်ခသည်။ ၁၉၈၅-ခုနှစ်တွင်
ရခိုင်ပြည်အမျိုးသားလွတ်မြောက်ရေးပါတီ (ရမလပ) တွင် တာဝန်ထမ်းဆောင်သည်။
နောက်ပိုင်း ရခိုင်ပြည်အမျိုးသား ညီညွတ်ရေးပါတီတွင် ပါဝင်လာသည်။ ယခုအခါ
ပန်းထိမ်ဆရာတဦးအဖြစ် ဘင်္ဂလာဒေ့ခ်ျနိုင်ငံ ကော့ဘဇာမြို့တွင် မိသားစုနှင့်အတူ
နီထိုင်လျှက်ဟိသည်။ ဦးမောင်အေးချမ်းသည် သြဂတ်(စ်) ၁၃ အရေးတော်ပုံတွင်
ကိုယ်တိုင်ကိုယ်ကျပါဝင်ခသူဖြစ်သဖြင့် ယခုလတွင်ကျရောက်သော နှစ် (၄၀) မြောက်
ရခိုင်ပြည်ဆန်ပြဿနာနိ (သို့မဟုတ်) ၁၃ သြဂတ်(စ်) အရေးတော်ပုံနိတွင်
သြဂတ်(စ်) ၁၃ အရေးတော်ပုံအကြောင်းအား အများသူငါ သိကြားနိုင်ရန်
သူနှင့်တွိဆုံမိန်းမြန်းခန်းကို ထည့်သွင်းဖော်ပြလိုက်ပါသည်။


