ရခိုင်လူမျိုး သမိုင်း ပညာရှင်တဦးဖြစ်ရေ ဒေါက်တာအေးကျော် ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ခေတ္တ ရောက်ဟိစဉ် ရခိုင်ပြည်နယ်၏ နောက်ခံ သမိုင်း၊
နိုင်ငံရေး အခြေအနီနှင့် ရိုဟင်ဂျာ နောက်ခံသမိုင်း၊ ရိုဟင်ဂျာ အရေးနှင့်
အမြင်များအား ဧရာဝတီ သတင်းထောက် ဘစောတင်က တွိ့ဆုံမီးမြန်းထားသည် များကို
ဖော်ပြလိုက်ပါသည်။
ဒေါက်တာအေးကျော်သည် လက်ဟိတွင် အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့၌
အငြိမ်းစား ပါမောက္ခ တဦးအဖြစ် နီထိုင်လျက်ဟိသည်။ ဒေါက်တာအေးကျော်၏
ကိုယ်ရေးအကျဉ်းကိုလည်း အောက်တွင် ပူးတွဲ ဖော်ပြထားပါသည်။
ဒေါက်တာအေးကျော်
မိန်း။ ။ လွတ်လပ်ရေးမရမီ ရခိုင်ပြည် နိုင်ငံရေးအခြေအနီတိကို ပြောပြပီးပါ။
ဖြေ။ ။ မြန်မာ့တော်လှန်ရေးသမိုင်းမှာ ရခိုင်ခေါင်းဆောင်တိစွာ
အမြဲတမ်းရှိ့က ပါဝင်ခရေ၊ အင်္ဂလိပ် ကိုတော်လှန်ရေနီရာ၊
ဂျပန်ကိုတော်လှန်ရေနီရာမှာပါ ရှိ့တန်းကပဲါ ၊ ရခိုင်တိစွာ ဇာကို လိုချင် လို
့တော်လှန်ရေးမှာ ရှိ့တန်းက ပါရရေလဲဆိုကေ ရခိုင်ပြည်ကို ရခိုင်တိက
အုပ်ချုပ်ခွင့် ရချင်လို့ ဖြစ်ရေ၊ အင်္ဂလိပ်ခေတ်က ထင်ရှားရေ ခေါင်းဆောင်တိကို
ပြောပါဆိုကေ ဆရာတော်ဦးစိန္တာ၊ ဆရာတော် ဦးပညာ သီဟ၊ ဦးညိုထွန်း၊
ဦးအောင်ဇံဝေ၊ ဦးကျော်မင်း၊ ဦးဘစော စရေပုဂ္ဂိုလ်တိစွာ
ရခိုင်ပြည်တော်လှန်ရေး ရခိုင့် နိုင်ငံရေး လောကက ထိတ်ထိတ်ကြဲတိပါရာယေ၊
မြန်မာတနိုင်ငံလုံးအတွက် ဆိုကေတော့ခါ ဆရာတော် ဦးဥတ္တမ စွာ နံပါတ်တစ်ပါ။
ယင်းကာလက ရခိုင်တိ၏ အနီအထားကို ခွဲစိပ်ကြည့်မေဆိုကေ ဗြိတိသျှတိ၏ အုပ်ချုပ်
ရေးထဲမှာ ပါဝင်ရေ အပိုင်းကတပိုင်းနန့် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်ရေ
လွတ်လပ်ရေး တိုက်ပွဲတိထဲမှာ ပါဝင်ရေအပိုင်းတိကို လည်း တွိ့ ရပါဖို့။
ဦးညိုထွန်းဆိုစွာက ၁၉၃၆ ခုနှစ် ကျောင်းသားသပိတ်မှာ ပါဝင်ခရေ
ကျောင်းသားခေါင်းဆောင် တဦးလည်း ဖြစ်ရေ။ ယင်းကြောင့် သူစွာ
ရခိုင်အသိုင်းအ၀ိုင်းနန့် ဗမာအသိုင်းအ၀ိုင်းမှာပါ လူသိများရေ နိုင်ငံရေး
ခေါင်းဆောင်တဦးပါ၊ ဂနိန့် မြန်မာသမိုင်းမှာ မတ်လ(၂၇)ရက်နိန့် ကို
တော်လှန်ရေးနိန့်လို့ သတ်မှတ် ထားကတ်တေ၊ ဦးညိုထွန်းခေါင်းဆောင်ရေ
ရခိုင်တိစွာ ဂျပန်ကို မတ်လ(၂၇)ရက်ထက်စောပြီး ဖေဖော်ဝါရီ လ (၁၂)ရက်လား
(၁၃)ရက်လား ကျနော်အသေအချာ မမှတ်မိပါဗျာယ်။ ယင်းခါကပင် စပြီး ဖက်ဆစ် ဂျပန်
တော်လှန်ရေးကို ရခိုင်ပြည်က စတော်လှန်ခရေ။ ယင်းအကြောင်းကို
ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းတိထဲမှာ လည်း ပါပါရေ။ မေမြို
့မိုးကြည့်ရေးရေ ဗိုလ်ချုပ်အောင်ဆန်းမိန့် ခွန်းများထဲမှာ ရှာဖွီတွိ
့ဟိနိုင်ပါရေ။ လေ့လာကြည့်ပါ။
မိန်း။ ။ လွတ်လပ်ရေး ရပြီးရေနောက်ပိုင်း ရခိုင်ပြည်၏ အခြေအနေကဂါ
ဇာပိုင်ဟိပါရေလဲ။
ဖြေ။ ။ ရခိုင်တိစွာ အင်္ဂလိပ်ကိုတော်လှန်တဲ့နီရာနန့်
ဂျပန်ကိုတော်လှန်ရေနိန်ရာမှာပါ ရှိ့တန်းက ပါဝင်ခရေဆိုစွာကို
ပြောခပြီးပါဗျာယ်၊ ယင်းပိုင် ဗမာအပါအ၀င် အခြားသော
တိုင်းရင်းသားတိနန့်အတူတကွ လွတ်လပ်ရေးတိုက်ပွဲ ဆင်နွှဲခခြင်း၏ တကယ့်
ရည်မှန်းချက်က ဇာလဲဆိုကေ ရခိုင်တိစွာ မိမိရို့ ရခိုင်ပြည် ကို ရဖို့ပါ၊
တန်းတူအခွင့်အရေး ရဖို့ ပါ၊ ဖက်ဒရယ်ပြည်ထောင်စုမှာ ရခိုင်ပြည်နယ် ရဖို့ ပါ၊
ယကေလည်း တကယ်တမ်း မြန်မာ နိုင်ငံလွတ်လပ်ရေးရလာရေအခါ ရခိုင်တိအတွက်
တခုလည်းမရခပါ၊ ပြည်နယ် အဆင့် ချေကိုတောင်မှ သတ်မှတ်ပီးစွာကို မခံခရ၊
ရခိုင်တိ မွန်တိစွာ ဦးနုကို ပြည်နယ်ပီးဖို့ တောင်းဆိုကေလည်း ဦးနု
ဝှေလိုလို ဒေလိုလို ဝေ့လည်ကြောင်ပတ်လုပ်ခရေအတွက် ကြောင့် ရခိုင်တိ၏
ရည်မှန်းချက်မပြည့်ဝခရပါ၊ ဦးနုက သူ့ ပါတီအကျိုးကိုသာ ကြည့်ခလို့
တကယ်အရေးပါရေ National Interest (အမျိုးသားအကျိုး အမြတ်) ကို ဆုံးယှုံး
စီခရေ။
မိန်း။ ။ လွတ်လပ်ရေးရပြီး ဆယ်နှစ် ကာလအတွင်း ရခိုင်ပြည်မှာ
ဇာတိဖြစ်နီခပါသလဲ။
ဖြေ။ ။ ဦးနု၏ ဖဆပလ ခေတ်မှာ ရခိုင်ပြည်မှာ အဓိကလွှမ်းမိုးရေ
ပါတီကြီးနှစ်ခဟိပါရေ။ ဖဆပလ နန့် ရတည (ရခိုင် စည်းလုံးညီညွတ်ရေး ပါတီ)တိပါ၊
ရတည၏ ခေါင်းဆောင်က ဦးကျော်မင်းဖြစ်ရေ၊ သခင်ဦးကျော်ရင် ရို့လည်း
နိုင်ငံရေးလှုပ်ယှားမှုထဲမှာ ပါရေ၊ ဦးအောင်ဇံဝေ၊ တောင်ကုတ်က ဦးကျော်တင်
စစွာတိက ဖဆပလတိ၊ လွတ်လပ်ရေးရပြီးနောက် ဖဆပလ နှစ်ခြမ်းကွဲချိန်မှာ တည်မြဲ
(ဖဆပလ)နန့် သန့်ယှင်း (ဖဆပလ) ဆိုပြီး ဟိလာရေ၊့ သန့် ယှင်းဖဆပလ
ခေါင်းဆောင်ဖြစ်ရေ ဦးနုစွာ တိုင်းပြည်၏ အကျိုးထက် သူ့ ပါတီအကျိုးကိုရာ
ကြည့်ရေအနီနန့် မေယုခရိုင်ဆိုစွာ လုပ်လာရေ၊ ယင်းမှာဟိရေ ဘင်္ဂါလီ တိကို
မဲရဖို့ အတွက် မျက်နှာသာပီးရေ၊ မှတ်ပုံတင် ပြုလုပ်ပီးစွာတိဟိလာခရေ၊
ကိုလိုနီခေတ်က ဘင်္ဂါလီ တိစွာ ရခိုင်ပြည်ကို အလုပ်လာလုပ်ရေ၊ စပါးရိတ်ရေ။
လယ်ထွန်ရေ။ ပြီးကေ ပြန်လားကြရေ၊ ယကေလည်း ဦးနုက မဲရဖို့ အတွက်
မျက်နှာသာပီးစွာနန့် ဘင်္ဂါလီတိစွာ နိုင်ငံရေးအဆင့်ထိကို တိုးတက်
လုပ်ဆောင်လာစွာကို တွိ့ လာရရေ။ သူရို့ အထဲက စူလတန် မာမွတ်ဆိုစွာ
ထင်ရှားရေသူ တဦး ပါ၊ ရခိုင်တိ၏ ရတည ကတော့ခါ ရခိုင်ပြည်နယ်ရဟိရေးကို
တစိုက်မတ်မတ် ဆက်လုပ်လာခရေ။
မိန်း။ ။ ဦးနုက ယင်းပိုင် လုပ်ခလို့ ဇာတိဆက်ဖြစ်လာခပါရေလဲ။
ဖြေ။ ။ အဓိက အကြောင်းရင်းကတော့ခါ ၁၉၅၈။ ၅၉။ ၆၀ ကာလများမှာ ဖလပလ နှစ်ခြမ်း
ကွဲလာရေ၊ နှစ်ခြမ်းကွဲလာလို့ ဖဆပလ အားနည်းလာရေ၊ ယင်းအခါမှာ ဦးနုက သူ့
ပါတီ အနိုင်ရဖို့ မေယုခရိုင်ကို ဘင်္ဂါလီ တိကို ၀င်ခွင့်ပြုရေ၊ ယင်းပိုင်
ပြုလုပ်ခခြင်းက အေနိန့်ပြည်ပမှာ ကျယ်ကျယ်လောင်လောင် အသံထွက်နီရေ့
ရိုဟင်ဂျာဆိုရေ ပြဿနာတိကို ဖြစ်ပေါ်စီရေ အကြောင်းအရင်းပါ။
မိန်း။ ။ ဒေရိုဟင်ဂျာဆိုရေ အသုံးအနှုန်းစွာ ဇာအချိန်က ခရေဆိုစွာသိပါရေလား။
ဖြေ။ ။ ၁၉၆၀ ၀န်းကျင်လောက်မှာ စပေါ်ခရေလို့ထင်ပါရေ။ ဇာကြောင့်လဲဆိုတော့ခါ
စူလတန် မာမွတ် ဆိုရေ ဘင်္ဂါလီကြီးက အမတ်ဖြစ်ခကေလည်း တခါချေလည်း
ရိုဟင်ဂျာဆိုရေ စကား ကို သုံးစွဲခစွာ မတွိ့ ရပါ၊ လွတ်လပ်ရေးမတိုင်မီက
မြန်မာ့သမိုင်း၊ ရခိုင်သမိုင်းတိမှာ ရိုဟင်ဂျာဆိုရေ ဝေါဟာရစွာ မဟိခပါ၊
လွတ်လပ်ရေးရပြီးခါစမှာလည်း မဟိခပါ။
မိန်း။ ။ ရိုဟင်ဂျာဆိုရေ ဝေါဟာရကဂါ ဇာပိုင်အဓိပ္ပါယ်ကို ဆောင်ပါရေလဲ။
ဖြေ။ ။ * ဆရာကြီး ဦးသာထွန်း ကျန်းမာစဉ်တုန်းက သူရန်ကုန်ကိုလာတိုင်း
ကျနော်ဘားကိုဝင်ရေ၊ သူနန့်လက်ဖက်ရည်သောက်ယင်း စာအကြောင်းပီအကြောင်း
သမိုင်းအကြောင်း တိကို ဆွေးနွေးရေ၊ ယင်းအခါမှာ ဒေဝေါဟာရကို ဆရာကြီး
ဦးသာထွန်းက အခုပိုင် ဆိုပါရေ။ ရိုဟင်ဂျာ ဆိုစွာ ရခိုင်စကား
(ရွင့်)လွင့်ဂျာက ဖြစ်လာရေစကားဖြစ်ရေ။ လွင့်ဂျာဆိုရေ အဓိပ္ပာယ်က- ဥပမာ--
သစ်ပင်တိက သစ်ရွက်တိကြွီကေ လီထဲ မှာ ဝေ့ပြီး ဦးတည်ရာမဲ့ လွင့်နီစွာကို
ဆိုလိုရေ၊ဒေ ဘင်္ဂါလီတိကိုမှ အခုပိုင် ဆိုလိုစွာမဟုတ်ပါ၊ ရည် ရွယ်ချက်
ဦးတည်ချက်မဟိဘဲ လွင့်နီရေဇာသူ့ ကိုမဆို ရခိုင်ဘာသာစကားနန့် လွင့်ဂျာလို့
ဆိုရေ။ ယင်းချင့်ကို ဘာသာဗေဒနန့် ဆန်းစစ်ကြည့်ကေလည်း (ရွင့်)လွင့်ဂျာကနီ
ရိုဟင်ဂျာလို့ ပြောင်းလဲလာရေဆိုစွာ ဖြစ်နိုင်ရေလို့ ကျနော် တက္ကသိုလ်
ပညာပဒေသာ စာစောင်မှာ ကျနော်ရေးခဖူးရေ။ ယရလ၀ ဆိုရေ ဗျည်းတိစွာ
အသံပြောင်းလဲရေ သဘောဟိရေ။
(*ဆရာကြီး ဦးသာထွန်းမှာ ဝန်ကြီးချုပ်ဟောင်း ဦးနု လက်ထက်က ရခိုင်-မြန်မာ
ပညာရှိကြီးဖြစ်သည်။ ဦးနု ကိုယ်တိုင်
ပဏ္ဍိတ် (ပညာဟိ) ဘွဲ့ အပ်နှင်းခဖူးကြောင်း သိရသည်။ အယ်ဒီတာ)
မိန်း။ ။ အခုကာလမှာ ရခိုင်လူမျိုးတိက ဒေရိုဟင်ဂျာဆိုရေအသံကိုတောင်
မကြားချင်လောက် အောင်ဖြစ်နီကြစွာ ဇာကြောင့်ပါလဲ။
ဖြေ။ ။ ဒေရိုဟင်ဂျာ ဆိုစွာဖြစ်လာဖို့ ရခိုင်ပြည်မှာ အရင်းခံစွာက
မူဂျာဟစ်တိဖြစ်တေ။ သူရို့ စွာ ရခိုင်ပြည်မှာ နီရာရဖို့ မြီရဖို
့သူပုန်ထကြရေ။ သူရို့ စွာ အစက ဘင်္ဂလားဒေ့ရှ်က ဘင်္ဂါလီတိပါ၊ ရှိတုန်းက
သူရို့တိစွာ အလုပ်လုပ်ပြီးကေ သူရို့ နီရပ်ကို ပြန်ကြရေ၊ နောက်ကြာလာရေခါ
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကိုယ်တိုင်က လူဦးရေပေါများအားကြီးလို့
နီရထိုင်ရအခက်အခဲဟိလာရေ။ ယေခါ ဦးနုက မေယုခရိုင်အဖြစ် သတ်မှတ်ထားရေ
ဘူးသီးတောင်၊ မောင်းတော၊ ရသေ့တောင်နယ်တိကို မွတ်စလင် ပြည်နယ် ထူထောင်ဖို့
မူဂျာဟစ်တိ ကြိုးစားခရေ၊ ယင်းမူဂျာဟစ်တိက နာမည်သစ် ရိုဟင်ဂျာကို တင်
သွင်းလာရေအခါ ရခိုင်တိက လုံးဝလက်မခံပါ၊ မိမိတိုင်းပြည်၏ နယ်မြီတိနန့် ဘာသာ
သာသနာ ကိုပါ အန္တရာယ်ပြုနိုင်ရေ ဒေ ရိုဟင်ဂျာဆိုတာကို ရခိုင်တိက အသံကိုပင်
မကြားနိုင်စွာဖြစ်ပါရေ။
မိန်း။ ။ ဒေရိုဟင်ဂျာ ပေါ်ပေါက်လာရရေ နောက်ခံ အကြောင်းတရားက
ဇာတိဖြစ်နိုင်ပါလဲ။
ဖြေ။ ။ အင်မတန်မိန်းသင့်ရေ မိန်းခွန်းကောင်းတခုပါအမှန်၊ တကယ်တော့ခါ
ဒေရိုဟင်ဂျာဆိုစွာက အပေါ်ယံ ပြဿနာပါ၊ တကယ်နက်ယှိုင်းရေ အရင်းခံက“အစ္စလမ်ဝါဒ
လွှမ်းမိုး ပြန့်ပွားရေး”ဆိုရေစွာက အရင်းခံ ပြဿနာပါ၊ ယင်းလှုပ်ယှားမှုကို
ကြောထောက်နောက်ခံပြုပီးစွာက အာဖရိကတိုက် မြောက်ပိုင်းက တိုင်းပြည်တိ၊
အရှိ့အလယ်ပိုင်းက နိုင်ငံတိက ငွေကြေးတိ၊ လက်နက်တိ စသဖြင့် လိုအပ်စွတိကို
ထုနန့်ထည်နန့် ပံ့ပိုးပြီး လုပ်ဆောင်နီစွာကို တွိ့ ရရေ၊ အရှိ
တောင်အာယှကဆိုကေ မလေးယှားနိုင်ငံမှာဟိရေ အဖွဲ့အစည်းတိက အေချင့်ကို
အားပီးရေ။ မွတ်စလင် ဘာသာပြန့်ပွားဖို့ လွှမ်းမိုးဖို့ နယ်မြီရစီဖို
့အင်တိုက် အားတိုက် ကူညီရေ၊ ယင်းကြောင့် သူရို့ စွာ ရိုဟင်ဂျာအမည်ကို
သုံးပြီး မြန်မာတိုင်းရင်းသား၊ ရခိုင်တိုင်းရင်း သား ဖြစ်ဖို့ အားထုတ်လာရေ၊
အမှန်တကယ်တော့ခါ ရိုဟင်ဂျာဆိုစွာ လူမျိုးလည်းမဟုတ်၊ မြန်မာတိုင်းရင်းသား
လည်းမဟုတ်ပါ။
မိန်း။ ။ ပြည်တွင်းမှာတော့ခါ ရိုဟင်ဂျာဆိုစွာကို နအဖက အသိအမှတ်လည်း မပြု၊
တခါလည်းမဟိခလို့ အတိအလင်းဆိုပါရေ၊ ယကေလည်း ပြည်ပမှာဟိရေ တိုင်းရင်းသား
လူမျိုးများကောင်စီမှာ တိုင်းရင်းသား အခွင့်အရေးရဖို့
ကြိုးစားနီစွာတိကိုတော့ခါ ကြားဖူးရေ၊ ယကေလည်း ရခိုင်တိက ကန့်ကွက်လို့ အခု
အချိန်ထိတော့ခါ အောင်မြင်မှုမရသိမ့်ပါ။ တိုင်းရင်းသားဆိုစွာ ဇာသူတိကို
သတ်မှတ်ခရေလဲ ဆိုစွာကို သိချင်ပါရေ။
ဖြေ။ ။ ၁၉၇၈ ခုနှစ်က ရန်ကုန်မှာ လမ်းစဉ်ပါတီခေတ်က
တိုင်းရင်းသားလူမျိုးများနန့် ဆိုင်ရေ ဥပဒေတရပ်ကို သတ်မှတ်ဖို
့ဆရာဒေါက်တာမောင်မောင်၊ ဆရာကြီး ဦးစံသာအောင်နန့် ကျနော်ရို့တွိ
့ဆုံဆွေးနွေး ခဖူးပါရေ။ ဒေါက်တာမောင်မောင်က ဥပဒေ ပညာသျှင်၊ ကျနော်က
သမိုင်း၊ ဦးစံသာအောင်က ယင်းအချိန်ခါတုန်း က အထက်တန်းပညာဦးစီးဌာနက
ညွှန်ကြားရေးမှူးချုပ်ပါ၊ နီရာကတော့ခါ နိုင်ငံတော်ကောင်စီ ရုံးခန်းမှာပါ။
ယင်းအချိန်ခါမှာ ကျနော်က မြန်မာနိုင်ငံ၏ တိုင်းရင်းသားအဖြစ်
သတ်မှတ်ရေးအတွက်ဆိုကေ ဘိုးတော်ဘုရား စစ်တမ်း ဆိုစွာဟိပါရေ၊ ခရစ်သက္ကရာဇ်
၁၈၀၀ ကျော်လောက်က စစ်တမ်းကောက်ခစွာပါ၊ ယင်းချင့်ကအင်မတန်ပြည့်စုံပါရေ၊
ယင်းမှာ မြန်မာနိုင်ငံအတွင်းမှာ နီထိုင်လာရေ လူမျိုးတိ အားလုံးကို ကျကျနန
စစ်တမ်းကောက်ထား စွာဟိပါရေ၊ ရခိုင်တိ၊ ကရင်တိ၊ မွန်ကိုတော့ခါ
တလိုင်းလို့ခေါ်ရေ၊ ယင်းချင့်ကိုကို မူတည်ပြီး ဆုံးဖြတ်ကေ မကောင်းလားလို့
ကျနော်က အကြံပီးပါရေ။
ယေခါ ဆရာဒေါက်တာမောင်မောင်က မစောလွန်းလားလို့ပြန်မိန်းပါရေ၊ ယင်းပိုင်ဆိုကေ
သမိုင်းမှာအရေးပါရေ အလှည့်အပြောင်းဖြစ်ရေ ခရစ်သက္ကရာဇ် ၁၈၂၄ ခုနှစ်က
စသင့်ရေလို့ပြောခပါရေ၊ ၁၈၂၄ က မြန်မာပြည်ကို အင်္ဂလိပ်တိစသိမ်းရေ နှစ်ပါ၊
ယင်းစွာကို ဒေါက်တာမောင်မောင်က သဘောတူလို့ ယင်းမတိုင်မီက နီထိုင်ခရေ
လူမျိုးတိကို တိုင်းရင်းသားလူမျိုးများအဖြစ် သတ်မှတ်ရေလို့  ဥပဒေ ပြုခပါရေ။
ယကေလည်း ရိုဟင်ဂျာဆိုရေ အသုံးအနှုန်းမဟိခပါ။
ဒေါက်တာအေးကျော်၏ ကိုယ်ရေးအကျဉ်း
ဒေါက်တာအေးကျော်ကို ၁၉၃၉ ခုနှစ် က ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်
တန်းလွဲချောင်း ရွာမ ရွာသစ်တွင် မွီးဖွားခသည်။
ဒေါက်တာအေးကျော် ဆည်းပူးရဟိခသော ပညာရပ်ဆိုင်ရာ ဘွဲ့များမှာ B.A (History
and Religion) ရန်ကုန် တက္ကသိုလ် (၁၉၅၉) ၊ B.A (Honors) Oriental History
ရန်ကုန် တက္ကသိုလ် (၁၉၆၀) ၊ M.A (History of Asia) ရန်ကုန် တက္ကသိုလ် (၁၉၆၄) ၊
B.L (Law) ရန်ကုန် တက္ကသိုလ် (၁၉၆၆) ၊ PhD (History of Southeast Asia)
Monash University. Australia. 1979 စရေ ဘွဲ့များကို ရဟိခသည်။
ဒေါက်တာအေးကျော်သည် ကထိက (သမိုင်းဌာန) ရန်ကုန်တက္ကသိုလ် (၁၉၆၂-၁၉၈၀) ။
တွဲဖက် ပါမောက္ခ (သမိုင်းဌာန) ဖယတ် တက္ကသိုလ်၊ ချင်းမိုင်၊ ထိုင်းနိုင်ငံ
(၁၉၈၂-၈၄) ။ ကထိက (ခေတ်သစ် ဘာသာဗေဒနှင့် သဒ္ဒဗေဒ ဌာန) ကော်နဲ တက္ကသိုလ်၊
နယူးယောက်၊ အမေရိကန် ပြည်ထောင်စု၊ (၁၉၈၄- ၈၉) ။ ဘာသာပြန် ကျွမ်းကျင်သူ (
သက္ကတစာပေ ဌာန) ဟားဗတ် တက္ကသိုလ်၊ အမေရိကန် ပြည်ထောင်စု၊ (၁၉၉၁-၀၂) ။ တွဲဖက်
ပါမောက္ခ (သက်ကြီးများအတွက် စဉ်ဆက်မပြတ် ပညာသင်ကြားရေး အစီအစဉ်) နယူးယောက်
တက္ကသိုလ်၊ အမေရိကန် ပြည်ထောင်စု၊ (၁၉၉၃- ၉၅) ။ တွဲဖက်ပါမောက္ခ (အာယှသုတေသန
ဌာန) နယူး ယောက် တက္ကသိုလ်၊ အမေရိကန် ပြည်ထောင်စု (၁၉၉၆- ၉၉)၊ လွတ်လပ်သော
အာယှအသံ (R.F.A) မြန်မာပိုင်း အစီအစဉ်တွင် အကြံပီး အယ်ဒီတာ
(၃နှစ်ခန့်)အဖြစ် တာဝန်များ ထမ်းဆောင်ခပြီး အခုအခါ အမေရိကန် ပြည်ထောင်စု
နယူးယောက်မြို့တွင် အငြိမ်းစားယူ၍ မြန်မာ့အရေးဆိုင်ရာများကို ဆောင်ရွက်
နီထိုင်လျက်ဟိသည်။
ဒေါက်တာအေးကျော် ရေးသားထုတ်ဝီခရေ စာအုပ်များ -
၁၊ ရှမ်းလူမျိုးများ၏ ယဉ်ကျေးမှုများနှင့် ရိုးရာဓလေ့ (၁၉၆၈)
၂၊ မြန်မာနိုင်ငံ အမျိုးသားပညာရေးသမိုင်း (၁၉၇၀) စာအုပ်ဖြင့်
၁၉၇၁ခုနှစ်အတွက် အမျိုး သားစာပေဆုကို ဆွတ်ခူးခသည်။
၃၊ ရခိုင်လူမျိုးများ၏ ယဉ်ကျေးမှုများနှင့် ရိုးရာဓလေ့ (၁၉၇၃)
၎။ On the Birth of Modern Family Law in Burma and Thailand. Singapore
(1990)
၅၊ The Voice of young. Cornell University, March 1990
၆၊ Code and Custom in Burma and Thailand. Scotland. 1993
http://www.irrawaddy.org/bur/index.php?option=com_content&view=...
0 မှတ်ချက်:
Post a Comment