ရွက်နုတိဝီ
...........
မေတ္တာခေါင်းပါး
နွီရွာကြားမှာ...
အဝတ်စား ဗလာ၊ ငါလျှောက်လာလည်း...။
အကြင်နာခေါင်းပါး
နွီရွာကြားမှာ...
အစားစာ ဗလာ၊ ငါလျှောက်လာလည်း...။
စေတာနခေါင်းပါး
နွီရွာကြားမှာ...
အင်အားဗလာ၊ ငါလျှောက်လာလည်း...။
ငါကား မသီ
ချီမြဲချီလျက်။
ရွက်ကျင်လီသွန်၊ ရာသီပြန်ကေ
ထက်သန်စွမ်းအား၊ ငါ့သွီးသားက
ပေါက်ဖွားစီရီ၊ ဖူးညှောက်စီဗျာ
နီမြန်းတက်ကြွ၊ ငါ့အလှကို
ဝမ်းသာအားရ ကြည့်ကတ်လီ။
.......၀.......
လေးဝတီ ခိုင်ကျော်
(ရခိုင်သဟာယမဂ္ဂဇင်း အမှတ်(၆) မှ)
သို့
သားကြီး ကောင်းကျော်ခိုင်...
တစ်နည်းဆိုရကေ မွီးရပ်ဇာတိရေ အရေးကြီးရေ။ ဇာတိမြေရေ လူတိအတွက်တောင် မကသိ၊ တိရစ္ဆာန်တိအတွက်လေ့ အရေးကြီးရေဆိုစွာ တစချို့ တိရစ္ဆာန်တိ အမူအကျင့်က သက်သီပြနိန်ရေ သား။ ဥပမာပြုရဖို့ဆိုကေ တောင်အာဖရိကနိုင်ငံမှာဟိရေ မိုးစရီငှက်တစ်မျိုးရေ မိုင်ပေါင်းခြောက်တောင်
ကျော်လောက်ဝီးရေ အင်္ဂလန်နိုင်ငံမှာ လာရောက်ရှာဖွေစားသောက် ကတ်တေလတ်။ နွီဦးပေါက်လာဗျာယ် ဆိုကေ ဇာတိမြေဖြစ်တေ တောင်အာဖရိက နိုင်ငံကို ပြန်လာကတ်ပျာယ် နဂိုလ်က နိန်ထိုင်ခရေအသိုက်ကို အတိအကျ ပြန်ရောက်ကတ်တေလို့ ဆိုရေကာ။ ဒေငှက်အကျင့်မျိုးပိုင် ပျားရို့၊ ဆိုက်ဘေး ရီးယားဘဲရို့၊ ဆော်လမွန်ငါးရို့ မှာလေ့ ဟိရေဆိုယင့်။
ပင်လယ်သမုဒ္ဒရာမှာ လာလောက်ရှာဖွေစားသောက်လေ့ ဟိတတ်တေ ဆော်လမွန် ငါးတိစွာ အရွယ်ရောက်လို့ သားသမီးမွီးဖို့ဗျာယ်ဆိုကေ ယင်းသူရို့မွီး ရာဇာတိဖြစ်တေမြစ်တိကို
ပြန်လို့လာကတ်တေလတ်။ အမှန်ဆိုကေ ဒေငါးတိစွာ ရီချိုမြစ်မှာ ပေါက်ဖွားဗျာယ် နှစ်နှစ်လောက်ထိ
နိန်ထိုင်စားသောက်ခါပြီးမှ တဖြည်းဖြည်းနန့် ပင်လယ်သမုဒ္ဒရာအထိ ရီကြည်ရာမြက်နုရာ ခရီးထွက်လားခကတ်စွာလတ်။ လေးနှစ်သားအရွယ်ရောက်ခါမှ ကိုယ့်ဘားကို ဥဖို့၊ ပေါက်ဖို့
ပြန်လာကတ်တေလို့ ဆိုရေကာ။ ပင်လယ်သမုဒ္ဒရာက ကိုယ့်အရပ်ဒေသကို ပြန်လာခါစမှာ တစ်ကောင်စီဆိုစွာ ပေါင် (၂၀)က (၂၅) ပေါင်ထိ ကြီးရေလို့ ဆိုယင့်။
မိုင်ပေါင်း ထောင်သောင်းချီလို့ ဝီးကွာရေခရီးကို ရီဆန်၊ လီဆန် အခက်အခဲတိ အများကြီးထဲက
ပြန်လာကတ်ရစွာယေ။ တစ်ခါတစ်ခါ မွီးရပ်ကိုရောက်ဖို့အတွက် ရီတံခွန်တိ၊ တောင်တိကို မရောက်ရောက်အောင် ခုန်တက်ကတ်ရရေ။ ကြိမ်ဖန်များစွာခုန်ရေခါ တစ်ချို့ကသီ၊ တစ်ချို့ကလေ့ မွီးရပ်ကို ပြန်ရောက်ကတ်တေလတ်။ ယင်းပိုင် အခက်အခဲ အများကြီးကြားက အပြန်ခရီးမှာ လူတိဖမ်းစားကတ်စွာကတစ်မျိုး၊ တစ်ခြား သတ္တဝါတိက ဖမ်းစားကတ်စွာတစ်မျိုးနန့် မွီးရပ်ဇာတိကို အကောင် အနည်းသျှေရာ ပြန်ရောက်တေလတ်။ ယေခါပြီးမှ ကိုယ့်ရပ်ကိုယ့်မြီမှာ သားသမီးတိကို မွီးဖွားဗျာယ် ယင်းသူရို့အနာဂတ်သမိုင်းကို ယင်းသူရို့ကိုယ်တိုင် ကျေပွန်အောင် ထမ်းဆောင်ကတ်တေလို့ ဆိုယင့်။
ဒေငါးတိနန့် နှိုင်းယှဉ်ကြည့်ကတ်ဖို့ဆိုကေ ဘာဘာရို့မွီးရပ်မြေကို ပြန်ဖြစ်စွာ၊ ဇာလောက်ပင်ပန်းကတ်လို့လဲ။ ပြီးကေသားလေ့ ရခိုင်အတိတ်သမိုင်း ရာဇဝင်ရို့ကို သိခွင့်ရဖို့၊ ပစ္စုပ္ပန်သမိုင်းကိုလေ့ မြင်ကတ်ရဖို့၊ အနာကတ်သမိုင်းကိုလေ့ မှန်းဆရဖို့မနားယေ။ ဇာပင်ဖြစ်ဖြစ် တစ်နှစ်တစ်ခါ၊ နှစ်ခါလောက်တော့
ပြန်ကတ်မေနှန်း။
ဘာဘာ...........
ရိုးမလူ
...............
(၂၀၀၃၊ အောက်တိုဘာလထုတ်- ရခိုင်သဟာယ အသင်း(ရန်ကုန်) မဂ္ဂဇင်း (၆) မှကူးယူဖော်ပြပါသည်။
| စာဖတ်သူ၏တုန့်ပြန်မှု |
ရှေးဟောင်းရခိုင် သုတေသန ပညာသျှင် ဦးစံသာအောင်
ရှေးဟောင်း ရခိုင်သမိုင်းနှင့် ယဉ်ကျေးမှု သုတေသန နယ်ပယ်တွင် နိုင်ငံခြား သုတေသီ ပညာသျှင် အတော်များများ ပေါ်ထွက်ခပါသည်။ မြန်မာ တိုင်းရင်းသားများထဲမှမူ လက်ချိုး ရေတွက်ကြည့်လျှင် လက်တဖက်ပင် ပြည့်မည် မထင်ပါ။ အထူးသဖြင့် ရခိုင်ခေတ်ဦး ကျောက်စာ၊ ခေါင်းလောင်းစာ၊ ကြေးပြားစာ၊ ဒင်္ဂါးများနှင့် ပတ်သက်၍ စနစ်တကျ သုတေသန ပြုသူ အလွန် နည်းပါးခသည်။ ရခိုင် တိုင်းရင်းသားများထဲမှ ဦးစံရွှေဘု၊ ရခိုင်ပဏ္ဍိတ် ဦးဦးသာထွန်း၊ ဦးအောင်သာဦး ရို့သာ ထင်ထင်ရှားရှား ဟိခသည်။ ဦးစံရွှေဘုမှာ စစ်မဖြစ်မီက ရခိုင်ပြည်နယ် ဂုဏ်ထူးဆောင် ရှေးဟောင်း သုတေသီ (Archaecologist) တဦး ဖြစ်၍၊ ရခိုင်သမိုင်းနှင့် ပတ်သက်၍ မြန်မာနိုင်ငံ သုတေသန အသင်းဂျာနယ် (The Journal of Burma Research Society) တွင် အင်္ဂလိပ် ဘာသာဖြင့် သုတေသန စာတမ်းများ ရွီးခသူ ဖြစ်သည်။ အခြား ထင်ရှားသူ တဦးမှာ ရန်ကုန် တက္ကသိုလ် ရူပဗေဒ ပါမောက္ခ၊ နောင်တွင် အထက်တန်း ပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဖြစ်လာသူ ရခိုင် အမျိုးသား ဦးစံသာအောင် (၁၉၂၅-၁၉၈၁) ဖြစ်သည်။| စာဖတ်သူ၏တုန့်ပြန်မှု |
လူဟူသည်မှာ၊ ဓမ္မတာတည့်
“ရီကြိုင်ရာ မြက်နုရာ” ရှာကတ်လည်း။
ဤသည်စကား၊ ငါစဉ်းစားမိ
ငါမွီးရေမြီ၊ အဖပြည်ကို
ဤနီရာသည်၊ ရီမကြိုင်ဟု
သွေဖယ်ကြောခိုင်း သင့်သလား။
| စာဖတ်သူ၏တုန့်ပြန်မှု |
ငါ့မြီပြင်မှာ
ခိုးဝင်ထွန်းယက် သီးနှံထွက်ပြီး
ဈီးထက်တင်ရောင်း အမြတ်ကောင်းရ
ဝမ်းဝဂေါင်းထောင် မိစ္ဆာကောင်တိ
နှာရောင်ကောင်ကောက်ကောက် မျက်လုံးနောက်ဗျာယ်
ယာမျောက်က ယာသျှင်ကိုနှင်နီရေ။
ငါ့ရီပြင်မှာ
ခိုဝင်ငါးရှာ ငါးရလာပြီး
ဈီးမှာတင်ရောင်း အမြတ်ကောင်းရ
ဝမ်းဝဂေါင်းထောင် မိစ္ဆာကောင်တိ
နှာရောင်ကောက်ကောက် မျက်လုံးနောက်ဗျာယ်
ပြားမျောက်က ပြားသျှင်ကိုနှင်နီရေ။
ရခိုင်သူ/သား တစ်ရပ်လုံးသို့ ပီးပို့လိုက်ပါယင့်
ကျွန်တော်ရို့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ မှ ကမကထ လုပ်ပြီး
ရခိုင်စာအရီးအသား တစ်ရပ်ပေါ်ပေါက်ရေးအတွက် ဆွေးနွေးထားချက် များကို တခြား
ရခိုင်သူ/သား များလည်း ပါဝင်ပူးပေါင်းပြီး ဆွေးနွေးပီးနိုင်ရန်
ပီးပို့လိုက်ပါရယ်။
အခုပို့ပီးရယ် စာတန်းတိကို ဖတ်ပြီးကေ အားလုံးလက်ခံနိုင်သော ရခိုင်စာ
အရီးအသား တစ်ရပ်ပေါ်ပေါက်အောင် ဆွေးနွေး အကြံပြုပီးကတ်ပါလို့ နိုးဆော်
တိုက်တွန်းလိုက်ရပါရယ်။
ရခိုင်စာ အရီးအသား တစ်ရပ်ပေါ်ပေါက်ရေး ကော်မတီ
ရခိုင်တိုင်းရင်းသားများတိုးတက်
စစ်တွေမြို့
“စွန်လာ သစ်ငုတ်လား၊ သစ်ငုတ်ဆိုထိုင်နိန်၊ စွန်ဆို ထလိုက်၊ ကြက်မမကောင်း ကြက်ချေကောင်း ပိယောင် ပိယောင်၊ ကြက်မ မကောင်း ကြက်ချေ ကောင်းပိယောင်၊ပိယောင်” ………….
အဘုချေတိကစပ်နိန်ကတ်တေ အသံ……. ၀ါကျွတ်လပြည့်ဖို့ယာဖြစ်လို့ နပြင်တိခြောက်၊ နီပူတောက်ဖို့ အားယူလာရေအချိန်၊ ရှစ်ခွင်ဝဠာတိုင်းမှာ မိုးတစ်ပြ နီတစ်ပြနန့်…….။ ဖြူမချေရို့ သူငယ်ချင်းတစ်စု ကကောင်း ကစပ်မက်တေ…….နိန့်စိုင်ရက်ပြတ်၊ ညတိုင်းမချူ ကစပ်ကတ်တေ……
| စာဖတ်သူ၏တုန့်ပြန်မှု |
ဆရာတော် ဘဒ္ဒ န္တ စန္ဒြမဏိ ၏ အတ္ထုပ္ပုတ္တိအကျဉ်း
သာ့သနာ့အာဇာနီလောင်းလျာ သူငယ်ကို ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ မြောက်ဦးမြို့နယ် ပေါက်ပင်ကွင်းကျေးရွာ၌ ခမည်းတော် ဦးကျော်အောင်နှင့် မယ်တော် ဒေါ်မိဝင်ယေ ရို့မှ
၁၈၇၅ ခုနှစ်၊ မေလ (၂၅) ရက်၊ ၁၂၃၇ ခုနှစ်၊ ကဆုန်လပြည့်ကျော်(၁)ရက် အင်္ဂါနိန့်တွင် မီးရှူးသန့်စင် ဖွားမြင်တော်မူခသည်။
မွီးချင်းသုံးဦးအနက် ဆရာတော်သည် အကြီးဆုံး သားကြီးသြရသဖြစ်သည်။ အသက်(၁၂)နှစ် အရွယ်တွင် ဘာကြီးတော်စပ်သူ ဆရာတော် ဘဒ္ဒန္တစန္ဒိမာ (စန္ဒိယာရာမကျောင်း၊စစ်တွေ) ထံပါးတွင် သျှင်သာမဏေဘဝဖြင့် ပိဋကတ်စာပီများကို သင်ယူခသည်။ ထိုနောက် မော်လမြိုင်မြို့ ကဒိုးကောဝှပ်ကျောင်း၊ မန္တလေးမြတောင်တိုက်၊ ပတ္တမြားတိုက်၊ ခင်မကန်တိုက်နှင့်၊ ဝိသုဒ္ဒါရုံကျောင်းတိုက် ဆရတော်ဘုရားများထံတွင် ပိဋကတ်ကျမ်းကန်များကို နှံ့နှံ့စပ်စပ် သင်ယူလေ့လာခသည်။
| စာဖတ်သူ၏တုန့်ပြန်မှု |
မြန်မာကျူးကျော်စစ်ကို (၄၅)ရက်ကြာ ခုခံတိုက်ခိုက်ပြီးနောက် ၁၇၈၄-ခုနှစ် ဒီဇင်္ဘာလ ၃၁-ရက်နိန့်မှာ ရခိုင်ပြည်ကြီးနန့်တကွ ရုပ်ရှင်တော် မဟာမြတ်မုနိ အသိမ်းခံလိုက်ရသည်၊ မြန်မာများသည် ရခိုင် ရွီနန်းတော်၊ ပိဋကတ်တိုက်တော်။ ဘုန်ကြီးကျောင်းအကြီး (၃၀) အငယ် (၃၀ဝ၀)ကျော်ကို မီးလျှို့ဖျက်ဆီးခသည်၊ ရခိုင်တပြည်လုံး ဖူးဖူးရောင်သော လူသီကောင်များဖြင့် ပြန့်ကြဲလျက်ဟိသည်၊ နှစ်ပေါင်း (၅၀ဝ၀)ကျော် ကိုယ့်ထီးကိုယ့်နန်းနန့် နီထိုင်လာခသော ရခိုင်နိုင်ငံတော့် တိုင်းသားပြည်သူများမှာ ကူမည့်သူမဟိ ဖီးလွတ်ရာ
ကို ထွက်ပြီးကတ်ရသည်၊ မြန်မာများသည် ပုခက်တွင်းသား အချေသူငယ်ရို့ကိုပါမချန် သတ်ဖြတ်သည်၊ ရခိုင်မှတ်တမ်း





