“အမှောင်ကိုခွင်း၊ အလင်းကိုဆောင်၊ ရခိုင်အလင်းရောင်။” စာပီမြင့်မှ လူမျိုးမြင့်ရေ။ စာပီပျောက်ကေ လူမျိုးပျေက်တေ။ ရခိုင်လူမျိုးလွတ်လပ်ချင်ကေ ရခိုင်စာကို အယင်သင်ကတ်။
ကျွန်တော်ရို့၏ “အမှောင်ကိုခွင်း၊ အလင်းကိုဆောင်၊ ရခိုင်အလင်းရောင်”ဘလော့သည် အိန်တာနက်ထက်မှာ တက်လာသမျှ ရခိုင်ဘာသာနန့် ဆောင်းပါး၊ကဗျာ စသည်တိကို ရှာဖွီတင်ဆက်ဖို့အတွက် စမ်းသပ်ပြုလုပ်နိန်ပါသည်။ လိုအပ်ချက်တိဟိပါက c'box မှာအမှာစာရေးထားခကတ်ပါ။ အတတ်နိုင်ဆုံး အကောင်းဆုံးဖြစ်အောင် ကြိုးစားနိန်ပါသည်။ ဆက်သွယ်ချင်ပါက alrevelation@gmail.com ကိုဆက်သွယ်နိုင်ပါရေ။

သားကြီးပါးသို့ ပီးစာ


     သို့
     သားကြီး ကောင်းကျော်ခိုင်...

နိန်ထိုင်ကောင်းယင့်မနား။ ဘာဘာလေ့ ကျန်းမာပါယင့်။ သားကြီးမိန်းရေမနား။ ဒေနှစ်သင်္ကြန်ခါ ဇာကိုခရီးထွက်ဖို့လဲလို့။  ဘာဘာရို့ ဒေနှစ်ခါလေ့ မြောက်ဦးကိုလားဖို့ စီစဉ်ထားရေ။ သားကတော့  မြောက်ဦးကိုချည်းဗျာယ် နှစ်စဉ်လားနိန်ရေလို့ စိတ်ပျက်လားခဗျာယ်လား။ ဘာဘာရို့ ရခိုင်လူမျိုး အတွက် ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ရေ မွီးရပ်မြေ။ မြောက်ဦးမြို့ရာမဟိခကေ ဘာဘာရို့ ရခိုင်လူမျိုးလေ့ ဟိလီဖို့ကားမဟုတ်။ ယင်းကြောင့် ဘာဘာရို့အတွက် မြောက်ဦးမြို့ရေ အရေးကြီးရေ။

တစ်နည်းဆိုရကေ မွီးရပ်ဇာတိရေ အရေးကြီးရေ။ ဇာတိမြေရေ လူတိအတွက်တောင် မကသိ၊ တိရစ္ဆာန်တိအတွက်လေ့ အရေးကြီးရေဆိုစွာ တစချို့ တိရစ္ဆာန်တိ အမူအကျင့်က သက်သီပြနိန်ရေ သား။ ဥပမာပြုရဖို့ဆိုကေ တောင်အာဖရိကနိုင်ငံမှာဟိရေ မိုးစရီငှက်တစ်မျိုးရေ မိုင်ပေါင်းခြောက်တောင်
ကျော်လောက်ဝီးရေ အင်္ဂလန်နိုင်ငံမှာ လာရောက်ရှာဖွေစားသောက် ကတ်တေလတ်။ နွီဦးပေါက်လာဗျာယ် ဆိုကေ ဇာတိမြေဖြစ်တေ တောင်အာဖရိက နိုင်ငံကို ပြန်လာကတ်ပျာယ် နဂိုလ်က နိန်ထိုင်ခရေအသိုက်ကို အတိအကျ ပြန်ရောက်ကတ်တေလို့ ဆိုရေကာ။ ဒေငှက်အကျင့်မျိုးပိုင် ပျားရို့၊ ဆိုက်ဘေး ရီးယားဘဲရို့၊ ဆော်လမွန်ငါးရို့ မှာလေ့ ဟိရေဆိုယင့်။

ပင်လယ်သမုဒ္ဒရာမှာ လာလောက်ရှာဖွေစားသောက်လေ့ ဟိတတ်တေ ဆော်လမွန် ငါးတိစွာ အရွယ်ရောက်လို့  သားသမီးမွီးဖို့ဗျာယ်ဆိုကေ ယင်းသူရို့မွီး ရာဇာတိဖြစ်တေမြစ်တိကို
ပြန်လို့လာကတ်တေလတ်။ အမှန်ဆိုကေ ဒေငါးတိစွာ ရီချိုမြစ်မှာ ပေါက်ဖွားဗျာယ် နှစ်နှစ်လောက်ထိ
နိန်ထိုင်စားသောက်ခါပြီးမှ တဖြည်းဖြည်းနန့် ပင်လယ်သမုဒ္ဒရာအထိ ရီကြည်ရာမြက်နုရာ ခရီးထွက်လားခကတ်စွာလတ်။ လေးနှစ်သားအရွယ်ရောက်ခါမှ ကိုယ့်ဘားကို ဥဖို့၊ ပေါက်ဖို့
ပြန်လာကတ်တေလို့ ဆိုရေကာ။ ပင်လယ်သမုဒ္ဒရာက ကိုယ့်အရပ်ဒေသကို ပြန်လာခါစမှာ တစ်ကောင်စီဆိုစွာ ပေါင် (၂၀)က (၂၅) ပေါင်ထိ ကြီးရေလို့ ဆိုယင့်။

မိုင်ပေါင်း ထောင်သောင်းချီလို့ ဝီးကွာရေခရီးကို ရီဆန်၊ လီဆန် အခက်အခဲတိ အများကြီးထဲက
ပြန်လာကတ်ရစွာယေ။ တစ်ခါတစ်ခါ မွီးရပ်ကိုရောက်ဖို့အတွက် ရီတံခွန်တိ၊ တောင်တိကို မရောက်ရောက်အောင် ခုန်တက်ကတ်ရရေ။ ကြိမ်ဖန်များစွာခုန်ရေခါ တစ်ချို့ကသီ၊ တစ်ချို့ကလေ့ မွီးရပ်ကို ပြန်ရောက်ကတ်တေလတ်။ ယင်းပိုင် အခက်အခဲ အများကြီးကြားက အပြန်ခရီးမှာ လူတိဖမ်းစားကတ်စွာကတစ်မျိုး၊ တစ်ခြား သတ္တဝါတိက ဖမ်းစားကတ်စွာတစ်မျိုးနန့် မွီးရပ်ဇာတိကို အကောင် အနည်းသျှေရာ ပြန်ရောက်တေလတ်။ ယေခါပြီးမှ ကိုယ့်ရပ်ကိုယ့်မြီမှာ သားသမီးတိကို မွီးဖွားဗျာယ် ယင်းသူရို့အနာဂတ်သမိုင်းကို ယင်းသူရို့ကိုယ်တိုင် ကျေပွန်အောင် ထမ်းဆောင်ကတ်တေလို့ ဆိုယင့်။

ဒေငါးတိနန့် နှိုင်းယှဉ်ကြည့်ကတ်ဖို့ဆိုကေ ဘာဘာရို့မွီးရပ်မြေကို ပြန်ဖြစ်စွာ၊ ဇာလောက်ပင်ပန်းကတ်လို့လဲ။ ပြီးကေသားလေ့ ရခိုင်အတိတ်သမိုင်း ရာဇဝင်ရို့ကို သိခွင့်ရဖို့၊ ပစ္စုပ္ပန်သမိုင်းကိုလေ့ မြင်ကတ်ရဖို့၊ အနာကတ်သမိုင်းကိုလေ့ မှန်းဆရဖို့မနားယေ။ ဇာပင်ဖြစ်ဖြစ် တစ်နှစ်တစ်ခါ၊ နှစ်ခါလောက်တော့
ပြန်ကတ်မေနှန်း။

                     ဘာဘာ...........
                                          ရိုးမလူ

...............
(၂၀၀၃၊ အောက်တိုဘာလထုတ်- ရခိုင်သဟာယ အသင်း(ရန်ကုန်) မဂ္ဂဇင်း (၆) မှကူးယူဖော်ပြပါသည်။

1 မှတ်ချက်:

Anonymous said...


မောင်တောမြို့ကျွန်းအုပ်မောင်ညို၏မှတ်တမ်းလေး ရချင်ပါ၏။
ရနိုင်မည်ဆိုလျှင် aungaung1006@gmail.com ကို ပေးပို့ပေးပါခင်ဗျာ

“အမှောင်ကိုခွင်း၊ အလင်းကိုဆောင်၊ ရခိုင်အလင်းရောင်” ဘလော့ကို တမင်တကာလာကတ်တေဖြစ်စီ၊ လမ်းမှားလို့ရောက်လာကတ်တေဖြစ်စီ ကျွန်တော်ရို့ “ရခိုင်အလင်းရောင်” မိသားစုမှ အထူးပင်ကျေးဇူးတင်ပါရေ။ နောက်ထပ်လည်း လာလည်ကတ်ပါလို့ ဖိတ်ခေါ်ပါရေ။