“အမှောင်ကိုခွင်း၊ အလင်းကိုဆောင်၊ ရခိုင်အလင်းရောင်။” စာပီမြင့်မှ လူမျိုးမြင့်ရေ။ စာပီပျောက်ကေ လူမျိုးပျေက်တေ။ ရခိုင်လူမျိုးလွတ်လပ်ချင်ကေ ရခိုင်စာကို အယင်သင်ကတ်။
ကျွန်တော်ရို့၏ “အမှောင်ကိုခွင်း၊ အလင်းကိုဆောင်၊ ရခိုင်အလင်းရောင်”ဘလော့သည် အိန်တာနက်ထက်မှာ တက်လာသမျှ ရခိုင်ဘာသာနန့် ဆောင်းပါး၊ကဗျာ စသည်တိကို ရှာဖွီတင်ဆက်ဖို့အတွက် စမ်းသပ်ပြုလုပ်နိန်ပါသည်။ လိုအပ်ချက်တိဟိပါက c'box မှာအမှာစာရေးထားခကတ်ပါ။ အတတ်နိုင်ဆုံး အကောင်းဆုံးဖြစ်အောင် ကြိုးစားနိန်ပါသည်။ ဆက်သွယ်ချင်ပါက alrevelation@gmail.com ကိုဆက်သွယ်နိုင်ပါရေ။
Showing posts with label တခြားကဗျာ. Show all posts
Showing posts with label တခြားကဗျာ. Show all posts

ရွက်နုတိဝီ

ရွက်နုတိဝီ
...........
မေတ္တာခေါင်းပါး
နွီရွာကြားမှာ...
အဝတ်စား ဗလာ၊ ငါလျှောက်လာလည်း...။

အကြင်နာခေါင်းပါး
နွီရွာကြားမှာ...
အစားစာ ဗလာ၊ ငါလျှောက်လာလည်း...။

စေတာနခေါင်းပါး
နွီရွာကြားမှာ...
အင်အားဗလာ၊ ငါလျှောက်လာလည်း...။

ငါကား မသီ
ချီမြဲချီလျက်။

ရွက်ကျင်လီသွန်၊ ရာသီပြန်ကေ
ထက်သန်စွမ်းအား၊ ငါ့သွီးသားက
ပေါက်ဖွားစီရီ၊ ဖူးညှောက်စီဗျာ
နီမြန်းတက်ကြွ၊ ငါ့အလှကို
ဝမ်းသာအားရ ကြည့်ကတ်လီ။
.......၀.......
လေးဝတီ ခိုင်ကျော်
(ရခိုင်သဟာယမဂ္ဂဇင်း အမှတ်(၆) မှ)


ကတ္တရာလမ်းခေါ် ကန္တာရလမ်း

အား!အူး!အိ!အွတ်!
ကားစီးယင်းလူတိအော်ကတ်
တရုတ်သိုင်းကားထဲက
သတ်ခန်းတိပိုင်
ရမ်းဗြဲ၊ကျောက်ဖြူ
“ကတ္တရာလမ်း”လတ်။

ကောင်းလိုက်တေလမ်း
ကျောက်ကကြမ်းလို့
ကားတိပြိုပျက်
ခရီးသယ်တိအခံရခက်တေ။

ယာ...!
လာပြန်ယာတမျိုး
မရိုးရအောင်
ကွက်ဆန်းတိပါကား။

“ထန်းသီးကြွီခိုက်
ကျီးနားဆိုက်”ဆိုရေပိုင်
လမ်းကြမ်း/ပျက်ရာမှာ
တန်းထားပြိုနိန်စွာနန့်
ကြုံရပြန်ယာကြည့်။

ယာ...!
ဖြန်ပြန်ယာတမျိုး
အမေရိကနန့်ဗီယက်နမ်
စစ်ကားတိထဲက
မှိုင်းဗုံးတိကြဲရေပိုင်မျိုး
ကားလမ်းတလျှောက်လုံး
ဖုံထထောင်ထနိန်ရေ။

ဆက်သွယ်ရေးကောင်းရေ
ရမ်းဗြဲ၊ကျောက်ဖြူကားလမ်း
“ကတ္တရာလမ်း”ကနိန်ပြီးကေ
“ကျောက်ချေလမ်း”ချေလှောက်ဒါလေ့ဖြစ်အောင်
“မာတလိ”ကိုရာခိုင်းလိုက်ပါဖိလို့
“သိကြားမင်းကြီး”ကို
ငါတိုင်တမ်းမိခရေ။

...........
မှတ်ချက်။ ။ ၀၈-၀၂-၂၀၀၄ နိန့်က မွီးရပ်မြီကျောက်ရိုးရွာကိုလာရေခါ တွိ့ကြုံရစွာကို ခံစားလို့ရေးထားလိုက်စွာပါ။


http://kyawdiary.blogspot.com/


ပန်းတိုင်သို့

ပန်းတိုင်သို့

ကိုယ်ကရည်မှန်း
ခရီးလမ်းကို
လျှောက်လှမ်းလို့နိန်
ဒေအချိန်မှာ
လားရာကြမ်းတမ်း
ဆူးခင်းလမ်းတိ
ရှိကတားကာ
ဟိနိန်ပါလည်း
ခြီလှမ်းတိုတွန့်
မဆိုင်းငံ့ဘဲ
ပန်းတိုင်အရောက်
ငါဆက်လျှောက်အံ့။
-----------------

၁၂-၀၂-၂၀၀၄

----------
http://kyawdiary.blogspot.com/


ဝီရိယ

လုံးလဝီရိယ ညံ့ဖျင်းလှက
အထွတ်ထိပ်ပန်းတိုင် မရောက်နိုင်ချေ။

မြင့်မြတ်ထိပ်ဖျား ရောက်ချင်ငြားက
ဇွဲလုံးလသန် ပြင်းပြင်းထန်နန့်
မရပ်မနား လွန်ကြိုးစားက
မိုးထိပန်းတိုင် တက်လှမ်းနိုင်၏။

-------------
၀၂-၀၁-၂၀၀၄

-----------
http://kyawdiary.blogspot.com/


“ရင်ဖတ်ထဲက အချစ်သမိုင်း”

အချစ်ဆိုစွာကို
မျိုချထားရစွာ
ကြာနိန်ဗျာလ်.. ညိုချေ…၊

နင့်မျက်နှာချေကို မြင်တိုင်း
ရိုးတောင်ထက်က
ခုန်ချရရေပိုင်
ငါ့နှလုံးသားတိ
အထိန်းအကွပ်မဟိ
နင့်ခြီရင်းမှာ
ဂျွမ်းပြန်ပနာပြုတ်ကျလားရရေ…၊

ခြင်ထောင်ထဲမှာ
ဖပြားမှောက်ပနာ
ရွီးလိုက်ရရေ ရည်းစားစာတိ
ဖင်ကို နီထိုးခါမှ
တရီးလေ့ မအိပ်လိုက်ရမှန်းသိရေ..၊

နင့်အမိက
ငါ့ကိုမြင်ကေ
ရှစ်ခေါက်ချိုးမျက်နှာနန့် 
နှာခေါင်းတွန့် ပြရေ…၊

အရက်သမားဆဘွတ်
ပီးအပ်လိုက်တေ ဂုဏ်ဒြပ်တိ
နင့်အမိနန့် တွိခါမှ
ငါလေ့ ဇကုန်ရာထူးတက်လားရရေ…၊

အပွင့်အခက်နန့် အစိမ်းရောင်ဝတ်ခွီးကိုမှ
လူလို့ ထင်နိန်ရေ
နင့်အမိ ဇာတ်ဆရာမ
ကုလားဖန်ထိုးလိုက်တေ တစ်ရက်မှာ
နင်က ဗမာစစ်ခွီးမယား
ငါက လမ်းဘေးကအရက်သမား
အချစ်ပိုးနန့် ရောဂါသည်…၊

”ချစ်ကေလေ့ မဖြစ်
ဘ၀ကြမ်းမှာလိုက်မနိန်နိုင်”
နင်ပြောခရေ ဒေစကား
အဂုထိပင် ကြားနိန်သိမ့်ရေ…၊

ပြက္ခတိန်တိ မြောင်းကိုရောက်
သုံးလလောက်လေ့ ကြာရေခါ
နင်က
ဗမာစစ်ခွီးထားပစ်ခရေ
တလင်ကွာမ
ငါက ဗုဒ္ဓသားတော်
တခုပိုင်လေ့ မသင့်တော်လိုက်ဗျာလ်…၊

အမျိုးချစ်ခွင့် မရလိုက်တေ ငါ
အချေတိကို စာသင်ပီးပနာ
တရားဘောင်ထဲမှာ နိန်လီဖို့ ဗျာလ်။ ။ ။



ကိုရင်ကြီး (ရခိုင်ပြည်)


( စိတ်ကူးခြောက်ပိဿာနန့်  မြောက်ဦးကဘီလူး )


ရခိုင်ဗီဒီယို အချစ်ဇာတ်လမ်း

မောင်သာဘန်း မောင်သာဘန်း
ပုလင်းတစ်လုံးနန့်  မောင်သာဘန်း
မောင်သာဘန်းက ကျောင်းဆရာ
ပုလင်းကိုင်လို့  ကျောင်းကိုလာ
ကျောင်းဆရာမ မသာလှ
မောင်သာဘန်းကို ချစ်မဝ
အမိအဖက သဘောမတူ
မသာလှကို ဆူ...၊


ဗမာစစ်ခွီး လူဆိုးကြီး
ဒေကြားထဲမှာ ဒုက္ခပီး...၊


ဖက်ခွက်စား မောင်အောက်သား
မသာလှကို ဆွဲလားရမ်းလား..၊


မောင်သာဘန်းလေ့ မနိန်နိုင်
သူငယ်ချင်းတိကို တိုင်
သူငယ်ချင်းတိလူစု
ခိုးပြီးကတ်ဖို့  အကြံပြု ...၊


စနီနိန့် ဥာဥ့် လပြည့်ည
ခိုးရာလိုက်တေ မသာလှ...၊


သူကြိုက်ကိုယ်ချစ်
လင်မယားဖြစ်
ဒေချင့်စွာ အချစ်စစ်...၊


မောင်သာဘန်းနန့်  မသာလှ
ဘ၀တခုကို ဒေမှာစ
အမျိုးသီလ နှစ်ဌါန
အေချင့်စွာ ရခိုင်ရို့ အလှ..။ ။ ။


မောင်သာဘန်း (ရခိုင်ပြည်)

(စိတ်ကူးခြောက်ပိဿာနန့်  မြောက်ဦးကဘီလူး )


သင်္ခါရကို သီဒဏ်ချလိုက်တေလူ အသူလဲ...

ပစ္စည်းသင်္ခါရ
လူသင်္ခါရ
အေအမ်ပီမှာ
မန်ဘာဖြစ်ရစွာလေ့ သင်္ခါရ...၊


နိန့် မြင်ညဥ့်ပျောက်
အနုချေတိထွက်လာကေ
ဆိတ်ပဇထဲကိုရောက်...၊


အိတ်ပေါက်နန့် ဖားကောက်
ကိုယ့်ဖောက်တေလမ်းကို ကိုယ်ဖျောက်
မာနတိနန့် နဖူးမောက်
မောဟကိုသောက်ပနာ ဒုံးဘောက်ဆောက်....၊


ပြောလိုက်ကေ စကားကြီး
လုပ်လိုက်ကေ ခွီးချီးပိုင်
အနံ့ ချေကတလှိုင်လှိုင်...၊


ကိုယ့်အပြစ်ကို ကိုယ်မမြင်
အာဏာအတုကို ဆရာတင်
ဘ၀င်လီဟပ်
သူ့ လုပ်ရပ်ကို မှန်ရေလတ်
လူတိက၀ိုင်းရယ်ကတ်.....၊


ဟီးဟီး ဟားဟား
ဟီးဟီး ဟား
လူကြားလို့  မကောင်းပါဂါး..။ ။ ။

(စိတ်ကူးခြောက်ပိဿာနန့်  မြောက်ဦးကဘီလူး
)


အဘာ

အဘာ.....
သွီးထွက်တေ ဒေအသဲ...
မိုးရွာ ရေ ပိုင် မျက်ရည်....
ရမ်းပေါက်လီ လောက် ပြင်းရေ....
လွမ်းခြင်း....
တပေါင်းလ မှာ အရွက်တိကြွီစွာ....
အသဲ အဖွဲရာ..... အဘာ...

ဒေပိုင်.....
တပြည်တရွာ မှာ....
ရောက်နိန်ရေ....
သားချေ အတွက်....
အဘာ ကို လွမ်းစွာ တိကို.....
အသူက လာလို့ နှစ်သိမ့်ဖို့လဲ...???

အဘာ.....
သက္ကရာဇ် တိ အရှုပ်အထွီး.....
စက္ကန့် အပြောင်း အလဲ....
မာယာ များရေ နိန့် ရက်တိနန့်.....
လှောင်ပြောင် ရယ်ကတ်တေ.....
လောကဓံ တိကြားက.....
အဘာ.....
ထွက်ပြီးလား ရေ မနားယေ.....

အဘာ..........
လူတိက ပြောကတ်လိမ့်မေ.....
အဝေး..... မင်းရူးနိန်လာလို့......
ယကေလေ့....အဘာ....
ကြပ်ခိုး လိုက်နိန်ရေ.....
အဘာ..ကို ချစ်စွာ အချစ်တိ.....
ဘဇောင် ပိုင်လို့....
သားချေ ခွာချဝံ့ဖို့လဲ.......

အေးမောင်(ရင်အုံတော်ဓာတ်)
"ဒေ ကဗျာကို ၁၃.၁၀.၂၀၀၈ ရက်နိန့် ဂျာမဏီ ကိုလားခါ လေယာဉ်ထက်မှာ ရွီးစပ်ပါရေ....။"

(ဘုရင်မာရယုဘလော့မှ)


ချကိုင်းတံ ဒဿန

ငါရေ ၀ါးခြမ်းပြားချေ
တစ်ပြား၇ာ....................။

ငါ့ကို လုပ်ချင်ပိုင် လုပ်ကတ်
ပျင်ချင်ပိုင် ပျင်ကတ်...............။

ငါ့ အရည်အချင်း
ဘဇောင်လဲ့ လို.
ငါ ရှင်းမပြ ချင်.........
ပြစရာ လဲ့ န တ္ထိ....................။

ယေကေလေ့ ငါ
ဝမ်းတွင်း ဆုံးတော့ခါ မဟုတ်
ဆီးဆုံးတော့ခါ မဟုတ်
ဖွတ်ချီးတော့ခါ မဟုတ်...............။

ပန်းပွင့်ကြောင်း၇ာ ဆိုကေ
ငါ ဂေါင်းထက်ေ၇ာက်လီ ဖို.
အုန်းကြောင်း၇ာ ဆိုကေ
ငါ အိမ်ခေါင်ထက်
ေ၇ာက်လီဖို.
အစာကြောင်း ဆိုကေ
ငါ သွားကြားေ၇ာက်လီဖို..................။

ယပိုင်မဟုတ်ကေ တောင်
ငါကို...........
ယာဝေး လလီလို.
မဝေးပိုက် လိုက်ကဲ့

ချကိုင်းတံပိုင်
သုံးချင် ကေလေ့
သုံးကတ်
ငါကျေနပ် ယင့်.....................။

အေးမောင်(ရင်အုံတော်ဓာတ်)

(ဘုရင်မာရယုဘလော့မှ)


လကြောင်း ထောင်း ဂျောင်း

ပုရွတ်ဆိတ်ချေ
တစ်ကောင်ထက်
အဆက်၁၀၀၀ ငယ်ရေ
ဆဲလ်တစ်ခု နန့်
စလာစွာငါ............။

ဖြစ်နိုင်ကေ
အာကာကိုတောင်
်အိမ်လှဲ့ လှဲ့ပလိုက်ဖို့......။
ငါလုပ်ကေဖြစ်တေ ဆိုပနာ
တခုကိုလေ့ ဂရုမစိုက်။

မဟာတံတိုင်း တိကို
ိုအခေါင်းနန့်ဆောင်လို့။
သွီးစိမ်းထွက်လာ ရေထိ
အခေါက်တိ ရွီမရဗျာယ်.........။
အားပီးဖို့
ပလာစတာတိကလည်း
ငါ့ကိုဟား တိုက်လို့............။

ဟိ့ပတ်စီ ငါဆက်လားရေ............
ဖယ်ပီးကတ် ဖယ်ပီးကတ်
ငါ့ကိုပိတ်မထားကတ်ကေ့၊
ကာမထားကတ်ကေ့..........
အားလုံးကို
လကြောင်း ထောင်း ဂျောင်း ဒေ.............


အေးမောင်( ရင်အုန်တော်ဓာတ်)

(ဘုရင်မာရယုဘလော့မှ)


ခတ်ကျောက်သီးမ

တွင်းဝမှာ
မိတ်တင်
နှူတ်ခမ်း ကို
အတောက်ခံ
ခါးပိုင်းကို မှန်းသတ်
ယကေလေ့
နင် မမှတ်.....................။

အဟုန်နန်.
လွင့်ပါလားရေ .......နင်
အာကာမှာ ပျံလို.
ကကောင်း မကြာလိုက်
နပြင်ကို
ဘဘုန်းမြည်အောင်
နင်.... လူးကျရေ

ယကေလေ့
မမှတ်သိမ့်ရေ ... နင်................။

ထိုသူရို.တိ
တစ်တောင်၊ နှစ်တောင်
သုံး၊လေးတောင်
တာကတ်တေ ထိ......................။

အေးမောင်( ရင်အုံတော်ဓာတ်)


(ဘုရင်မာရယုဘလော့မှ)


စွမ်းအား

သံကိုးမောင်မှာ
နရွက်ကြီး
လက်ဝါးကြီး
နခေါင်းချီး
ဖင်ကြွတ်စူး
ယပိုင်သူရဲ ကောင်းတိ
ဟိရေ ...................။

ဘုရင် မင်းဘာကြီးမှာ
ဆင်တပ်
မြင်းတပ်
ရီတပ်
ကုန်းတပ်
ခိုင်ခန်.ရေ မြို.ရိုး
ဧရာမ နန်းဆောင်
ကြီးကျယ်ရေ
ရခိုင်နိုင်ငံ
ယပိုင် ဂုဏ်ရပ်တိ
ဟိရေ ....................။

မဟာပညာကျော် မှာ
လက်ရုံးရည်
နှလုံးရည်
ထင်ရှားခြင်း
ကျော်စွားခြင်း
အမှန်တရားကို
ချစ်တေ
အမျိုးမြတ် ရခိုင်
ယင်းပိုင် ဂုဏ်ပုဒ်တိ
ဟိရေ .......................။

ငါ့မှာ
နင့်ကို ချစ်ဝံ့ရေ သတ္တိ
မြတ်နိုးရေ စိတ်
တွယ်တာရေ ခံစားမူ
နင့်အတွက်ဆိုကေ
ဇာချင့်ကိုမဆို
ပြောင်းလဲပစ်နိုင်ရေ
ယပိုင်အချစ် စွမ်းအား
သတ္တိ တိ
ငါ့မှာ ဟိရေ ...................။

အေးမောင်(ရင်အုန်တော်ဓာတ်)


(ဘုရင်မာရယုဘလော့မှ)


ခေါင်းစဉ်မဟိ ကဗျာ

အိပ်ရာထက်မှာ ဘဘောင်းလဲလို.
ကောင်ကရ မြင်းကျား တွေးနိန်ရေငါ

လီဟာမူ မဟိရေ
ခေါင်းအုံး နှုစ်လုံးက
ငါ့ကို လာ ယောင်းလို. .................။

နွေဦးရာသီ မှာတောင်
ငါ့ ဟီတာ(heater) နန်.
အအီးဓာတ်က ၊ ငါ့အခန်းမှာ
ကျင်ကိုင်ကတ်စွာ
သူတပြန် ငါတပြန် ................။

ဟုတ်သိမ့်ယင့်
ငါ့မွဲ.ယာနန်. ဒူးပတ်(duvet) က
စစ်ကူပီးလို. ............။

စာအုပ်စင်က စာအုပ်တိက လည်း
ငါ့ကို တဗျင်း စိတ်ကုန် နိန် ကတ်တေ။

အထီးကျန်နိန်ရေ
ငါ့ အခန်း ထောင့်က
ငါ့ ဂီတာ ကလည်း ငါ့ကို
လက်သီး ဆုပ်ပြနိန်ရေ ...............။

ဒေါသ တကြီးနန်.
တဟုန်းဟုန်း
တစူးထိုး လီပြင်းတိကလည်း
ငါ့ အခန်းပြတင်းပေါက်ကို
ဇကုန် သတ်နိန်ကတ်တေ ...................။

အော်.........။
အမြဲ အပြုံးတိနန်.
စိမ်စိုလမ်းဆန်းနိန်ရေ
ငါ့ အခန်းထဲက
ပန်းပင်ချေတိကြောင့်
ဖြေသာသိမ့်ယင့် ..........................။

ဘဇောင်ပိုင် ဖြစ်ဖြစ်
အထီးကျန် ခြောက်သွိ.ရေ
ငါ့ခံစားချက်တိ
ကဗျာချေ တပုဒ်ဖြစ် အသက်သွင်းဖို.
အသက်မဲ့နိန်ရေ
ကွန်ပျူတာ စက်ခလုတ် တိဘက်ကို
ငါ လက်ချောင်းချေတိ
ဆဆီတစ်ကောင်ပိုင်
တောလို. တောလို. ပါလတ်တေ .................။

အေးမောင်(ရင်အုံတော်ဓာတ်)

(ဘုရင်မာရယုဘလော့မှ)


အို.............. အဖ

အို ........အဖ
ကျောက်သား၊ကျောက်စိုင်တိက
စီးဆင်းလာရေ
အကျွန်ရို. သွီးတိ
မခြောက်လား သိမ့်ပါ ....................။

အို ..........အဖ
မာန်ဟုန်ပြင်းစွာနန်.
ရက်စက် တိုက်ခိုက်ခရေ
လိုင်းတိ၊လီတိ
အဂုထိ မငြိမ်သက်ကတ် သိမ့်ပါ ...........။

အို ..........အဖ
နှစ်ပေါင်း ထောင်ကျော်ကပင်
ကဝေ အတက်နန်.
ကျိန်စာတိုက်ထားရေ
မိစ္ဆာညာဏ်ရှင်တိ လက်က
အဂုထိ ရုန်းမထွက်နိုင်သိမ့်ပါ ...............။

အို .........အဖ
ငရို.အသျှင် မုနိမြတ်လည်း
အသွင်မတူရေ
မျိုးခြား ပြည်ခြားမာ
မှိုင်တိုင်တိုင် နန်.
အဂုထိ မပြုံးနိုင်သိမ့်ပါ ......................။

အို ..........အဖ
အဖ လက်ကျန်တိလေ့
ထိုပြုခံရ ဒေပြုခံရ
ထိုတစ်စု ဒေတစ်စု နန်.
အနာဂတ်မှာ ရင်သန်ထမြောက် ဖို.
ရောင်ခြည် ရှာမတွိသိမ့်ပါ ...............။

အို ...........အဖ
ရီငတ်နိန်ရေ
သားချေ၊ သမီးချေတိကို
ဒေတိုင်း ပစ်မထားပါကေ့
ဒေပိုင်ခါးသီးရေ
ညဥ့်အမှောင်ထဲက
လွတ်မြောက်ပနာ
အဖ နန်.ဆုံတွိဖို.
အကျွန်ရို.တိ နှလုံးသွီးတိကို
ပူဇော်ခွင့် ပီးပါ အဖ ...................................။

အေးမောင်(ရင်အုံတော်ဓာတ်)

(ဘုရင်မာရယုဘလော့မှ)


ဒုက္ခ၏ အလင်းရောင်တစ်စ

ဝါးထရံကြားက
ထိုးဖောက် ၀င်ရောက်လာရေ
မိုးကြိုးပစ်သံတိ

အသိညာဏ်နှသိမ့်လို.
ကမ္ဘာပြိုလားလို.
လပြာထွက်ပါအောင်
ကျွီးလို. ငိုရေ
အဘုချေ တစ်ယောက်ကို

နောက်ထပ်ဝင်ရောက်လာရေ
မထင်မှတ်တေ
လျှပ်ပြတ် ရောက်ခြည်တိ
နှုမ်သိမ့်ပီးဖို. မထင် ....................။

တောင်ပြိုပါအောင်
ထပ်လို. ရွာချလိုက်တေ
အငြိုးကြီးရေ မိုး
ကံဇာတာ ညံ့လာနိန်ရေ
ဝါးထရံ အိမ်အောက်က
အဘုချေစွာ အားကိုးစရာ
ရှာစွာ အဘာဝ လို.ထင်ရေ ...........။

ဒေပိုင် ဒုက္ခတိကို
အုပ်တိုက် နန်. နီရေ
လရဒတ် တိက
လျှပ်စစ်မီး တပြောင်ပြောင်နန်.
တီဗွီကြည့်လို.
ဇိမ်နန်. အန်တု
နိုင်ကေလေ့

လူသားဆန်ရေ အသိနန်.
လင်မယားရန်ဖြစ်နိန်ဖို.အစား
ထိုဘက်ခြမ်းက
အဘုသျှေ တစ်ယောက်
ဘဇောင်ဟိ ဖို.လေ့ ဂု လို.
မှန်ပြတင်း ဖွင့်လို.
တစ်ချက် မကြည့်သင့်လား ....................။

အေးမောင်(ရင်အုံတော်ဓာတ်)

(ဘုရင်မာရယုဘလော့မှ)


လကဆုန်

ကဆုန်လ ရောက်
တမူဆန်းတောက်
ငရို.ရွာက အပျို၊လူပျို.ရို.
ရို.ရာစဉ်လာမပျက်ရအောင်
ညောင်ရီလောင်းဖို.
လားကတ်တေ ................။

လောင်းလို.အပြန်
ကဆုန်မိုးကြီး ကြကြိမ်းရွာလို.
ဝရုန်သုန်းကား ပြီးကတ်ကေ
တောလမ်းထက်က
ကျွဲ တစ်ရွီ ရို.
လိပ်ပြာစိုင်လို. ထွက်ပြီးရေ .............။

အကျီဗလာ ဘောင်းဘီတိုနန်.
ငရို.ရွာက ပုချေရို.လေ့
လယ်ကွင်းပြင် ရီဖဖွေးမှာ
ဘောလုံးကျောက်လို.
ပျော်ကတ်တေ ..................။

မေကြီးဖြူ ပျိုတကျိပ်လေ့
မဲနက် နိန်ရေ ဆံပင်ထက်မာ
ခြံထွက် အုန်းဆီ သုတ်ကာလိမ်းလို.
သနားခါး ပကွက်ကျားနန်.
တောင်စိုင် တောကို
ဟင်းခူးဖို. ထွက်ကတ်တေ ............။

ဟင်းရွက်စုံ တောင်းအပြည့်နန်.
အိမ်ကို ရောက်ကေ
မေမေ မျက်နှာ ရရွန်းပလို.
အပြုံးတိနန်.ကြိုနိန်ရေ

တောင်စိုင်တော က ဟင်းရွက်စုံကို
မေကြီးဖြူမာ ငရုတ်ကြိတ်
ချဉ်ပပေါက်နန်.
မြီအိုးထဲမာ ထည့်ချက်ကေ
မောင်ချေ မချေ ဘာဘာရို.က
နံကားပါအောင် တီးကတ်ကေ ............။

ဆက်ပြီးကေကြိုးစားလျက်

အေးမောင်(ရင်အုံတော်ဓာတ်)
၁၃၊၀၅၊၀၉(၁၄း၄၂)


(ဘုရင်မာရယုဘလော့မှ)


အယင်ကျီ ပါဖိ

တဖြိန်းဖြိန်း တက်ပါလတ်တေ
အနာ ဒဏ်ရာ ဟောင်းတိ
တွေးကြည့်လီတိုင်း
ရင်ပွင့်အောင်
ခါးသီးရေ .......................။

ကဝေအတက်နန်.
အောက်တန်းစား
လှည်းဖျားမူတိအောက်
ရိုးအရေ ငရို.တိ
ဆားမရ၊ ရီမရ ခံဖိ ..............။

စိတ်နာတက်အောင်
သင်တန်း ပို.ချမူတိ
လိုအပ်နိန်ရေ "ငါ" ဆိုရေ
လူတိက လေး
အယင်က ဒဏ်ရာဟောင်းတိကို
မီးနန်. ထိုးနိန်ကတ်သိမ့်ယင့် .........။

ပင်လယ်ပြင် ညဥ့်မှောင်အောက်
ကြောက်ကောင်း ထမန်း
လှည့်စားမူတိအောက်က
လူနာ နန်. ဆီးသမ
မလောက်င ရေ ငရို.ဘ၀ ...........။

ကျရှုံးသူ ရို.ဘ၀မှာ
ဆားငန် ရီ နန်.
ရီတိုက် စွာကို ခံခါ ခံ
ပျားရည်နန်. ၀ါးချစွာကို
ခံခါ ခံနန်.
ကြာလာကေ ဗျ ကျန်ယာ ..............။

တောရှင်းဖို. လာရေပိုင် ပုံစံနန်.
စေတီ ဌာပနာ ဖောက်ယူလားရေ
ဒေ လူဆိုး၊ သူခိုး တိ
ဖောက်ပြန်မူတိ အောက်က
ငရို. ၀ဋ်ကြွီးတိ
ဇာခါ ကျီဖို.လေ့ ချင့် ....................။

အေးမောင်(ရင်အုံတော်ဓာတ်)
၂၆၊၀၅၊၀၉( ၃၂:၃၆)

(ဘုရင်မာရယုဘလော့မှ)


သွီးထပ် မှာတမ်း

သံ တိုတ္တာထဲက
ပန်းလိပ်ပြာဝိညာဉ်တစ်ကောင်
သမရိုးကျ မဟုတ်
ရစွာနိန်ရာက စထားရေ
ဇာတ်လမ်းတစ်ပုဒ် ...။

အရည်မရ ၊ အဖတ်မရ
အိပ်ရာဝင် စိတ်ကူးယဉ်
အိမ်မက်တိအောက်
သမိုင်း မ၀င်နိုင်ရေ
ဘ၀ပိုင်သျှင်တစ်ယောက် ...။

လှိုင်းလီ ကြီးရေ
ပင်လယ်ပြင်ကြီးကို
ဖောင်လုပ်ထားရေ
ဝါးဆယ်လုံးနန်.
စိမ်ခေါ်ဝံ့ရေ
အညတြအရက်သမား ...။

ဖမ်းဆုပ်လို့မရရေ
အနာဂတ်တိကို
တစ်ထစ်ချင်းမတက်ဘဲ
ကျော်တက်ဖို့စိတ်ကူးကေ
ခါးရိုးကျိုးစွာ အတန်ကျသိမ့်ယင့် ...။

အတိတ်နန့်အနာဂတ်ကို
လက်ခုပ်သီးခတ်
လတ္တံ့တိကို ခနှုန့်သတ်ပနာ
လက်ဟိအချိန်ကို
ပေတံ နန့်တိုင်း
ယုံကြည် ချက်ကို
ဇမ်းပွတ် ကိုင်ကေ
ကကောင်းမ၀ီး ဒေ ...။

..................
အေးမောင်(ရင်အုံတော်ဓာတ်)
၂၉၊၀၅၊၂၀၀၉(၀၁:၀၀

(ဘုရင်မာရယုဘလော့မှ)


အ၀ီးက ရက္ခ

ပန်းခိုင်၊သဇင်
့မြိုင်မြိုင်၊ရခိုင်ဘုရား
အားရ ဘရ၊မဖူးရ စွာ
ကြာယာထော ............။

သစ်လွင်၊တက်ကြွ
ဆန်းသစ်၊ သန်.ပြန်.ရေ
ပင်လယ်လီ မသျှုရစွာ
ကြာယာထော ................။

ရိုးရှင်း၊ ပွင့်လင့်
လလီး ၊ပပစ်
ထူးကဲ၊အရသာ
ရိုးရာ၊ အစာတိ
မစားရစွာ
ကြာယာထော ................။

မြင့်မား၊ ခိုင်ခန်.
ဆန်းကြယ်၊သစ္စာ
ဝိုင်းရံ၊တံတိုင်း
ရိုးမ အရိပ်ကို
ခိုလူံခွင့်မရစွာ
ကြာယာထော .............။

စုဗျာ၊ ပေါင်းစု
လေးသွယ်၊ မြစ်ကြီး
ပြည်အလှ၊တံဆာ
လက်ပြ၊ နှူတ်ဆက်ခစွာ
ကြာယာထော .................။

တန်းပြတ်၊ဖြူဆွက်
သဲတန်းပေါ်မှာ၊ သံစဉ်သတ်
လိုင်းဘောင်ဘင်ခတ်သံတိ
မကြားရစွာ
ကြာယာထော ...................။

သစ္စာ ၊ကတိ
ပြည့်ဝ၊အားမာန်
ရို.ပြည်၊ကောင်းကျိုး
ံကြကြိမ်းရွာရေ၊မှတ်သုန်မိုး နန်.
တွိခွင့်မရစွာ
ကြာယာထော .................။

ပွင့်ပန်း၊အငယ်သျှေ
ပြည့်ဝ၊ ကြက်သရေ
ပွင့်ဖတ်၊စိုရွဲ
အ၀ါရောင်၊ ခ၀ဲပွင့်သျှေတိနန်.
စကားမပြောဖြစ်စွာ
ကြာယာထော ....................။

ကင်းမူ၊ ဟန်ဆောင်
ကြင်နာ၊ ပြည့်ပြူံး
မင်းမျက်လုံး
တ၀ မကြည့်ဖြစ်စွာ
ကြာယာထော .................။

တွိဆုံ၊ကွေကွင်း
စောဗုဒ္ဒ၊ ရှင်း
ယေဘင်ကေလေ့
မဟုတ်တေ၊ အရိယာ
ပုထုစဉ်ငါ

လွမ်းယင်း၊ငိုယင်း
ငိုယင်း၊လွမ်းယင်း .............။

အေးမောင်(ရင်အုံတော်ဓာတ်)
၂၉၊၀၅၊၂၀၀၉(၂၃:၂၁)

(ဘုရင်မာရယုဘလော့မှ)


လွတ်လပ်မူ တနိန်ရာ

အကြောက်တရား အရှိဘက်
ကို ငါလမ်းလျှောက်နိန်ရေ

အကြောက်တရား အနောက်ဘက်ကို
ကို ငါလမ်းလျှောက်နိန်ရေ

အကြောက်တရား တောင်ဘက်ကို
ကို ငါလမ်းလျှောက်နိန်ရေ

အကြောက်တရား မြောက်ဘက်ကို
ကို ငါလမ်းလျှောက်နိန်ရေ

ထိုဘက်ကို လားကေလေ့
အကြောက်တရား
ဒေဘက်ကို လာကေလေ့
အကြောက်တရား

အထက်မှာ လဲ
အကြောက်တရား

အောက်မှာလေ့
အကြောက်တရား

အလယ်ကောင် တတည့်မှာလေ့
အကြောက်တရား ....................။

အကြောက်တရား
မဟိရေ နိန်ရာတစ်ကွက်
ငါ့ ကို ရှာပီးကတ် .................။

အေးမောင်(ရင်အုံတော်ဓာတ်)
၁၀၊၀၆၊၀၉(၂၃း၄၀)

(ဘုရင်မာရယုဘလော့မှ)

“အမှောင်ကိုခွင်း၊ အလင်းကိုဆောင်၊ ရခိုင်အလင်းရောင်” ဘလော့ကို တမင်တကာလာကတ်တေဖြစ်စီ၊ လမ်းမှားလို့ရောက်လာကတ်တေဖြစ်စီ ကျွန်တော်ရို့ “ရခိုင်အလင်းရောင်” မိသားစုမှ အထူးပင်ကျေးဇူးတင်ပါရေ။ နောက်ထပ်လည်း လာလည်ကတ်ပါလို့ ဖိတ်ခေါ်ပါရေ။