အချစ်ဆိုစွာကို
မျိုချထားရစွာ
ကြာနိန်ဗျာလ်.. ညိုချေ…၊
နင့်မျက်နှာချေကို မြင်တိုင်း
ရိုးတောင်ထက်က
ခုန်ချရရေပိုင်
ငါ့နှလုံးသားတိ
အထိန်းအကွပ်မဟိ
နင့်ခြီရင်းမှာ
ဂျွမ်းပြန်ပနာပြုတ်ကျလားရရေ…၊
ခြင်ထောင်ထဲမှာ
ဖပြားမှောက်ပနာ
ရွီးလိုက်ရရေ ရည်းစားစာတိ
ဖင်ကို နီထိုးခါမှ
တရီးလေ့ မအိပ်လိုက်ရမှန်းသိရေ..၊
နင့်အမိက
ငါ့ကိုမြင်ကေ
ရှစ်ခေါက်ချိုးမျက်နှာနန့် 
နှာခေါင်းတွန့် ပြရေ…၊
အရက်သမားဆဘွတ်
ပီးအပ်လိုက်တေ ဂုဏ်ဒြပ်တိ
နင့်အမိနန့် တွိခါမှ
ငါလေ့ ဇကုန်ရာထူးတက်လားရရေ…၊
အပွင့်အခက်နန့် အစိမ်းရောင်ဝတ်ခွီးကိုမှ
လူလို့ ထင်နိန်ရေ
နင့်အမိ ဇာတ်ဆရာမ
ကုလားဖန်ထိုးလိုက်တေ တစ်ရက်မှာ
နင်က ဗမာစစ်ခွီးမယား
ငါက လမ်းဘေးကအရက်သမား
အချစ်ပိုးနန့် ရောဂါသည်…၊
”ချစ်ကေလေ့ မဖြစ်
ဘ၀ကြမ်းမှာလိုက်မနိန်နိုင်”
နင်ပြောခရေ ဒေစကား
အဂုထိပင် ကြားနိန်သိမ့်ရေ…၊
ပြက္ခတိန်တိ မြောင်းကိုရောက်
သုံးလလောက်လေ့ ကြာရေခါ
နင်က
ဗမာစစ်ခွီးထားပစ်ခရေ
တလင်ကွာမ
ငါက ဗုဒ္ဓသားတော်
တခုပိုင်လေ့ မသင့်တော်လိုက်ဗျာလ်…၊
အမျိုးချစ်ခွင့် မရလိုက်တေ ငါ
အချေတိကို စာသင်ပီးပနာ
တရားဘောင်ထဲမှာ နိန်လီဖို့ ဗျာလ်။ ။ ။
ကိုရင်ကြီး (ရခိုင်ပြည်)
( စိတ်ကူးခြောက်ပိဿာနန့်  မြောက်ဦးကဘီလူး )
0 မှတ်ချက်:
Post a Comment