“အမှောင်ကိုခွင်း၊ အလင်းကိုဆောင်၊ ရခိုင်အလင်းရောင်။” စာပီမြင့်မှ လူမျိုးမြင့်ရေ။ စာပီပျောက်ကေ လူမျိုးပျေက်တေ။ ရခိုင်လူမျိုးလွတ်လပ်ချင်ကေ ရခိုင်စာကို အယင်သင်ကတ်။
ကျွန်တော်ရို့၏ “အမှောင်ကိုခွင်း၊ အလင်းကိုဆောင်၊ ရခိုင်အလင်းရောင်”ဘလော့သည် အိန်တာနက်ထက်မှာ တက်လာသမျှ ရခိုင်ဘာသာနန့် ဆောင်းပါး၊ကဗျာ စသည်တိကို ရှာဖွီတင်ဆက်ဖို့အတွက် စမ်းသပ်ပြုလုပ်နိန်ပါသည်။ လိုအပ်ချက်တိဟိပါက c'box မှာအမှာစာရေးထားခကတ်ပါ။ အတတ်နိုင်ဆုံး အကောင်းဆုံးဖြစ်အောင် ကြိုးစားနိန်ပါသည်။ ဆက်သွယ်ချင်ပါက alrevelation@gmail.com ကိုဆက်သွယ်နိုင်ပါရေ။
Showing posts with label တခြားဝတ္ထု. Show all posts
Showing posts with label တခြားဝတ္ထု. Show all posts

ဂီရိကျိန်စာ (၀တ္ထူတို)

“စွန်လာ သစ်ငုတ်လား၊ သစ်ငုတ်ဆိုထိုင်နိန်၊ စွန်ဆို ထလိုက်၊ ကြက်မမကောင်း ကြက်ချေကောင်း ပိယောင် ပိယောင်၊ ကြက်မ မကောင်း ကြက်ချေ ကောင်းပိယောင်၊ပိယောင်” ………….

အဘုချေတိကစပ်နိန်ကတ်တေ အသံ……. ၀ါကျွတ်လပြည့်ဖို့ယာဖြစ်လို့ နပြင်တိခြောက်၊ နီပူတောက်ဖို့ အားယူလာရေအချိန်၊ ရှစ်ခွင်ဝဠာတိုင်းမှာ မိုးတစ်ပြ နီတစ်ပြနန့်…….။ ဖြူမချေရို့ သူငယ်ချင်းတစ်စု ကကောင်း ကစပ်မက်တေ…….နိန့်စိုင်ရက်ပြတ်၊ ညတိုင်းမချူ ကစပ်ကတ်တေ……



ခြံစည်းရိုးကြားက ငိုရှိုက်သံ

ခြံစည်းရိုးကြားက ငိုရှိုက်သံ
(ဖြစ်ရပ်မှန် ၀တ္ထုတို)
ဘုန်းစည်သူ

6/15/2009

ဆူဆူဆိုစွာက ခမီး အမျိုးသမီးချေ တဦးဖြစ်ပါရေ။ အသက် ၁၇ နှစ်အရွယ် တရွာလုံးမှာ အလှဆုံး ကွမ်းတောင်ကိုင်မချေပါ။ အသက်ကလေ့ ငယ် အသားကလေ့ ဖြူဖွေးပြီးကေ ချစ်စရာကောင်းသူချေ တစ်ယောက်ဖြစ်လို. သူမအပေါ် တရွာလုံးမှာဟိ
လူပျိုချေတိက ၀ိုင်းဝန်း ပိုးပန်းကတ်ပါရေ။ သူမနိန်ထိုင်ရာ ရန်အောင်မြင် ကျေးရွာစွာ မောင်တောမြို့နယ် မြောက်ပိုင်းက တိုက်နယ်ကျေးရွာ ကြိမ်ချောင်းနန်. ပါးနီးပါးစပ်မှာ ဖြစ်ပါရေ။ ယင်းရွာမှာ ရခိုင်၊ ခမီး၊ ဒိုင်းနက် နန်. သက်စရေ လူမျိုးတိ
ရောပြွမ်းနိန်ထိုင်ကတ်ပြီး အိမ်ခြေ ၁၂၀ ကျော်ဟိပါရေ။ ယင်းရွာမှာ နိန်ထိုင်ရေ လူတိဆိုစွာရေ ရခိုင်ဒေသ ဓလေ့ ထုံးစံ အတိုင်း လယ်ယာလုပ်ငန်းကို လုပ်ကိုင်ငန်းတိကို လုပ်ကိုင်ကတ်ပါရေ။ ဆူဆူ မိဖတိကလည်း တောင်ယာလုပ်ငန်းနန်.အသက်မွေး
ဝမ်းကျောင်းမှု
ပြုကတ်သူများ ဖြစ်ကတ်ပါရေ။ ဆူဆူမှာ သူ.အထက်က အေးမ တစ်ယောက်၊ မောင်တစ်ယောက်ဟိပါရေ။ သူမစွာ စာလေးတန်းထိသာ သင်ကြားခရပြီးကေ မူလတန်း ကျောင်းပြီးစွာနန်. ပညာကို ဆက်လက် မသင်ကြားတော့ဘဲ မိဖ
အိမ်မှုလုပ်ငန်းတိကို ကူညီ လုပ်ကိုင်နိန်သူဖြစ်ပါရေ။
ဆူဆူရို. နိန်ထိုင်ရေ ရန်အောင်မြင်ကျေးရွာရေ အင်တန်လောက် ချောင်ကျစွာဖြစ်လို. စစ်အစိုးရ အာဏာပိုင် စစ်သားတိ တခါတရီ ရောက်စွာကလွဲ.လို. ရက်ကြာကြာ တည်းခိုနိန်ထိုင်လေ့ မဟိကတ်ပါ။ ယင်းပိုင် စစ်အစိုးရ
အာဏာပိုင်တိ အရောက်အပေါက် နည်းနိန်ရေအတွက်လည်း တရွာလုံးမှာ အလှဆုံး ဆူဆူစွာ အပျိုဖေါ် ၀င်စမှာ မြန်မာအာဏာပိုင်တိ စက်ကွင်းထဲက လွတ်နိန်ခပါရေ။ ယကေလေ့ နောက်ပိုင်းမှာ ဆူဆူစွာရေ ရမ္မက်သားမြန်မာ အာဏာပိုင်တိ
စက်ကွင်းကို ကကောင်းကြာကြာ မသျှောင်လိုက်နိုင်ပါ။

------------------------------

တနိ

၂၀၀၉ ခုနှစ် မတ်လ နောက်ဆုံးအပတ်ထဲက တနိန်ဖြစ်ပါရေ။ ယင်းနိန်မှာ ဘီအီး လို့ခေါ်ရေ စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းက တပ်စုတစု ခြံစည်းရိုးစီမံကိန်း အတွက် ဆူဆူရို. နိန်ထိုင်ရာ ရန်အောင်မြင် ကျေးရွာကို ရောက်ဟိလာကတ်ပါရေ။
ဗမာစစ်သားများ၏ "အိမ်ကြီးကြီး၊ ရေတွင်းနီးနီး၊ ဖင်ကြီးကြီး" ဆိုရေ ဆောင်ပုဒ်အတိုင်း အချက်သုံးချက်နဲ့ ပြည့်ရေ ဆူဆူရို. အိမ်ဘေးနားက အိမ်ကြီး တလုံးကို သူရို. ရွှေးချယ်ပြီးကေ တည်းခိုနိန်ထိုင်ကတ်ပါရေ။ တည်းခိုပြီးကေ ကကောင်းကြာလိုက်
မြန်မာနည်း မြန်မာ့ဟန်အတိုင်း "အမေတို့
အဖေတို့ နေကောင်းကြပါသလား" ဆိုပြီးကေ စစ်သားအုပ်စု တစုစွာ ဆူဆူရို. အိမ်ကို ရောက်ဟိလာကတ်ရေ။ ဆူဆူကို မြင်စွာနန်. စစ်သားတိစွာ အကြောင်းမရှိ အကြောင်းရှဲာပီးကေ ဆူဆူ အမိ နန်. အဖ ကို ရရေနည်းနန်. ၀င်ရောကတ်ပါရေ။
ဆူဆူ အမိ အဖတိကလည်း ကျွန်သားတိဖြစ် လို. စေတနာ ကောင်းစွာကအဖက်၊စစ်သားတွေကို ကြောက်စွာက တဖက် နန်. အိမ်မှာရှိရေ ပြောင်းဖူးက အစ လဘက်ရည်အဆုံး ဟိဟိသမျှ စားစရာတိနန်. စစ်သားတိကို
ကျွေးမွေး ဧည့်ခံကတ်ပါရေ။ စစ်သားတိကလည်း မိမိ တည်းခိုနိန်ရာကို ပြန်ဖို့ မိလားကတ်ပြီးကေ ဆူဆူ အလှနန်. ကျွေးမွေရေ အစားအစာတိကို အားရပါးရ တီးကတ်ပါရေ။ ကျွေးမွေးသမျှကို မြန်မာ့ပရိရာယ်နန်."အားနာစရာကြီး မလုပ်ပါနဲ့၊ မလုပ်ပါနဲ့"
ဆိုပြီး စားကတ်စွာ အငတ်တိုင်းပြည်ကလာကတ်တေလူတိ အတိုင်းပါယာ။ ဆူဆူလည်း ထမင်းချက်ခန်း နန်. အိမ်ရှေ့ကွပ်ပျစ် ၀င်လိုက် ထွက်လိုက်နန်. စားစရာတိကို ကျွေးမွေးလုပ်ကိုင်နန်ရေအခါ သူ့မကို စူးစူးစိုက်စိုက် ကြည့်ကတ်တေ
စစ်သားတိအထဲက စစ်သား
တဦးနန်. မျက်လုံးချင်း ဆုံမိကတ်ပါရေ။ ယင်း စစ်သား၏ စူးချရေ အကြည့်ကို ဆူဆူပိုင် နုနယ်ရေ အတွေ့အကြုံ မရင့်ကျက် သိမ့်ရေ မိန်းမချေတစ်ယောက်က ဇာပိုင်ခံနိုင်ပါဖို.လဲ။ ယင်းစစ်သားမျက်လုံးစိမ်းတိနန်. စူးချရေ အကြည့်
ကိုမြင်တိုင်း ဆူဆူ ရင်ထဲမှာ လှိုက်ဖို လားရပါရေ။ စစ်သားတိ ပြန်လားခကတ်ကေလေ့ ယင်းစစ်သား စူးချရေ အကြည့်တိက ဆူဆူရင်ထဲမှာ ကိန်းအောင်းကျန်လိုက် ခကတ်ပါရေ။

------------------------------

နောက်တနိ မိုးလင်းရေခါ ရွာထဲက မင်းကျွန်ပျိုနှစ်ယောက်စွာ ဆူဆူဘက်ကို ရောက်လာကတ်ပြီးကေ စာတစောင်ကို လာပီးပါရေ။ "နင်ရို.အိမ်ကို ညက လာလည်ခရေ "တပ်ကြပ် ကျော်သက်" ဘားကစာ။ ညက လာခရေ စစ်သားတိထဲက
ဆရာချေ ကျော်သက် ကို နင် မှတ်မိ ရေ"ဆိုပြီးကေ စာကိုပီးပြီးကေ သူရို.ထွက်လားခတက်ပါရေ။ စာကို ဖတ်ကြည့် လိုက်ခါ "သိပ်ချစ်မိသွားပြီ" ဆိုရေ စာသား အောက်မှာ ဆူဆူကို မြင်ရင် မြင်ချင်း ချစ်မိခရရေ အကြောင်းတိ၊ ဆူဆူပိုင်လှရေ
မမချေမျိုး
ရခိုင်မှာ တာဝန်ထမ်းဆောင်ရေ (၅) နှစ်တာ ကာလမှာစတင်တွိခရေအတွက်နန်. ခံစားရပုံတွိကို စာမျက်နာ (၂) မျက်နာကျော် ရွီးထားစွာတိကို ဆူဆူ ဖတ်လိုက်ရပါရေ။ စာကို ဖတ်ပြီးစွာနန်. ဆူဆူစိတ်တိစွာ စတင် လူးလွန့်
လားရခပါရေ။

------------------------------

နောက်တနိ ဆူဆူရို.အိမ်ကို ကျော်သက်က သေနတ်ချေကို လွယ်ပြီးကေ ရောက်လာပါရေ။ ဆူဆူကို ညက ပီးခရေ စာကို ရလားလို. မိန်းပြီးကေ အဖြေကို တောင်းပါရေ။ဆူဆူကလည်း မြင်မြင်ချင်း ရင်ဖိုခရသူဖြစ်လို.
ခေါင်းညိတ်ပြလိုက်ပါရေ။
ယင်းနိကစပြီးကေ ကျော်သက်စွာ လုပ်ငန်းခွင်က ပြန်လာတိုင်း သူအချစ်တိ ကြီးမားပုံကိုသက်သေပြဖို့ ဆူဆူဆီဘက်ကို တန်းရောက်လာပါရေ။

------------------------------

ကကောင်းမကြာလိုက်နယ်စပ် ခြံစည်းရိုး စီမံကိန်းအတွက် ရောက်ဟိလာရေ စစ်သားတွိစွာ ရွာထဲကနိန် ခြံစည်းရိုးကာရံနိန်ရေ ယာယီ စခန်းကို ပြောင်းရွှေ့လားခကတ်ပါရေ။ ယင်းအထဲမှာ တပ်ကြပ် ကျော်သက်လည်း ပါလားခပါရေ။
ယကေလေ့တပ်ကြပ် ကျော်သက်စွာ အားလပ်ရက် ရောက်တိုင်း ဆူဆူရို. ရွာကိုလာလည်ပြီး ဆူဆူနန်. ချိန်းတွိပါရေ။ ယင်းပိုင် ချိန်းတွိနိန်စွာကို ဆူဆူ့ မောင်က တနိန်.မြင်လားရေခါ ဆူဆူကို ဆဲဆို ကြိမ်းမောင်းပြီး သတ်ပါရေ။
ယင်းကိုင် ရိုက်ပုတ်စွာကို တရွာလုံးက သိလားရေ အတွက်နန်. ဆူဆူလည်း အရှက်ရပြီးကေ ကျော်သက်နန်.အတူ သူနေထိုင်ရာစခန်းကို ခိုးရွာ လိုက်ပါလားပါရေ။ ဆူဆူရဲ့ အပျိုစင်ဘ၀စွာ ခြံစည်းရိုးကာရံနိန်ရေ စစ်သားတဦးနန်.
အတူ ယာယီတဲချေ တလုံး မပီမပြင် ၀ိုးဝါးနိနရေ ကြယ်ရောင် မစုံ ညအမှောင်အောက်မှာ ကုန်ဆုံးလားခရပါရေ။

------------------------------
နောက်တစ်နိန်. မိုးလင်းစွာနန်. သူမ ဘေးနားမှာ သူ့ချစ်သူ ကျော်သက် မဟိစွာကို သတိပြုမိပြီး ဆူဆူ ထထိုင်လိုက်စွာနန်. အဖသယ်နန်. အမိသယ်အသံက တဲအပြင်က ထွက်ပေါ်လာပါရေ။ "သမီးချေ ထွက်လာလိုက် ဝေ။ အိမ်ပြန်ကတ်မေ" ဆူဆူလည်း အသံကို
ကြားစွာနန်. တဲအပြင်ကို ထွက်ပြီး "ဘာဘာ အဂု အကျွန် ကိုကျော်သက် မယားဖြစ်လားပါယာ။ အပျိုလေ့ ပြန်မဖြစ်ပါယာ ဘာဘာ။ သမီး ရို. အချစ်ကို မခွဲပါကေ့ ဘာဘာ။" ဆိုပြီး သူမ အဖကို ခြီကို ဦးတိုက်ပြီး ရှိခိုး တောင်းပန်ပါရေ။

ဆူဆူ အဖက ဆူဆူကို ဆိုးနင့်စွာ ကြည့်လိုက်ပြီးကေ "သမီးရို.အချစ်ကို ဘာဘာ မခွဲပါ ဝေ။ ယကေလေ့ သမီးသူ့ကို လက်ထပ်လို့မရနိုင်ပါ ဝေ သမီးချေ ။ တပ်က သူ့ကို သမီးနန်. ခွင့်မပြုနိုင်လတ်။၊ ကိုယ့်သမီးကို ကိုယ် ပြန်ခေါ် ပါဆိုပြီးကေ အကြောင်း
ကြားလာရေအတွက် ဘာဘာရို့ သမီးချေ လာခေါ်စွာပါ။ သမီး ချစ်သူ ကျော်သက်မှာ မယားနန်. အချေနှစ်ယောက်ဟိရေအတွက်နန်.တပ်က ခွင့်မပြုနိုင်ပါလတ် ဝေ သမီးချေ"

သူမအဖ စကားအဆုံးမှာ ဆူဆူ နှလုံးသား တောင်ပြိုပိုင် ပြိုလားပြီးကေ ဆူဆူစွာ ရပ်စောက်မူးလဲကျလားပါရေ။ ဆူဆူက ကိုကျော်သက်နန်. တနားချေ တွိချင်ကြောင်း ခွင့်တောင်းကေလေ့ တပ်အရာရှိက ကျော်သက်ကို ဖမ်းပြီး
ကြိမ်ချောင်းကို ပို.လိုက်ယာဖြစ်တေ အတွက် တွိဆုံလို. မရနိုင်ယာ ဆိုရေ အတွက်နန်. ဆူဆူစွာ ကိုကျော်သက်ကို နောက်ဆုံးတွိဆုံခွင့် မရခပါ။ ဆူဆူရို. သားမိ သားဖ သုံးဦး ငိုရှိုက်သံတွိနန်. အတူ ရွာကို ကြွီကွဲစွာ ပြန်လားခကတ်စွာကို တခြား
တဲတလုံးကြားထဲက ခိုးကြည့်နိန်ရေ ကျော်သက် ကိုလည်း ဆူဆူ မြင်မတွိနိုင်ခပါ။

------------------------------

အိမ်ကို ပြန်ရောက်ရေ အခါ ဆူဆူနန်. ဆူဆူ အေးမတိ ငိုရှိုက်သံတိ၊ အဖဖြစ်သူနန်. မောင်ဖြစ်သူရို. အံကြိတ်သံတ၊ိ ဆူဆူကို ဆဲဆို ကြိမ်းမောင်းသံတွိစွာရေ ရန်အောင်မြင် ကျေးရွာကို လွမ်းခြုံလားကတ်ပါရေ။

(ပြီး)

(ဖြစ်ရပ်မှန် ဇာတ်လမ်း ဖြစ်ပါသည်။ လွန်ခရေ မေလ အတွင်းက ရန်အောင်မြင်ကျေးရွာတွင် အဂွင့်ဖြစ်ပျက်ခသော အဖြစ်အပျက်ကို " ဘုန်းစည်သူ" က ရွီးဖွဲ့ထားခြင်း ဖြစ်ပါသည်။)


မှတ်ချက်။။ နိရဉ္ဖရာမှ မြန်မာပိုင် ရွီးထားသည်ကို ရခိုင်ပိုင် ဘာသာပြန်ထားပါသည်။ မကြိုက်ပါက ဆက်သွယ်ပါ. ချက်ချင်းဖျက်ပီးလားမည်။ စာရွီးသူ ကို မမီးဘဲ ဘာသာပြန်လိုက်သည့်အတွက်တောင်းပန်ပါသည်။


(မင်းဆက်ရခိုင်ဘလော့မှ)


ငါကရခိုင်

မနှင်းဇီ

နင်ကမြန်မာ

ငါကရခိုင်

မျဉ်းပြိုင်နှစ်ကြောင်း

မဆုံကောင်းပါ

ခွင့်လွှတ်လိုက်ပါ မနှင်းဇီ --။

ဤကဗျာမှာ မနှင်းဇီအား ကိုသာကျော် နောက်ဆုံးပီးခသော ကဗျာဖြစ်သည်။ ဤကဗျာကို ပီးပြီးနောက် ကိုသာကျော်သည် သူချစ်သော မနှင်းဇီအားကြောခိုင်းပြီး ရန်ကုန်မှ သူ့မွီးရပ်မြီ ရခိုင်ပြည်သို့ အပြီးအပိုင်ထွက်ခွာလာခသည်။ ဘ၀နှင့်ပုံ၍ ချစ်ခရစွာဖြစ်လို့ ကိုသာကျော် မနှင်းဇီနှင့်ခွဲရစဉ်မှာ ရင်ဆို့အောင်ခံစားရသည်။

အပိုင်း (၁)

ရန်ကုန်တက္ကသိုလ် နောက်ဆုံးနှစ် မြန်မာစာကျောင်းသားတဦးဖြစ်သော ရခိုင်သားကိုသာကျော်သည် သူနှင့်အတန်းတူ အချိန်တူ မြန်မာမချေ “မနှင်းဇီ” နှင့် ချစ်ရည်မျှခသည်။ သူရို့ချစ်ကျွမ်းဝင်ပုံကလည်း ဆန်းဆန်းချေဖြစ်သည်။ တယောက်နှင့်တယောက် နတ်ယင်းသွမ်းယင်း ရည်းစားဖြစ်လားခကတ်သည်။ မနှင်းဇီရို့ကျောင်းသူအုပ်စုက အတန်းထဲတွင် ကိုသာကျော်အပါအ၀င် ရခိုင်ကျောင်းသားများကို နာမည်ထုတ်မခေါ်ဘဲ “ခုနှစ်ခိုင်” ဟုခေါ်သည်။ ရခိုင်မှ “ရကောက်” ကို “ခုနှစ်ဂဏန်း” ဖြင့်အစားထိုးပြီး နတ်သည့်သွမ်းသည့်သဘော “ခုနှစ်ခိုင်” ဟု ခေါ်ခြင်းဖြစ်သည်။

မနှင်းဇီသည် သူရို့အုပ်စုထဲတွင် အလှဆုံး၊ အသားမဖြူမညို နှာတံပေါ်လွင်ပြီး ရယ်လိုက်လျှင် ပါးချိုင့်ပေါ်သည်။ သူ့ပိုင် အချောအလှမချေက “ကိုသာကျော်” လို့ ခေါ်ဖို့အစား “ကိုခုနှစ်ခိုင်” လို့ ခေါ်နီခါ ကိုသာကျော်က အောင့်သက်သက် ခံနီရသည်။ ထို့ကြောင့် ကိုသာကျော်လည်း “ခုနှစ်ခိုင်” လို့ခေါ်စွာတုန့်ပြန်ဖို့ စကားလုံးလိုက်ရှာရပါတော့သည်။ ထိုအခါ စကားတလုံးကို ကိုသာကျော်လားတွေးမိသည်။

ထိုနိမှစ၍ မနှင်းဇီက “ကိုခုနှစ်ခိုင်” လို့ခေါ်တိုင်း ကိုသာကျော်ငြိမ်ခံမနီ။ “ဟေ့ ကိုခုနှစ်ခိုင် နီကောင်းလား” ဟု မနှင်းဇီးကမီးလာလျှင် ကိုသာကျော်က “မနှင်းဇီ” ကျွန်တော့်နာမည်က “ကိုခုနှစ်ခိုင်” မဟုတ်ပါ။ ကိုချစ်ခိုင်ပါ။ ချစ်ကေခိုင်လွန်းလို့ “ကိုချစ်ခိုင်” လို့ခေါ်စွာပါ။ “ခုနှစ်ခိုင်” လို့ မခေါ်ပါကဲ့။ “ကိုချစ်ခိုင်” လို့ နာမည်ပြောင်းခေါ်ပီးလို့ရပါဖို့လားစသဖြင့် ပြန်လှန်ရပါသည်။ ထိုအခါ မနှင်းးဇီမှာ မျက်လွှာချပြီး ဂေါင်းငုံ့လားတတ်သည်။ ထိုသို့ တဦးနှင့်တဦး နတ်ယင်းသွမ်းယင်းနှင့် ကိုသာကျော်နှင့် မနှင်းဇီရို့နှစ်ဦး နောက်ပိုင်းတွင် သမီးရည်းစားဖြစ်လားသည်။

အပိုင်း (၂)

ရည်းစားဘ၀ဖြစ်လားသောအခါ သူရို့နှစ်ဦး မိုးမမြင်လီမမြင် ပျော်သည်။ ကျောင်းပြီးလျှင် မနှင်းဇီကို လက်ထပ်ယူရန် ကိုသာကျော်က ဆုံးဖြတ်လိုက်သည်။ နောက်ပိုင်းတွင် ကိုသာကျော်က ကျောက်ဖြူမှ အမိအဖထံသို့ အကြောင်းကြားသည်။ မိခင်ဖြစ်သူ မိဒေါ်ညွန့် ရန်ကုန်ထိလိုက်လာပြီး မနှင်းဇီနှင့်တွိသည်။ စကားပြောသည်။ ချွေးမလောင်းကို အကဲခတ်သည်။ နောက်ပိုင်းတွင် စမ်းချောင်းသျှမ်းလမ်းမှ မနှင်းဇီရို့အိမ်ထိ လိုက်လည်သည်။ မနှင်းဇီမိဘများနှင့်လည်း တွိဆုံသည်။ အားလုံးအိုကေ အဆင်ပြေသည်။ ကိုသာကျော်ရို့ မိသားစုသည်လည်း ကျောက်ဖြူတွင် ထိပ်ထိပ်ကြဲဖြစ်သည်။ အသောက်အစားကင်းပြီး လူတဘက်သားကိုကူညီတတ်သော မိသားစုဖြစ်သဖြင့် လူချစ်လူခင်များသည်။

၎င်းအပြင် လူမျိုးရေးအစွဲကင်းသည်။ (ရခိုင်-မြန်မာ) ခွဲခြားမှုမဟိ အားလုံးမိသားစုတခုကဲ့သို့ သဘောထားသည်။ ကိုသာကျော်သည် ရခိုင်သားဖြစ်သော်လည်း ကျဉ်းမြောင်းသော အမျိုးသားအတွေးအခေါ်အယူအဆမဟိ။ သို့ဖြင့် မနှင်းဇီကို ရာသက်ပန်အိမ်ထောင်ဖက်အဖြစ် ကိုသာကျော် ရွီးချယ်လိုက်သည်။ ကိုသာကျော်နှင့် မနှင်းဇီအကြား မည်သည့်အဟန့်အတားမှမဟိ။ ချစ်သူများလျှောက်သောလမ်းသည်ကား ခရောင်လမ်းမဟုတ်၊ ပန်းခင်းသောလမ်းအတိဖြစ်သည်။

အပိုင်း (၃)

ထိုတနိ။ ထိုတနိကို ကြမ္မာငင်သောနိဟု ဆိုရဖို့လားမသိ။ ထိုနိတွင် ကိုသာကျော်နှင့် မနှင်းဇီရို့ လမ်းခွဲခရပါသည်။ ကိုသာကျော်နှင့်မနှင်းဇီရို့နှစ်ဦး ရွှေတိဂုံမြောက်ဘက်မုခ်မှ ဘုရားပေါ်သို့တက်လာလတ်သည်။ လမ်းဘေးပန်းသည်တဦးက ပန်းတိလန်းလန်းဆတ်ဆတ် ယူပါအုံးပြောလို့ ပန်းစည်း တယောက်တစည်းယူပြီး ဘုရားပေါ်တက်လာသည်။ မနှင်းဇီက င်္အဂါသမီးဖြစ်၍ င်္အဂါထောင့်တွင်ပန်းတင်ပြီး ရွှေတိဂုံစေတီကို လက်ညာရစ်ပတ်ယင်း အနောက်ဘက်စေတီရင်ပြင်တော်အနီး အနောက်ပြည်ရခိုင်ကုန်သည်ကြီးများတန်းဆောင်တွင် နှစ်ယောက်သားထိုင်သည်။

နီမညှိုးသိမ့်သဖြင့် ဘုရားပေါ်တွင် လူကြဲနီသည်။ အချေနှစ်ယောက်က မိခင်ဖြစ်သူနှင့်အတူ တန်းဆောင်အရိပ်ခိုပြီး ခွာစာကျွေးနီသည်။ ခွာချေတိကလည်း အချေလက်ထက်တက်ပြီး အစာစားလိုက် ပျံလိုက်နားလိုက် မြင်ရသောမြင်ကွင်းသည် ချစ်ဖို့အလွန်ကောင်းသည်။ ကိုသာကျော်နှင့် မနှင်းဇီရို့နှစ်ယောက်စလုံး အချေတိ ခွာစာကျွေးနီရာသို့ မျက်စိရောက်လားသည်။ မနှင်းဇီက ကိုသာကျော်ကို စပြောသည်။ “ကိုကို အချေတိ ကကောင်းချစ်ဖို့ကောင်းရေ” ကိုသာကျော်ကလည်း သဘောတူ ဂေါင်းညိတ်ယင်း “ဟုတ်တေ မနှင်းဇီ အချေတိ ကကောင်းချစ်ဖို့ကောင်းရေနှန်း” ဟုဆိုသည်။

ထိုမှတဆင့် သားသမီးမွီးလာပါက ယောက်ျားချေနှင့် မမချေ “ပဇာကို ပိုကြိုက်တေလဲ” ဟု မနှင်းဇီက မီးသည်။ ကိုသာကျော်က ယောက်ျားချေဘဲမွီးမွီး သမီးချေဘဲမွီးမွီး သားသမီးဖြစ်သဖြင့် ချစ်ရမည်ဖြစ်ကြောင်းပြောသည်။ ထိုမှတဆင့် သားသမီးများမွီးလာပါက။ သားသမီးများ၏နာမည်ကိစ္စသို့ ရောက်လာသည်။ ထိုအခါ ကိုသာကျော်က “ကိုယ့်သားတိကို ရခိုင်နာမည်စစ်စစ် “သာထွန်းဦး“ ၊ “ကျော်လှဦး” စသည်ဖြင့် နာမည်ထားချင်ကြောင်းပြောသည်။ မနှင်းဇီမျက်နှာ ကိုသာကျော်စကားကြောင့် အနည်းငယ်ပျက်လားသည်။ “ဇာဖြစ်စွာလဲ မနှင်းဇီ” ဟု မီးသောအခါ မနှင်းဇီက “အေနာမည်တိ မဖြစ်နိုင်ထင်ရေ ကိုကို” ဟုဆိုသည်။

ကိုသာကျော်က “ဇာဖြစ်လို့လဲ မနှင်းဇီ” ဟု မီးသောအခါ မနှင်းဇီက “စိတ်မဟိပါကဲ့ ကိုကို မနှင်းဇီက သားချေတိနာမည်ကို မြန်မာနာမည်ဖြစ်တေ “ကျော်စွာမြင့်” ၊ “ဇော်လွင်မြင့်” ယင်းပိုင် နာမည်တိရာထားချင်စွာပါ။ ဇာဖြစ်လို့လဲဆို ကိုကို့သားတိနာမည်ကို ရခိုင်ပိုင်ထားကေ ကိုကိုသားတိ ဇာခါလည်း ရားထူးကြီး၊ အစိုးရထိပ်ပိုင်းရာထူးတိကို ရလီဖို့မဟုတ်ယာ။ မနှင်းဇီက သားချေတိကို စစ်ဗိုလ်ချုပ်ကြီးတိ၊ နိုင်ငံတော်အကြီးအကဲတိ ဖြစ်ချင်စွာ။ နာမည်တခုကြောင့် မနှင်းဇီသားချေတိ အနာဂါတ်တက်လမ်း ပိတ်မလားစီချင်ပါ ကိုကို”။ ကိုသာကျော်၏နှလုံးသား ဆားနှင့်အတို့ခံရပိုင် ခံစားလားရသည်။

ဖနောင့်ကသွီး ဂေါင်းဖျားတက်လားသည်။ “ဟုတ်လား မနှင်းဇီ၊ အေတိုင်းပြည်မှာ ရခိုင်နာမည်ထားစွာနှင့် အစိုးရထိပ်ပိုင်းရာထူးကို မရနိုင်ပျာလား။ စစ်ဗိုလ်ချုပ်ကြီးတိ မဖြစ်နိုင်ပျာလား။ နိုင်ငံတော်အကြီးအကဲ မဖြစ်နိုင်ပျာလား” ကိုသာကျော်က ရင်ဆို့ဆို့ပြောသည်။ မနှင်းဇီသည် အ၀ီးတနီရာသို့ကြည့်ယင်း ပြောလာသည်။ “ဟုတ်တေ ကိုကို ။ အေချင့် အမှန်ပါ။ မနှင်းဇီ ကိုကို့ကို စမချစ်ခင်ကပင် အေကိစ္စကို အယင်စိုင်းစားပြီးသားပါ။ အထူးသဖြင့် သားသမီးတိ အနာဂါတ်ခရီး။ ရခိုင်သားတယောက်နှင့်ရရေ မနှင်းဇီသားသမီးတိ အေတိုင်းပြည်မှာ ဇာပိုင်လူရာဝင်လဲဆိုစွာကိုပါ”။ ကိုသာကျော် နားလည်လိုက်ပါပျာ။

မနှင်းဇီး၏စကားလုံးများသည် ကိုသာကျော်၏နှလုံးသားကို မျှားချွန်းချွန်းနှင့် တချက်ချင်းထိုးနီရေပိုင် ခံစားမိသည်။ ကိုသာကျော် ဇာလည်းဆက်ပြောချင်ပျာ။ ထိုနိက မနှင်းဇီကို သူ့အိမ်သျှမ်းလမ်းထိ ကိုသာကျော်လိုက်ပို့သည်။ သို့သော် စကားတခွန်းမပြောဖြစ်။ ချစ်သူနှစ်ဦး၏အိမ်အပြန်လမ်းရီးသည် ဆိတ်ငြိမ်လွန်းလှ၏။ မနှင်းဇီရို့အိမ်သို့ရောက်သော်လည်း စကားတခွန်းမျှမပြောမဆိုဘဲ လှည်းတန်းအခန်းသို့ ကိုသာကျော် လှည့်ပြန်လာလတ်သည်။ လာလမ်းတလျှောက် ကိုသာကျော်၏အတွေးအာရုံကို မနှင်းဇီ၏စကားလုံးများက ကြီးစိုးထားသည်။ နှလုံးသားဖြင့်ရင်း၍ချစ်ရပါသော်လည်း ဘ၀ကား မနှင်းဇီကို လက်ထပ်ရန်မဖြစ်နိုင်တော့။ ကိုသာကျော် နားလည်သဘောပေါက်လိုက်သည်။

(နိဂုံး)

မိုးလင်းသောအခါ ကိုသာကျော် မနှင်းဇီရို့အိမ်သို့လားပါသည်။ မနှင်းဇီက အိမ်တန်းခါးဖွင့်ပီးသည်။ ကိုသာကျော်အိမ်ထဲဝင်ရန် စိတ်မဟိတော့ပါ။ အသင့်ရွီးယူလာသောကဗျာနှင့် မနှင်းဇီ အမှတ်တရပီးထားခသောပစ္စည်းများကို မနှင်းဇီလက်ထဲ ပီးအပ်ယင်း ကိုသာကျော် မနှင်းဇီကို ကြောခိုင်းလိုက်ပါသည်။

မနှင်းဇီ

နင်ကမြန်မာ

ငါကရခိုင်

မျဉ်းပြိုင်နှစ်ကြောင်း

မဆုံကောင်းပါ

ခွင့်လွှတ်လိုက်ပါ မနှင်းဇီ --။


(ဂနိန့်ရခိုင်ပြည်ဘလေ့မှ)


ထပိန်တထည် (၀တ္ထုတို)

အကျွန်ုပ်တရက်နိ ဖျားနီလို့ ကျောင်းမတက်ဖြစ်၊၊ တခါတရီ ကျောင်းမတက်ချင်လို့ ဖျားကွန်ဆောင်ဖူးပါသည်၊၊ အခုက အသည်းအသန်အဆင့်အထိ မရောက်ကေတောင်က ဂေါင်းသင့်အောင်ကိုက်နီရေဆိုခါ အေနိတရက် ခွင့်တိုင်လိုက်ပါသည်၊၊ ရာသီဥတုကလည်း အယင်နှင့်မတူ၊၊ အခုလည်းသွင့်ကြည့် အပြင်မှာ မိုးကြီးလီကြီးလိုက်နီသည်၊၊ သာမန်ဆိုကေ အေအချိန် မိုးရွာရဖို့ အချိန်မဟုတ်၊၊ လူကြီးတိကစီ ရိုးမတောင်က အပင်တိပြုန်းလားခလို့ ရာသီဥတုဖောက်ပြန်စွာလို့ ပြောပါသည်၊၊ တောင်မှာအပင်မဟိစွာနှင့် ရာသီဥတုဖောက်ပြန်စွာ ပဇာဆိုင်ရေလဲမသိ၊၊ တောင်ကအပင်တိပြုန်းလားခစွာမဟုတ်ဘဲ တမင်ဖြုန်းပစ်လိုက်ကတ်စွာလို့ အကျွန်ုပ်ထင်ပါသည်၊၊

အနောက်တောင်မုတ်သုံလီက တပျင်းတိုက်နီလို့ အိမ်ဘေးကစိုက်ထားရေကွမ်းသီးပင်တိ၊ အုန်းပင်တိ သံဖြူခေါင်ကို တဘုန်းဘုန်းသတ်နီလို့ စာအုပ်ကို ကောင်းကောင်းဖတ်ဖို့မရပါ၊၊ တော်သိမ့်ယင့်။ အိမ်ရှိကသရက်ပင်ကို လမ်းချယ်ဖို့အတွက် ခွတ်ရဖို့ဆိုလို့ ခွတ်ပစ်လိုက်ရဖို့၊၊ လက်ထဲကစာအုပ်ကလည်း ကောင်းခန်းရောက်နီသည်၊၊ နှစ်ထောင်ပေါင်းအများကြီးကပင် အခက်အခဲတိကိုကျော်ဖြတ်လို့ အေမြီကြီးမှာ သူများနိုင်ငံနှင့်တန်းတူ ရပ်တည်နိုင်ခသည့် မျိုးနွယ်စုတခုအကြောင်းဖြစ်သည်၊၊

သူရို့တိရင်ဆိုင်ခရရေတိုက်ပွဲ၊ ခံစားခရရေဒုက္ခသုခတိနှင့် ဇတ်သျှိန်ကလည်းမြင့်တက်လာသည်၊၊ စာဖတ်နီယင်း ဘေးနားကတင်ထားရေ ခွင်ခလောက်ခုံထက်ခွက်ထဲက လက်ဖက်သုတ်တဇွန်းယူစားပြီးကေ အဖန်ရည်တတုတ်သောက်လိုက်သည်၊၊ လက်ဖက်သုတ်ကိုပဲဆီနှင့် သုတ်ထားလို့ အိပြီးကေမွှီးရေအရသာက ကကောင်းကောင်းပါသည်၊၊

အကျွန်ုပ်သည် လက်ဖက်သုတ်လျှင် ဆီတိအိုင်ပြီးကေစီထည့်တတ်လို့ အဘောင်သျှင်ကစီ (ဟေး ဆီတိ ယင်းလောက်ဈီးကြီးစွာမှာ ချွေချွေတာတာသုံးပလင်။ သူများတိ ပဲဆီအစစ်တောင်မစားနိုင်ကတ်ပျာယ်) အသိပီးပါလေ့ဟိပါသည်၊၊

ခြီဖျားတိအီးလာလို့ သိုးမွှီးပုဆိုးတထူကြီးကို ခြီမှာပတ်လိုက်သည်၊၊ အရာအိမ်ထက်မှာ အဘောင်သျှင်အိပ်နီလို့ တော်သိမ့်သည်၊၊ တချက်ရာမြင်ကေ သူများတိချမ်းလို့ ချုံဖို့ပုဆိုးတောင်မဟိစွာမှာ (နင်က ထိုချင့်၊ ဒေချင့်) ဟု ပြောလိမ့်မည်။

(အော် အိမ်ကလူတိမဟိကတ်ပါလာ။)

တုန်တုန်ယင်ယင်နှင့်အသံတသံ အိမ်ရှိခြံဝကထွက်ပါလတ်သည်။ အိမ်ထဲကနီ တချက်လှမ်းကြည့်လိုက်သောအခါ အိမ်အပြင်မှာထီးဆောင်းလို့ မိမ္မတယောက်ရပ်နီသည်။ လက်ထဲတွင်လည်း အထုပ်တထုပ်ဖက်ထားသည်။ အိမ်ခြံဝနှင့် သုံးပေလောက်ရာဝီးသောကြောင့် ကြင်းကြင်းလင်းလင်းမြင်ရသည်။ အယင်ခေါက်ကဆိုကေ အေထက်ဝီးသိမ့်သည်။ လမ်းချယ်ဖို့အတွက် ခြံဖျက်ပီးလိုက်ရလို့ အခု ပိုနီးလားသည်။ အိမ်ကိုဖျက်ပီးလိုက်ရဖို့ တားတားချေလိုသည်။

အကျွန်ုပ် ယင်းမမကိုမြင်သောအခါ အဘောင်မကိုခေါ်ဖို့ အိမ်ထက်ကိုပြီးတက်လိုက်သည်။ စိတ်ထဲမှာ ပဇာကိစ္စလဲလို့ တထင့်ထင့်ဖြစ်နီသည်။ အခုပိုင် မိုးကြီးလီကြီးထဲမှာ လုပ်အားပီးလာခေါ်စွာတော့မဖြစ်နိုင်။ လုပ်အားပီးဖို့လာခေါ်ကေ ရပ်ကွက်ကောင်စီက စစ်သားလူထွက် စံထွန်းအေးမျက်နှာကို အယင်မြင်ရဖို့။

အဘောင်မ အိမ်အောက်သို့ရောက်သောအခါ ဓမြရန်ကိုကြောက်လို့ခတ်ထားရေ လက်ခုတ်သီးကို အယင်ဖွင့်ပီးလိုက်သည်။

ယင်းမမသည် အိမ်ထဲသို့ မ၀င်ဝံ့ဝင်ဝံ့ဝင်လာပြီး သမံတလင်းမှာထိုင်ချလိုက်သည်။ တခန္ဓာလုံး မိုးရီဘဘုတ်စွတ်နီသည်။ ဆောင်းလာရေထီးက မြို့မကျောင်းဆွမ်းတကာမောင်စိန်ထီးလောက်မကောင်း။ ထီးချာက ဂျီသရီးကျည်ဆံကျထားရေပိုင် အပေါက်တရာနှင့် လက်ကိုင်လည်းမဟိ။ ၀တ်ထားရေချန်သားအင်းကျီက ပဇာလောက်ကြာပျာယ်လဲမသိ အရောင်မတောက်။ မီုးရီစွတ်လို့ မြင်မကောင်းဖြစ်နီသည်။

ပိုဆိုးစွာ သူ့ထပိန်။ ၀တ်ထားရေလို့ပြောစွာထက် ပတ်ထားရေဆိုကေ ပိုမှန်ပါလိမ့်မည်။ ပင့်ကူအိမ်ပိုင် အထပ်တရာခြုပ်ထားသည်။ မိုးရီစွတ်ဖန်များလို့ ဆွီးပျာယ် ထိုတစဒေတစ အနားလန်နီသည်။ မသကာကေ အချိန်မရွီးစုတ်လားနိုင်သည်။

ခြီမှာလည်း ဖိနပ်စီးမထား။ ရီနူးလို့ ခြီတဖ၀ါးလုံး ဖြူဖတ်ဖတ်အထွင်းထွင်းဖြစ်နီသည်။ လက်ထဲကအထုပ်ကို ဘေးသို့ အသာချေချလိုက်သောအခါ သမံတလင်းမှာရပ်နီသော အကျွန်ုပ်၏ခြီထောက် အအီးဓါတ်ကိုစုပ်ယူလိုက်ယှောင် ခံစားလားရသည်။

တခန္ဓာလုံး ကြက်သီးဖြိန့်ပနာ မျက်စိမှာမြင်ရစွာ အဂယင့်လားလို့ ကိုယ့်စွာကိုယ်တောင်မယုံနိုင်ဖြစ်လားသည်။ ဟုတ်ပါသည်။ အဂယင့်ဟုတ်ပါသည်။ လသားအရွယ်အဘုချေတယောက်။ အသက်ဟိသိမ့်ယင့်လားမသိ။ ယင်းမမသည် အဘောင်မခြီကိုကိုင်ပျာယ် တပျင်းငိုပါသည်။ အဘောင်သျှင်ကလည်း အိပ်မွှားဆံထ (ဟေး ထထ) ဆိုပျာယ် အနားမှာ ထိုင်ခိုင်းပါသည်။

(အရီး အကျွန်ဝါပိုကပါ။ ရွာပျက်လို့ထွက်ပြီးလာစွာပါ။ အကျွန့်အိမ်သျှင်လည်း ပေါ်တာပါလားခလို့ ငှက်ဖျားနန့် သီကျလားပါယာ။ အားကိုးဖို့လူလည်းမဟိပါ။ အချေကလည်းတဖက်။ တောင်းလို့တာဖြစ်စားဖို့ပျာယ်ဆိုပျာ စစ်တွေကိုတက်လာစွာပါ။ အခု လားတောင်းစားဖို့ ၀တ်ဖို့ထပိန်မဟိလို့ မိုးရွာလို့ အရီးရို့အိမ်ကိုဝင်လာစွာပါ။ ထပိန်တထည်လောက်ဟိကေသနားပါ။) ဟု ပြောပါသည်။ ပြီးကေ ချိတ်၍ငိုပါသည်။

(ဟေး တပိန်ကအရေးမကြီး၊ အချေဝါ) ဆိုပျာယ် အဘောင်သျှင်က အချေကို တချက်ငုံကြည့်လိုက်သည်။ ကံကောင်းသိမ့်ယင့်။ အချေမသီသိမ့်။ ယင်းလောက်မိုးရွာစွာမှာ သားကိုရင်နှင့်အုပ်ပျာယ် ဖိနပ်မပါလားနီရေ မိခင်တယောက်မိတ္တာကို နားလည်ခံစားမိပါသည်။

(အကျွန် ကံကကောင်းဆိုးပါရေ) မျက်နှာကို လက်နှင့်အုပ်ထားသည်။ ဆက်ပြောဖို့စကား ငိုသံနှင့်ထွီးနီသည်။ အဘောင်သျှင် ပြင်တန်းခါးကိုပိတ်လိုက်သည်။ ယင်းမမကို စောင့်ဖို့ခိုင်းပနာ အိမ်ထက်ကိုတက်လားသည်။ ပါးစကလည်း (အော် ဒုက္ခ၊ ဒုက္ခ) လို့ မကြားတကြားပြောသည်။

ထပိန်ပီးဖို့လူ ခံစားနီရရေဒုက္ခလား။ ထပိန်မဟိရေလူ ခံစားနီရရေဒုက္ခလား။ အသေအချာ အကျွန်ုပ်မပြောတတ်။ အကျွန်ုပ်ရို့တိမှာ ဒုက္ခကကောင်းများပါသည်။ ပဲဆီကို ချွေတာရရေဒုက္ခ။ အပင်ခွတ်ခိုင်းလို့ အပင်ခွတ်ပီးရရေဒုက္ခ။ လမ်းချယ်ဖို့အတွက် အိမ်ဖျက်ပီးရရေဒုက္ခ။ ဈီးဆောက်ဖို့အတွက် အိမ်ရွှိပီးရရေဒုက္ခ။ ယောက်ဖနွားကို အလကားကျောင်းပီးရရေဒုက္ခ။ ကန်ကမကန်ပါ။

အဘောင်မ အိမ်ထက်ကဆင်းလာရေအခါ ထပိန်တထည် လက်ထဲတွင်ပါလာပါသည်။ ယင်းမမသားချေအတွက် အကျွန်ုပ်၏ညီ အင်းကျီတလုံးကိုပါထည့်ပီးလိုက်သည်။ သူ့မျက်နှာသည် ဆောင်းမှာပရေလလောက် မတောက်ကေလည်း မိုးခါလျှပ်စိမ်းပြယှောင် ၀င်းလားပါသည်။ အဘောင်သျှင်ခြီကိုရှိခိုးလို့ (အရီး ကောင်းကောင်းကျေးဇူးဟိပါရေ) ဟု ဆုပီးပါသည်။

မိုးလည်းသင့်အောင်ချေစဲလားပျာယ်ဆိုခါ ပြန်ထွက်လားပါသည်။ အရှက်နှင့်သိက္ခာကိုဖုံးဖို့ ထပိန်တထည်တော့ရလားခပျာယ်။ ထပိန်ကို အသာချေကိုင်ပျာယ် မိုးရီထဲမှာပျောက်လားရေ ယင်းမမကိုကြည့်ယင်း အကျွန်ုပ်သက်ပြင်းချမိပါသည်။

...........................
မောင်မောင် (စစ်တွေ)
(09/06/1998)

(ဂနိန့်ရခိုင်ပြည်ဘလော့မှ)


အသဲကွဲနွီရာသီ

အနီဝီးလို့ သွီးအီးလားခရစွာလားပန်းနု။ ကျနော့်ရင်ထဲမှာ နွီဦးမှာတိုက်တေ လီပွီလီရူးတိ ပြာပြာလဲ့လဲ့တိုက်ခတ်နီကတ်ပါရေ။ စိတ်ထဲမှာ ခံစားရစွာလောက်ရာ လီလွှင့်ပစ်လိုက်ရဖို့ဆိုကေ ကျနော်ဟာ လူတပိုင်း မီးခိုးတပိုင်းဖြစ်လားပါပျာယ်။ ဒေပိုင်ပါ..တချိန်က ကျနော့်မှာ ပန်းနုဆိုရေ ချစ်သူတယောက်ဟိပါရေ။ နာမေနန့်လိုက်အောင် ကကောင်းအလှပချေဖြစ်တေအတွက်နန့် ကျနော်လည်း ကကောင်းချစ်ခပါရေ။ တချိန်ကစွာယေ ဒေဂုမဟုတ်တေအတွက်နန့် ပန်းနုဆိုရေချစ်သူ ကျနော့်မှာမဟိပါပျာယ်။

မိုးမှုန်တိ တုန်ခါဝဲယိုင်ကျပြီးကေ ပိတောက်တိပွင့်ရေ လတလမှာ ပန်းနုကို ကျနော်စတွိခစွာပါ။ ကျေးလက်ဆန်ရေ တောမြို့ချေတမြို့၏ အတိတ်နိစွဲတိမှာ ကျနော်ရို့နှစ်ယောက်၏အချစ်တိစွာ ခိုင်ခိုင်မာမာဖြစ်ပေါ်လာခပါရေ။ အသက် (၁၇၊၁၈) အခါတုန်းက ဆင်းရဲခြင်းချမ်းသာခြင်း၊အဆင့်အတန်းနန့်ဂုဏ်ဒြပ်တိကို နားမလည် မတွေးတတ်ခကတ်ကေလည်း အချစ်အကြောင်းကိုတော့ခါ နားလည်တွေးတတ်ခပါရေ။

ယင်းပိုင်နန့် ကျနော်ရို့နှစ်ယောက် တယောက်ကိုတယောက် ကကောင်းချစ်မိလားခကတ်တေ။ ပန်းနုနာမည်က နှစ်လုံးရာဟိပြီးကေ ကြာသားပတီးနံနန့်စပါရေ။ ပန်းနုနာမည်ကို သဲမြီဖုံဖုံမှာ မှုံနီအောင် ကျနော်ရွီးဖူးပါရေ။ ပန်းနုမိဖတိက ကုန်စုံစတိုးဆိုင်ဖွင့်ပြီးကေ တခြားစီးပွားရေးလုပ်ငန်းတိလည်း လုပ်ပါရေ။ ရွာမှာဆိုကေ ပန်းနုမိဖတိက ရွာမျက်နှာဖုံးတိပါရာ။ ကျောင်းအားလပ်တေရက်တိမှာ ပန်းနုကို စတိုးဆိုင်ထဲမှာ အမြဲတမ်းပိုင် တွိရတတ်ပါရေ။ ပန်းနုရို့စတိုးဆိုင်ရှိမှာ မထည်ဝါ မခန့်ညားရေ အုန်းရည်ဆိုင်ချေတဆိုင်ဟိပါရေ။ အုန်းရည်ဆိုင်နာမည်က မူကြိုအုန်းရည်ဆိုင်ဆိုဝါ။ ကျနော်ကနားမလည်လို့ ဆိုင်သျှင်ကို လားမီးကြည့်ရေခါ အရက်မသောက်တတ်သိမ့် လူတိအတွက် အရက်သောက်တတ်အောင်သင်ပီးရေအခါ အုန်းရည်က စသောက်ရစွာဖြစ်လို့ ဆိုင်နာမည်ကို မူကြိုအုန်းရည်ဆိုင်ပြီးကေပီးထားစွာလို့ပြောယင့်။ ပန်းနုနန့်ကျနော် ချစ်ကြိုက်နီကတ်စွာကို မနာလိုပြိုင်ဖက်တိဟိပြီးကေ ကျနော့်ဘ၀ အဆင်မပြေမှုတိကို ပန်းနုကိုတောင် ထုတ်ဖော်မပြောတတ်တေ ကျနော်ဟာ ယင်းမူကြိုအုန်းရည်ဆိုင်မှာ ထိုင်ပြီးကေ ပန်းနုအကြောင်းတိကို အုန်းရည်သောက်ရင်း ထိုင်စိုင်းစားဖူးခပါရေ။ ပန်းနုကို ကျနော် ဇာကြောင့်ဒေလောက်ချစ်မိခရစွာလဲ။ ပန်းနုက၀ါ ကျနော့်ပိုင် အဖက်ဖက်ကနိမ့်ကျလှရေ လူတယောက်ကို ဇာကြောင့်ပြန်ချစ်ခစွာလဲ။

ကျနော်ရို့နှစ်ယောက်ဘ၀တိခြားနားနီမှန်းကို ယင်းအချိန်ကပင် ဂဂနန သေသေချာချာ စိုင်းစားဝေဖန်ချင့်ချိန်နိုင်ခဖို့ဆိုကေ ပန်းနုကို ကျနော်ချစ်ချင်မှချစ်မိခဖို့ပါ။ လုံလောက်တေ စိုင်းစားဥာဏ်တိမဟိခသိမ့်ရေအတွက်နန့် ပန်းနုနန့်ကျနော် တယောက်ကိုတယောက်မခွဲနိုင်၊ မခွာနိုင်လောက်အောင် အချစ်တိကို ကိုးကွယ်ထားခကတ်စွာဖြစ်ပါရေ။ ပန်းနုက သူဌီးသမီး၊ဥစ္စာပေါ ရုပ်ချောပြီးကေ အတန်းထဲမှာဆိုကေလည်း ကကောင်းစာတော်ရေ ကျောင်းသူမတယောက်ပါ။ ယင့်အတွက်နန့် တခါတခါ ကိုယ့်ကိုကိုယ် အားငယ်စိတ်တိဝင်ပြီးကေ ၀မ်းနည်းမိခစွာလည်း တကြိမ်တခါထက်မကခပါ။ ယေကေလည်း ယင့်အချိန်က တယောက်နန့်တယောက် အချစ်စိတ်တိမွှမ်နီအောင် ဖုံးလွှမ်းထားကတ်တေအတွက် အချစ်ကလွဲပြီးကေ ကျန်စွာကို ကောင်းကောင်းမစိုင်းစားခကတ်။ ယင့်အချိန်က ပန်းနုနန့်ကျနော့်အချစ်စွာ ကကောင်းဖြူစင်ရိုးသားခပြီးကေ ဟန်ဆောင်ဖုံးကွယ်မှုတိမဟိခကတ်တေ အချစ်မျိုးတိနန့် တယောက်ကိုတယောက် ကကောင်းချစ်ခကတ်စွာပါ။ ဒေအချိန်မှာ ယင့်ချင့်တိကိုပြန်တွေးမိကေ ကိုယ့်ကိုကိုယ် ဂုဏ်ယူကြေနပ်အားရနီမိပါရေ ပန်းနု။ ပန်းနုက ပင့်မြင့်မှာ လှနီရေ ပန်းနုနုချေတပွင့်ပါရာ..ကျနော်မခူးဝံ့ မခြွီဝံ့ပါ ပန်းနု။

ကုန်လွန်လားခရေ အတိတ်တိကို ကွန်ပျူတာထဲက Document ထဲမှာထည့်ထားရေမှတ်တမ်းဖိုင်တိပိုင် ပြန်ပနာထုတ်ကြည့်လို့ရကေ ကကောင်းကောင်းပါဖို့ ပန်းနု။ ရွာဦးက မောင့်ထောင့်တောင်ဘုရားပွဲကျရေခါ ပန်းနုနန့်ကျနော် ကြမ်းတမ်းရေ ကျောက်ခင်းလမ်းထက်မှာ စက်သီးတတူစီးပြီးကေ ဘုရားပွဲလားကြည့်ဖူးပါရေ။ ဇာလောက်ပင်လမ်းကြမ်းကြမ်း ကျနော်ရို့နှစ်ယောက်အတွက်တော့ ကျောက်ခင်းလမ်းစွာ ပန်းခမ်းလမ်းပိုင် ထင်မှတ်မိခကတ်ပါရေ။ ပန်းနုဆိုရေ ကျနော့်ချစ်သူဟာ နာမည်နန့်လိုက်အောင် စိတ်ထားတိလည်း ကကောင်းနုညံ့ပါရေ။ မောင်းထောင့်ဘုရားပွဲမှာ နှလုံးသားထဲကစောမဲကျီဆိုရေအော်ပဒါပြဇာတ်ကိုထည့်ရေခါ မင်းသားမောင်ရွှီသီးနန့်မင်းသမီးစောမဲကျီမရို့တိ၏ ၀မ်းနည်းကြွီကွဲစရာအဖြစ်တိကို မြင်တွိရလို့ လိုက်ပနာမျက်ရည်တိကျတတ်တေအထိ စိတ်ထားနုညံ့ပါရေ။ ပန်းနုပါးပြင်ထက်က တလိမ့်လိမ့်တလိမ့်လိမ့်နန့်စီးကျလာရေ မျက်ရည်တိကို ကျနော့်လက်ကိုင်ပုဝါနန့်သုတ်ပီးဖူးခပါရေ။ ယင်းလက်ကိုင်ပုဝါစွာ ဒေဂုထက်ထိ ကျနော်အမှတ်တရသိမ်းထားလို့ဟိပါသိမ့်ရေ ပန်းနု။

"မောင်စာရွီးဆရာဖြစ်လို့ဟိကေ ပျော်စရာကောင်းရေ ဇာတ်လမ်းတိကိုရာ ရွီးရဖို့နှမ်း၊ ၀မ်းနည်းစရာကောင်းရေ ဇာတ်လမ်းတိကို မရွီးပါကဲ့"

"ဇာတ်လမ်းတပိုဒ်ကို ပျော်စီလွမ်းစီဆိုပြီးကေ ပုံသီတွက်ထားလို့က မရ ပန်းနု၊ ပျော်စရာ လွမ်းစရာတိစွာရေ ကာလံဒေသံ အချိန်အခါနန့် အကြောင်းကြောင်းတိကြောင့် ဖြစ်ပေါ်လာရရေ အကျိုးသက်ရောက်မှုတိရာဖြစ်တေမနားယေ"

ယင်းအချိန်က ပန်းနုနန့်ကျနော့်ဇာတ်လမ်းက၀ါ...ပျော်စရာတိနန့်ဆုံးဖို့လား၊ ၀မ်းနည်းစရာတိနန့်ဆုံးဖို့လားမသိနှမ်းဆိုပြီးကေ တယောက်တည်း ကြိတ်ပနာ စိုင်စားကြည့်ခပါရေ။ ပန်းနုနန့်ဝီးဖို့ဆိုရေအတွေးထက် နီးရဖို့ဆိုရေ စိတ်ကူးတိကရာ အနိုင်ယူထားခပါရေ။ ကြိုမသိနိုင်ရေကြောင်းအရာတိက အနာဂါတ်ကာလမှာ ကကောင်းဟိနီခပါရေမနား။

ကံကြမ္မာလီရိုင်းနန့်လောကဓံမုန်တိုင်းတိက နာဂိစ်မုန်တိုင်းတိုက်တေပိုင် ကျနော်ကို တိုက်ခတ်လားခပါပျာယ်။ ဘ၀ရီစီးကြောင်းထဲမှာ စီးမျောလိုက်ပါယင်း ကျနော်ဟာ လုံးဝအံဝင်ဂွင်ကျ လွဲချော်လားခပါယာ။

"ပန်းနုနန့်ကျနော် ဇာခါကပင် ၀ီးကွာလားခရစွာလဲ"

"ဇာခါတုန်းကပင် သွီးအီးလားခရကတ်စွာလဲ"

"ဇာကြောင့်ဝီးလားခရကတ်စွာလဲ"

"ဇာကြောင့်သွီးအီးလားခရကတ်စွာလဲ"

ကိုယ့်ဖာသာကိုယ်လည်း မီးယင်း၊ ဖြေယင်း

ထပ်မီးယင်း၊ ထပ်ဖြေယင်း

မသဲကွဲခပါဝါ ပန်းနု။

ပန်းနုက မကွေးဆီးတက္ကသိုလ်မှာ ဆီးကျောင်းတက်နီခရေ။ ကျနော်က ပြည်ပမှာ ပန်းနုကိုလွမ်းယင်းနန့် ဘ၀အတွက် ရန်းကုန်ကြိုးစားနီခရရေ ဘ၀သမားတယောက်ပါရာ။ တယောက်နန့်တယောက် ယင်းပိုင် အလှမ်းကွာဝီးနီရရေအချိန်မှာ တတူတူတွိဆုံဖြစ်ဖို့ဆိုရေကိစ္စက လုံးဝမဖြစ်နိုင်ခပါ။ သူကဆီးတက္ကသိုလ်နောက်ဆုံးနှစ်ရောက်ပါလတ်တေခါ အွန်လိုင်းမှာလည်း တခါတရီမှရာ တွိဖြစ်ကတ်ခပါရေ။ ကကောင်းအလုပ်တိများလို့ မကြာမကြာမတွိနိုင်ကတ်စွာလို့ထင်ပါရေ။ အွန်လိုင်းမှာတွိရေအခါလည်း ပန်းနု၏အလေးထားမှု၊ဖော်ဖော်ရွေရွေဆက်ဆံမှု၊ အကြင်နာယုယမှုတိကို မရနိုင်လိုက်ပါပျာယ်။ ပန်းနုက ငွေရေးကြေးရေး၊ စီးပွားရေးနန့်အလုပ်အကိုင်အကြောင်းတိကိုရာ အချစ်နီရာမှာ အစားထိုးပနာ ပြောပြောလာစွာတိကို တွိရပါရေ။ အချစ်အကြောင်းကို ပြောရစွာလောက် ဇာမှာ အရသာဟိနီပါဖို့လဲ ပန်းနု။ ကုန်ခရေအပတ်က ပန်းနုနန့် အွန်လိုင်းမှာတွိရစွာလောက် ဇာခါတုန်းကမှ ၀မ်းနည်းကြီကွဲစရာမကောင်းလို့ ကျနော်ထင်လိုက်ရပါရေ။ ပန်းနု၏လီစိမ်းတိုက်မှုတိကိုတွိရစွာဟာ ကျနော့်အတွက် သီမိန့်ချခံရရေ လူတယောက်ပိုင် တုန်လှုပ်မှုတိဖြစ်ရပါရေ။

ပြည်ပမှာ မိဝီးဖ၀ီး ဆွေဝီးမျိုးဝီးနန့် ကြမ်းတမ်းရေ ဘ၀စိန်ခေါ်မှုတိကို နိစိုင်ရင်ဆိုင်ဖြတ်သန်းနီရရေကျနော့်ကို ပန်းနုက အယင်ကပိုင်မဟုတ်ပါပျာယ်ကာလတ်။ ကကောင်းနီနိုင်ရေ၀ါလတ်။ ပြောင်းလဲလားခစွာက ကျနော်မဟုတ်ပါ ပန်းနု။ ပန်းနုရာ အစစ အရာရာ ပြောင်းလဲလားခစွာပါရာ။ ပန်းနုက အရင်ကထက် စာတိတတ်လာပျာယ်။ M.B.B.S ဆရာဝန်ဘွဲ့ကိုလည်း ရလားခယာ။

"အိမ်က ဘဘာနန့်အီးယောက်ရို့တိ သဘောတူပီးစပ်ဖို့လုပ်နီကတ်တေ အိင်ဂျိင်နီယာစစ်ဗိုလ်တယောက်ကို ပန်းနုလက်ခံလိုက်ရဖို့လား" လတ်။ အကျိုးအကြောင်းကို ကျနော်ကို ဆွေးနွေးတိုင်ပင်စွာမဟုတ်ပဲနန့် အသိပီးခစွာလောက်ရာဖြစ်တေဆိုစွာကို ကျနော် နားလည်သဘောပေါက်လိုက်ပါပျာယ် ဆရာဝန်မကြီး ဒေါ်ပန်းနု။ ကျနော် ပန်းနုကို ကကောင်းချစ်ပါရေ ပန်းနု။ ယေကေလည်း ပန်းနုရို့မှာ ဒေအခြေအနေတိကိုရောက်ပြီးခါမှ ကျနော် ဇာတခုမှ စောတကတိမတက်ချင်ပါပျာယ်။ ကျနော့်ကို ထားပစ်ခပါ ပန်းနု။ ပန်းနုလားချင်စွာကို ဆက်လားပါ။ ကျနော်က အချစ်ဆိုစွာကို စွန့်လွှတ်အနစ်နာခံခြင်းပါရာဆိုပြီးကေ ပန်းနုကို လွတ်လပ်ခွင့်ပီးလိုက်ပါရေ။ ဒေါက်တာ ဒေါ်ပန်းနုတယောက် ရောက်လီရာ နီရာမှာ ပျော်နိုင်ပါစီလို့ ကျနော်ဆုတောင်းပီးလိုက်ပါရေ။ ကျနော်ကတော့ သင်းကြန်လီတိနန့်တတူ ရူးမတတ်ခံစားရပါဖို့သိမ့်။
................

(ခိုင်မျိုးသူရိန်)

(ဂနိန့်ရခိုင်ပြည်ဘလော့မှ)


တောပန်း

လောကမှာကိုယ်လုပ်ချင်စွာကို လွတ်လွတ်လပ် လပ်လုပ်ရရေဘဝမျိုးကို ကျနော်လိုချင်ပါသည်။ အခုကျနော့်မှာ ကောင်းခက်ပါယင့်။ ပဇာကြောင့်လဲ။ ပဇာကြောင့်လဲဆိုသော် ကျနော်ကျောင်းကအပြန် အိမ်ကိုရောက်မဆိုက် ဖခင်ကြီးထံမှ စာတစောင်ရောက်လာသည်။ စာပါအကြောင်းအရာမှာ ရခိုင်ပြည်ကိုတပတ်အတွင်းအရောက်ပြန်လာရန်နှင့် ကျနော့်အတွက် သမက်တတ်ပီးရန် သင့်တော်သောကုလိမ္မေချေတယောက်အား ရှာထားပြီးဖြစ်ကြောင်းနှင့် အကယ်၍မရောက်လာပါက နောက်နောင်ငွေကြေးပံပို့ပီးလိမ့်မည်မဟုတ်ကြောင်း ရွီးထားသည်။ ထိုစာနှင့်အတူ ငွေတသိန်းလည်းပါလာသည်။ ရှိလူကြီးများ ကကောင်းခက်သည်။

ယင်းပိုင်နှင့် မော်ဒန်လောက၊ Internet လောက၊ Globalization လောကထဲက လူကိုမှ တခုဆိုတခုလည်းမဟိပဲ အရာရာမှာ မတိုးတက်မဖွံ့ဖြိုးသိမ့်ရေ မင်းပြားမြို့ကိုပြန်ခေါ်ပျာယ် ကျွန်းသမချေတယောက်နှင့်ရာ ပီးစပ်ဖို့ဟုဆိုသည်။
ကျနော်တခုလည်းပြောလို့မရ။ မခက်လားယေ။ ဘဇောင်လုပ်ရပါဖို့လဲ။ ယင်း ကုလိမ္မေချေကတော့ကြိုက်ဖို့ပ။ ကျနော်က မြို့ကြီးမှာ ကျောင်းတက်နီရေ တက္ကသိုလ်ကျောင်းသားလေ။ နောက်ပြီးကေ စကေလောက် နာမည်ထွက်စပြုနီရေ Model ချေတယောက်။ ယင်းပိုင်လူကို ဇာကုလိမ္မေချေက မကြိုက်ဘဲနီဖို့လဲ။ ကျနော်ကတော့ မကျေနပ်။ ကျနော့်ဖခင်စွာ မစိုင်းစားမဆင်ခြင်ဘဲ ရခိုင်ရိုးရာသမက်တက်ဓလေ့ကို အသုံးချပြီး မိဖပါဝါပြရေဟု ထင်သည်။

ကျနော့်အထင် သူရို့ဖေးသာမပို့ပီးချင်လို့ မယားပီးစပ်ဖို့လုပ်တေဟု ထင်သည်။ ကျနော် ဖေးသာတန်ဖိုးကိုနားလည်ပါသည်။ ယေကေလည်း သိရေအတိုင်း မောဒန်လောကဆိုစွာက ဖေးသာသုံးရသည်။ အေလောကမှာ ဖေးသာမသုံးဘဲအောင်မြင်ရေလူ ဇာသူဟိလို့လဲ။ နောက်ပြီး သူရို့ကပြောသည် ကျနော် ကုလိမ္မေချေတိနှင့် ထိုတို့ဒေတို့ လုပ်ဖို့အရွယ်မဟုတ်ပျာယ်လတ်။ မခက်လား။ ဒေလောကမှာက တပျင်းလှပါရေဆိုရေစွတိက များမှများမဟုတ်လား။

ကျနော်က ဇာအသားနှင့်ထုထားလို့ ခံနိုင်ဖို့လဲ။ ကျနော်က သူရို့ကိုချစ်လားဆိုကေ မချစ်၊ ယေကေလည်း အိုင်တွိကေ ခြီဆီးချင်ရေစိတ် ကျနော့်မှာဟိရေ။ လူငယ်ရာမနား။ ဟိဖို့ပ။ ယင်းချင့်ကို လူကြီးလုပ်တေလူတိက နားလည်ပီးရဖို့ပ။ အခု လုံးဝနားလည်မှုမပီး။ သူရို့ကို အာခံရအောင်လည်း ကျနော်ကဖေးသာ မရှာနိုင်။ ကိုယ့်စွာကို ရပ်တည်နိုင်စွမ်းမဟိ။ နောက်ဖြစ်လာဖို့ ငတ်ပြတ်မှုနှင့် ဆင်းရဲဒုက္ခတိကိုလည်း ခံနိုင်ဖို့မဟုတ်။ သူရို့ ဇာလောက်ဂေါင်းမာရေဆိုစွာ ကျနော်သိသည်။ ကျနော်က သူရို့သားကို။ ကျနော်က သူရို့ပိုင် ခေါင်းမမာနိုင်ရေအတွက် ငြိမ်ခံလိုက်ရသည်။

ကျနော့်မိဖများ ကြည့်ရှုပျာယ် သဘောကျရှာထားရေ မိမ္မချေမှာ မင်းပြားမြို့မြောက်ဘက် (၁၅) မိုင် အကွာတွင်ဟိသည့် “မေလွမ်း” ရွာကပါ။ ကကောင်းလှရေ မိန်းမချေပေါင်းမြောက်များစွာထွက်တေရွာဖြစ်လို့ “မိမ္မလှရွာ” ဟုလည်းခေါ်သည်။ ထိုအယင်ခေတ်က ရခိုင်ဘုရင် မိဖုရားတော်ကောက်တေ မိမ္မလှကျွန်း (၄) ကျွန်းတွင် အေနီရာလည်းပါသည်။

ယေကေလည်း ဒေနိုင်ငံ၏အလှဆုံး model တိနှင့် တွဲခုတ်လာရေ ကျနော့်အတွက် အေအနီးအနားပတ်ဝန်းကျင်မှာ ကျနော့် စိတ်ထဲက လှပါရေလို့အသိအမှတ်ပြုခံရလောက်အောင် မိမ္မချေတိဟိလီဖို့ကား မထင်။ နောက်ပြီး ရခိုင်သမဆိုစွာ မြန်မာနိုင်ငံမှာ ရုပ်အဆိုးဆုံးမဟုတ်လား။ ယေကေလည်း ကျနော့်မိဖတိကတော့ခါ မေလွမ်းရွာသူမှာ အလွန်တရာချောမောလှပကြောင်း၊ “ငါ့သားမောင် မယားရကံကောင်းရေ” ဆိုစွာစကားကို ရက်ပြတ်ပြောနီလီကတ်ပါပျာယ်။ ကုလိမ္မေချေ၏အရုပ်ကိုကားမမြင်ဖူး။ သူမ၏နာမည်ကတောခါ့ နုနု။

မင်းပြားမြို့တွင်း မင်းကန်ကြီးဘေးတနီရာမှာပါ။ မိုးစုန်းစုန်းမလင်းသိမ့်ရေ မိုးထက်အာရုဏ်ချေမှာ နှင်းထူထူထပ်ထပ်ကျနီလို့ မြို့ကို ၀ိုးတိုးဝါးတားမြင်ရသည်။ ယေပြီးကေ မြို့ရေမလှုပ်လျှား ကျောက်ရုပ်အလား ငြိမ်သက်လျှက်ဟိသည်။ ယေကေလည်း ကျနော့်အိမ်ရှိ မြီကွက်လပ်တွင်ကား ဆူညံလှုပ်လျှားနီသည်။ ထိုလူတိကား တခြားလူတိမဟုတ်။ ကျွန်တော့်ငယ်ပေါင်းသူငယ်ချင်းများဖြစ်သည်။

မိုးကာစ၊ ၀ါးလုံးတိနှင့် ကျယ်ကျယ်လောင်လောင်အော်၍ မဏ္ဍပ်ဆောက်နီခြင်းဖြစ်သည်။ သူရို့ဆောက်လုပ်သမျှမှာလည်း ပျက်စီးဖို့အကြောင်းက ဖန်လာပါသည်။ ရုတ်တရက် အာကာပြင်သည် မတည်မြဲခြင်းသဘောကိုဆောင်၍ ပြိုကျလတ်သည်။ ကောင်းခင်တခုလုံးသည် မိုးကြိုးသန်လျက်ဖြင့်ပိုင်းဖြတ်ခံလိုက်ရပြီး မိုးရီစက်များသည် ကမ္ဘာမြီပြင်ပေါ်သို့ အတားအဆီးမဟိ ကျဆင်းလာသည်။ ထိုမိုးစက်မိုးကြိုးနှင့်အတူ လီမင်းလည်းဝင်ရောက်လာသည်။ မဏ္ဍပ်တခုလုံးကို ယူဆောင်တိုက်စားပစ်လိုက်သည်။

နီမင်းလည်း ကျိန်းတောင်တန်းကို လွန်မြောက်လာသောအခါ မှုန်ဝါးဝါး မှောင်မိုက်မိုက်မြို့သည် လင်းကျင်းလာသည်။ သင့်အောင်ချေလောက်က ငှားထားသောကားရောက်လာသောအခါ လိုအပ်သောပစ္စည်းများကိုဆောင်၍ မေလွမ်းရွာသို့ ထွက်ခွာလာလတ်ကတ်သည်။ မိုးကလည်းကြီးသထက်ကြီးလာခါ ကားစီးရစွာမှာလည်း ကားရီကားရားကျသည်။ နီရာကကျိုင်းစွာမှာ မိုးကလည်းယိုသည်။ လီနှင့်အတူ မိုးတိုးဝင်လာသည်။ ထို့ကြောင့် ကျနော့်ပါးတွင်း သွားအချင်းချင်းရိုက်ပနာ တဆပ်ဆပ်တုန်နီသည်။

သူ့အိမ်ရှိတွင် မဏ္ဍပ်ထိုးထားစွာကို တွိရသည်။ သူ့မိဘတိက ကျနော့်ကို အခန်းတခန်းပီးပြီး အပြင်သို့ထွက်လားကတ်သည်။ ကျနော်အခန်းထဲသို့ဝင်လိုက်စွာနှင့် မေလွမ်းရွာသူကို တွိရသည်။ မြို့ကြီးပြကြီးများ၏ ဖိနှိပ်မှုအောက်တွင် လှပရေမိန်းမပျိုတိမှာ ဖြူဖြူဖတ်ဖတ် ပိန်ပိန်ညှပ်ညှပ် လီဟပ်စွာနှင့်လဲဖို့။ အေကျွန်းရွာ မေလွမ်းရွာသူချေမှာကား တောင့်တောင့်တင်းတင်း၊ ၀င်းဝင်းစက်စက်အလှကို ပိုင်ဆိုင်ထားသည်။

ကြက်သွီးရောင်ထပိန်အား ရင်ကန့်ပျာယ် သနပ်ခါးနှိမ်းထားသည်။ သနပ်ခါးရနံ့တိကဆိုစွာက သူရို့ကျည်းသက်သက်ဆိုကေ မွှီးရုံရာမွှီးပြီး ညှို့အားမဟိ။ အေမေလွမ်းရွာသူ၏ ခန္ဓာကိုယ်က ထွက်လာရေသနပ်ခါးရနံ့ကား ကျနော့်အား သူ့အနားကိုတိုးကပ်လာအောင် သူ့ပါးက ကျနော့်မျက်လုံးအား လွှဲဖယ်မလားအောင် ဆွဲဆောင်ထားသည်။ ရီချိုးပြီးခါစဖြစ်လို့ ပါးလွှာသော ထပိန်အသားရို့မှာလည်း သူ့ခန္ဓာကိုယ်တွင် ပိပြားကပ်နီလို့ သူမ၏စွဲမက်ဖွယ် ခန္ဓာကိုယ်ကောက်ကြောင်းအလှကို ကြင်းကြင်းလင်းလင်းမြင်ရသည်။ လီကလည်းတအုန်းအုန်းနှင့် ထရံအားတိုက်ခတ်နီသည်။ ကျနော့်တသက်တကိုယ် အေလောက်လှရေအလှမျိုး မမြင်ဖူးခပါ။ သူမ၏ ရှက်ကွန့်တကို့မျက်နှာထားချေက ကျနော့်နှလုံးသွီးကို ပွက်ပွက်ဆူစီသည်။

မိမ္မချေတယောက်သည် ယောင်္ကျားတယောက်၏ခန္ဓာကိုယ်အား နွီးအောင်လုပ်ပီးနိုင်သည်။ နောက်ပြီး သူ့ခန္ဓာကိုယ်ကထွက်နီသည့် သနပ်ခါးရနံ့သည် ကျနော်၏ ထိုင်းမှိုင်းသောစိတ်အာရုံအား လန်းဆန်းစီသည်။ အခုအချိန်မှာ ကျနော့်နှလုံးသားထဲမှာ ကိန်းအောင်းခရေ မေလွမ်းရွာသူနှင့်ပတ်သက်တေ သဘောတရားဟူသမျှရို့သည်လည်း အရည်ပျော်ကျလားခဗျာ။ ကျနော်လည်း သူမကို ဖက်နမ်းမိသည်။ ထိလိုက်တိုင်းအိနီရေ သူ့ပါးပြင်ချေဖောဠဗ္ဗာအာရုံမှာ နစ်မြုပ်လားသည်။ ဖေးသာပီးဝယ်လို့ရရေ မိန်းမရို့၏အထိအတွိကား ဖေးသာကုန်စွာရာ အဖတ်တင်သည်။ သေချာချာချာသိပါပျာယ်။ မြို့ကြီးသူတိနှင့်ထိတွိခရပုံတိကိုတွေးမိတိုင်း အန်ချင်လာသည်။ မော်ဒန်အလှတိနှင့်ပျော်ပါးခရစွာကို မသထီနှလုံးပျို့လာသည်။

မြို့သမတိမှာဆိုကေ lotion နှင့် မိတ်ကပ်ထူထူအောက်မှာ အသားအရောင်တိ မသာကောင်ပိုင်။ သူရို့၏အထိအတွိ အဓိပ္ပါယ်ကင်းမဲ့ပုံကိုခံစားယင်း ကျနော့်မျက်ရည် တပေါက်ပေါက်စီးကျလာသည်။ မေလွမ်းရွာသူမချေမှာ ကျနော့်အဖြစ်ကို ရိပ်မိပုံမပေါက်။ အေဒေသ၏အရိုးကွဲအောင်အီးရေ ကျီးမ,လီဒါဏ်မခံနိုင်လို့ မျက်ရည်ကျသည်ဟုထင်သည်။ မင်္ဂလာဦးမွိရာထက်သို့ရောက်သောအခါ ကျနော့်အချစ်၏ရင်ခုန်သံသည် အပြင်အိမ်ထရံသို့တိုက်ခတ်နီသောကျီးမလီနှင့်အပြိုင် တအုန်းအုန်းအော်မြည်လျှက်ဟိသည်။

......................
(ပန်းလှအောင်)

(ဂနိန့်ရခိုင်ပြည်ဘလော့မှ)


ညီညွတ်ရေးသာဘန်း

အကျွန်ုပ်ရို့ရွာတွင် အလွန်သဘောကောင်းသော ၀ါကြီးတလုံးဟိသည်။ သူသည် ဘုရားတရားအလွန်ရိုသေကိုင်းညွတ်သည်။ စိတ်ကောင်းစေတနာကောင်းဟိသည်။ ရပ်ရေးရွာရေး၊ သာရေးနာရေးအစစအရာရာ ကူညီတတ်သည်။ ရပ်ရွာစည်ပင်သာယာရေးအတွက်အစဉ်မမြဲ ဦးထိပ်ရွက်ပန်ထားသူဖြစ်သည်။ ရပ်ရွာအတွင်း လင်မယားရန်ဖြစ်သည်ကအစ သင့်မြတ်အောင် စိစပ်ဆောင်ရွက်ပီးသည်။ အချေသူငယ်များရန်ဖြစ်လျှင်လည်း (အဝေး အစိတ်ကေချေတိ၊ ပုတ်ကြားကေ နွားချီးဝင်ရေ။ နွားကွဲကေ ကျားကိုက်တေဝေး၊) စသည်ဖြင့် ထိရောက်သောစကားပုံများဖြင့် ဆိုဆုံးမလေ့ဟိသည်။

သူ့အိမ်သည် ပျိုင်စီပျိုင်ဆောင်အိမ်ကြီးဖြစ်သည်။ သူ၏မိဘများမှာ လယ်ပိုင်သျှင်သူဌေးကြီးများဖြစ်သဖြင့် ပြိုင်းသားတိုင်နောင်းနောင်းဖြင့် အင်္ဂလိပ်လက်ထက်တတည်းကပင် ဆောက်လုပ်ခပြီး မသီခင် တဦးတည်းသောသားကြီးမောင်သာဘန်းအား အမွီပီးထားခခြင်းဖြစ်သည်။ အိမ်မှာ နှစ်ပေါင်း (၁၀၀) ကျော်ကြာသည့်တိုင် အခုအထိ နောင်းနောင်းနင်းနင်း မယိုင်မယိမ်းဘဲ ရွာ၏အရှိဖက်တွင်တည်ဟိသည်။ ဘုန်းကြီးကျောင်းနှင့် မနီးမ၀ီးဖြစ်သည်။ မင်းကန်နှင့်လည်း နီးသည်။ နှစ်ထပ်အိမ်ဖြစ်ပြီး ကားလမ်းမကကြည့်လျှင် ဟိန်းလျှက်မြင်ရသည်။ ရွာ၏ကျက်သရေဆောင်အိမ်ကြီးတဆောင်ဖြစ်သည်။ ရွာသားများက သူ၏အိမ်ကိုလက်ညှိုးထိုးလျှက် မိမိရွာကိုဂုဏ်ယူတတ်ကြသည်။ အခြားရွာသားများအား ကြွားစရာဟူ၍ ဤအိမ်ကြီးတလုံးရာဟိသည်။ ရပ်ရေးရွာရေးအတိုင်ပင်ပြုသောအခါ ဘုန်းတော်ကြီးကျောင်းကိုပင် မအားထား၊ ဤအိမ်ကြီး၌စုရုံးလေ့ဟိသည်။ သို့ကြောင့် သက်တူရွယ်တူလူကြီးများက အဘိုးမောင်သာဘန်းအား (ညီညွတ်ရေးသာဘန်း) ဟုခေါ်သည်။

ဤသို့ခေါ်ရသည့်အကြောင်းမှာလည်း ရွာတွင် သောက်စားယစ်မူးတတ်သော နွားသူခိုးသာဘန်းနှင့် ကွဲလွဲစီချင်၍ဖြစ်သည်။ (သာဘန်း) ဟုပြောလျှင် (ဇာသာဘန်း) လဲဟု အတွန့်ရှည်သဖြင့် (ညီညွတ်ရေးသာဘန်း) ပြောလိုက်လျှင် လူတိုင်းသိသည်။ သူသည် ရွာသူရွာသားများစည်းလုံးညီညွတ်ရေးသာလျှင်မဟုတ် ရခိုင်တမျိုးသားလုံးစည်းလုံးညီညွတ်ရေးကို လိုလားသူတဦးဖြစ်သည်။ လေးဝတီညီညွတ်ရေးတရားကိုလည်း စကားထဲအမြဲထည့်ပြောလေ့ဟိသည်။ သူ့အိမ်တွင် အလွန်ကြီးမားသော ကပ်ဆပ်တလုံးဟိသည်။ သူ့ကိုယ်ပိုင် နွားမတန်းမ,သုံးကောင်ကိုရောင်းလျှက် ၀ယ်ထားသည်ကို ရှိမှီနောက်မှီများက သိသည်။ အဖိုးသာဘန်းသည် အသက်အရွယ်ကြီး၍ ၀ါကြီးဖြစ်သော်ငြားလည်း ဂျီမသုဉ်းသည့်အပြင် ခေတ်လူငယ်များနှင့် အပေါင်းအသင်းလုပ်နိုင်သော အလွန်ခေတ်မှီသော ခေတ်မှီဝါကြီးတလုံးဖြစ်သည်။

မြန်မာပြည်လွတ်လပ်ရေးရသောအခါ အဘိုးသာဘန်းမှာ အသက် (၁၅) နှစ်ဟိပြီးဖြစ်သည်။ ထို့ကြောင့် အင်္ဂလိပ်ပညာရေးကို (၈) တန်းအထိသင်ကြားဖူး၍ အဖိုးသည် အင်္ဂလိပ်စကားကိုလည်း အသင့်အတင့်ပြောဆိုနိုင်သည်။ မိဘများက ချမ်းသာသူများဖြစ်၍ မြို့တက်၍ ကျောင်းထားနိုင်သောကြောင့်လည်းဖြစ်သည်။ အဖိုးသည် အင်္ဂလိပ် (Grammar) ကို အလွန်ကျွမ်းကျင်ပိုင်နိုင်သည်။ ထို့ကြောင့် ပညာရေးကိုလိုက်စားသော ရွာလူငယ်များက အဖိုးထံ၌ တပည့်ခံ နည်းနာခံယူရသည်။ အဖိုးလည်း ပညာရေးနှင့်ပတ်သက်လာလျှင် အလွန်စိတ်ရှည်သည်။ တပည့်သားသမီးများမသိနားမလည်သည်များကို စိတ်ရှည်လက်ရှည်ယှင်းပြတတ်သည်။ လူငယ်များအား နွားနှင့်ရုန်း၍ ကျုပ်နွံထဲတွင် မနစ်မွမ်းစီချင်သော သူ၏စေတနာအရင်းခံကြောင့်ဖြစ်သည်။

သူ့၏အိမ်တွင် ဘို့အား (၁၂) လုံးဟိသော ဘယ်ထရီ (၃) လုံးနှင့် လူတရပ်ခန့်မြင့်သော (Sound Box) နှစ်လုံးဟိသည်။ ဘေထရီတလုံးကုန်လျှင် (၂) လုံး အရံအဆင့်သင့်ဟိသည်။ နှစ်စဉ်နှစ်တိုင်း တန်းဆောင်ဘုန်းလပြည့်နိရောက်၍ ထမင်းပေါင်းချက်စားတိုင်း ရွာလူငယ်များအဘိုးအိမ်၌စုရုံး၍ အဘိုးကပ်ဆပ်ဖြင့် (Sound Box)အသံကုန်ဖွင့်လေ့ဟိသည်။ ချောင်းတဖက်ကမ်း (၃) မိုင်ကွာဝီးသော ဇီးဇာရွာကပင်လျှင် အကျွန်ုပ်ရို့ဖွင့်သော တေးခြင်းသံများကို ညဥ့်လုံးပေါက်ကြားရသည်ဟုဆိုသည်။ အဖိုးသည် ရှိဟောင်းသခြင်းကြီးများသာလျှင်မဟုတ် အခုခေတ်ပေါ်ရခိုင်သခြင်းများကိုလည်း လက်ခံသည်။ အဖိုးအနှစ်သက်ဆုံးသခြင်းမှာ (၀တီလေးရပ်သားချင်း၊ ညီညွတ်ကတ်မေ) ဆိုသည့်သခြင်းဖြစ်သည်။ ပြီးလျှင် မြောက်ဦးသား သိန်းထိုက်ဇော်ဆိုသော (အပြောနှင့်မပြီးသိမ့်ပါ ရခိုင်) ဆိုသည်သခြင်းကိုလည်း အလွန်နှစ်သက်သည်။ တခါတရီ အဘိုးသည် ဆောင်းတွင်းဝိုင်းမီးလှုံသောအခါ အသုံးပြုသော ကသောင်းဝါးခြမ်းထိုင်ခုံကို သူ၏ပန်းတူရိုးဖြင့် စည်းခေါက်လျှက် ထိုကာလပေါ်တေးခြင်းများကို အကျွန်ုပ်ရို့လူငယ်များအား ဆိုပြလေ့ဟိသည်။ ထို့ကြောင့် အကျွန်ုပ်ရို့လူငယ်များက အဖိုးအားအလွန်ချစ်သည်။

သို့သော် အဖိုးကားစိတ်ကောင်းဟိသလောက် ကံမကောင်းပါ။ အဘိုး၏ချစ်လှစွာသော အဘောင်မမသျှင်မှာ အဖိုးထက်စောစောစီစီး သီဆုံးလားသောကြောင့်ဖြစ်သည်။ အဖိုးမှာ အိမ်ထောင်ကျလည်းနောက်ကျသည်။ အဖိုးက ဘုန်းကြီးလုပ်ချင်သည်။ သို့သော် သူ၏မိဘများက အမွီခံမျိုးဆက်တုံးလားမည်စိုး၍ အဖိုးအသက် (၅၀) ရောက်ခါမှ ပန်းမော်ရွာက အပျိုကြီးမသျှင်နှင့် အိမ်ဆောင်ချပီးသည်ဟုသိရပါသည်။ အဖိုးအိမ်ထောင်ကျချိန်တွင် အကျွန်ုပ်ရို့ မွီးတောင်မမွီးသိမ့်ပါ။ အိမ်ထောင်ကျပြီး (၂) နှစ်အကြာမှ သမီးချေတယောက်ထွန်းကားသည်။ (အထွီးမေ) ဟုခေါ်သည်။ အသက်ကြီးပြီးမှ အိမ်ထောင်ကျသောကြောင့် သမီးဦးကိုဖွားပြီး နောက်ထပ်သားသမီးမရလီပါယာ။ အဖိုးကို တရွာလုံးကချစ်သောကြောင့် သမီး (အထွီးမေ) ကိုလည်း တရွာလုံးက ၀ိုင်းချစ်သည်။

တချက်မိကျန်လိုက်သည်မှာ အဖိုးအိမ်တွင် ဒါးတချောင်းဟိသည်။ အသွားမှာ လက်နှစ်လုံးအရွယ်ဟိ၍ အရှည်မှာ တလံလောက်ဟိသည်။ အဆောက်ကို ကျွဲရိုးဖြင့်ဆောက်ထားသည်။ အဖိုး၏အိမ်ရှိခန်းတွင်အလှချိတ်ထားသည်။ သို့သော် ၄င်ဒါးအား မည်သူတဦးတယောက်ကိုလည်း အကိုင်မပီး။ သင်္ကြန်ရောက်တိုင်း အဖိုးမှာ တကြိမ်စီဒါးသွီးသည်။ သို့သော် မည်သည့်အရာကိုမျှ ခွတ်ထစ်ခြင်းမပြု။ ၄င်းဒါးမှာ မြန်မာယိမ်းနွဲ့ပါးဒါးကဲ့သို့ပျော့စိစိမဟုတ်။ အလွန်မာ၍ အလွန်ဖြောင့်သည်။ သံဆီးသုံးထပ်တင်ထားသဖြင့် အလွန်ထက်သည်ဟုဆိုသည်။ မယုံသဖြင့် တခါက ရွာသျှင်ပြုပွဲတွင် ပိဿာ (၁၅၀) ကျ ၀က်တကောင်းအားခွတ်ပြရာ တချိန်းတည်းနှင့် နှစ်ပိုင်းပြတ်လားမှ ရွာသားအားလုံးအံသြသင့်ရသည်ဟုဆိုသည်။ အင်္ဂလိပ်အဆုပ် ဂျပန်အတက် ကုလားရခိုင်အရေးအခင်းဖြစ်ရာတွင် အသုံးပြုခသဖြင့် သမိုင်းဝင်ဒါးအဖြစ် အဖိုးက တယုတယသိမ်းထားခြင်းဖြစ်သည်။ ဘူးသီးတောင်မောင်တော ရထားလမ်းဟောင်းသံဖြင့်ပြုလုပ်ထားခြင်းဖြစ်ပြီး အဖိုးအသက် (၁၃) နှစ်အရွယ် ဆံတော်ရှင်ဘုရားဖူးအပြန် ပူဆာသဖြင့် အမိအဘများက စစ်တွေကုန်တန်းပန်းဘဲဆိုင်တခုမှ ဈီးကြီးပီး၍ ၀ယ်ယူခသည်ဆို၏။ အကျွန်ုပ်ကား တကြိမ်တခါကိုင်ဖူးပါ၏။ မခွတ်မပြုဘဲ တနှစ်တကြိမ်သွီးထားသဖြင့် ဒါးသွားမှာ သျှင်ပြုဥက္ခောင်းဆံရိပ်သော သင်းထုန်းဒါးထက်ပင်ထက်၏။

ဇတ်လမ်းကိုဆက်ရသည်ဟိသော် အကျွန်ုပ်ရို့ရွာတွင် အပျိုလူပျိုရွာလည်သော ဓလေ့အစဉ်အလာဟိ၏။ သို့သော် စည်းမဲ့ကမ်းမဲ့ကားမဟုတ်။ လူပျိုတဦးတယောက်က အပျိုတယောက်အားရွာလည်လိုသည်ဟိသော် ပထမဦးစွာ လူပျိုဂေါင်းအားအသိပီးရ၏။ ထိုနောက် လူပျိုဂေါင်းက အပျိုဂေါင်းအားကြိုတင်အကြောင်းကြား၏။ ထိုညတွင် အပျိုဂေါင်းက အပျိုအိမ်သို့ ဆီးကွမ်းစားဟန်ပြု၍ အပျိုမအား တိတ်တိတ်ပုံးအသိပီးထား၏။ အပျိုသဘောတူမှ သမီးရည်းစားဖြစ်ခွင့်ရ၏။ သို့သော် ရမ်းဗြဲအရပ်မှာကဲ့သို့ ဇမ်းကဗျာဖြင့် အချစ်ကျူးသော ကဗျာအလင်္ကာ၊ စာအလင်္ကာများမှာ ကွယ်ပျောက်ပြီးဖြစ်သဖြင့် ရိုးရိုးစကားဖြင့်ပင် ချစ်ခွင့်ပန်ကြ၏။ သမီးရည်းစားဖြစ်သူများအဖို့ ကျူရိုးတံတွင် သင်္ကေတပြုလျှက် လူမမှားစီရန် အမှတ်အသားပြုရ၏။ ထိုကျူရိုးတံအား သူများမမြင် မခိုးရအောင် ပုန်းဝှက်ထားရသည်မှာ လူပျိုများအဖို့ အလွန်ဦးနှောက်စားသောအလုပ်ဖြစ်၏။ တချို့ငမျောက်ငချောက်များက သူများကျူရိုးတံခိုး၍ အချောင်ရွာလည်တတ်သည့်အန္တရာယ်ကို သမီးရည်းစားချစ်ကြိုက်နီသူများအထူးဂရုပြုရ၏။

ရွာလည်ချင်သော လူပျိုများသည် ရွာလယ်တွင် လူပျိုများတကူးတကဆောက်လုပ်ထားသော ရွာလည်အိမ်၌ စုဝေးအိပ်ကြရ၏။ အရာရာကို စူးစမ်းချင်သောအသက်ဆယ့်သုံး၊ ဆယ့်လေးနှစ်အရွယ် လူပျိုပေါက်စများအဖို့ ထိုအိမ်၌ အိပ်ခွင့်ရရေးမှာ လွယ်ကူသောအလုပ်မဟုတ်။ လူပျိုကြီး၊ လူပျိုဂေါင်းများကို အထူးပူဇော်ပသရ၏။ လူပျိုဂေါင်း၏ခွင့်ပြုချက်မရဘဲ ထိုရွာလည်အိမ်၌အိပ်ခွင့်မဟိ။ ရွာလည်သောအခါတွင်လည်း ရွာလည်လာသော အာဂန္ဓုတခြားရွာသားများအား ဦးစားပီးရ၏။ အနီးပတ်ဝန်းကျင်ရွာအင်တန်များများ၌ ထိုဓလေ့မှာ ကွယ်ပျောက်ပြီးဖြစ်သဖြင့် ရွာလည်ရန် အကျွန်ုပ်ရို့ရွာသို့ စုပြုံရောက်လာတတ်၏။ အထူးသဖြင့် နွီခါသားတလင်းပွဲချိန်ဖြစ်၏။ ရွာလည်ခွင့်ဟိသော အကျွန်ုပ်ရို့ရွာ၏အားသာချက်မှာ လူပျိုများသည် တခြားရွာသို့ထွက်မလားလို။ ရွာ၌မြဲ၏။ ထို့ကြောင့် အကျွန်ုပ်ရို့ရွာ၏အိမ်ခေါင်ပေါ်ဦးရေမှာ အခြားရွာများထက် သုံးလေးဆပိုများ၏။ ရွာလည်ခွင့်ဓလေ့ကွယ်ပျောက်ပြီးဖြစ်သောရွာများ၌ လူပျိုလူရွယ်များမပျော်ပိုက်သဖြင့် အချိန်တန်လျှင် ကြက်ပျောက်ငှက်ပျောက်ကုန်၏။ အထူးသဖြင့် မြန်မာစစ်တပ်ထဲသို့ဝင်၍ မှိုင်းသင့်ပြီးမှ ရွာပြန်ရောက်လာတတ်၏။ သို့သော် အများစုမှာ ကရင်ပြည်နယ်ရှိတန်းတွင် လစန့်ကောင်သည်များ၏။

မှတ်မိသဘောက် အကျွန်ုပ်ပထမဆုံးအကြိမ် ရွာလည်အိမ်၌ အိပ်ခွင့်ရသည်မှာ အသက် (၁၅) နှစ်အရွယ်ရောက်ပြီးမှဖြစ်သည်။ ထို့အခွင့်အရေးရဖို့ လူပျို၊ လူပျိုဂေါင်းများအားကန်တော့လိုက်ရသည်မှာ အိမ်ကကြက်တုတ်တုတ်ပြောင်၏။ ထိုရွာလည်အိမ်၌ ပထမအိပ်ခွင့်ရသောနိသည်ပင်လျှင် အကျွန်ုပ်၏အပျော်ဆုံးရက်ထဲတွင်တရက်အပါအ၀င်ဖြစ်သည်။ မှတ်မိရရဟိသည်မှာ ထိုနိတွင် အကျွန်ုပ်ထက်အလွန်ဝါကြီးသော အစ်ကိုကြီး (၆) ယောက်နှင့်အတူဖြစ်သည်။ အကျွန်ုပ်အပါဝင် (၇) ယောက်ဖြစ်သည်။ ထိုအထဲတွင် အလွန်ရယ်စရာ ဟာသပြောတတ်သော အစ်ကိုကြီးသာအောင်လည်း တယောက်အပါအ၀င်ဖြစ်သည်။ အစ်ကိုကြီးသာအောင်သည် ထိုအချိန်တွင် အသက် (၂၆) နှစ်ခန့်ဟိပြီးဖြစ်၍ အကျွန်ုပ်ထက် (၁၀) နှစ်ခန့်အသက်ကြီးပါသည်။ (ပရမီကျင့်သကြားမင်း၊ ဒယွားမရထွက်ပြီးဖို့ကျ။ နှစ်ကားနှစ်အဖိုး ကျွန်တော်မပါစီကဲ့။) ဟာသများမှာ အစ်ကိုကြီးသာအောင်ပါးကရသော ရွာလည်ဝတ္ထုများဖြစ်ပါသည်။

ဇတ်လမ်းကိုပြန်ဆက်ရသော် ထိုနှစ်တပေါင်းလတွင်ဖြစ်သည် အဖိုးသာဘန်း၏သမီးနီမကောင်းဖြစ်သည်။ ဆရာဝန်မဟိ၍ ရွာက သားဖွားဆရာမနှင့်ပြသောအခါ ဇတ်လမ်းမှာ ကြိုးကြာဥပြဿနာဖြစ်သည်။ အကြောင်းစုံစမ်းသောအခါ တရားခံမှာ အစ်ကိုသာအောင်ဖြစ်နီသည်။ အများမကြာ တရက်နိမိုးထက်စောစော ဆွမ်းပို့ခတက်ခေါက်ပြီး မကြာခင်လောက်တွင် အဖိုးသာဘန်း ဒုတ်ကောက်ထောက်၍ အကျွန်ုပ်ရို့စံအိမ်ကြီးသို့ ပေါက်ချလာသည်။ (အဝေး သာအောင်ထထ) ဟု လှမ်းအော်ခေါ်သည်။ အကျွန်ုပ်ရို့လည်း အိမ်မွှမ်းစုံထ ထပါလတ်ကတ်သည်။ မိုးထက်စောစောဖြစ်သဖြင့် အရေးကြီးအကြောင်းကိစ္စပေါ်သည်ဟုထင်သည်။ စိတ်ထဲမှာ အစ်မ (အထွီးမေ) နီမကောင်း၍ ဆီးရုံသို့ပို့ချင်၍လားမသိထင်သည်။ ကိုသာအောင်က ဦးစွာဆင်းနှင့်သည်။

လှီကားထစ်တ၀ှက်အရောက်တွင် အဖိုးသာဘန်းက ဒုတ်ကောက်တွင် ပူးချိုင်ယူလာသော ကုလားနိုင်ဒါးဖြင့် အစ်ကိုသာအောင်၏ခါးနောက်ကုန်းကို နှစ်ပိုင်းပိုင်းချလိုက်သည်။ ကံကောင်းထောက်မသည်မှာ ဓါးမှာအလွန်ရှည်သဖြင့် နှုတ်ယူချိန်တွင် နည်းနည်းကြံ့ကြာနီသဖြင့် အကျွန်ုပ်ရို့က မြင်ပြီးလှမ်းအော်လိုက်သောကြောင့်ဖြစ်သည်။ အစ်ကိုသာအောင်မှာ နောက်လှည့်၍ဆင်းနီသဖြင့် သူအားခွတ်သည်ကိုလုံးဝမမြင်။ အကျွန်ုပ်ရို့လှမ်းအော်လိုက်မှ ကြောက်ကြောက်ဖြင့်လန်ချလိုက်ရာ အဖိုးသာဘန်းခြီထောက်အောက်တွင် ပက်လက်လန်ကျလားသည်။ ခွတ်သည့်ဒါးမှာ ပြတ်သည်ကကြောင်း ပြင်းသည်ကတကြောင်း လှီးကားထစ်လုပ်ထားသော ကန်းပိုင်သားတွင် လက်လေးဆစ်ခန့်နစ်ဝင်လားသည်။ နောက်ထပ်ခွတ်ရန် ဒါးကိုနှုတ်သောအခါ နှုတ်မရဖြစ်နီဆိုက် အစ်ကိုသာအောင်ထွက်ပြီးလား၍ အသက်ချမ်းသာရသည်။ သာအောင်ကိုမမှီလိုက်သောအခါ အဖိုးသာဘန်းမှာ ဒေါသဖြင့် အိမ်နောက်ဖေးတွင် စိုက်ထားသော နှပျိုးပင်အားလုံးကို ကုလားနိုင်ဒါးဖြင့်ပိုင်းဖြတ်လိုက်ပြီးမှ အိမ်ပြန်လားသည်။

သာအောင်ဆိုသူမှာလည်း အလွန် အရွှန်ဖြစ်သည်။ အဖိုးဖြတ်ပစ်သောနှပျိုးပိုင်းများကိုယူလျှက် မုန့်တီရောင်းသော အရီးအောင်ကြွဖြူကို တကူးတကမုန်းဟင်းခါးချက်ခိုင်းသည်။ အကျွန်ုပ်ရို့လည်း အစ်ကိုသာအောင်အားဓမ္မခေါ်ကျွေးသဖြင့် စိတ်မပါဘဲလိုက်စားလိုက်ရပါသည်။ နှပျိုးပင်မှာ လတ်လတ်ဆန်းဆန်းဖြစ်၍လားမသိ အလွန်စားကောင်းပါသည်။

ထိုသတင်းကိုကြားသဖြင့် ရွာကဆရာတော်ကြီးဥူးကောဝိဒ ကိုယ်တိုင်ကြွ၍ ထိုကုလားနိုင်ဒါးအား အဘိုးသာဘန်းဘားက အလှုခံလားသည်။ “ကိုယ့်အလှည့်ကျ ကုလားနိုင်ဒါးနှင့်ဆုံးမ။ မသင့်တော်ပါတကာကြီး၊ တရားနှင့်ဖြေပါ” ဟု ဆုံးမသည်။ အဖိုး “ညီညွတ်ရေးသာပန်း” က မှားပါသည်ဟု ၀န်ခံသည်။ ပြီးလျှင် ရှက်ရှက်ဖြင့် သုံးလလခန့် အိမ်တွင်းအိမ်ပြင်လုံးဝမထွက်။ သမီးအထွီးမေမှာ ၀မ်းတလုံးနှင့် အဖ “ညီညွတ်ရေးသာဘန်း” အိမ်တွင်းပုန်းနီဆိုက် အိမ်မှုကိစ္စ၊ စီးပွားရေးအ၀၀ကို ဦးစီးရသည်။ သုံးလလွန်ပြီးမှ အဖိုး “ညီညွတ်ရေးသာပန်း” ဥပုသ်ကထွက်သည်။၊ ဥပုသ်မှာ ရက်ရှည်ဥပုသ်ဖြစ်သဖြင့် ရွာသားတချို့က “သီရိသုဓမ္မရာဇာမင်းကြီး မဟာမုနိမှာ ဥပုသ်စောင့်ရေမနားယေ” ဟု မကြားတကြားပြောသည်။ အဖိုးမှာ အသက်အရွယ်ကြီးရင့်ပြီးဖြစ်သည်ကတကြောင်း၊ စိတ်ဓါတ်ကျသည်ကတကြောင်း စသောအကြောင်းများကြောင့် ယခင် ကန်းကျင်ပင်ကဲ့သို့မတ်စောက်သော သူ့ခန္ဓာကိုယ်ကြီးမှာ ဥပုသ်အထွက် သင်းခွီချပ်ဖြစ်လားသည်။ ရွာဘုန်းကြီးကျောင်းသို့လည်း အယင်ပိုင်ယှောင်မလားလိုက်ပျာ။ “နွားကွဲကျားဆွဲ၊ လေးဝတီညီညွတ်ရေး” တရားကိုလည်း ယောင်လို့တောင်မဟလီယာ။ စကားတိုက်ဆိုင်သောကြောင့် ငယ်ပေါင်းဝါကြီးမ, မအိုဇာအား “ကုလားနိုင်ဒါးကို နှမျိုးရေ” ဟု ပြောသည်ဟူ၏။ ၄င်းကုလားနိုင်ဒါးမှာ သမိုင်းဝင်ဒါးတချောင်းဖြစ်သဖြင့် သူခိုးမခိုးရအောင် ဆရာတော်ကြီးက မိမိကုတင်အောက်၌ သိမ်းထား၏။ ယခုအခါ အစ်ကိုသာအောင်နှင့် အစ်မအထွီးမေလည်းအိမ်ထောင်ကျလျှက် သားတဦးနှင့် သမီးတဦးထွန်းကားလျှက်ဟိသည်။ အဘိုး “ညီညွတ်ရေးသာပန်း” နှင့် ဆရာတော်ကြီး “ဥူးကောဝိဒ” မှာ ကွယ်လွန်လားပြီးဖြစ်သည်။ သို့သော် “ကိုယ့်အလှည့်ကျ ကုလားနိုင်ဒါးနှင့်ဆုံးမ။” ဆိုသည့်စကားပုံမှာ အကျွန်ုပ်ရို့ရွာ၌ အဖိုး “ညီညွတ်ရေးသာဘန်း” ကိုအကြောင်းပြုပြီး ပြောစမှတ်တင်ကျန်ရစ်ခသည်။

...................
(သာလှဦး)

(ဂနိန့်ရခိုင်ပြည်ဘလော့မှ)


နွီအလွမ်း (၀တ္ထုတို)

နွီရာသီကိုရောက်လာပျာယ်။ အပူသျှိန်က အာကာကို အငွေ့ပျံတက်နီသည်။ မောင်နီတယောက် အိမ်ရှိ သရက်ပင်အောက် ကြိမ်ကုလားထိုင်မှာ ထိုင်နီသည်။ အာကာမှာ တိမ်မဟိ။ အယင်ကနွီရက်တိနှင့်မခြား အလှပလှ။ ကျောင်းပိတ်ချိန်ဖြစ်လို့ ကလေချေတိ စွန်တင်နီကတ်သည်။ စွန်အချင်းချင်းသိမ်းနီကတ်စွာကို မောင်နီမြင်ရရေအခါ သူအချေက ဖြစ်ခရရေဘ၀ကို အောက်မိမိသည်။ ယင်းအချိန်မှာ အိမ်နောက်ဖေးအုန်းပင်က ဥသြတွန်သံကိုလည်း ကြားနီရသည်။ အေပိုင်နွီရာသီတိ ကန်ကမကန် မောင်နီဘ၀မှာ ကျော်ဖြတ်ဖူးသည်။ အခုအချိန်မှာ မောင်နီသည် စွန်တင်ခရေမောင်နီမဟုတ်ပျာယ်။ အဖိုးသျှင်မောင်နီဖြစ်နီပျာယ်။

တချို့သောနွီရက်များကဆိုလျှင် မောင်နီသည် လူငယ်ဘ၀ကို ပိုင်ဆိုင်ဖူးသည်။ လူငယ်ပီပီ တက်တက်ကြွကြွ။ စိတ်ယင်လက်ယင်ဟိသည်။ အပင်တက်၊ ရီကူး၊ သူငယ်ချင်းတိနှင့် ပျော်ခသည်။ မောင်နီမှာ ကော့နီရေမျက်တောင်၊ ကျော့နီရေဆံပင်၊ ခိုင်ရေသွား ဟိခဖူးသည်။ တခါတရီ သူငယ်ချင်းတိဆုံလို့ သရက်သီးငါးပိဆားရည်စားချင်ကေ ရှိဆုံးက အပင်တက်စွာ မောင်နီ။

ယင်းချင့်တိကို စိုင်းစားကေ မောင်နီသည် အခုအချိန်မှာ ယိုင်တိယိုင်တိုင်လားနီရရေသူ့ဘ၀ကို သနားမိသည်။ အခုအချိန်မှာ ဖြူနီရေသူ့ဆံပင်၊ မှုန်နီရေသူ့မျက်စိကို ပွတ်ကြည့်နီမိသည်။ တခါတရီ ကိုယ့်စွာကိုတောင် မယုံချင်။ ဟုတ်ပါရေ အေချင့်စွာ မောင်နီမှမောင်နီအစစ်။ အက်ဒီဆန်ကိုအားကျဖူးရေ မောင်နီ၊ ဟိုချီမိန်းကို လေးစားဖူးရေမောင်နီ။ အေပိုင် သြတွန်ရေနွီရက်တိမှာ ခရီးရှည်လားခဖူးသည်။ ဘုရားလည်းဖူး၊ လိပ်ဥလည်းတူးယက်ပင်းလေ။ မြစ်ကမ်းယောင်ဘုတ်စီးယင်းပျံနီကတ်တေ ဆိုက်ဘေးရီးယားငှက်တိကိုကြည့်ပျာယ် လွတ်လပ်မှုကိုခံစားဖူးခသည်။ ငှက်တိပိုင် အာကာမှာအတောင်ပေါက်လို့ ပျံပစ်လိုက်ချင်သည်။ လက်ဟိဘ၀နှင့် မရောင့်ရဲနိုင်ခ။ မောင်နီချုပ်ချယ်မှုတိ၊ ဘောင်တိ၊ အကွပ်တိကို ရွံပါလတ်သည်။ ယင်းချင့်စွာ မောင်နီလူပျိုပေါက်စဘ၀ကလေ။

မောင်နီအသက်နှစ်ဆယ်လောက်မှာ မိသားစုနှင့် ကွဲလားခရသည်။ လုံးချင်းကျန်မှုရသကို ခံစားခရသည်။ အေချင့်ကို ဝေဒနာတခုလို့ သူသတ်မှတ်တေအချိန်ကပင် အရက်နှင့်ဆီးလိပ်ကို စသောက်တတ်လာသည်။ မောင်နီခန္ဓာကိုယ်ထဲကသွီးတိရေ သူ့ကို စကားလုံးမဟိရေ ဘာသာတမျိုးနှင့် မိတ်ဆက်လာသည်။ မောင်နီမှာ ပြောစရာစကားမဟိ။ အရက်နှင့်ဆီးလိပ်ကို ဖိလို့သောက်ကြည့်မိသည်။ သာယာရေသံစိုင်ကြားမှာ လက်ပိုက်ကူးကြည့်မိသည်။ သူရို့ကမဟုတ်၊ မဟုတ်ဟုငြင်းသည်။ ယကေ သူရို့ ပဇာကို အလိုဟိပါရေလဲ။ မောင်နီပြန်မိန်းကေလည်း မကြားကွန်ဆောင်နီကတ်သည်။ နောက်ဆုံး မောင်နီသဘောပေါက်လာသည်။ သူရို့တိ တောင်းဆိုနီစွာက မောင်နီအတွက် ဘ၀အဖော်။ ယင်းပိုင်နှင့် အသက်နှစ်ဆယ့်ငါးမှာ မောင်နီမယားရသည်။

မောင်နီမယားရရေအချိန်မှာလည်း အေပိုင်နွီခါလေ။ အိမ်ရှိက ရွက်ကြွီပင်ကိုကြည့်ယင်း လင်မယားနှစ်ယောက် ရှိဖြစ်နောက်ကြောင်းပြောပျာယ် ပျော်ရသည်။ အိမ်သျှင်မမျက်နှာကိုကြည့်ပျာယ် တေးခြင်းဆိုလို့ ပျော်ခသည်။ ယင်းအချိန်မှာ လွတ်လပ်မှုအရသာကို ပြောင်းပြန်ခံစားလာမိသည်။ အယင်က ဥသြတွန်စွာကို ဇာနှင့်လည်းနှိုင်းမရဆိုရေမောင်နီ အခု သူ့မယားအသံက ငှက်မြည်သံထက် သာယာနီပြန်သည်။ မောင်နီအသက်ကြီးပါလတ်ပျာယ်မနားယေ။

သူရို့လင်မယားနှစ်ယောက် ပထမဆုံးသားကိုရရေအခါ ဘဇောင်ပျော်လဲမသိ။ သူ့ကို ဘာဘာလို့စခေါ်ရေအချိန်စွာ နွီရာသီလေ။ ယင်းအချိန်မှာ ရာသီလေးလလုံး ဥသြအသံကို သူနားမစိုက်ခ။ ငှက်ကတော့ အိမ်နောက်ဖေးအုန်းပင်ထက်မှာ မြည်မြဲမြည်လီဖို့ရာ။ မောင်နီ လူပျိုခရီးထွက်ခါက အိမ်ကိုပြန်မလာချင်ခ။ ရက်တိကို သဘောက်ဖျာပိုင် ဖြန့်ထားချင်ခသည်။ အခု သားမယားနှင့်ခွဲနီရကေ အိမ်ပြန်ဖို့ကျည်းတွက်နီမိသည်။ မောင်နီမှာ နောက်ထပ်သားတယောက်၊ သမီးတယောက်ရသည်။ သူရို့တိမကြီးခင် လင်မယားနှစ်ယောက် အယင်ကပိုင် သစ်ရွက်လှုပ်စွာကိုကြည့်လို့ ကဗျာမဆန်နိုင်ပျာယ်။ လယ်ပြင်မှာ စွန်တင်ဖို့လားခရေသားအတွက် စိတ်ပူရ၊ သားနှစ်ယောက်နောင်ရီးအတွက် စိုင်းစားရ၊ ဘ၀ကာလတခုကို ဖြတ်သန်းရပြန်သည်။ ခရီးထွက်လားခရေသားကြီး အချိန်တန်လို့ အိမ်ပြန်ရောက်မလာကေ မမပီပီစိတ်ပူတတ်တေ အိမ်ကမယားကို ချော့ရသည်။ အဲလေ သူလည်း မောင်နီအချေခါပိုင် အိမ်ပြန်ဖို့ကို ကြိုးအရှည်ကြီးမသန်နှင့် လံထားလီဖို့။ လွတ်လပ်မှုကိုရှာပြီး သွီးကတောင်းဆိုချက်ကို ငြင်းနိုင်လီဖို့မဟုတ်။ ယင်းပိုင် သိတတ်တေအချိန်မှာ မောင်နီအသက် သင့်အောင်ချေကြီးနီပျာယ်။

သူ့ဘ၀ကို ခွန်အားနှင့် ရုန်းခသည်။ နိုင်ဖို့ကျည်း မျှော်လင့်ခသည်။ အခုအသက် ခုနှစ်ဆယ်ကျောက်ရေအထိ သူ့ဘ၀မှာ အောင်မြင်မှုတိ ဟိခရေပိုင်၊ မအောင်စွာတိလည်း တပုံ။ နောက်မှ ဘ၀ဆိုစွာ အေချင့်ပါကားလို့ နားလည်လာပြီး အဟိကိုအဟိအတိုင်း ပကတိကို ပကတိအတိုင်းမြင်လာသည်။ သားသမီးတိလည်း အတောင်စုံလို့ လီဟုန်စီးပျာယ် ပျံလားခကတ်သည်။ သူရို့လည်း မောင်နီဖြတ်ခရေနွီရက်တိကို အသိုက်အအုံဆောက်ပြီး ပျံသန်းနီကတ်ပျာယ်။ တနိနိတချိန်ချိန်မှာ သူရို့ဘ၀ကိုသူရို့ စိုင်းစားလာကတ်လိမ့်မည်။ ယင်းအချိန်မှာ သူရို့တိ ပဇာလုပ်ကတ်ဖို့လဲ မောင်နီမသိ။

လုပ်စရာမဟိရေ အေပိုင်ဝါကြီးတလုံးအတွက် နွီတရက်မကုန်နိုင်ပါ။ မှန်သားရောင်အာကာပြင်မှာ မိုးရိပ်တိကင်းစင်လို့ ရင်ထဲမှာတမျိုးကြီး။ အချိန်တန်လို့ အိမ်ပြန်ကတ်တေ ငှက်တိလည်း အာကာထဲမှာတ၀ဲဝဲ။ ကုလားထိုင်ဘေးက ၀ါးရင်းတုတ်ကိုကောက်ပြီး ရပ်စောက်ရပ်လိုက်သည်။ အစအဆုံးမဟိရေ သံသရာဘော်လုံးထဲမှာ အဆုံးသတ်တေ တိုက်တလုံးကို မောင်နီဆောက်ရခန့်သိမ့်။ ။

.....................
မောင်မောင် (စစ်တွေ)

(ဂနိန့်ရခိုင်ပြည်ဘလော့မှ)

“အမှောင်ကိုခွင်း၊ အလင်းကိုဆောင်၊ ရခိုင်အလင်းရောင်” ဘလော့ကို တမင်တကာလာကတ်တေဖြစ်စီ၊ လမ်းမှားလို့ရောက်လာကတ်တေဖြစ်စီ ကျွန်တော်ရို့ “ရခိုင်အလင်းရောင်” မိသားစုမှ အထူးပင်ကျေးဇူးတင်ပါရေ။ နောက်ထပ်လည်း လာလည်ကတ်ပါလို့ ဖိတ်ခေါ်ပါရေ။