မဟာပညာကျော်
ဤဇတ်လမ်းကို အနာဂါတ် ရခိုင်ရင်သွီးငယ်ချေရို့ သင်္ခန်းစာရစီဖို့ တစုံတယောက်သောသူက အနုပညာလက်ရာမြောက်စွာ ဗွီဒီယိုဇတ်လမ်းတခွေ ဖန်တီးသင့်သည်။ သို့သော် ရခိုင်ဘုရင်သည် မြန်မာဘုရင်ပုဏ္ဏားဂေါင်းပေါင်း မဆောင်းသင့်ပေ။ ရခိုင်ဘုရင် မကိုက်သရဖူကိုရာ ဆောင်းသင့်ပါသည်။
တနိသောအခါ ပြည့်သျှင်မင်းဖလောင်းကြီးသည် မဟာမုနိဘုရားကို ဖူးမြော်ကြည်ညိုရန်ထွက်တော်မူသည်။ မင်းကြီးဝတ်ဆင်တော်မူသော ပတ္တမြားလက်စွပ်သည်ကျွတ်၍ ရီထဲသို့ကျလတ်သည်။ လက်စွပ်ကို ငါးတကောင်ရ၍မျိုသည်။ တလမျှဟိလတ်သောအခါ ထိုငါးကို တံငါတယောက်ရသည်။ ငါးဝမ်းမှလက်စွပ်ကို တံငါရသည်။ တံငါယောက်ျားသည် ကြောက်လန့်ခြင်းကြောင့် လက်စွပ်နှင့်အတူ ငါးကိုပါဆောင်ယူလာပြီးမင်းကြီးထံဆက်သည်။ မင်းကြီးက အမတ်ပညာကျော်ကိုမီးတော်မူရာ အမတ်ကြီးလျှောက်ထုံးမူကား-
အသျှင်မင်းမြတ်။ လက်စွပ်တော်ရီသို့ကျသောအခါ၌ ငါးသည်မျိုယူသိမ်းထားသည်။ ထိုငါးသည် မိမိအသက်ကို အသီခံလျှက် တံငါထံဝင်ရောက်သည်။ ထိုငါးမှ လက်စွပ်ကို တံငါရ၍ ဆက်သလာရသည်။ ဤအရာကိုထောက်၍ မှန်တိုင်းလျှောက်ရပါသော် ဥာဏ်နည်းသူရို့ ငြိုငြင်ရာသောအကြောင်းဟိပါသည်။
(၁)
နိရက်။........ ။ ၁၉၉၀ ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက်
အချိန်။...... ။ရခိုင်စံတော်ချိန် မိုးထဖက် ၁၁:၀၀ နာရီ
နီရာ ။...... ။ ရခိုင်ပြည်၊ ဖရုံကာကျွန်း
" ဘာဘာ, မြောက်ဦးကို ဘုရားဖူးလားဖို့ ဆိုကေ သားချေလေ့ လိုက်ချင်ပါရေ။" ၁၀ နှုစ်သားအရွယ် မြတ်မင်ဦး သည် သူ့အဖကို အားကိုးတကြီးနှင့် ခွင့်တောင်းလိုက်သည်။
မြတ်မင်းဦးသည် ရခိုင်ပြည်ဟိ ဖရုံကာကျွန်းထက်ရွာတစ်ရွာတွင် ၁၉၈၀ ခုနှုစ်က
မွီးဖွားသည်။ ၁၉၉၀ ခုနှစ်၊ဒီဇင်ဘာလ ၃၁ ရက်နိသည် သူ၏ ဆယ်နှစ်ပြည့် မွီးနိဖြစ်သည်။ ဒီဇင်ဘာလ၊ ၃၁ နိတွင် မြောက်ဦးကို ဘုရားဖူးလားမည်ဖြစ်ကြောင့် ရွာလယ်ကောင်ဟိစံပယ်ပင်ကြီးတွင် ကပ်ထားသော ကြော်ငြာစာကို မြတ်မင်းဦးတစ်ယောက်
အခေါက်ခေါက်ဖတ်နီမိသည်။
သူသည် " မြောက်ဦး" ဟုသည့် နာမည်ကြားသည်နှင့် ကြက်သီးတိထလာကာ ရင်ထဲတွင်နာမည်မသိသော ဝေဒနာတစ်ခု ခံစားမိသည်။ မြောက်ဦး ဟုသည့်နာမည်သည် မြတ်မင်ဦး ၆ နှစ်သားလောက်က စကြားဖူးသည်။
ထိုအချိန်က မြတ်မင်းဦး ရို.ရွာတွင် စာဟောဆရာများလာလျက် ရခိုင်သမိုင်းကြောင်းများ ဟောပြောပြလေ့ဟိသည်။
"မြောက်ဦး" ဟုသောမြို့နာမည်ကို ပထမ ဆုံးကြားစနိတွင် မြတ်မင်းဦးသည် အမိသယ်ရင်ခွင်ထက်တွင် ဆို့အောင်ငိုသဖြင့် သူ့အမိသည်
ရခိုင်သမိုင်းကြောင်းဆုံးအောင်နားမထောင်နိုင်ဘဲ ထလားလိုက်ရသည်။ယင်းနောက် ၄၊၅ နှုစ်အတွင်း မြောက်ဦး ဆိုသည်နာမည်နှင့် မြတ်မင်းဦး အသားကျလာသည်။ ရွာသို့ စာဟောဆရာများလာလျှင် မြတ်မင်းဦးသည် သူငယ်ချင်းကစပ်ဖက်တိကို စွန့်ခွာလျက်ဟြိ့ဆုံးမှာထိုင်ကာ နားရွက်မခတ်နိုင်အောင်နားထောင်တတ်သည်။ သူသည် တခြားအသျှေတိနှင့်ကွာခြားသည်မှာ ရခိုင်သမိုင်းအကြောင်းတိပြောလျှင် မျက်လုံးနှစ်လုံးတည်လျှက် ထမင်းမိ ဟင်းမိ နားထောင်လေ့ဟိသည်။ အဂုလေး မြောက်ဦး ဘုရားဖူး ဆိုသည်အသံကိုကြားသည်နှင့် ၁၀နှစ်သားအရွယ် မြတ်မင်းဦးသည် လားဘိုက်ချင်သည့်စိတ်တိနှင့်ကျင်ကိုင်နီရသည်။
" သားချေလေ့ ၁၀ နှစ်ပြည့်ယာ၊ ယင်းနိဆိုကေ၊ အထိမ်းအမှတ်အနီနန့် လာပြဘိုက်ခီ၊ အဖသယ်။" မြတ်မင်းဦးအမိက ၀င်ထောက်ပီးသည်။
မြတ်မင်းဦးအမိသည် သူ့ကို ကိုယ်ဝန်လွယ်ခါက ဆန်းကြယ်သောအိမ်မက်တိမက်ဖူးသည်။ သွီးအိုင်များ၊လူသီ
အလောင်းတိကြားထဲက မင်းဝတ်တံဆာနှင့် မြင်းထက်ကလူတစ်ယောက်၊ ကြီးမားသော ဘုရားပုထိုးတိထဲက လူတိရယ်သံ စသော နိမိတ်တိမြင်မက်သည်။ ယင်းကြောင့်မြတ်မင်းဦးအမိသည်သူမ၏သားတွင်မြောက်ဦးနှင့်ဆက်စပ်မူတစ်ခုခုဟိလိမ့်မည်ဟုယုံကြည်နီသည်။
ယေဘင်ယေကေလေ့ မြတ်မင်းဦး အဖသယ်သည် သူ့သားအတွက်စိုးရိမ်သည်။ မြောက်ဦးရောက်သည်နှင့်
တစ်ခုခုဖြစ်လားမှာကြောက်သည်။ ဘဇာကြောင့်ဆိုသော် သူသည် သူ့သား၏ မူမမှန်သော အသျှေစရိုက်ကို အကဲခတ်လာခြင်းကြောင့်ဖြစ်သည်။အမိသယ်နှင့် မြတ်မင်းဦး နှစ်ယောက်ပေါင်း ပူဆာမူကြောင့်နောက်ဆုံး သူ့သားအဆိုကို သူခွင့်ပြုလိုက်ရသည်။
" အေး ... အေး .. သားချေလေ့ ၁၀ နှုစ်ပြည့်အထိမ်းအမှတ်အနီနန့် ဘာဘာ ခေါ်လားပါမေ ဝေ..သားချေကို" ဆိုသော ခွင့်ပြုချက်ရပြီးနောက်
မြတ်မင်းဦးသည် အလွန်ပျော်လျက် ရွာကြားထဲကို ဖင်ပုပါအောင်ပြီးလားလေသည်။ သူ့ အမိနှင့် အဖသယ်ကလေ့ သားချေကိုကြည့်လိုက် အပြုံးတိကိုယ်စီနှင့်။
မြတ်မင်းဦးရို.ဘုရားဖူးဘုတ်သည် ဂစ္စပနဒီမြစ်ကြောင်းအတိုင်းစုံဆင်းလာသည်။ ဘုတ်ထက် ကလ၀(လော်စပီကာ) က ဦးမောင်သိန်း တေးခြင်းသံ ညံ့ထွက်နီသည်။ ဘုတ်ထက်တွင် ဘုရားဖူးခရီးသယ်တိသည် သူစွာနှင့်သူ အလုပ်သျှပ်နီကတ်သည်။ အသျှေတိ
လည်းဘာသာဘာဝ ကစပ်နီကတ်သည်။
မြတ်မင်းဦသည် ဦးရစ်တောင် စေတီကို မြင်သည်နှင့် ဘုတ်ဦးဘက်ကို ထွက်လာပြီး တမိတမောကြည့်နီမိသည်။ သူ၏စိတ်ထဲမှာလည်း အယင်ကဒေနီရောက်ကိုရောက်ဖူးပိုင်ခံစားနီရသည်။ မြတ်မင်းဦ ဦးရစ်တော်
စေတီတော်မြတ်ကြီးကို ဦးခိုက်လိုက်ပြီး အဖော်တိဘက်ကို ပြန်လာသည်။ မြို့ဟောင်း ချောင်းကို စ၀င်မိသည်နှင့် မြတ်မင်ဦး ဂနာမငြိမ်ဖြစ်လာသည်။ မြောက်ဦးကို အယင်ရောက်အောင်မြတ်မင်းဦး ခုန်ဆင်းဘလိုက်ချင်သည်။ မြောက်ဦးဆိပ်ကမ်းကိုဘုတ်
ကပ်သည်နှင့် မြင်မင်းဦးစိတ်ထဲတွင် အိမ်မက်မက်နီပိုင်တွိသည်။
တစ်ခုခုတော့ခါ တစ်ခုခု။
ဆိုက်ကားတိနှင့် ဗန္ဒူလကျောင်းအလား လမ်းတစ်လျောက်လုံးကို မြတ်မင်းဦးအယင် ကရောက်ဖူးနီပိုင်တွိသည်။ ယကေလေ့ သူအတွေးများသည် ရောင်ဝီရောင်ဝါးများသာဖြစ်သည်။ တစ်ခုကိုတတိကကျမပြောပြနိုင်။ သူစိတ်ထဲမှာလေ့ ငိုချင်ပိုင်တွိသည်။ဘုန်းကြီးကျောင်းအရောက်တွင် မြတ်မင်ဦးသည် ကျောင်းတစ်ပတ် ပတ်ကြည့်နီမိသည်။ ရီးကန်ဘေးတွင် မြက်စားနီသောမြင်းနီကြီးအပါးကိုကတ်လျက် လက်နှင့်ပွတ်သတ်နီမိသည်။ မြင်းနီကြီးသည် မြတ်မင်းဦးကို သူနှခေါင်းနှင့်လာနမ်းပြီးချစ်ချင်ဖွယ်အမူအရာပြသည်။
မြတ်မင်းဦး၏ ထူးဆန်းသောအမူအရာတိကို သူအဖက ဓမ္မာရုံကနီအကဲခတ်နီသည်။ မြတ်မင်းဦး၏ မျက်နှာတွင် ကြည်နူးမိအရိပ်တိသန်းနီသည်။
အပြစ်ကင်းသောသူ၏နှမ်းခမ်းချေတိသည် ကန်ရီပြင်ကို ငေးလျက် အပြုံးပန်းချေတိဝီဆာနီသည်။ ကစပ်မက်သော မြတ်မင်းဦးသည် မြောက်ဦးရောက်သည်နှင့် အလွန်ပင်တိတ်ဆိတ်နီသည်။ စကားလေ့ မီးမှပြောသည်။ ယင်းအပြင် တစ်ယောက်တည်နီ
ရစွာကို ခုံမင်တတ်လာသည်။ သူအဖသည် မြတ်မင်းဦတွက် စိုးရိမ်လာမိသည်။
" သားချေ.. မင်းဦး ... ညဇာထမင်းစားဖို့ ပါလတ်ဖိ။ ယာ..ဒေမှာ ငါးခြောက်ချေနန့် ခရမ်းသီးရောချက်စား ကြိုးဘိုက်ခလိုက်ကား.....။ ယေပြီးကေ ညဇာဘက် လမ်းလျှေက်ထွက်ကတ်ဖို့။"
အဖသည်လှမ်းခေါ်သောကြောင့် မြတ်မင်းဦး ဓမ္မာရုံဘက် ခြီဦးလှည့်လာသည်။ ညဇာ ထမင်းစားလိုက်ပြီး မြတ်မင်းဦး သူ့အဖနှင့် မြို့ထဲလှမ်းလျှောက်ထွက်လာသည်။ ဘုရားပုထိုးတိဟြိ့နားရောက်လျှင် မြတ်မင်ဦးသည် ခြီစုံရပ်လျက် ငှေးကြည့်နီခြင်းကြောင့် သူ့အဖက လက်ဆွဲလျှေက်နီရသည်။ ညဈီး၌တနားပတ်ကြည့်လျက်အမှောင်ထုကြီးစိုးလာခြင်းကြောင့် သူရို.သားအဖ ဘုန်းကြီးကျောင်းသို့ပြန်လာကတ်သည်။ မိုးထခါ ဘုရားဖူဖို့ အစောကြီးထရဖို့ဟိသိမ့်သည်။
မြတ်မင်းဦးသည် ဓမ္မာရုံေ၇ာက်သည်နှင့် အသျှေပီပီ ချက်ချင်းအိပ်ပါလားသည်။ ညဥ့်မသန်းခေါင် အရောက်တွင်
"နှမချေ၊ နှမချေ...။ မောင်ကြီး.. မောင်ကြီး.. လိုက်လာဖို့"
ဟုအော်ယောင်လီရာ ဓမ္မာရုံတစ်ခုလုံးနိုးကျသည်။မိုးလင်းသည်နှင့် ခြီကျင်ဘုရားဖူးအစီစဉ်စသည်။ မြတ်မင်းဦးသည် သူ့အဖော်တိနှင့်မနီဘဲ ဟြိ့က ဦးဆောင်လျှောက်နီသည်။ သူ၏စိတ်
ထဲတွင် ဒေနီရာ ဒေလမ်းတိကို ရောက်ဖူးနီပိုင်တွိသည်။
ဘုရားဖူးခရီးသည်များသည် ပထမဆုံး သျှစ်သောင်းပုထိုးတော်ကြီးမှစကာ၊ ရခိုင်တန်ခိုးကြီးများဖြစ်သော ထုက္ကသိမ်၊ အံတော်၊လေးမျက်နှာ၊ လောင်ပွန်းပြောက်၊အနော်မာ၊ ဓာတ်ရွေဂူ၊ နှင့်မာန်ငါးပါး
အစုံဖူးကတ်သည်။ သူရို.သည် ဘားမီး ဘားကရား ဂူကိုလေ့ရောက်သည်။ ဖိုးခေါင်တောင်ထက်သို့တတ်လျက် မြောက်ဦးရှုခင်းကို ခံစားကတ်သည်။ ညနီ ၃ နာရီ ၄၀ မိနစ်အချိန်တွင် ဘုရားဖူးအဖွဲဘုတ်ဆိတ်ကိုဆင်းဖို့ ဘုန်ကြီးကျောင်းကို ပြန်လာကတ်ရန် ပြင်ကတ်သည်။ တစ်ညအိပ်ဘုရားဖူးခရီးစဉ်ဖြစ်သဖြင့် ည ၅နာရီတွင်ဘုတ်စထွက်မည်ဖြစ်သည်။ယင်းအချိန်တွင် မြတ်မင်းဦးသည် ဗြန်းနှင့် အဖသည်ကို တောင်းဆိုမူတစ်ခုပြုလာသည်။
" ဘာဘာ ..သားချေ.. ကိုးသောင်းဘုရားကို လားချင်ရေ။ သားချေကို ကျေးဇုပြုပြီးလိုက်ပို့ပီးပါ" ။
ဟုတ်ပါသည်။ ဒေဘုရားဖူးအဖွဲ ကိုးသောင်းပုထိုးတော်ကြီးကို လားမဖူးကတ်ပါ။ ပဇာကြောင်းဆိုသော် ယင်းပုထိုးတော်ကြီးတွင်တောတိယောက်လျက်ဟိပြီး ကင်းမြွီများပင် ခိုကောင်းနီသည်ဟု မြို့ခံများကပြောကတ်ပါသည်။ " အဝေး သားချေ မဖြစ်၊ ဘာဘာရို ရွာကို ပြန်ဖို့ရာ၊ သားချေ ကြီးလာခါ အရာ တစ်ခါလာ၊ ယင်းမှာ မြွီတိ၊ကင်းကြီးတိဟိရေလတ်"။ ယေကေလေ့ မြတ်မင်းဦ နားမထောင်။ ငိုလျက်
်" ဘာဘာ..အဟီး ဟီး .. သားကို လိုက်ပို့ပီးပါ.. သားချေကို လိုက်ပို့ ပီးပါ။ သားချေ အ၀ီးက မြင်ရကေလေ့ ကျေနပ်ပါရေ..ဟီးဟီး သားချေကို လာပြပါ ဘာဘာ..သားချေ တောင်းပန်ပါရေ.."
ယင်းပိုင် ဆို့ပါအောင် မြေမှာလူးငိုသောကြောင့် အဖသယ်လည်း အဖော်တစ်ယောက် နှစ်ယောက်ခေါ်လျက် မြင်းလှည်းတစ်စီးနှင့် အပြင်းလိုက်ပို့ရသည်။ မြတ်မင်းဦးရို.မြင်းလှည်းသည် ကိုးသျှောင်းပုထိုးတော်ကြီး အနောက်ဘက်တစ်နီရာတွင်ရပ်သည်။
ကိုးသောင်းပုထိုးတော်ကြီးကား တောတိနှင့်အုံဆိုင်းနီသည်။
မြတ်မင်ဦးသည် သူဟြိ့က ကန်းချေနားသို့ ဦးတည်လိုက်သည်။ ထိုကန်ဘောင်ထက်မှ သူ ပုထိုးတော်ကြီးကို ကြည့်ချင်ပုံပေါက်သည်။ သူကန်ဘောက်ထက်တက်လိုက်ချိန်တွင် သူအဖက မြတ်မင်းဦး အနားမှ လာရပ်သည်။ မြတ်မင်းဦးသည် ကန်ထဲတွင် ဖူးပွင့်နီသော ကြာနီပန်း၊ကြာဖြူပန်းတိ ကိုကြည့်နီစဉ်တွင် မျက်လုံးမှ မျက်ရည်တိ စီးကျလာပြီး ရပ်စောက် မူးလဲကျလားသည်။ မြတ်မင်းဦး အာရုံတွင် အမှောင်ကမ္ဘာကြီးစိုးလားလီသည်။
(၂)
နိရက်။......... ။ ၂၀၀၀ခုနှစ်၊ ဒီဇင်ဘာလ ၃၁
အချိန်။........ ။ရခိုင်စံတော်ချိန် နိခြင်းဖက် ၂ နာရီ
နီရာ ။ ..........။ ရခိုင်ပြည်၊ စစ်တွေ
" ဟေး ..ကောင်မ သန်ဦးခိုင်၊ သူငယ်ချင်း ကကောင်းပင်လေ့ မိုင်ရေကာ"
ပွိင့်ကမ်းခြီတွင် အညောင်းလာဖြေကတ်သော သန်းဦးခိုင်ရို.သူငယ်ချင်းတစ်စု တစ်ချိန်လုံးမှိုင်နီသော သန်းဦးခိုင်ကြောင့် ခေါင်းခြောက်လျက်ဟိသည်။
သူမ သူငယ်ချင်းတိက ဆက်လို့ " နင် ဇာဖြစ်နီလေ သန်းဦးခိုင်၊ ငါရို့ နင်ရို.တိစွာ ဘ၀ တူ သူငယ်ချင်းတိရာမလား ။နင်ဇာဖြစ်နီလေ ငါရို.ကို ပြော၊" ယင်းပိုင် တောင်းဆိုလာကတ်သည်။ သန်းဦးခိုင်လဲ ဆုံးဖြတ်ချက် ချက်လာသည့်အတိုင်း
" ဟုတ်တေဟေ ငါလေ ငါချစ်တေ အဖရခိုင်ပြည်ကြီးနန့် ငါချစ်တေ နင်ရို.တိကို စွန်.လို့ ရန်ကုန် ကို တစ်ပတ်အတွင်း ငါပြောင်းဖို့ယာ...... ငရို.မိသားစု တစ်စုလုံး ဘာဘာ အလုပ်ကိစ္စ နန့် ရန်ကုန်ကို ပြောင်းဖို့လို့ ဆုံးဖြတ်လိုက်ကတ်ဗျာယ်။"
ယင်းသို့ပြောပြီး သန်းဦးခိုင် မထိန်းနိုင်ဘဲ ခေါင်းငုံငိုနီသည်။ ယင်းစကားအဆုံးတွင် သူမ သူငယ်ချင်းတိလည်း တိတ်ဆိတ်လားသည်။ ငယ်ပေါင်းသူငယ်ချင်းတိ တစ်ယောက်နှင့်တစ်ယောက် တစ်သက်လုံးလက်တွဲကတ်ဖို့ပြောခကတ်တေစကားတိ အဂု ဂစ္စပနဒီ
မြစ်ထက်က မိုးရိပ်တိ လွင့်လားပိုင်။
" နင့်ရို.ကို ငါသီအောင်ချစ်တေ ဆိုစွာကို ဒေဘင်္ဂလားပင်လယ်အော်ကြီးကို ငါသက်သေတည်ရေ၊ ငါ ရင်ထဲမှာဟိနီရေ ခင်မင်မူတိကို ငါမဟိရေ နိ တစ်နိမှာ ဒေ ပွိင့်ခရင်းက သဲသောင်းချေတိ နန့် လိုင်လုံးချေတိ နင့်ရို.ကို ပြောပြကတ်လိမ့်မေ၊"
တိတ်ဆိတ်နီသော သန်းဦးခိုင်သူငယ်ချင်းတိ မျက်နှာပြင်တွင် မျက်ရည်မိုးတိရွာကျလာသည်။ သူရို.၏ရင်တွင်း၌ နာမည်ဖော်မပြနိုင်သောအရာတစ်ခု ဆုံးချုံး လားပိုင်ခံစားနီရသည်။ ပွိင့်ခရင်း က လှိုင်းချေတိနှင့် သဲသောင်ပြင်ချေတိက သန်းဦခိုင်ရို.ခံစားချက်တိကို နားမလည်နိုင်ရေ မျက်လုံးတိနှင့် ငေးလျက်.......။ သန်းဦခိုင် ဆက်ပြောသည်။
" နင်ရို.ငါ့ကို စာရွီးကတ်နန်း၊ ငါ အဖပြည်ကို လုံးဝ မခွဲချင်၊ယကေလေ့ ဘ၀ အခြေအနေအရ.. ဟီး ဟီး"သန်းဦးခိုင်ငိုယင်းဆက်ပြောသည်။
" အချိန်တန်ကေ ပင်လယ်လီကို သျှူဖို့ ငါရို.တိပြန်ဆုံတွိကတ်ဖို့"
စစ်တွေလီဆိပ်သည် ခရီသည်နှင့်ပြည်လည်နိုးထလာသည်။ လီဆိပ်ကဗာဒံပင်ချေတိ ပင်လယ်လီညုင်းချေတိနှင့်အတူယိမ်းနွဲကလျက်။ လီဆိပ်အတွင်း မြူနှင်းချေတိတ၀ီဝီ။ တအင့်ချေ အကြာတွင် သန်းဦးခိုင်နှင့် သူငယ်ချင်းတစ်စုလီဆိပ်သို့ရောက်ဟိလာ
ကတ်သည်။ ဒေနိသည် သသက်လုံးတတူလား တတူစား ဆိုးတူကောင်းဘက် ပေါင်းလာသော အချစ်ဆုံးသူငယ်ချင်းတစ်ယောက်ကို လက်လွတ် ဆုံးသျုံးခံရမည့်နိဖြစ်သည်။
ဟုတ်ပါသည်။ သန်းဦးခိုင် မကြာခင် ရန်ကုန်မြို့ကို အဲယားမန်း နှင့် ထွက်ခွာလားဖို့ဖြစ်သည်။ စစ်တွေလီဆိပ်မှ မြူချေတိ အ၀ီကိုလွင့်လားချိန်တွင် အာကာကနီရောင်ဖြာကျလာသည်။ လီဆိပ်သည်လည်း လူစကားပြောသံတိနှင့်ဆူညံ့လာသည်။ စကားတစ်လုံးမှမပြောနိုင်ကတ်သူများမှာ သန်းဦခိုင်ရို.ဘော်ဒါအုပ်စုဖြစ်သည်။သူရိုဝမ်းနည်းနီကတ်သည်။ လူတိဟြိ့တွင်မငိုမိအောင် မနည်းအားတင်းထားရသည်။ လီယဉ်နောက်ကျနီသည်ကိုပင် သူရို.ကျေးဇူးတင်နီကတ်သည်။ သူရို.ချစ်ရသောသူငယ်ချင်းတိနှင့်နောက်ဆုံးတစ်စက္ကန့်ထိသူရို. အတူဟိနီချင်သည်။
လီယဉ်အသံတတုန်းတုန်းကြားရပြီ။ သန်းဦးခိုင် မျက်ရည်ပေါက်တိ တင်းထားသည့်ကြားကစီးကျလာသည်။ ဟန်မဆောင်နိုင်ဘဲ တစ်ငယ်ချင်းတိကိုဖက်လို့ငိုမိသည်။ လီယဉ်ဆိုက်သည်နှင့် အကြာကြီးအလွမ်သယ်လို့မဖြစ် ကောင်တာတွင်တန်းစီရမည်။ ခရီးသယ်သီသန်းခန်း အ၀င်တွင်သန်းဦးခိုင် လက်ကို သူ.သူငယ်ချင်းတိဆွဲထားသည်။ သူငယ်ချင်းအားလုံးဖက်ငိုကတ်သည်။
" သူငယ်ချင်း၊ ငါရို.ကို မမိလားလီကေ့ နန်း၊ နင် အချိန်ရကေ ငရိုဘက်ကို အလည်လာနန်း၊" " နင်ပြောခရေပိုင် အဖရခိုင်ပြည်ကြီးနန့် ရခိုင်လူမျိုးတိ မမိလီပါကေ့ သူငယ်ချင်း၊ နင် ပြန်လာဖို့နိကို ငါရို.စောင့်နလီဖို့။"
လူအပြည့်ပါသောလီယဉ်ထက်၌ သန်းဦးခိုင်တစ်ယောက် ရင်လုံးဆို့ငိုနီသည်။ သူမ သူငယ်ချင်းမျက်နှာတိ သူမမျုက်လုံးထဲတွင်တဖြိန်းဖြိန်းမြင်ယောင်နီသည်။ ပတ်ဝန်းကျင်ကိုဂရုမစိုက်နိုင်ဘဲသူမ ငိုနီမိသည်။ လီယဉ်ပျံ ပျံတတ်ချိန်တွင် ပွိင့်သဲသောင်တန်းရို.၀ီးကျန်ခသည်။ ချစ်သောမြီ မြို့စစ်တွေ မှုံဝါးလားသည်။
စိမ်းပြာရောင် ဂစ္စပမြစ်ရီပြင်ကို မျက်ရည်ပေါက်တိနှင့် လီယဉ်ပေါ်က သန်းဦခိုင် လက်ကာပြမိသည်။ စိမ်းညိုမိုင်းပြနီရေ ရခိုင်တောင်တန်းတိ နှင့် အဖရခိုင်ပြည်ကြီးသူမအနားမှဝီးကျန်ရစ်သည်။
လီယဉ်ပျံကြီး နွယ်ချိုဖိုးခေါင်၊ရခိုင်ရိုးမတောင်တန်းတိကို အကျော်တွင် သန်းဦးခိုင်ချစ်ရသော အဖရခိုင်ပြည်ကြီးသူမှနားမှလုံးဝ ပျောက်ကွယ်လားသည်။
(၃)
နိရက်။........ ။ ရခိုင်သက္ကရာဇ် ၁၁၄၁-၁၁၄၂ ၊ ပြာသိုလဆန်း (၁၀) ရက်၊ အင်္ဂလိပ်သက္ကရာဇ်: 1780AD ဒီဇင်ဘာလ။
အချိန်။........ ။ (၂) လာ စနီ မိုးထဖက်ချိန်
နီရာ ။ ..........။ ရခိုင်နိုင်ငံ၊ မြောက်ဦးရွီမြို့တော်၊ သျှစ်သောင်းပုထိုး နှင့် ကိုးသောင်း ပုထိုးတော်ကြား ၊
"မောင်ကြီး ..မောင်ကြီး ...ဒေမှာကြည့်စမ်၊ ဒေကြက်မောက်ပန်းချေ ဇာလောက် ချစ်ဖို့ကေင်းလေ၊" ဆိုကာ မင်းသမီးချေ မြကြာညိုက သူမ အကိုကြီးကို ခူးပနာပြသည်။
"အေး အေး.. နှမတော်၊ ပန်းချေတိ အများကြီးခူးထား၊ ပန်းတိအများကြီးရလာကေ နှမချေနန့်မောင်ကြီး.. ဒေ မောက်နှမ နှစ်မ နှုစ်ယောက် ဒေ ကိုးသောင်းပုထိုးတော်ကြီးမှာ လှူကတ်ဖို့ ၊ ယပြီးကေ နှမချေ ချစ်ရရေ မောင်ကြီးနန်. မောင်ကြီးချစ်ရရေ နှမချေ.. ဒေမောင်နှမနှစ်ယောက် ဘ၀ ဘ၀ ဆက်တိုင်းဆက်တိုင်းမှာ ဆုံတွိကတ်ဖို့ ဆုတောင်းကတ်ဖိုးနန်း နှမတော်" မင်းသားချေ မင်းစော စကားအဆုံးတွင် မြကြာညိုမျက်နှာပါ အပြုံးပန်းချေတိ သန်းလာသည်။
"အော်..မောင်ကြီး မောင်ကြီး..အဂုတော့ခါ ငါ့နှမ၊ငါ့နှမနန့် ၊မြကြာညို ကကောင်းမပြောချင်..၊ ထိုတစ်ရက်နိက နန်းတွင်းအနောက်ဆောင်က အမတ်ကြီးထွန်းအောင်ကျော်သမီးတော် မြစောညိုတွက် စောင်းတော်တီးလို့ ဂီတသံစဉ်တိ လားဆက်သက်တေ လို့ နှမချေ ပြောသံကြားရေ.......။ ကြင်ဖော်ရကေ မောင်ကြီးက ချစ်ရရေ ဒေနှမချေကို မိလီဖို့စွာယာ....ဟိဟိ.." ဟုမောင်သယ်ကို သွန်းလိုက်သည်။ မင်းသားမင်းစောသည် ဟြက်(ရှက်) စိတ်ဝင်လားပြီး ....
" ဟေး ....ဒေသူတစ်ယောက် အထူးထူး မပြောရ မောင်ကြီးကို ငရဲကြီးဖို့ယေ" ဟုဆိုကာ စကား ပိတ်လိုက်သည်။
မင်းသားမင်းစောနှင့်မင်းသမီး မြကြာညိုရို.သည် မြောက်ဦးမြို့တော်ကို အုပ်ချုပ်ရေးပိုင်းတာဝန်ယူထားသော အမတ်ကြီးသာထွန်းအောင်၏ သမီးတော်၊သားတော်များဖြစ်သည်။ မင်းသားမင်စောသည် အသက်အရွယ်အားဖြင့် ၂၄နှစ်ခန့်ဖြစ်ပြီး ၊သူနှမချေမြကြာညိုမှာအသက် ၂၀အရွယ်ဖြစ်သည်။ မင်းသားမင်းစောသည် မြောက်ဦးဘုရင်သမ္မတရာဇာမင်း၏ ကိုယ်ရံတော်တပ်၌ တပ်မူးတစ်ယောက်လည်းဖြစ်သည်။ မင်းစောသည် တိုက်ရီး၊ခိုက်ရီးကျွမ်းကျင်ပြီး၊မြင်းများကိုအလွန်ပင်ချစ်တတ်သည်။ သူသည် အသက် ၂၀ခန့် အရွယ်တွင် အိန္ဒိယနိုင်ငံသို့ စစ်ရေးပညာသင်ရန်စေလွတ်ခံရဖူးသည်။ စာပီ၊ဂီတ အနှပညာကိုလည်းအလွန်ပင် ခုံမင်သည်။ အချိန်ရလျှင် ရတု၊ကဗျာ များအပျော်တမ်းစပ်လေ့ဟိသည်။
မင်းသမီးချေ မြကြာညိုမှာ နန်းတွင်း အထူးဆောင်၌ ရခိုင်စာပီ ဂီတ အနှပညာများ သင်ကြားနီဆဲဖြစ်သည်။ သူမသည်ဘ၀ကို ရတုကဗျာတိစပ်ယင်းနှင့်ပင်ကုန်ဆုံးစီချင်သည်။ သူရိုမောင်နှမနှစ်ယောက်သည်တစ်ယောက်ကိုတစ်ယောက်လွန်စွာချစ်ကတ်ပြီး ၊ ၀ါသနာတူ၊ အကျင့်တူများးဖြစ်သည်။ ဘာသာတရားကိုလည်း အလွန်ပင်ကိုင်းချိုင်းကတ်ပြီး ဘုရားမြတ်စွာအား သက်ဝင်ယုံကြည်သူများဖြစ်ပါသည်။ အဂုလည်း အခြွေအရံတိနှင့် ပန်းများခူးကာ ဘုရားမှာလှူရန်ကိုသောင်းဘုရား အနောက်ဘက်တစ်နီရာကိုရောက်ဟိလာကတ်ခြင်းဖြစ်သည်။ သူရို.သည် အခြွေအရံတိကို အ၀ီးမှ စောင့်ကတ်ရန် မှာလိုက်ပြီး မောင်နှမနှစ်ယောက် လလွတ်လလပ်ပန်းများခူးကာ ကိုးသောင်းပုထိုးတော်ကြီးတွင်ကပ်လှူပှုဇော်ကတ်မည်ဖြစ်သည်။
" နှမတော် ...ဒေမှာ တစ်နားချေနီလိုက်..ပန်းတိခူးထား၊ မောင်ကြီး ထိုဟြိ့က ကန်ကြီးကိုလားကြည့်ချင်ရေ၊ ယင်းကန်ထဲက ကြာဖြူ၊ ကြာနီ ချေတိကို မောင်ကြီး ကြည့်ချင်လို့" ဟု မင်းစောလှမ်းပြောလိုက်သည်။
" နှမချေလေ့ လိုက်ပါရဇီ မောင်ကြီး၊ ဒေနားမှာ တစ်ယောက်တည်း မနီဝံ့၊ နှမချေ ကြောက်တေ" ဟုမြကြာညိုပြန်ပြောသည်။
"ဇာကို ကြောက်စရာလိုလေ နှမတော်၊ ထော.. ဒေက အနောက်ဘက်ကိုကြည့်လိုက် ငါရို. အဘိုးတိတည်ထားခရေ သျှစ်သောင်း၊ထုက္ကသိမ်၊ လေးမျက်နှာဘုရားပုထိုးတိ ဟိန်းလို့၊ ထော.. အဟြိ့(ရှိ) ဘက်ကိုကြည့်လိုက်စမ်......။ ဘုရင် မင်းခမောင်တည်ခရေ ကိုးတော်ပုထိုတော်ကြီး တိ မမားမမတ်နန့်၊ အခြွေအရံတိလည်း မပါးမ၀ီးမှာ ဟိကတ်တေ မလား" ပြောသာပြောလိုက်ရသည် သူညီမ နားထောင်ဖို့လို့ မင်းစောမထင်။
" အာ.. မောင်ကြီး၊ မရ နှမတော်ကြောက်တေ" ဟုဆိုကာ ပန်းရိုင်း ခြုံပုတ်တိ ကြားထဲက ပြီးထွက်လာသည်။ မင်းစောလေ့ တားဖို့အချိန်တောင်မရလိုက်။ " အေး ၊"အေး" နှင့် သဘောတူလိုက်ရသည်။
"နှမတော် ကန်ထဲမှာ ပေါက်နီကတ်တေ၊ ကြာဖြူ ကြာနီပန်းချေတိကိုကြည့်စမ်၊ ဇာလောက်ချစ်ဖို့ကောင်းလေ၊ နှမတော် မောင်တော်တစ်ခု ပြောပြမေ၊ ကြာပန်းဆိုစွာ လောကကို သူ့အလှတစ်ခုတည်းနန့် အလှဆင်စွာမဟုတ်၊ ဘ၀ ကိုလုံးဝ အရှုံးမပီးရေ ပန်းတိထဲမှာ ကြာပန်းရေ သတ္တိအဟိဆုံးဖြစ်တေ နှမတော်" မြကြာညို သူ့မောင်သယ်စကားကို နားမလည် ဖြစ်နီသည်။
" နှမတော်.. ကြာပန်း အလှတစ်ခုတည်းကို မကြည့်ကေ့ ၊ ကြာပန်း အောက်မှာ ရီဟိရေ၊ ယင်းရီအောက်မှာ ကျူပ်တိ ဘိတ်နန့် ပေါင်းစပ်ထားရေ ဒေကမ္ဘာမြေကြီး ၊ ယင်းပိုင် အခက်အခဲ့တိကြားထဲတိ အားလုံးကို ကျော်ဖြတ်ပြီးကေ လောကအလှဆင်ဖို့အတွက် ရုန်းထွက်ပါလတ်တေ ဒေပန်းချေတိကို ဘလောက်ချီးကျူးဖို့ကောင်းလေ ကြည့်စမ်"။ မင်းစောတစ်ယောက် အသျှေတစ်ယောက်ပိုင် နားထောင်နီသော သူ့နှမချေကို ဥပမာတိ နှင့် ချင်းပြနီသည်။
"မောင်ကြီးလည်း ကို့နှမချေကို ဒေကြာပန်းချေတိပိုင် အဖရခိုင်ပြည်ကြီးကို အလှဆင်ဖို့ မောင်ကြီး တိုက်တွန်းချင်ရေ နှမတော်"
မြကြာညိုကလည်း မောင်သယ်ကို သူမ တတ်စွမ်းသော စာပီ၊ဂီတ အနှပညာနှင့် အဖရခိုင်ပြည်ကြီးကိုအလှဆင်မည်ဖြစ်ကြောင့်ကတိပီး
လိုက်သည်။ မင်စော စကားပြန်စလာသည်။ သူသည် သူ့နှမချေအား သူကြိုက်တေ သုဝဏ္ဏဒေ၀ီ (စောပြည့်ညို) ရွီးစပ်ခသော သိန်ကန်မိန်တွင်ရတု ကို ကြားချင်ကြောင်းပြောပြသည်။ မြကြာညိုလည် သူမမှတ်မိသလောက်မှ
"လျှောက်တင်ခါပန်း၊ ရာသီဆန်းလျင်၊ နန်းမြင့်အောင်မြီ၊ ဆယ့်နှစ်လီရစ်သန်းမြူး၊ မောက်သူဇာကေ၊ ဒက္ကာဆိပ်ကမ်းဦးက၊
ကျေးဇူးဂုဏ်သျှစ်တန်၊ အမတ်လိမ္မာ၊ ထိုမြို့ရွာတွင်၊ အာဏာသုံးခယ့်ပြန်မှ၊ ပြောင်ဆဒ္ဒန်မာတင်ရိုး၊ ထွက်လျှင်မပြန်၊
မလှန်ကိုယ့်မင်းမျိုးတည့်။ ဆိုးကောင်းနှစ်ပါးတွင်၊ ရိပ်ခြည်အမျှင်၊ အသျှင်သိလျှင်းပင်တည့်။ ပညာသျှင်အုပ်ထိန်းမှ၊ မြို့ပြပြည်ရွာ၊
သာယာစည်ကားလှအယ့်။ မင်းယောက်ျားဓမ္မတာ၊ ပညာမဲ့ကွက်၊ ညာဏ်မစွက်သော်၊ ပြည်ထက်မထားရာတည့်။
ရှိယ့်ကျမ်းလာထုံးစာဟောင်း၊ ကျိုးကြောင်းသိပြန်၊ ဘွဲ့မွန်အမတ်ကောင်းကို၊ နောက်တကြောင်းကုလားရွာ၊ အပိုင်အပ်ပြီး၊ စစ်သူကြီးဟု၊ ................"
မင်းစောလည်းလွန်စွာအားရကျေနပ်လျက် နှမချေအား ချီးကျူးစကားဆိုသည်။ ယင်းနောက် မင်းသားမင်းစောနှင့်မင်သမီးချေရို.သည် ကိုးတော်ပုထိုးတော်ကြီးသို့ ပန်းစည်းတိကိုင်ပနာ လျောက်လာကတ်သည်။ ထိုနောက် ပန်းတိကို ဘုရားတွင်ကပ်လှူပှုဇော်လျက် မောင်နှမနှုစ်ယောက် ဘ၀ဆက်တိုင်းဆက်တိုင်းဆုံတွိရပါလို.၏ဟုဆုတောင်းကတ်သည်။
"အသျှင်ဘုရား ...တပည့်တော်၊တပည့်တော်မရို. မောင်နှမနှုစ်ယောက် ဘ၀ဘ၀ ဆက်တိုင်းဆက်တိုင်းမှာ ဆုံတွိရပါဇီ ဘုရား ....."
မောင်နှမနှစ်ယောက်ဆုတောင်းသံတိ ကိုးတော်ပုထိုးတော်ကြီးလှိုင်ဂူတိထဲတွင် ပဲ့အထပ်ထပ်တင်လျက်..........။
(၄)
နိရက်။........ ။ ရခိုင်သက္ကရာဇ် ၁၁၄၄-၁၁၄၅ ၊ တန်းဆောင်မုန်း လဆန်း(၅) ရက်၊ အင်္ဂလိပ်သက္ကရာဇ်: 1783AD အောက်တိုဘာ။
အချိန်။........ ။ (၂) လာ အင်္ဂါနခြင်းဖက်ချိန်
နီရာ ။..........။ မြောက်ဦး ရွီနန်းတော်
နန်းတွင်းညီလာခံကျင်းပနီသည်။ ရခိုင်နိုင်ငံရေး အတိမ်းအစောင့်မခံနိုင်သော အနီအထားဟိသည်။ သမ္မတရာဇာဘုရင်အား အရည်အချင်းမဟိဟုဆိုကာ ခွဲထွက်အဖွဲများပေါ်လာပြီး ဘုရင်၏ထီးနန်းကို ပုန်ကန်ခြားနားမူတိ ပေါ်ပေါက်လာသည်။
ရခိုင်နိုင်ငံ၏ စီးပွားရေး၊လူမူရေး၊နိုင်ငံရေး အဘက်ဘက်မှရီဝင်လာသည်။ ရခိုင့်ပြည့်သျှင်ဘုရင်မင်းမြတ်သည့် ပြည်တွင်းပုန်ကန်ခြားနားမူ၊ ပြည်တွင်း မိုးခေါ်မှု၊ အစာ၊ရီစာ သျှားပါးမူ၊ ၀မ်းရောဂါ ဖြစ်မူစသည့် ပြဿနာ ပေါင်းစုံနှင့်ကျင်ကိုင်နီရသည်။ စိုင်းတင်မြို့စား ငသံဒွေသည် ဘုရင်အား ဗြောင်စိန်ခေါ်မူများပြုလုပ်လာပြီး ရခိုင်ထီးနန်းကို ခြိမ်းခြောက်သည်။
နန်းတွင်း ညီလာခံ၌ ဌာန ပေါင်းစုံမှ မြို့စား၊ ၀န်ကြီး၊ မူမတ်အပေါင်းစုံရို.သည် ရင်မအီးနိုင်သော ရခိုင့်အနာဂတ်တွက် ဘုရင်ကြီးနှင့် အကြိတ်အနှယ် ဆွဲနွဲလျက်ဟိသည်။ မူးကြီး၊မတ်ကြီးရို.သည် ရာထူးအဆင့်၊အတန်းလိုက် ငွေ ကုတင်(ကုလားထိုင်) ထက်များ
တွင် သမာဓိအပြည့်နှင့်ထိုင်နီကတ်သည်။တချို.သော နန်းတွင်းသူ၊နန်းတွင်သားများသာ ဘုရင်ကြီးကို ထိုင်လျက်ခစားနီကတ်သည်။
" အေး ... အဂု ပိုင် အကြံဥာဏ်တော်တိနန့်၊ အားတိုက် အင်တိုင် ဆွေးနွေးပီးကတ်တေ ၊ မူးကြီး၊ မတ်ကြီး၊ ၀န်ကြီး၊ အမတ်ပညာဟိ ရို.ကို ငါ ကိုယ်တော်မြတ် ကျေးဇုတင်ဟိတော်မူရေ၊ စိုင်းတင်မြို့စား ငသံတွေ ခြီလှမ်းတိကို သတိထား စောင့်ကြည့်ပြီးကေ
၊ ရင်ဆိုင်နီရရေ အခက်အခဲ့ တိကို ပူပေါင်း ဖြေသျှင်းကတ်ရဖို့ ၊ အမတ်ကြီးအပေါင်ရို." နန်းတွင်ညီလာခံ ပလ္လင်ထက်က ဘုရားကြီးအသံ ဟိန်းထွက်လာသည်။
" အမတ်ကြီးသာထွန်းအောင်၊ စကားမစပ် မြောက်ဦး ရွီမြို့တော် လုံခြုံရေးကိစ္စ ငါကိုယ်တော့်မြတ် သိချင်ရေ၊" အမတ်ကြီး သာထွန်းအောင်အား ဘုရင်ကြီး မီးတော်မူသည်။
" မှန်လှပါ အသျှင်မင်ကြီး၊ မြောက်ဦးမြို့တော် လုံခြူံရေးကိုပါ ငသံဒွေ နန့်
အဖွဲ ဗြောင် စိန်ခေါ်နီကြောင့်ပါ၊ ယေဘင်ယေကေလေ့ အကျွန်မျိုး အသျှင့်သစ္စာတော် စောင့်သိတော်မူလျက် အခြေအနီပုံမှန်ရောက်အောင် ကြိုးစား နီပါရေ အသျှင် မင်းကြီး၊" ။
ဘုရင်ကြီး မျက်နှာမသာမယာဟိသည်။ ဘုရင်ကြီးသည်တိုင်းသူ၊ပြည်သားတိတွက် စိတ်မသာမယာ ဖြစ်နီဟန်ဟိသည်။
" အေး.. အေး .. အစစ အရာရာ သတိတော်ထား ၊ဆင်ခြင်တော်မူလျက် သူတော်ကောင်းထုံး နှလုံးမူပြီး ဆက်လက်လုပ်ဆောင်ကတ်ပါ အမတ်ကြီး ။ ငါ ကိုယ်တော်မြတ်၊ ဒေနိဖို့ ညီလာခံ ရပ်တော်မူမည်။ ကိုယ့်တာဝန် ကိုယ်ကို ကျေပွန်အောင် ထမ်းဆောင်နိုင်ကတ်စီ၊
အမတ်ကြီးအပေါင်း ရို." " မှန်လှပါ အသျှင်မင်ကြီး၊ အသျှင်မင်းကြီး သက်တော် ရာကျော် ဟြည်ပါဇီ။" နန်တွင်းသူ၊ နန်းတွင်းသား အပေါင်းရို၏ ဆုတောင်းသံ နန်းတော်တစ်လုံး ဟိန်းလားသည်။
ဘုရင်မင်းမြတ်လည်း များစွာသော အခြွေအရံတိနှင့်မိမိ ရွှေနန်းဆောင်းသို့ ကြွမြန်းတော်မူသည်။
1784AD (တစ်နှစ်တိတိ ကြာပြီးနောက်)
" ဒုန်း၊ ဒုန်း၊ ဒုန်း၊ အသျှင်မင်းသား၊ အသျှင်းမင်းသား အယင်ထတော်မူပါ၊အယင်ထတော်မူပါ၊ အောက်ပြည်က ဗမာတပ်တိ မြောက်ဦး မြို့တော်ကို ၀င်သိမ်းနီပါကြေင့်ပါ။"
ကိုယ်ရံတော် တံခါးခေါက်နိုးမူကြောင့် မင်းသားမင်းစောသည်ဗြန်းဆိုလန့်နိုးချိန်တွင် မြောက်ဦးမြို့တော်မှ အလွန်တရာမှ ကြောက်မွက် ထိတ်လန့်ဖွယ်ကောင်းသော အသံများဆက်တိုင်ကြားလိုက်ရသည်။ လူကျွီးသံ၊ အချေတိငိုသံ၊ မြင်းကျွီးသံတိ ဆက်တိုက်ထွက်ပေါ်လာသည်။ နန်းတော်အချက်ပီးနန်းဆောင်တော်မှလည်း အချက်ပီးရခိုင်စည်သံမိုးကြိုးပစ်ပိုင်ပေါ်ထွက်လာသည်။
မင်းစောသည် သူ၏ လက်စွဲတော်ဓားကို ကျစ်ပါအောင်ဆုပ်လိုက်ပြီး ၊
" တောက်... ရာဇ၀င် ရိုင်းလိုက်လေ ဝေ.. တိုင်းပြည် တစ်ပြည်ကို စစ်မကြေငြာဘဲ မဆမပိုင် အငိုက်ကျုးကျော်ဝင်သိမ်းရရေလို့၊ ကဲ...အချိန်မဟိ၊ တပ်မူး ဘုရင့်လူခြုံရေး အရေးကြီးရေအဂုချက်ချင်းလာကတ်မေ".......။
ထိုအချိန်တွင် မင်စောနှမတော် မြကြာညိုသည် အခြွေအရံတိနှင့် ရောက်ဟိလာသည်။
" မောင်ကြီး၊ မောင်ကြီး .... မြောက်ဦ ရွီးမြို့တော်ကို ဗမာတပ်တိ ၀င်သိမ်းထားပါယာ... အဂု နန်းတော်ကို ချီတက်လာနီကတ်တေ"
မြကြာညို ဆို့နစ်ငိုကြွေးလျက် ယှောက်တင်သည်။
"အေး နှမတော်.. ဘုရင်မင်းမြတ်လုံခြုံ အရေးကြီးရေ၊ မောင်ကြီး အဂုချက်ချင်းလားလိုက်မေ၊ နှမတော်လေ့ အစစ အရာရာ ဂရုစိုက်ပါ၊" မင်းစောသည် မျက်ရည်မကျမိအောင်း အားတင်းထားရသည်။ တာဝန်အရသာ လားရသည်။ သူချစ်နှမတော်နှင့် ဒေပိုင်
အန္တရာယ်တိနှင့်ကြုံတွိနီချိန်တွင် မင်းစော အတူဟိနီချင်သည်။
" မောင်ကြီး , မောင်ကြီး အစစ အရာရာ သတိထားဆောင်ရွက်တော်မူပါ၊ နှမတော် ဇာပင်ရောက်ရောက် မောင်ကြီးကို စောင့်နလီဖို့" ဆိုးနစ်ငိုကြွီးသံနှင့် အတူထွက်ပေါ်လာသော နှမတော် စကားသံ မင်းစောနား ပဲတင်ထပ်လားသည်။
မင်းစောသည် ဗမာကျူးကျော်တပ်ကို အသက်နှင့်လဲ ရင်ဆိုင်ဖို့ ဆုံးဖြတ်လိုက်သည်။ သူ၏မျက်နှာတွင် ရဲစိတ်ရဲမာန်တိတတ်ကြွလျက်ဟိသည်။ သူသည် သူ၏ မြင်နီကြီးကို စီးလျက် တပ်သား ၂၀၀ ခန့်ဟိသော ဘုရင်ကိုယ်ရံတော်တပ်ကို အဖပြည်တွက် အသက်ကိုစွန့်လွတ်ရန် အသံကျယ်ကြီးနှင့် အမိန့်ပီဆော်သြနီသည်။
ယင်းအချိန်တွင် သွီးရဲရဲနှင့် စစ်သားတစ်ယောက် မြင်းနီကြီးနှင့် အပြီးရောက်ဟိလာသည်။
" အသျှင်မင်းသာ၊ မြောက်ဦး ရွီးမြို့တော်ကြီး မီးဟုန်းဟုန်းတောက်နီကြောင့်ပါ၊ ရခိုင်သူ၊ရခိုင်သားတိမှာလဲ ဘေးလွတ်ရာသို့ ထွက်ပြီးနီကတ်ကြောင့်ပါ အသျှင်မင်းသား၊ အကျွန်မျိုးအား ခွင့်လွတ်တော်မူပါ"။ ယင်းသို့ ပြောကြားပြိးနောက် ထိုစစ်သားသည် မိမိ လည်ပင်းကို လျင်မြန်စွာ လှီးဖြတ်လိုက်သည်။
အသက်မဲ့ ခန္ဒာကိုယ်ကြီး မင်စော ဟြိ့အရိုးပြတ်လဲကျလားသည်။ မင်းစောသည် ထိုစစ်သားကို မြင်းထက်ကခုန်ဆင်း ဂါရသ၀ ပြုလိုက်သည်။ ယင်းနောက် မြင်းနီကြီးထက် ခုန်တက်လိုက်ပြီးနောက်
"ရခိုင်နွယ်ဖွား အမျိုးစစ်တေ ရဲမက်အပေါင်းရို. သင့်ရို.သွီးဇာလောက်ရဲလေဆိုစွာကို အဖပြည်တွက် ဒေနိ ဒေအချိန် ပြဖို့ အချိန်ရောက်ဗျယ်..။ငါ့ရို. ရခိုင်ပြည်၊ရွီနန်းတော်ကို ငါရို. အသက်နန့်လဲ ကာကွယ်မည်" မင်းစော ရာဇမာန်အပြည့်နှင့် ကြုံးဝါးလိုက်ချိန်တွင် ရဲမက် အပေါင်ရို. ပြိုင်တူလိုက်ဆိုကတ်သည်
" ငါ့ရို. ရခိုင်ပြည်၊ ငါရို.ရွီနန်းတော်ကို ငါရို. အသက်နန့်လဲ ကာကွယ်မည်"
ကြုံးဝါးသံတိ နန်းတော်တစ်ခုလုံး ဆူညံလားသည်။ မင်းစောသည် တပ်မူးတစ်ချို.နှင့် ဟြိ့က ချီတက်လျက် နန်းတော် အပြင်ဘက်တံတိုင်းအရောက်တွင် မြောက်ဦးတစ်ခုလုံး မီးဟုန်းဟုတ်းတောက်နီသည်။ ရဲမက်အချိုမျက်လုံးမှ မျက်ရည်တိ ယိုစီးကျလာသည်။
ဝမ်းနည်းအချိန်မဟိပါ။ နန်းတော်နှင့် အသျှင်အား အသက်နှင့်လဲ ကာကွယ်ရမည့်ဖြစ်သည်။ မင်းစောရို. အဟြိ့ တဂါဝုဒ်ခန့် အကွာမှ ဗမာစစ်သည်များသည် နန်းတော်သို့ချီတက်လာနီသည်။ အချိန်ကား သန်းခေါင်အချိန်။ ကွမ်းတယာအညုက်ခန့်အကြာတွင် ဗမာကျူးကျော်တပ်နှင့် ရခိုင်မင်းစောတပ်ရို. ရင်ဆိုင်တိုးသည်။ တိုက်ပွဲသည် အလွန်ပင်ပြင်းထန်လှသည်။ လူကျီးသံများ၊ မြင်းကျီးသံနှင့် ကမ္ဘာပြိုလားဟန်ဟိသည်။
မင်းစောရိုတပ်ဖွဲ့သည် ဗမာတိကိုအားမန်အပြည့်နှင့်ရင်ဆိုင်ခုခံသည်။ ရဲမက် ၂၀၀ ခန့်ဟိသော မင်းစောရို့တပ်သည် အလူးအလဲခံနီရသည်။ မင်းစောစစ်သည်များသည် အတုံးအရုံးကျဆုံးကတ်သည်။
အင်အားချင်းမမျှ၍ တစ်နာရီခန့်အကြာတွင် နန်းတွင်းအ၀င် တံခါးမကြီးလုံးဝပွင့်လားသည်။ ဗမာစစ်သည်များသည် ရွီးနန်းတော်ကြီးထဲသို့ ဒုံးစိုင်းဝင်လားချိန်တွင် နန်းတွင်းမှ ကျွကျွတ်ရိုက်သံများဆက်တိုက်ထွက်ပေါ်လာသည်။ မင်းစောသည် မျက်ရည်ကိုသုတ် ဓားနှင့်ခွတ်ရင်း ရန်သူအငုတ်ကို သျှင်းနီချိန်တွင် သူ့စစ်သည်များ အတုံးအရုံး သူဟြိ့တွင်ကျဆုံးလားသည်။
မင်းစော၏စိတ်အာရုံတွင် သူ့နှမတော် မျက်နှာ မြင်ယောင်လာသည်။ ကယ်သူမဲ့နန်းတွင်းသူ၊နန်းတွင်သားများ၏ ကျွီးသံ၊ငိုသံတိ မင်းစောကြားနီရသည်။ ယင်းနောက် ရွီနန်းတော်မှမီးခိုးလုံးကြီးတိထွက်ပေါ်လာသည်။မင်းစောသည် နန်းတွင်းထဲကိုဝင်၍ နှမတော်ကို ကယ်ထုတ်ချင်သည်။ ယေပိုင်ယေကေလေ့ ထိုအကြံသည်အလွန်ပင်နောက်ကျနီကြောင့် မင်းစော သဘောပေါ်သည်။ များပြားလှစွာသော ဗမာစစ်သည်များသည် နန်းတော်တံတိုင်း တန်းခါး ပေါက်ကြီးကိုအသီပိတ်ဆိုးလိုက်ကတ်သည်။
"အား ............ " ယင်းသို့ တွေးတောနီစဉ်တွင် မမျော်လင့် လှံတစ်ချောင်း မင်းစော၏ လက်မောင်းတော်အောက်သို့စိုက်ဝင်လာသည်။ မင်းစောသည် နာကြင်လွန်းသောဝေဒနာ ခံစားလိုက်ရပြီး၊ သူဂေါင်းရိုင်လားသည်။ သတိတစ်ချက်ပြန်သွင်းလျက် မြင်းထက်က လူးမကျအောင် မင်းစောထိန်းလိုက်သည်။
ယင်းနောက် ထိုဗမာစစ်သည်အား မိမိ လက်စွဲတော်ဓားဟြည်ဖြင့် မင်းစော လျင်မြန်စွာခေါင်းဖြတ်သတ်လိုက်သည်။
လှံချက်ပြင်းထန်သောကြောင့် မင်းစော ဒယိန်းဒယိုင်ဖြစ်လာသည်။ သွီးစက်များ လက်မောင်းအောက်က ဒလဟော စီးချင်းလာသည်။ သူ့ရဲမက်အားလုံးနီပါးသည်သူဟြိ့တွင် အပုံပုံလဲသီလျက်.....။
" ငါ ......ဗမာလက်မှာ အသီမခံနိုင်"
မင်းစောစိတ်တင်းလိုက်သည်။ ယင်းနောက် ထိုတိုက်ပွဲအတွင်းမှ မင်စော အောင်မြင်စွာဆုတ်ခွာလိုက်သည်။မင်းသားမင်းစောသည် ကြွီကွဲ မျက်ရည်ယိုစီးလျက် မြင်းနီကြီးနှင့် နန်းတော် အဟြိ့ဘက်သို့ ဒုန်းစိုင်းပြီးလာသည်။
လမ်းတစ်လျောက်လုံးတွင် အနိဌာရုံတိ ဆီးကြိုသည်။ မီးလောင်နီသော ဘုရားပုထိုးများ၊ သွီးအိုင်များလဲကျသီဆုံနီသော လူတိအလောင်းများ၊ ကယ်သူမိ ပြီးလွားနီကတ်သော အဖပြည်သူများ၊ အချေ ငိုကျွီးသံများ .....။
သူ့နှမတော်နှင့် ပန်းအတူခူးခသော တောပုတ်နားတွင် မင်းစော မြင်းနီကြီးကိုတန်လျက် ပန်းတဆုပ်ခူးလိုက်သည်။ ယင်းနောက် ကိုးသောင်းပုထိုးတော်ကြီးထဲသို့မင်းစော ဒုန်းစိုင်းဝင်လိုက်သည်။
လိုက်ဂှုကြီးအထဲမှ မြတ်စွာဘုရားဆင်းတုတော်ကြီးတိဟြိ့တွင်မင်းစောဒူးထောက်လိုက်သည်။
"အသျှင်ဘုရား ဘ၀ ဘ၀ ဆိုက်တိုက် ဆက်တိုက်မှာ တပည့်တော် နှမတော်နန့် တပည့်တော် ဆုံတွိရပါလို၏။"
မင်းစောမျက်နှာမှမျက်ရည်တိမိုးရွာရေပိုင် စီးကျလာသည်။ ယင်းနောက် မင်းစောသည် သွီးတိနှင့် စည်းနီသောသူ၏လက်စွဲတော်ဓားကို
အထက်သို့မြောက်လိုက်ပြီး မိမိ ရင်ဘက်ထဲကို ထိုးစိုက်လိုက်သည်။ နှလုံးထဲမှ သွီးတိ ဒလယောစီးချင်းလာပြီး မင်းစောအာရုံတွင် အမှောင်ထုသည်ဖုံးလွှမ်းလားသည်။ ၀ိညဉ်လွင့်လားသော မင်းစော၏အသက်မိကိုယ်ခန္ဒာကြီး ကိုးတော်ပုထိုးတော်ကြီးထဲတွင် အထီးကျန်လျက်....။
တစ်လခန့် ကြာပြီးနောက်.............................။
မင်းသမီးချေ မြကြာညိုသည်အလွန်ပင်ပိန်ခန်းလားသည်။ သူမသည်အဖပြည်နှင့်သူ့မောင်ကြီးကို
လွမ်းရသောစိတ်တိနှင့်ဒုက္ခဆင်းရဲရောက် လျက်ဟိသည်။ မောင်ကြီးမင်းစောတစ်ယောက် သီလို့ဟိလီလာ၊ဟြင်လို့ဟိလီလာ မြကြာညိုသတင်းအစအနပင်မရပါ။ ရခိုင်ပြည်စစ်သျှုံး၍ရခိုင်ဘုရင်နှင့်ဘုရင်မအပါအ၀င် နန်းတွင်သူ နန်းတော်သားတိကို အင်းဝသို့ ဖမ်းဆီးခေါ်ဆေင်ခခါက မင်းသမီးချေ မြကြာညိုပါ ပါလာသည်။
သူမသည် ဗမာထမင်းကိုမသီအောင်စားလျက် အဖရခိုင်ပြည်နှင့်မြောက်ဦးရွီမြို့တော်အကြောင်းကို ကဗျာစာတိ ရွီးလျက် အချိန်တိကိုကျော်ဖြတ်လျက်ဟိသည်။ စကားမတူ၊ စရိုက်မတူ၊အသွင်မတူသောလူရပ် လူပြည်၌အသက်ဟြန်သန်နီရခြင်းကို မြကြာညို စိတ်ပျက်လျက်ဟိသည်။
တစ်လခန့်အကြာမှာပင် သတင်းအစအနပျောက်နီသောသူမမောင်ကြီးတွက် ငိုရသည့်ရက်တိ မရွီနိုင်တော့ပါ။မင်းသမီးချေ မျက်လုံးတွင်မျက်ရည်များပင်ခန့်ခြောက်လီသည်။ သူမမောင်ကြီးတွက် မျော်လင့်ချက်တိ ကုန်ခန်းလာသည်။
"အသျှင်မဘုရား၊အသျှင်မဘုရား၊" သူမအဆောင်အခန်းတော်မှ အပြင်ကိုငေးနီစဉ်တွင် အခြွေရံမချေတစ်ယောက်ငိုယိုပြီးဝင်လာသည်။
"ဟေ... အညို,..........နင် ဇာဖြစ်လေ ငါ့ကို အဂု လျှောက်တင်စမ်" မြကြာညို စိုးရိမ်စိတ်နှင့်မီးလိုက်လေသည်။ " အသျှင်မဘုရား ........အကျွန်မျိုးရို. အသျှင် မုနိသျှင်တော်မြတ်ကို ဗမာပြည်ကို ယူဆောင်လာဖို့ ၊ ဘုရင်က အမိန့်တော်ချလိုက် ပါယာဘုရား......."
မြကြာညို နဖူးကသွီး ခြီမတက်လျက် မျက်ရည်မိုးတိရွာကျလာသည်။ ရင်ထဲမှလည် အလွန်မှနာကြင်သောဝေဒနာတစ်ရပ်ခံစားလိုက်ရသည်။
"တောက်.........., ရိုင်းလိုက်လေ.. အညို.......လူကြားလို့မကောင်း....... ငရို.ပြည်ကိုမတရားသိမ်း......ငရိုလူမျိုးတိကိုသတ်..အဂုငါရို.အသျှင်ကို မတရားယူပြန်ယာ မလားဂု........" မြကြာညိုတတ်သီးခေါက်သံ အခြွေအရံတိ ဆို့နစ်ငိုသံတိနှင့် ရောထွီးလားသည်။......................
မြကြာညို အဆောင်ဟြိ့တွင် နန်းတွင်းတိနန်းတွင်းသားတိ ကျကျိတ်တိုးနီသည်။ "ရခိုင်..မင်းသမီးလေး....မြကြာညို.....သနားပါတယ်" စသည့်အသံတိ ထွက်ပေါ်လာသည်။ " အသျှင်မ....အသျှင်မ...ဟီး..ဟီးး..အကျွန်မျိုးမ ရို.ကို ထားခယာလာ....ထကြည့်ပါ..အဖပြည်ကို တနိပြန်ဖို့ဆို....ဟီး..ဟီးး..." စသည့် ဆို့နစ်ငိုကြွီးသံတိကြားထဲတွင် မင်းသမီးချေ မြကြာညို ၀ိညဉ်ကင်းမဲ့လျက်.......။
(၅)
နိရက်။.......... ။ ၁၉၉၃ ခုနှစ်၊ နိုဝင်ဘာလ၊ ၃၀ ရက်
အချိန်။.........။ ရခိုင်စံတော်ချိန် မိုးထဖက် (၁၀) နာရီ
နီရာ။.......... ။ တောင်ရင်းကျွန်း၊ လည်ရိုးတော်ဓာတ်၊ ပေါက်တောမြို့၊ ရခိုင်ပြည်
ဓာတ်တောင်အောက်တွင် ညင်ညင်သာသာ တိုက်ခိုက်နီသောလီဗီချေသည် အင်ဂရားပန်းအနံ့ချေတိကို မြတ်မင်းဦး နှခေါင်းသို့ယူဆောင်လာသည်။
အပိုင်း(၅)စောင့်ဖတ်ကတ်ပါ
The best is yet to come.....
ကျမ္မာကတ်ပါဇီ
အေးမောင်(ရင်အုံတော်ဓာတ်)
၂၉၊၀၇၊၀၉
(ဘုရင်မာရယုဘလော့မှ)
တိုင်းသိပြည်သိဆင့်ခေါ်ခြင်း
နိရာ-မြောက်ဦးရွီနန်းတော်
ကိစ္စ-ရခိုင်နိုင်ငံတော်အရေးကိစ္စ
.....................
ယင်းအဖြစ်အပျက်မတိုင်ခင် သူ မဟာမုနိမှာ ဥပုဒ်သီလရက်ရှည်ဆောက်တည်ခိသိရေ။
ယင်အဖြစ်အပျက်မတိုင်ခင် ယောဂီသူတော်စင်တပါး၏ မဟာမုနိဘုရားဖူးရက်ရှည်ခရီးတခုဆိုစွာအထူးအဆန်းမဟုတ်လို့ဆိုကေလေ့ ထိုတခေါက်သူ၏ ဥပုဒ်သီလဆောက်တည်မူက ထူးခြားနိရေပိုင်ဟှိရေ။
အယင်အခေါက်တိတုန်းကဆိုကေ သူ၏တရားထိုင်ချိန်တိုင်းမှာ နားချိန်၊ စားချိန်၊ ဟှိကေလေ့ ဒေတခေါက်တောအနားအယူပင်မဟှိသလောက်ပါ။
အထူးခြားဆုံးကတောကေသူ၏မျက်နှာ
ကောင်းတေကြည်နီလွန်းအားကြီးရေလို့ထင်ပါရေ။
နောက်သူ့မျက်လုံးအစုံ၏ အယင်နန့်မတူရေအီးစက်မူပါ။
မဟာမုနိကပြန်ရောက်ပြီးရေနောက်ပိုင်းကပင် သူ၏အချိန်တိကိုလေ့ သျှစ်သောင်းဘုရားမှာသို့မဟုတ် ဘုရင်မင်းမြတ်နန့်တတူစန္ဒကူးနန်းဆောင်တွင်ထဲ့မှာပဲ ကုန်လွန်စီလေ့ဟှိပါရေ။
........................................
သတင်းဆိုးရို့ဆိုစွာ ကောင်းပျံ့နှံလွယ်ပါရေ။
ယင်းတလိုင်းမှာ သတင်းဆိုးတခုက မြို့ပြမက နယ်အစွန်အဖျားမကျန် လူတိုင်အတွက်မိုးထကပင်နိတဝင် ဒေသတင်းပြီးကေဒေသတင်းအကြောင်းပါ။
အလျို့လျို့ အလျို့လျို့ အစုစုအစုစု တတိုးတတိုးနန့် လူတိကြားထဲ့မှာ ကောင်းအထိတ်တလန့်ဆန်ရေသတင်းတပုဒ်က
လူတိုင်း၏ပျော်ရွှင်မူ၊ လုံခြုံတိကိုပျောက်ပျက်စိပါရေ။
ထိုသတင်းဆိုးစတင်မြစ်ဖျားခံလာစွာနိရာကတောကေ မြောက်ဦးရွှီနန်းတော်ထဲ့ကစပါရေ။
ဇာပုရောဟိတ်၏တွက်ချချက် သို့မဟုတ် ယူဆချက်လို့ပြောရခက်ကေလေ့ ဒေသတင်းဆိုးဆဒနိရာကထွက်လာစွာကတောကေ အမှန်ပါ။
ကောင်းအထိတ်တလန့်ဆံရေသတင်းတခုပါ။
“မြောက်ဦးမြို့သက်ကုန်ဗျာလ်လတ်“
“မြောက်ဦးမြို့ကိန်းခန်းကုန်ဗျာလ်......“
ရခိုင်နိုင်ငံတော်ပျက်စီးဖို့ဗျာလ်
အားငယ်မူစိတ်ပျက်မူ။
မယုံကြည်မူ အယုံအကြည်ပျက်မူတိနန့် ပြည်သူလူထု။
.............................................................................
ရက္ခိတရို့ဆိုစွာ ကိုယ့်ကိုယ်ကိုထက်မကတိုင်းပြည်ကိုချစ်တေလူမျိုးတမျိုး…….
ဒေရက္ခိတရို့၏ရာဇာဝင်မှာခေါင်းဆောင်အဆက်ဆက်လေ့ ကိုယ်ကျိုးမဖက်အမျိုးသားရေးသည်သာပဓါန………
ရက္ခိတရို့ဝိဥာဏ်ကိုသူရဲကောင်းတိ၏ရဲနိရေသွီးတိနန့်ဖွဲ့တည်ရေမလှား………
မြောက်ဦးမြိုးကိုစတည်ကတည်းက မင်းစောမွန်က မြို့တော်တည်ဖို့မြီနိရာနှစ်နိရာရွီးပြီးကေသူ၏မူးမတ်တိနန့်တိုင်ပင်ရေ….
အမတ်ပညာဟှိအပေါင်းရို့ကတညီတညွှတ်တည်းလျှောက်ထားဂတ်စွာကတောကေ…
“အသျှင်မင်းမြတ် အေနီရာမှာ မြို့ပြပြည်ရွာတည်သည်ဟှိသော် မြို့သည်ကားအသက်ရှည်အံ့။ မင်းသည်ကားအသက်တိုအံ့“
“အသျှင်မင်းမြတ်ထိုနီရာမှာ မြို့ပြပြည်ရွာတည်သည်ဟှိသော် မင်းသည်ကားအသက်ရှည်အံ့၊ မြို့သည်ကားအသက်တိုအံ့သော အကြောင်းကိုမြင်ပါ၏ဘုရား“ လို့တညီတညွတ်တည်းလျှောက်ထားဂတ်တေခါ မင်းစောမွန်က ဆင်ခြင်မူ စဉ်စားမူကြီးစွာနန့် ဆုံဖြတ်ချက်တခုချဖူးခရေမလှား……
သူ၏မူမတ်အပေါင်းရို့အား
“ပညာဟှိသူတော်ကောင်းမူမတ်အပေါင်းရို့ ငါကားရက္ခိတမှန်၏ ငါ၏အသက်သည်ပဓါနမဟုတ်၊ ငါရို့၏တိုင်းပြည်မြို့ရွာသည်သာပဓါနဖြစ်၏
ငါ၏အသက်ကိုကားတိုစီ
ရက္ခိတရို့၏ မြို့ပြပြည်ရွာကိုကားတစပင်မယွန်းစီကေ့မူးမတ်များ“ ဟုမိန့်မှာလျက်မြောက်ဦးမြို့တော်ကိုတည်ထောင်၏။
ရက္ခိတရို့၏ဝိဥာဏ်ကိုသူရဲကိုရို့ရဲနိရေသွီးတိနန့်ဖွဲ့တည်၏။
…………………………………………………………………..
ယင်းနိက
မိုးထအာရုံလောက်ကပင် သျှစ်သောင်းဘုရားကိုဖူးမျှော်ဦးချ၊
လှိုင်ထဲမှာအကြားကြီးဆောက်တည်မှုရို့ပြု၊
ပြီးမှသူနန်းတော်ကိုစစိုက်မမတ် လျောက်လားရေ၊
သူပုံကနန်းတော်ကိုလားဖို့စိတ်စောနိပုံရရေ။
………………………………………………………………….
နန်းရင်ပြင်တခုလုံးလူတိနန့်ပြည့်ကျပ်လို့
မင်းမူထမ်းကအစပြည်သူပြည်သားအဆုံး
နန်းရင်တခုလုံးလူသူတရုံးရုံးနန့်
ရခိုင်နိုင်ငံတော်အရေးကိစ္စ
ယောဂီသူတော်စင်
ပြည်သူများ၏အချစ်တော်
ပြည်သူတရပ်လုံး၏အားထားလေးစားကြည်ညိုခြင်းခံရသူ
မဟာပညာကျော်အမတ်ကြီးနန့်တတူ ရခိုင်နိုင်ငံတော်၏ အဓိကရရွီမျဉ်းဓမ္မသတ်ကျမ်းကိုရွီးဆွဲသူ
ရက္ခိတရို့၏ရွီရောင်အနာဂတ်များအတွက်အမျိုးသားရေးအတွေအခေါ်ရပ်များကိုချမှတ်ဖော်ဆောင်သူ
သူသည်ပြည်သူအပေါင်းနန့်တကွမင်းမူထမ်းများကိုဆင့်ခေါ်စုဝေးစီသည်
စုဝေးရာနိရာသည်မြောက်ဦးရွီနန်းတော် စုဝေးစီရခြင်းကိစ္စကား
ရခိုင်နိုင်ငံတော်အရေးကိစ္စ။
……………………………………………………………….
နန်းရင်းပြင်ထဲပြည့်ကျပ်နိရေလူအုပ် လှုပ်ရွနိရေလူအုပ် တရုံးရုံးနန့် သူတခွန်ငါတခွန်ဝေဖန်အသံပြုမူများ၏လူအုပ်သံသည် ရုတ်တရက် တိတ်ဆိတ်မူမကတိတ်ဆိတ်မူသို့ရုတ်တရက်…..
တည်ငြိမ်သော
သိမ်မွေ့သော
အိနြေ္ဒရသော
ရက္ခိတရို့ဦးညွှတ်ရာဖြစ်သော
ထိုယောဂီသူတော်စင်သည် အလွန်တရာမှတည်ကြည်သော အလွန်တရာမှကြည်လင်ပြတ်သားသောအသံဖြင့်
“ရက္ခိတအပေါင်းရို့………….
ငါ၏ချစ်စွာသောရက္ခိတပေါင်းရို့…….
သင်ရို့အပေါင်းအားငါသည် ငါ၏အသဲအအူမျှမက ချစ်ခင်၏
အေစကားသည်မှန်၏။
ရက္ခိတအပေါင်းရို့
ငါရို့၏ရခိုင်နိုင်ငံတော်နန့်ရခိုင်လူမျိုးအားငါသည် ငါ၏အသဲအအူမျှမက ငါ၏ပကတိဝိဥာဏ်ထက်မကငါသည်အမှန်ပင်ချစ်မြတ်နိုးပါ၏။
ရက္ခိအပေါင်းရို့……..
ငါရို့၏ရခိုင်နိုင်ငံတော်နန့်ရခိုင်လူမျိုးအပေါ်ချစ်ခင်မြတ်နိုးမူသည်ကားဒေတဘဝအတွက်ရာမဟုတ် နောက်ဘဝများစွာ
များစွာ၏ အဆုံးအထိပင်ရည်ရွယ်၏
ဒေဘဝမှလွန်ပြီးသည်ပင်လျှင်နောက်ဘဝဘဝများဆက်တိုက်ရက္ခိတရို့၏အကျိုးအတွက်ရက္ခိတရို့၏အကျိုးတခုတည်းအတွက်သာငါသည် ရှင်သန်လိုသောမပြောင်းလဲသော ခိုင်မာပြတ်သားသော စိတ်အစဉ်သာဟှိ၏။
ရက္ခိတအပေါင်းရို့ ငါ၏ဒေပ်ြပြင်းသောဆန္ဒဇောကြောင့်ငါသည်အစဉ်ထာဝရပင်ရက္ခိတရို့၏တိုင်းပြည်တွင် ရက္ခိတရို့အတွက်ငါ၏ရဲရင့်သောဝိဥာဏ်သည်ကမ္ဘာတည်သည်ပတ်လုံးရှင်သန်ကျန်ဟှိလိမ့်မည်ဟု ငါယုံကြည်၏။
-----------------------------------------------------------------------------------------------------------------
အိုရက္ခိတအပေါင်းရို့ ……
အဂုငါသည် သင်ရို့အပေါင်း၏ရှိမှောက်၌ရက္ခိုင်ပြည်၏အသက်ကိုဆက်ဖို့ နည်းလမ်း၊ကမ္ဘာတည်သရွိ ရခိုင်လူမျိုးနန့် ရခိုင်နိုင်ငံတော်တည်တံ့နိုင်မည်နည်းလမ်းအားအဂုလက်တွိပြမည်ကြည့်ဂတ်။ ထိုသို့ဆိုပနာ ထိုပုဂ္ဂိုလ်သည်..
အလွန်ပင်လျှင်မြန်သောသူ၏လှုပ်ရှားမူတဒင်္ဂ၌ ချွန်ထက်တောက်ပသော၊ စူးချထက်မြသော ဓါးသံလျှက်တခုအားကိုင်ထားပြီးသားဖြစ်၏။
ထိုနောက်သူသည် သူ၏ချစ်စွာသော ရက္ခိတအပေါင်းအား တချက်မျှစိုက်ကြည့်ငြိမ်သကိနီ၏။
တိတ်ဆိတ်မူသည် အနက်သျှိုင်းဆုံး ထိုပုဂ္ဂိုလ်၏ မျက်နှာသည်ယောဂီသူတော်စင်တပါး၏အီးစက်တည်ငြိမ်သောအသွင်မှ သူရဲကောင်းတစ်ယောက်၏ရဲရင့်တည်ကြည်သောအသွင်သို့ရုတ်တရက်…………..
ရုတ်ရက်ထိုပုဂ္ဂိုလ်သည်သူ၏ရင်ဖတ်ထဲမှဓါးကိုထိုးသွင်းကာ အောက်သို့ဆွဲချခွဲဖောက်ပလိုက်စွာနန့် အမှတ်မထင်ထားရေလုပ်ရပ်တခုကြောင့်ညီလာခံရင်ပြင်တခုလုံး မှင်သက်တိတ်ဆိတ်နီိပြီးမှ ရုတ်တရက်လဲပြိုသံတခုထွက်လာပြီးသည်နောက်တပြိုင်နက် နန်းတော်တခုလုံး ရှိသမျှလူသူပရိတ်သတ်များအားလုံးရုန်းရင်းဆံခတ်ဆူညံပေါက်ကွဲသော လူအုပ်တခုအသွင်သို့ချက်ချင်းပြောင်းလဲလားပနာ တချို၏လဲပြိုသံ၊ တချို၏အပြီးအလွှာတိုးဝှဲသံ၊ တချို၏ကျွီးသံအော်သံ၊ ငိုကြွီးသံ၊ ဟန့်တားသံတိနန့်နန်းတော်တခုလုံး…………….
ရုတ်တရက်အနားကိုတိုးကပ်လာကတ်တေ လူတိကိုသူက သူ့အနားကိုမကပ်လာကတ်ဖို့ တချက်ပြောဆိုပြီးစွာနန့် ချက်ချင်းသူ၏အသဲအအူတိကိုရုတ်တရက် ဆွဲထုတ်ပနာ သူနန့်အနီးဆုံး နန်းတော်တိုင်တခုမှာ ဖက်ချဉ်ပလိုက်ပါရေ။
နာကျင်မူတိကြားထဲက အတားအဆီးမဟှိသွန်ရဲနီရေသွီးတိကြားထဲက ထိုပုဂ္ဂိုလ်နောက်ထပ်ကြိုးစားပနာအမှာစကားတခုထပ်ပြောပါရေ။ ယင်းအမှာစကားဆိုစွာအရေးအကြီးဆုံးနန့်နောက်ဆုံးအမှာစကားပါ။
“အို..ချစ်စွာသော ရက္ခိုတရို့ …..
သင်ရို့၏ ရခိုင်နိုင်ငံတော်နန့် ရခိုင်တလူမျိုးလုံး
ကမ္ဘာတည်ရွီးတည်တံ့စီချင်ရေဆိုကေ သင်ရို့၏အသက်၊ သင်ရို့၏ခန္ဒာ၊ သင်ရို့၏သွီးကိုတစက်တောင်မနှမြောလီကတ်ကေ့။ အဂုငါ၏အသက်၊ ငါ၏ခန္ဒာကို ငါ့တိုင်းပြည်အတွက်ငါမတွန့်တိုမနှမြောရေပိုင် သင်ရို့၏အသက်ကိုမနှမြောလီကတ်ကေ့။ သင်ရို့၏အသက်နန့်သင်ရို့၏တိုင်းပြည်အသက်ကိုဆက်ကတ်။
ရက္ခိတအပေါင်းရို့……
အဂုငါ၏အသဲအအူနန့် အေရခိုင်ဘုရင့်နိုင်ငံတော်၏နန်းမ တိုင်ကိုငါဖက်ချိုင်ထားသကဲ့သို့ သင်ရို့၏အသည်းအအူတိနန့် သင်ရို့လူမျိုးနန့် သင်ရို့၏နိုင်ငံတော်ကိုဖက်ချိုင်ထားကတ်။“
လူအုပ်သည် ရုန်းရင့်ဆန်ခတ်လျှက် ထိုပုဂ္ဂိုလ်၏အမှာစကားများသည် ကြားတချက်မကြားတချက်……
အမှတ်မထင်ထားရေလုပ်ရပ်တစ်ခုကြောင့် ညီလာခံရင်ပြင်တစ်ခုလုံးမှင်သက်တိတ်ဆိတ်နိကတ်မိပါရေ။ မြင်ကွင်းကအထိတ်တလန့်ဆန်ပါရေ။
အေသျှင့်ဆိုစွာရူးသွတ်မူတခုမဟုတ်ပါ။ အေချင့်စွာစိတ်ကူးယာဉ်မူတခုမဟုတ်ပါ။
အနက်ချိုင့်ဆုံးသော “ပါဖောမန့်“ တစ်ခု….
မှုန်တချက် လက်တချက် ကြားတချက် မကြားတချက်……….
ဒေရာဇဝင်ထဲက သူရဲကောင်း
ဒေရာဇဝင်ထဲက သူတော်စင်
ဒေရာဇဝင်ထဲက ပညာသျှင်
ရက္ခိုင်ရို့၏ အမျိုးသားရေအတွေးအခေါ် (National Philosophy) တစ်ရပ်ကိုချမှတ် ရိုက်သွင်းပီးခရေပုဂ္ဂိုလ်…
အေပုဂ္ဂိုလ်၏ လုပ်ဆောင်ချက် အေ “ပါဖင်းမတ်“ စွာဇာကိုဆိုလို့လေဆို စွာ…
ရက္ခိတရို့သည်ကားလင်းတချက် လက်တချက် ကြားတချက် မကြားတချက်…
“ရက္ခိတအပေါင်းရို့ ….
ငါရို့ရခိုင်နိုင်ငံ၊ ငါရို့ရခိုင်လူမျိုး ကိုကမ္ဘာတည်သရွီးတည်တံ့စီလိုရေ၊ ကမ္ဘာတည်သရွီဒေနိုင်ငံနန့်လူမျိုးကိုအသက်ဆက်လို့ဟှိစီသျှင်ရေဆိုကေ…….“
“ရက္ခိတအပေါင်းရို့ ….
ရခိုင်နိုင်ငံတော်နန့် ရခိုင်လူမျိုးအတွက်အသက်ကိုမနှမြောကတ်ကေ့ အေမြီနန့်အေလူမျိုးကိုကိုယ့်အသက်ထက်မကချစ်ခင်မြတ်နိုးလီကတ်
သင်ရို့၏အသည်းအအူတိနန့် ရခိုင်နိုင်ငံတော်ကို………..
“ရက္ခိတအပေါင်းရို့ ….
သူရဲကောင်းအပေါင်းရို့ ရက္ခိတဆိုစွာ ကိုယ့်တိုင်းပြည်နန့်ကို့လူမျိုးကိုစောင့်သျှောင့်တတ်တေ လူမျိုးကိုရာခေါ်ဝေါ်သမုတ်တေအမည်နာမတစ်ခုဖြစ်လို့ ယင်းရက္ခိတရို့၏တိုင်းပြည်နန့် ယင်းရက္ခိတဆိုရေငါရို့လူမျိုးအတွက်ရဲရင့်ကတ်၊ ငါရို့၏ရဲနီရေသွီးကိုပြကတ်။“
အသံများကားကမကြားတချက် ကြားတချက်………………………။ ။
ရက္ခိတရို့၏သူရဲကောင်း ဦးမြဝါအားအလေးပြုလျှက်…
(ရင်သွီးငယ်)
(ဆိုက်ဘေးရီးယားဘလော့မှ)
ရခိုင်ရိုးရာ၊ ဖြစ်ခြင်းရာကို၊ ကျွန်ဆရာမှာ၊ ပြောပြမည်။ ထီးကခရိုင်၊ မင်းထိုင်ပြည့်ဖြိုး၊ ပြည်ပဂိုး။ ပဂိုးမင်းသမီး၊ ပြည်ကိုခွဲခါ၊ နှမကားတောင်၊ မောင်ကားမြောက်ဦး၊ မြစ်မင်းဂဂါင်္၊ သီတာတရိုး၊ နှမနီကေ၊ သံတွဲမြို့၊ မောင်ရို့နီကေ၊ ရခိုင်မြို့။ ရခိုင်မင်းသား၊ နန်းထက်ဖွား၊ လှငြားတင့်တယ်၊ မိခင်ဝမ်းမှာ၊ သန္ဓေတည်။ ကိုးလကပင်၊ ကိုယ်ဝန်ကြင်၊ ခမည်းလွန်းတင်၊ ဖဘုရင်၊ ဘုရင်လွှတ်လွှတ်၊ ရခိုင်မြို့မှာ၊ မကြံတတ်။ ကျွန်မပြည့်ကူ၊ ကိုယ်ယူကိုယ်မ၊ သနားစဖွယ်၊ သျှင်မ၀မ်းကို၊ စမ်းကြည့်ရေခါ၊ ချစ်သျှင်မမှာ၊ မိမ္မမဖြစ်၊ ယောင်္ကျားဖြစ်မည်။ ယောင်္ကျားဖြစ်လည်း၊ အရှင်မမွီး၊ ချစ်သျှင်မမှာ၊ အသီရာမွီးမည်၊ ဇောင်လည်းလေ၊ ဇောင်လည်းအလို၊ ပြည့်ကျွန်မမှာ၊ ဇမ်းတိုက်ဆိုရေ။
ဇောင်စကားကို၊ ကြားရေနိက၊ ရခိုင်မင်းပင်၊ အသျှင်တရီး၊ နန်းတောင်ညာမှာ၊ ကြောင်းကြကြီးရေ။ ငါ့မှာဟိငြား၊ ရွှီကလောင်ကိုင်၊ ဇကိုင်ကြီး၊ မတ်ကြီးမနီ၊ ငါ့အနားတွင်၊ ခုရောက်စီ။ ငွေကလောင်ကိုင်၊ ဇကိုင်ကြီး၊ မှုးကြီးမနီ၊ ငါအနားတွင်၊ ခုရောက်စီ။ ရွှီကလောင်ကိုင်၊ ဇကိုင်ကြီး၊ မတ်ကြီးလေးသွယ်၊ နန်းတောင်ညာမှာ၊ ရောက်လာရေ။ ငွေကလောင်ကိုင်၊ ဇကိုင်ကြီး၊ မှုးကြီးလေးသွယ်၊ နန်းတောင်ညာမှာ၊ ရောက်လာရေ။ ရွှီကလောင်ကိုင်၊ ဇကိုင်ကြီး၊ မတ်ကြီးမနီ၊ ကံ့ကူသည်နှင့်၊ ၀လံသည်ကို၊ ရခိုင်မြို့မှာ၊ ခုရှာခီ။ ငွေကလောင်ကိုင်၊ ဇကိုင်ကြီး၊ မှုးကြီးမနီ၊ ကံ့ကူသည်နှင့်၊ ၀လံသည်ကို၊ ရခိုင်မြို့မှာ၊ ခုရှာခီ။
ရွှီကလောင်ကိုင်၊ ဇကိုင်ကြီး၊ မတ်ကြီးမနီ၊ ကံ့ကူသည်နှင့်၊ ၀လံသည်ကို၊ ရှာခီရေ။ ငွေကလောင်ကိုင်၊ မှုးကြီးမနီ၊ ကံ့ကူသည်နှင့်၊ ၀လံသည်ကို၊ ရှာခီရေ။ ရွှီကလောင်ကိုင်၊ ဇကိုင်ကြီး၊ ငွေကလောင်ကိုင်၊ ဇကိုင်ကြီး၊ မှုးမတ်လေးသွယ်၊ ကံ့ကူသည်နှင့်၊ ၀လံသည်ကို၊ ရှာခီရေ။ ကံ့ကူသည်နှင့်၊ ၀လံသည်၊ မောင်ဖွားလေးသွယ်၊ နန်းတောင်ညာမှာ၊ ရောက်လာရေ။ ကံ့ကူသည်နှင့်၊ ၀လံသည်၊ တချက်နှစ်ချက်၊ ပျိုင်သင်ပုန်းမှာ၊ ခေါက်လို့တွက်ခါ၊ မိမ္မမဖြစ်၊ ချစ်သျှင်မမှာ၊ ယောက်ကျားဖြစ်မည်။ ယောက်ကျားဖြစ်လည်း၊ အရှင်မမွီး၊ ချစ်သျှင်မမှာ၊ အသီရာမွီးမည်။ ဇောင်လည်းလေ၊ ဇောင်လည်းအလို၊ ကံ့ကူသည်နှင့်၊ ၀လံသည်မှာ၊ တွက်တိုင်းဆိုရေ။ ဇောင်စကားကို၊ ကြားရေနိက၊ ရခိုင်မင်းပင်၊ အသျှင်တရီး၊ နန်းတောင်ညာမှာ၊ ကြောင့်ကြကြီးရေ။ ကြက်ဖကြိမ်သီး၊ မောင်လုံးကြီး၊ ရှောက်ရှောက်လဲဖမ်း၊ စုန်းမင်းလယ်ကို၊ ရီမိုးသန်း။ ဂေါင်းရင်းကနီ၊ မဟာကျီကို၊ မောင်ကိုးရေ။ ခြီရင်းကစောင့်၊ သျှင်မဂေါက်ကို၊ မောင်ကိုးရေ။ ဇောင်ပင်တရီး၊ ရခိုင်မင်းမှာ၊ မကျီသီး၊ ကိုးလကပင်၊ ဆယ်လစိမြောက်၊ သားပန်းပင်ကို၊ ဖွားလာရေခါ၊ သားပန်းပင်ကို၊ နန်းတောင်ညာမှာ၊ အရှင်မမွီး၊ အသီရာမွီးရေ။
ဇောင်စကားကို၊ ကြားရေနိက၊ ရခိုင်မင်းပင်၊ အသျှင်တရီး၊ နန်းတောင်ညာမှာ၊ ကြောင့်ကြကြီးရေ။ နဖူးကိုခတ်၊ ရင်ကိုသတ်၊ ရပ်ပတ်ကြိုကြို၊ ရခိုင်မင်းမှာ၊ နန်းတောင်ညာမှာ၊ လှုးလို့ငိုခါ၊ အထက်ဒေ၀ါ၊ အသျှင်သိကြား၊ ခင်းထားကမ္မလာ၊ နီရာသင်းဖုန်း၊ တင့်ကြော့လုံးစုံ၊ သိကြားဖုံမှာ၊ မနီနိုင်ဘဲ၊ နတ်မျက်တထောင်၊ အဟန်ဆောင်၊ နတ်ပြည်ယဉ်မှာ၊ ကြည့်လိုက်မူကား၊ မည်သည်မျပင်၊ နတ်ပြည်ယာဉ်မှာ၊ မမြင်ကျင်။ လူ့မျက်တထောင်၊ အဟန်ဆောင်၊ ကြည့်လိုက်မူကား၊ ရခိုင်မင်းပင်၊ အသျှင်တရီး၊ သားပန်းပင်နှင့်၊ ကြောင့်ကြကြီး။ ငါတာခုဝေ၊ ရခိုင်မင်းကို၊ မခီမည်။ ရွှီကြိုးခုနှစ်ပင်၊ သျှင်သိကြားမှာ၊ စလွယ်တင်။ လက်မှာပြောင်ဝင်း၊ ခရုသင်း။ သျှင်မင်းမနီ၊ ရခိုင်မြို့ကို၊ ဆင်းလီရေ။ သိကြားရီစင်၊ ဖြန်းလီရေခါ၊ သားပန်းပင်မှာ၊ အသက်ကေ၀င်ပြီး၊ ၀ါးဝါးဝါးလို့ ငိုလီရေ။
အသက်ကေ၀င်ပြီး၊ ရခိုင်မင်းပင်၊ အသျှင်တရီး၊ နို့ကောင်းသူကို၊ ကောင်းရာရွီးလို့၊ သားကောင်းသားဖြူ၊ နို့ကောင်းသူ၊ ကောက်ယူစို့ငြား၊ အသားဖြူကေ၊ မိမ္မနို့သယ်၊ ရှိကပယ်၊ အငယ်အကြီး၊ နို့ကောင်းရာမှာ၊ ကောင်းရာရွီးလို့၊ အသားဖြူကေ၊ ပူသယ်နို့ရည်၊ ထိုသည်မိမ္မ၊ ဣထိယ၊ ရာဇပုတ္တ၊ နို့ကောင်းရာမှာ၊ ရွီးကာမသွင်း။ နို့အုန်းသီးလျှင်၊ နို့လာပြင်းလျှက်၊ သူငယ်စို့ကေ၊ ခံတွင်းမကန်၊ မှောက်ကာလန်၊ နို့အံတတ်တေ။ ထိုသည်မိမ္မ၊ ဣထိယ၊ ရာဇပုတ္တ၊ နို့ကောင်းရာမှာ၊ ရွီးကာမသွင်း။ နို့ဖရုံလျှင်၊ သူငယ်စို့လျှက်၊ တအောင့်လောက်မှ၊ တပေါက်ရလို့၊ မ၀ခင်ပင်၊ သူငယ်ရို့မှာ၊ ပျင်းစိတ်ဝင်လို့၊ မစို့ချင်၊ ထိုသည်မိမ္မ၊ ဣထိယ၊ ရာဇပုတ္တ၊ နို့ကောင်းရာမှာ၊ ရွီးကာမသွင်း။ မမဲမဖြူ၊ မဆူမကြုံ၊ နို့အုံညီညွတ်၊ စနီနံ၊ ရွှီရင်ဖတ်မှာ၊ သားမြတ်မကျ၊ ဘေးတဖက်က၊ တနာရီမှာ၊ လေးယောက်ထလို့၊ မင်းသားညီမောင်၊ လှသားမောင်၊ ဘုန်းခေါင်နန်းလယ်၊ မြဧယိုင်မှာ၊ တင်ကာလွှဲကေ၊ မွီးစားရေလေ။
တညဥ့်သားနှင့်၊ တရက်သားမတူ၊ ပန်းတံမောင်မှာ၊ ကြီးတော့မူ။ တရက်သားနှင့်၊ တလသားမတူ၊ ပန်းတံမောင်မှာ၊ လှတော့မူ။ ခုနှစ်နှစ်သား၊ ရွယ်ရောက်သောခါ၊ တရပိုဒ်တဆူ၊ ကံ့ကူတခဲ၊ ဒေါ်လွန်းကြင်၊ နို့သျှင်မိနှင့်၊ နို့သျှင်ဖမှာ၊ ဆွမ်းတပွဲနှင့်၊ ကျောင်းခြီတထောင်၊ ပိုင်ရေဘုန်းကြီး၊ မြတ်လေးလွမ်းကြင်၊ ကူတော်တိုက်မှာ၊ ရွှီကျောင်းသျှင်၊ အသျှင်ဘုန်းကြီး၊ သံစည်ကြောင်၊ ညောင်ညောင်တီး။ ဘုန်းကြီးမြတ်မွန်၊ နာမည်ကောင်းကေ၊ ၀ိဟာစံ။ ဆရာတော်၊ သျှင်ဖော်ကျောင်းမှာ၊ သားရင်သွီးကို၊ လက်ထက်အပ်တေ။ ကကြီးခငယ်၊ အရင်းသွယ်၊ သုံးဆယ်သုံးလုံး၊ သုံးသင်ပုန်း၊ တလုံးမကျန်၊ ဆရာတော်၊ သျှင်ဖော်ကျောင်းမှာ၊ ရွီးကာပြန်။ ရွှီကျောင်းသခင်၊ အသျှင်တစ၊ ပန်းတံမင်းသား၊ တပည့်မောင်ကို၊ စာလုံးပြ။ ပန်းဇင်းပျို၊ မောင်တိုတစ၊ ပန်းတံမင်းသား၊ လူလှမောင်ကို၊ စာကြောင်းပြ။ ပန်းတံမင်းသား၊ မောင်တာလွှတ်လွှတ်၊ ရွှီကျောင်းသခင်၊ အသျှင်ဘားမှာ၊ စာမဖတ်။ ရွှီကျောင်းသခင်၊ အသျှင်မာန်ပေါက်၊ နဖူးစမှာ၊ ရွှီရောင်တောက်။ စာကြိုးနှင့်နှောင်၊ စာပေါင်နှင့်သတ်၊ ပန်းတံမောင်ကို၊ ကျောင်းလက်ခင်းမှာ၊ လှုးပျာသတ်တေ။ မျက်ခမ်းထဲမှာ၊ မျက်ရည်ဖျင်ဖျင်၊ စာလုံးကိုပင်၊ ကြည့်မမြင်။ တဆယ့်ငါးနှစ်၊ ပန်းတံမင်းသား၊ လူလှမောင်၊ ဆရာတော်၊ သျှင်ဖော်ကျောင်းမှာ၊ လူသျှင်ဖြစ်တေ။
ကိုးလကပင်၊ သံတွဲသူကို၊ ကိုယ်ဝန်ကြင်။ ကျွန်မပြည့်ကူ၊ ကိုယ်ယူကိုယ်မ၊ သနားစဖွယ်၊ သျှင်မ၀မ်းကို၊ စမ်းကြည့်ရေခါ၊ ယောက်ျားမဖြစ်၊ ချစ်သျှင်မမှာ၊ မိမ္မဖြစ်မည်။ မိမ္မဖြစ်လဲ၊ အရှင်မမွီး၊ ချစ်သျှင်မမှာ၊ အသီမွီးဖို့၊ ဇောင်လဲအလို၊ ပြည့်ကျွန်မမှာ၊ ဇမ်းတိုက်ဆို။ ဇောင်စကားကို၊ ကြားရေနိက၊ ရခိုင်မင်းပင်၊ အသျှင်တရီး၊ နန်းတောင်ယာမှာ၊ ကြောင်းကြကြီး။ ငါ့မှာဟိငြား၊ ရွှီကလောင်ကိုင်၊ ဇကိုင်ကြီး၊ မတ်ကြီးမနီ၊ ငါအနားတွင်၊ ခုရောက်စီ။ ငွေကလောင်ကိုင်၊ ဇကိုင်ကြီး၊ မှုးကြီးမနီ၊ ငါအနားတွင်၊ ခုရောက်စီ။ ရွှီကလောင်ကိုင်၊ ဇကိုင်ကြီး၊ မတ်ကြီးလေးသွယ်၊ နန်းတောင်ညာမှာ၊ ရောက်လာရေ။ ငွေကလောင်ကိုင်၊ ဇကိုင်ကြီး၊ မှုးကြီးလေးသွယ်၊ နန်းတောင်ညာမှာ၊ ရောက်လာရေ။ ရွှီကလောင်ကိုင်၊ ဇကိုင်ကြီး၊ မတ်ကြီးမနီ၊ ကံ့ကူသည်နှင့်၊ ၀လံသည်ကို၊ ရခိုင်မြို့မှာ၊ ခုရှာခီ။ ငွေကလောင်ကိုင်၊ ဇကိုင်ကြီး၊ မှုးကြီးမနီ၊ ကံ့ကူသည်နှင့်၊ ၀လံသည်ကို၊ ရခိုင်မြို့မှာ၊ ခုရှာခီ။ ကံ့ကူသည်နှင့်၊ ၀လံသည်၊ မောင်ဖွားလေးသွယ်၊ နန်းတောင်ညာမှာ၊ ရောက်လာရေ။ တချက်နှစ်ချက်၊ ပျိုင်သင်ပုန်းကို၊ ခေါက်၍တွက်သော်၊ ချစ်သျှင်မမှာ၊ ယောင်္ကျားမဖြစ်၊ မိမ္မဖြစ်မည်။ မိမ္မဖြစ်လည်း၊ အရှင်မမွီး၊ ချစ်သျှင်မမှာ၊ အသီရာမွီးမည်။ ဇောင်လဲလေ၊ ဇောင်လဲအလို၊ ကံ့ကူသည်နှင့် ၀လံသည်မှာ၊ တွက်တိုင်းဆိုရေ။
ကိုးလကပင်၊ ဆယ်လစိမြောက်၊ သမီးတော်ကို၊ ဖွားလာရေခါ၊ သမီးတော်ကို၊ အရှင်မမွီး၊ နန်းတောင်ညာမှာ၊ အသီရာမွီးရေ။ ဇောင်စကားကို၊ ကြားရေနိက၊ နဖူးကိုခတ်၊ ရင်ကိုသတ်၊ ရပ်ပတ်ကြိုကြို၊ နို့သျှင်မိနှင့်၊ နို့သျှင်ဖမှာ၊ လှူးလို့ငိုခါ၊ အထက်ဒေ၀ါ၊ အသျှင်သိကြား၊ ခင်းထားကမ္မလာ၊ နီရာသင်းဖုန်း၊ တင့်ကြော့လုံးစုံ၊ သိကြားဖုံမှာ၊ မနီနိုင်ဘဲ၊ နတ်မျက်စိတထောင်၊ အဟန်ဆောင်၊ နတ်ပြည်ယာဉ်ကို၊ ကြည့်လိုက်မူကား၊ မည်သည်မျှပင်၊ မမြင်ကျင်။ လူ့မျက်တထောင်၊ အဟန်ဆောင်၊ ကြည့်လိုက်မူကား၊ ရခိုင်ဘုရင်၊ အသျှင်တရီး၊ သမီးကညာနှင့်၊ ကြောင့်ကြကြီး။ ငါတာခုဝေ၊ ရခိုင်မင်းကို၊ မခီမည်။ ရွှီကြိုးခုနှစ်ပင်၊ သျှင်သိကြားမှာ၊ စလွယ်တင်၊ လက်မှာပြောင်းဝင်း၊ ခရုသင်း၊ သိကြားမနီ၊ သံတွဲသူကို၊ သိကြားရီစင်၊ ဖြန်းလီရေခါ၊ အသက်ကေ၀င်ပြီး၊ ၀ွါးဝွါးဝွါးလို့ ငိုလီရေ။
အသက်ကေ၀င်ပြီး၊ ရခိုင်မင်းပင်၊ အသျှင်တရီး၊ နို့ကောင်းသူကို၊ ကောင်းရာရွီးလို့၊ သားကောင်းသားဖြူ၊ နို့ကောင်းသူကို၊ ကောက်ယူစို့ငြား၊ အသားဖြူကေ၊ မိမ္မနို့သယ်၊ ပူသယ်နို့ရည်၊ ထိုသည်မိမ္မ၊ ဣထိယ၊ ရာဇပုတ္တ၊ နို့ကောင်းရာမှာ၊ ရွီးကာမသွင်း။ နို့အုန်းသီးလျှင်၊ နို့လာပြင်းလျှက်၊ သူငယ်စို့ကေ၊ ခံတွင်းမကန်၊ မှောက်ကာလန်၊ နို့အံတတ်တေ။ ထိုသည်မိမ္မ၊ ဣထိယ၊ ရာဇပုတ္တ၊ နို့ကောင်းရာမှာ၊ ရွီးကာမသွင်း။ နို့ဖရုံလျှင်၊ သူငယ်စို့လျှက်၊ တအောင့်လောက်မှ၊ တပေါက်ရလို့၊ မ၀ခင်ပင်၊ သူငယ်ရို့မှာ၊ ပျင်းစိတ်ဝင်လို့၊ မစို့ချင်။ ထိုသည်မိမ္မ၊ ဣထိယ၊ ရာဇပုတ္တ၊ နို့ကောင်းရာမှာ၊ ရွီးကာမသွင်း၊၊ မမဲမဖြူ၊ မဆူမကြုံ၊ နို့အုံညီညွတ်၊ စနီနံ၊ ရွှီရင်ဖတ်မှာ၊ သားမြတ်မကျ၊ ဘေးတဖက်က၊ တနာရီမှာ၊ လေးယောက်ထလို့၊ သံတွဲသူ၊ ဖြူမယ်လှကို၊ မြဧယိုင်မှာ၊ တင်ကာထားကေ၊ မွီးစားရေလေ။
ခုနှစ်နှစ်သမီး၊ အရွယ်ရောက်သောအခါ၊ ဆံထုံးထုံးတတ်၊ ပန်းပန်တတ်၊ ရပ်တတ်ကပင်၊ သံတွဲသူကို၊ ယိုင်ခတ်သင်။ ဦးစံတင်၊ အယင်မွီးကေ၊ မယ်ကြီးတစ၊ သံတွဲသူကို၊ ယိုင်ကြောင်းပြ။ လွမ်းလို့ကြင်၊ နို့သျှင်တစ၊ သံတွဲသူ၊ ချစ်သမီးကို၊ ရွမ်းကြောင်းပြ။ သံတွဲသူ၊ ချစ်ဖြူလွှတ်လွှတ်၊ မြယိုင်စင်မှာ၊ မခတ်တတ်။ လွမ်းလို့ကြင်၊ နို့သျှင်မာန်ပေါက်၊ နဖူးစမှာ၊ ရွှီရောင်တောက်။ ယိုင်ကြိုးနှင့်နှောင်၊ ယိုင်ပေါင်နှင့်သတ်၊ သံတွဲသူကို၊ မြယိုင်စင်မှာ၊ ကြင်းပျာသတ်ခါ၊ မျက်ခမ်းထဲမှာ၊ မျက်ရည်ဖျင်ဖျင်၊ သံတွဲသူမှာ၊ ခြည်လုံးကိုပင်၊ ကြည့်မမြင်။ တဆယ့်ငါးနှစ်၊ သံတွဲသူမှာ၊ မိခင်အိမ်နှင့်၊ ဖခင်အိမ်မှာ၊ လူသျှင်ဖြစ်တေ။ တလင်္ဂုနီ၊ စနီရန်ဖက်၊ သံတွဲသူနှင့်၊ ပန်းတံမောင်မှာ၊ တဂြက်ဂြက်။ ရက်ကမသင့်၊ အရီးကေအသျှင်၊ အခင်ပင် မသနား၊ သံတွဲသူနှင့်၊ ပန်းတံမောင်ကို၊ သံတွဲမြို့နှင့်၊ ရခိုင်မြို့မှာ၊ ခွဲလို့ထားရေ။ တဆယ့်ငါးနှစ်၊ အရွယ်ရောက်ခါ၊ သံတွဲသူမှာ၊ လူသျှင်ဖြစ်တေ။ တဖက်ကေတချက်၊ သံတွဲသူမှာ၊ မြယိုင်စင်မှာ၊ နွှဲပျာရက်တေ။ အဖြူရွန်းကို၊ နှိပ်ပျာထိုးလို့၊ ချောင်းမှာနီရေ၊ ပုဇွန်စိတ်ကေ၊ ငါးချေမကြွင်း၊ မယ်လက်ရာမှာ။ ပေါ်ပျာလတ်ကေ၊ ဆင်မျက်ကွင်း။ အနီရွန်းကို၊ နှိပ်ပျာထိုးလို့၊ တောမှာနီရေ၊ ပုရွက်စိတ်ကေ၊ နှံချေမကြွင်း၊ မယ်လက်ရာမှာ၊ ပေါ်ဗျာလတ်ကေ၊ အံကိုးကွင်း။ တဖက်တချက်၊ သံတွဲသူမှာ၊ မြယိုင်စင်မှာ၊ နွဲပျာရက်ခါ၊ ညှိုးညှိုးငယ်ငယ်၊ သံတွဲသူမှာ၊ အိမ်သာယာကို၊ တက်ခရေ။ မိနံဘားနှင့်၊ ဖနံဘားမှာ၊ ထိုင်လာရေ။
လက်ခြီဆယ်ချောင်း၊ စုံစွာပေါင်း၊ လက်ကောက်ရုံ့တုံ၊ ကြာမုံအဆင်၊ လက်ဆယ်ချောင်းကို၊ ဦးထိပ်တင်။ ကိုယ်ပင်ပင်၊ ကိုယ်ပင်ရိုကျိုး၊ မိနှင့်ဖကို၊ ရှိမိုးခိုးရေ၊၊ မြင်းမိုရ်ကြီးခြင်း၊ ငါ့ကိုကြင်ကေ၊ မွီးဖရင်း။ ဖခင်ပဒေ၊ ပီးလိုက်လီ။ မြင်းမိုရ်ကြီးခြင်း၊ ငါ့ကိုကြင်ကေ၊ မွီးမိရင်း။ မိခင်ပဒေ၊ ပီးလိုက်လေ။ အချေကပင်၊ တခါရံထူး၊ ရွှီစလောင်းနှင့်၊ ဆွမ်းကောင်းမယ်ထွီး၊ ပန်းဇင်းပျိုကို၊ မလောင်းဖူး။ ရင်ဝလေးတောင်၊ ဇောက်သျှစ်တောင်၊ ရောင်တော်ညီးညီး၊ ဂူတော်တိုက်မှာ၊ ဘုရားကြီး။ တခါရံပင်၊ မြတ်သျှင်ပင်ကို၊ မဖူးဖူး။ မယ်ဒါဒါ၊ မယ်ဒါခုဝယ်၊ နို့သျှင်မိနှင့်၊ နို့သျှင်ဖယောင်၊ ကူတော်တိုက်မှာ၊ ရွှီကျောင်းသခင်၊ အသျှင်မြတ်ကို၊ ရွှီစလောင်းနှင့်၊ ဆွမ်းကောင်းမယ်ထွီး၊ လောင်းခီမည်။ ငွေစလောင်းနှင့်၊ ဆွမ်းကောင်းမယ်ထွီး၊ လောင်းခီမည်။ ရင်ဝလေးတောင်၊ ဇောက်သျှစ်တောင်၊ ရောင်တော်ညီးညီး၊ ကူတော်တိုက်မှာ၊ ဘုရားကြီး။ ဒေါ်လဲလေ၊ ဒေါ်လဲခုဝယ်၊ မြတ်သျှင်ပင်ကို၊ ဖူးခီမည်။ ဖခင်ပဒေ၊ ပီးလိုက်လီ။ မိခင်ပဒေ၊ ပီးလိုက်လီ။ ပဒေတောင်းလီရေ။
လားကားလားခီ၊ ချစ်သမီးလေ၊ တံဆီးတပေါက်၊ ယင်မသောက်ခင်၊ မိခင်ထံနှင့်၊ ဖခင်ထံမှာ၊ ခုရောက်စီ။ ဇောင်ပိုင်ပိုင်၊ ဇောင်ပိုင်လည်းဆို၊ သံတွဲသူ၊ ချစ်သူဆွမ်းပန်း၊ ချက်လတ်တေ။ ဆွမ်းပန်းချက်ပြီး၊ မြသပိတ်မှာ၊ ခူးပျာထည့်ခါ၊ လေးတောင်ကျော်၊ ငါးတောင်တိုက်ကို၊ ၀င်ခရေ။ တပင်တပင်၊ မယ့်ဆံပင်ကို၊ ဆီနှင့်ပျင်၊ တပင်ထက်မှာ၊ နှစ်ပင်ပျံ့ပျူး၊ မယ့်ဆံပင်ကို၊ ပန်းဆီလူးရေ၊။ ဆင်စွယ်အဖီး၊ ဆိုင်သာယာမှာ၊ အဖ၀ယ်ကေ၊ ငါးဆယ်ပီး။ မဖြီးစလို၊ မကိုင်စလောက်၊ ၀က်ခေါက်မျှမျှ၊ နဖူးပြင်မှာ၊ တင်ပျာထားကေ၊ မိမျက်တွက်။ မိမ္မဆံထုံး၊ ကျောက်သားလုံး၊ ရွန်းလုံးဆံကျင်၊ စမ်းမမြင်။ သီသီသပ်သပ်၊ သံတွဲသူ၊ မယ်ထွီးဂေါင်းမှာ၊ မြဆံထုံးကို၊ ထုံးပြန်လတ်ကေ၊ ချောမွတ်မွတ်နှင့်၊ ဥဒေါင်းကေအတောင်၊ ကျီးတောင်ဆံဆပ်၊ မယ်ရို့ဂေါင်းမှာ ပန်းမွှီးမွှီးနှင့်။ နားမှာကြည့်လည်း၊ ကလုတ်ကယင်၊ စီရင်တဖက်၊ သံတွဲသူ၊ မယ်ထွီးနားမှာ၊ မြနားဘက်နှင့်။ လက်မှာကြည့်လည်း၊ ဖောက်ဖီးပွင့်နွယ်လိမ်၊ ကျောက်မျက်စီ၊ မှန်စီတဖက်၊ ဘယ်ဖက်လက်နှင့်။ ညာဖက်လက်မှာ၊ ပြောင်ပြောင်လက်တေ။ ကိုယ်မှာကြည့်လည်း၊ သရက်ကေအကျ၊ မယူပန်းခက်၊ ဥဒေါင်းကြိုးကြာ၊ ကိန္နရာ၊ ရုပ်ပုံများစွာ၊ မယ်ဘာဇူမှာ၊ ရုပ်ပုံချလို့၊ သံတွဲသူ၊ ချစ်သမီးမှာ၊ ၀တ်လတ်တေ။ ခါးမှာကြည့်လည်း၊ မှင်းကျိုးပွင့်ထပိန်၊ အခြီသုံးဆင့်၊ မှင်းကျိုးပွင့်ကို၊ ၀တ်လတ်တေ။ ဒွါဒရာ၊ မောက်ကာခါးကြိုး အဖျားစိုင်မှာ၊ ရွှီခြည်ထိုး။ ခါးကြိုးတရပတ်၊ ပန်းပုံချပ်။ မြဲပါစီချင်၊ ခယောက်ငင်။ ဒေါ်ပင်ပင်၊ ဒေါ်ပင်သီသပ်၊ ခါးကြိုးမွှီးကို၊ အောက်ကချပ်တေ။ သံတွဲသူ၊ ချစ်သမီးမှာ၊ ၀တ်လတ်တေ။
ဟော့ဟန်းမရယ်၊ သံတွဲသူ၊ ချစ်သူရယ်ကေ၊ ခပြုံးရယ်။ တခါရယ်၊ ငါးဆယ်တန်ယင့်။ ကုလားမရမာ၊ လူတာတသီး၊ သံတွဲသူကို၊ သတင်းမီးရေ။ ကုလားမရမာ၊ မြင်သမျှလူ၊ သံတွဲသူ၊ မယ်ကိုမြင်ကေ၊ နှလုံးပူ။ ညှိုးညှိုးငယ်ငယ်၊ သံတွဲသူကား၊ သံတွဲမြို့ကို၊ အိမ်သာယာက၊ ထွက်ခရေ။ အိမ်သာယာက၊ ဆင်းခရေ။ မချီချင်၊ ချီချင်ဖ၀ါး၊ ကမ်ဖာမြီမှာ၊ ကင်းနှယ်တွား။ တို့တီတီ၊ တို့တီတို့တွတ်၊ ကြက်တည်ကျင်လေ၊ မြီမှာယက်ယောင်။ အယွေရောက်မ၊ ဘုရားဖူးဇောင်၊ မလားလား။ ရောက်မအယွေ၊ ဘုရားဖူးဇောင်၊ လားကတ်မည်။ လာလဲလေ၊ လာလဲမယ်ယေ၊ ဂူတော်တိုက်ကို၊ လားကတ်မည်။ ရင်ဝလေးတောင်၊ ဇောက်သျှစ်တောင်၊ ရောင်တော်ညီးညီး၊ ဂူတော်တိုက်မှာ၊ မြတ်သျှင်ပင်လေ၊ ဘုရားကြီး။ လာလဲလေ၊ လာလဲမယ်ယေ၊ မြတ်သျှင်ပင်ကို၊ ဖူးကတ်မည်။ သံတွဲသူ၊ ချစ်သူမြူးပျော်၊ သံတွဲမြို့မှာ၊ ကျူးလို့ခေါ်ရေ။ ရှိကကြည့်လည်း၊ ရှိကဗိုလ်ကျိုင်၊ သံတွဲသူမှာ။ ရွီမနိုင်။ နောက်ကကြည့်လည်း၊ နောက်ကဗိုလ်ကျိုင်၊ သံတွဲသူမှာ၊ ရွီမနိုင်။ ဗိုလ်ကျိုင်ကျိုင်၊ ဗိုလ်ကျိုင်အကြား၊ မချီချင်၊ ချီချင်ဖ၀ါး၊ သံတွဲသူ၊ ချစ်သူဖ၀ါး၊ ကမ်ဖာမြီမှာ၊ ကင်းယောင်တွား။ တို့တီတီ၊ တို့တီတို့တွတ်၊ ကြက်တည်ကျင်လေ၊ မြီမှာယက်ယောင်။ ဗိုလ်ကျိုင်ကျိုင်၊ ဗိုလ်ကျိုင်အကြား၊ ဇင်္ကြန်လမ်းကို၊ လျှောက်လှမ်းလားရေ။ လားတုံလားတုံ၊ လားငြားတုံ၊ လားစိုင်လားစိုင်၊ လားငြားစိုင်၊ လားစိုင်တုံမြောက်၊ ဂူတော်တိုက်မှာ၊ ဇီတေ့ရောက်တေ။
ပန်းတံမင်းသား၊ လူလှမောင်မှာ၊ ကျောင်းခြီတထောင်၊ ပိုင်ရေဘုန်းကြီး၊ မြတ်လေးလွမ်းကြင်၊ ဂူတော်တိုက်မှာ၊ ရွှီကျောင်းသျှင်၊ အသျှင်ဘုန်းကြီး၊ သံစည်ကြောင်၊ ညောင်ညောင်တီး။ ဘုန်းကြီးမြတ်မွန်၊ နာမည်ကောင်းကေ၊ ၀ိဟာစံ။ အသျှင်နောက်က၊ ပန်းတံမင်းသား၊ လူလှမောင်မှာ၊ ကိုယ်ကြပ်မကွာ၊ ပါလီရေ။ ကျောင်းတလင်းမှာ၊ ပန်းတံမင်းသား၊ လူလှမောင်၊ မောင်တာညှိုးငယ်၊ သူငယ်ချင်းနှင့်၊ ဒိုးတလင်းမှာ၊ ဒိုးထိုးရေ။ ကျောင်းတလင်းမှာ၊ အံလူးရေ။ နှမမယ်၊ မယ်လေလာဆိုက်၊ မောင်လာခိုက်၊ မျက်ရစ်လုံးဆုံ၊ ကျောင်းတလင်းမှာ၊ ဇိတေ့ကြုံ။ မောင်ကိုကို၊ မောင်ကိုမြင်လို့၊ ကျီးကန်းရွီမှာ၊ ငှက်ဝါတကောင်၊ ကျသို့ယောင်။ ခပြီခပြုံး၊ သံတွဲသူမှာ၊ မြပ၀ါကို၊ သွားမှာဖုံး။ ခပြုံးရယ်သွင်၊ မောင်ကိုမြင်ကေ၊ ရယ်မှုဆင်။
အသူ့ရင်သွီး၊ ပါးတံရင်းမှာ၊ ညှင်းယင်ပြီးကေ၊ မယ့်မောင်ကြီး။ မောင်တာဒါ၊ မောင်ဒါလွှတ်လွှတ်၊ မိစိုင်လာနှင့်၊ ဖစိုင်လာကို၊ ပြောပြလတ်။ ပန်းတံမင်းသား၊ လူလှမောင်က၊ ဇောင်စကားကို၊ ကြားရေနိက၊ ခပြီခပြုံး၊ ပန်းတံမင်းသား၊ လူလှမောင်မှာ၊ ပုဝါချေကို၊ သွားမှာဖုံး။ ခပြုံးရယ်သွင်၊ သူ့ကိုမြင်ကေ၊ ရယ်မှုဆင်။ ငါတာတာ၊ ငါတာကိုယ်တိုင်၊ မိစိုင်လာနှင့်၊ ဖစိုင်လာကို၊ မပြောနိုင်။ မိစိုင်လာနှင့်၊ ဖစိုင်လာကို၊ သိချင်ကေလေ၊ သိချင်သို့သော်၊ ကျောင်းခြီတထောင်၊ ပိုင်ရေဘုန်းကြီး၊ မြတ်လေးလွမ်းကြင်၊ ဂူတော်တိုက်မှာ၊ ရွှီကျောင်းသျှင်။ အသျှင်ဘုန်းကြီး၊ သံစည်ကြောင်၊ ညောင်ညောင်တီး။ ဘုန်းကြီးမြတ်မွန်၊ နာမည်ကောင်းကေ၊ ၀ိဟာစံ။ မိစိုင်လာနှင့်၊ ဖစိုင်လာကို၊ သိချင်ကေလေ၊ ရွှီကျောင်းသခင်၊ အသျှင်မြတ်ကို၊ မီးကြည့်လီ။ ငါတာတာ၊ ငါတာကိုယ်တိုင်၊ မိစိုင်လာနှင့်၊ ဖစိုင်လာကို၊ မပြောနိုင်။
ရယ်ပြုံးရယ်ပြုံး၊ သံတွဲသူ၊ ငယ်မျောက်သားက၊ ကျောင်းသာယာကို၊ တက်ခရေ။ ရွှီစလောင်းနှင့်၊ အသျှင်မြတ်ကို၊ ဆွမ်းကောင်းမယ်ထွီး၊ လောင်းလီရေ။ ငွေစလောင်းနှင့်၊ ဆွမ်းကောင်းမယ်ထွီး၊ ပန်းဇင်းပျိုကို၊ လောင်းလီရေ။ ရွှီစလောင်းနှင့်၊ ဆွမ်းကောင်းလောင်းပြီး၊ ရင်ဝလေးတောင၊် ဇောက်သျှစ်တောင်၊ ရောင်တော်ညီးညီး၊ ဂူတော်တိုက်မှာ၊ ဘုရားကြီး။ ပန်းမကောင်းလည်း၊ ပန်းကောင်မယ်မှာ၊ တင်လတ်တေ။ ဆုမကောင်းလည်း၊ ဆုကောင်းမယ်မှာ၊ တောင်းလတ်တေ။ ဆုကောင်းတောင်းပြီး၊ ပန်းတင်ပြီးခါ၊ နီလဲခညို၊ ညချမ်းနီမှာ၊ တောင်ရိပ်ခို၊ ဂြိုးညိုအိပ်ဆိုက်၊ ကူတော်တိုက်မှာ၊ ညလည်းမိုက်။ မယ်ထွီးလားချိန်၊ ညချမ်းနီမှာ၊ ပိုးပွင့်ချိန်။ လားချိန်တန်၊ လားစိုင်မယ်ရို့၊ လွမ်းလို့ကြင်၊ နို့သျှင်မိနှင့်၊ နို့သျှင်ဖက၊ ဒေါ်လာပျာလို့၊ တန်းကိုလက်ကိုင်၊ တိုင်ကိုလက်ဆွဲ၊ နွဲ့ကောင်းသာဖွယ်၊ သံတွဲမြို့က၊ မျှော်ယင့်မည်။
လက်ခြီဆယ်ချောင်း၊ သံတွဲသူမှာ၊ ဆုံစွာပေါင်း၊ လက်ကောက်ရုံ့တံ၊ု ကြာမုံအဆင်၊ ဆယ်ချောင်းလက်ကို၊ ဦးထိပ်တင်။ ကိုယ်ပင်ပင်၊ ကိုယ်ပင်ရိုကျိုး၊ ရွှီကျောင်းသခင်၊ အသျှင်မြတ်ကို၊ ရှိမိုးခိုး။ ရွှီကျောင်းသခင်၊ အသျှင်လွှတ်လွှတ်၊ မိစိုင်လာနှင့်၊ ဖစိုင်လာကို၊ ပြောပြလတ်။ ရွှီကျောင်းသခင်၊ အသျှင်ခုဝေ၊ မိစိုင်လာနှင့်၊ ဖစိုင်လာကို၊ ပြောပြရေ။ အရှိမဏ္ဍိုင်၊ ကိုးမြို့ပိုင်၊ ရခိုင်ခိုင်၊ ရခိုင်မြို့စား၊ နန်းတောင်ညာမှာ၊ စံကာဖွားကေ၊ ဘုရင်သား။ ဆံထုံးကွင်းချွတ်၊ နဘီဝတ်၊ ချောမွတ်ရွှီရောင်။ ရခိုင်ကျွန်းမှာ၊ ပန်းတံမောင်ချင့်၊ နင့်မျောက်သားချင့်၊ နင်မသိလား။ ဇောင်စကားကို၊ ကြားရေနိက၊ သံတွဲသူ၊ မယ်တာ အားပါးရလီရေ။
နှမမယ်၊ မယ်လေလာခိုက်၊ မောင်လာဆိုက်။ မျက်ရစ်လုံးဆုံ၊ ကျောင်းတလင်းမှာ၊ ဇီတေ့ကြုံခါ၊ ပန်းတံမင်းသား၊ လူလှမောင်၊ ကျောင်းတလင်းမှာ၊ ဒိုးထိုးရေ၊၊ ကျောင်းတလင်းမှာ၊ အံလှူးရေ။ သံတွဲသူမှာ၊ မောင်ကိုယ်ကို၊ မောင်ကိုမြင်လို့၊ ကပြီကပြုံး၊ မြပုဝါကို၊ သွားမှာဖုံး။ ကပြုံးရယ်သွင်၊ မောင်ကိုမြင်ကေ၊ ရယ်မှုဆင်။ အရှိမဏ္ဍိုင်၊ ကိုးမြို့ပိုင်၊ ရခိုင်ခိုင်၊ ရခိုင်မြို့စား၊ နန်းတောင်ညာမှာ၊ စံကာဖွားကေ၊ ဘုရင့်သား။ ဆံထုံးကွင်းချွတ်၊ နဘီဝတ်၊ ချောမွတ်ရွှီရောင်၊ ရခိုင်ကျွန်းမှာ၊ မျောက်သားမောင်၊ မယားလျာ၊ သားလျာမောင့်မှာ၊ ဟိရေလား။ မယားလျာ၊ သားလျာစမ်းလည်း၊ သံတွဲမြို့မှာ၊ စမ်းခလေ့။ ဇောင်စကားကို၊ ကြားရေအခါ၊ ပန်းတံမင်းသား၊ လူလှမောင်မှာ၊ ကပြီကပြုံး၊ ပုဝါချေကို၊ သွားမှာဖုံး။ ကပြုံးရယ်သွင်၊ မယ်ကိုမြင်ကေ၊ ရယ်မှုဆင်။ သံတွဲသူ၊ ငယ်မျောက်သားဝေ၊ ချစ်လိပ်ပြာစင်၊ မောင်စကားကို၊ ရွှီနားတင်၊၊ တလင်္ဂုနီ၊ စနီရန်ဖက်၊ ဒေါ်နှင့်မောင်မှာ၊ တဂြက်ဂြက်။ ရက်ကမသင့်။ အရီးကေအသျှင်၊ အခင်ပင် မသနား၊ ဒေါ်နှင့်မောင်ကို၊ သံတွဲမြို့နှင့်၊ ရခိုင်မြို့မှာ၊ ခွဲလို့ထားရေ။ ဘဇောင်ကြံကေ၊ ၀ါးတလုံးမှာ၊ ကုန်းချင်းနံပြိုင်၊ အတူထိုင်၊ ရွှီလိုင်ကိုဆွဲ၊ သံတွဲမြို့နှင့်၊ ရခိုင်မြို့မှာ၊ ပျော်ရမည်။ ပန်းတံမင်းသား၊ လူလှမောင်၊ မောင်တာစကား၊ ပြောလိုက်တေခါ၊ သံတွဲသူ၊ ငယ်မျောက်သားက၊ အမိမကြိုက်၊ ဟိလီပတ်စီ၊ အဖမကြိုက်၊ ဟိလီပတ်စီ၊ နှစ်ပါးကြိုက်သူ၊ သဘောတူကေ၊ ယူလီဖို့ရာ။ လာရာလာလတ်၊ မောင်တယောက်ကို၊ လက်မလွှတ်။ ဇောင်ပိုင်ပိုင်၊ ဇောင်ပိုင်ခုဝေ၊ ဇောင်စကားကို၊ သံတွဲသူမှာ၊ ပြောလီရေ။ ယင်းပိုင်ဆိုပြီး၊ သံတွဲသူ၊ ငယ်မျောက်သားကား၊ သံတွဲမြို့ကို၊ ပြန်လီရေ။
အခြီဝင်းဝင်း၊ ကြက်မင်းလည်းတွန်၊ သံတွဲမြို့မှာ၊ မိုးလင်းပြန်ခါ၊ ပန်းတံမင်းသား၊ လူလှမောင်မှာ၊ သံတွဲသူ၊ ငယ်မျောက်သားထံ၊ လားလီရေ။ အသီးတိုတောင်း၊ ဗိုင်းဝင့်ရာနှင့်၊ ခြည်ဖြတ်ရာမှာ၊ သံခြည်ခေါင်း၊ နှစ်ပါးစံပါယ်၊ ဒေါ်နှင့်မောင်မှာ၊ ခြည်ခေါင်း မောင်နှင့်မှုတ်ကတ်တေ။ ခနဲစကား၊ ဘားဇီစကား၊ ပြောလီရေ။ ခုနှစ်ကယ်ရက်၊ သျှစ်ရက်စိလို့၊ ဥဒရာဇ်စံပါယ်၊ မြုံပြည်ရပ်က၊ ဇရပ်ကျိုးနှင့်၊ သီကျိုးနာမည်၊ မြုံပြည်ရပ်က၊ ပင့်ဆိုင်းရေ။ ခုနှစ်ကယ်ရက်၊ သျှစ်ရက်စိကေ၊ ပန်းတံမင်းသား၊ လူလှမောင်မှာ၊ ရွှီကျောင်းသခင်၊ အသျှင်နောက်က၊ ကိုယ်ကြပ်မကွာ၊ မြုံပြည်ရပ်ကို၊ လားရမည်။ ဇောင်စကားကို၊ ပန်းတံမင်းသား၊ လူလှမောင်မှာ၊ သံတွဲသူ၊ ချစ်မျောက်သားကို၊ ပြောလီရေ။ သံတွဲသူ၊ ချစ်မျောက်သားဝေ၊ ဇရပ်ကျိုးနှင့်၊ သီကျိုးနာမည်၊ ဥဒရာဇ်စံပါယ်၊ မြုံပြည်ရပ်က၊ ပင့်ဆိုင်းရေ။ ကျောက်ဂူဘုရား၊ ခုနှစ်ပါးလည်း၊ တည်လိမ့်မည်။ သဲဇာတီလည်း၊ တည်လိမ့်မည်။ အကောက်တထောင်၊ ၀င်္ဂပါလည်း၊ တည်လိမ့်မည်။ ချောင်းကြီးလဟာ၊ မကူးသာ၊ ချောင်းငယ်ပျက်လက်၊ တန်းထားပျက်ကို၊ ဆင်လိမ့်မည်။ အတောင်သုံးဆယ်၊ တင်းခွန်ရှည်ကို၊ လွှင့်လိမ့်မည်။ မြုံပြည်အရပ်က၊ ပင့်ထားရေ။ များများမကြာ၊ မြုံပြည်အရပ်မှာ၊ သုံးနှစ်တာ၊ ငါတာခုဝယ်၊ ရွှီကျောင်းသခင်၊ အသျှင်နောက်က၊ ကိုယ်ကြပ်မကွာ၊ မြုံပြည်အရပ်ကို၊ လားရဖို့ယာ။ ဇောင်စကားကို၊ ကြားရေနိက၊ မယ်တာတရီး၊ သံတွဲသူမှာ၊ ကြောင်းကြကြီးရေ။ ဘဇောင်ကြံကေ၊ မြုံပြည်ရပ်ကိ၊ု လားနိုင်မည်။ လားပြန်ကေလည်း၊ မြုံမင်းသမီး၊ အထွီးလှစွာ၊ နာမည်ထားကေ၊ ပန်းနီလာ။ အသက်သုံးဆယ်၊ အရွယ်တိုင်ပြီး၊ ပန်းနီလာကို၊ လင်မပီး။ သူ့လင်မြင်ကေ၊ ဖျက်တတ်တေ။ သူ့သားမြင်ကေ၊ ဖျက်တတ်တေ။ ဖျက်တေအစစ်၊ ပန်းနီလာမှာ၊ မြုံပြည်ဈီးမှာ၊ ကွမ်းမျက်ချစ်နှင့်၊ မောင်ကိုမြင်လီ၊ ကပြီကပြုံး၊ မြပ၀ါကို၊ သွားမှာဖုံး။ ကပြုံးရယ်သွင်၊ မောင်ကိုမြင်ကေ၊ ရယ်မှုဆင်ဖို့။ ရယ်မှုလည်းဆင်၊ ယင်းခါမချို့၊ မြုံပြည်ရပ်မှာ၊ ပန်းနီလာနှင့်၊ ပျော်လီဖို့။ သူ့ဓါးကိုကိုင်၊ သူ့အပိုင်။ သူရီကိုသောက်၊ သူ့လက်အောက်။ အရာတဖန်၊ သံထန်ပြန်လို့၊ မယ်ထံပါးသို့၊ ရောက်ခဲဖို့။ ဇောင်ပိုင်လည်းဆို၊ သံတွဲသူမှာ၊ ငိုလည်းငို။ သံတွဲသူ၊ ချစ်မျောက်သားဝေ၊ တပြည်ပြည်၊ တပြည်ကားကွဲ၊ မောင်တယောက်ကို၊ မကြောင့်ကြကဲ့။ ထပိန်တိုတောင်း၊ ရိုင်းသူမမှာ၊ ၀ါးနဒေါင်းနှင့်၊ စကားကိုထက်၊ ဘားဇီကိုပင်၊ ပန်းနီလာကို၊ မပြောချင်။ တဖဲ့ကေ၊ တဖဲ့ကိုမျှ၊ သံတွဲသူ၊ ငယ်မျောက်သားဝေ၊ မကြောင့်ကြကဲ့။ များများမကြာ၊ မြုံပြည်ရပ်မှာ၊ သုံးနှစ်တာ။ ဒန်းစိထိုက်ထံ၊ သံတွဲသူ၊ ငယ်မျောက်သားမှာ၊ ရွှီဖျာထက်မှာ၊ ပျိုးထားပြန်။ ဒန်းစိလည်းပေါက်၊ သံတွဲမြို့မှာ၊ မောင်လည်းရောက်ဖို့။ ဇောင်ပင်တရီး၊ သံတွဲသူ၊ ချစ်မျောက်သားမှာ၊ မယုံသီး။ မဟုတ်ကေလဲ့၊ သံတွဲသူ၊ ချစ်မျောက်သားဝေ၊ နှစ်ပါးစံပါယ်၊ ဒေါ်နှင့်မောင်မှာ၊ သစ္စာခွင်ကို၊ တက်ကတ်မည်။ ဒါးရှည်လှံရှည်၊ မညောင်းရှည်၊ ဒါးရှည်စုံမြောက်၊ ဒေါ်နှင့်မောင်၊ သစ္စာခွင်မှာ၊ မိုးကြိုးကျောက်နှင့်၊ ကျောက်ခုံးတိုင်၊ သံတိုင်အကြား၊ ဒေါ်နှင့်မောင်မှာ၊ သစ္စာထား၊ ကျောက်ခုံးတိုင်၊ သံတိုင်ကျိုးလည်း၊ ကျိုးလီပတ်စီ၊ မောင်ထွီးသစ္စာ၊ မြုံပြည်ရပ်မှာ၊ ပန်းနီလာနှင့်၊ မယွင်းပါ။ ဇောင်ပိုင်ပိုင်၊ ဇောင်ပိုင်လည်းဆို၊ ဒေါ်နှင့်မောင်၊ သစ္စာမောင်နှင့်၊ ထားလီရေ။ ဒန်းစိထိုက်တန်၊ ရွှီကျေက်ဖျာမှာ၊ သံတွဲသူမှာ၊ ပျိုးထားပြန်။ ခုနှစ်ကေရက်၊ သျှစ်ရက်စိလို့၊ ရွှီကျောင်းသခင်၊ အသျှင်နောက်က၊ တောင်မွိခြင်းခြင်း၊ ပန်းတံမင်းသား၊ လူလှမောင်မှာ၊ ယပ်တစင်းနှင့်၊ သပိတ်အိုးလိုင်လွယ်၊ ရွှီကျောင်းသခင်၊ အသျှင်နောက်က၊ မြုံပြည်အရပ်ကို၊ လိုက်ခရေ။ လားစိုင်လားစိုင်၊ လားငြားစိုင်၊ လားစိုင်တုံမြောက်၊ မြုံပြည်ရပ်မှာ၊ ဇီတေ့ရောက်တေ။ မြုံပြည်ရပ်မှာ၊ ဇီတေ့ရောက်ခါ၊ အကောက်တထောင်၊ ၀င်္ကပါ၊ သျှစ်သောင်းလေးထောင်၊ တည်လီရေ။ သဲဇာတီလည်း၊ တည်လီရေ။ ကျောက်ဂူဘုရား။ ခုနှစ်ပါးလည်း၊ တည်လီရေ။ ချောင်းကြီးလဟာ၊ မကူးသာ၊ ချောင်းငယ်ပျက်လက်၊ တန်းထားပျက်ကို၊ ဆင်လီရေ။ အတောင်သုံးဆယ်၊ တင်းခွန်ရှည်ကို၊ လွှင့်လီရေ။ များများမကြာ၊ ပန်းတံမင်းသား၊ ရွှီကျောင်းသခင်၊ အသျှင်နောက်က၊ မြုံပြည်ရပ်မှာ၊ သုံးနှစ်ကြာရေ။ သုံးနှစ်ကြာခါ၊ မြုံမင်းသမီး၊ အထွီးလှစွာ၊ နာမည်ထားကေ၊ ပန်းနီလာ။ နှမမယ်၊ မယ်လေလာခိုက်၊ မောင်လာဆိုက်၊ မျက်ရစ်လုံးဆုံ၊ ပန်းနီလာနှင့်၊ ပန်းတံမင်းသား၊ လူလှမောင်မှာ၊ မြုံပြည်ဈီးမှာ၊ ဇီတေ့ကြုံ။ မောင်ကိုယ်ကို၊ မောင်ကိုမြင်လို့၊ ကပြီကပြုံး၊ မြပ၀ါကို၊ သွားမှာဖုံး၊ ကပြုံးရယ်သွင်၊ မောင်ကိုမြင်၊ ပန်းနီလာမှာ၊ ရယ်မှုဆင်။ ကျီးကန်းရွီမှာ၊ တုတ်ကျာတကောင်၊ ကျသို့ယောင်၊ အသူ့ရင်သွီး၊ ပါးတံရင်းမှာ၊ ညှင်းယင်ပြီးကေ၊ အသူ့သွီးလဲ။ မောင်တာဒါ၊ မောင်တာလွတ်လွတ်၊ မယ်ကိုချစ်ကေ၊ မိစိုင်လာနှင့်၊ ဖစိုင်လာကို၊ ပြောပြလတ်။ ဇောင်ပိုင်ပိုင်၊ ဇောင်ပိုင်လည်းဆို၊ ပန်းနီလာမှာ၊ မီးလီရေ။ ဇောင်စကားကို၊ ကြားရေခါက၊ ပန်းတံမင်းသား၊ လူလှမောင်မှာ၊ ကပြီကပြုံး၊ မြပ၀ါကို၊ သွားမှာဖုံး။ ကပြုံးရယ်သွင်၊ မယ်ကိုမြင်ကေ၊ ရယ်မှုဆင်။ ငါပင်ကိုယ်တိုင်၊ မိစိုင်လာနှင့်၊ ဖစိုင်လာကို၊ မပြောနိုင်။ မိစိုင်လာနှင့်၊ ဖစိုင်လာကို၊ သိချင်ကေလည်း၊ ကျောင်းခြီတထောင်၊ ပိုင်ရေဘုန်းကြီး၊ မြတ်လေးလွန်းကြင်၊ ဂူတော်တိုက်မှာ၊ ရွှီကျောင်းသျှင်၊ အသျှင်ဘုန်းကြီး၊ သံစည်ကြောင်၊ ညောင်ညောင်တီး။ ဘုန်းကြီးမြတ်မွန်၊ နာမည်ကောင်းကေ၊ ၀ိဟာစံ။ ပန်းနီလာ၊ ချစ်သူမယ်ဝေ၊ ရွှီကျောင်းသခင်၊ အသျှင်မြတ်ကို၊ မိစိုင်လာနှင့်၊ ဖစိုင်လာကို၊ မီးကြည့်လီ။ ပန်းနီလာ၊ ချစ်သူမနီ၊ ရွှီကျောင်းသခင်၊ အသျှင်ထံကို၊ တက်ခရေ။ လက်ခြီဆယ်ချောင်း၊ ပန်းနီလာမှာ၊ ဆုံစွာပေါင်း။ လက်ကောက်ရုံ့တုံ၊ ကြာမုံအဆင်၊ ဆယ်ချောင်းလက်ကို၊ ဦးထိပ်တင်။ ကိုယ်ပင်ပင်၊ ကိုယ်ပင်ရိုကျိုး၊ ပန်းနီလာမှာ၊ အသျှင်မြတ်ကို၊ ရှိမိုးခိုးရေ။ ရွှီကျောင်းသခင်၊ အသျှင်လွတ်လွတ်၊ တပည့်မောင်၊ မိစိုင်လာနှင့်၊ ဖစိုင်လာကို၊ ပြောပြလတ်။ ရွှီကျောင်းသခင်၊ အသျှင်ခုဝေ၊ တပည့်မောင်၊ မိစိုင်လာနှင့်၊ ဖစိုင်လာကို၊ ပြောလီရေ။ အရှိမဏ္ဍိုင်၊ ကိုးမြို့ပိုင်၊ ရခိုင်ခိုင်၊ ရခိုင်မြို့စား၊ နန်းတောင်ညာမှာ၊ စံကာဖွားကေ၊ ဘုရင်သား။ ဆံထုံးကွင်းချွတ်၊ နဘီဝတ်၊ ချောမွတ်ရွှီရောင်၊ ရခိုင်မြို့မှာ၊ ပန်းတံမောင်ချင့်။ ဇောင်စကားကို၊ ကြားရေခါက၊ ပန်းနီလာကား၊ မောင်ဟိရာကို၊ လားလီရေ။ နဘေးဖြူ၊ ချစ်သူမောင်ဝေ၊ မယားလျာ၊ သားလျာမောင့်မှာ၊ ဟိရေလား။ မယားလျာ၊ သားလျာစမ်းလည်း၊ မြုံပြည်ရပ်မှာ၊ စမ်းခလေ့။ ဇောင်ပိုင်ပိုင်၊ ဇောင်ပိုင်စကား၊ ပန်းနီလာမှာ၊ ပြောလီရေ။ စကားကိုထား၊ ဘားဇီကိုပင်၊ ပန်းနီလာကို၊ မပြောချင်။ မပြောချင်လည်း၊ သူ့ဒါးကိုကိုင်၊ သူ့အပိုင်။ သူ့ရီကိုသောက်။ သူ့လက်အောက်။ မချစ်ကေလည်း၊ အောင့်ကာနမ်းရေ။ ဇောင်ပိုင်ပိုင်၊ ဇောင်ပိုင်ဆိုလည်း၊ ယခုတိုင်တိုင်၊ ပန်းနီလာ၊ ချစ်မျောက်သားဝေ။ မြုံပြည်ရပ်မှာ၊ မနီနိုင်။ ငါတာခုဝယ်၊ ရခိုင်မြို့ကို၊ ပြန်ရမည်။ ရခိုင်မြို့ကို၊ ပြန်ပြန်ကေလဲ့၊ နောက်နောင်တခါ၊ မြုံပြည်ရပ်ကို၊ ရောက်သောခါ၊ ပန်းနီလာ၊ ချစ်မျောက်သားကို၊ ထိမ်းမြားမည်ရာ။ ဇောင်စကားကို၊ ကြားရေခါ၊ ဇောင်ပိုင်တရီး၊ ပန်းနီလာမှာ၊ မယုံသီး။ ဥဒေါင်းတကောင်၊ အတောင်သတ်လို့၊ ငါရောက်ပြန်ကေ၊ မြုံပြည်ရပ်မှာ၊ တွန်လိမ့်မည်။ ဥဒေါင်းတကောင်၊ ထိုက်ထံပြီးကေ၊ ပန်းနီလာကို၊ အပ်လီရေ။ ဇောင်ပိုင်ပိုင်၊ ဇောင်ပိုင်တရီး၊ ပန်းတံမင်းသား၊ လူလှမောင်မှာ၊ ရွှီကျောင်းသခင်၊ အသျှင်မြတ်နှင့်၊ သုံးနှစ်စိကေ၊ တောင်မွိခြင်းခြင်း၊ ယပ်တစင်းနှင့်၊ သပိတ်လိုင်လွယ်၊ ရခိုင်မြို့ကို၊ ပြန်ခရေ။
သုံးနှစ်စိလည်း၊ သံတွဲသူမှာ၊ တနိတခါ၊ တလတခေါက်၊ ဒန်းစိပေါက်ကို၊ ကြည့်လီရေ။ ဒန်းစိလည်းပေါက်၊ သံတွဲမြို့ကို၊ မောင်လည်းရောက်မည်။ အသူလာရေ၊ သံတွဲမြို့က၊ ခွီးဟောင်ရေ။ ပန်းတံမင်းသား၊ လူလှမောင်၊ မောင်တာလာရေ၊ သံတွဲမြို့မှာ၊ ခွီးဟောင်ရေ။ သံတွဲသူ၊ မယ်တာမျက်စိ၊ ပန်းတံမင်းသား၊ မျောက်သားမောင်ကို၊ မြင်ခီမိ။ ဇောင်ပိုင်ပိုင်၊ ဇောင်ပိုင်ဆိုလို့၊ နှစ်ပါးစံပါယ်၊ ဒေါ်နှင့်မောင်၊ သံတွဲမြို့နှင့်၊ ရခိုင်မြို့မှာ၊ ၀ါးတလုံးမှာ၊ ကုန်းချင်းနံပြိုင်၊ အတူထိုင်၊ ရွှီလိုင်ကိုဆွဲ၊ ဒေါ်နှင့်မောင်ရို့၊ ပျော်ရမည်။ ပန်းတံမင်းသား၊ လူလှမောင်ဝေ၊ မိသအိုနှင့်၊ ဖသအိုကို၊ ခေါ်ပြီးကေလည်း၊ သံတွဲသူ၊ ချစ်မျောက်သားကို၊ ဆိုခလေ့။
(ပဒေ) = အခွင့်
(အဆက်ဟိပါသိမ့်သည်။ ၀တ္ထုမှာ ၀တ္ထုရှည်ဖြစ်ပါသည်။ ပီစောင်မှတဆင့်ကူးယူခြင်းမဟုတ်ပါ။ နှုတ်တိုက်ရွတ်ဆိုသည်ကို ပြန်ရွီးထားခြင်းဖြစ်ပါသည်။ ပီမူတိုက်ရိုက်မဟုတ်သော်လည်း ပီမူမှတဆင့်ကူးထားသောလက်ရွီးမူကို ထရီပူရတွင် ကိုယ်တိုင်မြင်ဖူးပါသည်။ ယခု လုံးချင်းဝတ္ထုအရွယ်အထူဟိပါသည်။ ပီင်္အဂါဆိုလျှင် အင်တန်များများဟိမည်ဟု ခန့်မှန်းရပါသည်။)
(ဂနိန့်ရခိုင်ပြည်ဘလော့မှ)
သို့
စာတည်းအဖွဲ့ ရခိုင်ရိုးမ မဂ္ဂဇင်း
အကျွန်ရေ ရန်ကုန်တက္ကသိုလ် သမိုင်းဌာနမှ နည်းပြ ဒေါ်မြနှင်းဝေဖြစ်ပါရေ။ အကျွန်မာန်အောင်ဇာတိပါ။ ရန်ကုန် တက္ကသိုလ်ကျောင်းသူ ဖြစ်တေဘ၀ကပင် ရခိုင်မြောက်ဦးကို အကျွန်အထူးစိတ် ၀င်စားခပါရေ။ အကြောင်း အမျိုးမျိုးကြောင့် မရောက်ဟိနိုင်ခပါ။ ၀ိဇ္ဇာဘွဲ့ရပြီးကေ မဟာဝိဇ္ဇာဆက်တက်ယင်းပင်၊ သမိုင်းဌာနမှာ နည်းပြ ၀င်လုပ်နိန်ခပါရေ။ ရခိုင်သမိုင်းကိုလည်း လက်လှမ်းမှီရေဆီလေ့လာပါရေ။ ဆရာသမားရို့၏ ကျေဇူးတရား ကြောင့် အကျွန်၏မဟာဝိဇ္ဇာဘွဲ့စာတမ်းရေ အကျွန်စိတ်ဝင်စားသော ချစ်မြတ်နိုးသော ရခိုင်သမိုင်းနန့် ပတ်သတ် တေ စာတမ်းမျိုးကို တင်ပြခွင့် ရလှာပါရေ။ ဌာနက ချပီးလိုက်တေစာတမ်းက “ ရခိုင်မိဖုရားရို့၏ ကိုယ်ကျင့်သီလ စောင့်ထိမ်းမှု ကိုယ်ရည်ကိုယ်သွေး” ဖြစ်ပါရေ။
ယင်းကိစ္စနန့်အကျွန်မြောက်ဦးကို ၁၉၉၄ ခု မတ်လဆန်းမှာ ရောက်လာပါရေ။အကျွန်ဘ၀မှာ အလွန်ပျော်ရွှင် တက်ကြွ ကြည်နူးဖို့ကောင်းရေနိ ရက်တိပါဗျယ်။ ကျောင်းနီဖက်တိ စာပီသမားတိ၊ ရှိဟောင်း သုတေသနဌာန၊ သမိုင်းသုတေသီတိက လိုအပ်စွာတိ အစစအရာရာကို ကူညီပီးပါရေ၊ ပညာရေးဌာနက လူကြီးတိကလေး မှတ်တမ်းတင်လောက်အောင် ကူညီပီးပါရေ။ အတိုသျှေပြောရကေ ကိုယ့်လူမျိုးအတွက် ကိုယ့်ဘ၀အတွက် မှတ်တိုင်လို့ပြောစမှတ် စာတမ်းတစောင် ဖြစ်လာအောင် လိုအပ်ချက်တိ အပြည့်အစုံရခရေလို့ အကျွန် ကိုယ့်ကိုယ်ကို ယုံကြည်ထားပါရေ။ မိမိ၏ စိတ်စေတနာ မှန်ကန်မှုကြောင့် ၀ိုင်းဝန်းကူညီပီးရေသူရို့၏ ကြီးမား သော ကျေးဇူးတရားကို ဇာခါလေ့သော့ မိဖို့မဟုတ်ပါ။လုပ်ငန်းတာဝန် ပြီးစီးရေ သင်္ကြန်နိတရက်မှာ ရတနာ့ မာန်အောင် ကျောင်းတိုက်၏တရားစခန်းဖွင့်ပွဲနှင့် ကြုံပါရေ။ ကြုံတောင့်ကြုံခဲ အခွင့်အခါတရပ်ပိုင် မှတ်ပြီးကေ ၊ မြောက်ဦးမြီ တရားစခန်းမှာ ၀စီပိတ် (၉)ရက်ဝင်ပါရေ။
ထေရ၀ါဒသာသနာထွန်းကားရေ ရခိုင်မြောက်ဦးခေတ်မှာ အဂုတရားစခန်းဖွင့်လိုက်ထားရေ ရတနာ့မာန်အောင် ၀င်းရေ တောင်ကိုးလုံးဝိုင်းရန်ထားပြီး အလွန်စိတ်နှစ်လုံး ငြိမ်းချမ်းရေနီရာ တစ်ခုဖြစ်ပါရေ။ တရားစခန်း ၀င်သူတိ ကတော့ စစ်တွေ၊ မြောက်ဦး၊ကျောက်တော်၊ မင်းပြားမြို့ရွာအနှံ့ကပါ။ အကျွန်နန့် အိပ်ရာချင်းကပ်လို့ အရီးဆိုကေ အသက်ခြောက်ဆယ်လောက်ဟိပါဖို့။ ထမင်းတ၀ိုင်းတည်းလည်းကျပါရေ။ ပြောရဖို့ဆိုကေ ရုပ်ဆင်းရူပါက အဆင်းအလွန်လှပခန့်ငြားရေ အရီးတယောက်ဖြစ်ပါရေ။ မျက်နှာရေ ရှင်းသန့်ပြီးငြိမ်းချမ်း နီပါရေ။ သန္တိရသကို ဆောင်ရေမျက်နှာမျိုးပါ။ အသားအရီဝင်းလို့ နှာတံသွယ်သွယ်မျက်လုံးမျက်ခုံး ကောင်းကောင်းနန့်ပါ။ တက္ကသိုလ် လောကမှာ လှပခန့်ငြားရေ အမျိုးသမီးတိ ဆရာမတိတွိဖူးပါယင့်။ အကျွန်ရို့ မာန်အောင်သူမတိလေ့ အလှမှာ နာမည်ဟိရေ အရပ်ဖြစ်ပါယင့်။ ယေကေလေ့ဒေအရီးနန့်တော့ လုံးဝယှဉ်လို့မရပါ။ တရားစခန်းပြီးဗျာလ်ဖြစ်လို့ စကားပြောဖြစ်ကတ်ပါရေ။ လေးမြို့ချောင်းဖျားကလို့ ပြောပါရေ။ စကားရှည်ရှည် ပြောချင်ပုံမရပါ။ အကျွန့်ကို သမိုင်းဌာနက ဆရာမသျှေတယောက်လို့သိရေခါ စကားတိ အရှည်ကြီးပြောဖြစ်ကတ်ပါရေ။ အကျွန့်စာတမ်း အားနည်းချက်တိကို ဖြည့်စွက်ပြုပြင်ပီးပါရေ။ ရခိုင်ရာဇ၀င်၊ မြန်မာရာဇ၀င်ကို ဆရာတဆူပိုင် နှံ့စပ်ကျွမ်းကျင် ပါရေ။ အကျွန်အချိန်ရကေ အရီးမနန့်လိုက်ချင်ရေ ပြောရေခါ၊ ခေါင်းခါပါရေ။ သူရေသာသနာ တော်၏ အဆုံအမအောက်က ယောဂီဖြစ်ကြောင်း လောကီကိစ္စများကို ကြိုးစားပြီး မိပစ်နိန်ကြောင်း၊ စကားအဆိုက်ကျလို့ ပြောခြင်းဖြစ်ကြောင်း ပြောပြပါရေ။
စခန်းကထွက်ဖို့နိ မိုးထအာရုဏ်တက်မှာ အကျွန့်ကိုနှိုးပြီးကေ သူနန့်လမ်းလျှောက်လိုက်ဖို့ ခေါ်ပါရေ။ ရတနာ့မာန်အောင်စေတီတော်ကို ကန်တော့ကတ်ပြီးကေ၊ အရီးမဘေးက အကျွန်လိုက်လာမိပါရေ။ရင်ထဲမှာ ထူးဆန်းမှု ခံစားမှုတခုပေါ်နီရေလို့ အကျွန်သတိထားမိပါရေ။ စကားမပြောဖြစ်ကတ်ပါ။ အရီးမရေ မြောက်ဦး ပန်းမြောင်းကာရီလမ်းကို ဖြတ်ပြီးကေ သကျမာန်အောင်စေတီတော်ကို သောတာပန် ဘီလူးနှစ်ယောက် စောင့်ရေ အနောက်ဘက်မုခ်က ၀င်ပါရေ။စေတီတော်ကို ရည်မှန်းပြီး လက်အုပ်ချီလို့အကျွန့်ရှိက လျှောက်ပါရေ။ အကျွန်လေ့ယင်းအတိုင်း လက်အုပ်ချီလို့ နောက်ကလိုက်ပါရေ။ နီရောင်အင်တန်လင်းနီပါဗျာ။
စေတီတော်ရှိမှာ ငြိမ်သက်တိတ်ဆိတ်စွာ ရပ်နိန်ပြီးကေ လက်ကိုအသာချလို့ အကျွန့်ဘက်ကို လှည့်လိုက်ပါရေ။
အရီးမရေ အကျွန်နန့်ရွယ်တူ ကမ္ဘာလောက်လှပရေ မိန်းမပျိုတဦး ဖြစ်နိန်ပါရေ။ သူရေနတ်သျှင်မယ်လို့ခေါ် ကတ်တေ သီရိသုမြတ်စွာ ဒေ၀ီဖြစ်ကြောင်း။ ဒေသကျမာန်အောင်စေတီတော်ကို သူနန့်မောင်တော်ကြီး သီရိ သုဓမ္မရာဇာရို့ ဒါယိကာ၊ ဒါယိကာမခံယူပြီး တည်ဆောက်ခကတ်ကြောင်း ပြောပြပါရေ။
သူအကျွန့်လက်ထဲကို စာတစောင်ထည့်ပီးလိုက်တေ။ ဒေစာကို ရခိုင်ပြည်သူတိအားလုံး ဖတ်နိုင်အောင်စီစဉ်ပီးဖို့ မောတ္တာရပ်ခံပါရေ။ အကျွန့်ကို ပြန်လီဖိလို့ပြောပြီးကေ သူပုတီးစိပ်ဖို့ကျန်ခပါရေ။
သီရိသုမြတ်စွာဒေ၀ီ၏စာကို အကျွန်ရခိုင်ရိုးမ မဂ္ဂဇင်းသို့ ပို့ပီးလိုက်ပါယင့် ဖော်ပြပီးနိုင်လိမ့်မယ်လို့ ယုံကြည်ပါရေ။
လေးစားလျှက်
မြနှင်းဝေ
မဟာဝိဇ္ဇာကျမ်း
(သမိုင်းဌာန ရန်ကုန်တက္ကသိုလ်)
ဝသုနြေ္ဒသျှင်မကိုတိုင်တည်ပနာ ဒေစာကိုရွီးပါ၏။
အေနိခါ အကျွန်ရေ မြတ်ဗုဒ္ဓသာသနာ၏ အဆုံအမအောက်မှာ သံသရာဝဋ်က လွတ်မြောက်ဖို့တခုကိုရာ အာရုံပြု ကျင့်ကြံအားထုတ်နိန်ပါရေ။ အကျွန်အတိတ်ကို မိန့်ထားပါရေ၊ ပစ္စုပ္ပန်ကိုတည့်တည့်ရှုပါရေ၊ ကုန်ခရေမိုးတွင်း တရက်နိမှာ ရခိုင်ကဗျာတပုဒ်ကို မဂ္ဂဇင်းတစောင်မှာ မမျှော်လင့်ဘဲဖတ်ရပါရေ။ အကျွန်မျက်ရည်ကို ထိမ်းလို့ မရပါ။ စိပ်ပုတီးလက်လွတ်ပြီး အကျွန်အချေတယောက်ပိုင် ငိုမိပါရေ။
သျှင်နာဂိန္ဒမော်ကွန်းကို
ထဘီစုတ်ပိုင်ဗြန်းခနဲဆုတ်
ရခိုင်ရာဇ၀င်မှာယုတ်ကန်ဆုံးမိန်းမ
ကိလေသာညွံတွင်းပုပ်မှာ
ပျော်ရင်းမြုပ် မြုပ်ယင်းပျော်
အော်---- နတ်သျှင်မယ် နတ်သျှင်မယ်
နင်ဖျက်လို့ပြည်ပျက် နန်းပျက်
ပြည်ပျက်ခရရေ ။
နှစ်ပေါင်း သုံးရာငါးဆယ်ပင်ကျော်လီပါဗျာလ်။ ထိုးအတိတ်ဘ၀၀ဋ်ကြွီးတိက အကျွန်ပြီးလို့မလွတ်ပါသိ။ အလိုက်သင့်ရေခါ အကျွန်ယှင်းပြချင်ပါရေ။ မျိုးချစ်ပြည်ချစ် စာပီပညာရှင်ရို့အကျွန့်ကို စကားပြောခွင့်ပီးကတ်ပါ။
အကျွန်ရေ ရခိုင်ပြည်သျှင် မင်းခမောင်းနန့် မိဘုရားကြီးရှင်ထွီးရို့၏ သမီးတော်ကြီးဖြစ်ပါရေ။ အကျွန့်အမိရေ ပဲခူးနန္ဒဘုရင်၏ သမီးတော်ပါ။ ချစ်သူမောင်တော်မင်းဟရီမှာ အမိကမိဘုရားသုပဘာဒေ၀ီ ဖြစ်ပါရေ။ အကျွန်နဲ့ မင်းဟရီရို့ရေ အဖတူအမိကွဲ ငယ်ကပင်ချစ်ကျွမ်းဝင်လာသူတိဖြစ်ပါရေ။ မင်းဟရီ အိမ်ရှေ့မင်းသား ဘ၀ကပင် အကျွန်ရို့ကို လက်ဆက်ပီးကတ်လို့ ချစ်ခင်ကြင်နာစွာ ပေါင်းသင်းနီထိုင်ကတ်ပါရေ။ အဖပြည်သျှင်မင်းခမောင် သီလွန်နတ်ရွာလားရေခါ၊ မင်းဟရီ ဘုရင်ဖြစ်လှာပါရေ။ ၁၆၂၄ ခုမှာပါ။ သီရိသုဓမ္မရာဇာဘွဲ့ကို ခံယူပြီးကေ အကျွန့်ကို သီရိသုမြတ်စွာဒေ၀ီဘွဲ့ ပီးပါရေ။
ယင်းအချိန်မှာ အကျွန်ရို့မျိုးဆက်သစ် ရတနာတိဖြစ်တေ မင်းစနီ၊ မန်ကြီးစွာနန့်၊ သမီးရွှေကြင်စွာ သုံးယောက် ဟိနီပါဗျာယ်။ မောင်တော်မင်းကြီးရေ ဘီးလောင်းတော် မင်းဗာကြီးလုပ်ခရေ မြို့တော်ကျုံး၊မြောင်း၊ ရီလှောင်၊ မစ္စင်း၊ ရင်တား၊ တံခါး၊ပြအိုး၊ တန်းဆောင်၊ပြသာဒ်၊ဇရပ်တံတား၊ ရီတွင်း၊ရီကန်၊ ဘုရားပျက်စီးယိုယွင်း နီစွာတိကို ပြုပြင်ပါရေ။ နန်းတက်စခါ အကျွန်ရို့မောင်နှံနှစ်ပါး သေလာဂီရိတောင်တော်စေတီကို လားဖူးပြီးကေ အရိယာသံဃာ ပုဂ္ဂိုလ်သူမြတ်တိကို အလှူကြီးပီးပါရေ။ အဉ္စနနဒီမြစ်ကမ်းက ဘိုးတော်မင်းဖလောင်း ပဉ္ဇင်းတထောင် ခံခရေ မြစ်ကမ်းမှာလေ့ အလှူကြီးပီးပါရေ။
မင်းခေါင်းရွှေဂူကျောင်းကို ဆောက်ပြီးကေ ရဟန်းသံဃာတိကို လှူဒါန်းခကတ်ပါရေ။ မာန်ငါးပါးထဲမှာ တပါးပါရေ သကျမဉ္ဇူလို့ခေါ်ရေ သကျမာန်အောင်စေတီတော်ကို တည်ထားကိုးကွယ်ပြီး ဒါန၊သီလ ဘာဝနာ ကုသိုလ် ကောင်းမှုမှာ အကျွန်ရို့မွေ့လျှော်နီခပါရေ။ “ ဘ၀ဆက်တိုင်းမှာ မောင်တော်နန့် ဆုံရပါလို၏။ နိဗ္ဗာန်ကူးကေတောင် တူတူကူးရပါလို၏” လို့ အကျွန်ဆုတောင်းခပါရေ။ မောင်တော်မင်းဟရီရေ ရုပ်ရည်ချောမော့လှပပြီးကေ စိတ်နှလုံးပျော့ပျောင်းသိမ်မွေ့သူပါ။ေ ဗဒင်ယတြာတိကို အလွန်အ ကျူးယုံကြည်ဗျာယ် အြေ မှာက်ကြိုက်ပြီးကေ သာ ပေါင်းညာစားတိကို ယုံ လွယ်စွာ အားနည်းချက်ဟိသူပါ။သူယုံဗျာယ်ဆို ကေ ပြောပြလို့လည်းနား မ၀င်ပါဗျာလ်။ မင်းဖြစ်စမှာ ကမ္ဘာလောက်ကောင်းပါရေ။နောက်ပိုင်းမှာ အကြံသမား၊လုပ်ကြံရေးသမားတိထောင်ချောက်မှာ ကျရလီပါရေ၊ ကိလေသကာ မဂုဏ်ကိုလဲ လွန်ကျူးတ ပ်မက်လာပါရေ။ သဘာဝလွန်ရေဆီးဝါးတိ ဘုရားရဟန္တာ တိက ဆန့်ကျင်ရေ ဆီးဝါးတိကို လိုက်စားယြုံ ကည်လှာရေ။ မင်းကျင့်တ ရား ဆယ်ပါးနှင့်မညီ၊ြ ပည်သူပြည်သားရို့ အသက်စည်းစိမ်ကို မစောင့် ရှောက်တေမက သတ်ဖြတ်စော်ကားလှာပါရေ။ အကျွန် သူ့အပေါ်သြဇာမဟိပါ။ ရခိုင်မိဖုရားတပါးစွာ သျှင်ဘုရင်အပေါ်မှာ ဇာ ပြောပိုင်ခွင့်ဟိပါဖို့လဲ။ အကျွန်ရို့က မိန့်မပါရာ သူ့ဘေးမှာ အ တိုင် ပင်ခံ အမတ်ကြီးတိဟိပါရေ။ သူရို့နန့်တိုင်းရေးပြည်ရာကို စီ မန်ခန့်ခွဲကတ်ပါရေ။ အ မတ်တိထဲမှာ အဓိကကျရေ လူတိက ပညာဟိအမတ် သစ်တက် ငလက်ရုံးနန့်လောင်ြး ကက်စား ကုသလပါ၊ ငလက်ရုံးက နန်းရင်းဝန်ကြီြး ဖစ် ပြီးကေ ကုသလစွာ ကို ယ်ရံတော်တပ်ကိုကြီးကြ ပ်တေ တပ်မှူးကြီးဖြစ်ပါရေ။ အမတ်ကုသလရေ ဘုရင် မ င်းဗာကြီးညီကဆင်းလာရေလူ၊ မင်းဗာကြီးမြစ်ဆိုပြီးကေ နန်းတွင်းမှာ သြဇြာ ကီးပြီး တွင်ကျယ်ပါရေ။ေ ဗဒင်ယတြာအင်းအိုင်တိကို ကျွမ်းကျင်လို့ လေးစားရရေပိုင် ကြောက်လဲကြောက်ရပါရေ။ သူနန့် ငလက်ရုံးကြားမှာ ပြိုင်ဆိုင်မှုပဋိပက္ခဟိပါရေ။ အကျွန်ကတော့ နှဖူးကျင်းထိပ်ကျင်း နှာရောင်ကောက်ကောက် နှုတ်ခမ်းတွဲတွဲနန့် ဒေ၀ါကြီးကုသလကို ကြည့်လို့မရပါ။ ဒေ၀ါကြီးရေ ကောက်ကျစ်ယုတ်မာရေ အကြံသမားလို့ အစကတည်းက ထင်မိပါရေ။ အကျွန့်မောင်တော်၏ အားနည်းချက်တိကိုဖိနင်း၊ စိတ်ဓါတ်ကိုဖျက်ဆီး၊ တိုင်းပြည်ကို သွီးလန့်အောင် လုပ်ပြီးကေ၊နောက်ဆုံးမောင်တော် မင်းဟရီကို လုပ်ကြံသတ်ဖြတ်လားရေ မဟုတ်ပါလား။ နောက်တက်လာရေ သားတော်မင်းစနီလက်ထက်မှာ ဘုရင်မင်းပြည်ရေးပြည်ရာ အတိုင်ပင်ခံအဖွဲ့မှာ ကုသလ ပိုလို့ သြဇာအာဏာဟိလာပါရေ။ အမတ်ကြီးငလက်ရုံးကို သူဖယ်ထုတ်လိုက်ဗျာယ် မဟုတ်ပါလား အကျွန်က တော့ တခုလည်းပြောရေး ဆိုခွင့်မဟိရေ မဆမမိဖုရားပါရာ။ ငကုသလနဲ့သူ့တပည့်ဟူရားတတ် ရဲထွဋ်ရို့ အကျွန့်သားကို ထပ်ပြီးသတ်လိုက်ကတ်ပါရေ။ ရခိုင်နန်းတွင်းမှာ အမတ်ကြီးလေ့သူ၊ နန်းရင်းဝန်ကြီးလည်းသူ၊ ကိုယ်ရံတော်တပ်မှူးကြီးလည်းသူ၊ ကျန်ရေလူတိက သူ့လူတိနန့် အကျွန်ရို့ တော်ဝင်နန်းမျိုးဆက်တိပါ။ သူ့အတွက်နောက်ဆုံးပန်းတိုင်နန့် နောက်ဆုံးဆူးတိ ငြောင့်တိကိုသူမြင်ပြီးသား ပညာတတ်သလောက် ကောက်ကျစ်ရက်စက်မှု ကမ်းကုန်ရေအမတ်ပါ။ ရခိုင်နန်းတွင်းမှာ အမတ်ပညာဟိရို့ ကြီးစိုးပါရေ။ အကျွန်ရို့ မိဘုရားတိစွာ စစ်ဘုရင်ခုံထက်က နတ်ရုပ်သျှေတိပါရာ။ အကျွန်ရို့တခုလည်း သြဇာမဟိပါ။ ဘုရင်မြှောက်တေခါ နန်းတော်ပညာဟိ အ၀ိုင်းအ၀န်းက ငကုသလနန့်ရာတန်ရေလို့ ထောက်ခံကတ်တေ မဟုတ်ပါလား။ ဇာသူထလို့ ကန့်ကွက်ခပါလေ။ နန်းတော်ကို ငကုသလက သူ့ခါးပိုက်ထဲကတပ်နန့် နင်းထားစွာကိုသိလို့ ခေါင်းညိတ်ခကတ် တေ။ ရခိုင်သမိုင်း ပျက်ရလီပါဗျယ်။
ရခိုင်တော်ဝင်ထုံးတန်းစဉ်လာအရ မြောက်ဦးထီးနန်းကို အကျွန်မပိုင်ပါ။ အကျွန်ငကုသလကို နန်းအပ်လို့ ရပါဖို့လား။ နန်းတော်က အတိုင်ပင်ခံအဖွဲ့က အကျွန့်ကိုပိုင်ပါရေ။ ဘုရင်လို့မြှောက်တေလူစွာ မုဒိမ်း၊ဓါးမြ၊ အနူဖြစ် ကေလေ့ကိုယ့်ဘ၀ကို ကိုယ်မပိုင်ရေဘ၀မှာ ရွီးစရာလမ်းမရှိပါဗျာယ်။ လုပ်ကြံရေးသမား မိစ္ဆာကောင် ငကုသလ ရေ အမြင်လှဖို့အတွက် မိဖုရားခေါင်ကြီးဟောင်း မင်းမျိုးမင်းနွယ်အစစ် နတ်သျှင်မယ်ကို မိဖုရားမြှောက် တေ။ ဇာလောက်နတ်ယောင်ကား ကောက်ကျစ်လေ။ စဉ်းစားကြည့်ကတ်ပါဖိ။ အကျွန်သိပါရေ မောင်တော် မင်းဟရီကို ငကုသလရေ ရိုးသားရေလူမဟုတ် သတိထားဖို့ ပြောဖူးပါရေ။ သူမယုံ။ အခုအားလုံး ပျက်စီးရပါဗျယ်။ ကိုယ့်ဝမ်းနန့်လွယ်မွီးရရေ သားကိုတောင် နန်းတွင်းအမိန့်မရလို့ မသင်္ဂြိုလ်ရရေဘ၀ ။ သူရို့အမိန့်ရမှ သင်္ဂြိုလ်ရရေ ဘ၀ ။ လင်သီသားသီလို့မကျီသိ။ လူသတ်ကောင်နန့် လက်ထပ်ရရေ ရခိုင်မိဖုရားတပါး၏ နှလုံးသားဝေဒနာကို တစိသျှေလောက်ရာ မျှဝီလို့ခံစားကြည့်ကတ်ပါ။ ထီးနန်းကိုရရေခါ ခွီးပါးစပ်က နတ်စကားထွက်ဗျယ် သမိုင်းကို လိမ်ပါရေ။ လင်ကိုမတွယ် သားကိုမခင်ရေမိန်းမ၊ ငါနန့်ပေါင်းကေ ထိုအကျင့်ပျောက်ဖို့ မဟုတ်၊ ငါ့ကိုလည်း ပြစ်မှားဖို့ ဆိုရေလို့ ငကုသလက ပြောရေဆိုပါကာ။ ယုံကတ်ပါလား။ ငကုသလရေ မင်းရူး၊ အာဏာရူး၊ လုပ်ကြံ ရေးသမားပါ။အကျွန့်လင်ကိုသတ်၊သားကိုသတ်၊ဆွေတော်မျိုးတော်တိကို ပြုန်းအောင်သတ်ခရေလူပါ။ တတိုင်း ပြည်လုံး ငါးပါးမှောက်အောင် လုပ်ခရေလူပါ။ စကားအမျိုးမျိုးပြောပြီးကေ အလွန်ကောက်ကျစ် စဉ်းလဲရေလူပါ။ သူ့စကားကိုယုံကတ်ပါလား။ တိုင်းသူပြည်သားရို့ အကျွန်ဘက်က ၀င်ပြီးစဉ်းစားကြည့်ကတ်ပါတချက်။ မျှမျှ တတစဉ်းစားဖို့ အကျွန်အနူးအညွတ် တောင်းပန်ပါရေ။
မင်းဖြစ်တေခါတော့ ဆရာတော်ကြီးတိ အဆိုအမိန့်ကို နားထောင်ပြီးကေ ရင်ရိုးတော်၊နံရိုးတော် စေတီနှစ်ဆူကို ပြောင်းတည်ပါရေ။ သမိုင်းမှာတော့ ဘုရားတကာလို့ရွီးဖို့ထင်ပါယင့်။ အကျွန့်အဖြစ်ကို ရရိုးသျှေတခုပြောပြပါမေ။ ကွယ်လွန်ရေ(သူသတ်ပစ်တေ) မင်းတရားကြီး သီရိသုဓမ္မရာဇာမှာ ရွှေရေးဆောင်မိန်းဖုရားနန့် သူ့လက်ရင်း တပည့်အမတ် သံတောင်စားငတုံးညို သင့်မြတ်နီကတ်တေလို့ နန်းတွင်းမှာသတင်းပြန့်ထွက်လာပါရေ။ ယေခါ ငကုသလရေ ဆရာတော်ကြီးတိကို နန်းတွင်းသို့ပင့်ပြီးကေ မင်းမိဖုရားနန့် သာမန်မူးမတ်ပြည်သူရို့ အိမ်ထောင် ပြုလို့ရပါဖို့လားလို့ လျှောက်မီးပါရေ။ ဇာလောက်ထိ နတ်တေဆိုစွာ စဉ်းစားကြည့်ကတ်ပါဖိ။ သူအမတ်ကြီး လုပ်ခရေလူပါ။ အေယှင့်ဇာသဘောပါလေ။ သျှင်ဘုရင်ကိုသတ်ပြီး သျှင်ဘုရင်မယားကို မိဘုရားမြှောက်ပြီး ယူခရေ ကျွန်အမတ်ဆိုစွာ ငကုသလသူကိုယ်တိုင်မဟုတ်ပါလား။ ရခိုင်ရာဇ၀င်မှာ အကောက်ကျစ်ဆုံးလူပါယေ။ ယင်းအချိန်မှာ အကျွန်က ကျောက်အုဋ်တံတိုင်း ကာထားရေ၀င်းထဲမှာတောင် အပိတ်လှောင်ခံထားရပါဗျယ်။ အကျွန်ကျေနပ်ပါရေ တံကျင်ထိုးလို့သတ်ပစ်ကေလေ့ ကျေနပ်ပါရေ။
အကျွန်ရေ အမျိုးသီလစောင့်ထိမ်းရေ သာဂီဝင်မျိုးနွယ်ပါ။ ကုသလပိုင်လူနန့် နန်းတော်ကလက်ဆက်ပီးကေလေ့ သွီးဆက်ဖို့အကျွန် လုံးဝငြင်းဆန်ပါရေ။ အမှန်ပြန်စဉ်းစားရေခါ သူ့အတွက်စွာရေ သဘာဝကျပါရေ။ သူ့ကိုအကျွန် လုပ်ကြံသင့်ပါရေ။ အကြံသမားကတော့ခါ ကွက်ကျော်မြင်လို့ အကျွန့်ကို နန်းတွင်းကထုတ်ပြီးကေ အကျဉ်း ချထားရေ။ ယင်းဘ၀က ပိုလို့မြတ်ပါရေ။သွီးပေနီရေ ရခိုင်နန်းတွင်းမှာ အကျွန်မခြီပါဗျယ်။
သီခါနီးမှာတော့ အကျွန့်ကိုမှာရေ သူရူးခမက်ခရေ မင်းစည်းစိမ်ဆိုစွာ ဇာအဓိပ္ပါယ်ဟိပါသိလေ။ သူကျူးလွန်ခရေ ပြစ်မှုတိအတွက် နောင်တရနီပါဗျယ်။ သူအကျွန့်ကို စကားပြောချင်မှာချင်ရေ။ သူခွန်အားလျှော့နီပါဗျာယ်။ သွီးဆုတ်လားဗျာယ်။ ရခိုင်ရာဇ၀င်မှာ သူရေဇာလောက်ကောင်းကျိုး ပြုနိုင်ခပါလေ။ အကျွန်ရေ ဘုရားရှင် သာသနာတော် အဆုံးအမမှာ ငါးပါးသီလမြဲရေ ရခိုင်မင်းသမီးပါ။သူ့အတွက် အကျွန်အမျှဝီပါယင့်။ နိဗ္ဗာန်မ ရောက်ခင် သံသရာ၌ကျင်လည်ရသမျှ ဘ၀အဆက်ဆက်မှာ ဒေလူယုတ်မာတိနန့် မတွိကြုံရပါလို၏။ အမျိုးသီလ စောင့်ထိမ်းထားသောရခိုင်မြီမှာ ဒေလူယုတ်မာတိ မမွီးပါစီကေ့လို့ ယင်းနိန်ရာမှာ ဆုတောင်းမိန့်ခပါရေ။ အကျွန့်မှာရာ ဖြီမရယှင်းမရ စွပ်စွဲချက်တပုံနန့် ကျန်ခပါရေ။ ပဒေသရာဇ် မင်းယောင်္ကျားရို့ အာဏာလုပွဲမှာ အကျွန်ညှပ်ပြီး ပါလီရပါရေ။ အကျွန့်ဘ၀ ပျက်တေပိုင် မြောက်ဦးရွှေနန်းတော်ကြီးသွီးစွန်းလို့ ယိုယွင်းပျက်စီးစွာ ကိုလည်း အကျွန်မျက်စိနန့် မြင်လိုက်ရပါရေ။ ရခိုင်သမိုင်းကို ပထမဆုံးစတင်ဖျက်စီးသူရေ မင်းရူး၊အာဏာရူး၊ လုပ်ကြံရေးသမား ငကုသလ အကျွန်စက်ဆုပ်ရွံရှာဆုံးလူပါ။ အကျွန့်အဖို့ အကျွန့်လင်ကိုသတ် သားကိုသတ် ဆွေတော်မျိုးတော်တိကို သတ်တေလူနန့်ရာ အကျွန့်ကို ယိုးစွပ်ကတ်တေ အကျွန်ဇာပိုင်ခံစားရဖို့လဲ တချက်သျှေ စဉ်းစားကြည့်ကတ်ပါ။ ထိုလူဒေလူရွီးရေ ရာဇ၀င်မှာပါတိုင်းလည်းမယုံပါကဲ့။ ဥာဏ်ပညာနှင့် ချင့်ချိန်စဉ်းစား ကတ်ပါ။ ရာဇ၀င်ထဲကနတ်သျှင်မယ်ရေ အမျိုးသီလကိုစောင့်ရေ၊ ကိုယ့်တိုင်းပြည်ကိုချစ်တေ သစ္စာတရားကိုမြတ် နိုးရေ ရခိုင်မိဖုရားတပါးပါလို့ရခိုင်အမျိုးသား အမျိုးသမီးများအပေါင်းရို့ သိကတ်ပါ။
ရခိုင်ပြည် အီးချမ်းသာယာပါစီ၊ ဖီးကင်းပါစီ၊နတ်ကောင်း နတ်မြတ်ရို့ ရခိုင်ပြည်ကို စောင့်ရှောက်ပါစီ။
မြတ်စွာသာသနာတော်
ထွန်းကားတည်တံ့ပါစီ။
(သီရိသုမြတ်စွာဒေ၀ီ)
မောင်ခိုင်အောင်
(ရခိုင်ရိုးမ မဂ္ဂဇင်းမှ ကူးယူဖော်ပြသည်။)
(ဂနိန့်ရခိုင်ပြည်ဘလော့မှ)
သို့
စာတည်းအဖွဲ့ ရခိုင်ရိုးမ မဂ္ဂဇင်း
အကျွန်ရေ ရန်ကုန်တက္ကသိုလ် သမိုင်းဌာနမှ နည်းပြ ဒေါ်မြနှင်းဝေဖြစ်ပါရေ။ အကျွန်မာန်အောင်ဇာတိပါ။ ရန်ကုန် တက္ကသိုလ်ကျောင်းသူ ဖြစ်တေဘ၀ကပင် ရခိုင်မြောက်ဦးကို အကျွန်အထူးစိတ် ၀င်စားခပါရေ။ အကြောင်း အမျိုးမျိုးကြောင့် မရောက်ဟိနိုင်ခပါ။ ၀ိဇ္ဇာဘွဲ့ရပြီးကေ မဟာဝိဇ္ဇာဆက်တက်ယင်းပင်၊ သမိုင်းဌာနမှာ နည်းပြ ၀င်လုပ်နိန်ခပါရေ။ ရခိုင်သမိုင်းကိုလည်း လက်လှမ်းမှီရေဆီလေ့လာပါရေ။ ဆရာသမားရို့၏ ကျေဇူးတရား ကြောင့် အကျွန်၏မဟာဝိဇ္ဇာဘွဲ့စာတမ်းရေ အကျွန်စိတ်ဝင်စားသော ချစ်မြတ်နိုးသော ရခိုင်သမိုင်းနန့် ပတ်သတ် တေ စာတမ်းမျိုးကို တင်ပြခွင့် ရလှာပါရေ။ ဌာနက ချပီးလိုက်တေစာတမ်းက “ ရခိုင်မိဖုရားရို့၏ ကိုယ်ကျင့်သီလ စောင့်ထိမ်းမှု ကိုယ်ရည်ကိုယ်သွေး” ဖြစ်ပါရေ။
ယင်းကိစ္စနန့်အကျွန်မြောက်ဦးကို ၁၉၉၄ ခု မတ်လဆန်းမှာ ရောက်လာပါရေ။အကျွန်ဘ၀မှာ အလွန်ပျော်ရွှင် တက်ကြွ ကြည်နူးဖို့ကောင်းရေနိ ရက်တိပါဗျယ်။ ကျောင်းနီဖက်တိ စာပီသမားတိ၊ ရှိဟောင်း သုတေသနဌာန၊ သမိုင်းသုတေသီတိက လိုအပ်စွာတိ အစစအရာရာကို ကူညီပီးပါရေ၊ ပညာရေးဌာနက လူကြီးတိကလေး မှတ်တမ်းတင်လောက်အောင် ကူညီပီးပါရေ။ အတိုသျှေပြောရကေ ကိုယ့်လူမျိုးအတွက် ကိုယ့်ဘ၀အတွက် မှတ်တိုင်လို့ပြောစမှတ် စာတမ်းတစောင် ဖြစ်လာအောင် လိုအပ်ချက်တိ အပြည့်အစုံရခရေလို့ အကျွန် ကိုယ့်ကိုယ်ကို ယုံကြည်ထားပါရေ။ မိမိ၏ စိတ်စေတနာ မှန်ကန်မှုကြောင့် ၀ိုင်းဝန်းကူညီပီးရေသူရို့၏ ကြီးမား သော ကျေးဇူးတရားကို ဇာခါလေ့သော့ မိဖို့မဟုတ်ပါ။လုပ်ငန်းတာဝန် ပြီးစီးရေ သင်္ကြန်နိတရက်မှာ ရတနာ့ မာန်အောင် ကျောင်းတိုက်၏တရားစခန်းဖွင့်ပွဲနှင့် ကြုံပါရေ။ ကြုံတောင့်ကြုံခဲ အခွင့်အခါတရပ်ပိုင် မှတ်ပြီးကေ ၊ မြောက်ဦးမြီ တရားစခန်းမှာ ၀စီပိတ် (၉)ရက်ဝင်ပါရေ။
ထေရ၀ါဒသာသနာထွန်းကားရေ ရခိုင်မြောက်ဦးခေတ်မှာ အဂုတရားစခန်းဖွင့်လိုက်ထားရေ ရတနာ့မာန်အောင် ၀င်းရေ တောင်ကိုးလုံးဝိုင်းရန်ထားပြီး အလွန်စိတ်နှစ်လုံး ငြိမ်းချမ်းရေနီရာ တစ်ခုဖြစ်ပါရေ။ တရားစခန်း ၀င်သူတိ ကတော့ စစ်တွေ၊ မြောက်ဦး၊ကျောက်တော်၊ မင်းပြားမြို့ရွာအနှံ့ကပါ။ အကျွန်နန့် အိပ်ရာချင်းကပ်လို့ အရီးဆိုကေ အသက်ခြောက်ဆယ်လောက်ဟိပါဖို့။ ထမင်းတ၀ိုင်းတည်းလည်းကျပါရေ။ ပြောရဖို့ဆိုကေ ရုပ်ဆင်းရူပါက အဆင်းအလွန်လှပခန့်ငြားရေ အရီးတယောက်ဖြစ်ပါရေ။ မျက်နှာရေ ရှင်းသန့်ပြီးငြိမ်းချမ်း နီပါရေ။ သန္တိရသကို ဆောင်ရေမျက်နှာမျိုးပါ။ အသားအရီဝင်းလို့ နှာတံသွယ်သွယ်မျက်လုံးမျက်ခုံး ကောင်းကောင်းနန့်ပါ။ တက္ကသိုလ် လောကမှာ လှပခန့်ငြားရေ အမျိုးသမီးတိ ဆရာမတိတွိဖူးပါယင့်။ အကျွန်ရို့ မာန်အောင်သူမတိလေ့ အလှမှာ နာမည်ဟိရေ အရပ်ဖြစ်ပါယင့်။ ယေကေလေ့ဒေအရီးနန့်တော့ လုံးဝယှဉ်လို့မရပါ။ တရားစခန်းပြီးဗျာလ်ဖြစ်လို့ စကားပြောဖြစ်ကတ်ပါရေ။ လေးမြို့ချောင်းဖျားကလို့ ပြောပါရေ။ စကားရှည်ရှည် ပြောချင်ပုံမရပါ။ အကျွန့်ကို သမိုင်းဌာနက ဆရာမသျှေတယောက်လို့သိရေခါ စကားတိ အရှည်ကြီးပြောဖြစ်ကတ်ပါရေ။ အကျွန့်စာတမ်း အားနည်းချက်တိကို ဖြည့်စွက်ပြုပြင်ပီးပါရေ။ ရခိုင်ရာဇ၀င်၊ မြန်မာရာဇ၀င်ကို ဆရာတဆူပိုင် နှံ့စပ်ကျွမ်းကျင် ပါရေ။ အကျွန်အချိန်ရကေ အရီးမနန့်လိုက်ချင်ရေ ပြောရေခါ၊ ခေါင်းခါပါရေ။ သူရေသာသနာ တော်၏ အဆုံအမအောက်က ယောဂီဖြစ်ကြောင်း လောကီကိစ္စများကို ကြိုးစားပြီး မိပစ်နိန်ကြောင်း၊ စကားအဆိုက်ကျလို့ ပြောခြင်းဖြစ်ကြောင်း ပြောပြပါရေ။
စခန်းကထွက်ဖို့နိ မိုးထအာရုဏ်တက်မှာ အကျွန့်ကိုနှိုးပြီးကေ သူနန့်လမ်းလျှောက်လိုက်ဖို့ ခေါ်ပါရေ။ ရတနာ့မာန်အောင်စေတီတော်ကို ကန်တော့ကတ်ပြီးကေ၊ အရီးမဘေးက အကျွန်လိုက်လာမိပါရေ။ရင်ထဲမှာ ထူးဆန်းမှု ခံစားမှုတခုပေါ်နီရေလို့ အကျွန်သတိထားမိပါရေ။ စကားမပြောဖြစ်ကတ်ပါ။ အရီးမရေ မြောက်ဦး ပန်းမြောင်းကာရီလမ်းကို ဖြတ်ပြီးကေ သကျမာန်အောင်စေတီတော်ကို သောတာပန် ဘီလူးနှစ်ယောက် စောင့်ရေ အနောက်ဘက်မုခ်က ၀င်ပါရေ။စေတီတော်ကို ရည်မှန်းပြီး လက်အုပ်ချီလို့အကျွန့်ရှိက လျှောက်ပါရေ။ အကျွန်လေ့ယင်းအတိုင်း လက်အုပ်ချီလို့ နောက်ကလိုက်ပါရေ။ နီရောင်အင်တန်လင်းနီပါဗျာ။
စေတီတော်ရှိမှာ ငြိမ်သက်တိတ်ဆိတ်စွာ ရပ်နိန်ပြီးကေ လက်ကိုအသာချလို့ အကျွန့်ဘက်ကို လှည့်လိုက်ပါရေ။
အရီးမရေ အကျွန်နန့်ရွယ်တူ ကမ္ဘာလောက်လှပရေ မိန်းမပျိုတဦး ဖြစ်နိန်ပါရေ။ သူရေနတ်သျှင်မယ်လို့ခေါ် ကတ်တေ သီရိသုမြတ်စွာ ဒေ၀ီဖြစ်ကြောင်း။ ဒေသကျမာန်အောင်စေတီတော်ကို သူနန့်မောင်တော်ကြီး သီရိ သုဓမ္မရာဇာရို့ ဒါယိကာ၊ ဒါယိကာမခံယူပြီး တည်ဆောက်ခကတ်ကြောင်း ပြောပြပါရေ။
သူအကျွန့်လက်ထဲကို စာတစောင်ထည့်ပီးလိုက်တေ။ ဒေစာကို ရခိုင်ပြည်သူတိအားလုံး ဖတ်နိုင်အောင်စီစဉ်ပီးဖို့ မောတ္တာရပ်ခံပါရေ။ အကျွန့်ကို ပြန်လီဖိလို့ပြောပြီးကေ သူပုတီးစိပ်ဖို့ကျန်ခပါရေ။
သီရိသုမြတ်စွာဒေ၀ီ၏စာကို အကျွန်ရခိုင်ရိုးမ မဂ္ဂဇင်းသို့ ပို့ပီးလိုက်ပါယင့် ဖော်ပြပီးနိုင်လိမ့်မယ်လို့ ယုံကြည်ပါရေ။
လေးစားလျှက်
မြနှင်းဝေ
မဟာဝိဇ္ဇာကျမ်း
(သမိုင်းဌာန ရန်ကုန်တက္ကသိုလ်)
ဝသုနြေ္ဒသျှင်မကိုတိုင်တည်ပနာ ဒေစာကိုရွီးပါ၏။
အေနိခါ အကျွန်ရေ မြတ်ဗုဒ္ဓသာသနာ၏ အဆုံအမအောက်မှာ သံသရာဝဋ်က လွတ်မြောက်ဖို့တခုကိုရာ အာရုံပြု ကျင့်ကြံအားထုတ်နိန်ပါရေ။ အကျွန်အတိတ်ကို မိန့်ထားပါရေ၊ ပစ္စုပ္ပန်ကိုတည့်တည့်ရှုပါရေ၊ ကုန်ခရေမိုးတွင်း တရက်နိမှာ ရခိုင်ကဗျာတပုဒ်ကို မဂ္ဂဇင်းတစောင်မှာ မမျှော်လင့်ဘဲဖတ်ရပါရေ။ အကျွန်မျက်ရည်ကို ထိမ်းလို့ မရပါ။ စိပ်ပုတီးလက်လွတ်ပြီး အကျွန်အချေတယောက်ပိုင် ငိုမိပါရေ။
သျှင်နာဂိန္ဒမော်ကွန်းကို
ထဘီစုတ်ပိုင်ဗြန်းခနဲဆုတ်
ရခိုင်ရာဇ၀င်မှာယုတ်ကန်ဆုံးမိန်းမ
ကိလေသာညွံတွင်းပုပ်မှာ
ပျော်ရင်းမြုပ် မြုပ်ယင်းပျော်
အော်---- နတ်သျှင်မယ် နတ်သျှင်မယ်
နင်ဖျက်လို့ပြည်ပျက် နန်းပျက်
ပြည်ပျက်ခရရေ ။
နှစ်ပေါင်း သုံးရာငါးဆယ်ပင်ကျော်လီပါဗျာလ်။ ထိုးအတိတ်ဘ၀၀ဋ်ကြွီးတိက အကျွန်ပြီးလို့မလွတ်ပါသိ။ အလိုက်သင့်ရေခါ အကျွန်ယှင်းပြချင်ပါရေ။ မျိုးချစ်ပြည်ချစ် စာပီပညာရှင်ရို့အကျွန့်ကို စကားပြောခွင့်ပီးကတ်ပါ။
အကျွန်ရေ ရခိုင်ပြည်သျှင် မင်းခမောင်းနန့် မိဘုရားကြီးရှင်ထွီးရို့၏ သမီးတော်ကြီးဖြစ်ပါရေ။ အကျွန့်အမိရေ ပဲခူးနန္ဒဘုရင်၏ သမီးတော်ပါ။ ချစ်သူမောင်တော်မင်းဟရီမှာ အမိကမိဘုရားသုပဘာဒေ၀ီ ဖြစ်ပါရေ။ အကျွန်နဲ့ မင်းဟရီရို့ရေ အဖတူအမိကွဲ ငယ်ကပင်ချစ်ကျွမ်းဝင်လာသူတိဖြစ်ပါရေ။ မင်းဟရီ အိမ်ရှေ့မင်းသား ဘ၀ကပင် အကျွန်ရို့ကို လက်ဆက်ပီးကတ်လို့ ချစ်ခင်ကြင်နာစွာ ပေါင်းသင်းနီထိုင်ကတ်ပါရေ။ အဖပြည်သျှင်မင်းခမောင် သီလွန်နတ်ရွာလားရေခါ၊ မင်းဟရီ ဘုရင်ဖြစ်လှာပါရေ။ ၁၆၂၄ ခုမှာပါ။ သီရိသုဓမ္မရာဇာဘွဲ့ကို ခံယူပြီးကေ အကျွန့်ကို သီရိသုမြတ်စွာဒေ၀ီဘွဲ့ ပီးပါရေ။
ယင်းအချိန်မှာ အကျွန်ရို့မျိုးဆက်သစ် ရတနာတိဖြစ်တေ မင်းစနီ၊ မန်ကြီးစွာနန့်၊ သမီးရွှေကြင်စွာ သုံးယောက် ဟိနီပါဗျာယ်။ မောင်တော်မင်းကြီးရေ ဘီးလောင်းတော် မင်းဗာကြီးလုပ်ခရေ မြို့တော်ကျုံး၊မြောင်း၊ ရီလှောင်၊ မစ္စင်း၊ ရင်တား၊ တံခါး၊ပြအိုး၊ တန်းဆောင်၊ပြသာဒ်၊ဇရပ်တံတား၊ ရီတွင်း၊ရီကန်၊ ဘုရားပျက်စီးယိုယွင်း နီစွာတိကို ပြုပြင်ပါရေ။ နန်းတက်စခါ အကျွန်ရို့မောင်နှံနှစ်ပါး သေလာဂီရိတောင်တော်စေတီကို လားဖူးပြီးကေ အရိယာသံဃာ ပုဂ္ဂိုလ်သူမြတ်တိကို အလှူကြီးပီးပါရေ။ အဉ္စနနဒီမြစ်ကမ်းက ဘိုးတော်မင်းဖလောင်း ပဉ္ဇင်းတထောင် ခံခရေ မြစ်ကမ်းမှာလေ့ အလှူကြီးပီးပါရေ။
မင်းခေါင်းရွှေဂူကျောင်းကို ဆောက်ပြီးကေ ရဟန်းသံဃာတိကို လှူဒါန်းခကတ်ပါရေ။ မာန်ငါးပါးထဲမှာ တပါးပါရေ သကျမဉ္ဇူလို့ခေါ်ရေ သကျမာန်အောင်စေတီတော်ကို တည်ထားကိုးကွယ်ပြီး ဒါန၊သီလ ဘာဝနာ ကုသိုလ် ကောင်းမှုမှာ အကျွန်ရို့မွေ့လျှော်နီခပါရေ။ “ ဘ၀ဆက်တိုင်းမှာ မောင်တော်နန့် ဆုံရပါလို၏။ နိဗ္ဗာန်ကူးကေတောင် တူတူကူးရပါလို၏” လို့ အကျွန်ဆုတောင်းခပါရေ။ မောင်တော်မင်းဟရီရေ ရုပ်ရည်ချောမော့လှပပြီးကေ စိတ်နှလုံးပျော့ပျောင်းသိမ်မွေ့သူပါ။ေ ဗဒင်ယတြာတိကို အလွန်အ ကျူးယုံကြည်ဗျာယ် အြေ မှာက်ကြိုက်ပြီးကေ သာ ပေါင်းညာစားတိကို ယုံ လွယ်စွာ အားနည်းချက်ဟိသူပါ။သူယုံဗျာယ်ဆို ကေ ပြောပြလို့လည်းနား မ၀င်ပါဗျာလ်။ မင်းဖြစ်စမှာ ကမ္ဘာလောက်ကောင်းပါရေ။နောက်ပိုင်းမှာ အကြံသမား၊လုပ်ကြံရေးသမားတိထောင်ချောက်မှာ ကျရလီပါရေ၊ ကိလေသကာ မဂုဏ်ကိုလဲ လွန်ကျူးတ ပ်မက်လာပါရေ။ သဘာဝလွန်ရေဆီးဝါးတိ ဘုရားရဟန္တာ တိက ဆန့်ကျင်ရေ ဆီးဝါးတိကို လိုက်စားယြုံ ကည်လှာရေ။ မင်းကျင့်တ ရား ဆယ်ပါးနှင့်မညီ၊ြ ပည်သူပြည်သားရို့ အသက်စည်းစိမ်ကို မစောင့် ရှောက်တေမက သတ်ဖြတ်စော်ကားလှာပါရေ။ အကျွန် သူ့အပေါ်သြဇာမဟိပါ။ ရခိုင်မိဖုရားတပါးစွာ သျှင်ဘုရင်အပေါ်မှာ ဇာ ပြောပိုင်ခွင့်ဟိပါဖို့လဲ။ အကျွန်ရို့က မိန့်မပါရာ သူ့ဘေးမှာ အ တိုင် ပင်ခံ အမတ်ကြီးတိဟိပါရေ။ သူရို့နန့်တိုင်းရေးပြည်ရာကို စီ မန်ခန့်ခွဲကတ်ပါရေ။ အ မတ်တိထဲမှာ အဓိကကျရေ လူတိက ပညာဟိအမတ် သစ်တက် ငလက်ရုံးနန့်လောင်ြး ကက်စား ကုသလပါ၊ ငလက်ရုံးက နန်းရင်းဝန်ကြီြး ဖစ် ပြီးကေ ကုသလစွာ ကို ယ်ရံတော်တပ်ကိုကြီးကြ ပ်တေ တပ်မှူးကြီးဖြစ်ပါရေ။ အမတ်ကုသလရေ ဘုရင် မ င်းဗာကြီးညီကဆင်းလာရေလူ၊ မင်းဗာကြီးမြစ်ဆိုပြီးကေ နန်းတွင်းမှာ သြဇြာ ကီးပြီး တွင်ကျယ်ပါရေ။ေ ဗဒင်ယတြာအင်းအိုင်တိကို ကျွမ်းကျင်လို့ လေးစားရရေပိုင် ကြောက်လဲကြောက်ရပါရေ။ သူနန့် ငလက်ရုံးကြားမှာ ပြိုင်ဆိုင်မှုပဋိပက္ခဟိပါရေ။ အကျွန်ကတော့ နှဖူးကျင်းထိပ်ကျင်း နှာရောင်ကောက်ကောက် နှုတ်ခမ်းတွဲတွဲနန့် ဒေ၀ါကြီးကုသလကို ကြည့်လို့မရပါ။ ဒေ၀ါကြီးရေ ကောက်ကျစ်ယုတ်မာရေ အကြံသမားလို့ အစကတည်းက ထင်မိပါရေ။ အကျွန့်မောင်တော်၏ အားနည်းချက်တိကိုဖိနင်း၊ စိတ်ဓါတ်ကိုဖျက်ဆီး၊ တိုင်းပြည်ကို သွီးလန့်အောင် လုပ်ပြီးကေ၊နောက်ဆုံးမောင်တော် မင်းဟရီကို လုပ်ကြံသတ်ဖြတ်လားရေ မဟုတ်ပါလား။ နောက်တက်လာရေ သားတော်မင်းစနီလက်ထက်မှာ ဘုရင်မင်းပြည်ရေးပြည်ရာ အတိုင်ပင်ခံအဖွဲ့မှာ ကုသလ ပိုလို့ သြဇာအာဏာဟိလာပါရေ။ အမတ်ကြီးငလက်ရုံးကို သူဖယ်ထုတ်လိုက်ဗျာယ် မဟုတ်ပါလား အကျွန်က တော့ တခုလည်းပြောရေး ဆိုခွင့်မဟိရေ မဆမမိဖုရားပါရာ။ ငကုသလနဲ့သူ့တပည့်ဟူရားတတ် ရဲထွဋ်ရို့ အကျွန့်သားကို ထပ်ပြီးသတ်လိုက်ကတ်ပါရေ။ ရခိုင်နန်းတွင်းမှာ အမတ်ကြီးလေ့သူ၊ နန်းရင်းဝန်ကြီးလည်းသူ၊ ကိုယ်ရံတော်တပ်မှူးကြီးလည်းသူ၊ ကျန်ရေလူတိက သူ့လူတိနန့် အကျွန်ရို့ တော်ဝင်နန်းမျိုးဆက်တိပါ။ သူ့အတွက်နောက်ဆုံးပန်းတိုင်နန့် နောက်ဆုံးဆူးတိ ငြောင့်တိကိုသူမြင်ပြီးသား ပညာတတ်သလောက် ကောက်ကျစ်ရက်စက်မှု ကမ်းကုန်ရေအမတ်ပါ။ ရခိုင်နန်းတွင်းမှာ အမတ်ပညာဟိရို့ ကြီးစိုးပါရေ။ အကျွန်ရို့ မိဘုရားတိစွာ စစ်ဘုရင်ခုံထက်က နတ်ရုပ်သျှေတိပါရာ။ အကျွန်ရို့တခုလည်း သြဇာမဟိပါ။ ဘုရင်မြှောက်တေခါ နန်းတော်ပညာဟိ အ၀ိုင်းအ၀န်းက ငကုသလနန့်ရာတန်ရေလို့ ထောက်ခံကတ်တေ မဟုတ်ပါလား။ ဇာသူထလို့ ကန့်ကွက်ခပါလေ။ နန်းတော်ကို ငကုသလက သူ့ခါးပိုက်ထဲကတပ်နန့် နင်းထားစွာကိုသိလို့ ခေါင်းညိတ်ခကတ် တေ။ ရခိုင်သမိုင်း ပျက်ရလီပါဗျယ်။
ရခိုင်တော်ဝင်ထုံးတန်းစဉ်လာအရ မြောက်ဦးထီးနန်းကို အကျွန်မပိုင်ပါ။ အကျွန်ငကုသလကို နန်းအပ်လို့ ရပါဖို့လား။ နန်းတော်က အတိုင်ပင်ခံအဖွဲ့က အကျွန့်ကိုပိုင်ပါရေ။ ဘုရင်လို့မြှောက်တေလူစွာ မုဒိမ်း၊ဓါးမြ၊ အနူဖြစ် ကေလေ့ကိုယ့်ဘ၀ကို ကိုယ်မပိုင်ရေဘ၀မှာ ရွီးစရာလမ်းမရှိပါဗျာယ်။ လုပ်ကြံရေးသမား မိစ္ဆာကောင် ငကုသလ ရေ အမြင်လှဖို့အတွက် မိဖုရားခေါင်ကြီးဟောင်း မင်းမျိုးမင်းနွယ်အစစ် နတ်သျှင်မယ်ကို မိဖုရားမြှောက် တေ။ ဇာလောက်နတ်ယောင်ကား ကောက်ကျစ်လေ။ စဉ်းစားကြည့်ကတ်ပါဖိ။ အကျွန်သိပါရေ မောင်တော် မင်းဟရီကို ငကုသလရေ ရိုးသားရေလူမဟုတ် သတိထားဖို့ ပြောဖူးပါရေ။ သူမယုံ။ အခုအားလုံး ပျက်စီးရပါဗျယ်။ ကိုယ့်ဝမ်းနန့်လွယ်မွီးရရေ သားကိုတောင် နန်းတွင်းအမိန့်မရလို့ မသင်္ဂြိုလ်ရရေဘ၀ ။ သူရို့အမိန့်ရမှ သင်္ဂြိုလ်ရရေ ဘ၀ ။ လင်သီသားသီလို့မကျီသိ။ လူသတ်ကောင်နန့် လက်ထပ်ရရေ ရခိုင်မိဖုရားတပါး၏ နှလုံးသားဝေဒနာကို တစိသျှေလောက်ရာ မျှဝီလို့ခံစားကြည့်ကတ်ပါ။ ထီးနန်းကိုရရေခါ ခွီးပါးစပ်က နတ်စကားထွက်ဗျယ် သမိုင်းကို လိမ်ပါရေ။ လင်ကိုမတွယ် သားကိုမခင်ရေမိန်းမ၊ ငါနန့်ပေါင်းကေ ထိုအကျင့်ပျောက်ဖို့ မဟုတ်၊ ငါ့ကိုလည်း ပြစ်မှားဖို့ ဆိုရေလို့ ငကုသလက ပြောရေဆိုပါကာ။ ယုံကတ်ပါလား။ ငကုသလရေ မင်းရူး၊ အာဏာရူး၊ လုပ်ကြံ ရေးသမားပါ။အကျွန့်လင်ကိုသတ်၊သားကိုသတ်၊ဆွေတော်မျိုးတော်တိကို ပြုန်းအောင်သတ်ခရေလူပါ။ တတိုင်း ပြည်လုံး ငါးပါးမှောက်အောင် လုပ်ခရေလူပါ။ စကားအမျိုးမျိုးပြောပြီးကေ အလွန်ကောက်ကျစ် စဉ်းလဲရေလူပါ။ သူ့စကားကိုယုံကတ်ပါလား။ တိုင်းသူပြည်သားရို့ အကျွန်ဘက်က ၀င်ပြီးစဉ်းစားကြည့်ကတ်ပါတချက်။ မျှမျှ တတစဉ်းစားဖို့ အကျွန်အနူးအညွတ် တောင်းပန်ပါရေ။
မင်းဖြစ်တေခါတော့ ဆရာတော်ကြီးတိ အဆိုအမိန့်ကို နားထောင်ပြီးကေ ရင်ရိုးတော်၊နံရိုးတော် စေတီနှစ်ဆူကို ပြောင်းတည်ပါရေ။ သမိုင်းမှာတော့ ဘုရားတကာလို့ရွီးဖို့ထင်ပါယင့်။ အကျွန့်အဖြစ်ကို ရရိုးသျှေတခုပြောပြပါမေ။ ကွယ်လွန်ရေ(သူသတ်ပစ်တေ) မင်းတရားကြီး သီရိသုဓမ္မရာဇာမှာ ရွှေရေးဆောင်မိန်းဖုရားနန့် သူ့လက်ရင်း တပည့်အမတ် သံတောင်စားငတုံးညို သင့်မြတ်နီကတ်တေလို့ နန်းတွင်းမှာသတင်းပြန့်ထွက်လာပါရေ။ ယေခါ ငကုသလရေ ဆရာတော်ကြီးတိကို နန်းတွင်းသို့ပင့်ပြီးကေ မင်းမိဖုရားနန့် သာမန်မူးမတ်ပြည်သူရို့ အိမ်ထောင် ပြုလို့ရပါဖို့လားလို့ လျှောက်မီးပါရေ။ ဇာလောက်ထိ နတ်တေဆိုစွာ စဉ်းစားကြည့်ကတ်ပါဖိ။ သူအမတ်ကြီး လုပ်ခရေလူပါ။ အေယှင့်ဇာသဘောပါလေ။ သျှင်ဘုရင်ကိုသတ်ပြီး သျှင်ဘုရင်မယားကို မိဘုရားမြှောက်ပြီး ယူခရေ ကျွန်အမတ်ဆိုစွာ ငကုသလသူကိုယ်တိုင်မဟုတ်ပါလား။ ရခိုင်ရာဇ၀င်မှာ အကောက်ကျစ်ဆုံးလူပါယေ။ ယင်းအချိန်မှာ အကျွန်က ကျောက်အုဋ်တံတိုင်း ကာထားရေ၀င်းထဲမှာတောင် အပိတ်လှောင်ခံထားရပါဗျယ်။ အကျွန်ကျေနပ်ပါရေ တံကျင်ထိုးလို့သတ်ပစ်ကေလေ့ ကျေနပ်ပါရေ။
အကျွန်ရေ အမျိုးသီလစောင့်ထိမ်းရေ သာဂီဝင်မျိုးနွယ်ပါ။ ကုသလပိုင်လူနန့် နန်းတော်ကလက်ဆက်ပီးကေလေ့ သွီးဆက်ဖို့အကျွန် လုံးဝငြင်းဆန်ပါရေ။ အမှန်ပြန်စဉ်းစားရေခါ သူ့အတွက်စွာရေ သဘာဝကျပါရေ။ သူ့ကိုအကျွန် လုပ်ကြံသင့်ပါရေ။ အကြံသမားကတော့ခါ ကွက်ကျော်မြင်လို့ အကျွန့်ကို နန်းတွင်းကထုတ်ပြီးကေ အကျဉ်း ချထားရေ။ ယင်းဘ၀က ပိုလို့မြတ်ပါရေ။သွီးပေနီရေ ရခိုင်နန်းတွင်းမှာ အကျွန်မခြီပါဗျယ်။
သီခါနီးမှာတော့ အကျွန့်ကိုမှာရေ သူရူးခမက်ခရေ မင်းစည်းစိမ်ဆိုစွာ ဇာအဓိပ္ပါယ်ဟိပါသိလေ။ သူကျူးလွန်ခရေ ပြစ်မှုတိအတွက် နောင်တရနီပါဗျယ်။ သူအကျွန့်ကို စကားပြောချင်မှာချင်ရေ။ သူခွန်အားလျှော့နီပါဗျာယ်။ သွီးဆုတ်လားဗျာယ်။ ရခိုင်ရာဇ၀င်မှာ သူရေဇာလောက်ကောင်းကျိုး ပြုနိုင်ခပါလေ။ အကျွန်ရေ ဘုရားရှင် သာသနာတော် အဆုံးအမမှာ ငါးပါးသီလမြဲရေ ရခိုင်မင်းသမီးပါ။သူ့အတွက် အကျွန်အမျှဝီပါယင့်။ နိဗ္ဗာန်မ ရောက်ခင် သံသရာ၌ကျင်လည်ရသမျှ ဘ၀အဆက်ဆက်မှာ ဒေလူယုတ်မာတိနန့် မတွိကြုံရပါလို၏။ အမျိုးသီလ စောင့်ထိမ်းထားသောရခိုင်မြီမှာ ဒေလူယုတ်မာတိ မမွီးပါစီကေ့လို့ ယင်းနိန်ရာမှာ ဆုတောင်းမိန့်ခပါရေ။ အကျွန့်မှာရာ ဖြီမရယှင်းမရ စွပ်စွဲချက်တပုံနန့် ကျန်ခပါရေ။ ပဒေသရာဇ် မင်းယောင်္ကျားရို့ အာဏာလုပွဲမှာ အကျွန်ညှပ်ပြီး ပါလီရပါရေ။ အကျွန့်ဘ၀ ပျက်တေပိုင် မြောက်ဦးရွှေနန်းတော်ကြီးသွီးစွန်းလို့ ယိုယွင်းပျက်စီးစွာ ကိုလည်း အကျွန်မျက်စိနန့် မြင်လိုက်ရပါရေ။ ရခိုင်သမိုင်းကို ပထမဆုံးစတင်ဖျက်စီးသူရေ မင်းရူး၊အာဏာရူး၊ လုပ်ကြံရေးသမား ငကုသလ အကျွန်စက်ဆုပ်ရွံရှာဆုံးလူပါ။ အကျွန့်အဖို့ အကျွန့်လင်ကိုသတ် သားကိုသတ် ဆွေတော်မျိုးတော်တိကို သတ်တေလူနန့်ရာ အကျွန့်ကို ယိုးစွပ်ကတ်တေ အကျွန်ဇာပိုင်ခံစားရဖို့လဲ တချက်သျှေ စဉ်းစားကြည့်ကတ်ပါ။ ထိုလူဒေလူရွီးရေ ရာဇ၀င်မှာပါတိုင်းလည်းမယုံပါကဲ့။ ဥာဏ်ပညာနှင့် ချင့်ချိန်စဉ်းစား ကတ်ပါ။ ရာဇ၀င်ထဲကနတ်သျှင်မယ်ရေ အမျိုးသီလကိုစောင့်ရေ၊ ကိုယ့်တိုင်းပြည်ကိုချစ်တေ သစ္စာတရားကိုမြတ် နိုးရေ ရခိုင်မိဖုရားတပါးပါလို့ရခိုင်အမျိုးသား အမျိုးသမီးများအပေါင်းရို့ သိကတ်ပါ။
ရခိုင်ပြည် အီးချမ်းသာယာပါစီ၊ ဖီးကင်းပါစီ၊နတ်ကောင်း နတ်မြတ်ရို့ ရခိုင်ပြည်ကို စောင့်ရှောက်ပါစီ။
မြတ်စွာသာသနာတော်
ထွန်းကားတည်တံ့ပါစီ။
(သီရိသုမြတ်စွာဒေ၀ီ)
မောင်ခိုင်အောင်
(ရခိုင်ရိုးမ မဂ္ဂဇင်းမှ ကူးယူဖော်ပြသည်။)
(Narinjara မှ)


