ဝေေ၀ (စစ်တွေ)
သတ္တ၀ါတိုင်းမှာ ပြင်ပအာရုံထိတွိမှုကို တုန့်ပြန်ရေ စနစ်ဟိရေ။ လူမှာပိုလာစွာက အဆင့်မြင့်တုန့်ပြန်မှု စံနစ်ဖြစ် တေ ဘာသာစကားပါ၊ ဘာသာစကားရေ လူသားတိကြားမှာ ဆယ်သွယ်ရေး ကြိယာဖြစ်တေ၊ အသိအမြင် ဖလှယ်ပီးရေ ကြိယာဖြစ်တေ။ ဘာသာစကားဆိုစွာ လူ့အဖွဲ့အစည်းတစ်ခုမှာ သမိုင်းအရ ကောင်းအရေးပါရေ။ လူမှုပုံသဏ္ဍာန်တစ်ခုအဖြစ် လှုပ်ယှားပြောင်းလဲနီရေ။ ပြောစွာကိုမှတ်ဖို့ လိုအပ်တေလို့ သိမြင်လာရေ သမိုင်း တစ်ကွေ့မှာ စာအရီးအသားစပါရေ။ အပြောနန့်အရီး ဇာသူယင်လေ ယှင်းနီစွာပါရာ။
သမိုင်းမှာလူမျိုးတိအဖြစ် စုစည်းလာကတ်တေစွာမှာ ဘာသာစကားလေ့ အခြီခံတစ်ချက်ပါရေ။ ယင်းဘာသာ စကားနန့် အမျိုးသားစာပီ ဖွံ့ဖြိုးလာရေ။ ယင်းစာပီက ဘာသာစကားကိုတစ်ဖန် ဖွံ့ဖြိုးကျယ်ပြန့်စီရေ။
စာပီကိစ္စမှာ ကဗျာအကြောင်းကို အဓိကပြောပါမေ။ ကဗျာဆိုစွာ ဘာသာစကား၏ အညွန့်အဖူးဖြစ်တေလို့ စာပီပညာသျှင်ရို့က ဆိုကတ်တေ။ “စာပီအနုပညာမှာ အမြင့်ဆုံးပုံသဏ္ဍာန်ရေ ကဗျာဖြစ်တေ”လို့ ဂျာမန်ဒဿန ပညာသျှင်ကြီး “ကန့်”က ပြောခရေ။ ကဗျာကိစ္စဆိုစွာ ဘာသာစကားကိစ္စဖြစ်တေ။ ရခိုင်စာပီဖွံ့ဖြိုးတိုးတက်ရေး အတွက် ရခိုင်ကဗျာရေ ကောင်းကောင်းအရေးကြီးရေ အခန်းကဏ္ဍက ပါဝင်နီရေ။ ပြဿနာက ရခိုင်ကဗျာဆိုစွာ ဇာလေ၊ ဇာယှင့်ကို ရခိုင်ကဗျာလို့ ခေါ်ကတ်ဖို့လေး။ ဂန္ဓ၀င် ရခိုင်ကဗျာက ယှင်းပါရေ။ အေနိ့မျက်မှောက်ကာလ မှာ ရခိုင်ကဗျာဆိုစွာ ဇာကဗျာတိကို ပြောစွာလဲလို့ မိန်းဖို့ကျဖို့ယေ။ ကျွန်တော်ရို့မှာ တင်ပြဖို့အသင့်ဟိနီရပါဖို့။
“အမျေလေ ရောက်မလေ
မှိုဟင်းးလေ့ခူး စူးလေ့စူး
အစူးလေးထွင် နီလေးဝင်
အိမ်ကိုလေးရောက် မိုးလေးသောက်”
“ငရုပ်သီး နားမှာပန်
နံနက်ရွက်ကို တို့လို့စား
စားကောင်းယင့်လား အောင်ကျော်ဇံ
အုံး ….. အာမခံ”
“ဘုရားလက်ဆောင် များမြောင်ဆီမီး
မုလေးပွားကေ ကုက္ကားထီးနန့်
တံခွန်ဒက်စွန် ကြက်လျှာလိပ်လက်
ပြာသာဒ်တင်ဗျယ်၊ ဆွမ်းတော်ကပ်လို့” အေယှင့်တိရေ ရခိုင်ကဗျာတိဖြစ်တေ။
ရခိုင်ကျွန်းသား တောသား တောင်သားတိရွက်ဆိုရေ ရခိုင်ကဗျာတိပါ။ အေကဗျာတိမှာ ထူးခြားချက်ကဇာလေ၊ ရခိုင်တိ နိစဉ်ပြောဆိုနီရေ ဘာသာစကားကို ဒါရိုက်သုံးထားစွာဖြစ်တေ။ ကာရန်ပါချင်ပါ မပါချင်နီ။ ရခိုင်လီ ရခိုင် အပြောနရီ သုံးထားစွာကို တွိရရေ။
“မှိုဟင်းခူးရန် သွားကြမည်”
“စားကောင်းသလား အောင်ကျော်ဇံ” လို့ စာစကားနန့် မရီးပါ။ အေနိ ရခိုင်မှာ ရီးနီကတ်သိရေ ကဗျာတစ်ချို့။ ရခိုင်အပြောဘာသာစကား မသုံးရေ ကဗျာတိ။ ယင်းကဗျာတိ အတတ်ပညာကောင်းကေ နောက်အနှစ် တစ်ဆယ် နှစ်ဆယ်မှာ ရခိုင်ကဗျာ ရခိုင်ကဗျာ ရခိုင်စာရင်းမှာပါဟိဖို့ မဟုတ်ပါ။ ပါဖို့ဆိုကေ ဗမာကဗျာ အန်သော်လော်ဂျီ (Anthalogy) ထဲကိုရာ ရောက်လီပါဖို့။
ရခိုင်ဘာသာစကား၊ ရခိုင်စာပီကို စိတ်ဝင်စားရေ နိုင်ငံခြားသား ဘာသာဗေဒ ပါမောက္ခတစ်ယောက် ရခိုင်သား ကဗျာဆရာတစ်ယောက်ကို မျက်မှောက်ရခိုင်ကဗျာတိ လိုချင်ရေ၊ အသံဖမ်းယူလားဖို့ တောင်းရေ။ ကျွန်တော်ရို့ က ပီးလိုက်ပါဗျယ် ကဗျာတိ။ ယင်းယှင့်ထဲမှာ အေနိရခိုင်သားတိ မသုံး၊ မပြောရေ ဝေါဟာရတိ၊ နောက်ဆက် ပစ္စည်းတိ ပါနီရေ။ ကဗျာလီကလေး ရခိုင်လီမဟုတ်။ ယင်းပိုင်ဆိုကေ ဗမာကဗျာကို ရခိုင်သံနန့်ဆိုစွာရာ ဖြစ်ပါဖို့။ ရခိုင်ကဗျာဖြစ်မလာပါ။
အေယှင့် ရခိုင်ကဗျာမဟုတ်ပါလို့ဆိုကေ အကျွန်ရို့ ဘဇောင်ခံစားရပါဖို့လေး။ သူက ဘာသာဗေဒ ပညာသျှင်အနီ နန့်ပြောစွာဖြစ်လို့ ၀မ်းနည်းပတ်လက်ဖြစ်ရဖို့။ ယေကေလေ့ ငြင်းလို့ကားမရပါ။ ကိုယ်ရို့ကိုယ်တိုင်က ကိုယ့် ဘာသာစကားကို တန်ဖိုးမထားလို့ မသုံးလို့ဖြစ်တေ ကိစ္စ။ ကိုယ်ပိုင်စာပီသမိုင်းလမ်းကို ကိုယ်ရို့မမြင်စွာ သူ့ကို ကျေးဇူးတောင် တင်ရဖို့သီး။
ယင်းအတွက်နန့် အေနိရခိုင်ကဗျာကို ဇာပိုင်ဖန်တီးကတ်ဖို့လေး အဓိကအကျဆုံး အချက်က ရခိုင်ဘာသာ စကားကို သုံးရဖို့ဖြစ်တေ။ ရခိုင်ဘာသာစကားဆိုစွာရေ အေနိ ရခိုင်တိပြောနီရေ ဘာသာစကားပင်ဖြစ်တေ။
အေနိကဗျာ Trend မှာ အဓိကထူးခြားချက်က ဇာလေးဆိုကေ အမျိုးသား ကဗျာတိုင်းရေ အပြောနရီဘက်ကို တစ်ဖြည်းဖြည်း ပါးပါလတ်တေ၊ ကပ်ပါလတ်တေဆိုစွာနန့် မဆိုင်ပါ။ နိုင်ငံတကာမှာ ပွဲပြတ်လားပါဗျယ်။ အပြောနန့် အရီးစွာ ကဗျာမှာ ထပ်တူကျလားပါဗျယ်။ ဗမာကဗျာတိမှာလေ့ အပြောနရီ အပြောစကားပါ။
အပြောနရီဆိုစွာ ဇာလေ၊ လူထုသုံးဘာသာစကားကို ရည်ညွှန်းစွာဖြစ်ပါရေ။ လူထုသုံးဘာသာစကားနန့် ရီးရဖို့ ဖြစ်ပါရေ။ ရခိုင်တိပြောရေ ရီးရေ နိစဉ်သုံးဘာသာစကားနန့် ကဗျာရီးရပါဖို့။
အေနိ ရီးနီကတ်တေ ရခိုင်ကဗျာဆိုစွာတိမှာ မျက်မှောက်ခေတ် ရခိုင်စကားမဟုတ်တေစွာတိ အများကြီးတွိနီရ ရေ။ ရခိုင်စကားထဲမှာ မဟိရေ “သည်၊ ၌၊ တွင်၊ ၏၊ သော” တိမကန် မကန်ဆိုစွာကို ကဗျာတိမှာ စိတ်ပျက် ကောင်းထမန်း တွိနီရရေ။ အေယှင့်တိ ရခိုင်စကားမှာ မဟိပါ။ မဟိရေစွာတိကို ဇာဖြစ်လို့ ထည့်သုံးနီကတ်လေ၊ အဂေါင့်ဟိနီစွာတိကို ဇာဖြစ်လို့ မသုံးဝံ့ကတ်လေး။
ရခိုင်ကဗျာ ဖွံ့ဖြိုးဖို့အတွက်၊ ရခိုင်စကား ဖွံ့ဖြိုးဖို့အတွက် ရခိုင်ကဗျာဆရာတိ ရခိုင်ပိုင်ရီးဖို့ လိုအပ်တေ။ ဘာသာ စကားတစ်ခုမှာဟိရေ အညွန့်အဖူးအလှချေတိကို ထည့်သုံးဖော်ထုတ်ဖို့ နီရာရေ ကဗျာဖြစ်တေ။
“ကျွီး” ဆိုရေ စကားတစ်လုံး၊ ရခိုင်သားကိုယ်ပိုင်၊ ကောင်းလှရေ၊ သံရှည်ဖြစ်တေ။ စူးယှရေ သဘောကိုဆောင် ရေ။ “ကျွီးရေလူ ဝေဒနာ” ကလေ့ ယင်းပိုင်ပါဗျယ်။ ကျွန်တော်ရို့ ပြောနီကတ်၊ ကြားနီကတ်ရရေ စကားတစ်လုံး၊ ရခိုင်ကဗျာစာပီမှာ မတွိရကေ စာထက်ပီထက် တင်ဖို့အလုပ်ကို ဇာသူရို့လုပ်ကတ်ဖို့လေး။ စာပီသမား ကဗျာ ဆရာတိ လုပ်ကတ်ရဖို့ပ။ ဘာသာဗေဒသမားက မှတ်တမ်းတင်၊ ဘာသာစကားလုံး ကျောက်ရိုင်းလုံးချေတိကို သွီးရေအလုပ်၊ ပန်းပင်ချေတိပျိုးပနာ ပွင့်အောင် လုပ်ဖို့အလုပ်။ ကဗျာဆရာမှာ ဘာသာစကားနန့် ပတ်သတ်ပြီး ကေ ယင်းတာဝန်ဟိပါရေ။ အေယှင့်ကို ရခိုင်သမိုင်းဆရာ မလုပ်နိုင်။ သူ့အလုပ်မဟုတ်ပါ။ ယေအတွက်နန့် ရခိုင်စာပီရှင်သန်ရေးမှာ ကဗျာဆရာအခန်းကဏ္ဍကို လျော့တွက်လို့မရပါ။
အပြောနရီဆုံကေ အဆန်းပိုင်ဖြစ်နီပါဖို့၊ အပြောနရီကို ဗမာဆရာတိထက် စောပြီးကေ အယင်ဆုံးသုံးခရေ ရခိုင်ကဗျာဆရာရေ ဥက္ကာပျံဖြစ်ပါတေ။ ၁၂ ရာသီရတုမှာ အပြောနရီ ကောင်းကောင်းတွိနိုင်ပါရေ။
တံပိုးသံကြား ၍၊ ကြက်များသောထွန်၊ မောင်ကမလာ၊ လိပ်ပြာပူးလာဟန်သို့ (ကဆုန်)
နှင်းလည်းတ၀ီဝီနှင့်၊ ၀ီရပ်မြီဟိမ၀န္တာ၊ လီညှင်းလာခါ၊ မေလွမ်းရာကို၊ မောင်တော်မသိ (၀ါကျွတ်)
မောင့်ကြောင့်မကြံသာတည်း၊ နီထိုင်သော် မပျော်ပိုက်၊ ထမင်းရီစာ မ၀င်ပါ၊ ပူဆာသွီး လီဖြတ်၍ (တန်ဆောင်မုန်း)
ဥက္ကာပျံ အပြောနရီသုံးခရေ၊ နိုင်ငံတကာမှာ အပြောနရီ၊ ဗမာမှာလေ့ အပြောနရီ၊ ကျွန်တော်ရို့ကကျကေ ကိုယ်မပြောရေ စကားနန့်ရီးနီကတ်တေ။
ကဗျာဆိုစွာ ဘာသာစကား အညွှန့်အဖူးပါ။ ဘာသာစကားထဲက အထိယှဆုံးစကားလုံးနန့် ခေတ်ပြိုင်ခံစားမှုတိ ပေါင်းပြီးကေ အမျိုးသားကဗျာကို ဖန်တီးရပါဖို့။ အေနိ ရခိုင်ကဗျာတိမှာ ဘာသာစကား အလှအညွှန့်တိကိုလေ့ မတွိရ။ ရခိုင်သားတိမပြောရေ ရခိုင်မဆန်ရေ ရခိုင်မဟုတ်တေ လီသံတိ ဝေါဟာရတိကို တွိနီရစွာ ရှက်ဖို့ ကောင်း၊ ရင်လီးဖို့ကောင်းရေ။
စာအုပ်ရှားသည့် သည်မြေမှာ
ဝါးတောတွေ ပိန်းပိန်းထပ်လို့
အဲဒီဝါးတွေကို စက္ကူလုပ်
အဲဒီစက္ကူတွေပေါ်မှာ
ငြိမ်းချမ်းလှပတဲ့ လေးမြို့သမိုင်းသစ်ကို
ဘယ်သူရေးပါ့မလဲ။ (မောင်ခိုင်အောင်)
ရခိုင်တန်ဆောင်မဂ္ဂဇိန်း အမှတ် (၁၈)မှာ ရှိဆုံးကပါရေ အဖွင့်ကဗျာ “လေးမြို့” ထဲက နောက်ဆုံးအပိုဒ်ဖြစ်တေ။ ရခိုင်ခံစားမှု ထက်မြတ်ကေလေ့ ရခိုင်ကဗျာမဟုတ်ပါ။ ၀မ်းနည်းမိပါယင့်။
ပြုပြင်ခွင့်လွှတ်၊ မပေါင်းစပ်က
မျိုးဇာတ်အမုန်း၊ မိုးသို့ချုန်းလျက်
ဆက်ထုံးမဖြေ၊ ဖြေလည်းမကျင်း
မြမလင်းက၊ မရှင်းကမ္ဘာမှောင်တော့မယ် (သျှင်အုန်း)
ရခိုင်မဂ္ဂဇိန်း အမှတ် (၁၈) မှာပါရေ အဖွင့်ကဗျာပါ။ ရခိုင်ကဗျာမဟုတ်ပါ။
ဝေသာလီတဲ့
နာမေကျော်ဟိုး၊ ရခိုင်မျိုး၏
မြတ်နိုးဖွယ်ရာ ရှေးမြို့တော် ……………….။ (မင်းနီခိုင် - မောင်တော)
ရခိုင်မဂ္ဂဇိန်း အမှတ် (၁၇) က အဖွင့်ကဗျာပါ။ ကဗျာမှာ “တဲ့” လေးပါ၊ “၏” လေးပါရေ။ စိတ်ညစ်မိပါယင့်။
ဂစ္ဆပနဒီ၊ မှုန်ရီမှိုင်းပြ
မြတ်အလှပေ၊ ကြည့်လေလှလေ
နှင်းမိုးဝေလျက်၊ တောင်ခြေတစ်ဝိုက်
ငှက်တစ်သိုက်လည်း၊ ၀ဲလိုက်ပျံလိုက်
တေးဆိုလိုက်နှင့်
သခင်ရင်မှာ မီတိဖြာဘိ
အမိရခိုင်မြေသာစွလေ။ (အနောက်သား - စစ်တွေ)
မုနိမြေမဂ္ဂဇိန်း အမှတ် (၂) ထဲက ကဗျာပါ။ လှပါယင့်၊ ယေကေလည်း ရခိုင်ကဗျာဖြစ်မလာပါ။ ရခိုင်လီမဟိပါ။ ခေတ်စမ်းနောက်ဆက်တွဲ ငွေတာရီ ငွေတာရီမဂ္ဂဇိန်းပါ ကဗျာပုံစံပါ။ စစ်တွေညိုသန့်ဆိုကေ ဒေပိုင်ကဗျာတိကို နုနုချေနန့် လှအောင်ရီးတတ်ပါယင့်။ ရခိုင်ကဗျာ မဟုတ်ပါကား။
ကြုံယက်ပင်း စိချေထုတ်ပြစွာပါရာ။ ရခိုင်ကဗျာလမ်းမှာ အားရဖို့ကောင်းစွာလေ့ ဟိပါရေ။ ရခိုင်တန်ဆောင်မှာ ရခိုင်ကဗျာ သက်သက်ပါလာစွာ၊ ရခိုင်သဟာယမဂ္ဂဇိန်း အမှတ် (၂) နန့် မြောက်ဦးမဂ္ဂဇိန်း အမှတ် (၁) မှာ ရခိုင် ကဗျာတိကို တလေတစားနန့် သီးသန့်နီရာပီးစွာက ၀မ်းသာအားရဖို့ ကောင်းပါရေ။ ကျွန်တော်ရို့ကတော့ ရခိုင် ကဗျာကို ဂုဏ်သိက္ခာဟိဟိ ခေတ်မှီမှီတစ်နီရာ ရစီချင်ပါရေ။
ကဗျာဆိုစွာ ဘာသာစကား အညွှန့်အဖူးဖြစ်တေအတွက် ကဗျာဆရာကောင်းတစ်ယောက်ဖြစ်ဖို့ ဘာသာစကား ကျွမ်းကျင်ရဖို့၊ အာရုံခံစားမှု ထက်မြတ်ရဖို့ဖြစ်တေ။ မြန်မာနိုင်ငံမှာ ထိပ်တန်းကဗျာဆရာကြီး မင်းသုဝဏ်ရေ ဘာသာဗေဒပညာသျှင်ပါ။ ဇော်ဂျီလေးယင်းပိုင်ပါဗျယ်။ သခင်ကိုယ်တော်မှိုင်းရေ ဘာသာဗေဒပညသျှင်မဟုတ် ယေကေလေ့ လူထုသုံးဘာသာစကားကို ကောင်းကောင်းကျွမ်းကျင်ရေ။ မြန်မာကဗျာ၊ မြန်မာစာပီဖွံ့ဖြိုးတိုးတက် မှုအတွက် သူရို့ ကြိုးပမ်းရေစွာတိကို လေ့လာတွိဟိရရေ။ မာယာကော့စကီးရေ ရုယှားဘာသာစကား အားကောာင်းချက်ကို လူထုသုံးအပြောနရီနန့်ပေါင်းပနာ ရုယှားကဗျာတစ်ခေတ်ကို တည်ထောင်ခရေ။
“ကဗျာဆိုစွာ ဘာသာစကား အနုပညာ။ အကောင်းဆုံး ဘာသာစကားရေ လက်ဟိဘ၀ကလာရေ။ အထိခိုက် နိုင်ဆုံး ဘာသာစကားရေ ဘ၀ကိုပီပြင်အောင် သရုပ်ဖော်ထားရေ ဘာသာစကားရာဖြစ်တေ။”
‘‘ခေတ်သုံ လူထုသုံးဘာသာစကားနန့် ပြောပါရွှီးပါ။ ကဗျာ ဘာသာစကားကို လူထုနားလည့်ရပါဖို့။”
`ကဗျာအကြောင်း`စာတမ်းမှာ ခေတ်သစ်တရုတ်ကဗျာ ခေါင်းဆောင် အိုက်ချင့်က ယင်းပိုင်ပြောထားရေ။ ကျွန်တော်ရို့ငြင်းဖို့ဟိပါဖို့လား။
ဝေါ့ဝှစ်တမင်းက “မြတ်ရွက်တိ” Leaves of Grass ကဗျာစာအုပ်နန့် စခရေ ခေတ်သစ် အမေရိကန်ကဗျာ ရီးစီးကြောင်းလေးသော့ ယင်းပိုင်ပါဗျာယ်။ လူထုဘာသာစကား၊ အပြောနရီအားကောင်း ထက်မြတ်တေ အာရုံခံစားမှု။
ယေတွက်နန့် ရခိုင်ကဗျာသမားတိရေ ရခိုင်ဘာသာစကားကို အသုံးကျွမ်းကျင်ဖို့ လိုပါရေ။ မိမိဘာသာစကားကို တတ်သိနားလည် ဖို့လိုပါရေ (ရခိုင်စကားပြောတတ်စွာကို ဆိုလိုစွာမဟုတ)
ရခိုင်ကဗျာဆိုစွာရခိုင်ဘာသာစကားနန့် ဖွဲ့စည်းထားရေ အတွက်မိမိဘာသာစကား မကျွမ်းကျင်ကေမိမိလူမျိုး ကဗျာဇာပိုင်ဖြစ်ပါဖို့လေးရခိုင်ဘာသာ စကားကိုစာရွက်ထက်ကွန်ပျူတာထက်တင့်ပြီးကေ ခန့်ခန့်ညားညား ပြောင်ပြောင်မြောင်မြောက်ရီးနိုင်ဖို့ လိုပါရေ။
ရခိုင်ကဗျာနန့် ပတ်သက်ပြီးကေ မြောင်ဦး၊ သဟာယ၊ ရခိုင်ညွန့်ဖူးရို့မှာ ထိုတပိုင်းဒေသပိုင်း ဖတ်ရရေ စာတမ်း တစ်စောင်တွိရရေ။ “နောင်အေး” ရီးရေ “ရခိုင်ကဗျာ ဖြစ်ပေါ်တိုးတက်မှု” စာတမ်းပါ။ စေတနာမှန်ရေ ဖွဲ့စည်းပုံ ကောင်းပါရေ။ ယှားယှားပါးပါး ထွက်လာရေ စာတမ်းပါ။ အရေးကြီးဆုံးတစ်ချက်က ပြဿနာပါ။ ရခိုင်ကဗျာလို့ သတ်မှတ်တေ ဘောင်ဖြစ်တေ။ ရခိုင်မဂ္ဂဇိန်းမှာပါရေ ကဗျာတိရေ ရခိုင်ကဗျာလို့ ဘောင်ခတ်မရပါ။ ဆိုကတ်ပါဖို့ ဗျယ်လို့ assume လုပ်လို့မရပါ။ “ရခိုင်ကဗျာ”ဆိုရေ အဓိပ္ပါယ်ဖွင့်ဆိုချက် ဟိပြီးသား၊ ဝေါဟာရတိကို လိုတိုးပို လျော့လုပ်လို့ မရပါ။ ဘာသာရပ်ဆိုင်ရာ ဝေါဟာရနယ်ပယ်ရေ သိပ္ပံနယ်ပယ်ပါ။ တိကျရပါရေ။
ရခိုင်မဂ္ဂဇိန်းမှာ ရခိုင်ကဗျာဟုတ်စွာလေးပါရေ၊ မဟုတ်စွာလေးပါရေ။ မဟုတ်စွာက များရေ။ ယင်းပိုင်ပါဗျယ် ရခိုင်တန်ဆောင်မှာလေ့သော့။ ကြားမှာပြောခရေ ရခိုင်တန်ဆောင် အမှတ် (၁၈) မှာ ပါဟိရေ မောင်ခိုင်အောင် ရီးရေ အဖွင့်ကဗျာ “လေးမြို့”ရေ အကြောင်းအရာ၊ အာရုံခံစားမှု၊ အတတ်ပညာပိုင်းမှာ တစ်ခုလေ့ ပြောစရာမဟိ ပါ။ သို့သော်လည်း ရခိုင်ကဗျာလို့ လုံးဝသတ်မှတ်ဖို့ မရ။
ရခိုင်ကထွက်တေ မဂ္ဂဇိန်းစာမျက်နှာတိမှာပါတိုင်း ရခိုင်ကဗျာလို့ မပြောနိုင်ရေပိုင်၊ ရခိုင်သားရီးတိုင်းလေး ရခိုင် ကဗျာလို့ မပြောနိုင်ပါ။ ရခိုင်မဂ္ဂဇိန်းမှာပါတိုင်း ရခိုင်ကဗျာလို့ပြောစွာရေ အမှားကြီးတစ်ခုပါရာ။ ရခိုင်ကဗျာ အဓိပ္ပါယ်ဖွင့်ဆိုချက် လွှဲမှားလာနိုင်ပါရေ။ ရခိုင်ဘာသာစကားကို မသုံး၊ ရခိုင်လီ၊ ရခိုင်အပြောနရီမပါကေ ရခိုင်ကဗျာ မဟုတ်ပါ။
ရခိုင်ကဗျာမှာ ပင်မနှလုံးအိမ်ရေ ရခိုင်ဘာသာစကားဖြစ်ပါရေ။ မျက်မှောက်ခေတ် ရခိုင်လူထုသုံး ဘာသာစကား၊ ယင်းဘာသာစကား အပြောနရီကို ကဗျာမှာ ဒါရိုက်သုံးမှရာ ရခိုင်ကဗျာဖြစ်ပါဖို့။ နောက်အချက်တိက အာရုံခံစား မှု၊ အလင်္ကာ၊ နိမိတ်ပုံကိစ္စတိပါ။ ကဗျာအတတ်ပညာကိစ္စပါ။
ရခိုင်ဂန္ဓ၀င်ကိုလေ့လာ၊ ရခိုင်ကျေးလက်ကဗျာတိကို လေ့လာ၊ ဗမာကဗျာ၊ နိုင်ငံတကာ ကဗျာတိကိုလေ့လာ၊ မုတ်ဆိုးစိုင်သင် အယူအဆနန့် ရခိုင်ကဗျာ ဂုဏ်သိက္ခာကို ကြီးမြင့်အောင် လုပ်လားရပါဖို့။ ချစ်ကေ ကြိုးစား ကတ်ပါမေ။
မူရင်း။ ။ ရခိုင်ညွှန့်ဖူး အမှတ် ၄၊ စာ ၁၂၁၊ ၁၉၉၇ စက်တင်ဘာလ၊ ရခိုင်သားကြီးစာပီ၊ ရန်ကုန်
0 မှတ်ချက်:
Post a Comment