သာဦးဖြူတယောက် မိုးထစောစော ရွာကသျှင်ပြူပွဲမှာ လုပ်အားဒါနပြူဖို့အတွက် အိပ်ရာစောစောဝင်လိုက်သည်။ အိပ်ရာမ၀င်ခင် ညဇာသား (၄) ချက်တီးလောက်က သူငယ်ချင်းတိနှင့် ရွာကသျှင်ပြူပွဲအကြောင်း ပြောဖြစ်ခသိမ့်သည်။ သူငယ်ချင်းမတိက သာဦးဖြူကို မိုးထစောစော (၄) ချက်တီးမှာ လာနှိုးမည်ဟုပြောသည်။ စောစောထရဖို့။ ချက်ရဖို့၊ ပြုတ်ရဖို့။ ယင်းအတွက် သာဦးဖြူတယောက် စောစောအိပ်ရာဝင်လားခြင်းဖြစ်သည်။
မိုးထစောစော အိမ်ရှိခြံဝက သူငယ်ချင်းများခေါ်သံကြားမှ သာဦးဖြူတယောက် အိပ်ရာက လန့်နိုးလာသည်။ ယော် (၄) ချက်တောင်တီးယာမလားဂု။ မျက်နှာပရုန်းနရုန်းသစ်၍ အိမ်အောက်သို့ ဆင်းလတ်သည်။ သူငယ်ချင်းတကျိပ် အပြုံးကိုယ်စီနှင့် သာဦးဖြူကို စောင့်ကြိုလျှက်ဟိသည်။ “ဟေး နင်ကကောင်း အအိပ်ပုတ်စွာမလား ဒေကုလိမ္မေ” ဟုလည်းပြောသည်။
ယင်းပိုင်နှင့် ကောင်းမကြာလိုက် သာဦးဖြူ အလှူလုပ်ရာ ရွာမဏ္ဍပ်သို့ရောက်သည်။ ရွာကလူတိ တရောင်းရောင်းနှင့် ကကောင်းအလုပ်ချုတ်နီကတ်စွာ တွိရသည်။ ကြက်သွန်ဖျင်ရေလူက ဖျင်၊ အားလူးသင်ရေလူက သင်၊ ဒိုင်ထိုးရေလူက ထိုး၊ ၀တ်သားချက်တေလူက ချက်။ သားဦးဖြုလည်း ကိုယ်တနိုင် သူငယ်ချင်းတိနှင့် လုပ်အားဒါနပြူပါသည်။
အလှူပွဲတွင် သူမကို တဖက်သတ်ကြိုက်နီသော အောင်သိန်းကျော်ဆိုရေ အသားမဲမဲ ထောင်ထောင်မောင်းမောင်း လူပျိုကြီးကလည်း ရစ်သိရစ်ကာလုပ်နီသည်။ သျှင်ပြူပွဲ ကောင်းကောင်းစည်သည်။ လူပေါင်းထောင်ချီ၍ လာသည်။ ဘုန်းကြီးတရားဟောသံ၊ သူငယ်ချင်းများက သာဦးဖြူကို နတ်ကတ်သွမ်းကတ်သံ၊ လူများရယ်သံ၊ ပြောသံဆိုသံ၊ လော်စပီကာက ရခိုင်တေးခြင်းသံများဖြင့် တပွဲလုံးရောင်းရောင်းသတ် ဆူဆူညံနီသည်။ ထိုအသံများကို သာဦးဖြူတယောက် နားဖြင့်အတိုင်းသားကြားနီရသည်။
အလှူပွဲပြီးလို့ နိခြင်း (၃) ချက်တီးလောက်တွင် ကောင်းကောင်းညောင်းပါလတ်သဖြင့် သာဦးဖြူပင်ပန်းပြီးအိပ်ချင်လာသည်။ သူ့သူငယ်ချင်းမများကို အိမ်ပြန်လို့ တရီးတမောအိပ်ချင်ကြောင်းပြောသည်။ သူ့သူငယ်ချင်းမများကလည်း "အေး ယင်းပိုင်ဆိုကေ ပြန်လီ၊ ညဇာသားပွဲသိမ်းဖို့ ငရို့လာခေါ်မည်" ဟုမှာလိုက်သည်။ သာဦးဖြူ အိမ်သို့ရောက်၍ အိပ်ရာတွင်ခေါင်းချသည်နှင့် ချက်ချင်းအိပ်ပျော်လားသည်။
အကယ်အမှန် သူမ၏သူငယ်ချင်းများက မိုးထသား (၄) ချက်တီး သျှင်ပြူပွဲကူဖို့ သာဦးဖြူအားလာနှိုးသောအခါ သာဦးဖြူမှာ ပျောက်ခြင်းမလှပျောက်နီသည်။ ရွာလူကြီးနှင့် ရွာသူရွာသားများ ပျောက်ဆုံးနီသော သာဦးဖြူကိုရှာဖို့ အပူတပြင်းစီစဉ်ကတ်ရသည်။ သူမတွင် ရည်စားလည်းမဟိသဖြင့် ခိုးရွာလိုက်စွာလည်း မဖြစ်နိုင်။ ခိုးရွာလိုက်လျှင် ရွာဓလေ့အရ ကြက်ပေါင်တိုက်သံကြားရဖို့။ ယင်းပိုင်လည်း တယောက်မကြား။ မဆမသာဦးဖြူအမိကလည်း တယောက်တည်းသမီးအလိမ္မာအတွက် မျက်ရည်နှင့်မျက်ခွက်ဖြစ်လျှက်ဟိသည်။ သမီးသာဦးဖြူဇာသို့ ပျောက်လားခရေလဲ စဉ်းစားမရဖြစ်နီသည်။ ရွာသားများက သူမလားတက် ရောက်တက်သောနီရာတိုင်းသို့ လိုက်ရှာသော်လည်း လုံးဝမတွိ။ သို့အတွက် ရွာသားများ လူစုလေးစုခွဲလိုက်သည်။ အနောက်ဖက်ကို တစု။ အရှိဖက်ကို တစု။ မြောက်ဖက်ကို တစု၊ တောင်ဖက်ကို တစု။ ယင်းပိုင် အရပ်လေးမျက်နှာသို့ လေးစုခွဲလျှက် လိုက်ရှာသည်။
မြောက်ဖက်ကအဖွဲ့သည် သာဦးဖြူကို ရွာမြောက်ဖက်အဆုံး ကျွဲကူးမြစ်ကမ်းနဖူး ပြာပင်ဂွတွင် ဆောင့်ကြင်ထိုင်လျှက်တွိသည်။ သာဦးဖြူမှာ မျက်စိနှစ်လုံးကြောင်တောင်ဖွင့်လျှက် ဖွတ်ကြင့်ကြင့်နီသည်။ အတွိအကြုံဟိသောလူကြီးများက အဖွဲ့သားများအား အသံတစုံတရာမပြူရန် သတိပီးလိုက်သည်။ ယင်းနောက် အားကောင်းမောင်းသန်အောင်သိန်းကျော်ကို ပြာပင်ထက်သို့ တိုးတိုးတိတ်တိတ်တက်စီပြီး သာဦးဖြူအား နောက်မှဆုပ်ကိုင်လှန့်နှိုးရန် မှာလိုက်သည်။
အောင်သိန်းကျော်လည်း မှာလိုက်သည့်အတိုင်း သာဦးဖြူကို နောက်မှဆုပ်ကိုင်လှန့်နိုးလိုက်ရာ သူမသည် အလန့်တကြားအော်၍ ငိုသည်။ သိန်းကျော်အောင်မှ နောက်ကအားနှင့်ဖက်ထား၍ သာဦးဖြူမှာ ပြာပင်ထက်က ခုန်ဆင်းမဖြစ်လိုက်။ သာဦးဖြူ ပဇာကြောင်းကြောင့် ပြာပင်ထက်တွင် ဖွတ်ကြင့်ကြင့်နီပါသနည်း။
အကျွန်ရို့ ရခိုင်ကျွန်းရွာများတွင် ဂျတ်လူမျိုးများကိုယုံကြည်သော အယူအဆ အခုထက်တိုင်ဟိပါသည်။ ဂျတ်လူမျိုးများသည် အိမ်၊ လူ၊ တော၊ ပွဲလမ်းသဘင်စသည်ဖြင့် အမျိုးမျိုးအဖုံဖုံ ဖန်ဆင်းနိုင်စွမ်းဟိကြောင်းယုံကြည်သည်။ သာဦးဖြူသည် ယင်းနိ မိုးထသား (၄) ချက်မတီးခင်ကပင် ဂျတ်လူမျိုးများလာရောက်ခေါ်ဆောင်ခြင်းခံရသည်။ ပြာပင်ထက်တွင်ထိုင်နီစဉ် သူမ၏စိတ်အာရုံထဲ၌ သူမသည် အိပ်ရာ၌ပင် အိပ်လျှက်ဟိကြောင်း အာရုံရောက်နီသည်။ အလှူ၌ သူမတွိကြုံခရသော အဖြစ်အပျက်အားလုံးသည် အကယ်အမှန်အဖြစ်အပျက်မဟုတ်။ ဂျတ်လူများက ဖန်ဆင်းထားသော အဖြစ်အပျက်များသာလျှင်ဖြစ်သည်။
မှတ်ချက် ။ ။ အေဇာတ်လမ်းသည် ရခိုင်ကျွန်းရွာတရွာတွင် အဂယင့်ဖြစ်ပျက်ခသော ဇာတ်လမ်းတပုဒ်ဖြစ်ပါသည်။ ဇာတ်ကောင်နာမည်များကို ပြောင်းလဲထားပါသည်။ ဖြစ်ရပ်မှန်။
အေးမောင် (ရင်အုံတော်ဓာတ်)
(ဘုရင်မာရယုဘလော့မှ)
ရခိုင်ပြည် တောင်ရင့်ကျွန်း ဟိ ပေါက်တောမြို.နှင့် သ၀င်ချောင်းရွာကြားတွင် တောင်ညိုဟုခေါ်သော ရွာချေတစ်ရွာဟိလီသည်။ ရှိလူကြီးတိက အယင်ခေါက်အခါက ထိုရွာဟိ မဆမ တစ်ယောက်၌
ပင် ရွှေတစ်ပိသာ ပိုင်ဆိုင်ကြောင့် ပြောဆိုကတ်ပါသည်။ ထိုအကြောင်းအရာကို နောက်ကြောင့်ခြီရာခံ လိုက်ကြည့်သောအခါတွင် .... ။
xx xx xx xx xx xx xx xx
သိုက်ဆရာ ထွန်းလှကြိုင်တစ်ယောက် သိုက်ကျမ်းစာအုပ်အဟောင်းတစ်အုပ်နှင့် ဇကုန်အလုပ် သျုပ်နိန်သည်။ စာရွက်တိကို တစ်ရွက်ချင်းစီ စိတ်ရှည်လက်ရှည်လှန်လျက် သူ.စိတ်ကြိုက်လိုက်ချင်သော သိုက်ကားမတွိသိမ်.။
စာအုပ်မဆုံးခင် နောက်ဆုံး ၅ရွက်လောက်အလိုတွင် ထွန်းလှကြိုင်မျက်နှာ မှိုရသောမျက်နှာပိုင် အပြုံးပန်းတိ ၀ီလာသည်။ အကြောင်းမာမှုကား သူ.စိတ်ကြိုက်သိုက်တစ်ခုတွိလိုက်သောကြောင့်ဖြစ်သည်။ ပါးစပ်ကလည်း "တောင်ညိုသိုက်"
ဟုရွတ်လိုက်သည်။ ထို.နောက် သူ.အဖေါ် လွယ်အိတ်အဟောင်းသျှေထဲကို သိုက်လိုက်ရန်လိုအပ်သော တံဇာပလာတိ ထည့်ပြီး ခရီးထွက်လာသည်။ သူနိန်သောရွာက ၁၈မိုင်ခန်.လျောက်ပြီးသောအခါ ပိန္နဲချောင်းကျွန်းအဆုံးကို သူခြီချမိသည်။
ယင်းနောက် ကျွဲကူးမြစ်(တောင်ဖူးမြစ်)ကို ကုတိုးဖြင့် ကူး၌ တောင်ရင်းကျွန်း တောင်ဘက်အစမှ ၂နာရီခန်. ခြကျင်လျှေက်ပြီးသောအခါ တောင်ညိုတောင်ဂူပေါက်တိကို ထွန်းလှကြိုင် လှမ်းမြင်ရသည်။ ထိုတောင်ညိုဂူပေါက် ၄၈ ပေါက်ကို ရခိုင်လက်သမား
၅၀၀ ကတစ်ညဥ့်တည်း ထုလုပ်ပူဇော်ခကတ်ကြောင့် ရာဇ၀င်ဟိသည်။ ထွန်လှကြိုင်လည်း တောင်ညိုဂူပေါက်ဘုရားများကို တ၀ဖူးပြီး အရိပ်ကောင်းသော သရက်ပင်ကြီးတိအောက်တွင် အညောင်းဖြေလိုက်သည်။ ယင်းနောက် သူ.အသက်မွီးဝမ်းကြောင်း
ပညာ သိုက် အလုပ်ကို စဖို. သူ.ခြီလှမ်းတိ တောင်ညိုတောင်ထက်သို. တရွီ.ရွီ. လှမ်းလာသည်။ တောင်ထိပ်ဖျားကို မရောက်ခင် သု.သိုက်စာအုပ်အတိုင်း ကျောက်ဂူဟောင်းသျှေတစ်လုံးကို ထွန်းလှကြိုင် တွိသည်။ "အော်..ဟုတ်တေမလားယေ" ဟုသူရွတ်လိုက်
ပြီး သူ.ခြီလှမ်းတိ ဂူပေါက်ဝ ဘက်ကို ရွီ.လာသည်။ သူဂူပေါက်ဝကို ၀င်လိုက်သောအခါ မထင်မှတ်သော အရာတစ်ခု ထွန်းလှကြိုင်ကို လပြာစိုင်စီသည်။ အလွန်တရာမ ဧရာမ ငန်းမြွီကြီးတစ်ကောင်သည် သူ.ကို ပေါက်သတ်ရန် ဒေါသနှင့် အသျှိန်ပြင်းစွာ
ထွတ်ပါလတ်သည်။ ထွန်းလှကြိုင် အတွိအကြုံဟိသူပီပီ ငါးခူပြုံး ပြုံးလိုက်ပြီး သူလွယ်အိတ်ထဲက ဆီးလုံးများဖြင့် ငန်းမြွီကြီး ပါးစပ်ကို ပစ်ထည့်လိုက်သည်။ ထိုအခါ ထိုမြွီကြီးသည် အလွန်တစ်ရာမှ ယဉ်ကျေးလားပြီး မြီပြင်တွင် ၀ပ်ပီးလေသည်။ ထွန်းလှကြိုင်
ငန်းမြွီကြီးကို စီလျက်ဂူပေါက်ဆုံးသို. ၀င်ရောက်လားလေသည်။ ဂူပေါက်အဆုံးအရောက်တွင် ထွန်းလှကြိုင် အလွန်ပင်စိတ်ပျက်မိလေသည်။သူ.မျက်နှာတွင်ဝမ်းနည်းမှုအရိပ်ရောင်တိထင်ဟပ်လာသည်။ " ယော် သီကတ်ရာမလားဂု။ ဒေလောက်အ၀ီးကြီး
ကနိန်လာစွာ တစ်ခုလေ့မရ။ မီးခွတ်အစုတ်တစ်လုံးရာ ရရေ။" ဟူစိတ်ပျက်စွာပြောလိုက်မိသည်။ ဟုတ်ပါသည်။ထွန်းလှကြိုင် စိတ်ပျက်ဖို.ဆိုကေလေ့ စိတ်ပျက်စရာပါ။ ပဇာကြောင့်ဆိုသော် ဂူ၏အဆုံး ဟောင်းနိန်ရေ စာပွဲထက်တွင် မီးခွတ်အစုတ်တစလုံးက
လွဲပြီးကေ ဇာတစ်ခုမှ ထွန်းလှကြိုင် မတွိခြင်းဖြစ်သည်။ ထွန်းလှကြိုင် လည်းထိုမီးခွတ်ကို ယူဆောင်လျက် စိတ်ပျက်လက်ပျက်နှင့် တောင်အောက်ကိုဆင်းလာရာ ယာလုပ်စားနိန်သော ၀ါကြီးလင်မယားနှစ်ယောက်ကိုတွိလီသည်။ထွန်းလှကြိုင် လည်းရီတစ်မုတ်
တောင်းသောက်လျက် သူ.မီးခွတ်အစုတ်အား ထိုဝါကြီးလင်မယားကိုလက်ဆောင်အဖြစ်ပီးလိုက်လီသည်။
xxxx xxxx xxx xxx xxx xxxxxx xxxx
ဝါကြီးမသည် တစ်နခြင်းလုံးယာအလုပ်ကြောင့် နှနှစ်ခြခြစ်အိပ်မောကျလျက်ဟိသည်။ ၀ါကြီးမအိပ်စွာကိုချောင်းနိန်သောဝါကြီးက ဘိန်းသျှူ ရန် တတိုးသျှေထလိုက်သည်။ ၀ါကြီးသည် သူ.လက်ကျန်ဘိန်းတိ သျှူးလိုက်ပြီး မှိန်နိန်လိုက်သည်။ယကေလေ့ သူ.စိတ်
တွင်ညက သိုက်ဆရာ ပီးလိုက်သောမီးခွတ်အဟောင်းသျှေကို သတိရလာသည်။ ယင်းနောက် ထိုမီးခွတ်ဟောင်းသျှေအား ဂျီးတိကိုချွတ်တိုက်လျက် ရနံဆီထည့်လိုက်သည်။ ထိုနောက် မီးထွန်းလိုက်သောအခါ..."ဇာလိုဘာလေအသျှင်" အသံနှင့်အတူ
ကြောက်ဖို.ကောင်းသောဘီလူးကြီးတစ်ကောင် မီးခွတ်ထဲမှထွတ်လာပြီး ၀ါကြီးရှိတွင်ဒူးထောက်ခစားလီသည်။ အဖိုးဝါကြီးလည်း လပြာစိုင်အောင်ကြောက်ကြီးသန်ဖက်ဝင်လျက် မီခွတ်ကိုမှူတ်သတ်လိုက်သည်။ မီးခွတ်မီးသီလားသောအခါ ထိုဘီလူးကြီးသည်
မီးခွတ်ထဲဝင်လျက် ပျောက်ကွယ်လားလီသည်။ အင်ဒန်ချေကြာပြီးနောက် အဖိုးဝါကြီးသည်ဘီလူးကြီးပြောသောစကားကို ပြန်လည်သုံးသပ်လျက်ဟိသည်။ "ဇာလိုဘာလေအသျှင်၊ ဇာလိုဘာလေအသျှင်၊ ဒေချင့်တော့ခါ တစ်ခုခုယာ။"ဟု နှုန်းချင်းတည်း
ရွယ်ရွတ်ပြောဆိုပြီး မိမိ၏စိတ်ကို ဂီယာတင်လိုက်သည်။ ယင်းပြီးနောက် မီးခွတ်ကို အရာတစ်ခေါက်ပြန်ထွန်းလိုက်ရာ ထိုဘီလူးကြီးသည် "ဇာလိုဘာလေအသျှင်" ဆိုသောအသံနှင့်အတူ မီးခွတ်ထဲမှထွတ်ပါလတ်သည်။ အဖိုးဝါကြီးလည် ဘိန်းအလွန်ကြိုတ်တတ်
ရေလူဖြစ်ရာ "ဘိန်း" ဟုတောင်းလိုက်မိသည်။ ဘီလူးကြီးလည်းတစ်ချက်ပြုံးပြီး ၀ါကြီးအား ဘိန်းတစ်တုံးပီးလျက်မီးခွတ်ထဲသို.ပြန်ဝင်လားလီသည်။ နောက်တစ်ရက်မိုးလင်းသောအခါ ၀ါကြီးမှာ အလွန်ပင်ထူးဆန်းနိန်သည်။ မျက်နှာတစ်ခုလုံး အပြုံးတိနှင့်
ပြည့်လျက်ဟိသည်။ ၀ါကြီးမ ပေါက်တောကို ဇီးပြုဖို.လားသောအခါတိုင်း "ဟေ..ငါ့အတွက် ဘိန်း တစ်စိချေ ၀ယ်ခဘလင်" ဟု ၀ါကြီးမအား အသျှေတစ်ယောက်ပိုင်ပူဆာတတ်သောဝါကြီးသည် အဂုယပိုင်မမှာတတ်သည်မှာလည်း ၀ါကြီးမ တွတ်သံသယဖြစ်စရာ
ဖြစ်လာသည်။ ရက်အင်ဒန်ကြာပြီနောက် ၀ါကြီးမသည် အင့်မခံတော့ဘဲ ၀ါကြီးအား သူ.လျှို.၀ှက်ချက်ကိုပြောပြရန် မဟုတ်ပါ အိမ်ကဆင်းလားရန် ရာဇသံပီးလိုက်သည်။ ၀ါကြီးလည်း အသျှေကပင် တစ်သက်လုံးအလိုလိုက်လာသော သူ.၀ါကြီးမအား အကြောင်းစုံ
ဖွင့်ပြောပြလိုက်လီသည်။" အေးဟိုင်း ယင်းမီးခွတ်ထဲက ဘီးလူးကြီးလေ ငါ့ကို တစ်နိ ဘိန်းတစ်တုံးစီ ပီးနိန်လို. နင့်ကို ငါ မမှာစော်။"ဟု ၀ါကြီးဝန်ခံပြောလိုက်သည်။ထိုအခါဝါကြီးမက " အော် ဘလောက်တော်လေချက်ကြည့်ဇမ်၊ ဇာလိုဘာလေအသျှင်
ဆိုရေ ဘီးလူးဘားက ဘိန်းရာ တောင်နိန်လီယာ။ ဇာမာလေ ယင်းမီးခွတ်။" ဟု ၀ါကြီးကို အော်ငေါက်တောင်းလိုင်လေသည်။ ယင်းနောက် လင်မယားပြိုင်တူထိုင်လျက် မီးခွတ်ကိုထွန်းဖို.ပျင်လိုင်စဉ် ၀ါကြီးက "ဟေး ဘိန်းတောင်းကို ဘိန်းပီးကေ ရွှေတောင်း
ကေလေ့ ရွှေပီးဖို.လားမသိမ့်ယာ"ဟုပြောလိုက်ရာ ၀ါကြီးမက "တိန်းလို.နိန်ဆရာမခံကေ့ ငါကြည့်လုပ်မေ" ဟုဆိုကာဝါကြီး ပါးစပ်ကို ပိတ်လိုက်သည်။ ယင်းနောက် ၀ါကြီးမက မီးခွတ်ကို မီထွန်းလိုက်ရာ ဘီလူးကြီးသည်"ဇာလိုဘာလေအသျှင်" ဆိုသောအသံနှင့်
တပြိုင်းတည်းထွတ်ပေါ်လာသည်။ ထိုအခါ ၀ါကြီးမ က "ရွှေ"ဟု တစ်လုံးတည်းပြောလိုက်သည်။ဘီလူးကြီးလည်း အဘောင်တောင်းသော ရွှေ လိုသလောက်ပီးပြီးမီးခွတ်ထဲသို.၀င်ရောက်ပျောက်ကွယ်လားလေသည်။ဝါကြီးမ လင်မယားလည်း ရွှေတိကို ဘောက်သာ
အိတ်များနှင့်ထုတ်လျက်သိမ်းဆည်းပြီး တစားဇာစီ ပေါင်တောမြို.၌ ပေါင်နှံရောင်ချလျက် ပျော်ရွင်စွာနိန်ထိုင်စားသောက်လျက်ဟိကတ်လေသည်။ လအင်ဒန်ကြာပြီးနောက်ဝါကြီးသည် နနွမ်းပပါးနှင့် သိုက်ဆရာထွန်းလှကြိုင်ကို အတွက်ပေါ်လာလီသည်။
သူ.ကျေးဇူကြောင့် သူရို.လင်မယား အဂုပိုင် မကြောင့်ကြမတောင့်တဘဲ နိန်နိုင်ခရေ မဟုတ်ပါလော.။ ထိုနောက် ၀ါကြီးသည် ၀ါကြီးမကို ခေါ်လျက်" ၀ါကြီးမ.. ငရို.တိလည်း အိုလာယာ။ဒေရွှေတိကို ဒေတသက် စားလို.လဲကုန်ဖို.မဟုတ်။ထိုသိုက်ဆရာသျှေ ကျေးဇူး
ကိုလေ့ ငရို.မမိသင့်။ယင်းသူကို လိုက်ရှာပြီးကေ ဒေမီးခွတ်ကိုပြန်းပီးလိုက်ကတ်မေ ဟိုင်.." ဟုအကြံပီးလေသည်။ ၀ါကြီးမ လည်း သဘောတူသဖြင့် ၀ါကြီးသည် သိုက်ဆရာကို ခြီရာကောက် ရာ ထိုသိုက်ဆရာသည် သ၀င်ချေုာင်းရွာတွင်လောင်းကြီးတစ်စင်း
ဖြင့်ခရမ်းသီးရောင်းနိန်ကြောင့် သတင်းရဟိလီသည်။
xxxxxx xxxxxxxx xxxxx xxxx xxx
သိုက်ဆရာ ထွန်းလှကြိုင်သည် လောင်းကြီးထက်၌ သူ.ခရမ်းသီးတိ အကြောင်းအော်ဟစ်ရောင်းချနိန်စဉ် ၀ါကြီးတစ်လုံးကသူ.နာမည်ကို လှမ်းခေါ်နိန်သည်ကိုသတိပြူမိလိုက်သည်။ နောက်သို.ပြန်လည့်ကြည့်လိုက်သောအခါ တောင်းညိုတောင်၌ ယာလုပ်
စားနိန်သော ၀ါကြီးဖြစ်ကြောင်းချက်ချင်းသတိပြုမိလိုက်သည်။ " ယော် အဖိုးဘာယာ မလား၊ ဇာကိစ္စဟိပါလေ။ကကောင်းဘပြင်းကြီးဘာကာ။" ဟုမီးလိုက်သည်။ ထိုအခါ အဖိုးက"ကိစ္စကိုတော့ခါ မမိန်းကေ့ဖိ၊ မင်းခရမ်းသီးလောင်းကိုထားခ။ မင်း ငါ့နောက်ကို
အဂုလိုက်လတ်။ ငါ့ အိမ်ကိုရောက်ခါ အကြောင်းစုံသိလိမ်.မေ"ဟုပြောလေသည်။သိုက်ဆရာ ထွန်းလှကြိုင် အစတွင်ငြင်းဖို.ပျင်နိန်သော်လည်း သူ.မီးခွတ်အစုတ်ကို သတိရလိုက်ပြီး "ဒေချင့်တော့ခါ တစ်ခုခု" ဟုစိတ်ကူးမိလိုက်ပြီးသူလွယ်အိတ်ကို ကမမ်းကတမ်း
လွယ်လျက် ၀ါကြီးနောက်က လိုက်ပါလာလေသည်။ အိမ်သို.ရောက်ရောက်ချင်း ၀ါကြီးလင်မယားနှင့်အတူထိုင်လိုက်စဉ် ၀ါကြီးက မီးခွတ်ကို မီးထွန်ဖို.ပြင်လိုက်ပြီး "ကြည့်နိန်ကား မင်း"ဟုထွန်းလှကြိုင် ကို ပြောလိုက်သည်။ မီးခွတ်ကို မီထွန်းလိုက်ရာ ဘီလူးကြီးသည်
"ဇာလိုဘာလေအသျှင်" ဆိုသောအသံနှင့်တပြိုင်းတည်းထွတ်ပေါ်လာသည်။ ထိုစဉ် သိုက်ဆရာ ထွန်းလှကြိုင်သည် အခွင့်အရီးကို လတ်လွတ်မခံနိုင်ဘဲ သူ.မှာပါလာသော ဆီးကြိမ်လုံးနှင့် ဘီလူးကြီးကိုရိုက်သတ်လိုက်ရာ ဘီလူးကြီးသည် အသက်ထွက်လျက်
ရွှေတုံးအသွင်သို.ပြောလဲလားလီသည်။ သိုက်ဆရာ ထွန်းလှကြိုင်သည်လည်း ဘီလူးကြီး၏မျက်လုံးတစ်စုံကို လျင်မြန်စွာဖောက်လျက်မျိုချလိုက်သည်။ ၀ါကြီးသည် အလွန်ဘင်အံ့အြ သင့်လျက် သိုက်ဆရာ ထွန်းလှကြိုင်အား" အဝေး မင်းဘဇောင် လူလဲ
တောင်းသမျှကို ပီးစွာဘီလူးကို သတ်ပိုက်တေထောဒေသူ" ဟုစိတ်ပျက်စွာပြောလိုက်သည်။ ၀ါကြီးစကားမဆုံးခင်သိုက်ဆရာ ထွန်းလှကြိုင်သည် ၀ိဇာ ရလျက် ကောင်းကင်သို.ပျံတက်လားပြီး ၀ါကြီး၊၀ါကြီးမ တဲအိမ်ထ၌ ရပ်နားလျက်" အော်..အဖိုး နန်.အဘောင်
အကျွန်. ဆန္ဒတိပြည့်ဘာယာ၊ အဖို.ရို. အဘောင်းရို.မာလေ့ ရွှေတိ ဒေတသက်စားလို. မကုန်ဘာယာ။ ရွီတုံးဖြစ်လားခရေ ဘီးလူးကြီးကို တောင်ညို ရွာသားတိကို တစ်ယောက်တစ်ဖဲ့စီ ၀ီပီးလိုက်ပါ။ကျေးဇူးတင်ပါရေ။ အကျွန်လားပါယာ၊ နှတ်ဆက်ခပါယင့်"
ဟုပြောဆိုလျက် အာကာထက်ကို ပျံတက်ပျောက်ကွယ်လားလီသည်။
(မှတ်ချက် ။ ။ အသျှေခါ ကြားဖူးခသော ၀တ္ထူ သျှေတစ်ပုဒ်ကို ဇာတ်လမ်းအသွင်ဖန်းတီးရွီးသားထားပါသည်။)
ဆက်လက်ကြိုးစားနိန်ရေ။
အေးမောင်(ရင်အုံတော်ဓာတ်)
၁၆၊၀၅၊၀၉(၁၄:၃၄)
(ဘုရင်မာရယုဘလော့မှ)
သိုက်ဆရာ ငလုံးတောင်တစ်ယောက် ဒယော ကားရားကားရားနှင့် တစ်ရွာဝင် တစ်ရွာထွက်နှင့် လူငယ်စုဆောင်းရီးလုပ်နိန်သည်။ သူသည် စိတ်ထားကြံ့ခိုင် ထထောင်မမောင်းလူငယ် အယောက် (၂၀) လိုအပ်လျက်ဟိသည်။အကြောင့်မူကား ထို
လူငယ်ချေတိကို သူ. သိုက်စာအုပ်ညွှန်ကြားချက် ဆင်ဒမော် တောင် သိုက်လိုက်ရာတွင် အသုံးပြုရန်ဖြစ်သည်။ ဆင်ဒမော် တောင်သည် ပိန္နဲချောင်း ရွာနှင့် ချင်ရွာ ကြားတွင်ဟိသည်။ ထိုတောင်သည် ရဖီးချပ်တောက် အနီး ကျွဲကူးမြစ်အစ မှနိန်၍ ပိန္နဲချောင်း
ကျွန်းကို ကန်.လန်.ဖြတ်လျက် မြင့်ဂါရွာသစ် အနီး တွင်အဆုံးသတ်သည်။ ထိုတောင်စွယ်၊တောင်းတန်းများသည် ပိန္နဲချောင်းကျွန်သားများ၏ သက်မွီးဝမ်းကျောင်းအလုပ်တစ်ခုဖြစ်သော တောင်ယာလုပ်ငန်းအတွက် အသက်သွီးကြောများဖြစ်သည်။
ထိုတောင်တန်းများထက်တွင် မြတ်စွာဘုရား၏ ဓာတ်တော်များဖြစ်တော်မူသော လျှာသျှေဓာတ်၊ မာလာဓာတ် စသဖြင့် ကိန်းဝပ်စံပယ်လျက်ဟိကတ်သည်။ သိုက်ဆရာ ငလုံးတောင်သည် ကျွန်တစ်ကျွန်းလုံး ကုန်အောင်ရှာမှ ထိုလူငယ်(၂၀)ကို စုဆောင်း
မိလေသည်။ ပဇာကြောင့်ဆိုသော် သိုက်လိုက်ခြင်းအလုပ်သည် ကံကောင်းလျှင် လရဒတ် ဖြစ်နိုင်ရေပိုင် ကံမကောင်းလျှင် အသက်အန္တရာယ်ကြုံရနိုင်သည်ကို ထိုကျွန်းက လူငယ်တိ နားလည်ထားကတ်သည်။ ထိုလူငယ်(၂၀)ကို သိုက်ဆရာသည် သူ.ရို.တာဝန်
ယူရဖို.အပိုင်းကို စိန်ပြေနပြေ သျှင်းပြနိန်သည်။ "မင်းရို.တိ အသေအချာမှတ်ထားကတ်၊ မင်းရို. တောင်ထက်ကိုရောက်စွာနန်. အေးရမ ကျောက်ရဲတိုက်ကြီးတစ်ခုတွိလိမ့်မေ၊ ယင်းတိုက်အိမ်ကြီးမှာ ပြတင်းပေါက် အပေါက်(၂၀)ဟိရေ။ ပြတင်းပေါက်တစ်ပေါက်
မှာ တစ်ယောက်ကျစီတာဝန်ယူရဖို.။ ယင်းပိုင်တာဝန်ယူနိန်ရေခါ ... မင်းရို.ဘက်ကို နတ်သမီးချေတိပိုင် တဗျင်းလှရေ မမချေ တိ လာမြူဆွေကတ်လိမ့်မေ၊ မင်းရို.လုံးဝ စကားပြန်မပြောကေ့၊ သူရို.ဘားက လက်ဆောင်တိကိုလေ့ မယူဂေ့" ။ ၊ယင်းပိုင် အသေ
အချာမှာလေသည်။
လူငယ်ချေတိကလည်း ကတိ တိပီးပြီးနောက် သူရို.ခြီလှမ်းတိကို ဆင်ဒမော် တောင်သို. စတင်ရွိလိုက်ကတ်သည်။ မညုင်းကိုင်းချောင်းကို ဖြတ်၍ စိမ်းစိုသော စပါးခြင်းတိကို ၁ နာရီးခန်. ဖြစ်သျှောက်ပြီးနောက် ဆင်ဒမော်တောင်သို.ရောက်
ဟိလီသည်။ သိုက်ဆရာငလုံးတောင်သည် မြေပုံတစ်ခေါက်ကြည့်လိုက် ကွမ်းတစ်ရာ စားလိုက်နှင့် ထိုသိုက်ဟိရာသို. လူငယ်တိကို ဦးဆောင်ခေါ်လာသည်။ တောင်ထက်သို.အရောက် နောက် မိနစ်(၂၀)ခန်.ကြာလားပြီးနောက် ထိုရဲတိုက်ကြီးကို တွိရလေသည်။
သိုက်ဆရာက တန်းခါးမကြီးနားအရောက် နာမည်မသိသော ဂါထာတစ်ပုဒ်ရွက်လိုက်ပြီးနောက် တန်းခါးမကြီး အလိုအလျှောက်ပွင့်ကျလာလေသည်။ သိုက်ဆရာ ငလုံးတောင်သည် လူငယ်ချေတိကို ပြတင်းပေါက်(၂၀)တွင် တစ်ယောက်စီတာဝန်ချထားလိုက်ပြီး မိမိကမူ အဆောက်အအုံကြီး အနောက်ဘက်ကို ဦးတည်သျှောက်လားလီသည်။ ကကောင်းမကြာလိုက် အလွန်တစ်ရာမှ ထူးဆန်း၊မွီးကြိုင်လှသော မမ ကိုယ်သင်းအနံ.တစ်ခု နှင့်အတူ နတ်သမီးသမျှလှပသော အပျိုမချေတစ်ကျိပ် အပြုံးပန်းကိုယ်စီနှင့် လူငယ်ချေတိဘက်ကို ချဉ်းကပ်လာသည်။ သိုက်ဆရာငလုံးတောင်၏် "အဝေး သတိထားကတ်၊ငါ ရွှေတိ၊ငွေတိကို အထုပ်နန်.ထုတ်နိန်ယာ၊တစ်ချက်ချေ" ဟုသောအသံသည် လူငယ်ချေတိကို သတိဝင်စီလိုက်ပြီး လူငယ်ချေတိကလည်းစိတ်ချ ဟုပြန်ပြောလိုက်သည်။ ထို မမချေတိ ပြောဆိုသောအသံများသည် နတ်စောင်းတီးသံပိုင် နားဝင်ချိုလှပြီး ဧည့်ခံသော အစာအဟာရရို.သည် မြင်လိုက်သည်နှင့် လျှာရည်ပပေါက်ကျစီသည်။ ယကေလေ့ လူငယ်ချေများသည် သမာဓိကို အာရုံပြုလျက် စိတ်ဓာတ်ကြံ့ခိုင်သောကြောင့် ထိုမမ ချေတိ မာယာ ကျော့ကွင်းက လွတ်ကင်းလျက်ဟိသည်။ ၁၉ ယောက်မြောက်သော လူငယ်ချေတိထံမှ တုန်.ပြန်မူတစ်စုံတစ်ရာ မရဟိသောကြောင့် ထိုအလှမယ်ရို.တိ နောက်ဆုံးတစ်ယောက်ဘက်ကို ဦးတည်သျှောက်လာလီသည်။
" မောင်ကြီးနီကောင်းပါယင့်လား၊ ဒေမှာ အကျွန်ညီမချေ အငယ်ဆုံးကို တစ်ခေါက်လောက်ကြည့်ပါ" စသည်ဖြင့် မိတ်ဆက်ချဉ်းကပ်လာလေသည်။ ထို မမချေတိထဲတွင် အလှဆုံးဖြစ်သော ထိုမမချေနှင့်လူငယ်သည် မျက်စိတစ်ချက်အဆုံခံရပြီးနောက် တင်းထားသော သမာဓိတိ အရည်ပျော်လားလီသည်။ ထိုမမချေက ထိုလူငယ်ချေ အပါးသို.တိုးကတ်လာပြီး စကားစမြည်ပြောလေသည်။"မောင်ကြီး ၊ မဟုတ်စွာတိကို လုပ်မနိန်ပါဂေ့။ မောင်ကြီးပိုင် စိတ်ကောင်းနှလုံးကောင်ဟိရေ လူတစ်ယောက်က ဒေပိုင်စွာတိကို မလုပ်သင့်ပါ။ ညီမချေ မောင်ကြီးကို မြင်မြင်ချင်းစွဲလမ်းမိလို. ဒေပိုင်ပြောစွာပါ။ မောင်ကြီးရာသဘောတူရေဆိုကေ နှမချေနန်.မောင်ကြီးတသက်လုံး အတူနိန်နိုင်ပါရေ" စသဖြင့် သွီးဆောင်ဖျားယောင်းလီသည်။ ထိုလူငယ်လေ့ စိတ်ညွတ်ပါလတ်လျက်"နှမချေပိုင် အလှမျိုးမောင်ကြီးဘ၀မှာ တစ်ခါလေ့ မမြင်ဖူးပါ" ယင်းပိုင်ပြန်ပြောမိလီသည်။ ယင်းနောက်ထို မမချေက" မောင်ကြီး အကျွန်. ကိုပိုင်ဆိုင်သျှင်ကေ၊အကျွန်.နန်. အတူနိန်ချင်ရေ ဆိုကေ ဒေပတီချေကို လိုင် မှာဆွဲလိုက်ပါ။ မောင်ကြီးပိုင်ဆိုင်ချင်စွာတိ အားလုံးပြည့်လားပါလိမ့်မေ" ဟုပြောလျက် ထိုပတီးကို လှမ်းပီးလေသည်။ထိုလူငယ်သည် သိုက်ဆရာ ငလုံးတောင်၏ မယူဂေ့ ဟုသော အသံကို အလှပလှ မကြားနိုင်ဘဲ ထိုမမချေ၏ အပြုံးတိကြား ဖယောင်းတိုင်ပိုင် အရည်ပျော်ကျလားလီသည်။ ထိုလူငယ်သည် ပတီးကို လိုင်ဘင်း၌ စွတ်လိုက်သည်နှင့် အလွန်ကြီးမားသော ရီလုံးကြီးများ ပြတင်းပေါက်တိက ၀င်ရောက်လာကတ်ပြီး တောင်တစ်ခုလုံး ရီပြင်ကြီးအဖြစ်သို.ပြောင်းလဲလားလီသည်။ သိုက်ဆရာနှင့် ထိုလူငယ် ရို.သည် ကမ်းမမြင်သော ထိုရီပြင်ကျယ်ကြီးတွင် မိနစ် ၂၀ မျှဇောနှင့်ကူးခတ်ပြီးနောက် ကကောင်းညောင်းလာတက်ပြီး သီဘေးနှင့်ရင်ဆိုင်နိန်ကတ်ရလီသည်။
ဆလီဖက်ရန်ရွာမှ ကုလားတစ်စုသည် ဆင်ဒမော် ရွာတွင် ဆန်ရောင်းရန် ထိုတောင်သို. ဖြတ်ကျော်လာကတ်လီသည်။ ထိုကုလားများသည် နခြင်းကြောင်တောင် တောင်ထက်၌ ရီကူးနိန်သော ထိုလူ ၂၁ ယောက်အား မြင်သော် ဆို.အောင်ရယ်ကတ်လျက်၊ ပါးစ မှလည်း "လူရို. ကြည့်ချက်..ဟဟဟဟ... ရခိုင်ဆားတိ တောင်ထက်မှာ နခြင်းတတောင်ရီကူးနိန်ကတ်တေ၊ ကကောင်းရှုး ရေကာ ဟေဆူရို." ဟုအော်ပြောလိုက်လီသည်။ ထိုအသံကြောင့် သိုက်ဆရာ နှင့် လူငယ်တိ သတိပြန်ဝင်လာလျက် ရီများလည် အလိုအလျောက် ပျောက်ကွယ်လားလီသည်။ သွီးရဲရဲ၊သံရဲရဲ နှင့် အသက်ဘေးမှ အင်ဒန်ချေရာ လွတ်လားခသော ထိုလူ(၂၁) ၏ စိတ်ခံစားမူ အတွိအကြုံကို ထိုကုလားတိ နားလည်နိုင်မည်မဟုတ်ပါ။
အေးမောင်(ရင်အုံတော်ဓာတ်)
၁၈၊၀၆၊၀၉( ၂၀:၅၄)
(ဘုရင်မာရယုဘလော့မှ)
ဒယော နနွမ်း၊အင်္ကျီ နနွမ်းနှင့် လူတစ်ယောက်မီးကျောင်းတက် ရွာသို. ချဉ်းကပ်လာသည်။ ထိုလူ၏ မျက်နှာမှာ သန်.ရှင့်ကြည်လင်လျက်ဟိပြီး အပြုံးပန်းတိ ဝေဆာနိန်သည်။ ထိုလူသည် လမ်း၌တွိသောလူများကို ဖဖော်ရရွယ်နှုတ်ဆက်ပြီး သတင်းမီးမြန်း
သောကြောင်း ဆုံတွိရေလူတိက ကကောင်းသဘော မနှော ဖြူစင်ကြောင်းမှတ်ချက်ပီးကတ်လေသည်။ ထိုလူ၏ နံမည်မှာ စိန်ကျော်လှဖြစ်ပြီး၊ မီးကျောင်းတက်ရွာသို. လာခြင်းအကြောင်းရင်းကို ယင်းသူကလွဲပြီးကေ တစ်ယောက်လဲ သိနိုင်ဖို.မဟုတ်ပါ။ ယကေလေ့
စိန်ကျော်လှ အမူအရာကို သုံးသပ်ခြင်းအားဖြင့် သူသည် ခရီးဝီးက လာသူ သူစိမ်းတစ်ယာက်ဟုတ်သည်မှာ သေချာပါသည်။ ထူးဆန်းသည်မှာ စိန်ကျော်လှသည် ရွာငယ်၊လူရွယ်တစ်ယောက်ဖြစ်ပြီး၊ လူသူခရီးမလားသော
မိုးရာသီတွင်မိကျောင်းတက်ရွာလူကြီးအိမ်သို.ဦးတည်လာနိန်ခြင်းဖြစ်သည်။ ရွာလူကြီးအိမ်သို.အရောက် ရွာလူကြီးက " ဇာ အကူအညီ ပီးရဖို.လဲ မောင်သျှေ" ဟုမီးသောအခါ ။ စိန်ကျော်လှက " ဟုတ်ပါယင့် အခင်ကြီး၊ အကျွန်နံမည် စိန်ကျော်လှလို.ခေါ်
ပါရေ၊ အဂုပိုင် မိုးရာသီမှာ ဒေရွာကို လာရစွာက ၊ဒေမိကျောင်းတက်ရွာမှာ လယ်တစ်မိုးအငှားခံ ချင်လို.ပါ၊ တစ်နှုစ်ကိုစပါးအတောင်း ၁၀၀ ပီးပါ" ဟု ပပွင့်လလင့် ပြောလာသောပြောလာသော စိန်ကျော်လှအား ရွာလူကြီးက တွိတွိချင်းသဘောကျလေသည်။
"အေး၊ မောင်ချေ... အခင်ကြီးရို.မှာလဲ၊ လယ် ၀ါး ၂၀၀၀ ကျော်တောင်ဟိရေ၊ အငှားသား နောက်ထပ် တစ်ယောက်လိုနိန်စွာနန်. ကွတိယာ။ မင်း ငါရို.အိမ်မှာ နိန်။ ငါရို.အိမ်မှာလုပ်ဖိ" စိန်ကျော်လှသည် ပျော်လုံးဆို.လျက်" အကျွန် သစ္စာဟိဟိ၊အလုပ်ကြိုး
စားလုပ်ပါမေ။ အခင်ကြီး၊ ကကောင်းကျေးဇူတင်ပါရေ၊" ဟုကတိပီးလိုက်လေသည်။ ထိုနောက် ရွာလူကြီး သည် သူသမီး အငယ်ဆုံး စိန်သန္တာ အား စိန်ကျော်လှ နှင့် မိတ်ဆက်ပီးလေသည်။ ပပွင့်လလင့်နှင့် ခင်မင်စရာ ကောင်းသော စိန်ကျော်လှအား ရွာ
လူကြီးသမီးမှာမြင်မြင်ချင်း ခင်မင်မိလေသည်။
xxxxxxxxxx xxxxxxxxx xxxxxxxxxxxxx xxxxxxxxxxxxxxxxxx
စိန်ကျော်လှသည် အလုပ်ကို မခိုမကပ်လုပ်ပြီး အစီအမံကောင်းမူးကြောင်း ရွာလူကြီးလည်းတစ်နှစ်ထက် တစ်နှစ်ချမ်းသာလာလေသည်။ သုံးနှစ်၊သုံးမိုး မခိုမကပ် အလုပ်ကြိုးစားလုပ်သော စိန်ကျော်လှအား မိကျောင်းတက် တစ်ရွာလုံးက ကိုယ်ရွာသားအရင်း
ခခေါက်ပိုင်ခင်မင်ကတ်လေသည်။ စိန်သန္တာမှာလေး စိန်ကျော်လှကို စိတ်ထဲ၌ ကြိတ်၍ ချစ်စိတ်ဝင်နိန်လေသည်။ ယကေလေ့ စိန်ကျော်လှမှာ သူမကို မောင်နှမ အချစ်နှင့်ရာချစ်နိန်သောကြောင့် နားမလည်နိုင်ပါ။ ပုရွက်စိနှင့်သကာမှာ သကာလာရိုးထုံးစံ
မဟိပါ။ အမှန်မှာ စိန်ကျော်လှလည်း သူမကို မိတ္တာ သက်ဝင်လျက်ဟိပြီး အထင်လွဲမှာ;မည် စိုးသောကြောင်ဟန်ဆောင်နိန်ရခြင်းသာဖြစ်ပါသည်။
တနိ။ စပါးပင်ချေတိ လီပွီချေတိနန်.အတူ ယိုင်းနွဲကနိန်သည်။ စိမ်းစိုနိန်ရေ စပါးပင်ချေတိကြား၊ အီးမြကြည်လင်ရေ လီချေတိသျှူလျက် စိန်ကျော်လှ တစ်ယောက်ထဲပျိုးနှတ်နိန်လေသည်။ စိတ်ထဲမှာလည်း လီးနိန်ရေပိုင်၊ပေါ့နိန်ရေပိုင်ခံစားနိန်ရသည်။
အမည်ဖော်မပြနိုင်သော စိတ်အာရုံတစ်ခုနှင့် စိန်ကျော်လှကျင်ကိုင်နိန်ရသည်။၁၁နာရီ ကျော်လားစွာကိုပင် စိန်ကျော်လှအရိပ်မကျလိုက် စိန်သန္တာ ထမင်းကျိပ်ဆွဲလျက် ကန်းသင်းထက်က လှမ်းခေါ်မှ သတိပြန်ဝင်လာသည်။ "ကကောင်းအလုပ်ကောင်းစွာ
ပါမလား၊ အသူအတွက်ချင့်၊ ထမင်းလားစား အနားယူခလိုက်ပါဖိ၊ကိုစိန်ကျော်လှ" ဟုစိန်သန္တာက ရီလာမြောင်းပီး အစဖော်ပီးလိုက်သည်။ စိန်ကျော်လှသည် သူမကို တစ်ချက်ကြည့်လိုက်ပြီး ခမောက်ထက်၌ထိုင်လျက် ထမင်းကို မစားချင်၊စားချင်စားနိန်သည်
။စိန်သန္တာကိုလည်း စကားတစ်ခွန်းလေ့ပြန်မပြောပါ။ စိန်သန္တာ လေ့ စိန်ကျော်လှကို နားမလည်စွာနှင့် တတိန်းချေ အကဲခတ်နိန်သည်။ တနားချေ အကြာတွင်စိန်ကျော်လှသည် တစ်စုံ တစ်ခုကို ဆုံးဖြတ်ချလိုက်ပြီး စကားစလာသည် " သန္တာ.... နင့်ရို.အိမ်မှာ
ငါ အလုပ်လုပ်စွာ ၃ နှစ် ၃မို. ကြာယာဟေ......။ ငါ့ကို အနှုံလက်နန်. ရွှေခွက်ကို နှိုက်ချင်ရေလို. မစွပ်စဲကေ့ ဖိ..။ ထိုမှာ ကြည့်လိုက် စပါးပင်ချေတိ ယိန်းက နိန်ကတ်တေမလား။ ယင်းစပါးချေတိပိုင် ငါ့နှလုံးသားလေ့ နင့်နန်. စဆုံတွိရေ နိကပင်......"
စိန်ကျော်လှ စကားမဆုံလိုက် စိန်သန္ထာ လယ်စွ ကန်းသင်းတိအတိုင် အ၀ီးကို ပြီးထွက်လားလီသည်။ စိန်ကျော်လှမှာ သူ.စကားလွန်လားသည်အထင်နှင့် သူမနောက်သို. ထမင်းလောင်ပွန်းကိုချလျက် အပြီးလိုက်လာသည်။ အဆုံးမဟိသော စိမ်းစိုရေ လယ်ပြင်တိကို
ဖြတ်လျောက်ဗြီး ပြီးနောင် စိန်သန္ထာဗြုန်းဆိုရပ်လိုက်သည်။ စိန်ကျော်လှ သည် သူမအပါးသို. စိုးရိမ်စိတ်နှင့်တိုးကတ်လိုက်ပြီး မျက်နှာချင်းဆိုင် ဆိုင်လိုက်စဉ်တွင် သူမမျက်နှာတွက် အပြုံးတိ မိုးရာသီ ပန်းချေတိပိုင် ပွင့်လန်းနိန်သည်မြင်လိုက်ရသည်။
စိန်ကျော်လှသည် ၀မ်းသာလုံးဆို.လျက် စကားအထစ်ထစ်ဖြင့် " သန္ထာ.... နင်... ငါ့..ငါ့ ကို ချစ်တေ မလားယေနန်း" ဟုပြောဆိုလျက်မိမိ၏ အချစ်ချေကို ရင်ခွင်ထဲ ထိုးသွင်းပွေ.ဖက်လိုက်သည်။ စိန်သန္ထာလေ့ အလိုက်သင့်လိုက်ပါလျက်" အေမှာ စောင့်နိန်
ရစွာ ၃နှစ် ၃မိုးဟိယာ၊ ကိုစိန်ကျော်လှ" ချစ်စဖွယ်ပြောလိုက်ချိန်တွင် ချစ်သူနှစ်ယောက်ရို.၏ နှလုံးသားများသည် စိမ်းစိုသောစပါးပင်ချေ၊လီပွီချေနန်.အတူ ယိန်းနွဲလိုက်ပါ ကခုန်နိန်ကတ်လီသည်။
စိန်သန္တာနှင့်စိန်ကျော်လှရို. မင်္ဂလာပွဲသည် တအုန်းအုန်းစည်ကားလီသည်။ ထိုဇနှီမောင်နှံရို. ၏ နှစ်လ၊ရက်များသည် သာယာချမ်းမြေ့၊ပျော်ရွင်စွာကုန်ဆုံးလားလီသည်။ ၁နှစ်နှင့် ၅ လကြာပြီးနောက် စိန်သန္ထာကိုယ်ဝန်ရလီသည်။
xxxxxxxxx ၀၀၀၀၀၀၀၀၀၀၀ xxxxxxxxxxxxxx xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
စိန်ကျော်လိုင်သည် သူ၏ ဂွ တွင် ကျွဲကျောင်လျှင်အနားယူရန်အတွက် တဲအိမ်ဆောင်လျက်ဟိသည်။ သူသည် အလုပ်၌စိတ်မ၀င်စားဘဲ ဂနာမငြိမ်ဖြစ်လျက်ဟိသည်။ အုန်းမိုးနိန်သောသူ၏လက်များသည် တုန်လျက်ဟိပြီး ချွဲများလည်း အလုံးလိုက်
ကျလျက်ဟိလေသည်။ သူ၏မျက်လုံးအစုံသည် ပဠေဠိ ဆန်လျက်ဟိပြီး တစ်စုံတစ်ခုကို အလေးအနက် စဉ်စားနိန် နှင့် ၀မ်းနည်းဝမ်းသာ ရောပွတ်လျက်ဟိသည်။ ကကောင်းမကြာလိုက် သူသည်ဆုံးဖြတ်ချက် အခိုင်အမာ ချလိုက်ပြီ တဲအမိုးထက်က အောက်
သို.ဆင်းလာလေသည်။ ပြီးနောက် သူမယားအား " သန္ထာ အုန်းမိုးဖို. နှီးကုန်လားယာ။ အကို နှီးနည်းနည်းထို.ပီး"ဟုပြောလီသည်။ နှီးတစ်ခါလေ့ မထိုးဖူးသော သူမယားက နှီးမထိုးတက်ကြောင့် ပြန်ဖြေရေခါ "အော် ....သန္ထာကလည်း နှီးထိုးရေ ဆိုစွာ အလွယ့်ချေ
၊ ယာ ဒေဓားကို ကိုင် ဒေပိုင်ကိုင်...။ဒေမှာက ရခွန်း..အေး အေး .. ဟုတ်ယာလာ..ဟုတ်တေ"စသည်ဖြင့် သင်ပြလီသည်။ လင်သည်ကိုချစ်ရသော ၀န်းကြီးမ စိန်သန္ထာသည် မတတ်တတ်နှင့်နှီးလိုက်ထိုးသောအခါ ကကောင်းမကြာသူမ လက်ကိုနှီးပြတ်လား
လေသည်။ စိန်ကျော်လှသည် အသင့်ပျင်ထားသော ဂွမ်းစဖြင့် သူမယား သွီးတိ ကိုသုတ်လိုက်ပြီး အင်္ကျီ အိပ်၌ ၀ှက်ထားလိုက်လေသည်။ ဒယောအဆိုးစ တစ်စဖြင့် သူ.မယားလက်ကို ပန်းပီးပြီးနောက် " သန္ထာ ငါ အပေါ တစ်ခေါက်လားလိုက်မေ။ အဂုချက်
ချင်းပြန်လာဖို.စွာရာ" ဟုပြောပြီ သူတစ်သက်လုံးစီစဉ်လာသောအရာကို အကောင်အထည်ဖော်ဖို. ခြီလှမ်းတိ မိကျောင်းတက်ချောင်းဘက်ကို ဦတည်လိုက်သည်။ သူသည်ချောင်းကမ်းနား၌ ထိုင်လျက် နံမည်မသိသော ဂါထာတစ်ပုဒ်ကို မန်းမူတ်လိုက်ရာ
ရီထဲက မီးကျောင်းကြီးတစ်ကောင် စင်း၍ပေါ်လာလီသည်။ စိတ်ဆိုးဒေါသထွက်နိန်သောထိုမီးကျောင်းကြီးစိန်ကျော်လှအပါးသို.ရောက်လာချိန်တွင် သူသည် ကိုယ်ဝန်သည်မ စိန်သန္ထာ၏ သွီးဂွမ်းစကို မီးကျောင်းကြီးဘက်ကို ပစ်ပေါက်လိုက်သည်။
မီးကျောင်းကြီး၏ လျင်မြန်သော လူပ်ရှားမူသည် ချက်ချင်းရပ်သားလားပြီး စိန်ကျော်လှရှိတွင် ရွှေတုံးကြီးမိကျောင်းအသွင်သို.ပြောင်းလဲလားလီသည်။ သူသည်ထိုရွှေမီးကျောင်းကြီးကို ရီထဲက ဆယ်ယူလျက် မျက်စိနှလုံးကိုဖောက်ပြီးမျိုချလိုက်သည်။
ယင်းနောက်သူသည် ၀ိဇ္ဖာရလျက် မီးကျော်တက်ရွာသို. ကောင်းကင်ခရီးဖြင့်ပျံတက်လားလီသည်။ သူသည် ယောက္ခမ အိမ်ခေါင်ထက်၌ရပ်နားလျက် ...." သမီးတစ်ယောက်ကဆုံးလီယင့်၊ ချောင်းကမ်းနား ရွှေမီးကျောင်းတစ်ကောင်ထားခယင့်၊ သမီးတစ်ယောက်ကဆုံးလီယင့်၊
ချောင်းကမ်းနား ရွှေမီးကျောင်းတစ်ကောင်ထားခယင့်၊ သမီးတစ်ယောက်ကဆုံးလီယင့်၊ ချောင်းကမ်းနား ရွှေမီးကျောင်းတစ်ကောင်ထားခယင့်၊" စသဖြင့် ၃ကြိမ်တိုင်တိုင်အော်ပြောလျက် ကောင်းကင်ကို ပျံတက်ပျော်ကွယ်လားလီသည်။ ရွာလူကြီးလည်း အသံကြား၍ အရုပ်မမြင်လိုက်ရသောသူ.သမက် စကားကို ဝေခွဲမရ ဇဝေဇ၀ါဖြစ်နိန်လီ၏။ ယေဘင်ကေလေ့ ရွာသားတိ ကိုခေါ်ယူလျက် မီးကျောင်းတက်ချောင်းနားကို လားကြည့်သောအခါ စိန်ကျော်လှ ပြောခရေအတိုင် ရွှေမီးကျောင်းတစ်ကောင် တုံးစင်း စင်းနိန်လီ၏။ ထိုမှတစ်ခါ စိန်ကျော်လှ ဂွ ကိုလားကြည့်သောအခါ ဆောက်လုပ်စ တဲအိမ်ထ၌ စိန်သန္ထာ ကိုယ်ဝန်အပြည့်နှင့် သီဆုံးနိန်သည်ကို ၀မ်းနည်းကြွီကွဲစွာတွိဟိရကတ်လီသည်။ ထိုနိန်.မှစ၍ သိုက်ဆရာ စိန်ကျော်လှအကြောင်းသည် မီးကျောင်းတက်ရွာတွင် ဆွေမျိုးစဉ်ဆက်ပြောပြကတ်လီသည်။
ကျမ္မာကတ်ပါဇီ။
အေးမောင်(ရင်အုံတော်ဓာတ်)
(ဘုရင်မာရယုဘလော့မှ)
အကျွန်ုပ်ရို့ရွာတွင် ခန္ဓာကိုထောင်ထောင်မောင်းမောင်းနှင့် အလွန်သတ္တိကောင်းသော ကိုဝင်းမောင်ဆိုသောလူတယောက်ဟိသည်။ သူသည်မျိုးချစ်စိတ်ထက်သန်သူတဦးလည်းဖြစ်သည်။ မြောက်ဦးမြို့ ဘုရားသမိုင်းအင်တန်များများကို တီးမိခေါက်မိသူတဦးလည်းဖြစ်သည်။ အကျွန်ုပ်ရို့ရွာအရှိဖက်တွင် မြို့ဦးက္ခောင်းတောင်ဟိသည်။ အကျွန်ုပ်ရို့ အငယ်ချေခါကဆိုလျှင် ၄င်မြို့ဦးက္ခောင်းတောင်တခုလုံး ခြုံကြပ်လျှက် မြို့ဦးက္ခောင်းဘုရားမှာ မြင်မကောင်းရှုမကောင်းပျက်စီးလျှက်ဟိသည်။ ကိုဝင်းမောင်အပါအ၀င် ရပ်ကွက်က လူလပ်ပိုင်းအရွယ်များဦးဆောင်လျှက် ခြုံများကို ခွတ်ထုတ်ယှင်းလင်းပြီး ဘုရားကိုပြန်လည်ပြုပျင်မွန်းမံကတ်ပါသည်။ တောရဆရာတော်တပါးအားပင့်ဖိတ်၍ အုံးမိုးဝါးထရံကာ ယာယီတောကျောင်းငယ်တခုဆောက်လုပ်ကာ ကိုးကွယ်ထားဟိသည်။ မြို့ဦးက္ခောင်းတောင်၏သဏ္ဍန်မှာ (ဂ) ငယ်သဏ္ဍန်ဟိသည်။ အလယ်တွင် ယခင်င်္သချိုင်းဟောင်းတခုဟိပြီး င်္သချိုင်းကို မင်းသားကျွန်းသို့ပြောင်းရွှိလိုက်ပြီးဖြစ်သဖြင့် င်္သချိုင်းဟောင်းအရှာ၌ ဥယျာဉ်ခြံစိုက်ပျိုးလျှက်ဟိသည်။ ၀ါကျွတ်လျှင် မြို့ဦးက္ခောင်းတောင်အရောက် ဆီမီးတိုင်များထွန်းညှိပူဇော်လေ့ဟိသည်။ ၀ါကျွတ်တိုင်း မြို့ဦးက္ခောင်းတောင်မှ ၀ါးပြောင်းအမြောက်ဖောက်လေ့ဟိပါသည်။ အသံမှာ အလွန်အောင်သဖြင့် အဂယင့် အမြောက်ဖောက်သည့်အတိုင်းကြားရသည်။ အကျွန်ုပ်ရို့လူငယ်များမှာ ၀ါးပြောင်းအမြောက်ဖောက်တိုင်း မြို့ဦးက္ခောင်းတောင်သို့လားရောက်၍ ၀ိုင်းကြည့်လေ့ဟိသည်။ မြို့ဦးက္ခောင်းတောင်အနောက်ဖက်တွင် အကျွန်ုပ်ရို့ ဘော်လုံးကျောက်လေ့ဟိသော ကွင်းငယ်တခုဟိသည်။ ထိုကွင်းတွင် နွီရာသီဆိုလျှင် စွန်တင်လေ့ဟိသည်။ အကျွန်ုပ်ရို့စွန်တင်လျှင် ကိုဝင်းမောင်က မြို့ဦးက္ခောင်းတောင်ထက်မှနီ၍ တက်လာသမျှသောစွန်များကို သိမ်းကျုံးဖြတ်လေ့ဟိပါသည်။ ထိုကွင်းကို ယခုအခါ အလယ်တန်းကျောင်းဆောက်လိုက်ပြီးဖြစ်ကြောင်းသိရသည်။
ကိုဝင်းမောင်သည် ၄င်းတောကျောင်းဘုန်းကြီးကျောင်းအတွက် ဝေယျာဝစ္စအ၀၀ကို ကူညီပီးလေ့ဟိသည်။ တောင်မြောက်ဖက်တွင် ရီတွင်းတတွင်းဟိသည်။ ကျောက်ထရံဖြင့်ပြုလုပ်ထားသော ရှိဟောင်းရီတွင်းတတွင်းဖြစ်သည်။ ရီမှာ အလွန်အီးပြီးအလွန်ချိုသည်။ ဘုန်းကြီးကျောင်းအတွက် ကိုဝင်းမောင်မှာ အမြဲတမ်းမငြိုမငြင်ဒိုင်ခံ၍ ရီခပ်ပီးလေ့ဟိသည်။ နွီရာသီဆိုလျှင် လီအလွန်တိုက်သဖြင့် ကိုဝင်းမောင်မှာ နွီရာသီရောက်တိုင်း ဘုန်းကြီးကျောင်း၌ သူ့သူငယ်ချင်းများနှင့်အတူ လားအိပ်လေ့ဟိသည်။ တရက်နိ လပြည့်တညတွင် အလွန်နာသာသော သာခြင်းသံကို ကြားရသည်ဟုဆိုသည်။ အစပထမတွင် လရောင်အောက်တွင် ရီခတ်လာသော အကောင်မချေတိ သခြင်းဆိုသည်ဟုထင်မိသည်။ ၄င်း သာခြင်းသံမှာ ပေါ်လိုက်ပျောက်လိုက်ဖြစ်သည်။ သို့သော် သာခြင်းသံမှာ တခါတရံ ညဥ့်နက်သိုင်ခေါင်တွင်လည်း ပေါ်လာတတ်သဖြင့် တစုံတခုထူးဆန်းနီသည်ကို သတိထားမိသည်။ ဆရာတော်လည်းကြားရသည်ဟုဆိုသည်။ သူ့သူငယ်ချင်းများကလည်းကြားရသည်။ သို့သော် ဆရာတော်မှာ ညဦးစောစောဘုရားဝတ်ပြုပြီးသည်နှင့် ဘုန်းဘုန်းချအိပ်ပေါ်လားသဖြင့် ညဥ့်နက်သိုင်ခေါင်သခြင်းဆိုသံကို သတိမပြုမိ။ ရံဖန်ရံခါ ကြားရဖန်များလာသောအခါ ကိုဝင်းမောင်စိတ်ထဲ၌ စူးစမ်းချင်စိတ်ပေါ်လာသည်။ တရက်နိ သူ့သူငယ်ချင်းများအိပ်နီဆိုက် တယောက်တည်းအသံကြားရာ လိုက်ပါလားရာ အ၀တ်ဖြူဖြူဖြင့် အမျိုးသမီးတယောက်အား အုတ်ဂူထက်တွင်ထိုင်လျှက် တွိသည်။ မျက်နှာကိုမူကား မမြင်ရ။ မျက်နှာကို လရောင်ဖက်သို့ လှည့်ထားသဖြင့် နောက်ကြောဖက်ကိုရာ မြင်ရသည်။ ဆံဖင်ကို ဖားလျားချထားသည်။ အရွယ်မှာ အသက် (၃၀) အရွယ်ခန့်ဖြစ်သည်။ ကိုဝင်းမောင်မှာ သတ္တိကောင်းသူဖြစ်သဖြင့် တုန်လှုပ်ခြင်းမဖြစ်မိ။ ၄င်းမိမ္မအား မှင်သက်ကြည့်နီယင်း မိမ္မမှာ ရုပ်တရက်ပျောက်ကွယ်လားသည်။ သို့ပြီးမှ ကိုဝင်းမောင်သတိရလာသည်။ သို့သော် ၄င်းအမျိုးသမီးထိုင်နီခသည် အုတ်ဂူသို့တိုင် လားကြည့်ရဲသည်အထိ သတ္တိမဟိ။ အနည်းငယ်တုန်လှုပ်မိသည်ကားအမှန်။ လူကြီးသူမများက ဤနီရာတွင် သိုက်ဟိသည် ဥစ္စာစောင့်ဟိသည်ဟု ပြောဆိုလေ့ဟိသည်။ မိမိမျက်စိနှင့် တပ်အပ်မြင်မှ ယုံသည်။ ဤသို့ ညဥ့်နက်သန်းခေါင်တွင် ဇာအမျိုးသမီးတယောက်ကလည်း ဤနီရာသို့လာ၍ သခြင်းဆိုနိုင်စရာအကြောင်းမဟိ။ ဤကိစ္စကို သူတယောက်တည်းလျှို့ဝှက်ထားသည်။ သူ့သူငယ်ချင်းများကိုလည်း အသိမပီး။ ဆရာတော်အားလည်းမတိုင်ပင်။ သူ့စိတ်ထဲ၌ တဲထားသည်။
အကျွန်ုပ်ရို့ရွာနှင့် မလှမ်းမကမ်းတွင် ကြက်ဈီးရပ်ကွက်ဟိသည်။ ထိုကြက်ဈီးရပ်ကွက်မှာ သျှစ်သောင်းဘုရားသို့ လားရာလမ်းတွင်ဟိသည်။ သျှစ်သောင်းဘုရားသို့မရောက်မှီ ဦးစွာပထမမြင်ရသော စေတီနှင့်တောင်ကို င်္သချီတောင်ဟုခေါ်သည်။ င်္သချီတောင်မှာ သျှင်မြ၀ါတောင်နှင့် နံချင်းပြိုင်ဖြစ်သည်။ ကြားတွင် ဖိုးခေါင်တောင်ဟိသည်။ ထိုဖိုးခေါင်တောင်တလပ်၌သာလျှင် သျှစ်သောင်းဘုရားကို တည်ထားခြင်းဖြစ်သည်။ ၄င်းင်္သချီတောင်မြောက်ဖက်တွင် ဒုက္ကံသိမ်နှင့် လေးမျက်နှာစေတီဟိသည်။ လေးမျှက်နှာစေတီမှာ မြောက်ဦးမြို့တည် ဘုရင်မင်းစောမွန်တည်ခသော စေတီလေးဆူအနက် အထင်ရှာဆုံးစေတီတဆူဖြစ်သည်။ အရပ်လေးမျက်နှာ ဂူလေးပေါက် ဘုရားလေးဆူဖြင့်တည်ထားပြီး ဘုရားပုလ္လင်ခုံနှင့် မုခ်ကနုတ်ပန်းမှာ အလွန်လက်ရာမြောက်သော ကျောက်ဆစ်လက်ရာဖြစ်ပါသည်။ ဒုက္ကံသိမ်နှင့် င်္သချီတောင်အကြား လေးမျက်နှာစေတီသို့လားရာလမ်းအနောက်ဖက်တွင် ရပ်ကွက်ငယ်တခုဟိပါသည်။ ထိုရပ်ကွက်ထဲတွင် ဇီးပင်များစွာဟိသည်။ ထိုနောက် ကြက်ဈီးချောင်းသည် ၄င်းရပ်ကွက်နောက်ဖက်မှနီ၍ ဘားမိဘားကရားဟိရာ ပန်းဈီးမြောင်းဖက်သို့တိုင် စီးဆင်းသည်။ ထိုရပ်ကွက်၏အရှိဖက်တွင်လည်း ကျောက်နံရံဖြင့်ပြုလုပ်ထားသော ရှိဟောင်းရီတွင်းတတွင်းဟိသည်။ ၄င်းရီတွင်းအရှိဖက်ကွင်းတွင် သျှစ်သောင်းဘုရားပွဲကျတိုင်း ကျင်တိုက်သည့်ကွင်းဖြစ်သည်။ ထိုရပ်ကွက်တွင် ဗိန္ဓောဆီးဆရာတဦးဟိသည်။ သူသည် စုန်းမှော်အတတ်ပညာကိုလေ့လာလိုက်စားသည်။ မြန်မာစစ်တပ်အငြိမ်းစားတဦးဖြစ်ပြီး ထိုစုန်းမှော်အတတ်ကို သျှမ်းပြည်မှသင်ယူခသည်ဟုဆိုသည်။ သူသည် ဘိုးတော်ယောင်ယောင် ဗွေတော်ယောင်ယောင်ဖြင့် ယောင်ခြောက်ဆယ်ဖြစ်သည်။ သျှစ်သောင်းဂေါပကအသင်းတွင်လည်း အသင်းဝင်ဖြစ်ဖူးသည်ဟုဆိုသည်။ အသက်မှာ (၆၀) အရွယ်ခန့်ဟိပြီး ဆံပင်ဖြူပြီးဖြစ်သည်။ သမီးတဦးဟိသည်။ သမီးနှင့်အတူနီသည်။ ၄င်းဗွေတော်၏နာမည်မှာ နတ်ကောင်းစံရွှီဖြစ်သည်။ မိုးဦးကျ ချောင်းသျှင်မ ရွာသျှင်မနတ်ပူဇော်သောအခါ သူက ပန်းကျင်းတီးလေ့ဟိသဖြင့် သူ့အားနတ်ကောင်းစံရွှီအဖြစ်အမည်တွင်ခြင်းဖြစ်သည်။ မြောက်ဦးမြို့နန်းရာကုန်းအလယ်တည့်တည့်တွင် နတ်မောင်ရုပ်ထုတခုဟိသည်။ နှစ်စဉ်နှစ်တိုင်း ယင်းရုပ်ထုအား နတ်ပူဇော်လေ့ဟိသည်။ နတ်ကတိုင်း နတ်ကောင်းစံရွှီက ပန်းကျင်းတီးသဖြင့် သူ့အားတမြို့လုံးကသိသည်။
ကိုဝင်းမောင်၏စိတ်တွင် သူနှင့်တိတ်တိတ်ပုန်းတိုင်ပင်မည်ဟု အကြံဟိသည်။ သို့ဖြင့် သူထံလားရောက်၍ အကြံဥာဏ်ရယူသည်။ နတ်ကောင်းစံရွှီက ဥစ္စာစောင့်ဖြစ်ကြောင်းတပ်အပ်ပြောသည်။ ဥစ္စာစောင့်ကိုဖမ်းနိုင်လျှင် ဥစ္စာဟိသည့်နီရာကိုဖော်နိုင်ကြောင်းဆိုသည်။ ထိုသို့ဖမ်းနိုင်ရန် စနီင်္အဂါနိသီဆုံးသူအမျိုးသမီးတဦး၏ဆံကိုရယူပြီး ၄င်းဆံညှော်တိုက်၍ ဖမ်းနိုင်သည်ဟုဆိုသည်။ ထိုဆံညှော်နံ့ရလျှင် ဥစ္စာစောင့်သည် ခေတ္တမူးမိလားပြီးလျှင် ကိုယ်ရောင်မဖျောက်နိုင်ဘဲဟိသည်။ ထိုအချိန်ကို ဂျက်ကောင်းယူပြီး အငိုက်ဖမ်းလျှက် ဥစ္စာဟိရာအရပ်ကိုထုတ်ပြောရန် ခြိမ်းခြောက်တောင်းယူရသည်ဟူ၏။
ကိုဝင်းမောင်တွင် တရပ်ကွက်တည်း အုန်းတပင်စုမှ ကိုသန်းအောင်ဟူသော အရင်းနှီးဆုံးသူငယ်တယောက်ဟိသည်။ ကိုသန်းအောင်နှင့် ထိုကိစ္စကိုတိုင်ပင်သည်။ သန်းအောင်ကလည်းသဘောတူသည်။ ထို့ကြောင့် ထိုကိစ္စကို သုံးယောက်သားညှိ၍ စနီင်္အဂါသီဆုံးမည့်အမျိုးသမီးတဦးကိုစောင့်ဆိုင်းရသည်။ ကိုသန်းအောင်၏စကားအရ (၇) လခန့်ကြာသည်ဟုဆိုသည်။ (၇) လကြာပြီးမှ သူရို့စောင့်ဆိုင်းနီသောအခါကြုံသည်။ ရက်လည်ဆွမ်းမသွတ်ခင် ဆံကိုလားဖော်ယူရသည်ဟုဆိုသည်။ ၄င်းဆံကိုရယူပြီးနောက် ၄င်းဥစ္စာစောင့်အမျိုးသမီးထွက်မည့်နိကိုစောင့်ရသည်။ အထူးသဖြင့် လပြည့်လကွယ်ညများတွင်ထွက်လေ့ဟိသဖြင့် လပြည့်လကွယ်ကို စောင့်ဖမ်းရသည်။ ဆရာတော်မရိပ်မိအောင် ၀ါတွင်းကာလ ဥပုသ်စောင့်သည်ကိုအမှည်ပြု၍ ဘုန်းကြီးကျောင်း၌ လားအိပ်ရသည်။ ၀ါခေါင်လပြည့်နိတွင် အခိုက်ကြုံသည်။ သာခြင်းသံကိုကြားရသည်။ သုံးယောက်သားတိတ်တိတ်ပုန်းဆင်းလာလတ်ကတ်သည်။ အုပ်စုကောင်းသဖြင့် ကြောက်စိတ်လုံးဝမဟိ။ သုံးယောက်စလုံး၌ ဒုတ်ဒါးအစုံပါသည်။ ဓါတ်တောင့်အားကောင်းကောင်းတလက်ပါသည်။ ဆံညှော်တိုက်ရန် မီးဆွဲလည်းအဆင့်သင့်။ ၄င်းဥစ္စာစောင့်မအား တွိနီကျအုပ်ဂူထက်တွင် တွိသည်။ အချိန်ဆိုင်း၍မဖြစ်။ ကိုယ်ရောင်မပျောက်ခင် ချက်ချင်းလုပ်ငန်းစရတော့သည်။ နတ်ကောင်းစံရွှီက စ၍ဆံညှော်တိုက်သည်။ လီလည်းလီသင့်ဖြစ်သဖြင့် ဆံညှော်နံ့ရရချင်း ဥစ္စာစောင့်မက သခြင်းဆိုရပ်လိုက်သည်။ ပြီးလျှင် မျက်နှာလှည့်လာသည်။ ထိုအခါမှ ဥစ္စာစောင့်မ၏မျက်နှာကို အသေအချာမြင်ရသည်။ မျက်နှာမှာ ၀၀၀ိုင်းဝိုင်းဖြစ်သည်။ အသက်မှာ ထင်သည်ထက် အနည်းငယ်အိုစာနီသည်။ (၅၀) ကျော်အရွယ်ဖြစ်သည်။ အရုပ်ဆိုးဆိုးဖြစ်သည်။ မျက်နှာတွင် ကြီကွဲဝမ်းနည်းနီသည့်အရိပ်အယောင်မြင်ရသည်။ နီကြန့်ကြန့်ဖြစ်ပြီး ပါးရီများစွာတွန့်လျှက်ဟိသည်။
ဥစ္စာစောင့်မက တလှမ်းချင်းခြီဆောင့်လှမ်းလာပြီး သုံးယောက်သားရှိတွင် ရပ်စောက်ရပ်လိုက်သည်။ ပြီးလျှင် သုံးယောက်စလုံးအား မျက်လုံးနီနီဖြင့် စူးစိုက်ကြည့်သည်။ သူမ၏မျက်လုံးမှာ သပိတ်ရောင်တောက်နီသည်။ မျက်စွန်တွင် သူမ၏ဒေါသကို အထင်းသားမြင်ရသည်။ ပြီးလျှင် ခြီဆောင့်ပြီး တက်သီးတချက် ပြင်းပြင်းခေါက်လိုက်သည်။ တက်သီးခေါက်သံမှာ သံကိုသံချင်းရိုက်သည့်အလား အလွန်စူးပြီး ပြင်းထန်သည်။ အားလုံးလိပ်ပြာလွင့်စိုင်ကုန်သည်။ ပထမဆုံးစပြီးသူမှာ နတ်ကောင်းစံရွှီဖြစ်သည်။ ပြီးလျှင် ကိုသန်းအောင်။ ကိုဝင်းမောင်က မည်သည်လောက်သတ္တိကောင်းသည်ဆိုသော်ငြားလည်း တယောက်တည်းမကျန်ဝံ့။ သူလည်း လိုက်၍ပြီးသည်။ နတ်ကောင်းက နောက်လှည့်မကြည့်ရန် အတန်တန်မှာသည်။ သို့သော် ကိုဝင်းမောင်က အလွန်သတ္တိကောင်းပြီး စူးစမ်းချင်စိတ်လွန်ကဲနီသဖြင့် ရွာအ၀င်တွင် တချက်နောက်လှည့်ကြည့်လိုက်မိသည်။ နောက်လှည့်ကြည့်လိုက်သည်နှင့်ချက်ချင်း ”ဖြောင်း” ဟု လိုင်ရိုးကျိုးသံကြားရသည်။ ပြီးလျှင် မျက်နှာပြန်လှည့်မရဘဲ မျက်နှာနောက်ခိုင်းနှင့် ဆက်ပြီးသည်။ အိမ်ရောက်သည်နှင့် အသက်ကုန်သည်။ မျက်နှာကို လုံးဝတည့်မရ။ မျက်နှာကို သူများမြင်အောင် ခန္ဓာကိုယ်ကိုမှောက်ခုံထားရသည်။ အစိမ်းဖြစ်သဖြင့် နိချင်းညမကူး င်္သဂြိုဟ်လိုက်ရသည်။
ယင်းနိမိုးထက်စောစော ကိုဝင်းမောင်ကောင်ညင်းပေါင်းလာဝယ်သည်ကို မြင်ယောင်နီပါသိမ့်သည်။ ကောက်ညင်းပေါင်းသည်မကိုလည်း “နှမ်းစကေချေလောက် အပိုထည့်ပီးပါအရီး“ ဟု နောက်ဆုံးပြောခသံကို ယခုတိုင်အကျွန်ုပ်နားထဲ ကြားယောင်နီတုန်းဖြစ်သည်။
................
(သာလှဦး)
(ဂနိန့်ရခိုင်ပြည်ဘလော့မှ)
"သီချင်ကေ စိန်မစားကဲ့၊ ကဇူးကိုင်းကိုလား" ဆိုရေစကားကို အချေခါကြားဖူးနားဝ ဟိခပါယင့်။ စုန်းပေါသည်ဟုသတင်းကြီးသော ကဇူးကိုင်းရွာသို့ ကိုယ်တိုင်ရောက်သောအခါ...။
လက်ငါးချောင်းရာ
------------------
"ဆရာနတ်မောင်၊ ဆရာနတ်မောင်.... ဆရာထွန်းမောင်ချေ ငြမ်းစင်ထက်ကလူးကျရေ ဆရာ" ဟု ညည့် (၁၀) ချက်တီးလောက်တွင် အလုပ်သမားတယောက်လာပြောသောကြောင့် အကျွန်ုပ် ချက်ချင်းထလိုက်လားပါသည်။ တွိလိုက်ရသောအခါ အကျွန်ုပ်၏ ချစ်လှစွာသောသူငယ်ချင်း ထွန်းမောင်ချေမှာ မျက်စိပြူးလျှက်၊ ပါးစမှ အမြှုပ်များထွက်ကာ ဂေါင်းတွင်သွီးလူးလူးဖြင့် သီဆုံးလျှက်ဟိကြောင်းတွိလိုက်ရသည်။ အလုပ်သမားတချို့က ကိုထွန်းမောင်ချေသည် ယင်းနိက အရက်သောက်ထားသည်။ အရက်ကြောင့် အသက်ပါဆုံးယှုံးရသည်ဟု အမျိုးမျိုးဝေဖန်လျှက် အသုဘကိစ္စကို ပျင်ဆင်ကတ်ရသည်။ အကျွန်ုပ်လည်း အလုပ်သမား (၄) ယောက်နှင့်အတူ သူငယ်ချင်း၏အလောင်းမှ အဝတ်များကိုလှယ်ရန် အင်္ကျီချွတ်လိုက်သောအခါ အလောင်း၏နောက်ကုန်းတွင် လက်ငါးချောင်းရာ ညိုပုတ်ပုတ်အကွက်ကြီးတကွက်ကို တွိလိုက်ရသည်။ ထိုအညိုကွက်ကြီးသည် သွီးဥသကဲ့သို့ စိုထိုင်းထိုင်းဖြစ်နီသည်။ ဤသည်မှာ သဆီ (ဝါ) မိစ္ဆာများ၏လက်ချက်ဖြစ်ကြောင်း ချက်ချင်းသိလိုက်ရသည်နှင့် အလုပ်သမားများအားမပြောဘဲ ထားလိုက်မိသည်။ သို့နှင့် အသုဘကိစ္စကြောင့် အလုပ်ချူတ်နီသည်တွင် ကဇူးကိုင်းရွာသို့မလားဖြစ်ဘဲ (၃-၄) ရက်ကြာလားသည်။ ကဇူးကိုင်းရွာမှာ ဆောက်လုပ်ရေးဝင်းမှ (၁) မိုင်ခန့်ဝီးပြီး အုပ်ဆိုင်းဆိုင်းတောလမ်းအတိုင်း လမ်းလျှောက်ရသည်။ ထွန်းမောင်ချေနှင့် ထိုင်နီကျ ရွာလယ်လဖက်ရည်ဆိုင်မှ ကုလိမ္မေချေတိကို သံသယမကင်းသော်လည်း လွမ်းလျှက်ဟိသည်။
ညီမငါးဖော်
------------
လဖက်ရည်ဆိုင်တွင် ညီအေးမငါးယောက်ဟိသည်။ အငယ်ဆုံးဖြစ်သူ မငယ်မှာ အသက် (၂၀) ဝန်းကျင်ခန့်ဟိပြီး ငါးယောက်လုံးမှာ အသက်ကောင်းမကွာဟုထင်ရသည်။ ရုပ်များမှာ တရုတ်မများ၏မျက်နှာပေါက်ဖြစ်ပြီး မျက်လုံးထောင့်မှာ နီစပ်စပ်နှင့် အကြည့်ရဲရင့်သည်။ အသားအရောင် ဝင်းပစိုပြေသည်။ မှန်အိမ်မှိန်မှိန်ချေရာ ထွန်းထားသော်လည်း ကိုယ်ရောင်ကိုယ်ဝါထွက်သော နတ်သမီးများကဲ့သို့လှသည်ဟုပြောခြင်းထက် ဖိုသတ္တဝါများအား ဆွဲအားဟိသောအသွင်ကိုဆောင်သည်။ လဖက်ရည်ဆိုင်ထဲတွင် မွှီးကြိုင်သောရနံ့တမျိုးဟိသည်။ အကျွန်ုပ်အထင် ထိုကုလိမ္မေချေတိနှိမ်းသော သနပ်ခါးမှ မွှီးခြင်းဖြစ်မည်ဟု မှတ်ချက်ချမိသည်။ အခြားသော လဖက်ရည်လာသောက်သူများအား မတွိရ။ အကျွန်ုပ်ရို့ သူငယ်ချင်းနှစ်ယောက်နှင့် ညီအေးမငါးယောက်ရာဟိသည်။ အကျွန်ုပ်၏မူလဗီဇအတိုင်း ကုလိမ္မေချေများနှင့်တွိက ရယ်စရာများကိုဖောက်သည်ချကာ ပွဲကျလျှက်ဟိသည်။ ကြောက်ရွံ့ခြင်း၊ သံသယဖြစ်ခြင်းအလျှင်းမဟိ။ မြို့ပြနှင့်ဝီးလျှက် အမ်းတောင်တန်း၏အစွန်အဖျား တောင်ဂျိုင်များကြားက ဤဒါးလက်ချောင်းတန်းတားဆောက်လုပ်ရေးတွင် အလုပ်သင်အင်ဂျင်နီယာအဖြစ် တာဝန်ထမ်းလျှက်ဟိသော ထွန်းမောင်ချေနှင့် အကျွန်ုပ်ရို့၏တခုတည်းသော အပန်းဖြေရာလောကနိဗ္ဗာန်သည်ကား ဤလဖက်ရည်ဆိုင်ပင်တည်း။ အချိန်ပို မဆင်းရသောညဥ့်များတွင် လာထိုင်လေ့ဟိသည်။ မကြာသောအချိန်ကာလအတွင်း မငယ်နှင့်ထွန်းမောင်ချေမှာ အကျီဆိုက်လီကတ်သည်။ ထွန်းမောင်ချေ မသီခင်တရက်မှာ ထူးခြားသောအဖြစ်အပျက်တခု ဖြစ်ပျက်ခသည်။
ချစ်၍သတ်ရသည်
------------------
ညဥ့် (၁၀) ချက်တီးခန့်တွင် ထွန်းမောင်ချေနှင့်မငယ်သည် လဖက်ရည်ဆိုင်နောက်ဖက် အိမ်ခန်းထဲသို့ဝင်လားသည်။ အကျွန်ုပ်မှာလည်း တားရန်မတတ်သာ။ မကြီးကလည်းသဘောတူသည့်အမူအယာပြသည်နှင့် လွှတ်ထားသည်။ သူရို့နှစ်ယောက်တည်း ချစ်ရည်လူးလျှက် (၁) နာရီ ခန့်ကြာသောအခါ ပြန်ထွက်လာကတ်သည်။ ထွန်းမောင်ချေမှာ ညှိုးငယ်သောမျက်နှာနှင့် လဖက်ရည်ဆိုင်တွင်ဆက်မထိုင်ပဲ ချက်ချင်းပြန်ရန်ပြောသည်နှင့် နှုတ်ဆက်ပြီးပြန်လာလတ်ကတ်သည်။ လမ်းတွင်အကျိုးအကြောင်းမီးမြန်းရာ ထွန်းမောင်ချေက မငယ်နှင့်ချစ်ရည်လူးနီစဉ်တွင် အပုတ်နံတထောင်းထောင်းထွက်လျှက်ဟိကြောင်း။ အခန်းထဲသို့ဝင်လားစဉ်က အခန်းထဲတွင် နှစ်ယောက်တည်းဖြစ်သော်လည်း ကျန်အေးမ (၄) ယောက်ပါ လာရောက်ပြုစုသည်ဟု ခံစားရကြောင်း။ အချစ်ရည်လူးပြီးသောအခါ မငယ်မှာ အလွန်နှစ်သက်ကျေနပ်သောအမူအရာကိုပြ၍ တသက်လုံးသူရို့ညီအေးမငါးယောက်နှင့်အတူတူနီရန် ပြောသောအခါမှ သံသယစိတ်ဝင်ကာ ကြောက်ရွံ့မိကြောင်း ယှင်းပြသည်။ နောက်နိတွင် ထွန်းမောင်ချေမှာ မှိုင်တိုင်တိုင်ဖြစ်လျှက် ညဇာဖက် အရက်စကေသောက်ဖြစ်သည်တွင် ညဥ့်အချိန်ပိုဆင်းသောအခါ အလုပ်ခွင်၌ ဤသို့ငြမ်းစင်ထက်မှ လူးကျသီဆုံးရခြင်းဖြစ်သည်။ ဤသည်မှာ ညီမငါးဖော်၏လက်ချက်ရာဖြစ်ရမည်ဟု အကျွန်ုပ်စိတ်ထဲ တပ်အပ်သိနီသည်။
စိန်ခေါ်ခြင်း
-----------
ထွန်းမောင်ချေ၏အသုဘကိစ္စများပြီး၍ နောက်ရက်သတ္တတပတ်ခန့်ကြာသောအခါ ယင်းလဖက်ရည်ဆိုင်သို့ အကျွန်ုပ်တယောက်တည်း ရောက်လားသည်။ ညီမငါးဖော်မှာ အလွန်ပျော်ရွှင်ကျေနပ်၍ တက်ကြွသောမျက်နှာအမူအယာများဖြင့် အကျွန်ုပ်အားဆီးကြိုလျှက်ဟိသည်။ ထွန်းမောင်ချေသီဆုံးလားကြောင်းပြောသောအခါ စိတ်မကောင်းယောင်ပြသည်ကို အကျွန်ုပ် ကောင်းကောင်းရိပ်မိသည်။ ဆိုင်နောက်ဖေးက အိမ်ခန်းထဲလို့လှမ်းကြည့်လိုက်သောအခါ အမှောင်ထဲတွင် ထွန်းမောင်ချေတယောက် ငုတ်စုတ်ထိုင်နီသည်ကို ရုတ်တရက်မြင်လိုက်ရပြီး ချက်ချင်းပျောက်လားသည်။ အကျွန်ုပ်မှာ ကြောက်လည်းကြောက် ဒေါသလည်းထွက်လျှက် သူငယ်ချင်းအတွက် လက်စားချေမည်ဟု ဆုံးဖြတ်လိုက်သည်။ "မငယ်... ကျွန်တော့်သူငယ်ချင်း မကောင်းမိစ္ဆာတိလက်ချက်နန့်သီရစွာ။ ယင်းမိစ္ဆာတိ ကျွန်တော်ရအောင် ပြန်သတ်ဖို့။ စောင့်ကြည့်နီကတ်" ဟုဒေါနှင့်ပြောလျှက် ဆိုင်ထဲမှထွက်လာလတ်သည်။ အိမ်သို့ရောက်သောအခါ ဓါးမျှောင်ကို ဘုရားစင်ညောင်ရီအိုးထဲမှ ရီများဖြင့်ဆီးကြောလျှက် ခေါင်းအုံးအောက်တွင်ထားလိုက်သည်။ အိပ်ရာထက်တွင်လှဲနီယင်း သနားဖွယ်ကောင်းသော သူငယ်ချင်း၏မျက်နှာကိုမြင်ယောင်ကာ တရားခံကို မည်သို့မည်ပုံဖော်ထုတ်ရမည်ကို စိတ်ကူးကြံစည်လျှက်ဟိသည်။
ဘီလူးစီးခြင်း
------------
အကျွန်ုပ်၏ဘဝတွင် ဤတခါလောက် မိမိ၏အသက်ကို သီခြင်းတရားလက်တွင်းထဲသို့ မျှော်လင့်ချက်ကင်းမဲ့စွာအပ်နှံလိုက်ရသော ဆိုးရွားသောအတွိအကြုံမျိုး တခါလည်းမဟိဖူးပါ။ အိပ်ရာထက်တွင်လှဲနီယင်း အိပ်မွိမကျတကျအချိန်တွင် တန်းခါးဖွင့်လျှက် လူလေးယောက်ဝင်လာသည်။ မျက်လုံးဖွင့်ကြည့်လိုက်သောအခါ ဂျပန်နပန်းသမားများကဲ့သို့ကြီးမားသော အရိပ်မဲမဲကြီးလေးခုသည် အကျွန်ုပ်၏ခြီနှင့်လက်များကို လေးဖက်လေးတန် ချုပ်ကိုင်ထားသည်။ အကျွန်ုပ်လည်း ခြီနှင့်လက်များကို ရုန်းထွက်နိုင်ရန် အစွမ်းကုန်ကြိုးစားသည်။ လှုပ်၍ပင်မရ။ ချွေးပြန်လျှက်ဟိသည်။ သတိဝင်လာ၍ ဘေးအိမ်ကိုအကူအညီတောင်းမည်ဟု ခေါင်းထောင်လိုက်သောအခါ နောက်ထပ်အရိပ်မဲမဲကြီးတခုသည် တန်းခါးပေါက်မှဝင်လာပြီး ထွန်းမောင်ချေမှာလည်း သနားစရာမျက်နှာထားနှင့် နောက်မှမျှောင်၍လိုက်ပါလာသည်။ အော်ချိန်ပင်မရ ထိုအရိပ်မဲကြီးသည် အကျွန်ုပ်၏ခါးကိုခွထိုင်လျှက် လိုင်ဖင်းကိုညှစ်သည်တွင် အော်သော်လည်းအသံမထွက်။ လိုင်ဖင်းပျစ်သောကြောင့် မျက်စိပြူးလျှာထွက်လာသည်။ ကြောက်စိတ်မွှမ်ပြီး အသကုန်ရုန်းသော်လည်း တစိချေလည်း မလှုပ်။ ပကတိ အရိပ်မဲကြီးငါးခု၏ ချုပ်ထားသည့်အတိုင်း ငြိမ်လျှက်ဟိသည်။ ထွန်းမောင်ချေမှာလည်း ကူဖော်မရ။ ဘေးနားကထိုင်၍ ကြောင်တောင်တောင်ကြည့်နီသည်။ အကျွန်ုပ် မည်မျှပင်ရုန်းသော်လည်း မထူး။ လိုင်ဖင်းမှာလည်း ပျစ်သထက်ပျစ်လာသည်။ ပါးစက အမြှပ်များထွက်လာရာ စိတ်ကိုလုံးလုံးလျှော့ချလိုက်ပြီး ဤအတိုင်းငြိမ်ခံလိုက်သည်။ အလိုဟိသမျှ လုပ်ကတ်ဖိ။ သီခြင်းကိုရင်ဆိုင်ရသောအခါ ဗုဒ္ဓမြတ်စွာဘုရားကိုအောက်မိလျှက် “ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ၊ သံဃံ သရဏံ ဂစ္ဆာမိ” စိတ်ထဲ တိုးတိုးရွတ်ဆိုလိုက်သည်။
တရားခံသိပျာယ်
---------------
ထိုသို့ ရွတ်ဆိုလိုက်သည်နှင့်တပြိုင်နက် အကျွန်ုပ်၏ခန္ဓာကိုယ်မှာ ပေါ့ပါးလားသည်။ အရိပ်နက်များအားလုံးနှင့် ထွန်းမောင်ချေပါ နီးစပ်ရာပြတင်းပေါက်များမှ ခုန်ထွက်ပြီးလားကတ်သည်။ အကျွန်ုပ်လည်း အလွတ်မပီး ညာဖက်လက်ကို ခေါင်းအုံးအောက်သို့ထည့်၍ ဓါးမြှောင်ကိုဆွဲထုတ်လိုက်ပြီး နောက်ဘိတ်ဆုံးမြင်ရသော အရိပ်မဲမဲကြီးကိုလှမ်းပေါက်လိုက်ရာ လက်မောင်းကိုစိုက်ဝင်လားသည်တွင် ဓါးတန်းလန်းနှင့်ထွက်ပြီးလားသည်။ အရိပ်တွင် ဓါးစိုက်ဝင်နိုင်သည်မှာ မှော်ဆရာတဦးပြောဖူးသည့်အတိုင်းပင် ဘုရားညောင်ရီအိုးမှရီများဖြင့် ဆီးထားသောကြောင့်ဖြစ်သည်နိုင်သည်။ အကျွန်ုပ်လည်း တရားခံကို နောက်နိသိရပျာယ်ဟု ကျေနပ်မိသည်။ ယင်းနိက ကြောက်စိတ်ဖြင့်အိပ်မပျော်ပဲ ညဥ့်လုံးပေါက်ထိုင်၍မိုးလင်းသည်။ မိုးလင်းသောအခါ ကဇူးကိုင်းရွာဖက်သို့ ထွက်လာလတ်သည်။ ရွာလယ်သို့ရောက်သောအခါ လဖက်ရည်ဆိုင်ကိုရှာမတွိပဲ ယင်းနီရာတွင် ဗောဓိပင်ကြီးတပင်နှင့် ရီကန်ပျက်တခုကိုရာ တွိရသည်။ ရွာမှာ အိမ်ပေါင်း (၃၀) ခန့်ဟိပြီး လမ်းတလမ်းရာဟိသောကြောင့် မှားနိုင်စရာအကြောင်းမဟိ။ ဝါကြီးအိုကြီးတလုံး ထိုင်၍ဆီးလိပ်ဖွာနီသည်ကိုတွိသောကြောင့် လား၍မီးကြည့်သည်။
“အဖိုး ... အေနားက လဖက်ရည်ဆိုင် ဇာသို့ရောက်လားပါရေလဲ”
“အဝေး... မောင်ချေ... အေရွာမှာ လဖက်ရည်ဆိုင်က မဟိကာ”
“အဖိုး ... ကျွန်တော် ညကညဥ့်ခါကတောင် ရောက်ခပါသိမ့်ရေ... ညီအေးမငါးယောက်ဟိပါရေ ယင်းဆိုင်မှာ”
“အဝေး.. မောင်ချေ... ညီမငါးဖော်နန့် မင်းတွိခပျာယ်ထင်ရေ.... ယင်းစုန်းမငါးယောက်ကို တွိဖူးလူ.. အသက်ရှင်ရေလို့မဟိဝေး... မင်းသတိနန့်ရာ နီလီဖိ”
ယင်းပိုင်ပြောသောအခါ အကျွန်ုပ်မှာ ကြက်သိမ်းဖြိမ့်ဖြိမ့်ထလားသည်။ ဆောက်လုပ်ရေးသို့ အယင်ပြန်လာလတ်ပြီး ယင်းနိတွင်းချင်းပင် အလုပ်မှနှုတ်ထွက်ကာ ကြုံရာကားဖြင့် မင်းပြားသို့လိုက်ပါလာလတ်သည်။
ကဇူးကိုင်းသို့ ကိုယ်တိုင်ရောက်ဖူးသောအခါ အသင်သိပါလိမ့်မည်။
..........................
(နတ်မောင်)
(ဂနိန့်ရခိုင်ပြည်ဘလော့မှ)


