“အမှောင်ကိုခွင်း၊ အလင်းကိုဆောင်၊ ရခိုင်အလင်းရောင်။” စာပီမြင့်မှ လူမျိုးမြင့်ရေ။ စာပီပျောက်ကေ လူမျိုးပျေက်တေ။ ရခိုင်လူမျိုးလွတ်လပ်ချင်ကေ ရခိုင်စာကို အယင်သင်ကတ်။
ကျွန်တော်ရို့၏ “အမှောင်ကိုခွင်း၊ အလင်းကိုဆောင်၊ ရခိုင်အလင်းရောင်”ဘလော့သည် အိန်တာနက်ထက်မှာ တက်လာသမျှ ရခိုင်ဘာသာနန့် ဆောင်းပါး၊ကဗျာ စသည်တိကို ရှာဖွီတင်ဆက်ဖို့အတွက် စမ်းသပ်ပြုလုပ်နိန်ပါသည်။ လိုအပ်ချက်တိဟိပါက c'box မှာအမှာစာရေးထားခကတ်ပါ။ အတတ်နိုင်ဆုံး အကောင်းဆုံးဖြစ်အောင် ကြိုးစားနိန်ပါသည်။ ဆက်သွယ်ချင်ပါက alrevelation@gmail.com ကိုဆက်သွယ်နိုင်ပါရေ။
Showing posts with label ရခိုင်ရိုးရာကဗျာ. Show all posts
Showing posts with label ရခိုင်ရိုးရာကဗျာ. Show all posts

အစိကေခါဆိုခ မှတ်မိသမျှ ကဗျာချေတိ (၂)

မောင်ထမ်းပီးမေ
--------------

သစ်ညိုလေ…
တောင်ခေါင်း တောင်ခမောင်းမာ
ထင်းရောင်းချိုးခါ ထင်းလှိုင်းဂေါင်းတင်
နပူဝင်ကေ မေညင်ညောမေ
တောသစ်ပင်ကို မေပင်ပန်းဖို့
မောင်ထမ်းပီးမေ ပုသျှေ။
-----------------------

၁။ ထင်းရောင်း- သစ်ပင်အခြောက်။
၂။ နပူဝင်- အပူမိခြင်း။
၃။ မေ+ညင်ညော- မေ၊ မိန်းမကိုညွှန်းရေနာမ်စား။ ညင်ညော-ဖျားနာခြင်း။
(နင်ဖျားနာ၊ နိန်မကောင်းဖြစ်လိမ့်မေ လို့ဆိုလိုသည်။)

------------------
မူရင်း- http://oggarbyan.blogspot.com/2010/09/blog-post_27.html မှ


သဇင်ပန်း

ပန်းမြတ်သဇင်
ပန်းမြတ်သဇင် - ပန်းသဇင် - သဇင်ပေါ်စ
နှင်းဝီ၀ီကေ - နတ်တော်လ --။

ပြိုင်းတောင်ကျော်လမ်း
ခမောင်းပင်မှာ - သဇင်ပန်း --။

ဆွတ်ခီဆွတ်ခီ
မယ်နှမမှာ - သဇင်ပန်းကိုပန်ရစီ --။

နှမပန်ချင်
ပျိုတိုင်းကြိုက်တေ - ပန်းသဇင် --။

မယ်ကြင်မောင်ဝေ - တက်လို့ဆွတ်ကေ
ရခရေ --။

ပန်းပွင့်သဇင်
မယ့်ဂေါင်းထက်မှာ - လှလို့ပင် --။

တ၀က်ကိုပန် - တတန်နောင်ကျိုး
မြတ်စိန္တေလေ - ညောင်ရီအိုးမှာ
အပြည့်ထိုး --။

မောင်နှင့်နှမ
သဇင်ပန်းကို - အရင်းတည်
မောင်မယ်နှစ်ဝ
အခါတန် - သင်္ကြန်လမှာ ပေါင်းရပါစီ --။

ဆံတော်ရှင်လေ - စေတီရင်းမှာ
ဆုတောင်းလီလည်း - ဆုတောင်းလီ --။
--------------------
(ရခိုင်ကျွန်းရွာကဗျာ)


ဇမ်းတိပြိုင်လို့

ဆောင်းလဟေမာန် စုန်လီပြန်ကေ
ရွာတောင်ကိုတက်
အလှကေတင့်တယ် ပျိုမေချေရို့
ထင်းတီခြီကာ ဟင်းတိရှာကေ
ပျော်ဖွယ်ရာကောင်း
ဟေဝန်မြိုင်လေ ဂနိုင်တောမှာ
ဇမ်းတိပြိုင်ရေ။

၃၀-၁၂-၂၀၀၃

(ကျော်ဒိုင်ယာရီဘလော့မှ)


လူပျင်းစာဆို လွမ်းစာငို

အခြိုးကြူကေ နီပူဝင်းဝင်း
ပြင်းကျင်းကျင်းနန့်
လူပျင်းစာဆို အဘိုးအိုလေ
တောင်ပေါ်ထက်က မေကိုမြင်ကေ
ဘာဘာသန်းဗျာယ်
လွမ်းလို့ ငိုရေ။

(မှတ်ချက်။ မူလစာဆိုသျှင်နာမည်နန့် စာအုပ်နာမည်ကို မသိပါဗျာယ်။ မှတ်စုစာအုပ်ထဲက ကဗျာကိုပြန်လို့မျှလိုက်ခြင်းသာ ဖြစ်ပါသည်။)

(AMP ဥက္ကာပျံ၏ ဘလော့စာမျက်နှာမှ)


မွီးသဇင်

တောင်ပုတ် ကေမှာ
ကျားသျှေ ကျော်လမ်း
ကျောင်းပါး တောင်မှာ
သဇင်ပန်းကို
လူနမ်းလားယာ
ကိုယ့်ကိုကို ကိုယ့်ကိုချစ်ကေ
စိတ်ညစ်တေလေ။

................

(မှတ်ချက်။ မူလစာဆိုသျှင်နာမည်နန့် စာအုပ်နာမည်ကို မသိပါဗျာယ်။ မှတ်စုစာအုပ်ထဲက ကဗျာကိုပြန်လို့မျှလိုက်ခြင်းသာ ဖြစ်ပါသည်။)


AMP ဥက္ကာပျံ၏ဘလော့စာမျက်နှာမှ


ရမ်းဗြဲကျွန်းက ချစ်ခွန်းတီတာ တေးကဗျာ

ကျားဆို-
တခွန်းခေါ် ခေါ်လို့မထူး
နှစ်ခွန်းခေါ် ခေါ်လို့မထူး
တစ်ရွာနိန် တစ်ပြည်သားကို စိတ်ခြားလို့လား
မချစ်ဆို မလိုလို့လား.......ပုချေ။

မဆို-
ဇာဂလာကေ
ဇာရွာရေသား -ရောင်
စကားအရာ..
ပျားသကာ..
ချိုပါရေကား..
ပျိုသက်ထားလေ...။

ကျားဆို-
မောင့်လက်ကို ကိုင်လေ
မေ့လက်ကိုဆွဲ
ငွေတူပင်မှာ
ရွှေတူရိုက်ယောင်
ရိုက်ပစ်ကတ်မေ ပုချေ...။

မဆို-
မျက်စိကမြင် ဝမ်းကကြင်
စိတ်တွင်ကချစ်
ပုချေမောင်ကို မေတ္တာရိုက်လို့
အချစ်စွဲကာ ကြားကလူတိ
အောင်သူဖျက်လို့ ဖျက်ရဖို့လား ပုချေ....။

ကျားဆို-
ဆံစကေညို
လှနဂိုလေ
ပျိုနှမမှာ
ကိုယ့်ရပ်ရွာ ကိုယ့်ရွာထက်မှာ
လက်ဖျားတင် ကြင်သူများက
ဟိထားရေလား ပုချေ....။

မဆို-
သခြင်းဆို လူပျိုမောင်လိုင်
ကိုယ့်ရပ်ရွာ ကိုယ့်ရွာထက်မှာ
လက်ဖျားတင် ကြင်သူများက
ဟိမထားပါ ပုချေ....။

ကျားဆို-
ဒေတောခေါင် ဒေတောင်ယေကြားမှာ
စကားသာချို ဒေမေဆို ပျိုစကား
ကြားရရေခါ စိတ်ဝမ်းသာ ထဗျာက
ကြည့်ရဖို့ယာ....။

မဆို-
ဥဒေါင်းယေကြိုးကြာ သာရကာကေ
ဟင်္သာငှက်မ အခါခါ မောင့်ကိုတမ်းလို့
လွမ်းတငိုခါ မောင်ရောက်ရာ ထဗျာကလို့
ကြည့်ရဖို့ယာ.....။

................
မှတ်ချက် ။ ။ ကျောက်ဖြူမြို့တည် (၁၈၀)ပြည့်အထိမ်းအမှတ် “ကျောက်ဖြူ” ၂၀၀၉ မဂ္ဂဇင်း “ဇာနီအောင် (ရမ္မာဝတီ)” ရေးရေ “ရမ်းဗြဲကျွန်းက ချစ်ခွန်းတီတာ တေးကဗျာ” ဆောင်းပါးက ဇမ်းကဗျာတိသက်သက်ကို ထပ်ပနာတင်ပြပီးလိုက်ပါရေ။

(ကျောက်ဖြူ-ရင်သွီးချေဘလော့မှ)


ရည်မှန်းချက်

ဘုရားဖူးဇောင် ဦးရာဇ်တောင်ကို
ဖြစ်အောင်လားမေ စိတ်ကရည်လည်း
အချစ်ကိစ္စ အဝဝနန့်
ဘဝမဏ္ဍိုင် မကြံ့ခိုင်၍
မရောက်နိုင်စွာ ကြာခဗျာယ်။

ဒေနှစ်ဒေခါ ဒေပွဲတော်ကို
ကိုယ့်နန့်တကွ မောင်ချစ်မေရို့
သက်ကားခန္ဓာ ကျန်းမာပါက
ဗုဒ္ဓအမွီ ဦးရာဇ်မြီကို
လောင်းလှီတစင်း တက်ချေငှါး၍
ကိုယ့်ကားပဲ့ထိုင် ဦးထိုင်အချစ်
လှော်တက်ညီစွာ ရောက်အောင်လာမေ
ကိုယ့်ရည်မှန်းချက် ပြည့်ပါစီ။
...............................
မှတ်ချက်။ ။ မဂ္ဂဇင်းစာအုပ်တအုပ်က ကူးယူဖော်ပြထားစွာပါ။ မဂ္ဂဇင်းနာမည်နန့် ကလောင်သျှင်နာမည်ကိုတော့ခါ မိန့်လားပါယာ။

(ကျောက်ဖြူ-ရင်သွီးချေဘလော့မှ)


ပဇွန်ဖြူကိုမေမစား

ကျားဆို။
တမန်းပြင်ကို လက်ယာရစ်လို့
ကွန်ပစ်လားဖို့...။

မဆို။
ပဇွန်ဖြူကို မေမစားလို
ဂြိုးသားရှာခီ...။

ကျားဆို။
တရက်ထောင်လေ တကောင်မကျ
နှစ်ရက်ထောင်လေ တကောင်မကျ
သုံးရက်အတက် ဂြိုးချေမောင်
ဘယ်ခြီသန်းကို တန်းလန်းငြိယာ။
ကန်ဘောင်သာမှာ အမွီးနှုတ်ကေ
ဖုတ်စားကတ်ဖို့...။

မဆို။

စေ့စေ့ငင် ရင်အုံသားကို
မေစားမေ နှောင်း....။

...............
၂၆.၀၆.၂၀၁၀

(AMP ဥဂ္ဂါစာမျက်နှာမှ)

“အမှောင်ကိုခွင်း၊ အလင်းကိုဆောင်၊ ရခိုင်အလင်းရောင်” ဘလော့ကို တမင်တကာလာကတ်တေဖြစ်စီ၊ လမ်းမှားလို့ရောက်လာကတ်တေဖြစ်စီ ကျွန်တော်ရို့ “ရခိုင်အလင်းရောင်” မိသားစုမှ အထူးပင်ကျေးဇူးတင်ပါရေ။ နောက်ထပ်လည်း လာလည်ကတ်ပါလို့ ဖိတ်ခေါ်ပါရေ။