“အမှောင်ကိုခွင်း၊ အလင်းကိုဆောင်၊ ရခိုင်အလင်းရောင်။” စာပီမြင့်မှ လူမျိုးမြင့်ရေ။ စာပီပျောက်ကေ လူမျိုးပျေက်တေ။ ရခိုင်လူမျိုးလွတ်လပ်ချင်ကေ ရခိုင်စာကို အယင်သင်ကတ်။
ကျွန်တော်ရို့၏ “အမှောင်ကိုခွင်း၊ အလင်းကိုဆောင်၊ ရခိုင်အလင်းရောင်”ဘလော့သည် အိန်တာနက်ထက်မှာ တက်လာသမျှ ရခိုင်ဘာသာနန့် ဆောင်းပါး၊ကဗျာ စသည်တိကို ရှာဖွီတင်ဆက်ဖို့အတွက် စမ်းသပ်ပြုလုပ်နိန်ပါသည်။ လိုအပ်ချက်တိဟိပါက c'box မှာအမှာစာရေးထားခကတ်ပါ။ အတတ်နိုင်ဆုံး အကောင်းဆုံးဖြစ်အောင် ကြိုးစားနိန်ပါသည်။ ဆက်သွယ်ချင်ပါက alrevelation@gmail.com ကိုဆက်သွယ်နိုင်ပါရေ။
Showing posts with label ရခိုင်သူမြတ်. Show all posts
Showing posts with label ရခိုင်သူမြတ်. Show all posts

လောကသာရပျို့နှင့်ပျို့ဆရာရခိုင်သူမြတ်ရို့၏အတ္ထုပ္ပတ္တိ

သက္ကရာဇ် ၆၈၈ ခုနှစ်တွင် မင်းလျင်စောသည် သရက်မြို့ကိုတည်၍နိန်သည်။ သက်လူမျိုးများကိုအုပ်စိုးသောကြောင့် သက်မင်းဟုကျော်စောသည်။ သက်မင်းလျင်စောတွင် စောစုံ၊ စောဖြူ၊ စောတူဟု သားတော်သုံးပါးဟိပါသည်။

သက်ရို့သည်ရခိုင်ရိုးမတောင်စဉ်တောင်တန်းဟိ ကျေးရွာများကိုလားရောက် တိုက်ခိုက်ဖျက်ဆီးကြသည်။ ထိုအခါ ရခိုင်ဘုရင်မင်းထီးသည် အမတ်ကြီးရာဇစည်သူသင်္ကြကိုစီလွှတ်၍သရက်ကိုအတိုက်ခိုင်းသည်။

သက္ကရာဇ် ၆၉၅ ခုတွင် အမတ်ကြီးသည် စစ်သည်ဗိုလ်ပါအများနှင့် ရိုးမတောင်ကိုဖြတ်ကျော်ချီတက်ကာ သက်မင်းလျင်စောအား သားတော်သမီးတော် မိဖုရား မောင်းမရို့နှင့်အတူ ပရိယာယ်ဖြင့် အလွယ်တကူ ရခိုင်သို့ယူဆောင်လီသည်။

မင်းလျင်စောလည်းရခိုင်သို့ရောက်လျှင် သားတော်သုံးပါးရို့ကို ပိဋကတ် ဗေဒင်တတ်သော သူမြတ်ဝယ်အပ်လီ၏။ မင်းသားသုံးပါးလည်း ပိဋကတ် ဗေဒင်သင်၍တတ်လီလျှင် ဆရာသူမြတ်အိပ်မက်မြင်တော်မူ၏။ နောင်တော်အကြီးစောစုံသည် စမုန်မြစ်ရီကိုသောက်၍ ကုန်သည်ဟုမက်၏။ ညီတော်အလတ် စောဖြူသည် ဖိုးဦးမော်ရီကိုသောက်၍ကုန်သည်ဟု မက်၏။ ညီတော်အငယ် စောတူသည် အဝမြစ်ရီကိုသောက်၍ ကုန်သည်ဟု မက်၏။ ဆရာသူမြတ်လည်း မင်းသုံးပါးကိုခေါ်၍ -အမောင်ရို့လည်းစစ်ကိုင်း၊ ပင်းယသို့လား၍နိန်ကတ်လီ။ မင်းဂျည်းဖြစ်လိမ့်မည်။ မင်းဖြစ်လျှင် ငါ့ကိုမမိန့်ပါနှင့်-ဟုမိန့်တော်မူ၏။ မင်းညီနောင်သုံးပါးရို့လည်း ခမည်းတော် မယ်တော်ရို့ကိုလျှောက်၍ သက္ကရာဇ် ၇၀၅ ခုတွင် အရှေ့ပြည်သို့လားကြလီသည်။ စစ်ကိုင်း၊ ပင်းယသို့ရောက်လျှင် စောစုံသည် မြင့်စိုင်းမြို့ကိုစားရသည်။ စောဖြူသည် ပြည်မြို့ကိုစားရသည်။ စောတူသည် အမြင့်မြို့ကို တရဖျားစောက် အမည်နှင့် စားရသည်။

နောင်သောအခါ အမြင့်တရဖျားစောကဲသည် အဝမြို့တွင် မင်းကြီးစွာစောကဲအမည်နှင့် မင်းဖြစ်လီသည်။ မင်းကြီးစွာစောကဲသည် ပညာဟိကိုချစ်တော်မူတတ်သည်။ ပညာဟိစကားကို နားထောင်နားထောင်တော်မူတတ်သည်။ မင်းကြီးလက်ထက်တွင် စဉ်းတပစ်အမတ်နှင့် ဝန်စင်းမင်းရာဇာရို့သည် မင်းတိုင်ပင်ပညာဟိများဖြစ်ကြသည်။ မင်းဖြစ်၍ (၁၆)နှစ်ဟိသောအခါ မင်းကြီးသည် မိမိ၏ ငယ်ဆရာ ရခိုင်သူမြတ်ကို သတိရ၍ နိန်ပြည်တော်သို့ပင်ခေါ်ကာ မဟာသင်္ဃရာဇာဟူသော တံဆိပ်နာမံကပ်လှူပြီးလျှင် ကိုးကွယ်တော်မူလီသည်။

ထိုမဟာသင်္ဃရာဇာ တံဆိပ်နာမံကို ခံယူတော်မူသည့် ရခိုင်သူမြတ်သည် မင်းသားသုံးပါးကို စာပီချစဉ်အခါက လောကသာရပျို့ကိုစီကုံးကာ မင်းသားအားသင်ကြားပီးလီသည်။

ဤကား ဦးကုလားရာဇဝင်၊ဓညဝတီအရေးတော်ပုံ၊ သာသနာလင်္ကာရစာတန်းရို့နှင့် အညီဖြစ်သော လောကသာရပျို့နှင့် ပျို့ဆရာရို့၏ အတ္ထုပ္ပုတ္တိပေတည်း။

စာဆိုတော်ရခိုင်သူမြတ်၏ “လောကသာရပျို့”ကို အောက်မှာာလေ့လာဖတ်ကြည့်နိုင်ပါသည်။

(ပထမပိုင်း)


(ဒုတိယပိုင်း)

(တတိယပိုင်း-နိဂုံး)
-----------

မှတ်ချက်။ ။ “မင်းသုဝဏ်” တည်းဖြတ်၍ ၁၃၁၇ ခုနှစ်တွင် “ကုလဝတီပုံနှိပ်တိုက်၊ ၆၀-ရေကျော်လမ်း၊ ရန်ကုန်ကထုတ်ဝီသော “လောကသာရပျို့အဖြေ အဘိဓာန်” စာအုပ်ပါ အတ္ထုပ္ပုတ္တိကိုထုတ်နှုတ်ဖော်ပြအပ်ပါသည်။

“အမှောင်ကိုခွင်း၊ အလင်းကိုဆောင်၊ ရခိုင်အလင်းရောင်” ဘလော့ကို တမင်တကာလာကတ်တေဖြစ်စီ၊ လမ်းမှားလို့ရောက်လာကတ်တေဖြစ်စီ ကျွန်တော်ရို့ “ရခိုင်အလင်းရောင်” မိသားစုမှ အထူးပင်ကျေးဇူးတင်ပါရေ။ နောက်ထပ်လည်း လာလည်ကတ်ပါလို့ ဖိတ်ခေါ်ပါရေ။