“အမှောင်ကိုခွင်း၊ အလင်းကိုဆောင်၊ ရခိုင်အလင်းရောင်။” စာပီမြင့်မှ လူမျိုးမြင့်ရေ။ စာပီပျောက်ကေ လူမျိုးပျေက်တေ။ ရခိုင်လူမျိုးလွတ်လပ်ချင်ကေ ရခိုင်စာကို အယင်သင်ကတ်။
ကျွန်တော်ရို့၏ “အမှောင်ကိုခွင်း၊ အလင်းကိုဆောင်၊ ရခိုင်အလင်းရောင်”ဘလော့သည် အိန်တာနက်ထက်မှာ တက်လာသမျှ ရခိုင်ဘာသာနန့် ဆောင်းပါး၊ကဗျာ စသည်တိကို ရှာဖွီတင်ဆက်ဖို့အတွက် စမ်းသပ်ပြုလုပ်နိန်ပါသည်။ လိုအပ်ချက်တိဟိပါက c'box မှာအမှာစာရေးထားခကတ်ပါ။ အတတ်နိုင်ဆုံး အကောင်းဆုံးဖြစ်အောင် ကြိုးစားနိန်ပါသည်။ ဆက်သွယ်ချင်ပါက alrevelation@gmail.com ကိုဆက်သွယ်နိုင်ပါရေ။

နယ်ချဲ့လက်သစ်

ငါ့မြီပြင်မှာ
ခိုးဝင်ထွန်းယက်  သီးနှံထွက်ပြီး
ဈီးထက်တင်ရောင်း  အမြတ်ကောင်းရ
ဝမ်းဝဂေါင်းထောင်  မိစ္ဆာကောင်တိ
နှာရောင်ကောင်ကောက်ကောက်  မျက်လုံးနောက်ဗျာယ်
ယာမျောက်က  ယာသျှင်ကိုနှင်နီရေ။

ငါ့ရီပြင်မှာ
ခိုဝင်ငါးရှာ   ငါးရလာပြီး
ဈီးမှာတင်ရောင်း  အမြတ်ကောင်းရ
ဝမ်းဝဂေါင်းထောင်  မိစ္ဆာကောင်တိ
နှာရောင်ကောက်ကောက်   မျက်လုံးနောက်ဗျာယ်
ပြားမျောက်က  ပြားသျှင်ကိုနှင်နီရေ။



ယာမျောက်ပြားမျောက်   လာမွှီနှောက်လို့
မြီခြောက်ရီနွမ်း  အမွီခမ်းရေ
စိတ်ဝမ်းကွဲပြား  ငါ့ရို့ကြားမှာ
ဓားရိုးကမ်းသူ  ငွီမက်သူကို
တမူစံရဖွေ  ဖြစ်နီရေ။

အဆိပ်ပင်ကို
မမြင်ရသိ  ရီတိသွန်းလောင်း
ကောင်းကောင်းကြီးထွား  မွားမျိုခံရ
ကမ္ဘာမြီပြင်  အများပင်ဟိ
သိပါဖိ။

သရက်ပင်ကို  ညောင်ပင်မျိုရေ
မြတ်စေတီကို  ညောင်ပင်မျိုရေ
ထိုဥပမာ သင်ခန်းစာကို
ငါ့ရို့သတိ ထားရဖို့။

နယ်ချဲ့လက်သစ်  မိစ္ဆာညစ်ကို
အမြတ်ကနှုတ်  ပေါင်းကိုသုတ်သင်
ကိုယ့်မြီပြင်နန့်  ရီပြင်ဘဝ
ထာဝရတည်တံ့ နိုင်စီသတည်း။
(ကမ္ဘာ့“မသိမသာနယ်ချဲ့” များသို့..)
------------------
သန္တာမောင်မောင်


မှတ်ချက်။  ။ ရခိုင်မဂ္ဂဇင်း အမှတ် ၃၁၊ ၂၀၀၉ ခုနှစ် ဒီဇင်ဘာ ထုတ်စာအုပ်မှကူးယူဖော်ပြလိုက်ပါရေ။

0 မှတ်ချက်:

“အမှောင်ကိုခွင်း၊ အလင်းကိုဆောင်၊ ရခိုင်အလင်းရောင်” ဘလော့ကို တမင်တကာလာကတ်တေဖြစ်စီ၊ လမ်းမှားလို့ရောက်လာကတ်တေဖြစ်စီ ကျွန်တော်ရို့ “ရခိုင်အလင်းရောင်” မိသားစုမှ အထူးပင်ကျေးဇူးတင်ပါရေ။ နောက်ထပ်လည်း လာလည်ကတ်ပါလို့ ဖိတ်ခေါ်ပါရေ။