ပါမောက္ခ ဒေါက်တာအေးကျော်နှင့် အိန်တာဗျူး
9/10/2010
ဒေါက်တာအေးကျော်ကို ၁၉၃၉ ခုနှစ် က ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် တန်းလွဲချောင်း ရွာမ ရွာသစ်တွင် မွီးဖွားခသည်။
ဒေါက်တာအေးကျော် ဆည်းပူး ရဟိခသော ပညာရပ်ဆိုင်ရာ ဘွဲ့များမှာ B.A (History and Religion) ရန်ကုန် တက္ကသိုလ် (၁၉၅၉) ၊ B.A (Honors) Oriental History ရန်ကုန် တက္ကသိုလ် (၁၉၆၀) ၊ M.A (History of Asia) ရန်ကုန် တက္ကသိုလ် (၁၉၆၄) ၊ B.L (Law) ရန်ကုန် တက္ကသိုလ် (၁၉၆၆) ၊ PhD (History of Southeast Asia) Monash University. Australia. 1979 စသည် ရို့ဖြစ်သည်။
ဒေါက်တာအေးကျော်သည် ယခုအခါ အမေရိကန်တွင် နိန်ထိုင်သည်။ ဆရာကြီင်္း ဒေါက်တာ အေးကျော်မှာ ရခိုင်တမျိုးသားလုံးက လေးစားရိုသေသော ပုဂ္ဂိုလ် တစ်ဦး ဖြစ်သည်သာမက လက်ဟိ မြန်မာနိုင်ငံရေး ရခိုင်နိုင်ငံရေး အပေါ် မျက်ခြီ မပြတ် လေ့လာ သုံးသပ် ကျွမ်းဝင်နိန်သူ တစ်ဦးလည်း ဖြစ်သည်။ ရခိုင် အမျိုးသား ပညာတတ်များ ကြံ့ဖွတ်ပါတီနှင့် ပူးပေါင်းပြီး ရွီးကောက်ပွဲဝင်ရန် စီစဉ်နိန်မှုအပါအ၀င် ၂၀၁၀ ရွေးကောက်ပွဲ၊ ရခိုင်အမျိုးသားများ အနာဂတ် အခြေအနီများကို ဆရာကြီးကို မိန်းမြန်းရာ အောက်ပါ အတိုင်း ဖြေဆိုထားပါသည်။
မိန်း။ ။ ကျွန်တော်ရို့ လေ့လာစုံစမ်းကြည့်ရေအခါ ရခိုင်ပြည်သူတိက လက်ဟိစစ်အစိုးရ အပေါ် အထူး နာကျည်းချက်တိ ဟိနိန်ပြီး သူရို့ ထူထောင်ထားရေ ကြံ့ဖွံ့ ပါတီကိုလည်း မလိုလားစွာ ကိုတွိ့ရပါ ရေ။ ယကေလေ့ ရခိုင်ပညာတတ်တိ အထူးသဖြင့် ပြည်သူတိ လေးစားရေ ဆရာဝန်တိစွာ စစ်အစိုးရ ထူထောင်ထားရေ ကြံ့ဖွံ့ပါတီက ၀င်ရောက်ပြီး ရွီးကောက်ပွဲမှာ ယှဉ်ပြိုင်ဖို့ လုပ်နိန်စွာကို တွိ့ရပါရေ။ ယင်း အပေါ် ဆရာကြီး၏မြင်ကို သိပါရစီ။
ဖြေ။ ။ ကြံဖွံပါတီဆိုစွာက အစိုးရပါတီ၊ အစိုးရပါတီဆိုစွာက စစ်အုပ်ချုပ်တေ စစ်အာဏာကို တည်ထောင် နိန်ရေ အစိုးရ၏ ပါတီဖြစ်တေ။ စစ်အစိုးရစွာ ပြည်သူတိကို ဆန့်ကျင်ရေ။ ဒီမိုကရေစီကို ဆန့်ကျင်ရေ။ လူ့အခွင့်အရေးကို ဆန့်ကျင်ရေ။ ယင်းကြောင့် စစ်အစိုးရကို လူတိ မကြိုက်။ နောက်တခုက စစ်အစိုးရ အုပ်ချုပ်တေ သက်တမ်း ကြာလီ ကြာလီ ဖွတ်ကြိုးမှာ ပြာစု ဆိုရေပိုင် ပြည်သူတိ မွဲပြာတိ ကျလာရေ။ တဒိဒိ တဒိဒိ အခုထိ ဆင်းရဲ နွမ်းပါးစွာကို တွိ့ရရေ။ ပြည်သူလူထုတိအ နေီနန့် ဇာတခုမှ အကျိုး ဖြစ်ထွန်းစွ မဟိ။ ယင်းပိုင် အကျိုးဖြစ်ထွန်းစွာ မဟိတော့ခါ တလမ်းလား မောင်းစနစ်။ နောက်တခါ စစ်တပ်မှ စစ်တပ် ဆိုရေ ၀ါဒ လွမ်းမိုးလာရေ အတွက်ကြောင့် တိုင်းပြည်စွာ အင်မတန်မှ နစ်နာ ဆုံးယှုံးမှုဟိရေ။ ယင်းပိုင် နစ်နာ ဆုံးယှုံး မှုဟိရေ အတွက်ကြောင့် ပြည်သူတိစွာ ဇာသူမှ ယင်းပိုင် အစိုးရမျိုးကို မကြိုက်။ ယင်းကြောင်း အေပိုင် အစိုးရမျိုးကို မကြိုက်ကေလေ့ ကြံ့ဖွံ့စွာ အစိုးရ ပါတီဖြစ်နိန်လို့ တချို့တချို့ ရခိုင်ပြည်မှာဟိရေ ပညာတတ်တိလို့ ခေါ်ရေဆရာဝန်တိစွာ ကြံ့ဖွံ့ပါတီမှာ ပါနိန်ရရေဆိုစွာက ကျနော်မြင်တာကတော့ခါ အကြောင်း နှစ်ခုဟိပါရေ။ တခုက မပါကေမဖြစ်လို့ ဖိအားပီးလို့ တနည်းအားဖြင့် စိုးရိမ်ပူပန်မှု ဖြစ်နိန်ရလို့ ပါဝင်စွာ တပိုင်းဖြစ်တေ။ တနည်းအားဖြင့် ပြောရဖို့ဆိုလို့ဟိကေ မိမိ၏ဆန္ဒအရ ပါဝင်စွာ မဟုတ်။ အလိုလို ကြောက်ရွံ့ပြီးကေ ဖိအားပီးလို့ ပါဝင်ရစွာဖြစ်တေ။ အေစွာက နံပါတ်တစ် အချက်။ နံပတ်နှစ် အချက်က - ခုနားက ဆရာဝန်ပညာ သျှင်ဆိုစွာက သမိုင်းပညာသျှင်တိမဟုတ်။ ယင်းအတွက်ကြောင့် သမိုင်း ပညာသျှင်တိမဟုတ်တေ အတွက်ကြောင့် သမိုင်းကို လေ့လေ့လာလာ ဟိရေ လူတိဖြစ်ချင်မှ ဖြစ်မေ။ ယင်းကြောင့် ရခိုင်သမိုင်း၊ ဗမာသမိုင်းကို လေ့လေ့လာလာ ဟိရေလူတိစွာ ဇာပိုင်နည်းနန့်မှ ကြံ့ဖွတ်မှာ မပါဝင် ချင်ကတ်။ ကြံ့ဖွတ်မှာ ပါဝင်လားလို့ဟိကေ တသက်လုံး နှာမည်ကောင်း ရလာရေ လူတိစွာ တသက်လုံး ချက်လာရေ ဒန်ပေါက် ထမင်းအမွှီး အကြိုင်ထဲမှာ မစင်တစက်ကျလားရေပိုင် စားလို့မရ။ သောက်လို့မရ။ တသက်လုံး နှာမည်ပျက်လားဖို့ အစဉ်အလာတိဟိရေ။ ယင်းအတွက်တာကြောင့် ဒေကြံ့ဖွတ်မှာပါရေ ပညာသျှင်တိစွာ သူရို့ကိုယ်ကျိုး ကောင်းကေကောင်းလိမ့်မေ။ ရခိုင်ပြည်သူ ပြည်သားအကျိုးတော့ ကောင်းလာမယ့် အကြောင်းတရား မမြင်ဘူး။ အချုပ်အားဖြင့် ပြောရမယ်ဆိုလို့ရှိရင် ရခိုင်အမျိုးသားရေး ကိုသွယ်ဖီလားရေ သူတိုင်းစွာ ရခိုင်ပြည်အကျိုးကို သယ်ပိုးဆောင်ရွက်နိုင်ဖို့စွ မဟုတ်ပါဗျာယ်။
မိန်း။ ။ အခု ကြံ့ဖွံ့ပါတီက ၀င်ရောက်ယှဉ်ပြိုင်ကတ်ဖို့ ရခိုင်ပညာတတ်တိ ဆရာဝန်တိစွာ တကယ်လို့ အနိုင်ရခကေ ရခိုင်ပြည်နယ် တိုးတက်ရေးနန့် ရခိုင်လူထု ကောင်းစားရေးကို ဆောင်ရွက်နိုင်ဖို့လို့ ဆရာကြီး မြင်မိပါသလား။
ဖြေ။ ။ သူရို့ ပါလီမန် လွတ်တော် အမတ်တိအနီနန့်ဆောင်ရွက်နိုင်ရေ အပိုင်းက နှစ်ပိုင်းဟိပါရေ။ တပိုင်းက ဇာလဲဆိုလို့ဟိကေ သရတို့ရွီးကောက် တင်မြှောက်လိုက်တေ နယ်မြီဒေသမှာ ကျောင်းလိုရေဆိုကေ ကျောင်းပီးနိုင်ရေ အပိုင်းဟိမေ။ ယကေလေ့ တမျိုးသားလုံးနန့် ဆိုင်ရေ အမျိုးသား နိုင်ငံရေးမှာတော့ခါ လုံးဝသုံးလို့ မရပါ။ လုံးဝ ပါဝင်ခွင့်လည်း ရဖို့စွာမဟုတ်ပါ။ ပါဝင်လို့ ဟိကေလည်း သူရို့ပါတီ၏ အရေးယူမှုကို ခံရနိုင်ဖွယ် ဟိရေ။ ပါဝင်နိုငဖို့ စွမ်းရည်လည်း မဟိပါ။ ယင်းကြောင်း ခုနားက ကျနော်ပြောရေ အပိုင်း နှစ်ပိုင်း ထဲမှာ ဒေသတခုလုံးမှာ ပါဝင်ရေ။ ဥပမာ - ကျောင်းဆောက် ပီးစွာက ရခိုင်ပြည် တိုးတက်တေလို့ ပြောလို့ မရပါ။ ရခိုင်ပြည် တိုးတက်တယ်ဆိုစွာက ရခိုင်တမျိုးသားလုံး တိုးတက်မှသာလျှင် ရခိုင်ပြည်တိုး တက်တာလို့ သတ်မှတ်လို့ရရေ။ ယင်းပိုင် တိုးတက်တေအထဲမှာ ကျနော်ဖြစ်စီချင်စွာက ရခိုင်ပြည်မှာ ရခိုင်သမိုင်းကို သင်ရ မေ။ အေစွာက အရေးကြီးရေ အချက်။ ယင်းအတွက်ကြောင်း နောက်တချက်က ရခိုင်လူငယ်တိစွ ရခိုင်စာကို သင်ရမည်။ ဒေချင့်ကလည်း အရေးကြီးရေ အချက်တခု။ နောက်တခုက ရခိုင်ကျောင်းသား လူငယ်တိစွာ ရခိုင်ယဉ်ကျေးမှု အနုပညာ နန့် ပတ်သက်တေ ဓလေ့ထုံးစံတိကို စနစ်တကျ သင်ပီးရေ အတွက်ကြောင့် နောင်အခါမှာ ရခိုင်ပြည်အတွက် တာဝန်ကိုဖြစ်စီ၊ မြန်မာပြည် တပြည်လုံး အတွက် ပေးအပ်တဲ့ တာဝန်ကို ဖြစ်စေ၊ ဆထက်တပိုး သယ်ပိုးဆောင် ရွက်နိုင်လိမ့်မယ်လို့ ယုံကြည်တယ်။ ဘာကြောင့်လည်း ဆိုလို့ဟိကေ စင်္ကာပူနိုင်ငံမှာ သုံးလမ်းမောင် လေးလမ်းမောင်း စနစ် ဟိရေ။ စင်္ကာပူနိုင်ငံမှာ တရုတ်စာလည်း သင်ရရေ။ အင်္ဂလိပ်စာလည်း သင်ရရေ။ မလေးစာလည်း သင်ရရေ။ တမီးစာလည်းသင်ရရေ။ ယင်းအတွက်ကြောင့် လူတယောက်စွာ စာတွိအများကြီး တတ်တေအခါမှာ သူလိုချင်ရေ အချက်အလကတိနန့် တိုင်းပြည် တိုးတက်အောင် ဇာတိ လုပ်မေဆိုရေ သူ့ရို့စိတ်ထဲမှာ ပေါ်လာစွာတိကို အကောင်အထည်ဖေါ်လို့ ရရေ။ ယင်းကြောင့် ဒေပုဂ္ဂိုလ်တိစွာ ခုနားက ကြံ့ဖွတ်ပါတီမှာ ပါရေလူတိ ရခိုင်ပြည်တမျိုးသားလုံး၏ အမျိုးသား အကျိုးတရားကိုတောခါ့  ဇာနည်းနန့်မှ မဆောင်ရွက်နိုငး။ ဆောင်ရွက်ကေ ဇာသူနန့် လားလို့ဆန့်ကျင်ဖို့လဲဆိုကေ ဗမာနန့် လားဆန့်ကျင်မှာ သေချာရေ။
မိန်း။ ။ ကျွန်တော်ရို့ ကျောက်ဖြူမြို့နယ် ကျေးရွာတိက လယ်သမားတိ၊ ပညာတတ် လူငယ် တိအနီနန့်တွိ့ရေအခါမှာ သူရို့က ကျောက်ဖြူမြို့နယ်မှာ ရခိုင်အခြေပြု အမျိုးသားပါတီတိကို ထောက်ခံမူတိ အထူး တိုးပွားနိန်ရေလို့ ပြောပါရေ။ ရခိုင်အမျိုးသားပါတီတိ မဲရဖို့လို့လည်း ပြောပါရေ။ ပြီးကေကျောက်ဖြူမှာ ပညာတတ်ကြီးတိစွာ ရခိုင်အမျိုးသားပါတီတိမှာ အခုအခါ တက်တက်ကြွကြွနန့် ဆောင်ရွက် နိန်ကတ်စွာကို တွိ့ရပါရေ။ အယင်က အေပိုင်အခြေအနေမျိုး မဟိခဖူးလို့သိရပါရေ။ ယင်းအပေါ်မှာဂါ ဆရာ ကြီး ဇာပိုင်မြင်ပါသလဲ။
ဖြေ။ ။ ကျနော်က တောင်ကုတ်မြို့သားလို့ ပြောကေလေ့ ကျောက်ဖြူ မြို့သားလို့လည်း ကျနော်ကပြောလို့ရရေ။ ဇာကြောင့်လည်းဆိုကေ ကျနော် အမျိုးသမီးက ကျောက်ဖြူသူပါ။ ရခိုင်သမ စစ်စစ်ပါ။ နောက်တခုက ကျနော်စွ ကျောက်ဖြူ ကောလိပ်က ထွက်လာရေ ကျောင်းသားဟောင်း တဦးဖြစ်တေ။ ယင်းအတွက်ကြောင်း ကျောက်ဖြူလို့ ပြောလိုက်လို့ ဟိကေ ကျောက်ဖြူစွာ ကျနော်မြို့ ဖြစ်တေ။ ကျောက်ဖြူနယ်က ကျနော်နယ် ဖြစ်တေ။ နောက်တခုက ကျောက်ဖြူမှာနိန်ရေ ကျောက်ဖြူခရိုင်မှာနိန်ရေ လူငယ်တိ ကျောင်းနိန်ဖက်တိ ကျနော်မှာ အများကြီးဟိရေ။ သံယောဇဉ်လည်းဟိရေ။ ယင်းကြောင်း ခုနားက မိန်းရေပိုင် ကျောက်ဖြူနယ်မှာ ဟိရေ ရခိုင်လူငယတိ ပညာတတ်တိစွာ ရခိုင်ပြည်၏ ဇာတိဖြစ်တေ ရခိုင်အမျိုးသား၏ အကျိုးကို သယ်ပိုး ဆောင်ရွက်ဖို့ပါတီကို ထောက်ခံအားပီးကတ်တေဆိုစွာကို ကျနော်အနီနန့်က အင်မတန်မှ ၀မ်းမြောက်တေ။ အင်မတန်မှလည်း ဂုဏ်ယူရေ။ ကျနော်သူငယ်ချင်းတိ ယင်းအထဲမှာ ပါဖို့ပါ။ ကျနော် တပည့် လက်သား တိလည်းပါဖို့ပါ။ ကျနော်သူငယ်ချင်းတိကိုလည်း ကျနော်အများကြီး ချီးကျူးရေ။ လေးစားရေ။ နောက်တခုက ကျနော် တပည့် လက်သားတိ ဆိုလို့ဟိကေလည်း ကျနော်လေး စားရေ။ ဇာကြောင်းလည်းဆိုကေ နံပါတ်တစ်က အမြင်မှန်ရစွာ။ အမြင်မှန်ဆိုစွာ ဇာလည်းဆိုလို့ဟိကေ အေနီရာမှာ ကျနော်ရို့ ရခိုင်တိစွာ ရခိုင် အကျိုးကို ဆောင်ရွက်ရမေ။ ရခိုင်တေိစွာ ရခိုင်တိအကျိုးကို မဆောင်ရွကကေ ဇာသူကလည်း လာပြီးကေ ဆောင်ရွက် ပီးစရာအကြောင်းမဟိ။ တရုတ်ကလာပြီးကေ ကူညီဖို့ အကြောင်းတရားမဟိ။ ကုလားကလည်း လာကူညီဖို့ အကြောင်းတရား မဟိ။ တရုတ်တိ၊ ကုလားတိလာရေဆိုစွာက သူရို့ ကိုယ်ကျိုးအတွက် လာစွာ။ ကျနော်ရို့ ရခိုင်သူရခိုင်သား။ ကျနော်ရို့ ရခိုင်လူမျိုးတိ၏့ ကောင်းစားရေးကို လာလုပ်စွာ မဟုတ်း။ အေချင့်ကို ကျနော်ရို့က သတိပြုရဖို့။ နောက်တချက်က ဒေပိုင် အမြင်မှန်ရစွာက အထူး ကောင်းရေ။ ကိုယ့်မိ ကိုယ့်ဖ၏ ဇာတိသွီး ဇာတိမာန် ကိုယ့်မိကိုယ့်ဖ၏ ဘိုးဘီးဇူးဇိုင်က တည်ထောင်ခကတ်တေ ကျနော်ရို့ ရခိုင်ပြည် ရခိုင်မြီစွာ အင်မတန် တန်ဖိုးဟိရေ။ ငါရို့ စောင့်ယှောက် ရဖို့ဆိုရေ အမြင်မှန်ရစွာက ကိုယ့်မိကိုယ့်ဖ၏ မေတ္တာတရား ကိုယ့်မိ ကိုယ့်ဖ၏ စေတနာ၊ ကိုယ့်မိကိုယ်ဖ၏ ကျေးဇူး တရားကို ပြန်ဆပ်ရာရောက်တေ။ ယင်းပိုင်မှ မဟုတ်ပဲနန့် ကိုယ့်အိမ်မှာ မိဘတိ ကျွေးမွီးလိုက်တေ ထမင်းဟင်းကို စားပြီးကေ ယောက္ခမအိမ်ကို လားလို့ လယ်ထွန်ရေ အဖြစ်မျိုး ဖြစ်နိန်ကေ အေစွာက အမေကျော် ဒွေးတော် လွမ်းရေပိုင် ဖြစ်နိန်လိမ့်မေ။ နောက်တခုက ရခိုင်မှာ နယ်နမိတ်သတ် မှတ်ထားရေ ရခိုင်ရိုးမ တောင်ဆိုစွာ ဟိရေ။ ဒေရခိုင်ရိုးမတောင်ကို ကျော်ပြီးကေ အခြားပါတီကို ထောက်ခံ အားပီးနိန်ကေ မှားရေသာဓကတိ အများကြီးဟိရေ။ ယင်းအမှားလမ်းတိကို မလိုက်မိဖို့အတွက် အမြဲ သတိပြုရဖို့။ ယင်းပိုင် လမ်းမှားခလို့ ကျနော်ရို့ ရခိုင်ပြည်သူပြည်သားတိ လိုအပ်နိန်ရေ ပန်းတိုင်ကို မရောက်နိုင်စွာဖြစ်တေ။
မိန်း။ ။ နောက်တစ်ခုက ဆရာကြီး၏ ချက်မြုပ်မြီ ဖြစ်တေ တောင်ကုတ်စွာ စစ်အစိုးရ ဆန့်ကျင်ရေး ဒီမိုကရေစီ အရေး အတွက် ရှိဆုံးမှာ ပါခရေမြို့ဖြစ်တေ။ အမျိုးသားရေး အပိုင်းမှာလည်း အတက်ကြွဆုံး မြို့နယ် တစ်ခုဖြစ်ပြီး ဆရာကြီးရို့ပိုင် အမျိုးသားရေးအတွက် တစိုက်မတ်မတ် ဆောင်ရွက်လာရေ ခေါင်းဆောင်ကြီးတိကို မွီးထုတ်ရာ အရပ်လည်း ဖြစ်ပါရေ။ ယကလေ့ ရခိုင်အမျိုးသား ပါတီတိ တောင်ကုတ်မှာ ရပ်တည်ခွင့် မရရေပိုင် ရွီးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်း တစ်ဦးကိုတောင်မှ တင်သွင်းခွင့်မရခလို့ သိရပါရေ။ ကြံ့ခိုင်ဖွံ့ဖြိုးနန့် တစညကတောင်မှ တောင်ကုတ်မြို့နယ်အတွက် ကိုယ်စားလှယ်အပြည့် တင်သွင်း နိုင်ခပြီး ရခိုင်အမျိုးသား ပါတီတိက မတင်သွင်းနိုင်ခစွာ ဇာကြောင့်လို့ ထင်ပါသလဲ။
ဖြေ။ ။ တောင်းကုတ်မြို့နယ်က ဒီမိုကရေစီလှုပ်ရှားမှု ရခိုင်အမျိုးသားရေးရာ လှုပ်ရှားမှုတိမှာ ရှိတန်းက ပါရေဆိုစွာက အမှန်ပါ။ အင်မတန်မှ ဂုဏ်ယူစရာ ဖြစ်ပါတေ။ သမိုင်းကြောင်းအရ ပြောရကေ ၁၇၈၄-ခုနှစ် ဘိုးတော်မောင်ဝိုင်းစွာ ရခိုင်ပြည်ကို ကျူးကျော် သိမ်းပိုက်တေအခါမှာ ပထမဦးဆုံး ရှိတန်းမှ ခေါင်းဆောင်ပြီး ရခိုင်ပြည်သူ အားလုံး အတွက် ခုခံ တော်လှန် ခရေ ခေါင်းဆောင်စွာ တောင်ကုတ်နယ်စား တန်းလွဲစားကျားရည်ဝတ် ဗိုလ်ကျော်ထွီး ဖြစ်ပါရေ။ ယင်းဗိုလ်ကျော်ထွီး ပထမဆုံး ခုခံတော်လှန်ရေ အကြောင်းနန့် ပတ်သက်လို့ ဦးမောင်မောင်တင် ပြုစုရေ ကုန်းဘောင်ဆက် မဟာရာဇာဝင်မှာ သုံးလေးကြောင်းလောက်ရာ မှတ်တမ်း တင်ရွီးထားပါရေ။ ကျနော်ကိုယ်ပိုင်စာအုပ်မှာတော့ခါ နောင်လာနောက် သားတိ ဖတ်လို့ရှိရင်ဟိကေ လွယ်လွယ်ကူကူနန့် တွိ့အောင်ဆိုပြီးကေ မှင်နီနန့် တားထားပါရေ။ တန်းလွဲကို ရောက်ဖူးသူ လူတိုင်းသိပါရေ။ မြို့တောင်၊ ယမ်းတိုက်တောင်၊ သိမ်တောင် စရေနိန်ရာတိစွာ အင်မတန်ရှိကျရေ နိန်ရာတိဖြစ်တေ။ နောက်ပြီးကေ ကျနော်ရို့ အရှေ့တောင်အာယှမှာ အရေးကြီးရေ ကျောက်စာ တခုဖြစ်တေ ယေဓမ္မာ ဂါထာ ကျောက်စာကို တန်းလွဲချောင်း ငလုံးမော်ရွာမှာတွိ့ရရေ။ နောက်ပြီးကေ မကြာခင်က ရွာမဘုန်းကြီးကျောင်း အနီးမှာဟိရေ မောင်းထာင်းမှာ ဘုရားတဆူ ပေါ်လာရေ။ ဓါတ်တော်တိလည်း အများကြီးရရေ။ ယင်း ဘုရားဆင်းထုတော်၏ အောက်ခြီမှာ ဗြဟ္မီ စာနန့်တွိ့ရရေ။ ယင်းအတွက်ကြောင်း သမိုင်းကြောင်းအရ အလွန်ရှိကျရေ သမိုင်းကြောင်း ဖြစ်တေ။ တောင်ကုတ်မြို့နယ်သူ မြို့နယ်သားတိစွာ ရခိုင် အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ကျော်ထွီး၏ သားသမီး မြီးမြစ်တိ ဖြစ်တေ။ ယင်း ဗိုလ်ကျော်ထွီးစွာ ရခိုင်ပြည်အနှံ စည်းရုံးပြီးကေ ဘိုးတော်မောင်ဝိုင်၏ ကျူးကျော်မှုကို အပြန်အလှန်တိုက်ခစွာ၊ ရခိုင်သမိုင်း မှတ်တမ်းမှာတော့ခါ အကျယ်အ၀န်း အထောက်အထားတိကိုတွိ့ရရေ။ ဒေအစဉ်အလာက တောင်ကုတ် နယ်သူ နယ်သားတွေ၏ ရိုးတွင်းခြင်ဆီထဲမှာ ဟိနီတုန်းရာဖြစ်တေ။ ယင်းအတွက်ကြောင့် အခုလူငယ်တိစွာ ရခိုင် တမျိုးသားလုံး၏ အကျိုးအတွက် အနစ်နာခံပြီးကေ ရှိတန်းက ပါဝင်ဆောင်ရွက်နိန်စွာက ဗိုလ်ကျော်ထွီး၏ အစဉ်အလာကို ပြန်လည် ဖေါ်ထုတ် ခြင်းသာ ဖြစ်တေ။ ယင်းအတွက်ကြောင့် တောင်ကုတ်မြို့သူ မြို့သားတွေစွာ ဘိုးစဉ် ဘောင်ဆက်က တော်စပ်ခရေ ရခိုင်အမျိုးသား ခေါင်းဆောင် တန်းလွဲစား၊ တောင်ကုတ်စား၏ ကျေးဇူးကို ထောက်ထားမေဆိုကေ ကြံ့ဖွတ်ပါတီကို တနယ်လုံးက သပိတ်မှောက်ဖို့ပါ။ ဒေလောက် သမိုင်း အစဉ်အလာကြီးမားရေ တောင်ကုတ် နယ်သူနယ်သားတိ၏ ကြီးမားရေအစဉ်အလာကို ဆန့်ကျင်ပြီးကေ ရခိုင်တိုင်းရင်းသား တိုးတက်ရေးပါတီကို မဲဆန္ဒ ပီးခွင့်မရစွာကတောင်ကုတ် မြို့နယ်သူ မြို့နယ်သားတိစွာ အင်မတန်မှ ရှက်စရာလည်း ကောင်းရေ။ ၀မ်းနည်းစရာလည်းကောင်းရေ။ ကျနော်က တောင်ကုတ်ကဆိုတော့ခါ အကယောင်း စိတ်မကောင်းဖြစ်တေ။ မဖြစ်သင့်စွာ ဖြစ်တေလို့လည်း ယူဆမိရေ။
မိန်း။ ။ တောင်ကုတ်က ရခိုင်အမျိုးသား ကိုယ်စားပြု ပါတီတိကို လက်မခံဆိုပြီးကေ ရခိုင်ပြည်နယ်မှာ ကျယ်ကျယ်ပြန့်ပြန့် သတင်းတိ ထွက်ပေါ်နိန်စွာတိကို ကျွန်တော်ရို့ကြားနိန်ရပါရေ။ ယင်းအပေါ် ဆရာ ကြီးက ဇာပိုင်လိုမြင်ပါရေလဲ။
ဖြေ။ ။ ကျနော်က တောင်ကုတ်သားဆိုတော့ခါ တောင်ကုတ်က လူတိကိုလည်း ကျနော် တယ်လီဖုံးနန့် မိန်းကြည့်ရေ။ နောက်တခါ စုံစမ်း ထောက်လှမ်း ကြည့်ရေ အခါမှာတော့ခါ ရခိုင်တိုင်းရင်းသားကို အခြေခံရေ ပါတီ တခုမှ ပါခွင့်မရလို့ သိရလို့ တောင်ကုတ်သားအနီနန့် ကျနော်အင်မတန်မှ ရှက်တေ။ အင်မတန်မှ စိတ်မကောင်းလည်း ဖြစ်တေ။ တောင်ကုတ်သားလို့ ပြောကေလေ့ တောင်ကုတ်က ပါမောက္ခတယောက်ကဒေပိုင်ပြောရေဆိုစွာ အင်မတန်မှအရေးကြီးရေ။ ဇာကြောင့်လည်း ဆိုလို့ဟိကေ တောင်ကုတ်မြို့၏ အဖြစ်အပျက် အခြေအနီက တောင်ကုတ်မြို့မှာ ကြံ့ဖွတ်က တောင်ကုတ် မြို့စားပိုင်ခံနိန်ရေ “ကျောက်တောင်”။ ကျောက်တောင် ဆိုရေ သူက အားလုံး ဦးစီးဆောင်ရွက်လုပ်နိန်ရေအခါမှာ တောင်ကုတ် မြို့နယ် တခုလုံးစွာ ကျောက်တောင်၏ မြို့နယ်တခုပိုင် ဖြစ်နိန်ရေ။ ယင်းအတွက်ကြောင့် ဒေကျောက်တောင်က ဦးစီး လုပ်ပြီးကေ အာဏာတိယူပြီးကေ အခြားခြားလူတိကို သိမ်းသွင်းလို့ လုပ်စွာ။ ထောက်လှန်းပြီး တမျိုး၊ ခြိမ်းခြောက်ပြီးတမျိုး၊ ယင်းပိုင်လုပ်တေ အပြင် စီးပွားရေး အရလည်း ပါဝင်ဆောင်ရွက်စွာကို တွိ့ရရေ။ ယင်းအတွက်ကြောင့် ကျနော်အနီနန့် ပြောချင်စွာကတော့ခါ ဒေတောင်ကုတ်မြို့နယ်က ရခိုင်တိုင်းရင်းသားပါတီ ၀င်ခွင့်မရ ဆိုစွာ ကျောက်တောင်က လုပ်စွာ။ ယင်းကျောက်တောင်၏ သြဇာအာဏာစွာ တောင်ကုတ်မြိုနယ်မှာ လွှမ်းမိုးနိန်သမျှ ကာလပတ်လုံး တောင်ကုတ်မြို့နယ်စွာ တခါလည်း မကောင်းစား။ တခါလည်း ဒီမိုကရေစီမရ။ ကျနော်ရို့ တောင်ကုတ်မြို့နယ်စွာ အင်မတန်တိုးတက်တေ မြို့နယ် ပညာတတ်တိ အင်မတန်ထွက်တေ၊ ပညာသျှင်တိ အင်မတန်ထွက်တေ မြို့နယ်ဖြစ်ကေလေ့ ဒေကျောက်တောင်ပိုင် စီးပွါးရေးကို အကြောင်းပြပြီး သြဇာလွမ်းမိုးရေအခါမှာ ကျနော်ရို့ ၂၁ ရာစုကို မလားပဲ ၁၉ ရာစုကို ပြန်လားနိန်ရေ မြီသျှင် ပဒေသရာဇ် စနစ် တောင်ကုတ်နန့် တူရေ။ တောင်ကုတ်စွာ အင်မတန် ခေတ်နောက်ကျ လားဖို့။ ယင်းအတွက်တာကြောင်း ဒေပိုင်တယောက်တည်း လက်ဝါးကြီးအုပ်စနစ်ကို တောင်ကုတ်မြို့သူမြို့သား၊ တောင်ကုတ်မြို့နယ်မှာဟိရေပြည်သူတိအားလုံးက တော်လှန် ပစ်ရဖို့။ အမြစ်ဖြတ်ပစ်ရဖို့။ ဒေပိုင်အမြစ် ပြတ်လားမှ ကျနော်ရို့ တောင်ကုတ်မြို့နယ်စွာ ကိုယ့်မင်း၊ ကိုယ့်ချင်း၊ ကိုယ့်အပင် ကိုယ့်အခြေအနီနန့် တိုးတက်ဖွံ့ဖြိုးလာရေ မြို့နယ် တနယ်ဖြစ်မှာ သေချာရေ။ ယင်းပိုင်မဟုတ်ကေ တခါလည်း မတိုးတက်၊ တခါလည်းလူရာမ၀င် ဖြစလားဖို့။
မိန်း။ ။ ပြည်ပမှာ ရောက်ဟိနီရေ ရခိုင်အမျိုးသားတိစွ အခုအခါ တောင်ပိုင်း မြောက်ပိုင်းဆိုရေ စိတ်ထားတိမဟိဘဲ အထူး ညီညီညွတ်ညွတ်နန့် ရခိုင်အရေး အတွက် ဆောင်ရွက် လုပ်ကိုင်နိန်စွာကို တွိ့ရပါရေ။ ရခိုင် တော်လှန်ရေးထဲက လူငယ်တိ ထဲမှာလည်း ရမ်းဗြဲ ကျောက်ဖြူဖက်က လူငယ်တိ ပိုများလာ စွာကို တွိ့ရပါရရေ။ ဒေချင့်က အမျိုးသားရေး အတွက် ကောင်းရေ လက္ခဏာ ဖြစ်ပါရေ။ အေထက်ပိုပြီး ညီညွတ်အောင် ဇာတိကို ရှောင်ပြီး ဇာတိကို လုပ်သင့်ရေဆိုစွာကို ဆရာကြီး ပြောပြ ပီးစီချင်ပါရေ။
ဖြေ။ ။ ရခိုင်လူငယ်တိစွာ တောင်ပိုင်းမြောက်ပိုင်း စိတ်ဓါတ်မဟိစွာ ကျနော်ရို့ရခိုင်ပြည်အတွက် အင်မတန်မှအရေးကြီးရေ။ ယင်းအတွက်ကြောင်း မလေးရှားရို့ ထိုင်းရို့ကို ရောက်နိန်ရေ ရခိုင်လူငယ်တိကို ကျနော် ရင်းရင်းနှီးနှီး တွိ့ဆုံခွင့်ရရေ။ သူရို့၏ အခက်အခဲတိကိုလည်း နိန့်စဉ်နှင့်အမျှ ဖြေယှင်း ပီးနိန်ရပါရေ။ မြောက်ပိုင်း တောင်ပိုင်း စိတ်ဝမ်း ကွဲပြားမှုစွာ တစစ ပျောက်ကွယ်လားစွာကိုတွိ့ရရေ။ အခက်အခဲ အကျပ်တည်း တွိ့ရေအခါမှာ ရခိုင်တိကို ရခိုင်ကရာ ကူညီ စောင့်ယှောကကတ်တေ။ မည်သည့် အခြား လူမျိုးတိမှ ရခိုင်တိကို စောင့်ယှောက်စွာကို မတွိ့ဖူး။ ယင်းအတွက်ကြောင့် ရခိုင်ကို ရခိုင် စောင့်ယှောက်ရမေဆိုရေ အသိ စိတ်ဓါတ်စွာ ရခိုင်လူငယ်ထဲမှာ စွဲစွဲမြဲမြဲ ယုံယုံကြည်ကြည် ခိုင်ခိုင်မာမာ ဟိလာရေ။ နောက်တချက်က ရခိုင် အနုပညာသျှင်တိ သီဆိုထားရေ ဂန္ဒ၀င် မြောက် တေးခြင်းတိကို အ၀ီးရောက်ရခိုင်တိလွတ်လပ်စွာနား ထောင်နိုင်ခွင့်ဟိလို့လည်း ရခိုင်တိ၏ စည်းရုံးမှုစွာ ပိုမိုခိုင်မှာ လာရေ။ “မင်းလဲရခိုင် ငါလဲရခိုင်”ဆိုရေ အယူအဆစွာ ရခိုင်လူငယ်တိ၏ ရင်ထဲမှာ စွဲမြဲလာတယ်။ နောက်တချက်က ဗမာပြည်တွင်းမှာ ထုတ်ဝီခွင့် မရရေ ရခိုင် သမိုင်းတိ ရခိုင်နိုင်ငံရေး အတွေးအခေါ်တိကို ရခိုင်လူငယ်တိ လွတ်လွတ်လပ်လပ် ဖတ်ခွင့် လေ့လာခွင့်ဟိရေ အတွက်ကြောင့် ရခိုင်တိ၏ အမျိုးသားရေး စိတ်ဓါတ် ပိုမိုနိုးကြားလာစွာနန့် အတူ မြောက်ပိုင်း တောင်ပိုင်း ခွဲခြားမှုလည်း ပျောက်ကွယ်လာခရေ။ ရခိုင်အစ ဒွါရ၀တီက ဆိုရေ ရခိုင်သမိုင်း အကြောင်း ကိုလည်း အားလုံး သူက နားလည် လာကတ်တေ။ ကမ္ဘာ့ရှိအဟောင်းဆုံး မြို့သုံးမြို့ထဲမှာ ဒွါရာဝတီ မြို့လည်း ပါဝင်ရေ အတွက်ကြောင်း ဂွသူ ဂွသား။ သံတွဲသူ သံတွဲသားတိစွာလည်း အမျိုးသားရေး စိတ်ဓါတ် ပိုမိုနိုးကြား လာခရေ။ ခွဲခြားမှု ကင်းလာခရေ။
မိန်း။ ။ ကျွန်တော်ရို့ လက်ဟိဆောင်ရွက်နိန်ရေမီဒီယာထဲမှာ ရေဒီယို၊ သတင်းစာ၊ အွိင်လိုင်း၊ ၀က်ဆိုက် အပြည့်အစုံဟိပါရေ။ ရခိုင်ပြည်နန့် အနီးဆုံးနိန်ရာမှာ ဆောင်ရွက်နိန်ရေအတွက် လူထု နားထဲကို ရောက်အောင်လည်း ဆောင်ရွက်နိုင်ပါရေ။ ဆရာကြီးအနီနန့် ရခိုင်ပြည်သူတိ၊ ကျောင်းသား လူငယ်တိကို ပြောစရာ စကားတိဟခကေ ကျွန်တော်ရို့ သရို့ထဲကို ရောက်အောင် အတတ်နိုင်ဆုံး ပို့ဆောင်ပီးနိုင်ပါရေ။ ယင်းပြောပြချင်ရေ စကားတိကို ပြောကြား ပီးစီလိုပါရေ။ ဇာကြောင့် ယင်းစကားကို အမှာပါးချင်ရစွာလဲ ဆိုစွာကိုလည်း စကေချေလောက်ယှင်းပြပီးစီချင်ပါရေ။
ဖြေ။ ။ ရခိုင်ပြည်သူ ပြည်သားများနန့် ရခိုင်လူငယ်များကို ကျနော်၏ ဆန္ဒကို ပြောခွင့်ရရေအတွက်ကြောင့် အင်မတန်မှ ကျေးဇူး တင်ပါရေ။ ကျနော် ဖြစ်စီချင်ရေ အကြောင်းအရာတိကို တင်ပြပါရစီ။ ရခိုင်တိစွာ ရခိုင်ပီသအောင် ဦးစွာပထမ လုပ်ရမေ။ ရခိုင်ဆိုစွာက အမျိုးကိုစောင့်ရေ။ သီလကိုစောင့်ရေ။ သီလထဲမှာ ဗုဒ္ဒဘာသာ ပါဝင်ရေ အပြင် ရခိုင်စကားလည်းပါရေ။ ယင်းအတွက်ကြေင်း ရခိုင်တိစွာ ရခိုင်ပီသဖို့ အတွက် အဓိက အခြေခံနှစ်ချက် လိုအပ်တေ။ တချက်က ဗုဒ္ဒဘာသာဖြစ်ဖို့။ နောက်တချက်က ရခိုင် စကားပြောဖို့ ဖြစ်ပါရေ။ ဒေနိန်ရာမှာ ကျနော်ရို့ ရခိုင်တိုင်း ရခိုင်ဆရာတော်တိုင်းက လူနည်းစု တိအပေါ်မှာ အထင်သေးရေ စိတ်ဓါတ်တိကို ဖျောက်ပစ်ရဖို့။ ဗုဒ္ဒဘာသာဝင်ဖြစ် အောင် စည်းရုံး အားပီးရဖို့ တာဝန်ဟိရေ။
မလေးယှားနိုင်ငံမှာတော့ခါ မလေးယှားမှာလူငယ်တိက (Ornag Malayu လို့ ပြောကေ မလေးနိုင်ငံသားဖြစ်ပြီး ၁၊ မူဆလင်ဖြစ်ရဖို့။ ၂။ မလေးစကားပြောရဖို့။ ဒေအတိုင်း Origin (ရခိုင်)လို့ပြောကေ ၁၊ ဗုဒ္ဓ္ဓဘာသာဖြစ် ရဖို့။ လ၂၊ ရခိုင်စကား ပြောရဖို့။ဒေအယူအဆစွာ အ၀ီးရောက် ရခိုင်တိမှာ ပိုမို ခိုင်မာလာရေ။ ဒေအချက်ကိုလည်း မြီတောင်မြောက်ပီး ရဖို့။ ရခိုင်ပြည် တိုးတက်ရေး အတွက် ကျနော်စိတ်တိုင်းကျလုပ်ရ ဖို့ဆိုလို့ဟိကေ အသက် ၁၈ နှစ်ပြည့်ရေ လူငယ်တိုင်းစွာ ရခိုင်အမျိုးသားတပ်မတော် (Arakan National Guard) ကို အနည်းဆုံး ခြောက်လ၀င်ပြီး စစ်ပညာသင်ရဖို့။ ဒေပိုင်စစ်ပညာသင်ထားစွာက တကိုယ်တော် လုံခြုံရေး အတွက်လည်း အရေးကြီးရေ။ ရခိုင်ပြည်လုံခြုံရေး အတွက်လည်း အရေးကြီးရေ။ ပြည်ထောင်စု မြန်မာနိုင်ငံ အတွက်လည်း အရေးကြီးရေ။ ယင်းအတွက်ကြောင့် ရခိုင်လူငယ်တိစွာ ရခိုင်ပြည်စောင့် တပ်မတော်မှာ ၀င်ရောက်အမှု ထမ်းလို့ဟိကေ တယောက်နန့် တယောက် အင်မတန် ရင်းနှီးပြီး ဆိုးတူကောင်းဖက် ဖြစ်လားကတ်ဖို့။ နောက်ပြီးကေ ဒေသင်တန်းမှာ ကွန်ပျူတာကိုလည်း သင်ပီးရဖို့။ အချုပ်အားဖြင့် ပြောရလျင် ရခိုင်ပြည်နယ်မှာ ရခိုင်သမိုင်းကို လူတိုင်း ရခိုင်တိုင်း သင်ခွင့်ဟိရဖို့။ ရခိုင်စာကိုလည်း ရခိုင်တိုင်းသင်ရဖို့။ တတ်ရဖို့။ ရခိုင်ယဉ်ကျေးမှု အနုပညာတိကိုလည်း ရခိုင်တိုင်းနားလည်ရဖို့။ လေးစားရဖို့၊ နောက်ပြီးကေ အရေးကြီးရေ ကိစ္စက တယောက်နန့် တယောက် မသင့်မတင် ဖြစ်လာလို့ဟိကေ ပုဂ္ဂိုလ် ရေးရာကို ရှိတန်း မတင်ပဲ အမျိုးသားရေး ကိစ္စကိုသာလျှင် ရှိတန်းတင်ခြင်းအားဖြင့် စုစည်း ညီညာနိုင်ရဖို့။ နောက်အရေးကြီးရေ အချက်တခုက ရခိုင်တိစွာ မြန်မာပြည်မှာလည်း လူနည်းစု မလေးယှား၊ ထိုင်း နိုင်ငံ၊ ဂျပန်၊ အမေရိကန် စရေနိုင်ငံ တိမှာလည်း လူနည်းစု၊ ဒေပိုင် လူနည်းစု ဖြစ်တေဆိုရေ အချက်ကို သီအောင်ထိ စွဲစွဲမြဲမြဲမှတ်ပြီး လူအများစု ထက်တော်အောင် ကြိုးစားရဖို့ စိတ်ဓါတ်၊ ကြိုးစားချင်ရေစိတ်ဓါတ်၊ ကြိုးစားရဖို့ဆိုရေ ခံယူချက် ခိုင်ခိုင်မာမာ ချမှတ်လာလို့ ဟိကေ ရခိုင်တိစွာ ဒေထက် ပိုမို စည်းရုံးလာဖို့။ တော်လာဖို့။ ကျနော်ကတော့ခါ ရခိုင်ပြည်ကို ကိုအစ္စရေးနိုင်ငံပိုင်ဖြစ်စီချင်ရေ။ အစ္စရေးနိုင်ငံ ဖြစ်လာဖို့ အတွက် ဂျူးလူမျိုးတိစွာ နှစ်ပေါင်းများစွာ ကြိုးစားခရရေ။ အစ္စရေးနိုင်ငံစွာ နှစ်ပေါင်း နှစ်ထောင်လောက် ပျောက်လားရေ။ ရခိုင်အချုပ်အခြာအာဏာ ပျောက်လားစွာက နှစ်ပေါင်း နှစ်ရာလောက်ရာဟိသီးရေ။ ဂျူးတိစွာ ဥာဏအင်အား၊ ကာယအင်အား ပြည့်စုံအောင် သူမတူအောင် ကြိုးစားရေ။ ကြိုးစားပြီးကေ အစ္စရေးနိုင်ငံကို ပြန်လည်တည်ထောင်ရေ။ အဓိကက ရခိုင်တိစွာ ရခိုင်ပြည်ကိုလိုချင်ကေ ဂျူးလူမျိုးတိပိုင် ဥာဏအား ကာယအား ဟိရဖို့။ ဥာဏအား ဟိဖို့အတွက် ရခိုင်လူငယ်တိစွာ ပညာတတ်အောင် ဥာဏ အင်အား ကောင်းအောင် ကြိုးစားရဖို့။ ကာယအင်အားဆို သည်မှာ စစ်ပညာကို ကျွှမ်းကျင်ရဖို့။ ယင်း ကာယအင်အား ဥာဏအင်အားနန့် ပြည်စုံမှ အစ္စရေးနိုင်ငံ ပိုင်ဖြစ်လာဖို့။
နိဂုံးချုပ်အနီနန့် လူငယ်တိကို ကျနော်ပြောချင်စွာက လမ်းနှစ်လမ်းဟိရေ တလမ်းကပျား၏လမ်း၊ တလမ်းက ယင်လမ်း။ ပျား၏ လမ်းဆိုစွာက ပျားစွာ ဇာနီရာမှာ အမွှီးဆုံး ပန်းပင်ဟိရေလဲ ဆိုပြီး လိုက်ရှာကတ်တေ။ ယင်းအမွှီးဆုံးပန်းပွင့်တိ အရည်ကြည် ချေတိကို စုတ်ယူလာပြီး ပျားသလက် အဖြစ် တည်ဆောက်ကတ်တေ။ ယင်းအတွက်ကြောင်း ရခိုင် လူငယ်တိစွာလည်း ဇာနိုင်ငံ ဇာဒေသကိုပင်ရောက်ရောက် ခုနားက ပျားတိပိုင် အနှစ်သာရဟိရေ ၀တ်မှုန်ရည်တိကို စုတ်ယူလာပြီး မိမိရခိုင်ပြည် တိုးတက်ဖွံ့ဖြိုးအောင် လုပ်ဆောငကတ်ရဖို့။ နောက်တခုက ယင်လမ်း ယင်တိ ဇာနိန်ရာမှာ အပုတ်အသိုး ဟိရေ ဆိုစွာကို သိကတ်တေ။ ယင်းအတွက်ကြောင်းနန့် ရခိုင်လူတိကို ကျနော်မှာချင်စွာက ယင်လမ်းစဉ်နန့် ပျားလမ်းစဉ်မှာ ဇာလမ်းစဉ်ကို လိုက်သင့်သလဲဆိုစွာကို မိမိရို့၏ အသိစိတ်ဓါတ်နန့် ခွဲခြမ်းစိတ်ဖြာပြီး ဆုံးဖြတ်ကတ်ပါ။
ကျနော်ရို့ ရခိုင်လူမျိုးတိစွာ ဗုဒ္ဒဘာသာဝင်တိဖြစ်ကတ်တေ။ ဗုဒ္ဒဘာသာ၏ ပဌာန်း ကျမ်းဂန်ထဲမှာ အဓိပဓိ လေးပါးဆိုစွာဟိပါရေ။ ယင်းအဓိပဓိလေးပါးဆိုစွာက-
၁။ စိတ္တအဓိပဓိ - စိတ်ထက်သန်အောင်လုပ်ရဖို့။ စိတ်ထက်သန်အောင် လုပ်ရေအခါမှာ လူတယောက်စွာ မူယစ်ဆီးဝါးသုံးစွဲနိန်လို့ ဇာခါမှလည်း စိတ်ထက်သန်မှုကို မရ။
၂။ ဆန္ဒအဓိပဓိ - မိမိဖြစ်ချင်ရေ ဆန္ဒ။ မိမိနိုင်ငံဖြစ်ချင်ရေဆန္ဒ။ ကျနော်၏ စိတ်ထဲမှာ တသက်လုံးဟိခရေ။ ရခိုင်ပြည်စွာ အနည်းဆုံး ဖက်ဒရယ်အဆင့် ဖြစ်ရဖို့်။ အခု ဖက်ဒရယ်အဆင့်ကို ရအောင် ဆရာကြီးရို့က တိုက်ပွဲဝင်နိန်စွာ။ ဖက်ဒရယ်အဆင့် ကျော်ပြီးကေ ရခိုင်ပြည်ကိုရကေတော့ခါ အကောင်းဆုံးပါ။ ရခိုင်ပြည် ထက်ငယ်ရေနိုင်ငံတိ။ ရခိုင်ပြည်လောက် ဧရိယာမဟိရေ နိုင်ငံတိ ကမ္ဘာမှာ ၆၁ နိုင်ငံ ဟိရေ။ ယင်းအတွက်ကြောင်း ကျနော်ရို့ ရခိုင်ပြည်စွာ ဧရိယာကျဉ်းရေ။ လူဦးရေ နည်းရေဆိုပြီးကေ ထည့်စဉ်းစားစရာမလို။ အရေးကြီး စွာက ရခိုင်သားတိုင်းစွာ ရခိုင်ပြည်ကို လိုချင်ရေစိတ်ဟိရဖို့။
၃။ ၀ိရယ အဓိပဓိ - ၀ိရိယဆိုစွာ ကိုယ်ဖြစ်ချင်စွာတိ (သို့) ကိုလိုချင်စွာတိကို ထပ်ခါအလီလီ၊ ထပ်ခါ အလီလီ မဖြစ်မချင်း ဆောင်ရွက်ခြင်းစွာ ၀ိရိယ အဓိပဓိ ဖြစ်တေ။ တချို့မှာ ၀ိရိယ ဟိလိုက်စွာ နှစ်လလောက် လည်းကြာရေနောက် ၀ိရိယ မဟိယာ။
၎။ ၀ိမံသ အဓိပဓိ - လူတယောက် ကြီးပွား ချမ်းသာဖို့၊ နိုင်ငံတနိုင်ငံ ကြီးပွါးချမ်းသာဖို့ ဆိုစွာ အတွိ့အကြုံ
ဗဟုသုတ လိုရေ။ ပညာ ဗဟုသုတ လိုရေ။ တနည်းအားဖြင့် ကာယအင်အားလည်း ဟိရဖို့။ ဥာဏ အင်အားလည်း ဟိရဖို့။ ကာယအင်အား၊ ဥာဏအင်အားကိုပေါင်းပြီးကေ သမာသမတ် ယထာဘူတ ကျအောင် လုပ်ခြင်းစွာ တိုင်းပြည်အတွက်လည်း ကောင်းရေ။ မိမိအတွက်လည်းကောင်းရေလို ပဌာန်း ကျမ်းဂန်မှာ တွိ့ရရေ။
ယင်းအတွက်ကြောင်း ဆန္ဒအဓိပဓိ၊ စိတ္တအဓိပဓိ၊ ၀ိရိယအဓိပဓိ၊ ၀ိမံသ အဓိပဓိ ဤအဓိပဓိ လေးပါးနန့် အညီ ပြည့်စုံ လာလို့ဟိကေ ဇာကိစ္စကိုမဆို မအောင်မြင်နိုင်စရာ အကြောင်းမဟိ။ အထူးသဖြင့် ဒေနိန့် ရခိုင်လူငယ်တိမှာ စာဖတကတ်ပါ။ ရောက်ရေ နိန်ရာမှာ ပညာကို ထူးချွှန်အောင် သင်ကတ်ပါ။ နောက်ဆုံးမှာချင်စွာက ကျနော်ဆရာ အရင်းဖြစ်တေ ပါမောက္ခ ဒေါက်တာသန်းထွန်းကို သူ့တပည့်တိက မိန်းရေ “ ဆရာကြီး သမိုင်းကို ဇာကြောင့်သင်သလဲ၊ ဆရာကြီး ဒေါက်တာသန်းထွန်းက - သမိုင်းကို သင်စွာက မအ အောင်လို့ သင်စွာ”လို့ ဖြေပါရေ။ ဆရာကြီး ဒေါက်တာသန်းထွန်း၏ ဆုံးမသြ၀ါဒအရ ကိုယ့်သမိုင်းကိုတောင်မှ ကိုယ်မသိရေ ရခိုင်တိစွာ - လူအ - တိ ဖြစ်ကြောင်းကို သတိထားကတ်ပါ။ ယင်းအတွက်ကြောင့် ရခိုင်ကျောင်းတိမှာ ရခိုင်သမိုင်းကို သင်ရဖို့လို့ ကျနော် တသက်လုံး တင်ပြခပါရေ။ ရခိုင်သမိုင်း ရခိုင်ကျောင်းတိမှာ သင်စွာက တိုင်းရင်းသား စည်းလုံးညီညွတ်ဖို့ အတွက် အလွန့်အလွန်ရေးကြီးပါရေ။ ရခိုင်ပြည်စွာ ဗမာပြည်၏ မိတ်ဆွီအရင်းအချာတိပါ။ ဘင်္ဂလားဒေ့ခ်ျနိုင်ငံနှင့် အိန္ဒိယရို့နန့် မိတ်ဆွီအရင်း အချာဖြစ်ဖို့ရာလိုပါရေ။ ရခိုင်ပြည်လို့ ပေါ်လာလို့ အိမ်နီးနားချင်း နိုင်ငံတိကို တိုက်ခိုက်ဖို့အတွက် မဟုတ်ဆိုစွာ အားလုံးသူ နားလည်ထားသင့်ရေ။
.............................
http://todayarakan.blogspot.com/2010/09/blog-post.html#more
အမျိုးအစား
နိုင်ငံရေး
Subscribe to:
Post Comments (Atom)
0 မှတ်ချက်:
Post a Comment