“အမှောင်ကိုခွင်း၊ အလင်းကိုဆောင်၊ ရခိုင်အလင်းရောင်။” စာပီမြင့်မှ လူမျိုးမြင့်ရေ။ စာပီပျောက်ကေ လူမျိုးပျေက်တေ။ ရခိုင်လူမျိုးလွတ်လပ်ချင်ကေ ရခိုင်စာကို အယင်သင်ကတ်။
ကျွန်တော်ရို့၏ “အမှောင်ကိုခွင်း၊ အလင်းကိုဆောင်၊ ရခိုင်အလင်းရောင်”ဘလော့သည် အိန်တာနက်ထက်မှာ တက်လာသမျှ ရခိုင်ဘာသာနန့် ဆောင်းပါး၊ကဗျာ စသည်တိကို ရှာဖွီတင်ဆက်ဖို့အတွက် စမ်းသပ်ပြုလုပ်နိန်ပါသည်။ လိုအပ်ချက်တိဟိပါက c'box မှာအမှာစာရေးထားခကတ်ပါ။ အတတ်နိုင်ဆုံး အကောင်းဆုံးဖြစ်အောင် ကြိုးစားနိန်ပါသည်။ ဆက်သွယ်ချင်ပါက alrevelation@gmail.com ကိုဆက်သွယ်နိုင်ပါရေ။

ကုမ္ပဏီခေတ် နယ်ချဲ့ ဆန့် ကျင်ရေး တေးကဗျာ (နပျိုးသီး ကျာကျာ) ကို အဓိပ္ပာယ် ဖွင့်ဆိုခြင်း

ကုမ္ပဏီခေတ် နယ်ချဲ့ ဆန့် ကျင်ရေး တေးကဗျာ (နပျိုးသီး ကျာကျာ) ကို အဓိပ္ပာယ်ဖွင့်ဆိုခြင်း

မဟာသမတရာဇာသည် ရခိုင်ပြည်မြောက်ဦးနန်းတော်ကို စိုးစံရေ နောက်ဆုံးရခိုင်ဘုရင် ဖြိုက်သည်။
ယင်းနောက် ကုန်းဘောင်မင်းဆက် ဗမာဘုရင်မောင်ဝိုင်းနန့်  ဘကြီးတော်ရို့ သည် ဓည၀တီ၊ ရမ္မာဝတီ၊
မေဃ၀တီနန့်  ဒွါရာဝတီမြို့များကို မြို့ဝန် (၄) ဦးကို ခန့် ထားသည်။ ရခိုင်ပြည်ကို ယင်းမြို့ဝန်များအား
အုပ်ချုပ်ဇီသည်။ မြို့ဝန်များ အုပ်ချုပ်သည့်ကာလ (အေဒီ-၁၇၈၅ မှ ၁၈၂၆) ကို မြို့ဝန်များခေတ်လို့ 
ခေါ်ဆိုဂတ်သည်။

ကုမ္ပဏီခေတ်

မြို့ဝန်ခေတ်မှာ ရခိုင်နယ်စပ်သည် အင်္ဂလိပ်အရှိ အိန္ဒိယကုမ္ပဏီပိုင် အိန္ဒိယနန့်  နယ်နိမိတ် ထိစပ်လျှက် ဟိသည်။ ဗမာမင်းများနန့်  ကုမ္ပဏီအစိုးရရို့  နယ်နိမိတ်ပြဿနာကို ဖြိုက်ပေါ်ဇီသည်။ ယင်းကြောင့် ၁၈၂၄ ခု မတ်လ (၅)ရက်မှာ အင်္ဂလိပ်အရှိ အိန္ဒိယကုမ္ပဏီ
အစိုးရနန့်  စစ်ဖြိုက်ပွားရသည်။ ပထမ အင်္ဂလိပ်-ဗမာစစ်ပွဲ လို့  ခေါ်ဂတ်သည်။ ၁၈၂၆ ခု ဖေဖေါ်ဝါရီလ (၂၄) ရက်နိမှာ ချုပ်ဆိုရေ ရန္တပိုစာချုပ်အရ အင်္ဂလိပ်အရှိ အိန္ဒိယကုမ္ပဏီသည် ရခိုင်ပြည်ကို သိမ်းပိုက်ရဟိ သည်။ ၁၈၅၇ ခုမှာ ကုမ္ပဏီပိုင် နယ်မြီများအားလုံးကို အင်္ဂလန်ဟိ ဗဟိုအစိုးရက လွှဲပြောင်း ယူလိုက်သည်။ အင်္ဂလိပ်အရှိ အိန္ဒိယကုမ္ပဏီ အသိမ်းပိုက်ခံ နယ်တနယ်ဖြိက်တေ ရခိုင်ပြည်မှာ ၁၈၅၇ ခု မှစလို့  အင်္ဂလိပ်အရှိ အိန္ဒိယကုမ္ပဏီပိုင် ကိုလိုနီတနယ်အဖြိုက်မှ ဗြိတိသျှကိုလိုနီလက်အောက်ခံ နယ်တနယ်အဖြိုက် ရောက်ဟိလားသည်။ ယင်းကြောင့် ၁၈၂၆ ခု မှ ၁၈၅၇ခု အထိ နှစ်ပေါင်း (၃၀) ကျော် ရှည်ကြာခသည့်ကာလကို ကုမ္ပဏီခေတ် လို့  ခေါ်ဂတ်သည်။

ကုမ္ပဏီခေတ် ကြီးသုံးကြီး တော်လှန်ရေး

အင်္ဂလိပ်အရှိ အိန္ဒိယကုမ္ပဏီ နန့်  တာဝန်ထမ်းဆောင်ခသူ မင်းသားကြီး ရွှီဗန်း၊ ဒေ၀န်းကြီး အောင်ကျော်ရွှီ၊ မြို့သူကြီး အောင်ကျော်ဇံရို့ သည် ကုမ္ပဏီအုပ်ချုပ်ရေးနန့် ပတ်သက်လို့  တော်လှန်ပုန်ကန်မှုများ ဟိခသည်။ ယင်းကြီးသုံးကြီး တော်လှန်ရေးကို အကြောင်းပြုလို့ နှောင်းလူများကို အသိပီးသည့် နယ်ချဲ့ ဆန့် ကျင်ရေး တေးကဗျာမှာ “နပျိုးသီး ကျာကျာ” ဖြိုက်သည်။

နပျိုးသီး ကျာကျာ

နပျိုးသီး ကျာကျာ မှည့်လတ်ယာ (တေ)
ကြာဇံလင်လျာ(ရှာ) ဆိုလတ်ယာ (တေ)
ထီးနန့်  ထမ်းစင် အယင်ယူခ
စံရဖွေအိမ်နောက်က
အိမ်နောက်က အိမ်ရှင် မှင်းဂျိုးပင်
ပင်လီပင်စွပ်
ကပိုင်ရွာမှာ လီသသွပ်လေ လီသသွပ်နန့်  ... ။

နပျိုးသီးကျာကျာ (နီနီရဲရဲ) နန့်  ၀င်းမှည့်လို့  ဟိနီပါယာ။ ကြာဇံဆိုသူ မမပျိုအတွက် အိမ်ထောင်ဖက်ပြုဖို့  သူ(လင်)ကို ရွီးချယ်
သတ်မှတ် ပြောဆိုလို့  ဟိနီယာ ဖြိုက်သည်။ ထီးနန့်  ထမ်းစင်ကို အယင်အမြန်ယူခဖို့  မှာကြား ပြောနီပါသည်။ ယင်းထီးနန့်  ထမ်းစင်မှာ စံရဖွေဆိုသူ၏ အိမ်နောက်ဖက်မှာ ဟိနီပါသည်။ စံရဖွေအိမ်နောက်မှာ နီသူ အိမ်ရှင်မှာ မှင်းဂျိုးပင်ပိုင် ချိုင်တူးနီရေ အကျင့်ဟိသူ ဖြိုက်သည်။ ပင်လီပင်စွပ်သတ္တ၀ါ တကောင်မှာ ကိုယ်ပိုင်အခွံမဟိဘဲ တပါးသောသူ၏ အခွံမှာ ၀င်ရောက်လိ့ ဟိသည်။ ပင်လီပင်စွပ်ကောင်ပိုင် မှင်းဂျိုးပင်ပိုင်
ချိုင်တူးကောက်ကျစ်စဉ်းလဲသောသူမှာ လီပြေလီညှင်း တဖြူးဖြူးတိုက်ခတ် သာယာလှသည့် ကပိုင်ရွာမှာ စည်းစိမ်ခံနီပါသည်။

ကြာဇံလင်လျာ(ရှာ) ဆိုလတ်ယာ (တေ)

မင်္ဂလာအခမ်းအနားမှာ နပျိုးသီးမှာ အရေးပါသည်။ မင်္ဂလာဘိသိက်သွန်းရာမှာ အသုံးပြူသည့် နန်းစိုင်သုံးနပျိုးသီးမှာ ၀င်းမှည့်လို့  ဟိနီသည်။ ယင်းနန်းစိုင်သုံး နပျိုးသီးဝင်းမှည့်နီကြောင်းကို တေးကဗျာမှာ ဖေါ်ပြခြင်းသည် ရာဇဘိသေက မင်္ဂလာအခမ်းအနား ပြုလုပ်ဖို့  အချိန်ကျရောက်နီကြောင်းကို တေးကဗျာရွီးဖွဲ့ သူက တေးသီဆိုသူများ တနည်းအားဖြင့် ပြည်သူကို အသိပီးလိုက်ခြင်း ပင်ဖြိုက်သည်။

ရခိုင်ပြည်ကို ဦးစီးဦးဆောင်ဖို့ သူတိုင်းသည် မြောက်ဦးမြို့စောင့် နတ်သမီးနန့်  လက်ဆက်ဂတ်ရသည်။ ယင်းမှာ ရခိုင်ရို့  ဓလိ့ထုံး တမ်းစိုင်လာတခု ဖြိုက်သည်။ ရခိုင်ပြည်တခုလုံးကို ဦးစီးဦးဆောင်ဖို့ သူ မြောက်ဦးမြို့စောင့်နတ်သမီး ကြာဇံနန့်  လက်ဆက်မည့် သူကိုပင် ပြည်သူရို့ က လျာ (ရှာ) ထားဗြီး ဖြိုက်နီသည်။ ယင်းပိုင် မင်္ဂလာနပျိုးသီးမှည့်ဝင်းနီခြင်းနန့်  အချိန်အခါ ကျရောက်နီခြင်းနန့်  ရခိုင်ပြည်ကို ဦးစီးဦးဆောင်ဖို့ သူ ဟိနီခြင်းရို့ မှာ အချိန်နန့်  အခြေအနီကိုက်ညီနီကြောင်းကို တေးကဗျာရွီးဖွဲ့ သူက အလီးပီးဖေါ်ကျူးထားသည်။ တေးကဗျာ သီဆိုသူများအားလုံး တဆင့်လက်ဆင့်ကမ်းစကား ဆိုလိုက်ခြင်း ဖြိုက်သည်။

အချုပ်အချာ၏ လက္ခဏာ

်နိုင်ဂံတိုင်းမှာ အချုပ်အချာအာဏာ အမှတ်လက္ခဏာကို ဖေါ်ညွှန်းသတ်မှတ်ထားဂတ်သည်။ ထီးနန့်  ထမ်းစင်မှာ အချုပ်အချာ၏ အမှတ်အသား ဖြိုက်သည်။ ထီးနန့်  ထမ်းစင် မရှိနီခြင်းမှာ အချုပ်အချာကင်းမဲ့နီခြင်းကို ဖေါ်ညွှန်းသည်။ အကျွန်ရို့ ၏ ထီးနန့်  ထမ်းစင်ကို တနယ်တကျေးသား ရို့ုယူလို့ ထားခြင်းဖြိုက်ကြောင်းကို တေးကဗျာဖွဲ့ သူစာဆိုရှင်က သူ၏တေးကဗျာနန့်  ပြည်သူကို ညွှန်ပြထားသည်။ ပြည်သူ များအား မိမိရို့ အချုပ်အချာ တည်ဟိနိုင်ရေးကို မီးမောင်းထိုးပြလိုက်ခြင်း ဖြိုက်သည်။ ယင်းကို “ထီးနန့်  ထမ်းစင် အယင်ယူခ” လို့  ရွီးဖွဲ့ စပ်ဆိုခြင်းဖြင့် ကုမ္ပဏီခေတ်ပြည်သူရို့ အား တင်ပြလိုက်ခြင်း ဖြိုက်သည်။

စံရဖွေ

ကုမ္ပဏီခေတ်တွင် စံရဖွေအကြောင်းကို ချန်ထားခပါကေ ပြည့်စုံသည့် ကုမ္ပဏီခေတ်သမိုင်မှတ်တမ်းဟုတ်မေ မဟုတ်ပါ။ ကြီးသုံကြီးတော်လှန်ရေးအကြောင်း ပြောဆိုမှတ်သားရွီးသားဂတ်ပါကေ စံရဖွေနန့်  သူ၏အပေါင်းအပါ တကျိပ်ခြောက်ယောက်ရို့ ပါဗြီး ဖြိုက်သည်။ စံရဖွေနန့်  အပေါင်းအပါ တကျိပ်ခြောက်ယောက်ရို့ ကြောင်း ကြီးသုံးကြီးခေတ်တော်လှန်ရေးမှာ အောင်ပွဲနန့်  လွဲခရသည်။ ကြီးသုံးကြီး၏ ရဲတင်း၊ မော်ကွန်းရတုများမှာ ယင်းတကျိပ်ခြောက်ယောက်ရို့  ယုတ်မာပုံများကို ဖေါ်ထုတ်ထားသည် ကို တွိ့ ရသည်။ ယင်းရို့ မှာ -
- ကျောင်းတကာရဲဘော်သယ်၊ မြို့ထဲခဲပစ် ဆန္ဒညစ် နှင့် စင်စစ်လင်းငယ်သို့  သတ်စားမည်ကြောင်အလားနန့်  ပမာတူသူ၊
- ၀ံဟိန္ဒာ လွန်ယုတ်မာသည် မိစ္ဆာလူဗာလတို့  မည်နာမ စံရဖွေ ရှောက်ဖွေယူငြား၊ အောင်ကုလားနှင့် မယားငပုဝေရို့  မြေကြီးမျို တွင်းဆုံးကျများ။
- သူယုတ်လင်းပြန် ရင်ရနံ၊ တဖန်တိုးအောင်စသား၊ လူဗာလများ။
- လူဒိဌိငပုံသာ၊ ဟိန္ဒာသွေးသား အောင်ကုလားနှင့် ကုလားရွှေလုံး၊
- စံရဲဘော် တလင်သားမယားမျိုးနွယ် ငပုဝေကား ရှောက်ဖွေဒုံးကုလားနှင့် သင်ချီသားဒိုးအောင်ရှီ၊ လူလောင်ဟုဘိ၊ ပါတလီသား ဒိဌိဘိက်ကေနှင့် သက်နှံဝေ ကျွန်မသား၊ ကုလားလင်းပြန်ရင်ရနံ၊ လူလွန်ရှမ်းအောက်သား၊ သေအောင်မိုက်သည့် လူညစ်ဥဂါရှီ အစဟိသည်ရို့  ဖြိုက်သည်။

ယင်းတကျိပ်ခြောက်ယောက်ရို့ သည် ကုမ္ပဏီနယ်ချဲ့ သမားရို့ ပါးက တံစိုးလက်ဆောင်စားသည်။ မုသားစကားပြောပနာ တဖက်သူ များကို ရန်တိုက်ပီးသည်။ ယင်းကြောင့် စံရဖွေဆိုသည့် နာမေမှာ သာမန်လူတယောက်ဒေါ့ မဟုတ်ပါ။ တကျိပ်ခြောက်ယောက်ရို့  ဦးဆောင် စံရဖွေကို ရခိုင်အမျိုးသားရို့ က “စံရဖွေ” မှာ “ဖေါက်ပြန်ရေး လက္ခဏာ” လို့  မှတ်ယူထားဂတ်သည်။
တေးကဗျာရွီးစပ်သူ စာဆိုရှင်သည် ကုမ္ပဏီခေတ်၏ ဖေါက်ပြန်ရေးလက္ခဏာဖြိုက်သော စံရဖွေကို ကုမ္ပဏီအာဏာပိုင်ရို့ က လက်သပ်မွီးခသည်ကို ညွှန်ပြထားသည်။

ကုမ္ပဏီခေတ်မှာ ရာပသိန်သတ်၊ (T.C Robertson)၊ ကတ်တင်ဒေး သျှိန်သတ် (Captain Dickenson) ရို့ မှာ အင်္ဂလိပ်အရှိ အိန္ဒိယ ကုမ္ပဏီမှ ရခိုင်ပြည်အုပ်ချုပ်ရေးကို တာဝန်ပီးထမ်းဆောင်ခသူများ ဖြိုက်သည်။ သူရို့ သည် စံရဖွေနန့် အပေါင်းအပါရို့ ကို လက် သပ်မွီးခဗြီး ကြီးသုံးကြီးတော်လှန်ရေးကို ဖြိုခွင်းခသူများ ဖြိုက်သည်။ ကုမ္ပဏီအုပ်ချုပ်ရေးအာဏာပိုင်ရို့ သည် စံရဖွေနောက်ကွယ် မှာ ဟိနီသည့် အချုပ်အချာကို ယူထားသူများ ဖြိုက်သည်။ ယင်းကြောင့် အချုပ်အချာအမှတ်လက္ခဏာဖြိုက်တေ ထီးနန့်  ထမ်းစင် မှာ “စံရဖွေအိမ်နောက်က” လို့  တေးကဗျာမှာ စာဆိုရှင်က ရခိုင်ပြည်သူရို့ အား တင်ပြထားသည်ကို တွိ့ ရသည်။

အိမ်နောက်က အိမ်ရှင်

ကုမ္ပဏီခေတ်အုပ်စိုးသူများသည် နယ်ချဲ့ သမားများဖြိုက်သည်။ ကောက်ကျစ်များ ဖြိုက်သည်။ နယ်ချဲ သမားများအားလုံးသည် ကေက်ကျစ်ယုတ်မာသူများ ဖြိုက်သည်။ ရခိုင်ပြည်သူများဘားက ကြီးလီးသော အခွန်အကောက်များကို ကောက်ယူသည်။ ရခိုင်ပြည်သူရို့  ယုံကြည်အားထားရေ မင်းသားကြီး ရွှီဗန်း၊ ဒေးဝန်းကြီး အောင်ကျော်ရွှီ၊ မြို့သူကြီး အောင်ကျော်ဇံ ရို့ ၏ ဦးဆောင် မှုကို ခံယူသည့် စံရဖွေကို ရှိတန်းတင်ထားယောင်နန့်  သူရို့ ၏ ဦးစီးဦးဆောင်များကို ဖြိုခွင်းခသည်ကို သိရသည်။ မှင်းဂျိုးပင် အောက်ဟိ အိမ်ရာခေါင်မိုးမှာ မှင်းဂျိုးရွက်များ ကြွီကျခြင်းကြောင့် ပျက်စီးရသည်။ အထူးသဖြင့် မိမိရို့ မလိုလားမုန်းထားသူများကို မှင်းဂျိုးသီးပိုင် ချိုင်သူများဟု တင်စားပြောဆိုဂတ်သည်။ ယင်းပိုင် ရခိုင်ပြည်သူလူထု မလိုလားအပ်သူများမှာ ကုမ္ပဏီအာဏာပိုင် များ ဖြိုက်သော ရာပသိန်သတ်၊ ဒေးသျှိန်သန်၊ ပတ်တင်ရို့  ဖြိုက်သည်။ ယင်းကြောင့် ကုမ္ပဏီအာဏာပိုင်များကို “အိမ်နောက်က အိမ်ရှင် မှင်းဂျိုးပင်” လို့  မိမိရို့  ခံပြင်းမှုကို အလီးပီးဖေါ်ပြခြင်းဖြိုက်သည်။ စာဆိုသည် မိမိခံစားချက်ကို ပြည်သူရို့ နန့်  တထပ် တည်း ဟိနီကြောင်းကို သိသာထင်းရှာဇီသည်။

ပင်လီပွင်စွပ်

ပင်လီပင်စွပ် ပင်လယ်ကမ်းခြီ သောင်ပြင်များမှာ ကျက်စားသည့် အကောင်ငယ်(ချေ)များ ဖြိုက်သည်။ ယင်းအကောင်ငယ်တမျိုးမှာ
သူရို့ ၏ ကိုယ်ခန္ဓာ၌ ကိုယ်ပိုင်အခွံများ မဟိပါ။ အခြားခရုကောင်များ သီသည့်အခါ ကျန်ခသည့် အခွံများတွင် ခိုအောင်းနီထိုင် သည့် အကောင်ငယ်များဖြိုက်သည်။ ကိုယ်ပိုင်ခန္ဓာအတွက် အခွံမဟိလို့  အငှားခန္ဓာမြှောင်နီရသည့် အကောင်ငယ်များ ဖြိုက်သည်။
ကုမ္ပဏီအာဏာပိုင်များမှာ တနယ်တကျေးမှ ကျူးကျော်လာရောက်သူများဖြိုက်သည်။ သူရို့ ၏ နီရပ်မှာ အတည်အကျ ဟိသူများ မဟုတ်ပါ။ မိမိရို့ ပြည်ရွာကို မတရားသိမ်းထားသည်။ မိမိရို့ အိမ်ရာများကို ပိုင်စိုးပိုင်နင်း နီထိုင်သူများ (အဂုဆိုပါကေ ဗမာများ လည်း ရခိုင်ပြည်ကို နယ်ချဲ့ သိမ်းပိုက်ထားသများဖြိုက်သည်၊) ဖြိုက်လို့  သူတပါးအခွံနန့် နီသည့် ပင်လီပင်စွပ် အကောင်ငယ်များ ပိုင် ကုမ္ပဏီအာဏာပိုင်ရို့ လည်း အတူတူပင် ဖြိုက်သည်။ ယင်းကြောင့် စာဆို၏ တေးကဗျာမှာ “ပင်လီပင်စွပ်” လို့  ရွီးဖွဲ့ ထားသည်။ ကုမ္ပဏီအာဏာပိုင်ရို့ ၏ သဘောလက္ခဏာကို ပေါ်လွင်အောင် ဖေါ်ပြနိုင်ခြင်း ဖြိုက်သည်။

ကပိုင်ရွာမှာ လီသသွပ်

“သကြစ်တထောက်ဖြစ်၊ တရာသျှစ်ဆယ်၊ စွန်းနှစ်ခုတည်း၊ မာဃဖြစ်လဆန်းသာ၊ ငါးရက်နိနီထွက် တပိုရ်ကျော်တွင် မြို့ဝန်လျှင် ပတ်တင်သက်၊ ကက်တင်ဟုမှတ် ဒေသျှိန်သတ်နှင့် တိုင်ပင်ကြည်ရှူလတ်၍ စစ်တွေရပ်နားမှာ၊ ကောင်းသည့်အခါဝယ်၊ မြို့ရွာစ သည် လုပ်ပါလျက် ” လို့  ဒေးဝန်းကြီး အောင်ကျော်ရွှီ၏ သျှိုးလိုက်ရတအရ စစ်တွေမြို့တည်ထောင်ပုံကို တွိ့ ရသည်။
ယင်းကြောင့် စစ်တွေမြို့ကို ၁၁၇၈ ခု တပို့ တွဲလဆန်း (၅) ရက်နိ ကုမ္ပဏီခေတ်မှာ တည်ထောင်ခသည်။ အာဏာပိုင်များဖြိုက်သော ရာပသိန်သတ်၊ ဒေးသျှိန်သတ်၊ ပတ်တင်ရို့ မှာ စစ်တွေမြို့ တည်ထောင်စကဗင် နီခသူများ ဖြိုက်သည်။
အဂုစစ်တွေမြို့ ပြည့်သူ့ ဆီးရုံကြီးမှ ဗုဒ္ဒမော်တ၀ိုက်မှာ ခ၀ါသည်ချောင်းနန့်  ကပိုင်ချောင်းနှစ်ချောင်းရို့  ဂစ္ဆပနဒီသို့ စီးဝင်သည်။ ကပိုင်ချောင်းနားတ၀ိုက် (အဂု စစ်တွေထောင်နန့် ပြည်သူ့ အိုးအိမ်တိုက်တန်းအနီးတ၀ိုက်) မှာ ကပိုင်ရွာ ဟိခရေလို့  အဆိုဟိရေ။ ယင်းကပိုင်ရွာမှာ ကုမ္ပဏီအာဏာပိုင်များ နီထိုင်ရာ အရပ်ဖြိုက်သည်။
ကပိုင်ရွာမှာ အီးချမ်းသာယာလှသည်။ ကုမ္ပဏီအာဏာပိုင်များသည် ဂစ္ဆပနဒီမှ တိုက်ခတ်လာသည့် လီပြေလီညှင်း၏ အရသာကို ခံလို့  စည်းဇိမ်စံစားလျှက် ဟိသည်။ ယင်းသို့  စည်းဇိမ်ခံနီပုံကို “ကပိုင်ရွာမှာ လီသသွပ်နန့် ” လို့  ပေါ်လွင်အောင် သရုပ်ဖေါ်ပြ ထားသည်ကို ဖတ်ရှုရပါသည်။

နာမေမသိ စာဆိုရှင်

ကုမ္ပဏီအခြေအနီကို နောက်ခံထားလို့  ရခိုင်တော်လှန်ရေး ဖြိုက်စိုင်နန့်  ရခိုင်ပြည်သူရို့ ၏ ခံစားချက်များကို စာဆိုရှင်က တေး ကဗျာရွီးဖွဲ့  စပ်ဆိုထားခသည်။ ယင်းတေးဖွဲ့ သီကုံးခသည့် “နပျိုးသီးကျာကျာ”ကို ရခိုင်ပြည်သူရို့  နှုတ်မှာတရွရွ သီဆိုခဂတ်သည်။ အထူးသဖြင့် သီဆိုရွတ်ဆိုလွယ်သော တေးကဗျာဖြိုက်သည်။ မိမိရို့ သားသမီးအချေရို့ ကို အငယ်ခါ သီဆိုချော့သိပ်ခဂတ်သည်။
ရခိုင်ပြည်သူရို့ အား ကြီးသုံးကြီးတော်လှန်ရေးဖြိုက်စိုင်ကို သတိရဇီရန် ရည်ရွယ်စပ်ဆိုထားခြင်း ဖြိုက်သည်။ ယင်းကြောင့် အချေသူငယ်များအား ပင်လီပင်စွပ်ပိုင်လူများ၊ စံရဖွေပိုင်လူများကို ဆန့် ကျင်ဖယ်ရှားနိုင်ရေးကို အလီးပီးရွီးဖွဲ့ ဆိုထားသည်။ ပြည်သူကို ဦးဆောင်ဖို့ သူများ ရွယ်ရွယ်ထားသည်။ အမျိုးချိုက်စိတ်နန့်  အမျိုးသားရေးမာန်ကို ပြည်သူရို့ ၏ စိတ်မှာ ကိန်းအောင်း ဇီလိုရေ စေတနာ ဆန္ဒများကို “နပျိုးကျာကျာ”မှာ တွိ့ မြင်နိုင်သည်။ အမျိုးသားရေးအားမာန်ကို တိုးပွားဇီဖို့  တေးကဗျာကို ရွီးစပ်ခ ရေ ပုဂ္ဂိုလ် စာဆိုရှင်မှာ ကုမ္ပဏီခေတ်တွင် ပေါ်ထွန်းခရေလို့  သတ်မှတ်နိုင်သည်။ ပြည်သူရို့ ၏ အားမာန်ကို နိုးကြွဇီရေ တေးကဗျာ ကို ရွီးစပ်ခသူ၏ နာမေနန့်  အကြောင်းအရာ ဖြိုက်စိုင်များကိုကား မသိရပါ။ ယကေလေ့ “နပျိုးသီးကျာကျာ” တေးကဗျာမှာ ရခိုင်ပြည်သူရို့ ၏ နှလုံးသားထဲမှာ သာဒုန်း ..... အီးဒုန်း ..... သီဆိုဒုန်း ..... ကိန်းအောင်းနီဒုန်း ......ဗင်။

( မှတ်ချက်။ ။ ဒေ “ကုမ္ပဏီခေတ် နယ်ချဲ့ ဆန့် ကျင်ရေး တေးကဗျာ (နပျိုးသီး ကျာကျာ) ကို အဓိပ္ပာယ် ဖွင့်ဆိုခြင်း” ဆောင်းပါး ကို ၁၉၉၆ ခုနှစ် စက်တင်ဘာလထုတ် ရခိုင်တန်ဆောင် အမှတ် (၁၉)မှာ ထွန်းအောင် (ဘောင်းဒွတ်)က ရွီးသားထားခြင်းကို ပြန် လည် ကူးယူဖေါ်ပြထားခြင်းဖြိုက်သည်။ ကူးယူဖေါ်ပြသည် ဆိုကေလေ့ အကျွန်က ရခိုင်မူပြန် လုပ်ထား ခြင်း ဖြိုက်သည်။ မသိသော သူများ သိဟိဇီဖို့  ရည်ရွယ်တင်ဆက်ခြင်း ဖြိုက်သည်။ ဖတ်ရှုသူများမှတဆင့် ပြန်လည် ပြောပြပီးနိုင်ဂတ်ပါဇီ။ )

-------------------
AMP Seim Lann Oung ဘားကကူးယူ

0 မှတ်ချက်:

“အမှောင်ကိုခွင်း၊ အလင်းကိုဆောင်၊ ရခိုင်အလင်းရောင်” ဘလော့ကို တမင်တကာလာကတ်တေဖြစ်စီ၊ လမ်းမှားလို့ရောက်လာကတ်တေဖြစ်စီ ကျွန်တော်ရို့ “ရခိုင်အလင်းရောင်” မိသားစုမှ အထူးပင်ကျေးဇူးတင်ပါရေ။ နောက်ထပ်လည်း လာလည်ကတ်ပါလို့ ဖိတ်ခေါ်ပါရေ။