မောင်မိုးနှောင်း
ခရစ် ၁၇၈၄ ခုနှစ်မှာ ဗမာဘုရင် ဘိုးတော်မောင်ဝိုင်း၊ ရခိုင်ပြည်ကို သိမ်းပိုက်ရေခါ ရခိုင်ဒေသကို အုပ်ချုပ်ဖို့ ဗမာအများစုပါရေ အုပ်ချုပ်ရေးမှုးတိကို ခန့်အပ်ထားခရေ။ သူရို့စွာ ဘုရင်ဘိုတော်မောင်ဝိုင်း ချမှတ်တေ ပေါ်လစီအတိုင်း အုပ်ချုပ်ခကတ်ရေ၊ ယေဇူးနန့် ချင်းပျံစွာ ကိုယ့်မှာဟိရေအင်အားနန့် အင်္ဂလိပ်၊ အိန္ဒိယနယ် မြီကို ခြီကုတ်ယူပနာ ဘိုးတော်မောင်ဝိုင်းကို တော်လှန်ခပါရေ။ ယင်းပိုင် ချင်းပျံတော်လှန်မှုရေ နောက်ပိုင်းမှာ အင်္ဂလိပ်မြန်မာစစ်ပွဲဖြစ်ပွါးစီရေ အဓိကအကြောင်းတရားတိကို ပေါ်ပေါက်စီခပါရေ။ ယင်းပိုင်နန့် ၁၈၂၄ မှာ အင်္ဂလိပ်-မြန်မာ ပထမစစ်ဖြစ်တေ ၁၈၂၃ မှာ နယ်စပ်နတ်မြစ်ဝက သျှင်မဖြူကျွန်းကို ဗမာတိက ၀င်တိုက်ကတ်တေ။ ၁၈၂၄ ခုနှစ်၊ ဖေဖ၀ါရီ ၂၄ ရက်နိ့မှာ ဗမာနန့် အင်္ဂလိပ်ရို့ ရန္တဗိုလ်စာချုပ်ကို ချုပ်ဆိုကတ်ခ ကတ်တေ။
စာချုပ်အရဆိုကေ ဗမာတိ ပင်လယ်ရီကြောင်းဆက်သွယ်ဖို့ ရန်ကုန်၊ ပုသိမ်နန့် မုတ္တမရို့ရာ ကျန်ဟိခရေ။
ဘိုးတော်မောင်ဝိုင်းသိမ်းထားခရေ ရခိုင်ပြည်စွာ ရန္တဗိုလ်စာချုပ်အရ ဗြိတိသျှအစိုးရပိုင် ပြည်နယ်တစ်ခုအနီနန့် ၁၈၂၆ ခုထိ ကြာမြင့်ခရေ။ ရခိုင်နန့် တနင်္သာရီကို အစက အင်္ဂလိပ်ရို့အုပ်ချုပ်ခစွာ သီးခြားစီပါရာ ၁၈၂၉ ခုထိ အိန္ဒိယဘုရင်ခံက အုပ်ချုပ်ရေ၊ အင်္ဂလိပ်တိစွာ ၁၈၂၆ ခုနှစ်မှာ စစ်တွေမြို့ကို တည်ခရေ၊ ယင်းအခါ ရခိုင်ကို စစ်တစ်ကောင်း ကော်မယှိန်နာမင်းကြီးက ဒါရိုက်အုပ်ချုပ်ရေ။ ရခိုင်သားတိ ထဲက ပထမဆုံး ကြီးကြပ်အုပ်ချုပ်တေလူတိက ဦးအောင်ကျော်ဇံနန့် ဒေးဝန်းကြီး အောင်ကျော်ရွှီရို့ပါ၊ အင်္ဂလိပ်လက်အောက်မှာ ရခိုင်ပြည်ကို အုပ်ချုပ်ရေးနယ်မြီတစ်ခုတည်းအဖြစ် ပြန်ပနာစုစည်းခပါရေ။ ယေပြီးကေ နယ်မြီခွဲချေ ၁၆၀ ခွဲလို့ အုပ်ချုပ်တေ၊ ယင်းအထဲမှာ ၁၄၀ စွာ ကျွန်းနယ်မြီချေတိ၊ ၁၂ နယ်က တော့ခါ ကုန်းပိုင်နယ်မြီတိဖြစ်တေ။ ယင်းနယ်မြီချေတိကို အုပ်ချုပ်တေ ပုဂ္ဂိုလ်တိကို ‘ကျွန်းအုပ်’ ‘ချောင်းအုပ်’ လို့ ခေါ်ကတ်တေ။ သူရို့တိတာဝန်ကတော့ခါ အခွန်ကောက်ပီးရဖို့၊ ရာဇ၀တ်မှုနှိမ်နှင်းရေ ပုလိပ်တိကို ကူညီဖို့၊ သူရို့ကောက်လို့ရရေအခွန်တော်က ၁၅ ရာခိုင်နှုန်းစီ ခံစားခွင့်ရကတ်တေ။ အုပ်ချုပ်ရေး နယ်မြီတစ်ခုမှာ ၃ ရွာက ၅ ရွာထိ၊ တစ်ချို့နယ်တိဆိုကေ ၁၅ ရွာက ရွာ ၂၀ ထိပါဝင်ရေ။ အင်္ဂလိပ်တိအုပ် ချုပ်ရေးချပနာ အခွန်တိစည်းကြပ် ကောက်ခံလာလို့ မခံမရပ်နိုင်အောင် ဖြစ်လာရေအခါ အင်္ဂလိပ်တိ ရက်စက်မှုတိကို တွိမြင်လာကတ်ရပါရေ။ ရခိုင်ဗုဒ္ဓဘာသာရဟန်း သံဃာတိစွာ နယ်ချဲ့အစိုးရအုပ်ချုပ်မှုကို ဆန့်ကျင်လှုပ်ယှားခကတ်တေ။ သူရို့ရည်ရွယ်ချက်ကတော့ခါ ရခိုင်ကို လွတ်လပ်တေ ဗုဒ္ဓဘာသာနိုင်ငံ တည်ဆောက်ဖို့ပါ၊ ရခိုင်ရဟန်းတိက အမျိုးသားလွတ်မြောက်ရေး လှုပ်ယှားမှုအတွက် တပ်လှန့်လာကတ် တေ။ လှုပ်ယှားမှုဖြစ်လာရေအခါလေ့သော့ ရဟန်းတိပါဝင်ရေ အမျိုးသားဂေါင်းဆောင်တိက ဦးဆောင်ခ ကတ်တေ။
၁၈၂၇ ခုနှစ်၊ ရခိုင်အမျိုးသားလွတ်မြောက်မှုတော်လှန်ရေးကို မင်းသားကြီးရွှေဘန်း၊ ဒေးဝန်ကြီး အော်ကျော်ရွှီနန့် မြို့သူကြီး အောင်ကျော်ဇံရို့ ဂေါင်းဆောင်ခကတ်ရေ။ နယ်ချဲ့အင်္ဂလိပ်ရို့က အပြင်းအထန် နှိမ်နှင်းပနာ သူရို့ကိုဖမ်းဆီးလိုက်ကတ်လိုက်တေ။ သူရို့ကို ကာလကတ္တားထောင်သို့ပို့ပနာ စိတ်ဓါတ်ပြောင်း လဲအောင် နည်းအမျိုးမျိုးနန့် နှိပ်စက်ခရေ။ မင်းသားကြီးရွှေဘန်းကို ဒက္ကားထောင်မှာ ချုပ်ထားခရေ။ ၄၁ ရက်ကြာ အစာငတ်ခံ ဆန္ဒပြပြီးကေ ထောင်ထဲမှာပင် အသက်ဆုံးလာခရေ။ သူစွာရခိုင်သားတိကို သင်ခန်း စာကောင်းကောင်းပီးထားခရေ၊ သူမသီခင်မှာ လက်မောင်းသွီးးကိုဖောက်လို့ အုပ်ထရံမှာ လွတ်မြောက်ရေး လမ်းညွှန်ချက်ကဗျာစာပုဒ်ကို ရီးထားခရေ။ ၁၈၃၁ ခုနှစ်မျာ ကျိန္တလီမှာရဟန်းတိက ဦးဆောင်ပြီးကေ လူထု ကိုစည်းရုံးပနာ နယ်ချဲ့ဆန့်ကျင်ရေးလှုပ်ယှားမှု စတင်လှုပ်ယှားခကတ်တေ။ ၁၈၅၃ ခုမှာ လေးမြို့သူကြီး ချစ်စံဝေ ဂေါင်းဆောင်ပနာ နယ်ချဲ့ဆန့်ကျင်ရေးလုပ်ခလို့ အင်္ဂလိပ်တိက သူ့ကိုဖမ်းပြီးကေ ထောင်ထဲသို့ ထည့်ထားလိုက်တေ။ ယေဒါလေ့ နယ်ချဲ့ဆန့်ကျင်ရေးလှုပ်ယှားမှုတိ အယှိန်အဟုန်မပျက်ခပါ။
နယ်ချဲ့ရို့စွာ ရခိုင်ရို့၏ လွတ်လပ်တေ ဗုဒ္ဓဘာသာတည်ထောင်ရေး မျှော်မှန်းချက်ကို အာရုံလွှဲဖို့ ကြိုး စားခသိရေ။ မြန်မာနိုင်ငံအထက်ပိုင်းဒေသနန့် ဗြိတိသျှရို့အုပ်ချုပ်တေ ရခိုင်ပြည်မှာ ဗုဒ္ဓဘာသာနန့် ပတ်သတ်လို့ ရှိဟောင်းအစဉ်အလာတိကို ပြန်လည်ဖော်ထုတ်ခကတ်တေ။ ဗြိတိသျှရို့ ရခိုင်ပြည်မှာ ဘုန်းကြီးကျောင်းပညာရေးစနစ်ကို ထူထောင်ခပြီးကေ၊ ရဟန်းတော်အသျှင် သာရမေဓါကို ‘သာရမေဓါ လင်္ကာရာဘိတိ သာသနဓဇ မဟာဓမ္မရာဇာဓိရာဇဂုရု’ ဘွဲ့တံဆိပ်ကို ၁၈၄၆ ခုနှစ်ဆက်ကပ်ခရေ။ မြောက်ဦး ခေတ်အခါကဆိုကေ သက်တော်ဝါတော်ကြီး ပညာတက်ရဟန်းတော်တစ်ပါးကို ရခိုင်ဘုရင်ရို့က ‘သံဃ ရာဇာ’ ဘွဲ့ ဆက်ကပ်ခလေ့ယှိပါရေ။ ယင်းရဟန်းတော်စွာ မင်းသားဖြစ်လာပြီးကေ သံဃာအကြီးအကဲလည်း ဖြစ်တေ။ မင်းဆရာစွာ “ရာဇာဂုရု” ဘွဲ့နန့် “သံဃရာဇာ” ဘွဲ့ကိုလည်း ရဟိရေ။ ဗြိတိသျှရို့က အသျှင်သာရ မေဓာကို သံဃရာဇာဘွဲ့ ဆက်ကပ်လိုက်တေအခါ သူ့ဆောင်ရွက်ချက်တိစွာ ရခိုင်ပြည်ဗုဒ္ဓသာသနာသမိုင်း ၀င်အဖြစ်အပျက်တိ ဖြစ်လာပါရေ။ ၁၈၅၆ ခုနှစ် အသျှင်သာရမေဓာ စစ်တစ်ကောင်းသို့ ကြွရေခါ စစ်တစ် ကောင်းဒေသမှာ ဗုဒ္ဓသာသနာအရောင်မှေးမှိန်နီစွာကို တွိရပါရေ။ စစ်တစ်ကောင်နန့် စစ်တစ်ကောင်းဒေသ ရို့မှာ ထေရ၀ါဒဗုဒ္ဓသာသနာပြန်လည်ထွန်းကားလာဖို့အတွက် လိုအပ်ချက်တိ ဆောင်ရွက်တော်မူနိုင်ခရေ အပြင်၊ စစ်တစ်ကောင်းဒေသနန့် မဟာမုနိရွာရို့မှာ ထေရ၀ါဒဗုဒ္ဓသာသနာစာပီသင်ကြားရေး ဗဟိုဌာနတိကို ထူထောင်နိုင်ခရေ။
မြန်မာပြည်မှာ မင်းတုန်းမင်းကို ကုန်းဘောင်မင်းဆက်မှာ ဗုဒ္ဓဘာသာမင်းကောင်းမင်းမြတ် တစ်ပါး အဖြစ် သတ်မှတ်ကပ်တေ။ မင်းတုန်းမင်းစွာ မန္တလေးမှာ ပဉ္စမသံဃယနာတင်ပွဲကို ကျင်းပရေအခါ ရခိုင် ပြည်က ရဟန်းတော်အများအပြား ပင့်ဖိတ်ခရေ။ ဗြိတိသျှအစိုးရက ယင်းသံဃာယနာပွဲသို့ အသျှင်သာရ မေဓာ ဦးဆောင်ရေအဖွဲ့ကို စေလွှတ်ခရေ။ မင်းတုန်းမင်းစွာ အသျှင်သာရမေဓါကို ‘သာရမေဓါဘိတိ သာသနဓဇ မဟာဓမ္မရာဓိရာဇဂုရု’ ဘွဲ့တံဆိပ်တော်ကို ဆက်ကပ်ချီးမြှင့်ခရေ။ ပဉ္စမသံဃာယနာပွဲပြီးရေခါ ၁၈၇၁ ခုနှစ်မှာ မင်းတုန်းမင်းစွာ ပိဋကတ်သုံးပုံကို ကျောက်ချပ် ၇၃၉ ချပ်မှာ ရီးထိုးပနာ မန္တလေးကုသိုလ် တော်ဘုရားအပါးမှာ စိုက်ထူထားခရေ။
အသျှင်သာရမေဓာစွာ ပြန်ရောက်လာရေအခါ စာပီသင်ကြားပို့ချခရေ၊ ရခိုင်မှာ ရခိုင်ရဟန်းတော်ရို့ တာဝန်က ဘုန်းတော်ကြီးကျောင်းတိမှာ စာပီပို့ချဖို့ပါ။ ဘုန်းကြီးကျောင်းပညာသင်ကြားရေးစနစ်စွာ အစဉ်အ လာဘာသာရပ်တိနန့် ကန့်သတ်ထားရေစနစ်ပါ။ ရခိုင်ပြည်နယ်မှာ ဗြိတိသျှအစိုးရက ခရစ်ယန်သာသနာပြု အဖွဲ့တိ၊ အစိုးရကျောင်းတိဖွင့်လှစ်ရေအခါ အစဉ်အလာသင်ကြားလာရေလူတိအဖို့ ယင်းကျောင်းတိမှာ တက်ရောက်သင်ကြားဖို့ အခက်အခဲနန့်တွိရရေ။ ဇာဖြစ်လို့ဆိုကေ သူရို့တိမှာက သိပ္ပံနန့်တစ်ခြားခေတ်ပေါ် ပညာရပ်တိအတွက် အခြီခံမယှိလို့ပါ။
ဗြိတိသျှအစိုးရစွာ နှစ်စဉ်နှစ်တိုင်း ပါဠိစာပြန်ပွဲနန့် ဘုန်းတော်ကြီးကျောင်း ပညာသင်ကြားမှုကို စစ်ဆေးခပါရေ။ ၁၉၂၇ ခုနှစ် စာရင်းအရ ပြောရကေ စစ်တွေခရိုင်မှာ ဘုန်းတော်ကြီးကျောင်း ၂၈၇ ကျောင်း၊ စာသင်သားရဟန်း ၅၃၅ ပါး၊ သာမဏေ ၂၈၄ ပါး၊ ဘုန်းကြီးကျောင်းမှာ စာသင်ရေကျောင်းသား ၂၆၅၁ ဦးလို့ တွိရရေ။ အစဉ်အလာပညာရေးဖြစ်တေအတွက်နန့် ရခိုင်ဘာသာစကား၊ ဗမာဘာသာရို့နန့်ရာ သင်ကြားရရေ။ ရခိုင်ပြည်က ရွာတိုင်းရွာတိုင်းမှာ ဘုန်းကြီးကျောင်းတိဟိကတ်ရေ။ မြို့တိမှာလေ့ ဗုဒ္ဓစာပီ သင်ကြားမှုနန့် သာသနိကအဆောက်အဦးတိကို အေနိ့တိုင်တွိမြင်နိုင်ရေ။ အေယှင့်စွာ ဘာသာရေးလှုပ် ယှားမှုနန့်ပတ်သတ်လို့ မှတ်သားလောက်တေ အသွင်အပြင်တိပါ။ ရှိအခါကပင် ဒေနိ့ထက်တိုင်အောင် ရခိုင် ပြည်မှာ ရဟန်းသံဃာတိစော် လူမှုရေး၊ ယဉ်ကျေးမှုနယ်တိမှာ ပါဝင်ဆောင်ရွက်ခကတ်တေ။ စာသင် ကျောင်းတိဆောက်ပနာ အစဉ်အလာရိုးရာပညာရေးနန့် ဗုဒ္ဓတရားတော်ရို့ကို သင်ကြားပို့ချခကတ်တေ။
၁၉ ရာစုအကုန်ပိုင်းကာလမှာ ရခိုင်ပြည်နန့် မြန်မာပြည်ရို့မှာ ဗုဒ္ဓသာသနာလောကအတွင်း မှတ်သား လောက်တေ အဖြစ်အပျက်တိ ဖြစ်ပျက်ခပါရေ။ အေကာလမာ ရဟန်းတစ်ချို့က သာသနာရေး လုပ်ငန်းတိကိုရာ ဆောင်ရွက်နိန်ခကတ်ကေလေ။ ရဟန်းအများစွာ ရာစုနှစ် ထက်ဝက်လောက်ထိ နယ်ချဲ့တော်လှန် ရေး လုပ်ငန်းတိမှာ ပါဝင်လှုပ်ရှား ခကတ်ပါရေ။ နယ်ချဲ့တော်လှန်ရေး တိုက်ပွဲတိစွာ အေကာလအပြန်လို့ အသက်ဝင် လှုပ်ရှားလာပါရေ။ သက္ကရာဇ် ၁၉၀၀ မတိုင်ခင်နန့် ယင်းကာလ နောက် ပိုင်းမာ ရခိုင်ပြည်အနှံ့မာ ဘာသာယဉ် ကျေးမှုအဖွဲ့အစည်းတိ အများအပြားပင်ဖွဲ့စည်းခကတ်တေ။ စစ်တွေမြို့မှာ ဗုဒ္ဓဘာသာ ကလျာ ဏယုဝ အသင်းကို စလို့ဖွဲ့စည်းစွာ ၁၉၀၂ ခုနှစ်ကပါ အေ၀ိုင်အမ်ဘီအေ အဖွဲ့စွာ မြန်မာနိုင်ငံမာ ပထမဆုံး ဖွဲ့စည်းစွာပါ။ ရန်ကုန်မြို့မာတော့ခါ ၁၉၀၆ခုနှစ်မာ ဖွဲ့စည်းခပါရေ။ ရခိုင် ပြည်မှာ အေကလအတွင်း တခြား အမျိုးသားရေးနန့် ဘာသာရေးအသင်း အဖွဲ့တိကိုလေ့ ဖွဲ့ခကတ်ပါရေ။ အေအသင်းအဖွဲ့တိကို ရခိုင်လူငယ် ပညာတတ်တိက ဦးဆောင်ပနာ ရခိုင်ပြည် လူမှုရေး၊ ပညာရေးနန့် ယဉ်ကျေးမှုရို့ကို မြှင့်တင်ဖို့ ရည်ရွယ်ချက် ထားယှိခကတ်တေ။ နောက်ကျရေခါ ဘာသာရေး အသင်း အဖွဲ့တိက ပုဂ္ဂိုလ်တိစွာ လွတ်လပ်ရေးတိုက်ပွဲတိမှာပါဝင် ခကတ်ပါရေ။ ကင်းဗရစ်တက္ကသိုလ် ကျောင်းဆင်း ရခိုင်အမျိုးသား ဦးမေအောင်ဆိုကေ ဗြိတိသျှအစိုးရက သူရဲကောင်းအဖြစ် မှတ်တမ်းတင်ခံရရေ လူဖြစ်ပါရေ။ ယင်းပိုင်ဖွဲ့စည်းခရေ အဖွဲ့အစည်းတိစွာ ၁၉၁၀ ခုနောက်ပိုင်းမာ နိုင်ငံရေးနယ်ထဲသို့ ၀င်ရောက် လှုပ်ယှားခကတ်ပါရေ။
ရခိုင်အမျိုးသား တက္ကသိုလ် ကျောင်းသား ဦးဘဦးဆိုကေ ၁၉၂၀ ခုနှစ်၊ ရန်ကုန် တက္ကသိုလ် ကျောင်းသားသပိတ်ကို ခေါင်းဆောင်ခရေ လူဖြစ်ပါရေ။ ယင်းသပိတ်ကို ပြည်သူတစ်ရပ်လုံးနန့် ရဟန်း သံဃာတိက အားပီးထောက်ခံခကတ်တေ။ ကျေးလက်တောရွာတိက ဘုန်းတော်ကြီးတိကလေ ကျေးရွာ လူထုကို စည်းရုံးပနာ ကျောင်းသားသပိတ်ကို ထောက်ခံခကတ်ပါရေ။ ယင်းအထဲ မြန်မာပြည်သူတိကို နိုင်ငံရေး မျက်စိဖွင့်ပီး ခရေပထမဆုံး ပုဂ္ဂိုလ်ကတော့ ဆရာတော်ဦးဥတ္တမဖြစ်ရေ။ ၁၉၂၁ ခုနှစ်မာ ဆရာ တော်ရေ အိန္ဒိယက ရခိုင်ပြည်သို့ ပြန်လာလတ်တေ။ ဆရာတော် အိန္ဒိယမာ ယှိနိန်ရေအခါ “ဘာရတ် မဟာဘာသာ”အဖွဲ့ မှာ အဖွဲ့ဝင်ဖြစ်ပြီးကေ အိန္ဒိယ အမျိုးသားကွန်ဂရက်ပါတီမာ လက်ဝဲဂိုဏ်းအဖွဲ့ဝင်ပါ။ ဆရာတော်ကို ၁၈၉၇ ခုမာ စစ်တွေမြို့မှာ မွီးဖွားခ ပြီးကေ အီဂျစ်၊ ပြင်သစ်၊ ဥရောပနန့် အရှိတောင် အာရှနိုင်ငံရို့ကို လှည့်လည်ခဖူးပါရေ။ ဂျပန်နိုင်ငံ၊ တိုကျို အိုတာနီ အကယ်ဒမီ သိပ္ပံမာ ပါမေက္ခအဖြစ် ၂ နှစ်တာဝန်ထမ်းဆောင် ဖူးခပါရေ။ ဆရာတော် စွာ မြန်မာနိုင်ငံကို ပြန်လို့ရောက်စွာနန့် ကိုယ်ပိုင်အုပ်ချုပ်ရေး လိုအပ်ချက်တိကို နိုင်ငံအနှံ့လှည့်လို့ တရားဟော ပါရေ။ ရဟန်းတိအနေနှင့် ဗုဒ္ဓသာသနာကို ကာကွယ်ဖို့ ကျောင်းတိကိုခွါလို့ အမျိုးသားရေး လှုပ်ရှားမှုတိမာ ပါဝင်ဖို့ လှုံ့ဆော်ခရေ။ မြန်မာပြည်ကို လှည့်လို့ လူထုဟောပြောပွဲတိမာ မြန်မာနိုင်ငံ လွတ်လပ်ရေးရဖို့ နည်းလမ်း တိကို ဟောပြောခရေ။
၁၉၂၁ ခုနှစ်မာ ပုသိမ်ခရိုင် ကျောင်းကုန်းလူထုစည်းဝေးပွဲမာ နယ်ချဲ့ဆန့်ကျင်ရေး တရားဟောမှု ကြောင့် ဦးဥတ္တမကို နယ်ချဲ့အစိုးရက ဖမ်းဆီးပါရေ။ နယ်ချဲ့အစိုးရက ပုန်ကန် ထကြွအောင် သွီးထိုး လှုံ့ဆော်မှုနန့် စွပ်စွဲပနာ ထောင် ၁၀ လချလိုက်တေ။ ဆရာတော် ဦးဥတ္တမစွာ လူထုထောက်ခံမှုကို အကြီး အကျယ် ရဟိလာပါရေ။ ၁၉၂၁ခု ဂျူလိုင်လ ၅ရက် လူထုစွာ တမျိုးသားလုံး သပိတ်တိုက်ပွဲဝင်ရေ အနီနန့် ရန်ကုန်နန့် တခြားမြို့တိမာရှိရေ ဈီးဆိုင်တိကို အားလုံး ပိတ်လိုက်တေ။ ယေပြီးနာ ဘုန်းတော်ကြီးကျောင်း တိကို လားပနာ ရှစ်ပါးသီလ ခံယူကတ်ပြီး ဆရာတော်ဦးဥတ္တမ ပြန်လည် လွတ်မြောက်ဖို့အတွက် ဆု တောင်း ပတ္တနာပြုကတ်ပါရေ။ ၁၉၂၂ ခုနစ်မာ ဆရာတော် ပြန်လို့လွတ်လာပနာ နယ်ချဲ့ဆန့်ကျင်ရေး လုပ်ငန်းတိကို အရှိအဟုန်မြှင့်လို့ လုပ်ဆောင်ပါရေ။ ၁၉၂၂ ခုနှစ်မာ ရခိုင်ရဟန်းသံဃာတိစွာ “ရခိုင်သံဃာ သမဂ္ဂီ” ကိုဖွဲ့စည်း ပါရေ။ အေအဖွဲ့မာ ကျေးလက်လူထုကို စည်းရုံးပနာ လွတ်လပ်ရေးအတွက် ထွက်ရပ် လမ်းမာ ပဓာနကျရေ အခန်းကဏ္ဍက ပါဝင်လှုပ်ရှားခပါရေ။ အေအဖွဲ့ရေ ခေတ်ပေါ် အမျိုးသားအတွေး အမြင်တိ တိုးတက်ရေး အတွက် ဆောင်ရွက်ခရေပိုင်၊ တိုက်ပွဲဝင်ခပါရေ။ ဆရာတော် ဦးဥတ္တမ စစ်တွေမြို့ မာ နယ်ချဲ့ဆန့်ကျင်ရေး တိုက်ပွဲ ဆင်နွဲရေအခါ ဘာသာရေးအသင်းအဖွဲ့တိက အင်အားပြည့် ထောက်ခံပြီး ကေ ရခိုင်ပြည်နန့် ဗမာပြည်မာ နယ်ချဲ့ဆန့်ကျင်ရေး လှုပ်ရှားမှုတိအတွက် ကူညီခကတ်တေ။ ၁၉၂၄ခုနှစ်မာ ဆရာတော်ဦးဥတ္တမစွာ မန္တလေးမြို့မှာ အဖမ်းခံရပနာ ထောင်သုံးနှစ် ချခံရပြန်ပါရေ။ ဆရာတော် ဦးဥတ္တမ ရေ ပြည်သူလူထုကို ကိုလိုနီထမ်းပိုးအောက်က လွတ်မြောက်မှုအတွက် တော်လှန်ရေးအသိတိကိုပီးခပါ ရေ။ သူ့လှုပ်ယှားဆောင်ရွက်မှုကို ပြည်သူ လူထုက အင်နန့်အားနန့် ထောက်ခံ လိုက်နာခကတ်ပါရေ။
နှစ်အနည်းသျှေ အတွင်းမာပင် ရခိုင်ဗုဒ္ဓဘာသာ ရဟန်းတိစွာ ရခိုင်လူ့အဖွဲ့အစည်း အခြေမြင့်မားဖို့ ကိစ္စတိမာ ဦးဆောင်ပါဝင်ခကတ်တေ။ ယေဒါလည်း သူရို့အမျိုးသားခံစားမှုစွာ တရွိရွိနန့် နိုင်ငံရေးလှုံ့ဆော် မှုအသွင်ကို ဆောင်လာပါရေ။ ဗုဒ္ဓဘာသာ ရဟန်းတိနန့် ကျောင်းသားခေါင်းဆောင်ရို့ အမျိုးသားရေး စိတ် ဓါတ် မြှင့်တင်ဖို့ အမျိုးးသားကျောင်းတိကို ထောင်လာကတ်ရေ။ ရခိုင်အမျိုးသမီး ဒေါ်မြစိန်စွာ ထင်ရှားရေ ကျောင်းသားခေါင်း ဆောင်တစ်ဦးပါ။ ဂျနီဗာ ကမ္ဘာ့အမျိုးသမီးကွန်ဖရင့်ကို တက်ရောက်ခရေ တစ်ဦးတည်း သော အာရှကိုယ်စားလှယ်ပါ။ ဗမာပြည်သို့ ပြန်လည်လာရေခါ လန်ဒန်ကို ၀င်ရောက်ခပြီးကေ ဗမာပြည် ဖြစ်နိန်ရေ နိုင်ငံရေး တိုးတက်မှုတိနန့် အမျိုးသားရေးလှုပ်ရှားမှုတိကို ဗြိတိသျှအစိုးရကို တင်ပြပါရေ။
ဒေါ်မြ စိန် ကြိုးပန်းမှုတိစွာ ဗြိတိသျှအစိုးရက ဗမာပြည်ကိုယ်စားလှယ်တိကို ခေါ်ယူဆွေးနွေးရရေ အထိ အကျိုးသက်ရောက်မှုယှခပါရေ။ လန်ဒန်မာ ကျင်းပရေ စားပွဲဝိုင်းဆွေးနွေးပွဲမာ ဗမာပြည်ဒိုင်အာခီ အုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲဖို့ အခြေခံအချက်တိကို ညှိနှိုင်းတွက်ဆ ခကတ်ပါရေ။ ဗမာပြည် ကိုယ်စား လှယ်တိအတွက် လိုအပ်တေ အကူအညီတိကို လန်ဒန်မာ ဒေါ်မြစိန်က အကူအညီပီးခပါရေ။ အေဆွေး နွေးပွဲမာ ဒေါက်ဒါဘမော်က အိန္ဒိဖက်ဒရယ်မူအတိုင်း တွဲရေးကို ထောက်ခံပနာ ဦးဘဖေကတော့ အိန္ဒိယနန့် သီးခြားခွဲထွက်ရေးကို တင်ပြခပါရေ။ အေစားပွဲဝိုင်း အစည်းအဝေးက ဗမာပြည်ကို အိန္ဒိယက ခွဲထုတ်ပနာ သီးခြားအုပ်ချုပ်ပုံစနစ်နန့် အုပ်ချုပ်ဖို့ ဆုံးဖြတ်ပါရေ။ ယင်းအတွက်နန့် ဗမာပြည် အုပ်ချုပ်ရေးအတွက် အစိုးရအဖွဲ့ကို ဗြိတိသျှပါလီမာန်က တိုက်ရိုက်ရွီးချယ် ဖွဲ့စည်းခပါရေ။
မြန်မာပြည်စွာ ဗြိတိသျှပါလီမာန်က တိုက်ရိုက်အုပ်ချုပ်ရေပြည်ဖြစ်လာရေခါ၊ အမျိုးသားရေးဝါဒီ ရခိုင်ခေါင်း ဆောင်ရို့စွာ ရခိုင်ပါတီကို ဖွဲ့စည်းပနာ လွတ်လပ်ရေး ရပိုင်ခွင့်ကို တောင်းဆိုခပါရေ။ ရခိုင်ပြည် စီးပွါးရေး၊ လူမှုရေး ပညာရေး လမ်းပန်းဆက်သွယ်ရေးရို့ ခေတ်နောက်ကျနိန်စွာတိကို ဗြိတိသျှပါလီမာန်သို့ တင်ပြခကတ် တေ။ ရခိုင်အမျိုးသားပါတီကို ဦးရွှေသာနန့် ဆာထွန်းအောင်ကျော်ရို့ ဦးဆောင်ခကတ်ပါရေ။ ရခိုင်ပြည်မာ နိုင်ငံရေးပါတီတိနန့် ဘာသာရေး အသင်းအဖွဲ့တိ တိုးတက်ဖွဲ့စည်းလာရေအတွက် ဗုဒ္ဓဘာသာ အသင်းအဖွဲ့တိက ရဟန်းပျိုတိစွာ အမျိုးသားရေးအသင်းအဖွဲ့တိနန့် ပူးပေါင်းပနာ နိုင်ငံရေးလှုပ်ရှားမှုတိကို ဦးဆောင်လာကတ်ပါ ရေ။ ရခိုင်ပြည်ကို ဗြိတိသျှအင်ပါယာက အုပ်ချုပ်လာရေ နှစ်ပေါင်း ၁၁၃နှစ်မပြည့်မီ အချိန်မာပင် ရခိုင်ရဟန်းသံဃာရို့၊ ဗြိတိသျှရို့အုပ်ချုပ်အမှုစနစ်ကို နားလည်ခကတ်ဗျာယ်။ ရခိုင်ပြည်မာ ဆရာတော် ဦးနာရဒစွာ နယ်ချဲ့ ဆန့်ကျင်ရေး တိုက်ပွဲဝင်ခရေ ရဟန်းတစ်ပါးပါ။ ဆရာတော်ဟာ ဗုဒ္ဓဘာသာ တရားတော်ကို ဟောကြားယင်းပင် လူထုကို စည်းရုံးပနာ နယ်ချဲ့တော်လှန်ရေးစိတ်ဓါတ်တိကို မြှင့်တင် ပီးခရေ။ ဆရာတော်၏ လှုံ့ဆော်စည်းရုံးမှု ကြောင့် ရခိုင်သားရို့ နှလုံးအိမ်ထဲမာ ဗြိတိသျှကိုလိုနီ လက် အောက်ခံဘ၀က လွတ်မြောက်လိုမှု အမျိုးသားရေး စိတ်ဓါတ် တိုးတက်မြှင့်မားခပါရေ။
၁၉၃၉ခု မေလ ၂ ရက်နန့် ၃ ရက်မာ ရခိုင်အမျိုးသားကွန်ဖရင့်ကို မင်းပြားမြို့မာ ကျင်းပခပါရေ။ ဆရာတော် ဦးပညာသီဟနန့် ပြင်ယောင်းဆရာတော်ရို့ ဦးဆောင်ကျင်းပခစွာပါ။ ယင်းကွန်ဖရင့်က ဦးအောင်ထွန်းဦးကို ပါတီဥက္ကဋ္ဌမြှောက်ပြီးကေ၊ ကွန်ဖရင့်က ပါတီလုပ်ငန်း ကော်မတီကို ရွီးချယ်ဖွဲ့စည်းခပါ ရေ။ အေကွန်ဖရင့်က နယ်ချဲ့ဆန့်ကျင်ရေး၊ နယ်ချဲ့ဆန့်ကျင်ရေး၊ လယ်သမားလူတန်းစား ဘ၀မြှင့်တင်ရေး၊ လူမှုရေး၊ စီးပွါးရေး၊ ပညာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ဗမာပြည်တော်လှန်ရေး အင်အားစုတိနန့် ဆက်သွယ်ရေး ကိစ္စ္ဂရို့ကို ဆွေးနွေး ဆုံးဖြတ်ခပါရေ။
၁၉၄၀ မှာတော့ခါ ရခိုင်အမျိုးသားကွန်ဖရင့်ကို ပေါက်တောမြို့မာ ကျင်းပပါရေ။ အေကွန်ဖရန့်စ် ရလာဒ်ကတော့ ရခိုင်အမျိုးသားအစည်းအရုံးနန့် ရခိုင်ကွန်ဂရက်အသင်းရို့ ပေါင်းစည်းလာခြင်းပါ။ ကွန်ဖရန့် က ပါတီဥက္ကဋ္ဌအဖြစ် ဦးသာဇံလှကို ရွီးချယ်ပြီး ဦးအောင်ထွန်းဦးကို ဒု-ဥက္ကဋ္ဌအဖြစ် ရွီးချယ်ခပါရေ။ မြန်မာ ပြည် ကိုယ်စားလည်တိ အနိန်နန့် သခင်စိုးနန့် သခင်သောင်းရို့ တက်ရောက်လာကတ်တေ။ သခင်စိုးက နယ်ချဲ့ဆန့်ကျင်ရေး သဘောထားတိကို သဘောထားတိကို ပြောကြားပါရေ။
တတိယအကြိမ် ရခိုင်အမျိုးသားကွန်ဖရင့်ကို ကျောက်တော်မြို့မှာ ၁၉၄၁ ခုနှစ်က ကျင်းပခပါရေ။ ဦးဘ၀င်းနန့် ဒေါ်မြစိန်ရို့ ပါလီမာန်ကိုယ်စားလည်အဖြစ် တက်ရောက်ခတေ။ အေကွန်ဖရင့်စွာ မြန်မာပြည် မာ နယ်ချဲ့ဆန့် ကျင်ရေးစိတ်ဓါတ် ပိုလို့ခိုင်မာစီခရေ။ ယေပြီးကေ နိုင်ငံရေးပါတီတိ စုစည်းပါဝင်လာပြီးကေ နယ်ချဲ့ဆန့်ကျင်ရေ အမျိုးသားလှုပ်ယှားမှုတိ ပိုမြင့်မားလာစွာက ဒေကွန်ဖရန့်စ်ရလာဒ်ပါ။ ဒေကွန်ဖရန့်စ်ကို ကျင်းပချိန်မှာ ကျောက်တော်မှာ ဦးကျော်ဦးကို အင်္ဂလိပ်ရို့ဖမ်းပြီးကေ အိန္ဒိယသို့ ပို့လိုက်တေ။ ကွန်ဖရန့်စ် ကျင်းပပြီးရေနောက်မှာ ရခိုင်ကွန်ဂရက်စ်ဂေါင်းဆောင်တိ တစ်ယောက်ပြီးတစ်ယောက် အဖမ်ခံရပြီး ကိုမီလာထောင်သို့ပို့ပနာ ထိန်းသိမ်း ထားစွာ ဒုတိယကမ္ဘာစစ်ပြီးရေအချိန်ထိ။
နယ်ချဲ့အစိုးရလုပ်ဆောင်ချက်တိကြောင့် ရခိုင်ဗုဒ္ဓဘာသာရဟန်းတော်တိ တော်လှန်ရေး လုပ်ငန်း တိကို တစ်ဆင့် တိုးလို့ လုပ်ဆောင်ခကတ်တေ။ တစ်ချို့နိုင်ငံရေးနယ်ပယ်ထဲဝင်ပြီး လှုပ်ယှားလာကတ် တေပိုင် တစ်ချို့ကလည်း ပြင်းထန်ရေနိုင်ငံရေးတိုက်ပွဲတိကို ၀င်လို့ဆင်နွဲ့လာကတ်တေ။ တစ်ချို့ကတော့ခါ သာရေးနာရေးကိစ္စတိကို ဆောင်ရွတ်ကတ်တေ။ ယပိုင်နန့် ရခိုင်ပြည်မှာ အမျိုးသားရေးဝါဒ အမြစ်တွယ် လာခရေ၊ ဂေါင်းဆောင်တိစွာ မြီအောက်တော်လှန်ရေး လှုပ်ယှားမှုတိအတွက် ဘာသာရေး အသင်းအဖွဲ့ တိကို ခြီကုတ်ယူခကတ်တေ။ ဆရာ တော်ပညာသီဟနန့် ဆရာတော်စိန္တာရို့စွာ ရခိုင်ဂေါင်းဆောင်တိကို စည်းရုံးပနာ ဗမာဂေါင်းဆောင်တိဖြစ်တေ သခင်မြ၊ သခင်အောင်ဆန်းရို့နန့် အမျိုးသား လွတ်မြောက်ရေး လုပ်ငန်းတိကို ညှိနှိုင်းဆွေးနွေးခကတ်တေ။
၁၉၄၁ ခု ဒီဇင်ဘာလမှာ ဂျပန်ရို့ ပုလဲဆိပ်ကမ်းကို ဗုံးကြဲရေ၊ ထိုင်းပင်လယ်ကွေ့ကို ဂျပန်တိ ထိုးစစ်ဆင်ပနာ သိမ်းပိုက်လိုက်တေ။ ဂျပန်ရို့ရေ ပစိဖိတ်နန့် အရှိအာယှရီပြင်ကို စိုးမိုးနိုင်ခရေ။ ၁၉၄၂ မတိုင်ခင်မှာပင် ဂျပန်ရို့ ပြင်သစ်၊ အင်ဒိုချိုင်းနား၊ ထိုင်းနန့် စင်္ကာပူရို့ကို သိမ်းထားပါဗျယ်။ ယင်းနှစ်မှာပင် ရန်ကုန်နန့် တစ်ခြားဗမာမြို့တိကို ဂျပန်ရို့သိမ်းယူနိုင်ခရေ။ ၁၉၄၂ ခုမတ်လမှာ စစ်တွေမြို့ ဂျပန်ရို့ လက်ထဲသို့ကျရေ။ ရခိုင်ဗမာ ဂေါင်းဆောင်ရို့ စွာ အစကခါ ဂျပန်ရို့ကို ကြိုဆိုခကတ်တေ။ ဇာဖြစ်လို့ဆိုကေ ဂျပန်ရို့စွာ အာယှတိုက်သားတိ၊ ဗုဒ္ဓဘာသာဝင်တိ၊ ဗမာပြည်လွတ်လပ်ရေးအတွက် အာယှတိုက်သား အချင်းချင်း ကူညီလိမ့်မေ၊ ဗုဒ္ဓဘာသာကို ကိုးကွယ်လိမ့်မေ၊ ယင်းပိုင်ယူဆကတ်တေ။ ယေကလေ့သော့ ဂျပန်ရို့ ယုတ်မာကြမ်းတမ်းမှုတိကို တွိမြင်လာရရေအခါ ဂေါင်းဆောင်ရို့ မျှော်လင့်ချက်တိ ပျက်စီးလားခရ ရေ။
ရခိုင်ပြည်မှာ မူဆလင်ပြဿနာလေ့ ယင်းအချိန်မှာ အထွက်အထိပ်ရောက်ပါလတ်တေ။ ဗြိတိသျှရို့ ဆုတ်လား ခရေခါ ဘူးသီးတောင်နန့် မောင်တောမြို့နယ်ရို့မှာ မူဆလင်တိရေ ဗုဒ္ဓဘာသာဝင် ရခိုင်ရွာတိကို ၀င်လို့ တိုက်ခိုက်ကတ်တေ။ ဗုဒ္ဓဘာသာရဟန်းတိလေ့ အသတ်ခံကတ်ရရေ။ ရခိုင်အမျိုးသား ဂေါင်းဆောင် တိစွာ မူဆလင်ပြဿနာကို အီးအီးချမ်းချမ်းဖြေယှင်းဖို့ ကြိုးစားခက်ပါယင့်။ ယေဒါလေ့ အစွန်း ရောက် မူဆလင်တိလက်ချက်နန့် ငြိမ်း ချမ်းရေးကိုယ်စားလှယ်တိ အသက်ဆုံးယှုံးခရရေ။ ဗမာ့လွတ်လပ်ရေး တပ်မတော်က ငြိမ်းချမ်းရေ ပြန်လည် တည်ဆောက်ဖို့ ကြိုးစားခသိရေ၊ မအောင်မြင်ခပါ။ နောက်ဆုံးမှာ ဦးဝါသ၀စွာ စစ်ရေးကျွမ်းကျင်ရေလူတိကို စုဆောင်းပနာ အစွမ်းရောက်တေ မူဆလင်တိကို နှိုမ်နှင်းခရရေ။
ရခိုင်ရဟန်းသံဃာတိ အစွန်းရောက်တေ မူဆလင်တိကို နှိုမ်နှင်းနီရေအခါ ဗုဒ္ဓဘာသာဘုန်းကြီး ကျောင်းတိကို ဂျပန်စစ်သားတိက စစ်စခန်း၊ စစ်တန်းလျားပိုင် အသုံးချစော်ကားမှုကို ခံကတ်ရရေ။ ဂူပုထိုး ဇာဒီတိအဖျက်ခံရပ နာ အဖိုးတန်ပစ္စည်းတိလေ့ အခိုးခံရရေ။ အဖိုးတန်ပစ္စည်းတိကိုပြသလို့ သတင်းပီးရေ သစ္စာဖောက်တိလေ့ ၀ီစုရကတ်တေ။ ဦးပညာသီဟနန့် ဦးစိန္တာရို့ပါဝင်ရေ ရခိုင်နန့် ဗမာဂေါင်းဆောင်ရို့ ရခိုင်ပြည်မှာ တိတ်တိတ်ချေ တွိဆုံခကတ်တေ။ သူရို့ဆုံးဖြတ်ချက်ကတော့ခါ ဗြိတိသျှကို ပြန်လည် ဆက်သွယ်ဖို့ပါ။ သခင်သိန်းဖေနန့် ကိုညိုထွန်းရို့ ဗြိတိသျှနန့်ဆက်သွယ်ဖို့ အိန္ဒိယကို လားခကတ်တေ။ ၁၉၄၂ ခုမှာ ဗြိတိသျှရို့ ရခိုင်ပြည်မြောက်ပိုင်း ကို ၀င်သိမ်းကြိုးစားရေ။ မအောင်မြင်ခပါ။ ၁၉၄၂ မှာထပ်လို့ စစ်ဆင်ရေးလုပ်ပါသိယင့်၊ ဒေတစ်ခေါက်လေ့ မအောင်မြင်ခသိပါ။
၁၉၄၇ ခုနှစ် ဇန်န၀ါရီလ ၁၇ ရက်နိ့မှာ ဗြိတိသျှနန့် မဟာမိတ်တပ်ရို့ ရခိုင်ပြည်မြောက်ပိုင်း ပလက်ဝဘက်က၀င် ပနာ ကျောက်တော်မြို့ကိုသိမ်းပြီးကေ အပေါက်ဝဘက်သို့ ချီတက်လာရေ။ ၁၉၄၄ ခုမှာ ဗြိတိသျှရို့ ရခိုင်ပြည် တွင်းမှာ စစ်ဆင်ရေးလုပ်ပနာ မယူဒေသနန့်၊ ကုလားတန်မြစ်ဝှန်းက ဂျပန်တိကို မောင်းထုတ်နိုင်ခရေ။ ဒေယှင့်စွာ ဗြိတိသျှရို့အဖို့ မြန်မာပြည်အလည်ပိုင်းကို ပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက် အခွင့်အလမ်းရယှိလားစီခရေ။
ဂျပန်ခေတ်တုန်းက ဗမာတစ်နိုင်ငံလုံး စီးပွါးပျက်ဒဏ်ကို အခြားလူမျိုးတိနန့်စာကေ ရခိုင်သားရို့ ပိုလို့ခံစားခရရေ။ ရခိုင်ပြည်က မြို့တိရွာတိစွာ စစ်ဖီးစစ်ဒဏ်ကြောင့် မီးခဲပြာဖုံး ဖြစ်ခရရေ။ ၁၉၄၆ ခုမှာ ဖဆပလဂေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း ရခိုင်ပြည်သို့ တော်လှန်ရေးကိစ္စနှင့် ရောက်လာရေ။ စစ်တွေမြို့ လူထုစည်းဝေးပွဲ မှာ သူက မြန်မာပြည်မှာ ရခိုင်ရို့ကို နိုင်ငံသားအခွင့်အရေး အပြည့်အဝပီးဖို့ ရခိုင်တစ်ကျပ် ဗမာတစ်ကျပ် တန်းတူခံစားရဖို့လို့ ကတိပေးခရေ။ ယေဇုနန့် ရခိုင်ပြည်အနှံ့မှာ ဖဆပလအဖွဲ့တိဖွဲ့ခကတ် တေ။ ၁၉၄၆ခုနှစ်မှာ ပင် ရခိုင်တစ်ပြည်လုံး ဖဆပလ ကွန်ဖရန့်စ်ကို စစ်တွေမြို့အနီး တောကန်ရွာမှာ ကျင့်ပခရေ။ ကွန်ဖရန့်စ်ကို ရခိုင်ပြည်အနှံ့အပြားက ဖဆပလအသင်းဝင် လေးသောင်းကျော် တက်ရောက် ခရေ။ ကွန်ဖရန့်စ်ကို ဦးစီးကျင်းပရေ ပုဂ္ဂိုလ်က ဆရာတော်ပညာသီဟပါ။ အေကွန်ဖရန့်စ်က ဒီအန်စမစ် အစိုးရဆန့်ကျင်ရေးနန့် နိုင်ငံလွတ် လပ်ရေးကို ကြွေးကြော်တောင်းဆိုခကတ်တေ။
၁၉၄၇ခုမှာ မြေပုံမြို့မှာ ကွန်ဖရန့်စ်ကိုကျင်းပပြန်ရေ။ အေကွန်ဖရန့်စ်ကို ဦးဆောင်းကျင်ပရေ ဂေါင်း ဆောင်ကတော့ခါ ဆရာတော်စိန္တာနန့် ဗုံပေါက်သာကျော်ရို့ပါ။ ယင်းကွန်ဖရန့်စ်ကို ဗိုလ်ချုပ်အောင်ဆန်း ရောက်လာပြီးကေ မြန်မာနိုင်ငံ၏ လက်ယှိနိုင်ငံရေးနန့် အနာဂတ်နိုင်ငံရေးအခြီအနီရို့ကိုတင်ပြခရေ။ ပြည်ထောင်စုမြန်မာနိုင်ငံ ပေါ်ထွန်းလာဖို့အတွက် ဗိုလ်ချုပ်အောင်ဆန်းစည်းရုံးနိုင်ခရေ။
၁၉၄၈ခုနှစ်မှာ မြန်မာပြည်လွတ်လပ်ရေးရေခါ ရခိုင်စွာ ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းမှာ တိုင်း တစ်တိုင်း အဖြစ် ပေါ်ထွန်းလာခရေ။
(အေဆောင်းပါးစွာ Ashin Okkantha ရီးသားရေ History of Buddhism In Arakan – A Thesis Submitted for Ph.D Degree Of The University Of Calcutta, 1990 စာအုပ်ထဲက Buddhism In British Arakan (C.A.D 1826-1984) ကို အကျဉ်းချုပ်လို့ ဘာသာပြန်စွာ ဖြစ်ပါရေ။)
မူရင်း။ ။ ရခိုင်မဂ္ဂဇိန်း ၃၀ ပုလဲရတု၊ စာမျက်နှာ ၃၇၊ ၂၀၀၈ခုနှစ် ဒီဇင်ဘာလ ထုတ်။
0 မှတ်ချက်:
Post a Comment