ကျားဆိုးကြီးတစ်ကောင်၊ သားကောင်တစ်ကောင် ဖမ်းအုပ်၊ မလွတ်တမ်းကိုက်စား၊ ညဉ့်လည်း ကြွတ်ကြွတ်။ နိန်လည်းကြွတ်ကြွတ်မွား။ ဇာအချန်ကပင် ဖမ်းစားထားစွာလေ့မသိ။ အေအကြောင်းနန့်ပတ်သက်ပြီးကေ ဇာလူကလေ့ ရေရာစွာသိနိုင်လိမ့်မေမဟုတ်ထင့်ယင့်လေ။
သို့သော်….မျက်လုံးကိုဖွင့်ကြည့်လိုက်ချိန်မှာတော့ မိမိ၏ မဟူရာတောင်ထက်မှာ ဗျိုင်းကောင်တိတစ်ချို့ လာအိပ်နိန်ကတ်ယာ။ မို့အိအိ လယ်ကွင်းထဲမှာ မြီကွဲတိ ဖြာယာကွဲလို့။
လိုက်ဖမ်းထားရေ ကျားဆိုးကြီးလက်ထဲက သားကောင်၏ပုံပန်းက အထိုက်အလျောက် ပျက်နီယာ။ အချိန် မှန်မှန် တွန်တတ်တေ ခြီထောက်ရှည်ရှည်နန့် ကြက်ဖကြီး၏ အသံကိုတမ်းတ။ အမွှီး၊ အတောင် မစုံလင် သိရေ ကြက်ဖသျှေကလေ့ မတွန်တတ်သိ။
အက္ခရာမဲ့ ဂဏန်းပိုင်ကားနီရာမှာ ၆က-တိ၊ ၇က-တိကိုပါ တွိလာရ။ ခြာချဉ်အုံကို တုတ်နန့်ထိုးရေပိုင် တပြုတ်ပြုတ်၊ တရွရွနန့် ဆိုက်ကားတိ ယှုပ်ယှက်ခတ်။
လမ်းမကြီးထက်မှာ ဂန္တ၀င်အိမ်တိပျောက်၊ မော်ဒန်အိမ်တိရောက်၊ အချို့ကတော့ မော်ဒန်အိမ်ကို ဂန္တ၀င်ပုံစံ ဆောက်။
ဒူနာလမ်းတိရေ ရေစီးထဲမှာမျောပါလား။ အောက်ခံကျောက်တုံးတိက သရဲသဘက်ပိုင် ပြူးပြဲခြိမ်းခြောက်။ အချို့နီရာမှာ လမ်းသစ်ထပ်တိုးလာ။
‘ဟိုတယ်’လတ်။
‘တည်းခိုခန်း’လတ်။
‘ဧည့်ရိပ်မွန်’လတ်။
ဈီးကွက်စီးပွါးရေးနန့် အတူပေါ်လာရေ စကားလုံးတိ။ အသိုက်အမြုံတိ။
‘အ-ထ-က(၁) ’အယင့် အယင့်ကတော့ ‘ဂါမန်း’။ ယင်းတက်စာ စာလုံးအသစ်တိ တစ်လုံးပြီးတစ်လုံး ပြောင်းလို့ ပြောင်းလို့ လာလတ်စွာ ကြည့်….
‘ဒေသကောလိကပ်’လတ်။
ယင်းပြီးနောက် အဂုတစ်ကိမ်တော့ အန္တိမအဆင့် ရောက်လာယာထင်ယင့်။
‘……တက္ကသိုလ်’
ပြောင်းလဲလာမှုတိ။ အမှတ်အတေးပြုမိမှုတိ။
အယင့်အယင့်ကဆိုကေ ဆန်စက်တိ တဂြုန်းဂြုန်း လည်ပတ်သံ။ ဖွဲပြာတိ တဖြုတ်ဖြုတ်လွင့်ပျံ့။ ဖြုတ်ဆန်နံ့တိက ပွင့်အန် အဂုတော့ ယင်းယှင့်တိကွယ်ပ။
တစ်ခါတစ်ရီ အလိုက်သင့်ကေ ပိုက်ဆိုက်ကရွင့်လာရေ အနံ့တိကြောင့် နှာခေါင်းကို ပိတ်ဆို့ခရစွာလည်း အမှတ်သတိပြုမိတုန်း။ အဂုအခါမှာတော့ ဒုံနာလမ်းမထက်မှာ ပလာတူးတိ ထလန်းကား။ ဂဏန်းတိ ဆောင်းဒူထဲက ထွက်ပျာ ရက်ချန်ဖျားတတ်တဲ့သူ။ ရောက်ရာရပ်ကွက်ကို နားမလည်နိုင်စွာကြည့်။ ပုစွန်တိက ရီးပုံးထဲမှာအိပ်ကာ လီယာဉ်ပျံစီးဖို့စောင့်ဆိုင်း။
လမ်းမထက်က ဈီးသည်မဗန်းခံမှာ ‘ငါးကမ္မဌာန်း’ ကောင်တိ ခေါင်းတစ်လုံးနန့် အရိုးသတ်သတ်။ အလယ်ကောင်က အသားကို အသူက စားလား…? ဖျံနှစ်ကောင် ရန်ဖြစ်တေ ၀တ္တုကို အသျှေက သင်ရရေ။ ခဲဝါက လူပါးဝပြီးကေ ၀မ်းပျဉ်းသားကို ယူပနာ ထွက်ပြီးလားစွာ။
အဂု….ခဲဝါယူလားစွာလား…?
ထိုအိမ်၊ ဒေအိမ်၊ ဆိုင်ကြီး၊ ဆိုင်သျှေ မြင်မြင်သမျှမှာ ခဲဝါပုံ။ မဟုတ်သိကား။ မျက်မှန်တပ်မှ ၊ စိစိကြည့်ခါမှရာ။ ခဲဝါမဟုတ်။
Tiger ကျား၊ ကျား…၊ကျား…..။ အိမ်တိုင်းလိုလိုကျား။ ဆိုင်တိုင်းလိုလိုကျား။ ကရ၀ိတ်ဖေါင်စီးနီရေကျား။
ငါးအလယ်သားကိုစားစွာ၊ ခဲဝါမဟုတ်စွာသေချာပေါက်။ ကျားစားစွာရာဖြစ်လိမ့်မေဟန်။ ဒေအတိုင်းဆိုကေ မလွယ်သိ။ တောကကျား လူကြားထဲဝင်လာကေ မလွယ်သိ။
သမ္မုဒ္ဓေ၊ အဋ္ဌ၀ီသဉ္စ…သဉ္စ။ မလုံလောက်သိ။ ဥုံ…ကိုပါထည့် ပီးမှထင်ရေကား။ ဥုံကိုလည်း ရင်သံနန့်ရွတ်ရဖို့။ ယေမှ…။ ယေမှ…။
ဥုံ…သမ္မုဒ္ဓေ အဋ္ဌ၀ီသဉ္စ ဒွဒသဉ္စ
ဥုံ... ဣတိပိသော ဘဂ၀ါ
ဥုံ... ဣတိပိသောအရဟံ
ဥုံ… အဋ္ဌနမေတံ၊ ဥုံ…ဥုံ
ရွတ်ကတ်၊ ဖတ်ကတ်။ ယဿနုဘာဝတောယက္ခ။
ပရိတ်ကြီး(၁၁) သုတ်ပါထည့်ကတ်လူရို့။
အိမ်း…သိယာ။ အမြောင်အမြင် ဟိရေ လူကြီးလူကောင်းတိ ဟိစွာရာမလားယေ။ ယေနန့်ထင်ရရေလေ။ ရပ်ကွက်တိုင်းမှာ
ပဋ္ဌာန်းရွတ်ပွဲနန့် ဗုဒ္ဓပူဇနိယ ဓမ္မသဘင်ကျင်းပကတ်စွာ။ ဟုတ်နိုင်ယင့်။
သို့သော်ရွက်ဖတ်ရုံနန့်မပြီးသိ။ တရားရုံးနန့်မပြီးသိ။ ကျားကအများကြီး။ တစ်ကောင်မဟုတ်။ အကျိုင်ပြတ်။ ယေနန့် တရားဆိုစွာရွတ်ဖတ်၊ နာကြားရုံမဟုတ်။ ကျင့်ကြံအားထုတ်ပါမှ။
ကျားစာမဖြစ်အောင် ကျင့်တတ်မှ။ ကျင့်- ဆိုစွာ အလေ့အထ။ အလေ့အထကို သီလလို့ခေါ်ရေလတ်။ သီလဟိမှ။ အထက်က ကိုယ်ရုံတံဘက်တင်ရုံ၊ လက်မှာ စိတ်ပုတီပတ်ရုံနန့်မရ။ ကိုယ်ရုံတင်စွာက အပြင်ပန်း။ ပုတီ ပတ်စာက ဟန်ပြ။ အကယောင်းက ကိုယ့်ဘာသာကိုယ် ထိန်းသိမ်းဖို့။
ထော….။
ပန်လင်ရွက်ခတ်သံနန့် ရောပြီးကေ အသံတစ်သံ။ နားထောင်…။
“အမျိုးသီလ နှစ်ဌာနကို …
ပြည့်ဝမဏ္ဍိုင်စောင့်စွမ်းနိုင်ရေ”လတ်။
ဟုတ်ပါယင့်။ အရှင်နာဂိန္ဒမော်ကွန်းလတ်ယေ။ ဆုံးအောင်မရထင်ယင့်။
က။….အမျိုး
ခ။…..သီလ
ကျားမစားရအောင်စောင့်မှ….
ကြည့်စမ်ချက်။ ဒေမှာတစ်တိုင်သား။
ကြွပ်ကြွပ်အိပ်ချေတိကိုင်လို့။ အသူရောင်။
လခြမ်းအရောင်က မှိန်မှိန်ပျပျသျှေ။ ကာဆီးထားရေ ကျောက်စိမ်းတံတိုင်းကို ထုခွဲပနာ ရုန်းထွက်လာရေ လခြမ်းရေ ဖန်သားကြမ်းပြင်ကို ငုံ့ကြည့်လို့။ ပျော့တော့အလင်းရောင်အောက်မှာ….
ဘီယာဖရာကလား……?
အီသီယိုပီးယားကလား….?
မိုင်ပေါင်းများစွာ ၀ီးရေနီရာတိက တိုင်းသားမဟုတ်နိုင်။ သူရို့မှာ အကောင်မပါ။ ခြီထောက်မပါ။
မင်းမသူရောင်….?
‘လမ်းခြ’ ကလူသား ဟုတ်လား…..? လမ်းခြဆိုစွာကဇာ?
ဈီးကွက်စီးပွါးရေးအာကာသယာဉ်ကို စီးလို့လာစွာ လတ်ယေ။ ၀မ်းချပူသျှေနန့် နံရိုးတိ ကြဲလို့။ ခေါင်းတစ်လုံးရာ အကြီးသန်။ ငါးကမဌာန်းရုပ်နန့် အတူတူယာထော နုံး နုံး/ နုံး။
သူလက်ထိပ်မှာ ကပ်နီရေ ထမင်းစိသျှေတိကို လျှာနန့်လျှက်ကာ လျှက်ကာ။
အယင်က သူရို့တိကို မမြင်ဖူး၊ မတွိဖူး၊ အဂုတွိမြင်လာရရေ လခြမ်းမြီက ဂြိုလ်သားချေတိ။
သူရို့မှာ ကျောင်းစိမ်းခယောက်/ ထဗီမဟိ။
သင်ပုန်းမဟိ၊ ကျောက်တံမဟိ။
လွယ်အိတ်မဟိ။ အဟိ….အဟိ…အဟိ
ဇာဟိဖို့လဲလေ။ သူကေ ဒေကလူကမဟုတ်။ လခြမ်းမြီကလူ။ လ,ကလာရေလူ။ သူ့ဝတ်စုံရေ၊ ဒေကလူဝတ်စုံနန့်မတူနိုင်။ ဒေကစွာတိ၊ ဒေကယဉ်ကျေးမှုရေ သူ့အတွက်အသုံးမ၀င်။
လွယ်အိတ်တက်စား ကြွပ်ကြွပ်အိပ်ရေ အရီးအကြီးဆုံး။ သူ့မှာ သင်ပုန်းမလို ကျောက်တံမလို။ မလို….မလို။
လခြမ်းသျှေရီချိုးမဆက်ခင်မှာ သူ့ရို့ကြွပ်ကြွပ်အိပ်ထဲကို တစ်စုံတစ်ရာ ရောက်လာဖို့ကိုလို ရီပြနိန်ယင့်။
သို့သော်….
သူ့ရို့၏ချစ်ခြင်းကို ဇာလူကတာဝန်ယူဖို့။
ဇာလူက အာမခံနိုင်ဖို့….။
ဝါကြီးတစ်ယောက်က သူ့နီရာက မဆုတ်ချင် ဆုတ်ချင်နန့်ဆုတ်။
ကလေသျှေတစ်ယောက်က သရူးပြီးလာနိန်ချိန်။ ကြက်ဦးတွန်သံကို ကြားရ။
ထိုမှ…..ထော!
မိုးသောက်ထကြယ် ရှုးလို့။
နက်ဖြန်ဇာရက်လဲယှင့်။
မိုက်ခရိုဝေ့ဗ်တိုင်မှာတော့ ငွိရဲဖြီးခုံးတစ်လက် ညှပ်လို့။ ပန်လင် ရွက်ခတ်သံနန့် ပါလာရေ လီညင်းထဲမှာ ဆားအငွိ့နှောရေ သဇင်ရနံ့။ ဟိင့်….မဟုတ်ကာ။ သဇင်ကလေ သဇင်စစ်မဟုတ်ယာ။ ဂျိုင်းနိစ်တိစ်နည်းနန့် မျိုးပွါးသဇင်။ ရနံ့က ရီမွှီးမျိုးစုံရနံ့။
နက်ဖြန်ခါ ကြွပ်ကြွပ်အိတ်ကိုင် လူသားသျှေတိရေ ရီမွှီးရနံ့ပါရေ သဇင်ရနံ့သစ်ကို ယှူယှိုက်ခွင့်လိုင်စင်ဟိ..မဟိ။ ကွန်ပျူတာထဲထည့်ပနာ
မီးကြည့်ကတ်မေ။
အဖြေဇာယှောင်လဲလို့ သိရအောင်လေ။
ပန်းအောင်
မူရင်း။ ။ လခြမ်းမြီမဂ္ဂဇိန်း၊ အမှတ် ၂၊ စာ ၉၇၊ ၁၉၉၉ ခုနှစ်၊ ရခိုင်သားကြီးစာပီ၊ အမှတ် ၅၅/ခ၊ ကျွန်းရွှေဝါလမ်း၊ ဘုရင့်နောင်ပွဲရုံတန်း၊ ရန်ကုန်
0 မှတ်ချက်:
Post a Comment