“အမှောင်ကိုခွင်း၊ အလင်းကိုဆောင်၊ ရခိုင်အလင်းရောင်။” စာပီမြင့်မှ လူမျိုးမြင့်ရေ။ စာပီပျောက်ကေ လူမျိုးပျေက်တေ။ ရခိုင်လူမျိုးလွတ်လပ်ချင်ကေ ရခိုင်စာကို အယင်သင်ကတ်။
ကျွန်တော်ရို့၏ “အမှောင်ကိုခွင်း၊ အလင်းကိုဆောင်၊ ရခိုင်အလင်းရောင်”ဘလော့သည် အိန်တာနက်ထက်မှာ တက်လာသမျှ ရခိုင်ဘာသာနန့် ဆောင်းပါး၊ကဗျာ စသည်တိကို ရှာဖွီတင်ဆက်ဖို့အတွက် စမ်းသပ်ပြုလုပ်နိန်ပါသည်။ လိုအပ်ချက်တိဟိပါက c'box မှာအမှာစာရေးထားခကတ်ပါ။ အတတ်နိုင်ဆုံး အကောင်းဆုံးဖြစ်အောင် ကြိုးစားနိန်ပါသည်။ ဆက်သွယ်ချင်ပါက alrevelation@gmail.com ကိုဆက်သွယ်နိုင်ပါရေ။

မိမကိစ္စ ဤသို့ကြားလိုက်မိပါ၏

ဝူဖေဆန်

“သျှိန်ဒိုင်အကနန့် ဗုဒ္ဓပူဇနိယအက” ကို ၁၉၆၆ခုနှစ် ၁၉ ကြိမ်မြောက် ပြည်ထောင်စုပွဲတော်မှာ စစ်တွေမြို့နယ် ယဉ်ကျေးမှုအဖွဲ့က ကပြဖျော်ဖြေတင်ဆက်ခလီရေလို့ သိရပါရေ။

ဒေအကကို သျှစ်သောင်းပုထိုးတော်ကြီး အတွင်းဘက် ထရံမှာဟိရေ ရုပ်ကြွတ်တိကို အခြီခံပနာ တီထွင်ဆန်း သစ် ထားစွာလို့ ဆိုယင့်။ ဒေအကရို့ရေ တြိဘင်္ဂစလာရေလို့ အဆိုပြုချက်ကိုလေ့ တွိရေကား။

ရခိုင်အကနန့် ဗမာအကရို့ရေ ယင်းအတွက်နန့် အခြီခံကစပြီးကေ ကွဲရေလို့ သိရရေ။ ဗမာမှာက “ဘယ်ခြီ ညာ လက်” အခခြီခံ၊ ရခိုင်မှာက “ဘယ်ခြီ ဘယ်လက်” မတူကတ်။

ဗုဒ္ဓပူဇနိယ ယိမ်းအကရေ ပြည်ထောင်စုကပွဲကစပြီးကေ လူသိများပါလတ်တေ။ ယိမ်းအကကလေ့ ကြည့်လို့ ကောင်း။ ယင်းမှာပါရေတေးခြင်းက သာယာနာပျော်ဖွယ်ဟိ။ ယေနန့် အဂုထက်ထိ ရခိုင်ရို့နှလုံးသားမှာ ဆီမှင် စွန်းထင်းမှု မပျက်ပြယ်သိစွာလို့ ဆိုချင်ရေ။

ဗုဒ္ဓပူဇနိယယိမ်းအကမှာ ဆိုထားရေတေးခြင်းက မဟာမုနိမှာ ဆွမ်းတော်ကပ်လှူရေအခါရို့၊ ဆီမီးပူဇော်ရေ အခါ ရို့မှာ ဆိုစွာတေးခြင်းလို့ ဆိုရေကား။ တေးခြင်းအသွားမှာ ရခိုင်ရိုးရာကျေးလက်တေးသွားမျိုးလို့ မှတ်ချက်ကိုလေ့ တွိမိယင့်။ အတီးကိုတော့ခါ “စည်”နန့် “ပလွီ”ကို ဦးစားပီး တီးမှုတ်ထားစွာကို ကြားနိုင်ပါရေ။


ယေနန့် “ဗုဒ္ဓပူဇနိယအက”ဆိုစွာ ဆောင်းတွင်းအိပ်မက်အရ ပေါ်လာစွာမဟုတ်၊ မိဘမဲ့မဟုတ်။ မာန်အောင်နွယ် ခေါ် ရွှီနွယ်လို့ဆိုရေ သကြားလညှက်ပင်မဟုတ်။ အခြီခံအုတ်မြစ်နောင်းနောင်းနန့် အကဆိုစွာကို ရခိုင်အမျိုး သားရို့အနီနန့် ဂုဏ်ယူစရာ မဟုတ်ပါလားယေ။ အကအနီနန့် ကောင်းရေပိုင်၊ အဆိုပိုင်းဆိုင်ရာ တေးခြင်းကလေ့ ကောင်းဖို့ဆိုစွာ ပြောခီရဖို့သိလားယေ။

ဆွမ်းတော်ကပ်ရာနန့် ဆီးမီးပူဇော်ရာမှာဆိုကတ်တေ တေးခြင်းဆိုတော့ခါ ဝေးသတ်ပစ်လိုက်ဖို့စွာ အစွာဟိပါဖို့ ရောင်။ အားလုံးအားလုံး ကောင်းရေလို့ ရင်ကော့ပြီးကေ ၀င့်ကြွားစွာနန့် …….။

ဒေအက၊ ဒေတေးခြင်း တီထွင်ဖန်တီးထားရေ ပညာသျှင်ရို့ကို ရခိုင်အမျိုးသားအားလုံး ကျေးဇူးတင်ထိုက်စွာ ပြောဖို့လိုဖို့သိလားယေ။ ရခိုင်အမျိုးသား ယဉ်ကျေးမှု ဂုဏ်သိက္ခာပန်းပွင့်ရေ ပြည်ထောင်စုအ၀ှန်း ထုံသင်းမွှီးပျံ့ ကြိုင်လှိုင်လို့။

ဒေအက ဒေတေးခြင်းရေ ယင်းစဉ်အခါက ပြည်ထောင်စုပွဲတော်မှာ အသရေတင့် မျက်နှာပွင့်ခလီရေလို့ “ဧ၀ံ မေသုတံ” လိုက်ရယင့်။


တေးခြင်းက ဤသို့

ဝိုင်းမှအဆို။ ။ (အို …. မုနိဘဂ၀ါ)
အားလုံး။ ။ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။ ဓမ္မံ သရဏံ ဂစ္ဆာမိ။ သံဃံ သရဏံ ဂစ္ဆာမိ။

(၁) အင်္ဂီရသံ ဘွဲ့ထူးခံ၊ ငါးမာန်အောင်ရ၊ ကိုးပါးဂုဏ် စုံပြည့်ဝကေ၊ မြတ်ဗုဒ္ဓလေ ..မြတ်ဗုဒ္ဓ။ ကယ၀စီ မနောချီ၊ အဉ္စလီသ၊ ကျွန်ပူဇော် ဂုဏ်တော်မြတ်ကို၊ ဦးညွှတ်ခလေ… ဦးညွှတ်ခ။ (ဗုဒ္ဓံမယံ ပူဇေမိ) ၃

(၂)။ ။ ဒေသနာဉာဏ်၊ နီရောင်လျှံ၊ ခြောက်တန် ဂုဏ မပျက်မှန်၊ စုံပြည့်ဝကေ၊ မြတ်ဓမ္မလေ .. မြတ်ဓမ္မ။ ကာယ၀စီ၊ မနောချီ၊ အဉ္စလီသ၊ ကျွန်ပူဇော် ဂုဏ်တော်မြတ်ကို၊ ဦးညွှတ်ခလေ …. ဦးညွှတ်ခ။ (ဓမ္မံမယံ ပူဇေမိ) ၃

(၃)။ ။ ဘုရားသားမွန်၊ သံဃာမွန်၊ သျှစ်တန်အရိယ၊ န၀ဂုဏ် စုံပြည့်ဝကေ၊ မြတ်သံဃလေ …. မြတ်သံဃ။ ကာယ၀စီ၊ မနောချီ၊ အဉ္စလီသ၊ ကျွန်ပူဇော် ဂုဏ်တော်မြတ်ကို၊ ဦးညွှတ်ခလေ …. ဦးညွှတ်ခ။ (သံဃံမယံ ပူဇေမိ) ၃

(၄)။ ဗုဒ္ဓ၊ ဓမ္မာ၊ မြတ်သံဃာ၊ သုံးဖြာဂုဏ၊ လက်ဆယ်ဖြာ၊ ပဏာသဘိ၊ ၀န္တာမိလေ ….. ၀န္တာမိ။ ရှိခိုး ပူဇော် ကျွန်ပူဇော်၊ အဟောဝတ၊ သုခမှန် နိဗ္ဗာန်နန်းကို၊ မြန်းရစီလေ …. မြန်းရစီ။ ဗုဒ္ဓံ မယံ ပူဇေမိ၊ ဓမ္မံမယံ ပူဇေမိ၊ သံဃံမယံ ပူဇေမိ။

(၅)။ မာတာပီတာ၊ မြတ်ဆရာ၊ ချမ်းသာသုခ၊ စုံပြည့်ဝရန်၊ ဆုပန်သဘိ၊ နမာမိလေ ….. နမာမိ။ ပညဘာဂံ အဖို့မွန်၊ အကျွန်ပြုရ မြတ်ကုသိုလ်၊ ထိုဒါနကို၊ အမျှဝီလေ …… အမျှဝီ။ သဗ္ဗဒါနံ ဒဒါမိ။ (ဦးဘစံ၊ ရက္ခမဏ္ဍိုင်၊ အမှတ် ၁၊ စာ ၉/၁၀)

ဒေတေးခြင်းကိုဆိုရေ အဓိကလူ၏ အသံသြဇာရေ တေးခြင်းကိုပိုပြီး လေးနက်စီရေ၊ တေးခြင်းနန့် ဆိုရေလူရို့၏ အံဝင်ဂွင်ကျမှုလေ့ တေးတစ်ပုဒ်၏ အောင်မြင်မှုအတွက် မဟိမဖြစ် အချက်မဟုတ်လားယေ။

ဒေတေးခြင်းကို ဆိုလာစွာရေ နှစ်ပေါင်း ၃၀ ကျော်ပါလတ်ယာ။ ယေဒါလေ့ အိုး စာလေ့မသိ၊ ဆေးခြင်းကို ဖန်တီးခရေလူ ဆိုခရေလူရို့ကတော့ ဇရာနယ်ထဲကို ရောက်လီလိမ့်မေ။ အချို့ဆိုကေ ဘ၀ဖြစ်မှုလိုင်စင် သက်တမ်းကုန်လီလိမ့်မေ။
လူနန့်အနုပညာမှာ အနုပညာသက်တမ်းက လူ့သက်တမ်းထက် ကြာရှည်တက်တေ၊ နိယာမ၏ သက်သီ ယာလေး။ ဒေတေးခြင်းကို မက်မောစွာ ဖက်ထွီးလာရေ မိမိသည်ပင် ရွှီရတုဘူတာကို ၀င်လားလီယာကားယေ။ ယေဒါလေ့ နှစ်သက်ဆဲ မက်မောဆဲပါသိ။

ထို့ ……. ပက်ကြူ--ပက်ကြူ


တစ်ရက်နိ့ခါ မိမိဘက်ကို မြန်မာစာအထူးပြု မဟာဝိဇ္ဇာကျောင်းသားသျှေတစ်ယောက် ရောက်လာရေ။ သူက “ရခိုင်ရိုးရာအက”နန့် ဘွဲ့ယူစာတမ်းတင်ဖို့ ကလေချေ တစ်ယောက်ဖြစ်တေ။ သူနန့်ပြောဟောနီယတ်ပင်း ဗုဒ္ဓပူဇနိယ အကအကြောင်းကို ရောက်လားရေ။
မိမိက အကအကြောင်းကို ဇ.န.၀ သိရေလူမဟုတ်၊ ယေလေ့ ဗုဒ္ဓပူဇနိယအကကို ဘယ်သည်ယှောင်၊ ဘယ်ဝါယှောင်နန့် ဂုဏ်တင်ပြီးကေ ချီးမွမ်းခန်းဖွင့်ပါရေ။ မိမိက ကြိုက်နှစ်သက်စွာကို မိုးသီးပေါက်ကျရေပိုင် ဖြောက်ဖြောက်ဆာအောင်ပြောလို့ တန့်ရေခါမှာ မဟာဝိဇာသျှေက သူလေ့ကြိုက်နှစ်သက်ကြောင်း မိန့်ဟမြွက် ကြားလာပါရေ အသျှင်ရို့။

ယေပြီးကေ……..
ယင်းတေးခြင်းမှာ ဘ၀င်မကျစွာတစ်ခုပါရေလို့ထင်ပါရေ
ဇာကိုလည်းဝေ ဘ၀င်မကျစွာ
ခက်စွာမဟုတ်လား၊ ဒေနိန့်အသျှေတိရေ လူကြီးသူမတိ လုပ်ထားစွာကို ဒေပိုင်ဝေဖန်လာ၊ ဖယ်သတ်လာကတ် ပါရေကားယေ။
သူက ပါဠိဝါကျတည်ဆောက်မှုကို ပြောပါရေ။ ပါဠိမှာ ကတ္တားနန့်ကြိယာရေ ဧက၀ုစ်ဧက၀ုစ်ချင်း၊ ဗဟုဝုစ် ဗဟုစ်ဟု ၀ုစ်ချင်းလီရကြောင်းကို ပြောပါရေ။

“အဟံသြဒနံ ပစာမိ” ကိုကြည့်ကေ ကတ္တားနန့် ကြိယာ( Agree) ဖြစ်နိန်ရေ။ ‘ဟံ’ ကတ္တားကအနည်း၊ ‘ ပစာမိ’ ကြိယာကလေ့ အနည်းဖြစ်တေ။ ကံပုဒ်ဖြစ်တေ ‘သြဒနံ’ က ဧက၀ုစ်ထားချင်ကေထား၊ ဗဟုဝုစ်ထားချင်ကေ ထား၊ ရပါရေ။ ကတ္တားဗဟုဝုစ်ဆိုကေ ‘မယံ’ အဖြစ်ထားရမေ။ ကြိယာကိုကျကေ ‘ပစာမိ’ ထားလို့မရယာ။ ‘မိ’ ဆိုကေ ၀ိဘတ်က ပစ္စုပ္ပန်ကာလမှ သက်ရရေ။ ၀တ္တာမာန် ဧက၀ုစ်ဝိဘတ်ဖြစ်ပါရေ။ ဒေနိန်ရာမှာ ‘ပစာမ’ ရာဖြစ်ရပါလိမ့်မေ။ ‘မယံသြဒနံပစာမ’ ရာဖြစ်ရပါဖို့။ ဒေစွာရေ ပါဠိဘာသာ၏ ၀ါကျတည်ဆောက်မှု ဖြစ်ပါရေ။ တစ်ခုတော့ဟိပါရေ။ ကတ္တားနန့် ကြိယာ မညီစွာ။ ဇာအဓိကထားဝါကျလဲ။ ကံအဓိကထားဝါကျလား။ ကတ္တား အဓိကထား ၀ါကျလား။ ကတ္တားဟောကံဟောလို့ပြောလို့ရပါရေ။ ကံဟောမှာတော့ခါ မညီလို့ရပါရေ။ အခုပြော ရေ ‘အဟံသြဒါနံပစာမိ’ ‘မယံသြဒနံပစာမ’ ၀ါကျမှာ အစွာဟောလေး။ အစွာက အဓိကလဲကြည့်ကေ ကတ္တား အဓိက၊ ကတ္တားဟောဖြစ်တေ။ ယေနန့်ကတ္တားကြိယာ ညီယာ ညီရပါလိမ့်မေ။

အေ…..အေ…. မဟာဝိဇ္ဇာသျှေ ဗုဒ္ဓပူဇနိယအကကို ပြောရာက နီပနာ၊ အဂု ပါဠိသဒ္ဒါကိုရာ ပြောနီပါကား။ အစွာပိုင် ဆက်စပ်နီရောင်။
မိမိနားမလည် ယေနန့် ……….

“မင်း အစွာကိုပြောချင်လို့ အဂုပိုင် ပြောနိန်ရောင် ဝေး”လို့ ဒါရိုက် ယှူးပစ်တေခါမှရာ ….။ သူက …. “ဗုဒ္ဓပူဇနိယ မှာ အဂုသည်ကပြောစွာပိုင် ကတ္တာနန့် ကြိယာ agree မဖြစ်စွာကို တွိနီရပါရေ ဘေးဘေ”

“ဟှာ .. အစွာဖြစ်တေ”
“ဗုဒ္ဓံမယံပူဇေမိ လို့ဖြစ်နီရေ”
“ဟုတ်ယင့်လားဝေး အစွာပညာသျှင်တိ ပြောထားစွာမင်း။ မင်းစွာကို ပြန်လိလာကြည့်ပါအုံးသိ။”
“ဘေးဘေကလေ့ အကျွန်အသေအချာ လိလာပြီးကေ ပြောစွာပါ။ လူကြီးသူမတိပြောစွာကို မယုံလို့မဟုတ်ပါ ဘေးဘေ”
ထိုနိ့က မဟာဝိဇ္ဇာသျှေ ပြန်လားခရေအခါမှာ သူထောက်ပြစွာကို အသေအချာ လိလာကြည့်ရေ။ ယေခါမှ မျက်လုံးပြူးလားရေ။
ထို့ ……. ပက်ကြူ- ပက်ကြူ
အလန့်တကြား ပက်ကြူထိုးကား ရင်မလျက်နန့် ….။

ပါဠိသဒ္ဒါကို လှန်ဗျယ်ကြည့်ကေ

“ဗုဒ္ဓံမယံပူဇေမိ” ကို လှန်ဗျယ်ကြည့်ရေအခါမှာ ……..
ဗုဒ္ဓံ = မြတ်စွာဘုရားကို၊ မယံ = ငါရို့သည်၊ အကျွန်ရို့သည်၊ ပူဇေမိ = ပူဇော်ပါ၏၊ မြတ်စွာဘုရားကို အကျွန်ရို့ သည် ပူဇော်ပါ၏။
ဗုဒ္ဓံ - ကံပုဒ်၊ မယံ - ကတ္တားပုဒ်၊ ပူဇေမိ - ကြိယာပုဒ်။
ဗုဒ္ဓံ ပုဒ်ကိုကြည့်ကေ ပုလ္လိင် အကာရန္တပုဒ်၊ ဒုတိယဧက၀ုစ် အံဝိဘတ်နန့် စီရင်ပြီးစီးလားခရေ ကံပုဒ်အဖြစ် တွိဟိရရေ။ ထိုနည်းလည်းကောင်းယာ ဓမ္မံ၊ သံဃံလည်း ဗုဒ္ဓပုဒ်နန့် အတူတူ။

မယံပုဒ်ကို ကြည့်ရေခါ။ မယံ၏ မူလပုဒ်က အမှ သဒ္ဒါဖြစ်တေ၊ အမှသဒ္ဒါဖြစ်လို့ သဗ္ဗနာမ်ပုဒ် ဂိုဏ်းဝင်ဖြစ်တေ။ လိင်အနီနန့်က ပုလ္လိင်၊ ဣတ္ထိလိင်၊ နပုလ္လိင် သုံးလို့ရရေ။ ယေနန့် “အ-လိင်”လို့ သတ်မှတ်ကတ်တေ။
“မယံ”နန့် အနက်တူပုဒ်တိ ဟိသိရေ။ “အမှေ၊ နော”ရို့ဖြစ်တေ။ မယံဆိုစွာ သဗ္ဗနာမ်၊ အကာန္တ၊ အလိင် ပထမာဗဟုဝုစ် ယောဝိဘတ်နန့် ရုပ်ပြီးနီရေ ပုဒ်ဖြစ်တေ။ မယံကို အမှလိင်တည်၊ မယံ-ငါရို့ အကျွန်ုပ်ရို့သည်။ ပထမာ ဗဟုဝုစ်ယောသတ်၊ မယံယောမိပဌမေ သုတ်ဖြင့် ယောဝိဘတ်နှင့်တကွ “အမှ”သဒ္ဒါကို “မယံ”ပြု ပြီးရေ။
“မယံ” ပုဒ်က ဗဟုဝုစ်လို့ သိလောက်ယာ။ ဧက၀ုစ်ပုဒ်က “အဟံ” ဖြစ်တေ။ အဟံ= ငါသည်၊ အကျွန်ုပ်သည်လို့ အနက်ပီးရရေ။

‘ပူဇေမိ’= ပူဇော်ပါ၏။ ‘ပူဇေမိ’ကို ကြည့်။ ဒေကြိယာကိုမြင်စွာနန့် ကတ္တာပါးစရာမလို၊ ကတ္တားဇာလဲ သိနိုင်ရေ။ အစွာဖြစ်လို့လည်းဆိုကေ မိဆိုရေ၀ိဘတ်။ ကြိယာနောက်ပစ္စည်းကိုမြင်လို့ ပြောသူနာမ်စား ကတ္တားပုဒ်ဟိရမေ လို့ အတတ်ပြောနိုင်ရေ။ အချိန်ကာလကိုကြည့်ကေ ပစ္စုပ္ပန်ကာလလို့ အတိအကျပြောလို့ရရေ။ ပူဇော်နီတုန်း အချိန်ဖြစ်တေ။ ထို့ - ရွှီ၊ ဆိုလို့မရလောက်အောင် သေချာရေ။ အများပူဇော်လား၊ မဟုတ်၊ တစ်ယောက်တည်း ရာ ပူဇော်ရေလို့ ပြောလို့ရရေ။
‘ပူဇေမိ’ ဆိုရေ ကြိယာပုဒ်ကို အတိအကျအနက်ပီးရဖို့ဆိုကေ ‘အကျွန်ုပ်သည် အဂုပူဇော်နီ၏’ ပီးရလိမ့်မေ။
‘ဗုဒ္ဓံသရဏံဂစ္ဆာမိ’ ၀ါကျမှာ ကတ္တားမပါကေလေ့သော့ ဘုရားကို ကိုးကွယ်ဆည်းကပ်စွာ အသူလဲ၊ အတိအကျ ပြောလို့ရရေ။ ဇာကိုကြည့်လို့ ပြောနိုင်လည်းဆိုကေ အဆုံးက ‘မိ’ ကိုမြင်လို့။

ယေနန့် ……
‘ဗုဒ္ဓံမယံပူဇေမိ’၀ါကျမှာ ကတ္တားက ဗဟုဝုစ်၊ ကြိယာက ဧက၀ုစ်ဖြစ်နီစွာကို အသေအချာတွိရရေ။
ယင်းတေးခြင်း အပိုင်း (၅) အဆုံးမှာ ……..
‘သဗ္ဗေသာနံ ဒဒါမိ’ဆိုစွာ တွိရပြန်ရေ။

‘သဗ္ဗေသာနံ’ဆိုရေ ပုဒ်လည်း ဗဟုဝုစ်ဖြစ်နီပြန်ရေ။ သဗ္ဗနာမ်၊ အကာရန္တ၊ ပုလ္လိင်၊ စတုတ္ထီဗဟုဝုစ် နံဝိဘတ်နန့် ရုပ်ပြီးနီစွာဖြစ်ကြောင်း တွိရရေ။ သဗ္ဗတည်၊ စတုတ္ထီ ဗဟုဝုစ် နံဝိဘတ်သတ်၊ သဗ္ဗနာမနံ နံမှီစ သုတ်ဖြင့် သဗ္ဗ၏ အစိတ် အသရကို အေသရပြု။ သဗ္ဗသောနံ သံသာနံ သုတ်ဖြင့် နံကို သာနံပြု၊ ‘သဗ္ဗေသာနံ’လို့ ဟိရေပိုင် ‘သဗ္ဗေသံ’လို့လည်း ဟိနိုင်ရေ။ အေစွာ ဗဟုဝုစ်နန့် ပြီးရေရုပ်။ ဧက၀ုစ်နန့်ဆိုကေ ‘သဗ္ဗဿ’ တရုပ်တည်းရာဟိရေ။

‘ဒဒါမိ’ကိုကြည့် ဒါ ဓါတ်၊ အပစ္စည်း၊ ၀တ္တမာန် ဧက၀ုစ် ‘မိ’ ၀ိဘတ်လို့ တွိရလိမ့်မေ။
‘သဗ္ဗေသာနံ’= အလုံးစုံရို့အား။ ‘ဒဒါမိ’= ပီး၏ လို့ အနက်ယောဇနာရပါရေ။ ယေကေဒေမှာ ကတ္တား အစွာမှာလေး၊ မပါ- မပါရေအတွက် ‘အဟံ’ ထည့်ပီးရလိမ့်မေ။

ပါဠိသဒ္ဒါနည်းစနစ်နန့် အချိန်ကို ကိုက်ကြည့်ကေ၊ ကတ္တားအများကြီး၊ ကြိယာအနည်းဖြစ်နီရေလို့ အသေအချာ မြင်တွိနိုင်ပါရေ။ ယေနန့် အစွာပိုင်လုပ်ဖို့လဲ။ ပြော ………….
ပုထုဇဉ်ဆိုစွာ မှားတတ်

ပါဠိဝါကျမှာ ကတ္တားကြိယာအံချောနီကေလည်း ရခိုင်ပိုင်ဆိုစွာမှာတော့ ဧက၀ုစ် အနည်းပြကိန်းကို တွိရပါရေ။ ‘ကျွန်ပူဇော်’လို့။ ‘အကျွန်ရို့ပူဇော်’ လို့ ဗဟုဝုစ်မထား။ ကျွန်ရို့ဆိုရေအသံက နိမ့်ဝင်လားလို့ ‘ရို့’ ကိုဖြုတ်ခစွာလား။ မဟုတ်ဘဲ တစ်ယောက်ချင်းကို ရည်ရွယ်လို့ ‘ကျွန်’ လို့ ဧက၀ုစ်ကိန်းနန့်ဆိုစွာလား။ ‘ကျွန်ပူဇော်’ မှာ အားလုံးကို သံပြောတုန်းနန့်ချည်းတွိရရေ။ ‘ရို့’ ကိုထည့်လိုက်ကေ ထောင့်လတ်မေလို့ တမင်သုံးစွာလား။

ပါဠိဝါကျကို ကြည့်ရေခါ ‘မယံ’ မဟုတ်ပဲ ‘အဟံ’ လိုက်ကေ၀ါ။ ‘မယံ’နန့် ‘အဟံ’ ကိုကြည့်ကေ ဗျဉ်းရာကွာရေ။ သရကတူရေ။ နှာသံသရ ဖြစ်တေ။ ရှိက ဟိရေ အ- ကလည်း အသံတ၀က်ရာဟိရေ။ တူနီရေ။ ဗျည်း၏ ဖြစ်ရာဌာန်/ ဟန်ရာကွဲရေ။ ‘ယ’ က အာခေါင်ပျော့ဌာန်၊ ‘ဟ’ ကလည်စိ (အသံကြိုးပေါက်ဌာန်) ဌာန်မတူလို့ အဆို/ အရွက် မကောင်းရေအတက်နန့် ‘အဟံ’ တက်စား ‘မယံ’ ကိုထည့်သုံးစွာလား။ မဟုတ်ကေ ‘မယံ’ကို ‘အဟံ’ ပိုင်ဧက၀ုစ်ဝိဘတ် ယူဆလို့လား။ အေလေက်ထိတော့ မဟုတ်နိုင်။
ဒေလေက်ထင်ရှားရေ အကကို တည်ထွင်ရေလူ/ ပုဂ္ဂိုလ်/ ပညာသျှင်ကြီးတိ အနီနန့် ယင်းလောက်ထိတော့ခါ အသိမချိတန်ကောင်း။ တစ်ခုတော့ဟိရေလေ။

ပုထုစဉ်ဆိုစွာ သတိပေါ့တတ်တေ။ မိလျော့တတ်တေ။ ယေနန့် အခုပိုင်အံချော်လားစွာလို့။
အနုပညာရပ်ဆိုင်ရာမှာ ဖြစ်ရိုးဖြစ်စဉ်ထက်လွန်ပြီးကေ လုပ်တတ်စွာဟိပါရေ။ အစဉ်အလာကို ကျော်လွန်ပြီးကေ လုပ်နိုင်ရေ ခွင့်အရီးထူး၊ လိုင်စင်ရထားသူရေ အနုပညာသမားတိဖြစ်တေ။ poeticlicence လို့ အပြောများရေစကားပ။ ယေနန့် သုံးရိုးသုံးစဉ် သဒ္ဒါနည်းကျကျ ၀ါကျမျိုးမဟုတ်ပဲ အနုပညာလိုင်စင်နန့် ကတ္တားနန့် ကြိယာကို တမင်အံချော်အောင် ဖွဲ့လိုက်စွာလားလို့လေ့ တွေးကြည့်မိပါရေ။

ဗုဒ္ဓပူဇနိယတေးခြင်းအပိုဒ် (၄) မှာ သုံးထားစွာတစ်ခုကိုကြည့်ကေ……
‘ရိုခိုးကော်ရော်၊ ကျွန်ပူဇော်။ အဟော်ဝတ’ လို့ ဖွဲ့ဆိုထားစွာကို တွိရပါရေ။ အေစွာရေ ကာရန်ကိုငဲ့လို့ ‘ အဟောဝတ=အော်ကောင်းလီစွ’ ဆိုစွာကို ‘အော’ ကာရန်ကို မသုံပဲ ရှိမှာဟိနိန်ရေ ‘အော်’ ကာရန်ကို ယူသုံးထားပါရေ။ အနုပညာရှင်တိအတွက် မွီးရာပါ လိုင်စင်မလားယေ။
ပါဠိဂါထာ/ကဗျာဖွဲ့စပ်ရာမှာ ၀ိဘတ်တိကို သုံးရိုးသုံးစဉ် မသုံးပဲ လုပ်တတ်စွာတိ ဟိပါရေ။ ဆန်းဂိုဏ်းကို ငဲ့ပြီးကေ လုပ်စွာဖြစ်ပါရေ။ ဆန်းဂိုဏ်းကိုငဲ့ပြီး လုပ်ပိုင်ခွင့်ကို အသုံးချစွာ မဟုတ်ပါလားယေ။
အေး….ဒေမှာ….

‘ဗုဒ္ဓံမယံ ပူဇေမိ’ ဆိုစွာက ဂါထာဗန္ဓမဟုတ်။ စကားပြီး၊ စုဏိယ ဖြစ်တေ။ စကားပြီး စကားပြင်၊ စုဏိယ မှာ ယင်းယှောင်အစဉ်အလာဝိဘတ်ကို ဝေးသတ်။ လိင်တိကိုလည်း အစဉ်အလာတိုင်း မသုံးပဲ ဖွဲ့စပ်။ အေစွာတိရေ ပါဠိနယ်ပယ်ထဲမှာ ဟိပါရေလားဆိုကေ၊ မဟိလို့ဆိုရပါလိမ့်မေ။ သဒ္ဒါစည်းကမ်း မကျရေ၀ါကျဟိလာကေ ယင်းဝါကျကို မှားရေလို့ ဆိုကေတ်ပါရေ။ ယင်းစာကိုလေ့ ‘အေစွာဝေ အသျှေကဇာတ်စွာလို့ရာ’ ခြီနှုတ် ခနှုတ် သတ်ပစ်ကတ်ဖို့ဆိုစွာကတော့ အသေရီးချအချာယာ နှုံးနှုံး။

အမှားကိုပြင်ရဲစွာ သူရဲကောင်း
ကိုင်း…၊ ယကေ အခုစွာဇာပိုင်ပျင်ဖို့လဲ။ ပြော။
၁။ ဗုဒံ္ဓမယံပူဇေမိ- နန့်ဆက်လားဖို့လား..? မဟုတ်ပဲ
၂။ ဗုဒံ္ဓမဟံပူဇေမိ- နန့်လားဖို့လား? မဟုတ်ပဲ
၃။ ဗုဒံ္ဓမဟံပူဇေမ - နန့်လားဖို့လား…?

အထက်က ဖော်ပြရေ သုံးဝါကျမှာ အမှတ်(၁) ၀ါကျကတော့ နှစ်ပေါင်းသုံးဆယ်ကျော်တိုင်တိုင် ဆိုလာကတ်ယာ။ နှုတ်ကျိုးနီးယာ။ အသားသီး ခေါက်ရိုးကျိုးနိန်ယာ။ အမှတ်(၂) (၃) ကတော့ ပျင်လို့ဆိုရဖို့ အဆို။ အမှတ်(၁) ကတော့ ပါဠိသဒ္ဒါနည်းအရ ချို့ယွင်းနိန်ရေ ၀ါကျဖြစ်တေဆိုစွာ ပုံသီယာ။

ချို့ယွင်းနိန်စွာကို ဒေတိုင်းထားဖို့လား။ ထားကြည့်။ မဟာဝိဇ္ဇာသျှေပိုင် လူတိ ထပ်ပေါ်မလာလို့ အသူအာမခံဖို့ရောင်။
ရခိုင်သားထဲက အေစွာကို ထောက်ပြလို့က တော်ပါသိယင့်။ အခြားတစ်ယောက်ဆိုကေ ပိုပြီးကေ…
အထိုင်ဟန်မကျလို့ ခယောက်မလုံစွာကို အနားကလူက ဟာလူလို့ လက်တို့စွာနန့် အ၀ီးက လူအုပ်က လက်ညှိုးထိုးစွာမှာ အစွာက အရှက်ရဖိုရောင်။

အမှားကို အမှားလို့သိကေ ယင်းစွာလူတော်ဖြစ်တေ။ စစ်ပွဲတစ်ရာကို အောင်နိုင်ရေလူထက် အမှားကို အမှားမှန်းသိလို့ ပြင်နိုင်သူကရာ သူရဲကောင်း။ တနည်းအားဖြင့် သူတော်ကောင်း။ ယေနန့်…..

“မိ…နန့်….မ….”ကို….
မဟုတ်ကတော့ခါ မျိုးဆက်သစ် ကလေသျှေတိက လက်ညှိုးထိုးပါလတ်ကေ၊ မဟုတ်ပဲ ပရပက္ခ/ ပရ၀ံသတိက ထောက်ပြလာကေ….
အမျိုးးသားဂုဏ်သိက္ခာ၊ အမျိုးသားယဉ်ကျေးမှု မျက်နှာပန်းလှနီစွာရေ ပြာရီကျပြီး ဟက်ကရီကျဘ၀အထိ မရောက်နိုင်လားယေလို့ အသူက အာမခံချက် ပီးနိုင်ဖို့….။

ယေဇူးနန့် သမိုင်းမှာ တာဝန်မေ့သူအဖြစ် စာရင်းတင် မခံရအောင် ရွီးချယ်ရဖို့ဆိုစွာကတော့ ညစာ ကတည်းက ပင် ဆိုကေ လက်ခံဖို့စွာနန့် တွန့်နီကတ်လိမ့်မေ ထင်ပါယင့် လူရို့လေ…..။

မူရင်း။ ။လခြမ်းမြီမဂ္ဂဇိန်း၊ အမှတ် ၂၊ စာ ၂၉၊ ၁၉၉၉ ခုနှစ်၊ ဖြန့်ချီရေး - ရခိုင်သားကြီစာပီ၊ ခ/၅၅ ကျွန်းရွှေဝါလမ်း ဘုရင့်နော်ပွဲရုံတန်း၊ ရန်ကုန်။ ဖုန်း ၀၁-၆၈၀၆၇၂၊ ၀၁-၆၁၁၈၂၆

0 မှတ်ချက်:

“အမှောင်ကိုခွင်း၊ အလင်းကိုဆောင်၊ ရခိုင်အလင်းရောင်” ဘလော့ကို တမင်တကာလာကတ်တေဖြစ်စီ၊ လမ်းမှားလို့ရောက်လာကတ်တေဖြစ်စီ ကျွန်တော်ရို့ “ရခိုင်အလင်းရောင်” မိသားစုမှ အထူးပင်ကျေးဇူးတင်ပါရေ။ နောက်ထပ်လည်း လာလည်ကတ်ပါလို့ ဖိတ်ခေါ်ပါရေ။