အားလုံးမင်္ဂလာပါ..ဘလော့ကို ရောက်ဖြစ်ပါယေ..အသူရို့တိ လာရောက် လည်ပတ်ကယောင်လို့ ကြည့်ဖြစ်စော်က လွဲကေ ဘလော့ကို ရီးဖို့ မဖြစ်..:D ရီးချင်စော်တိကတော့ အများကြီး ခေါင်းထဲမှာစီလို့ စိုင်းစားထားဟိရေ..မရီးဖြစ်စော်က အလုပ်များလို့တော့ မဟောက်ပါ.. ယောင်တောင်တောင်နက် တခုလည်း မယ်မယ်ရရမလုပ်ဖြစ်.. တစ်ရက်ပြီကေ တစ်ရက် ရက်တိကနီ လကိုတောင် ကူးလားခယာ. ဒေနိန့်ခါတော့ မမဥမ္မာ တစ်ယောက် ဘလော့ရီးဖြစ်အောင် ရီးဖို့ဆိုနာ စတင်ရီးပါဖို့ယာ..။
တစ်နှစ်သော နွေရာသီ အခါသမယ ဥမ္မာတစ်ယောက် လေးတန်း စာမေးပွဲပြီးလို့ ငါးတန်းကို တက်ဖို့ စောင့်နီရေ အချိန် နွေနိန့်ရက်တစ်ရက်..နွီရာသီ သဘာဝ ပူပြင်းယေ နီရောင်ခြည်အောက်က တခြားရာသီတိမှာ စစိမ်းစစိုမြင်ရယေ သစ်ပင်တိ ဥမ္မာရို့ အိမ်နားမှာ ဟိရေ ၀ါးပုတ်တိ၊ ဘူးစင် ၊ သခွားသီစင် ၊ ခရမ်းခင်း ၊ ငရုပ်ခင်းတိ သဘာဝ ရှုခင်းတိက ခြောက်သွေ့နီကတ်ယေ.. နောက်ဖက် လယ်ကွင်းပြင်တခုလုံးလည်း ဆောင်းရာသီခါက ရွေဝါရောင် တ၀င်းဝင်းနက်ဟိခယေ စပါးပင်တ အစား ခရိုးခုံအုတ် (စပါးပင်တိ ရိပ်သိမ်းပြီးကေ ကျန်ခရေ စပါးပင်အငုတ်)တိ ဟိုမှာတစ ဒေမှာ တစနက် မြီကြီးတိအက်ကွဲလို့.. ပူပြင်းရေ နီရောင်ခြည်က တရှိန်းရှိန်းတောက်လို့.. ဥမ္မာရို့ အိမ်က အနောက်ဖက်ကို မျော်ကြည့်ကေ ဖိုးချိုဦးတောင်လို့ ခေါ်ရေ တောင်ကုန်းပေါ်က အရိုးပြိုင်းပြိုင်းနက် ဖြစ်ဟိနီရေ သစ်ပင်ထက်တိက ဥသြငှက်တိ ကျူးရင့်သံက နားထဲမှာ လွမ်းမောဖို့ ကောင်းနီပါရေ..ယင်းသဘာဝ အငွေ့တိကို စွန့်ခွါလို့ ဥမ္မာရို့ မိသားစု တောရွာချေက မြို့ကျောက်ဖြူကို ပြောင်းလာဖို့ မဟာစီမံကိန်းစတင်လာယာ.. ။
ပြောင်းဖြစ်ရေ အကြောင်း အရင်ကတော့ မေမေဘာဘာရို့ တောရွာမှာနီ တောသူတောင်သားတိဆိုကေလည်း သူရို့ သားသမီးချေတိကို ပညာတတ် ဖြစ်စီချင်ရေ ဆန္ဒက သူရို့ရင်ထဲမှာ အပြည့်ဟိရေ..မေမေဘာဘာရို့ နားလည်နီဂတ်တေ.. အေရွာချေမှာနီနာ လယ်ယာအလုပ်ကိုရာ တသက်လုံး အသက်မွီးဝမ်းကြောင်း ပြုနီဖို့ဆိုစော်မဖြစ်နိုင်. သားသမီးတိ ပညာရေးကို ကြည့်ရဖို့..ဥမ္မာရို့ မောင်နှမတိကို ပညာတတ်ကြီးတိယာဖြစ်ချင်ရေ မေမေဘာဘာ .. ကကြီးခခွေး အေဘီစီဒီလောက်ယာ ဖတ်တတ် ရီးတတ်ရုံနက် ပညာရေးဆုံးခန်းတိုင်လားဖို့ ဆိုစော်ကို လက်မခံနိုင်..သူရို့နားလည်နီရေ..အေပိုင် ၀ီးလံခေါင်းပါးရေ နိန်ယာဒေသ တခုမှာ တသက်လုံး နီလို့ သားသမီးတိ သူရို့ မျော်လင့်ရေ ပညာတတ်တိဖြစ်လာဖို့ မဟောက်ဆိုနာ.. ကျောက်ဖြူမြို့ ကိုပြောင်းဖြစ်ကတ်ရေ..။
ဥမ္မာအစေ့ကေခါက နီမကောင်းလို့ ဘာဘာနက် ဆီခန်းပြဖို့ တစ်ခေါက်ယာ ရောက်ဖူးရေ.. ပြောင်းဖြစ်ရေနိန့်ကို ဥမ္မာသတိရနီပါသီရေ.. ဥမ္မာရို့ တောကနီနာ မြို့ကို လားဖို့ဆိုကေ ဘုတ်နက် ၅နာရီလောက် စီးမှရောက်ရေ..သင်္ဘောနက် လားလို့တော့ ရောက်ယေ..တစ်ပတ်ကို တစ်ခေါက်ယာ သင်္ဘောတက်ရေ..ဆိပ်ကမ်းက နီပြီးကေ ဥမ္မာရို့ ရွာကို တစ်နာရီခွဲလောက် ခြီကျင်းလာရသိမ့်ရေ..ယေလို့ လူတိက လိုင်းဘုတ် ၊ ရီးခဲဘုတ်တိ(တစ်ပတ်မှာ တစ်ခါ ၊ နှစ်ခါဟိရေ) နက်ယာ မြို့ကို လားဂတ်ရယေ..ဘုတ်ကို ပစ္စည်းတိကို သယ်ချနီကတ်ယာ.. ဥမ္မာလည်း နိုင်လောက် ကူပီရယေ..အားလုံးပြီးစီယာဆိုခါ ဘာဘာ ဘုတ်ကို ကမ်းက ခွာဖို့ ဘုတ်က လူတိကို ကမ်းမှာ ကပ်ထားရေခါ ချိုင်ထားစော်ကြိုးတိကို ဖြုတ်ခိုင်းယေ.. ဘုတ်ကလည်း ကမ်းက ခွာဖို့ယာဆိုခါ ရင်ထဲမှာ အစော်ပိုင် ခံစားရမှန်းကို မသိ..အေမြီအေဒေသမှာ နီသားတကျ နီလာရေ နှစ်ပေါင်းတိက မနည်း..တရက်မဟောက် နှစ်ပေါင်း အချိန်ကြာ အတူတူနီခယေ ဥမ္မာနက် ခင်ကတ်တေ သူငယ်ချင်းမချေတိ(ဥမ္မာကို ခင်ဥမ္မာလို့ခေါ်ကတ်ရေ ယင်းမှာနီခါက)၊ ဥမ္မာ အစ်မ ၀မ်းကွဲတိ ၊ ဖိုးဖိုး ခတန်ရှည် တယောက်တည်း ကျန်ခရဖို့..ဥမ္မာရို့ နီခရေ သစ်ခင်း ၊ ပြိုင်ကာ ၊ အုန်းမိုးထားရေ နီသူမဟိ သခင်မဟိ အိမ်အိုချေ..။
ယေ့ရွာချေမှာယာ နီချင်ရေ.အေပိုင် နွီရာသီဆိုကေ တောင်ကို ပဓါတ်ဇာပွင့် ၊ သင်္ဘောညွန့် ၊ ကောက်ကောက်ချေညွန့် ဆိတ်ဖို့လားလူတိ ၊ ထင်းခွီးဖို့လားလူတိနက် လိုက်ပါးလားရစော်တိ ၊ မိုးရာသီဆိုကေလည်း မိုးရီးချိုးရင်း လယ်ကွင်းပြင်မှာ တောင်ခရုရှာဖို့လားရစော် ၊ ဥမ္မာရို့ အခေါ် မဟင်းခူးဖို့လားရစော် ၊ ကျဖုတ် (ကျုတ်)တောကို ဆင်းလို့ ပုဇွန်စေ့ကေ ၊ ငါးစေ့ကေရှာရစော်တိ အများကြီးယာ.. မိုးရီကြီးလို့ ရွာနားထိ ရောက်အောင် ရီမြှပ်ရေခါရို့ဆိုကေလည်း တခြားရွာတိကို စားစရာချေတိ လှောင်းချေနက် လားလို့ ၀ယ်ရခါ ဟိရေ..တခါတလီ စည်တောင်းကလေးဆိုရေ ရွာကို ဘာဘာက စားစရာ ၀ယ်ဖို့ လှောင်းနက်လားရယေခါ ဥမ္မာရို့ မောင်နှမကိုလည်း ခေါ်လားတတ်တေ. ယင်းခါ အစေ့ကေ သဘာဝ ရီပေါ်မှာ စီစီရီရီနက် ပွင့်လန်းနီဂတ်ရေ ကြာပန်းတိကို လှောင်းထက်က မမှီတမှီနက် ခူးရစော်က အရသာ တခု.စိုင်းစားကေ ပုံရိပ်တိက မကြာသိမ့်ခင်ကပိုင်ယာကော.. ။
ယင်းပိုင်လားရင်း တခါသား ဘာဘာက ဥမ္မာကို စနာပြောယေ..ဥမ္မာရို့ ရွာနားရောက်ခါနီး ဥမ္မာရို့ အိမ်ကတောင် လှမ်းမြင်သာလောက်ယေ နီရာမှာ “ကျအင်းချေ”လို့ခေါ်ရေ အင်းချေတခုဟိလီရေ..ယင်းအင်းချေက ဒေပိုင် မိုးရီကြီးရေ ဆိုကေ ၀ါးတလုံးလောက် အနက်ဟိယေ..နွီရာသီ စကုန် နီပူခါလောက်မှ ရီခမ်းရေ.ယင်းနီရာ ရောက်ခါ ဘာဘာက ဥမ္မာကို စနာပြောစော်..ဘာဘာက ဥမ္မာကို ခေါ်ကေ ‘ပုချေ’ ’သမီး’ လို့ယာခေါ်ယေ.”ပုချေ ဒေအင်းကို ခုန်ဆင်းဝံ့ဖို့လား ခုန်ဆင်းဝံ့ကေ အိမ်ကို ရောက်ခါ ကြက်အသည်း (ဟိုဖက်ရွာကို လားနာ ကြက်ဝယ်လို့ ပြန်လာဂတ်စော်..အေလောက် မိုးရီးကြီး အချိန်မှာ ကြက်တစ်ကောင် ရဖို့ဆိုစော် လွယ်စော် မဟောက်..)ကို ကျွေးဖို့ဆိုယာ” .. အမှန်မှာတော့ ဘာဘာက ဥမ္မာ မလုပ်ဝံ့စော်ကို သိလို့ စပြောလိုက်စော်ယာ.ဥမ္မာက ရီလည်း မကူးတတ်စော်ကို သိလို့..ခုန်းဆင်ဝံ့လောက် သတ္တိလည်း ဥမ္မာ မဟိစော်ကိုသိလို့ ပြောစော်..ယေမှာ ဥမ္မာ တစ်ယောက် ကြက်အသည်းစားရဖို့ စိတ်တစ်ခုယာ ဟိရေ..ရီထဲကို ခုန်ဆင်းကေ မြှပ်ဖို့ဆိုစော်ကို ယောင်လို့ တောင် တချက်ချေ မစိုင်းစားခ.ဗြုန်းခနဲဆို ခုန်ဆင်းပိုက်ယာ.ယေမှာ ရီကော မကူးတတ်ရေ ဥမ္မာ ရီမြှပ်ယာပ..ဘာဘာမှာလည်း စလို့ ပြောစော်ကို အဂေါင်းခုန်းဆင်းယေ ဥမ္မာကို တားချိန်မရ .. ရီထဲကို ဗြုန်းဆို ခုန်ဆင်းနာ အချိန်မှီ ကယ်ရယာမနားရေ.. ဥမ္မာခမာလည်း မသီကောင်း မပျောက်ကောင်း အသက် သီသီချေယာ ရလိုက်တေ :D..မဟုတ်ကေ ဒေအကြောင်းအရာတိကို ဂုပိုင်း ရီးလို့ ဟိဖို့မဟောက်ယာ.. အင်း.ပြောချင်စော် လိုရင်းနက် ကောင်းဝီးလားယာ..။
ဆောင်းရာသီ စပါး စမှဲ့ချိန်ဆိုကေလည်း စပါးမှဲ့ ရိတ်သိမ်းဖို့ အချိန်မတန်သီရေ စပါးကို ရိတ်ပြီးကေ ခြီ နက် နင်းရယေ..စပါးခြွေစော်ပ.. ယေပြီးကေ ယင်းစပါးကို လှော်တံချေ တခုခုနက် လှော်လို့ ရနိုင်ရေ အပေါက်တခုပါ အိုးမှာ ထည့်နာလှော်ရယေ..ပြီးကေ ဆုံမှာ ထည့်ထောင်း..ပြီးကေ စံကော် နက်ထည့်နာ ပြာရယေ..ပြီးကေတော့ ဥမ္မာပြောရေ “မုန့်သန်း” ဆိုစော်ကို ရယေ..အေအတိုင်းလည်း စားလို့ရယေ..အုန်းသီး ၊ သကြားနက်လည်း လူးပြီးကေ စားလို့ရပါ.. ဒေပိုင်ဒေပိုင် အောက့်မွိန့်ဖို့ကောင်းစော်ချေတိကို မြို့ကိုရောက်ကေ မဟိယာ ၊ မလားရ ၊ မလာရ၊မလုပ်ရနိုင်ယာ.. မြို့ဆိုစော် အစော်ပိုင်းမှန်းတောင် ကောင်းကောင်း မသိရေ ဥမ္မာအဖို့ ယေလောက်လည်း လားချင်စိတ်ဟိစော် မဟုတ်.. ယင်းစော်ယင်းစော် အားလုံးတိကို အဂယောင်း ထားပိုက်ခလို့ လားရဖို့ဆိုခါ ရင်ထဲမှာ မချိတင်ကဲ ၀မ်းနည်းမိပါယေ..ခွဲခွာလို့ မလားချင်..။
ဖြစ်ချင်ခါ ဥမ္မာတစ်ယောက်ဝမ်းနည်းရေ စိတ်ကို အကြာကြီး ၀မ်းမနည်းနီနိုင်.. တအောင့်ချေယာ ခံလိုက်ရေ.. ဘုတ်က စက်စလို့ နိုးရေဆိုစော်နက် ဘုတ်က ရီထဲမှာ လူးလွန့်လာရေ.. ဥမ္မာက ဘုတ်စီးရဖို့ကို ဂဂေါင်းကြောက်တေလူ..ဘုတ်စီးကေ လှိုင်းမူးတတ်လို့..ကိုယ့်ဘုတ်နက် လားစော်ဖြစ်လို့ အိပ်ဖို့ နီယာ ရှာနာ အိပ်ဖို့ယာ အရင် စဉ်းစားရရေ..ဘုတ်ထက်ကို ရောက်ခါကပင် မူးချင်နီရေ ဥမ္မာ အိပ်လို့ လှမ်းတလျောက်လုံးကို လိုက်ပါလားရရေ..လိုင်းတမူးမူး နက်ပါလာစော် ၄နာရီကျော် ဘုတ်စီးလာပြီးခါ ကျောက်ဖြူမြို့ကို မရောက်ခင် ကျောက်ဖြူမြစ်ကို အရင်ဖြတ်ရယေ.. ရေနိန်ရာက နီနာ ကျောက်ဖြူမြို့ကို လှမ်းမြင်နီရယာ..အုန်းပင်တိ စိမ်းစိမ်းစိုစိုနက် ကမ်းစပ်က ဘုတ်တိ ၊ လှောင်တိ ၊ နွားကာရီတိကို ၀ိုးတ၀ါးဝါးတော့ မြင်လာရယာ.. ယေကေလည်း ဆိပ်ကမ်းကို ဆိပ်ရောက်ဖို့ ဆိုကေ တစ်နာရီ နီပါး မောင်းရသီရေ..နိန့်ခင်းဖက် ၂နာရီကျော်ချိန်က စပြီးကေ ယေ့နိန်ယာမှာ လိုင်းကြီးရေ.လိုင်းမူးတတ်လူဆိုကေ မမူးလူလို့ကို မဟိ.. မသောက်ဘဲနက်ကို မူးရဖို့လို့ အာမခံရေ နီရာမျိုး..ယေ့လောက်ထိကို လိုင်းကြီးရေ.. ဥမ္မာကတော့ ပြောဖို့တောင် မလိုမူးစော်မှာ..လူမသိ သူမသိ.လူရုပ်သူရုပ် မပေါက်နက်.. ကျောက်ဖြူဆိပ်ကမ်းကို ရောက်လာယေ..ဥမ္မာကတော့ ဥမ္မာကို ဘုတ်ထက်က နီနာ နွားကာရီထက်ကို အသူက ရွက်နာချလို့ ချမှန်းတောင် မသိ..ကျောက်ဖြူဆိပ်မှာ ဘုတ်ကနီးနာ ကမ်းကို ရောက်ဖို့ ကုတို့ နှစ်မျိုးဟိရေ..တစ်မျိုးက ဖျားတက်နီအချိန်ဆိုကေ လှောင်းနက် တစ်ခါဆင်း ..နွားကာရီက ယေလောက် ရီအနက်ကြီးကို လာလို့မရ..ယေ့ခါကြကေ လှောင်းနက် တစ်ခါဆင်းပြီးမှ ကမ်းစပ်ကိုရောက်စော်..ယင်းပိုင်းနက် နိန်ရာ အသစ် ၊ နီအိမ် အသစ် ၊ ဥမ္မာ ဘ၀မှာ အခင်ဆုံး ၊ အကောင်းဆုံး သူငယ်ချင်းချေတစ်ယောက်နက် တွိ့ဖို့ဖြစ်ခ နိန်ယာကို ရောက်ခရေ နွီရက် ချေတစ်ရက်ပ..ပြန်စိုင်းစားကေ နှစ်တိကြာလာခယာလို့တောင် မထင်မိပါသိမ့်..ရင်မှာ တမ်းတမ်းတတ သတိရနီတုန်းသိမ့်ပါ..။
(ကျောက်ဖြူသူချေဘလော့မှ)
0 မှတ်ချက်:
Post a Comment