ရခိုင်ပြည်နယ်မှာ အမ်းမြို့နယ် အပိုင် ‘သပြုချိုင်’ လို့ခေါ်ရေ ကျွန်းချေမှာ ရွာချေတိ အများကြီးဟိပါရေ။ ယင်းမှာ ‘ကာရီကြီးတောင် ‘လို့ ခေါ်ရေ ရွာချေတရွာဟိပါရေ။ တောင်ချေတလုံးထက်မှာ ရွာတည်ပနာ အိမ်ဆောက်နိန်ဂတ်စော်ပါ။ ယင်းရွာချေမှာ အိမ်ခြီ (၃၀)ကျော် ၀န်းကျင်လောက်ရာဟိပါရေ။ ဥမ္မာ ရို့အိမ်လည်း တအိမ် အပါအ၀င်ပါ။
အဂုခါတော့ အိမ်ခြီစကေချေ တိုးလားပါယာ။ ဥမ္မာရို့နိန်ခရေ အချိန်ခါက ရွာမှာ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းမဟိပါသိမ့်။ အဂုတော့ခါ ရွာမှာ ဘုန်းကြီးကျောင်းချေတကျောင်း၊ စာသင်ကျောင်းချေတကျောင်း ဟိလားခပါယာ။ ယင်းသတင်းတိကို မြို့ရောက်မှ ကြားရစော်ပါ။ နောက်နှစ်တိ နွီရာသီကျောင်းပိတ်လို့ အလည်ပြန်လားခါမြင်ရလို့ ကောင်းဝမ်းသာမိပါရေ။ ဆက်သွယ်ရေးဆိုစာလည်း အကြီးအကျယ် ခက်ခဲပါရေ။ နီရေ ရွာတိကို ခြီကျင်လားလို့ရစော်ကလွဲကေ မြို့ကိုရောက်ဖူးရေလူ မဟိစော်ပိုင်ပါရာ။
ရွာသူ၊ရွာသားတိ အဓိက အသက်မွီး ၀မ်းကြောင်း ကလယ်လုပ်စားဂတ်ပါရေ။ လယ်အလုပ်ကိုရာ အားထားနီရရေ၊ မိုးရာသီမှာ မိုးရီကြီးလို့ စပါးပျိုးခင်းတိ၊ ပျိုးစိုက်ထားစော်တိ ရီမြုပ်လားရေဆိုကေ အိမ်တိုင်းယာ။ ယင်းလူရို့မှာ စပါးပိုရေလူတိပါးမှာ ချီးငှားပနာ စားရပါရေ။ ဆောင်းရာသီ ဆိုကေ စပါးပင်တိ ရွေဝါရောင် တ၀င်းဝင်းနန့် မှည့်လာဂတ်ယာဆိုကေ ရွာသူ၊ရွာသားတိမှာ ပျော်မဆုံး တပြုံးပြုံးနန့်။ စပါးရိတ်သိမ်းချိန်ဆိုကေ ရိတ်လူကရိတ်၊ သိမ်းရေလူတိကသိမ်းနန့် မြင်ကွင်းတိက လှပနီရေ။ ရိတ်ပြီး စပါးတိကို ‘မအောင်ပုံ’ ရေလို့ခေါ်ရေ။ စပါးလှိုင်းတိကို ပုံဂတ်စော်ပါ။ ပြီးကေ နွားချီးနန့် အချောကိုင်ထားရေ လယ်စွက် အလွတ်တခုမှာ ယင်းစပါးလှိုင်းတိကိုပုံရေ။ ‘တလင်းလှည့်’ ရေလို့ခေါ်ပါရေ။ နွားနှစ်ကောင်ကို ကြိုးနန့်ရှေ့က ကိုင်ဆွဲပြီးကေ နွားနန့် စပါးတိကို တက်နင်းခိုင်းစော်ပါ။ စပါးချွေစော်ပါ၊ ယင်းပိုင်ခါရို့ဆိုကေ ကိုယ့်မှာလှည့်ခါ ရွာဂ လူတိကိုဖိတ်ပြီး ကောက်ညှင်းပေါင်း ကျွေးပါရေ။ လူများမှာ လုပ်ကေလည်း ကိုယ်ရို့ကို ဖိတ်ရေ။ ယင်းစော်uတော့ခါ ရွာတိမှာလုပ်ရေ အလေ့တခုပါ။
ဥမ္မာရို့အစိကေတိကတော့ခါ ကောင်းပျော်ရေ။ စာရွီးယင်းနန့်တောင် ကိုယ့်ဘားကို တခေါက်ပြန်လားပလိုက်ချင်ရေ။ ကောက်ညှင်းပေါင်း စားဖို့ပါ။ စပါးရကေ ဆန်ဖြစ်အောင်ကြိတ်ရပါသိရေ။ စပါးကြိတ်စက် မဟိလို့ ကြိတ်ဆုံနန့်ကြိတ်ကတ်ရပါရေ။ မိုးရာသီစာ အတွက် စပါးကြိတ်ဖို့ကျဂေ ရွာကလူတိစုပနာ စပါးကြိတ်စက် ငှားပြီးဂေ ကြိတ်ကတ်ရပါရေ။ ကြိတ်ပြီးရလာဆန်က ‘လုံးတိ’ လို့ခေါ်ရေ။ ထမင်းချက်လို့ရရေ အဆင့်မဟုတ်ပါသိမ့်။ ဆန်ကို ဖွတ်ရပါသိရေ။ ဖွတ်ရေ ဆိုစော်လည်း ဆန်ဖွတ်စက် မဟိပါ။ ဥမ္မာရို့ ရွာက ရွာသူ၊ရွာသားတိအဖို့ ‘ဆုံ’ နန့်’ကျဉ်ပွေ့’ (ကျမွိ့) ကိုရာသုံးရရေ။ မိသားစုများရေ အိမ်သားတိဆို နိန့်တိုင်းဆန်ဖွတ်ရရေ။ လ,ပ သာရေ ညည့်တိဆိုကေ အိမ်ရှေ့ တခုမှာစုလို့ ဆန်ဖွတ်ကတ်စော်လည်း တောသဘာဝအလျောက် ပျော်ဖို့ကောင်းပါရေ။ အဂုထိဟိနီသိမ့်ရေ တောဓလေ့ တခုပါရာ။ ယေပြီးကေ ရွာသူ၊ရွာသားတိမှာ သောက်ရီ၊ သုံးရီအတွက်လည်း တောင်တတောင်လောက် ကျော်ပနာလားမှ ရောက်ရေ ရီကန် တကန်ရာဟိရေ။ နွီရာသီဆိုကေ ယင်းကန်မှာ ရီကုန်လားခကေ ရွာမှာ ရီကုန်လားစော်အဖြစ်မျိုးလည်းဟိပါရေ။ ယင်းပိုင်ဆိုဂေ ခြီကျင် နာရီပြတ်ကြာရေ ခရီးကိုလားရရေ။
တခြားရွာတိက ရွာလူကြီးကို ပြောပနာ ရီခတ်ဂတ်ရရေ။ အဂုထိ ယင်း ပိုင်ပါသိမ့်။ ရီကန် တကန်တည်းနန့် သုံးနိန်ဂတ်တုန်းပါ။ အစားအစာကတော့ခါ တောသဘာဝ အလျောက် လယ်ထွန်ပြီးကေ ချောင်းချေ၊မြစ်ချေတိမှာ ငါးချေ၊ပုဇွန်ချေ၊ကဏန်းချေတိ ရှာလို့စားဂတ်ရေ။ ပိုက ၊ကွန် ၊ယက်သေ့ရို့ကို အသုံးပြုဂတ်ရေ။ အသီးအရွက်က အိမ်နားမှာ ဘူးစင်၊ ဖရုံစင် ၊ဂြန့်(ဂြင့်)ခါးသီးစင် ၊ သခွားသီးစင် ၊ ခရမ်းခင်း ၊ ငရုပ်ခင်းချေတိ စိုက်ထားဂတ်ရေ။ တောင်မှာ လားပနာရှာရရေ ဟင်းတိလည်းဟိရေ။ ရာသီပေါ် မှို၊ သင်္ဘောညွန့်၊ ကောက်ကောက်ညွန့်၊ ပဒပ်စ်ာဟိသည်ရို့ပါ။ ရွာသူ၊သားတိမှာ တီဗွီ၊ ဗွီဒီယို ဆိုစော်မြင်ဖူးဖို့ဂါး ဝေလာဝီး။ ယကေလေ့ တခါတော့ခါ ကြည့်ဖူးလိုက်ရေ။ “ဘာဘာ”နန့် “ဘဂျီး”မှာ ဗွီဒီယို တလုံးဝယ်လို့ ရွာတိကို လည်ပနာ လိုက်ပြပါရေခါ ရွာနားက ဘောလုံးကွင်းပိုင် ကွင်းပြင်တိမှာ ဖျာနန့်ကာပနာ ရုံသဘောပြပါရေ။ ဥမ္မာ နိန်ရေရွာမှာ ဘောလုံးကွင်းလို့ သတ်သတ်မဟိပါ။ ဥမ္မာရို့အိမ်က ရွာအေဖက်အစမှာ။ ယေပြီးကေ လယ်ကွင်းပြင်တိ။ ယင်းမှာ စပါးသိမ်းပြီးကေ လူငယ်တိ ဘောလုံး ကျောက်ဂတ်တေ။ ဥမ္မာရို့ ယင်းခါက ဗွီဒီယို ကြည့်ဖူးလို့ ကောင်းပျော်ရေ။ မြို့လို့ခေါ်ရေ ကျောက်ဖြူ ၊ အမ်း ၊ တပ်တောင် တောင် မရောက်ဖူးရေ လူတိအဖို့ ရန်ကုန်ဆိုစာ ကြားရာ ကြားဖူးစော်ကို။ ရောက်ဖူးချင်သိမ့်ရေ။ ဗွီဒီယိုမှာ တခါမြင်ဖူးစော်နန့်။ စကေချေကြီးလာခါမှ ရွာနားက ‘စည်တောင်ကလေး’ ဆိုရေရွာမှာ လားကြည့်ရရေ။ ယင်းစော်တောင်မှ နွီရာသီ နန့် ဆောင်းရာသီဆိုကေ လယ်ကွင်းပြင်ကို ဖြတ်လားရရေ။ ၂၅ မိနစ်လောက် လားရခရီးပါ။ မိုးရာသီ ဆိုကေတော့ခါ အလားနည်းဂတ်ရေ။ လယ်ကွင်းတိမှာ စပါးစိုက်ထားရေခါ လားရလာရခက်ခဲရေ။ ယင်းရွာကို ရောက်ဖို့ တောင် ၂တောင်လောက်ကိုကျော်လို့ တောင်လမ်းခရီးက လားရလို့ပါ။
ဘုန်းကြီးကျောင်း မဟိရေ ဥမ္မာရို့ရွာသားတိအဖို့ ရွာနန့်နီးရေ ‘စည်တောင်ကလေး’ နန့် ‘ အမွေပုံ’(အမွီပုံ) ဆိုရေ ရွာတိက ကျောင်းတိကိုလားပနာ အလှူ ဒါနလုပ်ကတ်ရပါရေ။ ရှင်ပြုဖို့ ၊ ဥပုသ် သီတင်းယူဖို့ ဆိုကေလည်း ယင်းရွာတိကိုလားပနာ ကောင်းမှုလုပ်ရပါရေ။ စာသင်ကျောင်းတောင်မှ မဟိရေ ဥမ္မာရို့ရွာမှာ စာသင်ဖို့ ဆရာ ၊ဆရာမ ဆိုစော်လည်း မဟိပါ။ ၀ီးလံခေါင်းပါးရေ နိန်ရာဖြစ်လို့ လာပနာစာသင်ပြပီချင်ရေ ဆရာ၊ ဆရာမဆိုစော် ကောင်းရှားပါရေ။ စာသင်ချင်ရေ အစိကေတိ ရွာကအိမ်တအိမ်မှာ စုပနာစာသင်ခရရေ။ စာလာပြဖို့ ဆရာ ၊ဆရာမတိကို တခြားရွာတိက စပါးပီးလို့၊ ဖေသာပီးလို့ငှါးရရေ။ ယင်းဆရာ၊ ဆရာမက ဥမ္မာရို့ရွာက အိမ်တအိမ်မှာ အိမ်နိန် အိမ်စား စာသင်ပီးပါရေ။ ယင်းပိုင် လာပြရေ ဆရာ ၊ ဆရာမကိုယာ ငှါးလို့ မရဆိုကေ ကောင်းအခက်ကြုံပါရေ။ ဥမ္မာဆိုကေ ယင်းရွာချေမှာ လေးတန်းထိတက်ဖူးခပါရေ။ လေးတန်းလို့ အမည်ခံ စာမေးပွဲ အောင်ခစော်ရာပါ။ ‘ကကြီး၊ခခွေး’ ကိုတောင် စာလုံးပေါင်းမှန်အောင် မရီးတတ်ရေ အဖြစ်တိရာ။ ဥမ္မာကြုံခရပါရေ။ စာလာပြဖို့ ဆရာ ၊ ဆရာမ မဟိလို့ သူငယ်တန်း၊ တစ်တန်း ၊ နှစ်တန်းရို့ကို ရွာက ဆယ်တန်းကို(ခ)နန့် အောင်လူတယောက်ကိုပြခိုင်းရရေ။ ယေပြီးကေ ဥမ္မာလေးတန်းရောက်ခါဆိုကေ ဥမ္မာနန့် နောက်ယောက်ျားချေတယောက်ရာဟိရေ။ သုံးတန်းမှာ ဆိုကေ ဥမ္မာအစ်မ တ၀မ်းကွဲ တယောက်ရာ ဟိပါရေ။ တခြားအတန်းတိက အစိကေတိ အစော်နှယောက်ဟိရေဆိုစော်ကိုတော့ခါ မပြောတတ်ပါယာ။ ကျောင်းစာလို့ သင်ရပါကေလည်း အဖြစ်သဘောရာ။ သုံးတန်းနန့် လေးတန်းကို စာပြဖို့ တခြားရွာက ဆရာတယောက်စော် မိုးရာသီဆိုကေ ၂နာရီလောက် ခရီးကို လာရရေ။ တောင်တထပ်နန့်၊ မိုးရီးကြီးနိန့်တိဆိုကေ ချောင်းချေတိကို ဖြတ်ထိုးထားရေ တံတားအငယ်ချေတိက ရီနက်မြုပ်နီရေ။ ရီတ၀က်စွတ်လို့ရာ လာရရေ။ ယင်းပိုင် ခရီးကို နိန့်တိုင်းလာဖို့ဆိုစာ မလွယ်ကူပါ။
ဥမ္မာရို့စာသင်ရရေ ရက်ဆိုစာ မဟိသလောက်ရာ။ တက်ခါတက်ရလို့ မတက်ရရက်ကပိုများပါရေ။ အစိကေခါဆိုကေ စာမသင်ရဂေကောင်းရေလို့ ထင်ပါရေ၊ မြို့ကို ရောက်ခါမှ အကြောင်းသိပါရေ။ မြို့ကို ရောက်လို့ ကျောင်းတက်ခါ အစော်လောက် အခက်အခဲတိ ဟိရေဆိုအကြောင်းကို နောက်တခေါက်မှ ရွီးပါဖို့။ အဂုတော့ခါ ရွာက စာသင်ကျောင်းမှာ လေးတန်းထိတက်လို့ရရေ။ မူလတန်းကျောင်းဟိရေ။ လေးတန်းအောင်ပြီးကေ ရွာနားက ‘ကျောက်မြောင်း’ လို့ခေါ်ရေ ရွာမှာ လားတက်ရရေ။ လားတက်ရေ အချေတိက ခရီးကြမ်းကို ဖြတ်ပနာလားရစော်ပါ။ မိုးရွာ လီကြီးဆိုကေ သိအတိုင်းပါရာ။ အဂုခါတော့ခါ ဆယ်တန်းထိ တက်လို့ရနီရာ။ ဆယ်တန်း စာမေးပွဲဖြေခါကျဂေ ‘တပ်တောင်’ ကို ဖောင်တင်ပြီးမှ ယင်းကိုလားပနာဖြေရရေ။
ရွာက အစိကေတိမှာ “ရခိုင်ပြည်ကြီးကို အစော်ပိုင် သာယာဖွံ့ဖြိုးလာအောင် လုပ်ရဖို့၊ သိရဖို့” ဆိုရေ အသိချေတိ ဟိဖို့ကို မပြောဂေ့.. အဂုအချိန်ထိတောင် ယင်းရွာမှာနိန်ပနာ ဆယ်တန်းအောင်ရေ အစိကေ တယောက် မဟိပါသိမ့်။ ဆယ်တန်းအောင်ဖို့ဆိုစော်ကလည်း အောင်ဖို့ အရည်အချင်းဟိအောင် အခြေခံဟိမှပါရာ။ လူမှုရေး အသိဆိုစော် အလွန်တရားမှ နည်းပါးဂတ်ပါရေ။ သွန်သင်ဆုံးမဖို့ ဆိုရေလူကြီးတိက အသိဟိကေလည်း တရက်တရက်ကို လယ်လုပ်ယင်းနန့် သူရို့တိ ဘ၀ ရှင်သန်ရပ်တည်ဖို့ ကြိုးစားနီရရေ။ အစိကေခါဆိုကေ စစ်သား၊ ပုလိပ်တိကို မမြင်ဖူးပါ။ ယင်းလူရို့တိ ရွာကိုလာလို့ ဖြစ်ဖြစ် ၊ ရွာကနီပနာ ဖြတ်လားစော် ဖြစ်ဖြစ် အစိကေတိမှာ ကြောက်လို့နီ စရာမဟိ။ ပုန်းနိန်ဂတ်ရရေ။
အဂုခါ အေအကြောင်းအရာချေတိကို အဂုပိုင် ရွီးယင်းနန့် အစိကေခါ ဘ၀အဖြစ်ချေတိကို ကောင်းကောင်းသတိရမိပါရေ။ အေအကြောင်းရာချေတိကို ရွီးဖြစ်ရေ ဆိုစော်က ၀ီးလံခေါင်းပါရေ နိန်ရာမှာ နိန်ရရေ ကျေးလက်တောရွာလူတိ ပညာရေး အခက်အခဲချေတိ ၊ ဗုဒ္ဓ ဘာသင်ဝင်တိပင်ဖြစ်ကေလည်း ဘုန်းကြီးကျောင်း မဟိလို့ လယ်လုပ်ပြီးကေ အသက်မွီး နိန်ထိုင်ဂတ်တေ ရွာသူ၊သားတိ တခြားတရွာကိုလားနာ အလှူအတန်းလုပ်ရရေ အခက်အခဲချေတိ၊ တောနီ သဘာဝချေတိကို သိစီချင်လို့ ရွီးစော်ပါရာ။. ဥမ္မာနီခရေရွာချေက အစိကေတိ ပညာရေး၊ လူမှုရေး အမြင်တိ တိုးတက်အောင် ၊ လူကြီး အတွက် ဘာသာရေး အမြင်တိ ပိုမြင်လာအောင် တဖက်တလမ်းက တတ်နိုင်သလောက် ၀ိုင်းဝန်းကူညီလားပါဖို့။ အားလုံး ကိုယ်စိတ် နှလုံးပြုံးပျော်ဂတ်ပါစီ။
(ကျောက်ဖြူသူချေဘလော့မှ)
0 မှတ်ချက်:
Post a Comment