“အမှောင်ကိုခွင်း၊ အလင်းကိုဆောင်၊ ရခိုင်အလင်းရောင်။” စာပီမြင့်မှ လူမျိုးမြင့်ရေ။ စာပီပျောက်ကေ လူမျိုးပျေက်တေ။ ရခိုင်လူမျိုးလွတ်လပ်ချင်ကေ ရခိုင်စာကို အယင်သင်ကတ်။
ကျွန်တော်ရို့၏ “အမှောင်ကိုခွင်း၊ အလင်းကိုဆောင်၊ ရခိုင်အလင်းရောင်”ဘလော့သည် အိန်တာနက်ထက်မှာ တက်လာသမျှ ရခိုင်ဘာသာနန့် ဆောင်းပါး၊ကဗျာ စသည်တိကို ရှာဖွီတင်ဆက်ဖို့အတွက် စမ်းသပ်ပြုလုပ်နိန်ပါသည်။ လိုအပ်ချက်တိဟိပါက c'box မှာအမှာစာရေးထားခကတ်ပါ။ အတတ်နိုင်ဆုံး အကောင်းဆုံးဖြစ်အောင် ကြိုးစားနိန်ပါသည်။ ဆက်သွယ်ချင်ပါက alrevelation@gmail.com ကိုဆက်သွယ်နိုင်ပါရေ။

သံယောဇိုင်

အေပိုင် အားလပ်ရက်တိဆိုကေ အိပ်ယာက စကေချေ နောက်ကျမှ ထစော် အကျင့်ပိုင် ဖြစ်နီယာ..အိပ်ယာမှာ အီဆေးငြိမ်လို့ နီနာ ကိုယ့်ပါးက အကြောင်းချေတိကို စဉ်းစားလိုက် ၊ မေမေ ၊ ဘာဘာကိုဆိုလည်း ပိုလို့ သတိရရေ.. ကိုယ့်အိမ်မှာယာ ဆိုဂေ အစာလောက်ကောင်းဖို့လို့ အတွေးတိနက်ပ..ယေပြီးကေ ဘလော့အကြောင်းကို စိတ်က ရောက်လားခရေ..မွီးရပ်မြီကို စဉ်းစားဂေ ဥမ္မာရို့ မြိန်း(မြေး)တိအပေါ်မှာ သံယောဇိုင်ကြီးပြီး စောင့်ရှောက်ပီးခရေ ဖိုးဖိုးကို ကောင်းသတိရမိရေ..တစ်ယောက်ပါးမှာ တစ်ယောက်ထားဟိရေ သံယောဇိုင်ဆိုစော် မိဖနက် သားသမီးတိမှာယာဟိစော်မဟုတ်ပါ..။

ဖိုးဖိုးဂ ဥမ္မာ အဖိုးအရင်းမဟုတ်ပါ..အဖိုးတ၀မ်းကွဲယာ တော်ပါရေ..ဖိုးဖိုး( ဘာဘာ အဖ) ညီတ၀မ်းကွဲပါ.. ယေလည်း ဥမ္မာရို့ မောင်နှမတိ အပေါ်မှာ ထားရေ ဖိုးဖိုး သံယောဇိုင်ကြိုးက အဖိုးအရင်းတိထက် အဆပေါင်းများစွာ ပိုပါသိမ့်ရေ.. ဖိုးဖိုးကို သတိရရေဆို စိတ်တခုနက် အေပိုစ့်ကို ရီးဖို့စော်ပါယာ.. ဖိုးဖိုးဂ အဂုဆိုဂေ အသက် ၇၀ကျော်နီပါယာ..အသက်နန့် အတူ အိုမင်းရေ ဇရာ လက္ခဏာတိလည်း ဖိုးဖိုးပါးမှာ နီရာ ယူနီဂတ်ယာ.. ယေလည်း ဥမ္မာ မွီးရပ်မြေမှာ တကိုယ်တည်း နိန်နီတုန်းသိမ့်ယာ.. အဖော်မဟိ အထီးကျန်နှာ နိန်စာပါ..သံယောဇဉ် ထားရဖို့စော်ကို ကြောက်လို့ မယားတောင် ယူခစော် မဟုတ်ပါ.. တကိုယ်တည်း ဂုထိ လူပျိုကြီး ဘ၀နန့် နိန်နီစော်ပါ..ဘာဘာရို့ ညီအစ်ကို မောင်နှမတိမှာ ဆိုကေ ဘာဘာက ညီအငယ်ဆုံးပါ.. ဘာဘာကို ချစ်လို့ ဘာဘာနိန်ရေ ရွာမှာနီနာ ဥမ္မာရို့ မောင်နှမတိကို ထိန်းကျောင်းလို့ နိန်လာစော်ပါ..။

ဖိုးဖိုးဂ အရပ်ကောင်းရှည်ပါရေ..ရွာကလူတိဂ ဖိုးဖိုး ခတန်ရှည် (အဖိုး ခတန်ရှည်) လို့ ယာခေါ်ဂတ်ပါရေ.. ဥမ္မာရို့ မောင်နှမတိတော့ ဖိုးဖိုး လို့ ယာခေါ်ရေ.. သတိတရနန့် ပြောဖြစ်ဂတ်ရေ ဆိုခါတော့ “ငါရို့ အဖိုး ခတန်ရှည် တစ်ယောက် နီကောင်းလားမသိ ၊ အစာလုပ် နီမသိလို့” ပြောဖြစ်ရေ.. ဥမ္မာရို့ တောမှာ နီခရေ အိမ်နားမှာ ‘အိမ်’ ( အိမ်အခင်းကို သစ်ချေ မဟောက်တဟောက်နက် စီနာ ၊ အုန်းမိုး ၊ ၀ါးဓရံ ကာထားစော် အိမ် )လို့ယာ ခေါ်ဆိုနိုင်သော တဲသာသာချေယာ အိမ် တလုံးဆောက်နာ နီစော်ပါ..ဥမ္မာရို့ မောင်နှမ အငယ်ချေခါ ယေ့အိမ် ထက်မှာယာ ပြီးဂတ်တေ သေးဂတ်တေ ဆိုဂေ အိမ်ဂ လှုပ်တုပ်တုပ် ၊ ယိုင်တိယိုင်တိုင်နက်ပါယာ..ယေ့အိမ်မှာ ဖိုးဖိုးပိုင်ဆိုင်ရေ ပစ္စည်းဆိုဟာလည်း များများစားစား မဟိပါ..ဘုရားစင်ချေတစင် ၊ အိပ်ရေ အိပ်ယာချေ တစ်ယာ ၊ “ဆောင်းဒူ” လို့ခေါ်ရေ သစ်သားနက် လုပ်ထားစာ ဗီဒို( တခုခုကို လားဂေ ဟိရေ ပစ္စည်း အားလုံးကို ထည့်ခနိုင်ရေ ဗီဒို)တလုံး ၊ ချက်စားရေ အိုး (နှစ်လုံး ၊ သုံးလုံးလောက်) ၊ ထမင်း စားဖို့ “ဟင်းစား” (တစ်လုံး ၊ နှစ်လုံး ) ၊ “လောင်ဗွမ်း” (တစ်ချပ် ၊ နှစ်ချပ်) ၊ သောက်ရီ ၊ သုံးရီ အတွက် ရီအိုးခွက် နှစ်လုံးဟိရေ..ရီချိုးစော်ကျဂေ တခုတည်းယာဟိရေ ရီကန်မှာ လားချိုးဂတ်ယေ..။

ဥမ္မာ အငယ်ချေခါဂ အသက်မွီးဝမ်းကြောင်း အတွက် တောင်ချေ ၊ ပုတ်ချေ ၊ ပလုံးချေတိ ယက်လုပ် ရောင်းချနာ နီလာစော်ပါ.. ယေ့တောင်ချေတိ ယက်လုပ်ဖို့ ၀ါးနန့် ကြိမ်ကို အသုံးပြုရရေ..ယက်ပြီးစာ တောင် ၊ ပုတ် ၊ပလုံး တိကို စပါး ၊ ဆန် ၊ ဖေသာတိနန့် ရောင်းရေ.. ဥမ္မာ အငယ်ချေခါဆိုဂေ ယေ့တောင်းတိကို ယက်ဖို့ နီး ထိုးရင်း ဥမ္မာကို လည်း ရင်ခွင်ထဲမှာ ထည့်ထားရေ.. ဥမ္မာရို့ မောင်နှမတိမှာ ဥမ္မာဂ အကြီးဆုံးဖြစ်လို့ ဖိုးဖိုး ထိန်းကျောင်းလို့ ဖိုးဖိုး လက်မှာ ကြီးလာရေ ဆိုကေ ပိုမှန်ပါရေ.. မေမေ ၊ ဘာဘာရို့မှာ လယ်အလုပ်လုပ်ဂတ်ရေ လူတိဖြစ်လို့ သုံးရာသီလုံး အားရေလို့ ကို မဟိနိုင်ပါ..ဖိုးဖိုးဂ တကိုယ်တည်းဖြစ်ရေ တွယ်တာစရာ မဟိရေ လူဆိုခါ အားးနိန်ရေ ဆိုဂေ တခြားရွာတိကို လားနာ “ဖဲဂဇတ်” ရေ.. အရက်သောက်စော်ကိုတော့ ကောင်းကြိုက်ပုံ မရ.. “ဖဲဂဇတ်” စော်ဂတော့ ကောင်းကောင်းကြိုက်ပုံရပါရေ.. အားတိုင်းကို ရွာဇိုင် လျောက်လို့ ရထားရေ ဖေသာချေတိနန့် “ဖဲဂဇတ်” ဖို့လားရေ.. ဥမ္မာရို့ မောင်နှမတိ မွီးပြီးခါမှ စကေလျော့လားခရေ..။

ယေပြီးဂေ ရွာတိဓလေ့အလျောက် အသားဆိုရေ “ကြက်သား ၊ ၀က်သား ၊ အမဲသား” ရို့ဂ တစ်ခါ စားရဖို့ ကောင်းကောင်း ခက်ခဲပါရေ.. ရွာဇိုင်လျှောက်လို့ လားနီရေ ဖိုးဖိုးဂ ဥမ္မာရို့ မောင်နှမ အတွက် ၀ယ်လာနာ ချက်ကျွေးတတ်ရေ.. ဖိုးဖိုးဂ ယင်းပိုင် “ဖဲဂဇတ်” အလုပ်ကို မေမေဂ မကြိုက်လို့ တခါတလီဆိုဂေ ဥမ္မာရို့ ကို မရွက်ရ.. အိမ်နားကိုပင် မလာရခါတိဟိရေ.. အစေ့ကေတိကို အငယ်ချေခါဂပင် အကျင့်ဆိုးတိ ကူးဖို့ ကြောက်လို့ပါ.. ယေ့ပိုင် အခါရို့မှာ ဆိုဂေ ဖိုးဖိုးလည်း တရက်လောက်တော့ မလာပဲ နီရေ .. ယေလည်း နောက်တရက်ဆိုဂေ ဖိုးဖိုးဂ မေမေ အစာအချိန်ကို လယ်ပြင်ကို လားဖို့ယောင်လို့ ချောင်းနီယာ .. မေမေ လယ်ပြင်လားဂေ ဥမ္မာကို ပုခက်ထဲမှာ ထည့်နာ သိပ်ပိုက်ခရေ..တအောင့်ကြာလို့ ငိုသံကြားရေ ဆိုဂေ လာယာ .. ဥမ္မာရို့ အိမ်ကို..ယေပြီးဂေ ဥမ္မာကို တရက်လုံးစီ ထိန်းလို့နီနိန်ခစော်ပါ..ယေ့ပိုင်း မေမေနန့် ဖိုးဖိုးဂ စကားများနီကျ..ဖိုးဖိုးဂလည်း အေတသက်လည်း ဥမ္မာရို့ အိမ်နားကို မလာ ဆိုနာပ. . ဖိုးဖိုးဂ ရွာဂ လူတိယာ ယင်းပိုင်းပြောဖို့ ဆိုဂေ နောက်ခါ စကားပြောလီဖို့ကို မပြောဂေ့..လှည့်လို့ပင်ကြည့်လီဖို့စော် မဟုတ်ယာ..ဖိုးဖိုးနီရေ ခြံထဲမှာ ချဉ်ဘောင်ခင်း ၊ ပဲသီးစင် ၊ ပိန်းခင်းနန့် တခြား အပင်တိစိုက်လို့ဟိရေ .. ယေ့အပင်တိကိုယာ ဖိုးဖိုး မဟိခါ ရွာဂလူတိဂ ခူးရေ ၊ ဆွတ်ရေ ဆိုစာကို ဟိဖို့ဆိုဂေ တစ်ရွာလုံးကို “လဂျေ” ခေါ်တောင်းစာမျိုးပါ.. ယေ့ဟာကို ကြောက်လို့ ရွာဂ လူတိမှာ စားစရာ မဟိ ၊ ဖိုးဖိုးခြံဂစာကို လိုချင်ရေ ဆိုဂေ ဖိုးဖိုးဟိခါ တောင်းရရေ..ယေလို့ ဖိုးဖိုးကို ရွာဂ လူတိဂ “လူဂွစာ” လိုယာ သတ်မှတ်ဂတ်ပါရေ..။

ရွာဂ လူတိဂ ဖိုးဖိုးကို “လူဂွစာ” လို့ သတ်မှတ်ဂေလည်း ဥမ္မာရို့ မောင်နှဖို့တော့ ကျေးဇူးရှင်ပါ.. ဖိုးဖိုးမှာ တခါတလီ ထမင်းစား နီရင်းနန့်လည်း ဥမ္မာရို့ မောင်နှမ နှစ်ယောက်ကို ထိန်းရခါတိဟိရေ.. ယေ့ခါရို့ဆိုဂေ ဥမ္မာဂ ငြိမ်လို့နီဂေလည်း ဥမ္မာမောင်ဂ အငြိမ်မနီ..ထမင်းစားရေ ခုံထက်မှာယာနီရေ.. ယင်းသူကို ထမင်းလည်း ခွံ့ရသိမ့်ရေ .. မခြီဂေ ခုံထက်မှာ ဟိရေ ဟင်းစားတိကို ကျောက်ချသိမ့်ရေ.. ဟင်းတိမှောက်ကျ ၊ စားနီရေ ဟင်းခွက်တိ ကွဲကျနန့် .. ယေဂေတောင်မှ ရီနာယာ နီယေ ဖိုးဖိုးပါ..အဂုခါရို့ ယေ့အကြောင်းတိကို လူတယောက် ဖိုးဖိုးပါးကို အလည်ရောက်လို့ ပြန်ပြောရဖို့ ဆိုဂေ တပြုံးပြုံးနန့် ‘မောင်ကြီး အငယ်ချေခါ မယ်သေပိုင် ၊ ပုချေ အငယ်ချေခါ မယ်ဝါပိုင်’ ဆိုနာ ပြောလို့ကို မဆုံးနိုင်ပါ.. ဥမ္မာ မောင်အငယ်ဆုံးဖြစ်ရေ “သားသား (ညီပုချေ ဖိုးဖိုးခေါ်စော်)” ကိုကျ ဖိုးဖိုး ကောင်းမထိန်းခရပါ..။

ဥမ္မာရို့ မြို့ကို ပြောင်းဖို့ကျခါ မြို့ကို မလိုက်ချင်ဆိုနာ ငိုချင်ချင် မျက်နှာနက် ကျန်ခရေ ဖိုးဖိုး.. အဂုပိုင်း စာရီနီရင်းနန့်တောင် ဖိုးဖိုးကို ဥမ္မာကောင်းကောင်း သတိရမိပါရေ.. ဥမ္မာရို့မြို့ကို ရောက်ပြီး ဖိုးဖိုး တယောက် အရူးတပိုင်းပိုင် နိန်မပျော်ရေ အဖြစ်ချေတိကို ကြားရပါရေ..” ရွာဂ လူတိဂ ဖြစ်ဖြစ် ဖိုးဖိုး စားပစီလို့ အသားချေဘာချေ (၀က်သား။ ကြက်သား) လားပီးဂေ ၊ ရွာတရွာ လားလို့ ရခဂေ “ငါတစ်ယောက်တည်း မစားဝံ့ ၊ ငါ့ မြိန်းချေတိ မဟိဘဲနက်” ဆိုနာ ငိုရေဆိုစာတိ.. မျက်ရည် တစီစီကျလို့ပါ..ခြံထဲက ငှက်ပျောသီးပင် တခိုင်မှည့် ပစီ ငှက်ပျောသီးခိုင်း၊ ပိန်းခင်းဂ ပိန်းဥတိ ၊ ဇီးသီးမှည့်ချိန် ၊ သစ်ခွပွင့်ချိန် ဆိုဂေ မိုးလင်းဂပင် လားနာ ကောက်ရရေ ဇီးသီး ၊ သစ်ခွပွင့်တိကို အခြောက်လှမ်းလို့ ဇီးသီးခြောက် ၊ သစ်ခွပွင့် ခြောက်တိကို ဥမ္မာရို့ မောင်နှမစားဖို့ မြို့ကို အရောက်ထည့်ပီးပါရေ.. မြို့ကိုယာ တခါလာဖို့ဆိုဂေလည်း ကန်ဂေါ်မကန်ပါ စားစရာတိ ရှာလို့ယူလာစာပါ.. ဥမ္မာရို့ မောင်နှမတိ စားဂတ်ရေဆိုစော်ကို မြင်ဂေပင် ဖိုးဖိုးမှာ ပျော်လို့ မဆုံးပါ..ယေလည်း မြို့ကို တခေါက်ရောက်ဖို့ ခက်ခဲရေ.. ဥမ္မာရို့ မောင်နှမတိ နွီရာသီ ကျောင်းပိတ်လို့ ပြန်လားဂေလည်း ဖိုးဖိုးမှာ ပျော်လို့ မဆုံးပါ..ဖိုးဖိုးပါးမှာယာ စားလို့ နိန်စီချင်ရေ.. ဥမ္မာရို့ မောင်နှမတိဂလည်း “ဘဂျီး” (ဘာဘာ အစ်ကို အကြီးဆုံး) ယင်းအိမ်မှာယာ နိန်ဂတ်ဆိုဂေ ဖိုးဖိုးဂ ကောင်းသဘော မကျချင်ပါ..။

ဥမ္မာ မောင်ချေ နှစ်ယောက်ကို ရှင်ပြုခါဆိုဂေ တောမှာယာ အမျိုးများရေ ဥမ္မာရို့အဖို့ တောဂ လူတိကို “ဘုတ်” နှစ်စီးနန့် ရှင်ပြုပွဲ အမှီရောက်အောင်လာဖို့ စီစဉ်ထားရေ..ယေခါရေ “ငါ့မြိန်းတိကို ရှင်ပြုဖို့စော် ငါလားရဖို့ဆိုနာ” မြို့ကို ယူလာရေ စားစရာတိ တပုံနန့် ဖိုးဖိုး တယောက် ဒုက္ခရောက်နီခပါသိမ့်ရေ.. ဘုတ်တစီးကို မေမေရို့ မိဖ ၊ ညီအစ်ကို မောင်နှမနန့် ဆွေမျိုးမိတ်ဆွေတိ အားလုံးလိုက်လို့ရအောင်ဆို ရွာနားဂရွာတိဂ လူတိလည်း အဆင်ပြေအောင်ဆိုနာ ဆိပ်ကမ်းတခုမှာ ကပ်ထားရေ.. နောက်တစီးကို ကျဂေ ဘာဘာရို့ မိဖ ၊ ညီအစ်ကို မောင်နှမနန့် ဆွေမျိုးမိတ်ဆွေတိ အားလုံးလိုက်လို့ရအောင်ဆိုနာ ရွာနားဂရွာတိဂ လူတိလည်း အဆင်ပြေအောင်ဆိုနာ ဆိပ်ကမ်းတခုမှာ ကပ်ထားရေ..ဆိပ်ကမ်းတစ်ခုနန့် တစ်ခု ခြီကျင် ၂ နာရီခွဲလောက် လျောက်ရပါရေ..ဘုတ်ထွက်ဖို့ အချိန်တိဂ အတူတူပါယာ..”ဖျား” အတက်အကျနက်ကို စောင့်နာ ထွက်လာဖို့စော်ပါ.. ညစာဖက် ၉ နာရီနက် ၁၀နာရီကြားကို အရောက်လို့ ပြောထားစော်ပါ..ယေ့စော်ကို မေမေရို့ ရွာဖက်ဂ ဆိပ်ကမ်းကို ညနိန်ဇောင် ၅ နာရီလောက်ဂပင် ရောက်နီပါရေ.. စောင့်ပိုက်စာ အချိန်ကြာလာလို့လည်း လူတယောက်လည်း မတွေ့ဆိုခါ ဖိုးဖိုးဂ “အေဆိပ်ဂ ဘုတ်ထွက်လားယာ ငါ့ကို မခေါ်ခ ၊ နောက်တဆိပ်ဂ ဘုတ်ကို မှီအောင်လိုက်ရဖို့” ဆိုနာ များပြားရေ စားစရာတိကို လှမ်းမှာ တွေ့ရေ တုတ်တချောင်းကို “ဆိုင်းထမ်း” ပိုင်လုပ်နာ ထမ်းလို့လာပါ..။

အကြာကြီးလာပြီးလို့ အေဖက်ကို ဆိပ်ကမ်းကို ရောက်ခါ စောင့်နိန်ပါယာ .. ယေကေတောင် အေဖက်ဆိပ်ဂ လိုက်ဂဖို့ လူတိ အရိပ်အယောင်ကို မမြင်ရဆိုခါ “ဘုတ်နှစ်စီးစလုံး ငါ့ကို မစောင့်ခဂတ် ၊ တသက်မှာ ငါ့မြိန်းတိ ရှင်ပြုစော်တောင် ငါ မလားနိုင် ၊ မရောက် ” ဆိုနာ အထုပ်တိကို ဘေးမှာ ပုံနာ ငိုယာငိုနီလီယာ .. ဆိပ်ကို အရင်ဆင်းလားရေ ရွာသား တချို့က တွေ့လို့ “အဖိုး အစာဖြစ်လို့ ငိုနီပါရောင်” ဆိုခါမှ အဖြစ်စုံကို သိရပါရေ..။

အဂုဆိုဂေ ဖိုးဖိုး အသက်လည်းကြီးပါလာယာ..ရွာမှာ ဆိုကေ တယောက်တည်း နီစော်ဖြစ်လို့ အစားအသောက် ဆင်းရဲလို့ မြို့မှာလာနီပါ ဆိုကေလည်း တောမှာ တသက်လုံး အနိန်ကျလာလို့ မြို့မှာ လာနာ မနိန်နိုင်ပါ..မြို့ကို အလည်လာတောင် တပတ် ယေလောက်ယာ နိန်ပါရေ.. ဥမ္မာရို့ မောင်နှမတိလည်း အိမ်နက် အ၀ီးရောက်နီဂတ်လို့လည်း ပါပါရေ..အသက်ကြီးလားရေ ဖိုးဖိုး စားရေး အတွက်ကတော့ ဘာဘာဂ ဖြည့်စီးပီးထားရေ.. မေမေတောကို တခေါက်လားခီရေ .. ဖိုးဖိုး အရင်း(ဘာဘာ အဖ) မှာ ကထိန်ခင်းလို့ .. ယေ့မှာ ဖိုးဖိုးကို တွေ့ဂေ ဥမ္မာတတ်နိုင်လောက် ကန်တော့ဖို့ ဖေသာပို့ပီးလိုက်ရေ .. မေမေဂ ဖိုးဖိုးကို ပီးပြီးဂေ အမျိုးတိဂ ဖိုးဖိုးကို မီးဂတ်ပါရေ..” အဖိုးမှာ အဖိုးချစ်ရေ မြိန်းမပါးဂ ဖေသာတိရကေ အစာလုပ်ဖို့ ပါယောင်လို့ ?” “အစာလုပ်ဖို့ယောင် ငါဂေါ် အသက်ကြီးနီရာ” ဆိုနာ ယေ့ဖေသာတိနက် ၊ မေမေပီးပိုက်ခရေ ဥမ္မာ နန့် မောင်ရေ ဓါတ်ပုံကို အိတ်ထည့်မှာ ထည့်နာ လားနီပါရေ..။

မေမေဂ ဖိုးဖိုးကို မြိန်းတိနန့် လူမတွေ့ရလည်း ဖုန်းတာဘဲ ပြောရပစီဆိုနာ မြို့ကိုခေါ်လို့ မြို့ကို တခေါက်ရောက်လာပါသိမ့်ရေ .. ဖိုးဖိုး ရောက်နိန်ခါဂ ဖိုးဖိုးကို နိန့်တိုင်း ဖုန်းဆက်ပါရေ.. ဖိုးဖိုးဂ ကောင်းကောင်းပျော်ပုံရပါရေ.. ဥမ္မာရို့ မောင်နှမ ဖုန်းဆက်ဖို့ ဆိုနာ အခါတိုင်း မြို့ကို လာပိုင် တခြား အမျိုးအိမ်ကိုလည်း မလားဘဲနက် ဖုန်းနားမှာယာ စောင့်နီပါရေ..ဖုန်းသံ ကြားဂေ ဥမ္မာရို့းပါးဂ ဖုန်းလို့ ထင်လို့ ထမင်းစားနီဂေတောင် ဆက်မစား စောင့်နီယာပါ..မေမေပြောလို့ ဥမ္မာစိတ်မကောင်းဖြစ်မိရေ..ဖိုးဖိုးပြန်လားခါ ဖိုးဖိုးဖို့ ကန်တော့ရေ ဖေသာ နန့် စားစရာတိ ၀ယ်ထည့်ပီးလိုက်ရေ.. ဖိုးဖိုးနန့် မတွေ့စော် နှစ်တိကြာလားခပါယာ .. ပဇောင်ပိုင်ပင် ၀ီးနီပစီ ဖိုးဖိုးကို ဥမ္မာတတ်နိုင်ရေ နီးလမ်းဂ ဖိုးဖိုး တခါပြန်နာ ကျေးဇူးသိတတ်လားပါဖို့..။

ဥမ္မာရို့ မောင်နှမတိ အပေါ်မှာ သံယောဇဉ်ထားရေ ဖိုးဖိုး ၊ စားစရာချေပင် တခုရပစီ တစ်ယောက်တည်း မစားဘဲနန့် ဥမ္မာရို့ မောင်နှမနန့် အတူတူစားယာ စားရေ ဖိုးဖိုး ၊ ဥမ္မာရို့ မောင်နှမ အစေ့ကေချေခါပင် ထိန်းကျောင်းလာရေ ဖိုးဖိုး.. ဥမ္မာ ဖိုးဖိုး ကို သတိရလို့ အေပိုစ့်ချေကို ရီးစာဖြစ်လို့ ဖတ်ပီးဂတ်ရေ လူတိကို ကောင်းကျေးဇူးတင်ပါရေ..ကျန်းမာချမ်းသာ ဂတ်ပါစီ..။


(ကျောက်ဖြူသူချေဘလော့မှ)

0 မှတ်ချက်:

“အမှောင်ကိုခွင်း၊ အလင်းကိုဆောင်၊ ရခိုင်အလင်းရောင်” ဘလော့ကို တမင်တကာလာကတ်တေဖြစ်စီ၊ လမ်းမှားလို့ရောက်လာကတ်တေဖြစ်စီ ကျွန်တော်ရို့ “ရခိုင်အလင်းရောင်” မိသားစုမှ အထူးပင်ကျေးဇူးတင်ပါရေ။ နောက်ထပ်လည်း လာလည်ကတ်ပါလို့ ဖိတ်ခေါ်ပါရေ။