အကျွန်ုပ်ရို့ ရခိုင်ပြည်တခွင်မှာ လွန်လားခရေ (၂၀) ရာစုအစောပိုင်း ဝန်းကျင်လောက်အထိ Technology ပိုင်းဆိုင်ရာနှင့်ပတ်သက်လို့ တစွန်းတစချေတောင် မသိကတ်တေလူတိအများကြီးပါ။ အမှန်ပြောရဖို့ဆိုကေ ယင်းအချိန်လောက်က မဖွံ့ဖြိုးရေနယ်မြီ
ချေတခုဖြစ်တေအတွက်နှင့် ဓာတုဗေဒဆီးတိအားနည်းပြီးကေ ဗိန္ဓောဆီးလို့ခေါ်ရေ နယ်ဆီးသမားတိက အရွက်အခက်၊ အမြစ်အဥတိနှင့် ရောစပ်လုပ်ထားရေဆီးတိကို အမှီပြုကတ်ရပါရေ။ ယင်းဆီးနှင့် ယင်းဆီးသမားတိစွာ အကျွန်ုပ်ရို့အတွက် တန်ဖိုးဖြတ်မရလောက်အောင် ကျေးဇူးတရားလည်းများခပါရေ။
(၂၀) ရာစုနောက်ပိုင်းမှာ ဓာတုဗေဒဆီးတိဝင်ရောက်လာရေအတွက်တာနှင့် လူအများစုက ဓာတုဗေဒဖက်ကို အမှီပြုလာကတ်ပါရေ။ အကျွန်ရို့ရွာနားနောက်တရွာက အဖိုးချေသာဘန်းမှာ ထိပ်မှာ အနာပေါက်တေခါ မြို့ကိုလားပျာယ် ဓာတုဘေဒဆီးနှင့်ကုဖို့ ဆုံးဖြတ်ကတ်ပါရေ။ မြို့ကိုရောက်တေခါ ဆီးရုံမှာဆရာဝန်က အဖိုးချေသာဘန်းကို တင်ကနီပြီး အကြောဆီးတလုံး ထိုးပီးလိုက်ပါရေ။
ယေခေါ အဖိုးချေသာဘန်း ကကောင်းမာန်ပါပြီးကေ ချက်ချင်းထပါရေ။ ထစွာနှင့်တပြိုင်နက်ပြောစွာက-
"အဝေး....မင်းရို့ ကကောင်းရူးရေကား။ ထိပ်မှာအနာပေါက်စွာကို တင်ကဆီးထိုးလို့ ဇာပိုင်ကောင်းဖို့လဲဝေ။ အနာနှင့်ဆီး ဝီးလိုက်တေပင်။ ငါ့ရို့ရွာက ဆီးသမားကျော်စိန် အနာကိုတည့်တည့်ကုစွာတောင်က မကောင်း။ လုံးဝ...... လုံးဝ.....မဖြစ်နိုင်။ လာပြန်ကတ်မည်ဝေး။ ဒေ အရည်ဆီးသမားတိနှင့် ငါဆက်မကုချင်ပျာယ်" ပြောပြလို့မရ ချက်ချင်းပြန်လာကတ်ရပါရေ။
အသျှင် (Ashun)
(ရက္ခဌာနီဘလော့မှ)
0 မှတ်ချက်:
Post a Comment