ကျုပ်လလူး၊ပြာလလူး နှင့် ပိန္နဲချောင်းကျွန်းတွင် မွီးဖွားခသော ကျွန်းသားငမန်းအေးမောင် တစ်ယောက် ကံကောင်းထောက်မစွာဖြင့် ၈တန်းကို အောင်မြင်လီသည်။ ထိုအေးမောင်အား အမိ၊ဘ ဆင်းရဲ၍ ကျောင်းဆက်မထားနိုင်သဖြင့်သူ.အဖက စစ်တွေမြို. ဘုရားကြီးနောက်တွင်တည်ဟိ သော ဘုန်းကြီးတစ်ကျောင်းတစ်ကျောင်း၌အပ်နှံလီရာ သူသည် ဘုန်ကြီးကျောင်းသား ဂုဏ်ကို ဆယ်ကျော်သက်အရွယ်၌ ထိုက်တန်စွာ ဆွတ်ခူးရဟိလီသည်။ အေးမောင် ၏ ကံဇာတာကို တွက်ချက်မိသော သူ.အဖက အထက်တန်းပညာ သင်ကြားရန် လယ်မထွန်ခိုင်းဘဲ စစ်တွေမြို. ဘုန်းကြီးကျောင်းတစ်ကျောင်း၌ အပ်နှံရခြင်းဖြစ်ပါသည်။ ဘုန်းကြီးကျောင်းသားအေးမောင်သည် အမှတ်(၂) ကျောင်းသို. တထည်တည်းဟိသော ကျောင်းစိမ်းဒယော ကိုဝတ်လျက် ဘ၀င် သုံးပိဿာ ဖြင့်အထက်တန်းပညာ ရပ်များကို သင်ကြားလျက်ဟိသည်။ ကျောင်းပထမ တက်စနိ၌ မိမိကိုယ်ကို ဇာကလဲဆိုစွာကို အတန်းထဲ၌ မိတ်ဆက်ရလီသည်။ အတန်းဖော်တိကသူရို.နီရာဒေသကို ၀င့်ကြွားစွာဖြင့် ဖြေကြားလျက်ဟိ၏ ။
ဥပမာ...ကန်းနားလမ်းက၊ကျောင်းတက်လမ်းက ၊မိဇံက ထိုသို.ဖြေကြားကတ်လီသည်။ ကျွန်သား အေးမောင် အလှည့်သို.ရောက်သောအခါ သူ၏အဖြေကြောင့် တတန်းလုံး ရွာပြိုအောင်ရယ်ကတ်လီသည်။ ပဇာကြောင်းဆိုသော် သူ၏အဖြေမှာ "ဘုန်းကြီးကျောင်းက" ဟု၍ ဖြစ်၏။ ကျွန်းသား အေးမောင် သည် စစ်တွေမြို. သမ အတန်းဖော်တိ ဘက်တွင် အဟားခံရသော်လည်း ဆရာမ က ပပွင့်လလင့် ရရိုးသသား ပြောသည်ဟုချီးကျူးလီသည်။ ထိုကျွန်သားအေးမောင် ကျောင်းသို.လာလျှင် တချို.အတန်းဖော်ကောင်မချေတိက ဆရာတော်လာရာ လမ်းဖယ် ပီးကတ် စသည်ဖြင့် အော်ကတ်လီသည်။ ယေဘင်ကေလေ့ အေးမောင်၏ သူငယ်ချင်းများမှာ ကောင်မချေအများဆုံး ဖြစ်ပါသည်။ ပဇာကြောင့်ဆိုသော် အေးမောင်သည် ၉တန်း အင်္ဂလိပ်စာ တိကို အထစ်အငေါ မဟိဘဲ အရည်ကြိုသောက်နီခြင်းကြောင့် ဖြစ်ပါသည်။ အေးမောင်အတန်းတွင် မမချေတိ အင်္ဂလိပ်စာ ညံ့ကတ်လီသည်။ထိုဟာကွက်အား အေးမောင် ကိုင်ထားခြင်းဖြစ်ပါသည်။
နိဒါန်းရှည်လားစွာကို တောင်းပန်ပါသည်။ ပြောသျှင်သည်မှာ စက်သီးကိစ္စဖြစ်ပါသည်။ အေးမောင်သည် ငါးခူတစ်ကောင်ကို ရီထဲ၌ စမ်းဖမ်းနိုင်သည်။ ငါးမျှားရန် ကျွဲကူးမြစ် အလယ်ကျောက်ကို ကိုင်းတန်ကို ပါးစ မှာကိုက်လျက် ကူးနိုင်ပါသည်။ ရီဘဘောင်းပြည့်နိန်သော လယ်ဇွ တွင် တစ်ရက်လုံးဘောလုံးကျောက်နိုင်သည်။ ယကေလေ့ ကျွန်းတွင် စက်သီးပင် မဟိ၍ အသက် ၁၃၊၁၄ အရွယ်ထိ စက်သီမမြင်ဖူးပါ။ စစ်တွေမြို.တွင် စက်သီးစီးနိန်ကတ်သော ကောင်ချေ၊ကောင်မချေတိ ကိုကြည့်လျက် အေးမောင်သည် စက်သီးစီးချင်စိတ်နှင့် ကျင်ကိုင်နိန်ရလီသည်။ ထိုကြောင့် စက်သီး စီးစီမံကိန်းအား အကောင်အထည်ဖော်ရန် အေးမောင် ဆုံဖြတ်လိုက်ပါသည်။ ဆရာ တော်က ၀ါကျွတ်လျှင် ပီးသော ဒင်္ဂါး အသစ်ချေတိ ကို စုထားလျက် နွေရာသီ တွင် စသီးချေ ငှားလျက်အသားကုန်လေ့ကျင့်လီသည်။ စက်သီး မူန်.စိချေ နှင့်ကျင်ကိုင်နိန်သောဘဘောင်သံ ဘုန်းကြီးကျောင်း သားအေးမောင်ကို ကုန်တန်းက ရီခတ်ရန်လာသော ကောင်မချေတိက နိတိုင်း ၀ိုင်ဟားကတ်လီသည်။ ဇာပိုင်ဘင်ဆိုဆို အေးမောင်သည် ဇနက မင်းသားလုံးလဖြင့် ခြီကျိုး၊ ဒူးက သွီးတိ စစယိုအောင်ထိ အသားကုန် ကျင်ကိုင်လီရာ ၂ လအကြာတွင် စီးတက်လာလီသည်။ ထို စီးတက်သည့်နိတွင် မိုရမျက်နှာမျိုး နှင့် စက်သီးကို အသားကုန်နှင်းလျက် ပိုင်ချင်အိမ်သို.လားအပ်ရာ အရှိန်ကို မထိန်းနိုင်ဘဲ ၀င်္ကဘာကွင်း၌ မုန်းတီဆိုင်မှ မုန်းတီသောက်နိန်သော အသက် ၄၀ အရွယ်အရီးတစ်ယောက် တင်သားကို ၀င်တိုက်ရာ ထိုအေးမောင်မှာ ဆီးဆောက်ကရောက်နှင့် ကြုံရလီသည်။ မုန်.တီသယ်မသည် အေးမောင်ကို ပန်းတိဖြင့်ကြဲချလီသည်။ အေးမောင်လည့် ပုရစ်ချေ မျက်နှာဖြင့် စစ်သီးကို ဆက်စီးလားလီသည်။
နောက် ၃ လခန်.အကြာတွင် တစိချေ ကျွန်းပါလတ်လီသည်။ခင်မင်ရသော မြို့သားသူငယ်ချင်းတိက အေးမောင်အား ညဇာဘက် စစ်တွေမြို.တစ်ခုတည်းသော လမ်းမကြီးထက်သို.စက်သီးစီရန် လာခေါ်ချိန် စာမဖတ်ဘဲ မျော်တက်လာလီသည်။ ဆရာတော်
သိလျှင် အောက်သကော် အနှက်ခံရမည်ကိုကြောက်သဖြင့် ကိုယ်ဖွပညာကို တရုတ်သိုင်းစာအုပ်တိဖတ်လျက်လေ့ကျင်ထားရလီသည်။ဒေပိုင် စက်သီးမစီးတက် စီတက်အချိန်တွင် မြို.ထဲ စက်သီးစီးထွက်ရသော အရသာသည်ရွီးပြရန်ခက်ပါသည်။ တညနိန်တွင်
စက်သီးအင်ဒန်စီးတတ်နိန်ယာဖြစ်သော ထိုအေးမောင်အား သူငယ်ချင်း ၄ယောက်က တဘက်နှစ်ယောက်စီကြားညှပ်လျက် လက်မကြီးထက်စက်သီးစီထွက်ကတ်လီသည်။ ကကောင်းမကြာလိုက် Palace ဟိုတယ်ရှီအရောက်တွင် ဘဘောင်းမြည်ပနာ
တန်းသိမ်ပြတ်လဲကျရာ ထိုမြို.သားသူငယ်ချင်းများမှာ ကျွန်းသားအေးမောင်ကြောင့် စလောင်းပေါ် အရှက်ကွဲရလီ၏။ ထိုနိမှစ၍ အေးမောင်အား မည်သူတစ်ယောက်မျှ ညဇာဘက်၌ စက်သီးစိ မခေါ်ဝံ့ဘဲ ဟိကတ်လီသည်။
ယကေလေ့ အေးမောင်သည် စက်သီးစီးခြင်းအတက်ပညာအား ဆက်လက်ကြိုးစားလျက်ဟိသည်။ တရက်နိတွင် ကျောင်းသို. စက်သီးစီလျက် အေးမောင် ထွက်လာလီသည်။ သူ၏ ဘ၀င်များသည် ရိုးမတောင်ထက် မြင့်လျက်ဟိပြီး မျက်နှာမှလည်း
ရည်စားဘားက အဖြေရကဲ့သို. ပြုံးလျက်ဟိသည်။ စက်သီး ဟန်းဒရွက်(Handle) ကိုလည်း လက်နှစ်ဘက်ဖြင့် သတိထားကိုင်လျက် အမှတ်(၂) ကျောင်းသို. မယင် မနှေး အရှိန်ဖြင့်နင်းလာလီသည်။ ဘုရားကြီးအကျော် ကျားရုပ်ကျောင်းနားအရောက်တွင်
ကုန်တန်းမှ ရိန်နာသတ် ဆဗွီ တစ်ဖွဲ. အေးမောင်အနားတိုးကတ်လာပြီး စက်သီးစီးလျက် ဇိန်တွိနိန်သော ထိုအေးမောင် ဒယောကို ဖြီချလိုက်လီသည်။ ဤတွင် အေးမောင်သည် အခက်အခဲ့ အကြီးအကျယ်တွိလီပြီ။ ဟန်းဒရွက်ကို လက်တစ်ဘက်ကိုင်လျှင်
မထိန်းတတ်၍ မြောင်းထဲထိုးကျမည်။ ပြီနိန်သော ဒယောကို လက်တဘက်ဖြင့် မကိုင်ထားလျှင် လူလယ်ကောင်၌ တဒုံဖလင် အရှက်ကွဲနိုင်သည်။ ဇာပိုင်လုပ်ရဖို.လဲ။ ဒယောကလည်း တဖြည်းဖြည်းပြီ ကျလာလီသည်။ မထူးယာ အရှက်တော့ အကွဲမခံနိုင်ဟု အေးမောင်ဆုံးဖြတ်ချ ချလိုက်သည်။ ပြီးနိန်သော စက်သီးကို ညာဘက်လက်ဖြင့် ကြိုးစားထိန်လျက် ပြီရ် နိန်သော ဒယောကို ဘယ်ဘက်လက်ဖြင့် ကြိုးစားဝတ်လေရာ ထင်ထားခသိအတိုင် စက်သီးကို မထိန်းနိုင်ဘဲ အနားက လူတစ်ယောက် အားရဘားရတိုက်လျက်
နာလာကြောင်း သို. နှစ်ယောက်စလုံး အရှိန်နတ် လူးကျလီသည်။ ကံကောင်းထောင်မ၍ ခြီမကျိုးခပါ။ အတိုက်ခံရသောလူသည် မှန်ပါဖို.အစား ဖင်တတုန်းနှင့် ခွီနိန်သော အေးမောင်ကိုကြည့်လျက် သနားသဖြင့် ဘုန်းကြီးကျောင်းသို.အရောက် ပို.လိုက်ရလီသတည်း။
(ဖြစ်ရပ်မှန်)
ပျော်ရွင်ကတ်ပါဇီ။
အေးမောင်(ရင်အုံတော်ဓာတ်)
၂၆၊၀၆၊၀၉
(ဘုရင်မာရယုဘလော့မှ)
0 မှတ်ချက်:
Post a Comment