------
မနှင်းဇီ
နင်ကမြန်မာ
ငါကရခိုင်
မျဉ်းပြိုင်နှစ်ကြောင်း
မဆုံကောင်းပါ
ခွင့်လွှတ်လိုက်ပါ မနှင်းဇီ --။
ဤကဗျာမှာ မနှင်းဇီအား ကိုသာကျော် နောက်ဆုံးပီးခသော ကဗျာဖြစ်သည်။ ဤကဗျာကို ပီးပြီးနောက် ကိုသာကျော်သည် သူချစ်သော မနှင်းဇီအားကြောခိုင်းပြီး ရန်ကုန်မှ သူ့မွီးရပ်မြီ ရခိုင်ပြည်သို့ အပြီးအပိုင်ထွက်ခွာလာခသည်။ ဘ၀နှင့်ပုံ၍ ချစ်ခရစွာဖြစ်လို့ ကိုသာကျော် မနှင်းဇီနှင့်ခွဲရစဉ်မှာ ရင်ဆို့အောင်ခံစားရသည်။
အပိုင်း (၁)
ရန်ကုန်တက္ကသိုလ် နောက်ဆုံးနှစ် မြန်မာစာကျောင်းသားတဦးဖြစ်သော ရခိုင်သားကိုသာကျော်သည် သူနှင့်အတန်းတူ အချိန်တူ မြန်မာမချေ “မနှင်းဇီ” နှင့် ချစ်ရည်မျှခသည်။ သူရို့ချစ်ကျွမ်းဝင်ပုံကလည်း ဆန်းဆန်းချေဖြစ်သည်။ တယောက်နှင့်တယောက် နတ်ယင်းသွမ်းယင်း ရည်းစားဖြစ်လားခကတ်သည်။ မနှင်းဇီရို့ကျောင်းသူအုပ်စုက အတန်းထဲတွင် ကိုသာကျော်အပါအ၀င် ရခိုင်ကျောင်းသားများကို နာမည်ထုတ်မခေါ်ဘဲ “ခုနစ်ခိုင်” ဟုခေါ်သည်။ ရခိုင်မှ “ရကောက်” ကို “ခုနစ်ဂဏန်း” ဖြင့်အစားထိုးပြီး နတ်သည့်သွမ်းသည့်သဘော “ခုနစ်ခိုင်” ဟု ခေါ်ခြင်းဖြစ်သည်။
မနှင်းဇီသည် သူရို့အုပ်စုထဲတွင် အလှဆုံး၊ အသားမဖြူမညို နှာတံပေါ်လွင်ပြီး ရယ်လိုက်လျှင် ပါးချိုင့်ပေါ်သည်။ သူ့ပိုင် အချောအလှမချေက “ကိုသာကျော်” လို့ ခေါ်ဖို့အစား “ကိုခုနစ်ခိုင်” လို့ ခေါ်နီခါ ကိုသာကျော်က အောင့်သက်သက် ခံနီရသည်။ ထို့ကြောင့် ကိုသာကျော်လည်း “ခုနစ်ခိုင်” လို့ခေါ်စွာတုန့်ပြန်ဖို့ စကားလုံးလိုက်ရှာရပါတော့သည်။ ထိုအခါ စကားတလုံးကို ကိုသာကျော်လားတွေးမိသည်။
ထိုနိမှစ၍ မနှင်းဇီက “ကိုခုနစ်ခိုင်” လို့ခေါ်တိုင်း ကိုသာကျော်ငြိမ်ခံမနီ။ “ဟေ့ ကိုခုနစ်ခိုင် နီကောင်းလား” ဟု မနှင်းဇီးကမီးလာလျှင် ကိုသာကျော်က “မနှင်းဇီ” ကျွန်တော့်နာမည်က “ကိုခုနစ်ခိုင်” မဟုတ်ပါ။ ကိုချစ်ခိုင်ပါ။ ချစ်ကေခိုင်လွန်းလို့ “ကိုချစ်ခိုင်” လို့ခေါ်စွာပါ။ “ခုနစ်ခိုင်” လို့ မခေါ်ပါကဲ့။ “ကိုချစ်ခိုင်” လို့ နာမည်ပြောင်းခေါ်ပီးလို့ရပါဖို့လ
အပိုင်း (၂)
ရည်းစားဘ၀ဖြစ်လားသောအခါ သူရို့နှစ်ဦး မိုးမမြင်လီမမြင် ပျော်သည်။ ကျောင်းပြီးလျှင် မနှင်းဇီကို လက်ထပ်ယူရန် ကိုသာကျော်က ဆုံးဖြတ်လိုက်သည်။ နောက်ပိုင်းတွင် ကိုသာကျော်က ကျောက်ဖြူမှ အမိအဖထံသို့ အကြောင်းကြားသည်။ မိခင်ဖြစ်သူ မိဒေါ်ညွန့် ရန်ကုန်ထိလိုက်လာပြီး မနှင်းဇီနှင့်တွိသည်။ စကားပြောသည်။ ချွေးမလောင်းကို အကဲခတ်သည်။ နောက်ပိုင်းတွင် စမ်းချောင်းသျှမ်းလမ်းမှ မနှင်းဇီရို့အိမ်ထိ လိုက်လည်သည်။ မနှင်းဇီမိဘများနှင့်လည်း တွိဆုံသည်။ အားလုံးအိုကေ အဆင်ပြေသည်။ ကိုသာကျော်ရို့ မိသားစုသည်လည်း ကျောက်ဖြူတွင် ထိပ်ထိပ်ကြဲဖြစ်သည်။ အသောက်အစားကင်းပြီး လူတဘက်သားကိုကူညီတတ်သော မိသားစုဖြစ်သဖြင့် လူချစ်လူခင်များသည်။
၎င်းအပြင် လူမျိုးရေးအစွဲကင်းသည်။ (ရခိုင်-မြန်မာ) ခွဲခြားမှုမဟိ။ အားလုံးမိသားစုတခုကဲ့သို့ သဘောထားသည်။ ကိုသာကျော်သည် ရခိုင်သားဖြစ်သော်လည်း ကျဉ်းမြောင်းသော အမျိုးသားအတွေးအခေါ်အယူအဆမဟိ။ သို့ဖြင့် မနှင်းဇီကို ရာသက်ပန်အိမ်ထောင်ဖက်အဖြစ် ကိုသာကျော် ရွီးချယ်လိုက်သည်။ ကိုသာကျော်နှင့် မနှင်းဇီအကြား မည်သည့်အဟန့်အတားမှမဟိ။ ချစ်သူများလျှောက်သောလမ်းသည်ကား
အပိုင်း (၃)
ထိုတနိ။ ထိုတနိကို ကြမ္မာငင်သောနိဟု ဆိုရဖို့လားမသိ။ ထိုနိတွင် ကိုသာကျော်နှင့် မနှင်းဇီရို့ လမ်းခွဲခရပါသည်။ ကိုသာကျော်နှင့်မနှင်းဇီရို့နှစ
နီမညှိုးသိမ့်သဖြင့် ဘုရားပေါ်တွင် လူကြဲနီသည်။ အချေနှစ်ယောက်က မိခင်ဖြစ်သူနှင့်အတူ တန်းဆောင်အရိပ်ခိုပြီး ခွာစာကျွေးနီသည်။ ခွာချေတိကလည်း အချေလက်ထက်တက်ပြီး အစာစားလိုက် ပျံလိုက်နားလိုက် မြင်ရသောမြင်ကွင်းသည် ချစ်ဖို့အလွန်ကောင်းသည်။ ကိုသာကျော်နှင့် မနှင်းဇီရို့နှစ်ယောက်စလုံး အချေတိ ခွာစာကျွေးနီရာသို့ မျက်စိရောက်လားသည်။ မနှင်းဇီက ကိုသာကျော်ကို စပြောသည်။ “ကိုကို အချေတိ ကကောင်းချစ်ဖို့ကောင်းရေ” ကိုသာကျော်ကလည်း သဘောတူ ဂေါင်းညှိတ်ယင်း “ဟုတ်တေ မနှင်းဇီ အချေတိ ကကောင်းချစ်ဖို့ကောင်းရေနှန်း” ဟုဆိုသည်။
ထိုမှတဆင့် သားသမီးမွီးလာပါက ယောက်ျားချေနှင့် မမချေ “ပဇာကို ပိုကြိုက်တေလဲ” ဟု မနှင်းဇီက မီးသည်။ ကိုသာကျော်က ယောက်ျားချေဘဲမွီးမွီး သမီးချေဘဲမွီးမွီး သားသမီးဖြစ်သဖြင့် ချစ်ရမည်ဖြစ်ကြောင်းပြောသည်။ ထိုမှတဆင့် သားသမီးများမွီးလာပါက။ သားသမီးများ၏နာမည်ကိစ္စသို့ ရောက်လာသည်။ ထိုအခါ ကိုသာကျော်က “ကိုယ့်သားတိကို ရခိုင်နာမည်စစ်စစ် “သာထွန်းဦး“ ၊ “ကျော်လှဦး” စသည်ဖြင့် နာမည်ထားချင်ကြောင်းပြောသည်။ မနှင်းဇီမျက်နှာ ကိုသာကျော်စကားကြောင့် အနည်းငယ်ပျက်လားသည်။ “ဇာဖြစ်စွာလဲ မနှင်းဇီ” ဟု မီးသောအခါ မနှင်းဇီက “အေနာမည်တိ မဖြစ်နိုင်ထင်ရေ ကိုကို” ဟုဆိုသည်။
ကိုသာကျော်က “ဇာဖြစ်လို့လဲ မနှင်းဇီ” ဟု မီးသောအခါ မနှင်းဇီက “စိတ်မဟိပါကဲ့ ကိုကို မနှင်းဇီက သားချေတိနာမည်ကို မြန်မာနာမည်ဖြစ်တေ “ကျော်စွာမြင့်” ၊ “ဇော်လွင်မြင့်” ယင်းပိုင် နာမည်တိရာထားချင်စွာပါ။ ဇာဖြစ်လို့လဲဆို ကိုကို့သားတိနာမည်ကို ရခိုင်ပိုင်ထားကေ ကိုကိုသားတိ ဇာခါလည်း ရာထူးကြီး၊ အစိုးရထိပ်ပိုင်းရာထူးတိကို ရလီဖို့မဟုတ်ယာ။ မနှင်းဇီက သားချေတိကို စစ်ဗိုလ်ချုပ်ကြီးတိ၊ နိုင်ငံတော်အကြီးအကဲတိ ဖြစ်ချင်စွာ။ နာမည်တခုကြောင့် မနှင်းဇီသားချေတိ အနာဂါတ်တက်လမ်း ပိတ်မလားစီချင်ပါ ကိုကို”။ ကိုသာကျော်၏နှလုံးသား ဆားနှင့်အတို့ခံရပိုင် ခံစားလားရသည်။
ဖနောင့်ကသွီး ငယ်ထိပ်တက်လားသည်။ “ဟုတ်လား မနှင်းဇီ၊ အေတိုင်းပြည်မှာ ရခိုင်နာမည်ထားစွာနှင့် အစိုးရထိပ်ပိုင်းရာထူးကို မရနိုင်ပျာလား။ စစ်ဗိုလ်ချုပ်ကြီးတိ မဖြစ်နိုင်ပျာလား။ နိုင်ငံတော်အကြီးအကဲ မဖြစ်နိုင်ပျာလား” ကိုသာကျော်က ရင်ဆို့ဆို့ပြောသည်။ မနှင်းဇီသည် အ၀ီးတနီရာသို့ကြည့်ယင်း ပြောလာသည်။ “ဟုတ်တေ ကိုကို ။ အေချင့် အမှန်ပါ။ မနှင်းဇီ ကိုကို့ကို စမချစ်ခင်ကပင် အေကိစ္စကို အယင်စိုင်းစားပြီးသားပါ။ အထူးသဖြင့် သားသမီးတိ အနာဂါတ်ခရီး။ ရခိုင်သားတယောက်နှင့်ရရေ မနှင်းဇီသားသမီးတိ အေတိုင်းပြည်မှာ ဇာပိုင်လူရာဝင်လဲဆိုစွာကိုပါ”။ ကိုသာကျော် နားလည်လိုက်ပါပျာ။
မနှင်းဇီ၏စကားလုံးများသည် ကိုသာကျော်၏နှလုံးသားကို မျှားချွန်းချွန်းနှင့် တချက်ချင်းထိုးနီရေပိုင် ခံစားမိသည်။ ကိုသာကျော် ဇာလည်းဆက်ပြောချင်ပျာ။ ထိုနိက မနှင်းဇီကို သူ့အိမ်သျှမ်းလမ်းထိ ကိုသာကျော်လိုက်ပို့သည်။ သို့သော် စကားတခွန်းမပြောဖြစ်။ ချစ်သူနှစ်ဦး၏အိမ်အပြန်လမ်းရီး
(နိဂုံး)
မိုးလင်းသောအခါ ကိုသာကျော် မနှင်းဇီရို့အိမ်သို့လားပါသည်။ မနှင်းဇီက အိမ်တန်းခါးဖွင့်ပီးသည်။ ကိုသာကျော်အိမ်ထဲဝင်ရန် စိတ်မဟိတော့ပါ။ အသင့်ရွီးယူလာသောကဗျာနှင့် မနှင်းဇီ အမှတ်တရပီးထားခသောပစ္စည်းများကို
မနှင်းဇီ
နင်ကမြန်မာ
ငါကရခိုင်
မျဉ်းပြိုင်နှစ်ကြောင်း
မဆုံကောင်းပါ
ခွင့်လွှတ်လိုက်ပါ မနှင်းဇီ --။
(ကွန်ချုပ်ကေ)
ရွက်နုတိဝီ
...........
မေတ္တာခေါင်းပါး
နွီရွာကြားမှာ...
အဝတ်စား ဗလာ၊ ငါလျှောက်လာလည်း...။
အကြင်နာခေါင်းပါး
နွီရွာကြားမှာ...
အစားစာ ဗလာ၊ ငါလျှောက်လာလည်း...။
စေတာနခေါင်းပါး
နွီရွာကြားမှာ...
အင်အားဗလာ၊ ငါလျှောက်လာလည်း...။
ငါကား မသီ
ချီမြဲချီလျက်။
ရွက်ကျင်လီသွန်၊ ရာသီပြန်ကေ
ထက်သန်စွမ်းအား၊ ငါ့သွီးသားက
ပေါက်ဖွားစီရီ၊ ဖူးညှောက်စီဗျာ
နီမြန်းတက်ကြွ၊ ငါ့အလှကို
ဝမ်းသာအားရ ကြည့်ကတ်လီ။
.......၀.......
လေးဝတီ ခိုင်ကျော်
(ရခိုင်သဟာယမဂ္ဂဇင်း အမှတ်(၆) မှ)
သို့
သားကြီး ကောင်းကျော်ခိုင်...
တစ်နည်းဆိုရကေ မွီးရပ်ဇာတိရေ အရေးကြီးရေ။ ဇာတိမြေရေ လူတိအတွက်တောင် မကသိ၊ တိရစ္ဆာန်တိအတွက်လေ့ အရေးကြီးရေဆိုစွာ တစချို့ တိရစ္ဆာန်တိ အမူအကျင့်က သက်သီပြနိန်ရေ သား။ ဥပမာပြုရဖို့ဆိုကေ တောင်အာဖရိကနိုင်ငံမှာဟိရေ မိုးစရီငှက်တစ်မျိုးရေ မိုင်ပေါင်းခြောက်တောင်
ကျော်လောက်ဝီးရေ အင်္ဂလန်နိုင်ငံမှာ လာရောက်ရှာဖွေစားသောက် ကတ်တေလတ်။ နွီဦးပေါက်လာဗျာယ် ဆိုကေ ဇာတိမြေဖြစ်တေ တောင်အာဖရိက နိုင်ငံကို ပြန်လာကတ်ပျာယ် နဂိုလ်က နိန်ထိုင်ခရေအသိုက်ကို အတိအကျ ပြန်ရောက်ကတ်တေလို့ ဆိုရေကာ။ ဒေငှက်အကျင့်မျိုးပိုင် ပျားရို့၊ ဆိုက်ဘေး ရီးယားဘဲရို့၊ ဆော်လမွန်ငါးရို့ မှာလေ့ ဟိရေဆိုယင့်။
ပင်လယ်သမုဒ္ဒရာမှာ လာလောက်ရှာဖွေစားသောက်လေ့ ဟိတတ်တေ ဆော်လမွန် ငါးတိစွာ အရွယ်ရောက်လို့ သားသမီးမွီးဖို့ဗျာယ်ဆိုကေ ယင်းသူရို့မွီး ရာဇာတိဖြစ်တေမြစ်တိကို
ပြန်လို့လာကတ်တေလတ်။ အမှန်ဆိုကေ ဒေငါးတိစွာ ရီချိုမြစ်မှာ ပေါက်ဖွားဗျာယ် နှစ်နှစ်လောက်ထိ
နိန်ထိုင်စားသောက်ခါပြီးမှ တဖြည်းဖြည်းနန့် ပင်လယ်သမုဒ္ဒရာအထိ ရီကြည်ရာမြက်နုရာ ခရီးထွက်လားခကတ်စွာလတ်။ လေးနှစ်သားအရွယ်ရောက်ခါမှ ကိုယ့်ဘားကို ဥဖို့၊ ပေါက်ဖို့
ပြန်လာကတ်တေလို့ ဆိုရေကာ။ ပင်လယ်သမုဒ္ဒရာက ကိုယ့်အရပ်ဒေသကို ပြန်လာခါစမှာ တစ်ကောင်စီဆိုစွာ ပေါင် (၂၀)က (၂၅) ပေါင်ထိ ကြီးရေလို့ ဆိုယင့်။
မိုင်ပေါင်း ထောင်သောင်းချီလို့ ဝီးကွာရေခရီးကို ရီဆန်၊ လီဆန် အခက်အခဲတိ အများကြီးထဲက
ပြန်လာကတ်ရစွာယေ။ တစ်ခါတစ်ခါ မွီးရပ်ကိုရောက်ဖို့အတွက် ရီတံခွန်တိ၊ တောင်တိကို မရောက်ရောက်အောင် ခုန်တက်ကတ်ရရေ။ ကြိမ်ဖန်များစွာခုန်ရေခါ တစ်ချို့ကသီ၊ တစ်ချို့ကလေ့ မွီးရပ်ကို ပြန်ရောက်ကတ်တေလတ်။ ယင်းပိုင် အခက်အခဲ အများကြီးကြားက အပြန်ခရီးမှာ လူတိဖမ်းစားကတ်စွာကတစ်မျိုး၊ တစ်ခြား သတ္တဝါတိက ဖမ်းစားကတ်စွာတစ်မျိုးနန့် မွီးရပ်ဇာတိကို အကောင် အနည်းသျှေရာ ပြန်ရောက်တေလတ်။ ယေခါပြီးမှ ကိုယ့်ရပ်ကိုယ့်မြီမှာ သားသမီးတိကို မွီးဖွားဗျာယ် ယင်းသူရို့အနာဂတ်သမိုင်းကို ယင်းသူရို့ကိုယ်တိုင် ကျေပွန်အောင် ထမ်းဆောင်ကတ်တေလို့ ဆိုယင့်။
ဒေငါးတိနန့် နှိုင်းယှဉ်ကြည့်ကတ်ဖို့ဆိုကေ ဘာဘာရို့မွီးရပ်မြေကို ပြန်ဖြစ်စွာ၊ ဇာလောက်ပင်ပန်းကတ်လို့လဲ။ ပြီးကေသားလေ့ ရခိုင်အတိတ်သမိုင်း ရာဇဝင်ရို့ကို သိခွင့်ရဖို့၊ ပစ္စုပ္ပန်သမိုင်းကိုလေ့ မြင်ကတ်ရဖို့၊ အနာကတ်သမိုင်းကိုလေ့ မှန်းဆရဖို့မနားယေ။ ဇာပင်ဖြစ်ဖြစ် တစ်နှစ်တစ်ခါ၊ နှစ်ခါလောက်တော့
ပြန်ကတ်မေနှန်း။
ဘာဘာ...........
ရိုးမလူ
...............
(၂၀၀၃၊ အောက်တိုဘာလထုတ်- ရခိုင်သဟာယ အသင်း(ရန်ကုန်) မဂ္ဂဇင်း (၆) မှကူးယူဖော်ပြပါသည်။
ရှေးဟောင်းရခိုင် သုတေသန ပညာသျှင် ဦးစံသာအောင်
ရှေးဟောင်း ရခိုင်သမိုင်းနှင့် ယဉ်ကျေးမှု သုတေသန နယ်ပယ်တွင် နိုင်ငံခြား သုတေသီ ပညာသျှင် အတော်များများ ပေါ်ထွက်ခပါသည်။ မြန်မာ တိုင်းရင်းသားများထဲမှမူ လက်ချိုး ရေတွက်ကြည့်လျှင် လက်တဖက်ပင် ပြည့်မည် မထင်ပါ။ အထူးသဖြင့် ရခိုင်ခေတ်ဦး ကျောက်စာ၊ ခေါင်းလောင်းစာ၊ ကြေးပြားစာ၊ ဒင်္ဂါးများနှင့် ပတ်သက်၍ စနစ်တကျ သုတေသန ပြုသူ အလွန် နည်းပါးခသည်။ ရခိုင် တိုင်းရင်းသားများထဲမှ ဦးစံရွှေဘု၊ ရခိုင်ပဏ္ဍိတ် ဦးဦးသာထွန်း၊ ဦးအောင်သာဦး ရို့သာ ထင်ထင်ရှားရှား ဟိခသည်။ ဦးစံရွှေဘုမှာ စစ်မဖြစ်မီက ရခိုင်ပြည်နယ် ဂုဏ်ထူးဆောင် ရှေးဟောင်း သုတေသီ (Archaecologist) တဦး ဖြစ်၍၊ ရခိုင်သမိုင်းနှင့် ပတ်သက်၍ မြန်မာနိုင်ငံ သုတေသန အသင်းဂျာနယ် (The Journal of Burma Research Society) တွင် အင်္ဂလိပ် ဘာသာဖြင့် သုတေသန စာတမ်းများ ရွီးခသူ ဖြစ်သည်။ အခြား ထင်ရှားသူ တဦးမှာ ရန်ကုန် တက္ကသိုလ် ရူပဗေဒ ပါမောက္ခ၊ နောင်တွင် အထက်တန်း ပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဖြစ်လာသူ ရခိုင် အမျိုးသား ဦးစံသာအောင် (၁၉၂၅-၁၉၈၁) ဖြစ်သည်။လူဟူသည်မှာ၊ ဓမ္မတာတည့်
“ရီကြိုင်ရာ မြက်နုရာ” ရှာကတ်လည်း။
ဤသည်စကား၊ ငါစဉ်းစားမိ
ငါမွီးရေမြီ၊ အဖပြည်ကို
ဤနီရာသည်၊ ရီမကြိုင်ဟု
သွေဖယ်ကြောခိုင်း သင့်သလား။
ငါ့မြီပြင်မှာ
ခိုးဝင်ထွန်းယက် သီးနှံထွက်ပြီး
ဈီးထက်တင်ရောင်း အမြတ်ကောင်းရ
ဝမ်းဝဂေါင်းထောင် မိစ္ဆာကောင်တိ
နှာရောင်ကောင်ကောက်ကောက် မျက်လုံးနောက်ဗျာယ်
ယာမျောက်က ယာသျှင်ကိုနှင်နီရေ။
ငါ့ရီပြင်မှာ
ခိုဝင်ငါးရှာ ငါးရလာပြီး
ဈီးမှာတင်ရောင်း အမြတ်ကောင်းရ
ဝမ်းဝဂေါင်းထောင် မိစ္ဆာကောင်တိ
နှာရောင်ကောက်ကောက် မျက်လုံးနောက်ဗျာယ်
ပြားမျောက်က ပြားသျှင်ကိုနှင်နီရေ။
ရခိုင်သူ/သား တစ်ရပ်လုံးသို့ ပီးပို့လိုက်ပါယင့်
ကျွန်တော်ရို့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ မှ ကမကထ လုပ်ပြီး
ရခိုင်စာအရီးအသား တစ်ရပ်ပေါ်ပေါက်ရေးအတွက် ဆွေးနွေးထားချက် များကို တခြား
ရခိုင်သူ/သား များလည်း ပါဝင်ပူးပေါင်းပြီး ဆွေးနွေးပီးနိုင်ရန်
ပီးပို့လိုက်ပါရယ်။
အခုပို့ပီးရယ် စာတန်းတိကို ဖတ်ပြီးကေ အားလုံးလက်ခံနိုင်သော ရခိုင်စာ
အရီးအသား တစ်ရပ်ပေါ်ပေါက်အောင် ဆွေးနွေး အကြံပြုပီးကတ်ပါလို့ နိုးဆော်
တိုက်တွန်းလိုက်ရပါရယ်။
ရခိုင်စာ အရီးအသား တစ်ရပ်ပေါ်ပေါက်ရေး ကော်မတီ
ရခိုင်တိုင်းရင်းသားများတိုးတက်
စစ်တွေမြို့
“စွန်လာ သစ်ငုတ်လား၊ သစ်ငုတ်ဆိုထိုင်နိန်၊ စွန်ဆို ထလိုက်၊ ကြက်မမကောင်း ကြက်ချေကောင်း ပိယောင် ပိယောင်၊ ကြက်မ မကောင်း ကြက်ချေ ကောင်းပိယောင်၊ပိယောင်” ………….
အဘုချေတိကစပ်နိန်ကတ်တေ အသံ……. ၀ါကျွတ်လပြည့်ဖို့ယာဖြစ်လို့ နပြင်တိခြောက်၊ နီပူတောက်ဖို့ အားယူလာရေအချိန်၊ ရှစ်ခွင်ဝဠာတိုင်းမှာ မိုးတစ်ပြ နီတစ်ပြနန့်…….။ ဖြူမချေရို့ သူငယ်ချင်းတစ်စု ကကောင်း ကစပ်မက်တေ…….နိန့်စိုင်ရက်ပြတ်၊ ညတိုင်းမချူ ကစပ်ကတ်တေ……
ဆရာတော် ဘဒ္ဒ န္တ စန္ဒြမဏိ ၏ အတ္ထုပ္ပုတ္တိအကျဉ်း
သာ့သနာ့အာဇာနီလောင်းလျာ သူငယ်ကို ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ မြောက်ဦးမြို့နယ် ပေါက်ပင်ကွင်းကျေးရွာ၌ ခမည်းတော် ဦးကျော်အောင်နှင့် မယ်တော် ဒေါ်မိဝင်ယေ ရို့မှ
၁၈၇၅ ခုနှစ်၊ မေလ (၂၅) ရက်၊ ၁၂၃၇ ခုနှစ်၊ ကဆုန်လပြည့်ကျော်(၁)ရက် အင်္ဂါနိန့်တွင် မီးရှူးသန့်စင် ဖွားမြင်တော်မူခသည်။
မွီးချင်းသုံးဦးအနက် ဆရာတော်သည် အကြီးဆုံး သားကြီးသြရသဖြစ်သည်။ အသက်(၁၂)နှစ် အရွယ်တွင် ဘာကြီးတော်စပ်သူ ဆရာတော် ဘဒ္ဒန္တစန္ဒိမာ (စန္ဒိယာရာမကျောင်း၊စစ်တွေ) ထံပါးတွင် သျှင်သာမဏေဘဝဖြင့် ပိဋကတ်စာပီများကို သင်ယူခသည်။ ထိုနောက် မော်လမြိုင်မြို့ ကဒိုးကောဝှပ်ကျောင်း၊ မန္တလေးမြတောင်တိုက်၊ ပတ္တမြားတိုက်၊ ခင်မကန်တိုက်နှင့်၊ ဝိသုဒ္ဒါရုံကျောင်းတိုက် ဆရတော်ဘုရားများထံတွင် ပိဋကတ်ကျမ်းကန်များကို နှံ့နှံ့စပ်စပ် သင်ယူလေ့လာခသည်။
မြန်မာကျူးကျော်စစ်ကို (၄၅)ရက်ကြာ ခုခံတိုက်ခိုက်ပြီးနောက် ၁၇၈၄-ခုနှစ် ဒီဇင်္ဘာလ ၃၁-ရက်နိန့်မှာ ရခိုင်ပြည်ကြီးနန့်တကွ ရုပ်ရှင်တော် မဟာမြတ်မုနိ အသိမ်းခံလိုက်ရသည်၊ မြန်မာများသည် ရခိုင် ရွီနန်းတော်၊ ပိဋကတ်တိုက်တော်။ ဘုန်ကြီးကျောင်းအကြီး (၃၀) အငယ် (၃၀ဝ၀)ကျော်ကို မီးလျှို့ဖျက်ဆီးခသည်၊ ရခိုင်တပြည်လုံး ဖူးဖူးရောင်သော လူသီကောင်များဖြင့် ပြန့်ကြဲလျက်ဟိသည်၊ နှစ်ပေါင်း (၅၀ဝ၀)ကျော် ကိုယ့်ထီးကိုယ့်နန်းနန့် နီထိုင်လာခသော ရခိုင်နိုင်ငံတော့် တိုင်းသားပြည်သူများမှာ ကူမည့်သူမဟိ ဖီးလွတ်ရာ
ကို ထွက်ပြီးကတ်ရသည်၊ မြန်မာများသည် ပုခက်တွင်းသား အချေသူငယ်ရို့ကိုပါမချန် သတ်ဖြတ်သည်၊ ရခိုင်မှတ်တမ်း
ရခိုင်ပြည်နယ်၏မြစ်များ
ရခိုင်ပြည်နယ်၌ ထင်ရှားသောမြစ်များမာ နတ်မြစ်၊ မယူမြစ် (မေယုမြစ်)၊ ကုလားတန်မြစ် နှင့် လေးမြို့မြစ်များဖြစ်ကြသည်။ ၄င်းအပြင် ရခိုင်ပြည်နယ်၏တောင်ဖက်၌ ဒလက်ချောင်း၊ အမ်းချောင်း၊ မအီချောင်း၊ ကလိန်တောင်မြစ်၊ တောင်ကုတ်မြစ်၊ သူဌေးချောင်း၊ ဂွချောင်းစသည်များ ဟိကြသည်။
ရခိုင်ပြည်၏ မြောက်ပိုင်းဟိမြစ်များသည် မြောက်ဖက်တောင်တန်းများမှ မြစ်ဖျားခံ၍ ဘင်္ဂလားပင်လယ်အော်သို့ စီးဝင်လျှက်ဟိကြပြီး၊ ရှည်လျားသည်။ ရခိုင်ပြည် တောင်ပိုင်းဟိမြစ်များမှာ အရှိတောင်ဖက်ဟိ တောင်တန်းများမှ မြစ်ဖျားခံ၍ ဘင်္ဂလားပင်လယ်အော်သို့ စီးဝင်ကြသည်။ မြစ်များမှာ ဖြားအတက်အကျဟိသော မြစ်များဖြစ်ပြီး မြစ်ဝပိုင်တွင်ရီငန်၍ မြစ်အညာ (အထက်)တွင် ရီချိုကြသည်။
နတ်မြစ်။ ။နတ်မြစ်သည် မောင်တောမြို့နယ်၌ဟိသည်။ မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ခ်ျနိုင်ငံရို့အား ပိုင်းခြားထားရေ နယ်စပ်မြစ်ဖြစ်သည်။ မြောက်ဖက် နယ်စပ်တောင်ကုန်းများမှ စီးဆင်းလာပြီး တောင်ဖက်တွင် မောင်တောမြို့အနီး၌ ဘင်္ဂလားပင်လယ်အော်သို့စီးဝင်သည်။ မိုင် (၅၀)ခန့်ရှည်လျားပြီး မြစ်အဝပိုင်းတွင် (၁) မိုင်ခွဲခန့်ကျယ်ပြန့်သည်။ နယ်စက်ကုန်သွယ်သင်္ဘောနှင့် ဘုတ်တိဝင်ထွက်ရာ မြစ်ဖြစ်သည်။
နတ်မြစ်အတွင်းသို့ ပြူးမချောင်း၊ ငါးခူရချောင်း၊ ကညင်ချောင်းနှင့် မောင်တောချောင်းရို့ စီဝင်လျက်ဟိကြသည်။ မင်္ဂလာကြီးတောင်တန်းမှထွက်ဟိသော ဝါး၊ ကြိမ်နှင့် သစ်များကို ပြူးမချောင်းမှတစ်ဆင့် မျှော၍ထုတ်ယူနိုင်ကြသည်။ နွီရာသီမြစ်အညာ (အထက်)အထိ ရီငန်တက်ပြီး မိုးရာသီတွင် ရီချိုသည်။ မြစ်ကမ်းများတွင် ရီငန်ပဇွန်မွီးမြူးရေးလုပ်ငန်းများကို လုပ်ကိုင်ကြသည်။
ကျွန်တော်ရို့ ရခိုင်အလင်းရောင်မိသားစု ပထမခြီလှမ်းအားထုတ်မှုအဖြစ် ရခိုင်သူ/သားတိအတွက် Blogger Template ကိုစတင်ပနာ မိတ်ဆက်ပီးလိုက်ပါရေ။ ပထမဆုံး စစ်တွေပွိုင့်အလှနန့် တင်ပြပီးလိုက်ပါရေ။ မိမိ၏ဘလော့မှာ သုံးချင်ရေလူတိအနီနန့် အေနိန်ရာလားပနာ Download လုပ်ယူနိုင်ပါရေ။ ပုံစံ (Demo )ကို အေနားမှာလားပနာ ကြည့်ပါ။ (မကြာခင် တခြား Templates တိလာပါဖို့သီး။)
မဟာပညာကျော်
ဤဇတ်လမ်းကို အနာဂါတ် ရခိုင်ရင်သွီးငယ်ချေရို့ သင်္ခန်းစာရစီဖို့ တစုံတယောက်သောသူက အနုပညာလက်ရာမြောက်စွာ ဗွီဒီယိုဇတ်လမ်းတခွေ ဖန်တီးသင့်သည်။ သို့သော် ရခိုင်ဘုရင်သည် မြန်မာဘုရင်ပုဏ္ဏားဂေါင်းပေါင်း မဆောင်းသင့်ပေ။ ရခိုင်ဘုရင် မကိုက်သရဖူကိုရာ ဆောင်းသင့်ပါသည်။
တနိသောအခါ ပြည့်သျှင်မင်းဖလောင်းကြီးသည် မဟာမုနိဘုရားကို ဖူးမြော်ကြည်ညိုရန်ထွက်တော်မူသည်။ မင်းကြီးဝတ်ဆင်တော်မူသော ပတ္တမြားလက်စွပ်သည်ကျွတ်၍ ရီထဲသို့ကျလတ်သည်။ လက်စွပ်ကို ငါးတကောင်ရ၍မျိုသည်။ တလမျှဟိလတ်သောအခါ ထိုငါးကို တံငါတယောက်ရသည်။ ငါးဝမ်းမှလက်စွပ်ကို တံငါရသည်။ တံငါယောက်ျားသည် ကြောက်လန့်ခြင်းကြောင့် လက်စွပ်နှင့်အတူ ငါးကိုပါဆောင်ယူလာပြီးမင်းကြီးထံဆက်သည်။ မင်းကြီးက အမတ်ပညာကျော်ကိုမီးတော်မူရာ အမတ်ကြီးလျှောက်ထုံးမူကား-
အသျှင်မင်းမြတ်။ လက်စွပ်တော်ရီသို့ကျသောအခါ၌ ငါးသည်မျိုယူသိမ်းထားသည်။ ထိုငါးသည် မိမိအသက်ကို အသီခံလျှက် တံငါထံဝင်ရောက်သည်။ ထိုငါးမှ လက်စွပ်ကို တံငါရ၍ ဆက်သလာရသည်။ ဤအရာကိုထောက်၍ မှန်တိုင်းလျှောက်ရပါသော် ဥာဏ်နည်းသူရို့ ငြိုငြင်ရာသောအကြောင်းဟိပါသည်။
ထိုရက္ခိုင်မဟာရာဇဝင်ကြီးလာ (၄၈) ပါးသော ရက္ခိုင်လူမျိုးရို့၏ကျင့်ဝတ်ကို ဖော်ပြရသော်
၁။ ရှိဦးစွာ ရတနာသုံးပါးအား မမိမလျော့ဘဲ ကျင့်သုံးဆောက်တည် ဆည်းကပ်ကိုးကွယ်ရန်တပါး။
၂။ မိဘဆရာသမားရို့၏ဆုံးမသြဝါဒကို မြီဝယ်မကျမှတ်သားနာယူ ကျင့်သုံးစောင့်ယှောက်ရန်လည်း တပါး။
၃။ မိမိရို့၌မငြိမ်သက်ဘဲ သော့သွမ်းရမ်းကြွခြင်း၊ မကောင်းသောအကျင့်များကို ပါယ်ယှားရန်လည်း တပါး။
၎။ ပညာသိပ္ပ တတ်မြောက်စီရန်ကြိုးစားအားထုတ်လျှက် သင်အံလေ့လာရန်လည်း တပါး။
၅။ အသက်သိက္ခာကြီးရင့်သောသူရို့နှင့် မိဘ၊ ဆရာ၊ ရီမြီအသျှင် ဘုရင်မင်းမြတ်ရို့အားလည်း မရိုမသေ မလေးမစား အဂါရဝပြုလုပ်ခြင်းကို အထူးယှောင်ကြည်ရန်လည်း တပါး။
၆။ မိမိကိုယ်ကို ပညာနှင့်ပေါင်းယှဉ်လျှက် လောဘ၊ ဒေါသ၊ မောဟစသော မကောင်းသောဆန္ဒများကို ပယ်ယှားခြင်းသည်လည်း တပါး။
ရ။ ငါးပါးသီလကို စောင့်ယှောက်ပြီးလျှင် မိမိရို့အားလျှော်စွာ အလှူဒါနကုသိုလ်များကို နိညမပြတ် စိုက်ပျိုးရခြင်းသည်လည်း တပါး။
၈။ လောက၌ သူတပါးရို့အား နှုတ်ဖြင့်ကျူးလွန်ခြင်း၊ ကိုယ်ဖြင့်ကျူးလွန်ခြင်းတည်းဟူသော မကောင်းသောတရားနှစ်ပါးကို ဖယ်ယှားပြီး စိတ်ကြည်လင်စွာဖြင့် မိတ္တာတရားကိုရှိထားလျှက် သဘောဖြောင့်မတ်စွာဖြင့် နီရခြင်းသည်လည်း တပါး။
၉။ ထို့အပြင် လောကဓမ္မ နှစ်ဌာနတည်းဟူသော ကျင့်ဝတ်တရားနှစ်ပါးကို ပစ္စုပ္ပန်သံသရာ၌ ချမ်းသာခြင်းဖြင့် သိစွမ်းဆောင်ရွက်နိုင်သော ပညာဟိပုဂ္ဂိုလ်များအား အလေးအမြတ်ပြုပြီးလျှင် မိတ်ကျွမ်းဝင်ရခြင်းသည်လည်း တပါး။
ဆရာတော်သည် ၁၂၆၄ ခု၊ ဝါဆိုလဆုတ် ၁၀ ရက်၊ အင်္ဂါနိန့် ညဇာဖက် ၇ နာရီအချိန်၊ စစ်တွေခရိုင်၊ မင်းပြားမြို့နယ်၊ ပြည်သျှင်တိုက်၊ ရင်းဘွယ်ရွာ၌ ဖွားမြင်တော်မူ၏။ ဦးချစ်ဖြူ၊ ဒေါ်ရွှေရင်ရို့၏ တစ်ဦးတည်းသော သားဖြစ်၍ ငယ်နာမည်မှာ မောင်ချစ်ထွန်းဦးဖြစ်သည်။ ခြောက်နှစ်သားအရွယ်ကပင် မိဘနှစ်ပါးက ရင်းဘွယ်ဆရာတော်ကြီးထံ၌ အပ်နှံ၍ ပညာသင်ကြားခသည်။ အသက်ဆယ်နှစ်မြောက်တွင် မိဘနှစ်ပါးနှင့်အတူ ကန်းနီရွာသို့ ပြောင်းရွေ့ခရာ ကန်းနီဆရာတော်ထံ၌ ဆက်လက်ပညာသင်ကြားလျှက် ၁၃ အရွယ် ၁၂၇၇ ခုသို့ရောက်သောအခါ သျှင်သာမဏေအဖြစ်ဖြင့်၊ သင်္ဂြိုဟ်စသော အခြီခံပါဠိ စာပီတိကို သင်ကြားတတ်မြောက်ခသည်။ ၁၂၈၃ ခုနှစ်၊ ကဆုန်လ အသက် ၁၉ နှစ်ပြည့်ခါနီးမှာ ပခုက္ကူမြို့သို့ လားရောက်၍ အရှိတိုက်ခေါ် မဟာဝိဇရာမတိုက်၊ မြောက်တန်းလျှားကျောင်း၌ ဂန္တဝါစက စာချဆရာတော် ဦးစန္ဒနှင့် ဦးသီလရို့ထံ ပရိယတ္တိစာပီကျမ်းဂန်တိကို သင်ကြားဆည်းပူးခသည်။
၁၂၈၃ ခု၊ တပို့တွဲ့လ၌ မဟာဝိဇယာရာမ ကျောင်းတိုက်၊ ဆရာတော်ကြီးဦးဇဝနကို ဥပဇ္ဈာယ်ပြု၍ ဥပသမ္ပဒကံဖြင့် ပဉ္ဇင်းတက်သည်။ ၁၂၈၅ ခုတွင် ဦးစိန္တာသည် မိမိအား စာချပီးသော သံဃာတော်များနှင့်အတူ မန္တလေးမြို့သို့ လားရောက်၍ ၃ နှစ်တိုင်တိုင် ဆက်လက်ကာ ပရိယတ္တိစာပီကျမ်းဂန်များကို သင်ကြားပို့ချခသည်။ ၁၂၉၁ ပြည့်တပို့တွဲလတွင် မိမိ၏ နီရင်းဒေသ ကန်းနီကျေးရွာဆရာတော်ဘုရားထံသို့ ပြန်ကြွတော်မူခသည်။ ၁၂၉၁ ခု၊ ဝါဆိုလဆန်း ၁၄ ရက်သို့ရောက်သောအခါ ကွဲပြားနီသော ကျောက်နွားရွာကို အုပ်ထိန်းကာ ထိုရွာကျောင်းဟောင်းသို့ ပြောင်းရွှေ့သတင်းသုံးရမည်ဟူသော ဆရာတော်ဘုရား၏ အမိန့်ကို နာခံလျှက် ကျောက်နွားရွာ၌ ကျောင်းထိုင်ဆရာတော်အဖြစ်ကို ခံယူခရပါသည်။
သံဃာတော်များ ဦးဆောင်ရေ ရွှီဝါရောင်တော်လှန်ရေး ၃ နှစ်ပြည့် နှစ်ပတ်လည် ကာလအတွင်းမှာ ရခိုင်ပြည်နယ် စစ်တွေမြို့ က သက်တော် ၅၇ နှစ်၊ ၀ါတော် ၃၇ ၀ါ ခန့်ဟိ ဆရာတော် အသျှင်ပညာစာရကို စစ်အာဏာပိုင်များက နှစ်ရှည် ထောင်ဒဏ် ချမှတ်ခသည်။
ရခိုင်ပြည်နယ် စစ်တွေမြို့ မဟာမုနိ ဗုဒ္ဓ၀ိဟာရကျောင်းတိုက်မှ ရခိုင်သမိုင်း သုတေသီ အသျှင်ပညာစာရကို ဇူလိုင်လ ၂၇ ရက်နိ့ တွင် အာဏာပိုင်များက လာရောက် ဖမ်းဆီးခပြီး ကျောင်းတိုက်ကိုပါ ချိပ်ပိတ်ခခြင်းဖြစ်သည်။
ထို့နောက် ဆရာတော် စောင့်ယှောက်ထားသော မိဘမဲ့ကအချေ ၁၅၀ ကျော်ကို အာဏာပိုင်များက အစိုးရ လူမှုဝန်ထမ်း ဦးစီးဌာန များသို့ ပို့ဆောင်ခပြီး ဆရာတော် စုဆောင်းထားသော ရခိုင် ယဉ်ကျေးမှုဆိုင်ရာ ပစ္စည်းများကိုလည်း သိမ်းယူခသည်။
ဆရာတော်ကို စစ်တွေ ခရိုင်တရားရုံးတွင် ပုဒ်မ ၇ ခုနှင့် တရားစွဲဆို စစ်ဆေးခကာ စက်တင်ဘာ ၂၉ ရက်နိ့တွင် နှစ်ရှည် ထောင်ဒဏ် ချမှတ်ခခြင်းဖြစ်သည်။
ဆရာတော် အသျှင်ပညာစာရ၏ တရားခွင် လွတ်လပ်မျှတမှုနှင့် စပ်လျဉ်း၍ ဆရာတော်၏ ရှိနီ ဒေါ်အေးနုစိန်ကို ဧရာဝတီ သတင်းထောက် မင်းနိုင်သူက ဆက်သွယ် မိန်းမြန်း ထားပါသည်။
မိန်း။ ။ ပြီးခရေ ၂၉ ရက်နိ့က အသျှင်ပညာစာရကို ထောင်ဒဏ် ၈ နှစ် ၃ လ နန့်ဒဏ်ငွေ ကျပ် ၁ သောင်း ချမှတ်လိုက်ဗျာယ်ဆိုတော့ခါ ဇာတိဆက်လက် ဆောင်ရွက်ပီးလားဖို့ ဟိပါသလဲ။
ဆာပေါ်ထွန်းသည် ထင်ရှားခသော နိုင်ငံရေး ခေါင်းဆောင်းကြီး တဦး ဖြစ်သည်။ စစ်တွေမြို့ ဦးရဲဖော်၏ သားအငယ် ဖြစ်သည်။ စစ်တွေမြို့၊ ရန်ကုန်မြို့ ကာလကတ္တားမြို့ တိမာ ပညာ သင်ကြားခသည်။ ဝိဇ္ဇာတန်းထိ ပညာ ဆည်းပူးခသည်။
၁၉ဝ၄ ခုနှစ်၊ ၁၉ဝ၅ ခုနှစ်တွင် ရန်ကုန်မြို့ မက်သဒစ် ယောက်ျားကလေး ကျောင်းတွင် ကျောင်းဆရာကြီး အဖြစ် လည်းကောင်း၊ ၁၉ဝ၅ ခုနှစ်မှ ၁၉ဝ၈ ခုနှစ် အထိ ရန်ကုန်မြို့ အစိုးရ ဟိုက်စကူးကျောင်း၌ အလယ်တန်းနှင့် အထက်တန်း ဆရာအဖြစ် လည်းကောင်း လုပ်ကိုင်ခသည်။
ဆာပေါ်ထွန်းသည် ပညာရေး လောက၌ ဆောင်ရွက်ပြီးနောက် ၁၉ဝ၈ ခုနှစ်မှ ၁၉၁၂ ခုနှစ်ထိ ချိ(ပ်)ကုတ် ရုံးတော်ကြီးတွင် စကားပြန် အဖြစ် ဆောင်ရွက်ခသည်။ ၁၉၁၂ ခုနှစ်မှ ၁၉၂၁ ခုနှစ်အထိ နှစ်များတွင် မြို့ပိုင်၊ အခွန်ဝန်၊ နယ်ပိုင် စသော ဗြိတိသျှ အစိုးရ၏ အုပ်ချုပ်ရေး ရာထူးများတွင် ဝင်ရောက် အမှုထမ်းခသည်။ ယင်းသို့ အုပ်ချုပ်ရေးပိုင်းတွင် ထမ်းရွက်စဉ် ပထမ ကမာႝစစ်ကြီး အတွင်း ဗြိတိသျှရို့ စစ်အောင်မြင်ရေး အတွက် အထူး အကူအညီ ပီးခ၍ ဆုတံဆိပ်များ ချီးမြှင့်ခြင်း ခံရသည်။ ၁၉၁၉ ခုနှစ်တွင် အမှုထမ်းကောင်း တံဆိပ်ရ မင်းဘွဲ့ကိုလည်း ရဟိခသည်။
ထို့နောက် ဗြိတိသျှ အစိုးရ အမှုထမ်း အဖြစ်မှ နုတ်ထွက်လိုက်ပြီး ၁၉၂၃ ခုနှစ်တွင် အင်္ဂလန်ပြည်သို့လား၍ ဝတ်လုံပညာ သင်ကြား တတ်မြောက်ခသည်။ မြန်မာနိုင်ငံသို့ ပြန်လာကာ ဝတ်လုံ လိုက်ရင်း နိုင်ငံရေး နယ်ပယ်ထဲသို့ ဝင်ရောက်ခသည်။ ၁၉၂၅ ခုနှစ်တွင် ရမည်းသင်း မြောက်ပိုင်း မဲဆန္ဒနယ်မှ ဥပဒေပြု ကောင်စီ အမတ် အဖြစ် အရွီးခံရသည်။
သတိတရား အမြဲထားဖို့
မညီမညာ ဒေကဗျာနန့်
ပြောခပါမေ အို..မိတ်ဆွေ(ဆွီ)။
စာပီမဟိက လူမျိုးမဟိ
စာပီပျောက်က လူမျိုးပျောက်
စာပီမထွန်း လူမျိုးကန်းရေ
စာပီပြုန်းကေ လူမျိုးတုံးရေ
ဖြစ်ကြောင်းဒိန်ကို နှလုံးသားမှာ
အမြဲစွဲလျှက် သတိဖက်ပနာ
ရခိုင်စာပီ ပေါ်ထွန်းလီအောင်
စွမ်းဆောင်လို့နီ အေ.အမ်.ပီ.မှာ
မျန်မာပိုင်ရွီးပနာ မတင်ပါကေ့
တန့်ကတ်ဖိဝေး။







