“အမှောင်ကိုခွင်း၊ အလင်းကိုဆောင်၊ ရခိုင်အလင်းရောင်။” စာပီမြင့်မှ လူမျိုးမြင့်ရေ။ စာပီပျောက်ကေ လူမျိုးပျေက်တေ။ ရခိုင်လူမျိုးလွတ်လပ်ချင်ကေ ရခိုင်စာကို အယင်သင်ကတ်။
ကျွန်တော်ရို့၏ “အမှောင်ကိုခွင်း၊ အလင်းကိုဆောင်၊ ရခိုင်အလင်းရောင်”ဘလော့သည် အိန်တာနက်ထက်မှာ တက်လာသမျှ ရခိုင်ဘာသာနန့် ဆောင်းပါး၊ကဗျာ စသည်တိကို ရှာဖွီတင်ဆက်ဖို့အတွက် စမ်းသပ်ပြုလုပ်နိန်ပါသည်။ လိုအပ်ချက်တိဟိပါက c'box မှာအမှာစာရေးထားခကတ်ပါ။ အတတ်နိုင်ဆုံး အကောင်းဆုံးဖြစ်အောင် ကြိုးစားနိန်ပါသည်။ ဆက်သွယ်ချင်ပါက alrevelation@gmail.com ကိုဆက်သွယ်နိုင်ပါရေ။

၂၀ဝ၉-ခုနှစ် ဒီဇင်္ဘာလ (၃၁)ရက်နိန့်တွင် ရခိုင်ကျွှန်သက်အနှစ်(၂၂၅) နှစ် တင်းတင်းပြည့်သည်၊

မြန်မာကျူးကျော်စစ်ကို (၄၅)ရက်ကြာ ခုခံတိုက်ခိုက်ပြီးနောက် ၁၇၈၄-ခုနှစ် ဒီဇင်္ဘာလ ၃၁-ရက်နိန့်မှာ ရခိုင်ပြည်ကြီးနန့်တကွ ရုပ်ရှင်တော် မဟာမြတ်မုနိ အသိမ်းခံလိုက်ရသည်၊ မြန်မာများသည် ရခိုင် ရွီနန်းတော်၊ ပိဋကတ်တိုက်တော်။ ဘုန်ကြီးကျောင်းအကြီး (၃၀) အငယ် (၃၀ဝ၀)ကျော်ကို မီးလျှို့ဖျက်ဆီးခသည်၊ ရခိုင်တပြည်လုံး ဖူးဖူးရောင်သော လူသီကောင်များဖြင့် ပြန့်ကြဲလျက်ဟိသည်၊ နှစ်ပေါင်း (၅၀ဝ၀)ကျော် ကိုယ့်ထီးကိုယ့်နန်းနန့် နီထိုင်လာခသော ရခိုင်နိုင်ငံတော့် တိုင်းသားပြည်သူများမှာ ကူမည့်သူမဟိ ဖီးလွတ်ရာ
ကို ထွက်ပြီးကတ်ရသည်၊ မြန်မာများသည် ပုခက်တွင်းသား အချေသူငယ်ရို့ကိုပါမချန် သတ်ဖြတ်သည်၊ ရခိုင်မှတ်တမ်း


ရခိုင်ပြည်နယ်၏မြစ်များ

ရခိုင်ပြည်နယ်၏မြစ်များ

ရခိုင်ပြည်နယ်၌ ထင်ရှားသောမြစ်များမာ နတ်မြစ်၊ မယူမြစ် (မေယုမြစ်)၊ ကုလားတန်မြစ် နှင့် လေးမြို့မြစ်များဖြစ်ကြသည်။ ၄င်းအပြင် ရခိုင်ပြည်နယ်၏တောင်ဖက်၌ ဒလက်ချောင်း၊ အမ်းချောင်း၊ မအီချောင်း၊ ကလိန်တောင်မြစ်၊ တောင်ကုတ်မြစ်၊ သူဌေးချောင်း၊ ဂွချောင်းစသည်များ ဟိကြသည်။

ရခိုင်ပြည်၏ မြောက်ပိုင်းဟိမြစ်များသည် မြောက်ဖက်တောင်တန်းများမှ မြစ်ဖျားခံ၍ ဘင်္ဂလားပင်လယ်အော်သို့ စီးဝင်လျှက်ဟိကြပြီး၊ ရှည်လျားသည်။ ရခိုင်ပြည် တောင်ပိုင်းဟိမြစ်များမှာ အရှိတောင်ဖက်ဟိ တောင်တန်းများမှ မြစ်ဖျားခံ၍ ဘင်္ဂလားပင်လယ်အော်သို့ စီးဝင်ကြသည်။ မြစ်များမှာ ဖြားအတက်အကျဟိသော မြစ်များဖြစ်ပြီး မြစ်ဝပိုင်တွင်ရီငန်၍ မြစ်အညာ (အထက်)တွင် ရီချိုကြသည်။


နတ်မြစ်။ ။နတ်မြစ်သည် မောင်တောမြို့နယ်၌ဟိသည်။ မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ခ်ျနိုင်ငံရို့အား ပိုင်းခြားထားရေ နယ်စပ်မြစ်ဖြစ်သည်။ မြောက်ဖက် နယ်စပ်တောင်ကုန်းများမှ စီးဆင်းလာပြီး တောင်ဖက်တွင် မောင်တောမြို့အနီး၌ ဘင်္ဂလားပင်လယ်အော်သို့စီးဝင်သည်။ မိုင် (၅၀)ခန့်ရှည်လျားပြီး မြစ်အဝပိုင်းတွင် (၁) မိုင်ခွဲခန့်ကျယ်ပြန့်သည်။ နယ်စက်ကုန်သွယ်သင်္ဘောနှင့် ဘုတ်တိဝင်ထွက်ရာ မြစ်ဖြစ်သည်။

နတ်မြစ်အတွင်းသို့ ပြူးမချောင်း၊ ငါးခူရချောင်း၊ ကညင်ချောင်းနှင့် မောင်တောချောင်းရို့ စီဝင်လျက်ဟိကြသည်။ မင်္ဂလာကြီးတောင်တန်းမှထွက်ဟိသော ဝါး၊ ကြိမ်နှင့် သစ်များကို ပြူးမချောင်းမှတစ်ဆင့် မျှော၍ထုတ်ယူနိုင်ကြသည်။ နွီရာသီမြစ်အညာ (အထက်)အထိ ရီငန်တက်ပြီး မိုးရာသီတွင် ရီချိုသည်။ မြစ်ကမ်းများတွင် ရီငန်ပဇွန်မွီးမြူးရေးလုပ်ငန်းများကို လုပ်ကိုင်ကြသည်။


ရခိုင်သူ/သား ဘလော့ဂါတိအတွက် Blogger Template မိတ်ဆက်

ကျွန်တော်ရို့ ရခိုင်အလင်းရောင်မိသားစု ပထမခြီလှမ်းအားထုတ်မှုအဖြစ် ရခိုင်သူ/သားတိအတွက် Blogger Template ကိုစတင်ပနာ မိတ်ဆက်ပီးလိုက်ပါရေ။ ပထမဆုံး စစ်တွေပွိုင့်အလှနန့် တင်ပြပီးလိုက်ပါရေ။ မိမိ၏ဘလော့မှာ သုံးချင်ရေလူတိအနီနန့် အေနိန်ရာလားပနာ Download လုပ်ယူနိုင်ပါရေ။ ပုံစံ (Demo )ကို အေနားမှာလားပနာ ကြည့်ပါ။ (မကြာခင် တခြား Templates တိလာပါဖို့သီး။)


(ရခိုင်ရာဇ၀င် ဗွီဒီယိုဇတ်လမ်း)

မဟာပညာကျော်

ဤဇတ်လမ်းကို အနာဂါတ် ရခိုင်ရင်သွီးငယ်ချေရို့ သင်္ခန်းစာရစီဖို့ တစုံတယောက်သောသူက အနုပညာလက်ရာမြောက်စွာ ဗွီဒီယိုဇတ်လမ်းတခွေ ဖန်တီးသင့်သည်။ သို့သော် ရခိုင်ဘုရင်သည် မြန်မာဘုရင်ပုဏ္ဏားဂေါင်းပေါင်း မဆောင်းသင့်ပေ။ ရခိုင်ဘုရင် မကိုက်သရဖူကိုရာ ဆောင်းသင့်ပါသည်။


တနိသောအခါ ပြည့်သျှင်မင်းဖလောင်းကြီးသည် မဟာမုနိဘုရားကို ဖူးမြော်ကြည်ညိုရန်ထွက်တော်မူသည်။ မင်းကြီးဝတ်ဆင်တော်မူသော ပတ္တမြားလက်စွပ်သည်ကျွတ်၍ ရီထဲသို့ကျလတ်သည်။ လက်စွပ်ကို ငါးတကောင်ရ၍မျိုသည်။ တလမျှဟိလတ်သောအခါ ထိုငါးကို တံငါတယောက်ရသည်။ ငါးဝမ်းမှလက်စွပ်ကို တံငါရသည်။ တံငါယောက်ျားသည် ကြောက်လန့်ခြင်းကြောင့် လက်စွပ်နှင့်အတူ ငါးကိုပါဆောင်ယူလာပြီးမင်းကြီးထံဆက်သည်။ မင်းကြီးက အမတ်ပညာကျော်ကိုမီးတော်မူရာ အမတ်ကြီးလျှောက်ထုံးမူကား-

အသျှင်မင်းမြတ်။ လက်စွပ်တော်ရီသို့ကျသောအခါ၌ ငါးသည်မျိုယူသိမ်းထားသည်။ ထိုငါးသည် မိမိအသက်ကို အသီခံလျှက် တံငါထံဝင်ရောက်သည်။ ထိုငါးမှ လက်စွပ်ကို တံငါရ၍ ဆက်သလာရသည်။ ဤအရာကိုထောက်၍ မှန်တိုင်းလျှောက်ရပါသော် ဥာဏ်နည်းသူရို့ ငြိုငြင်ရာသောအကြောင်းဟိပါသည်။


ရက္ခိုင်လူမျိုးရို့၏ကျင့်ဝတ်တရား (၄၈) ပါး

ထိုရက္ခိုင်မဟာရာဇဝင်ကြီးလာ (၄၈) ပါးသော ရက္ခိုင်လူမျိုးရို့၏ကျင့်ဝတ်ကို ဖော်ပြရသော်

၁။ ရှိဦးစွာ ရတနာသုံးပါးအား မမိမလျော့ဘဲ ကျင့်သုံးဆောက်တည် ဆည်းကပ်ကိုးကွယ်ရန်တပါး။

၂။ မိဘဆရာသမားရို့၏ဆုံးမသြဝါဒကို မြီဝယ်မကျမှတ်သားနာယူ ကျင့်သုံးစောင့်ယှောက်ရန်လည်း တပါး။

၃။ မိမိရို့၌မငြိမ်သက်ဘဲ သော့သွမ်းရမ်းကြွခြင်း၊ မကောင်းသောအကျင့်များကို ပါယ်ယှားရန်လည်း တပါး။

၎။ ပညာသိပ္ပ တတ်မြောက်စီရန်ကြိုးစားအားထုတ်လျှက် သင်အံလေ့လာရန်လည်း တပါး။

၅။ အသက်သိက္ခာကြီးရင့်သောသူရို့နှင့် မိဘ၊ ဆရာ၊ ရီမြီအသျှင် ဘုရင်မင်းမြတ်ရို့အားလည်း မရိုမသေ မလေးမစား အဂါရဝပြုလုပ်ခြင်းကို အထူးယှောင်ကြည်ရန်လည်း တပါး။

၆။ မိမိကိုယ်ကို ပညာနှင့်ပေါင်းယှဉ်လျှက် လောဘ၊ ဒေါသ၊ မောဟစသော မကောင်းသောဆန္ဒများကို ပယ်ယှားခြင်းသည်လည်း တပါး။

ရ။ ငါးပါးသီလကို စောင့်ယှောက်ပြီးလျှင် မိမိရို့အားလျှော်စွာ အလှူဒါနကုသိုလ်များကို နိညမပြတ် စိုက်ပျိုးရခြင်းသည်လည်း တပါး။

၈။ လောက၌ သူတပါးရို့အား နှုတ်ဖြင့်ကျူးလွန်ခြင်း၊ ကိုယ်ဖြင့်ကျူးလွန်ခြင်းတည်းဟူသော မကောင်းသောတရားနှစ်ပါးကို ဖယ်ယှားပြီး စိတ်ကြည်လင်စွာဖြင့် မိတ္တာတရားကိုရှိထားလျှက် သဘောဖြောင့်မတ်စွာဖြင့် နီရခြင်းသည်လည်း တပါး။

၉။ ထို့အပြင် လောကဓမ္မ နှစ်ဌာနတည်းဟူသော ကျင့်ဝတ်တရားနှစ်ပါးကို ပစ္စုပ္ပန်သံသရာ၌ ချမ်းသာခြင်းဖြင့် သိစွမ်းဆောင်ရွက်နိုင်သော ပညာဟိပုဂ္ဂိုလ်များအား အလေးအမြတ်ပြုပြီးလျှင် မိတ်ကျွမ်းဝင်ရခြင်းသည်လည်း တပါး။


ဆရာတော် ဦးစိန္တာ

ဆရာတော် ဦးစိန္တာ

(၂၉-၇-၁၉၀၂) (၁၄-၁၂-၁၉၆၄)

ဆရာတော်သည် ၁၂၆၄ ခု၊ ဝါဆိုလဆုတ် ၁၀ ရက်၊ အင်္ဂါနိန့် ညဇာဖက် ၇ နာရီအချိန်၊ စစ်တွေခရိုင်၊ မင်းပြားမြို့နယ်၊ ပြည်သျှင်တိုက်၊ ရင်းဘွယ်ရွာ၌ ဖွားမြင်တော်မူ၏။ ဦးချစ်ဖြူ၊ ဒေါ်ရွှေရင်ရို့၏ တစ်ဦးတည်းသော သားဖြစ်၍ ငယ်နာမည်မှာ မောင်ချစ်ထွန်းဦးဖြစ်သည်။ ခြောက်နှစ်သားအရွယ်ကပင် မိဘနှစ်ပါးက ရင်းဘွယ်ဆရာတော်ကြီးထံ၌ အပ်နှံ၍ ပညာသင်ကြားခသည်။ အသက်ဆယ်နှစ်မြောက်တွင် မိဘနှစ်ပါးနှင့်အတူ ကန်းနီရွာသို့ ပြောင်းရွေ့ခရာ ကန်းနီဆရာတော်ထံ၌ ဆက်လက်ပညာသင်ကြားလျှက် ၁၃ အရွယ် ၁၂၇၇ ခုသို့ရောက်သောအခါ သျှင်သာမဏေအဖြစ်ဖြင့်၊ သင်္ဂြိုဟ်စသော အခြီခံပါဠိ စာပီတိကို သင်ကြားတတ်မြောက်ခသည်။ ၁၂၈၃ ခုနှစ်၊ ကဆုန်လ အသက် ၁၉ နှစ်ပြည့်ခါနီးမှာ ပခုက္ကူမြို့သို့ လားရောက်၍ အရှိတိုက်ခေါ် မဟာဝိဇရာမတိုက်၊ မြောက်တန်းလျှားကျောင်း၌ ဂန္တဝါစက စာချဆရာတော် ဦးစန္ဒနှင့် ဦးသီလရို့ထံ ပရိယတ္တိစာပီကျမ်းဂန်တိကို သင်ကြားဆည်းပူးခသည်။

၁၂၈၃ ခု၊ တပို့တွဲ့လ၌ မဟာဝိဇယာရာမ ကျောင်းတိုက်၊ ဆရာတော်ကြီးဦးဇဝနကို ဥပဇ္ဈာယ်ပြု၍ ဥပသမ္ပဒကံဖြင့် ပဉ္ဇင်းတက်သည်။ ၁၂၈၅ ခုတွင် ဦးစိန္တာသည် မိမိအား စာချပီးသော သံဃာတော်များနှင့်အတူ မန္တလေးမြို့သို့ လားရောက်၍ ၃ နှစ်တိုင်တိုင် ဆက်လက်ကာ ပရိယတ္တိစာပီကျမ်းဂန်များကို သင်ကြားပို့ချခသည်။ ၁၂၉၁ ပြည့်တပို့တွဲလတွင် မိမိ၏ နီရင်းဒေသ ကန်းနီကျေးရွာဆရာတော်ဘုရားထံသို့ ပြန်ကြွတော်မူခသည်။ ၁၂၉၁ ခု၊ ဝါဆိုလဆန်း ၁၄ ရက်သို့ရောက်သောအခါ ကွဲပြားနီသော ကျောက်နွားရွာကို အုပ်ထိန်းကာ ထိုရွာကျောင်းဟောင်းသို့ ပြောင်းရွှေ့သတင်းသုံးရမည်ဟူသော ဆရာတော်ဘုရား၏ အမိန့်ကို နာခံလျှက် ကျောက်နွားရွာ၌ ကျောင်းထိုင်ဆရာတော်အဖြစ်ကို ခံယူခရပါသည်။


အသျှင်ပညာစာရ ကို ဇာပိုင်တရား စီရင်ခသလဲ

သံဃာတော်များ ဦးဆောင်ရေ ရွှီဝါရောင်တော်လှန်ရေး ၃ နှစ်ပြည့် နှစ်ပတ်လည် ကာလအတွင်းမှာ ရခိုင်ပြည်နယ် စစ်တွေမြို့ က သက်တော် ၅၇ နှစ်၊ ၀ါတော် ၃၇ ၀ါ ခန့်ဟိ ဆရာတော် အသျှင်ပညာစာရကို စစ်အာဏာပိုင်များက နှစ်ရှည် ထောင်ဒဏ် ချမှတ်ခသည်။
Panyarsara-monasteryရခိုင်ပြည်နယ် စစ်တွေမြို့ မဟာမုနိ ဗုဒ္ဓ၀ိဟာရကျောင်းတိုက်မှ ရခိုင်သမိုင်း သုတေသီ အသျှင်ပညာစာရကို ဇူလိုင်လ ၂၇ ရက်နိ့ တွင် အာဏာပိုင်များက လာရောက် ဖမ်းဆီးခပြီး ကျောင်းတိုက်ကိုပါ ချိပ်ပိတ်ခခြင်းဖြစ်သည်။

ထို့နောက် ဆရာတော် စောင့်ယှောက်ထားသော မိဘမဲ့ကအချေ ၁၅၀ ကျော်ကို အာဏာပိုင်များက အစိုးရ လူမှုဝန်ထမ်း ဦးစီးဌာန များသို့ ပို့ဆောင်ခပြီး ဆရာတော် စုဆောင်းထားသော ရခိုင် ယဉ်ကျေးမှုဆိုင်ရာ ပစ္စည်းများကိုလည်း သိမ်းယူခသည်။

ဆရာတော်ကို စစ်တွေ ခရိုင်တရားရုံးတွင် ပုဒ်မ ၇ ခုနှင့် တရားစွဲဆို စစ်ဆေးခကာ စက်တင်ဘာ ၂၉ ရက်နိ့တွင် နှစ်ရှည် ထောင်ဒဏ် ချမှတ်ခခြင်းဖြစ်သည်။

ဆရာတော် အသျှင်ပညာစာရ၏ တရားခွင် လွတ်လပ်မျှတမှုနှင့် စပ်လျဉ်း၍ ဆရာတော်၏ ရှိနီ ဒေါ်အေးနုစိန်ကို ဧရာဝတီ သတင်းထောက် မင်းနိုင်သူက ဆက်သွယ် မိန်းမြန်း ထားပါသည်။


မိန်း။ ။ ပြီးခရေ ၂၉ ရက်နိ့က အသျှင်ပညာစာရကို ထောင်ဒဏ် ၈ နှစ် ၃ လ နန့်ဒဏ်ငွေ ကျပ် ၁ သောင်း ချမှတ်လိုက်ဗျာယ်ဆိုတော့ခါ ဇာတိဆက်လက် ဆောင်ရွက်ပီးလားဖို့ ဟိပါသလဲ။


ဆာပေါ်ထွန်း

ဆာပေါ်ထွန်းသည် ထင်ရှားခသော နိုင်ငံရေး ခေါင်းဆောင်းကြီး တဦး ဖြစ်သည်။ စစ်တွေမြို့ ဦးရဲဖော်၏ သားအငယ် ဖြစ်သည်။ စစ်တွေမြို့၊ ရန်ကုန်မြို့ ကာလကတ္တားမြို့ တိမာ ပညာ သင်ကြားခသည်။ ဝိဇ္ဇာတန်းထိ ပညာ ဆည်းပူးခသည်။

၁၉ဝ၄ ခုနှစ်၊ ၁၉ဝ၅ ခုနှစ်တွင် ရန်ကုန်မြို့ မက်သဒစ် ယောက်ျားကလေး ကျောင်းတွင် ကျောင်းဆရာကြီး အဖြစ် လည်းကောင်း၊ ၁၉ဝ၅ ခုနှစ်မှ ၁၉ဝ၈ ခုနှစ် အထိ ရန်ကုန်မြို့ အစိုးရ ဟိုက်စကူးကျောင်း၌ အလယ်တန်းနှင့် အထက်တန်း ဆရာအဖြစ် လည်းကောင်း လုပ်ကိုင်ခသည်။

ဆာပေါ်ထွန်းသည် ပညာရေး လောက၌ ဆောင်ရွက်ပြီးနောက် ၁၉ဝ၈ ခုနှစ်မှ ၁၉၁၂ ခုနှစ်ထိ ချိ(ပ်)ကုတ် ရုံးတော်ကြီးတွင် စကားပြန် အဖြစ် ဆောင်ရွက်ခသည်။ ၁၉၁၂ ခုနှစ်မှ ၁၉၂၁ ခုနှစ်အထိ နှစ်များတွင် မြို့ပိုင်၊ အခွန်ဝန်၊ နယ်ပိုင် စသော ဗြိတိသျှ အစိုးရ၏ အုပ်ချုပ်ရေး ရာထူးများတွင် ဝင်ရောက် အမှုထမ်းခသည်။ ယင်းသို့ အုပ်ချုပ်ရေးပိုင်းတွင် ထမ်းရွက်စဉ် ပထမ ကမာႝစစ်ကြီး အတွင်း ဗြိတိသျှရို့ စစ်အောင်မြင်ရေး အတွက် အထူး အကူအညီ ပီးခ၍ ဆုတံဆိပ်များ ချီးမြှင့်ခြင်း ခံရသည်။ ၁၉၁၉ ခုနှစ်တွင် အမှုထမ်းကောင်း တံဆိပ်ရ မင်းဘွဲ့ကိုလည်း ရဟိခသည်။

ထို့နောက် ဗြိတိသျှ အစိုးရ အမှုထမ်း အဖြစ်မှ နုတ်ထွက်လိုက်ပြီး ၁၉၂၃ ခုနှစ်တွင် အင်္ဂလန်ပြည်သို့လား၍ ဝတ်လုံပညာ သင်ကြား တတ်မြောက်ခသည်။ မြန်မာနိုင်ငံသို့ ပြန်လာကာ ဝတ်လုံ လိုက်ရင်း နိုင်ငံရေး နယ်ပယ်ထဲသို့ ဝင်ရောက်ခသည်။ ၁၉၂၅ ခုနှစ်တွင် ရမည်းသင်း မြောက်ပိုင်း မဲဆန္ဒနယ်မှ ဥပဒေပြု ကောင်စီ အမတ် အဖြစ် အရွီးခံရသည်။


သတိ

သတိတရား အမြဲထားဖို့
မညီမညာ ဒေကဗျာနန့်
ပြောခပါမေ အို..မိတ်ဆွေ(ဆွီ)။

စာပီမဟိက လူမျိုးမဟိ
စာပီပျောက်က လူမျိုးပျောက်
စာပီမထွန်း လူမျိုးကန်းရေ
စာပီပြုန်းကေ လူမျိုးတုံးရေ
ဖြစ်ကြောင်းဒိန်ကို နှလုံးသားမှာ
အမြဲစွဲလျှက် သတိဖက်ပနာ
ရခိုင်စာပီ ပေါ်ထွန်းလီအောင်
စွမ်းဆောင်လို့နီ အေ.အမ်.ပီ.မှာ
မျန်မာပိုင်ရွီးပနာ မတင်ပါကေ့
တန့်ကတ်ဖိဝေး။


အမောင်....သို့

ရခိုင်ပြည်က ဗဟိုစည်ကို
အမောင်လွယ်ပြီး လာတီးပါ
တော်ဝင်ရေသဇင်ပန်း
ပန်ဆင်ထိုက်စွာလည်း အကျွန်ရို့ပါအမောင်
အမောင်ခေါ်ရေ (New York)
အမောင်နောက်က မလိုက်နိုင်ခစွာရေ
အမွီအနှစ် ကျောက်ဆစ်လက်ရာ
အကျွန်ရို့ရာ ပိုင်ဆိုင်သင့်လို့ပါ။


အသျှင်ပညာစာရကို ထောင်ချစွာက လူမျိုးရေး အရ အနိုင်ကျင့်စွာ ဖြစ်တေ။

အသျှင်ပညာစာရကို ထောင်ချစွာက လူမျိုးရေး အရ အနိုင်ကျင့်စွာ ဖြစ်တေ။



ရဟန်းတော် တစ်ပါးနှင့် အိန်တာဗျူး


Arakan child student learning in monastery
ဆရာတော် အသျှင်ပညာစာအား နောက်ဆုံး တရားစီရင်ရေနိန့်က တရားရုံးသို့ ကိုယ်တိုင် လားရောက်ခသူ ရဟန်းတော်နှင့် အိန်တာဗျူး-----

မိန်း။ ။ ဆရာတော် အသျှင် ပညာစာရ တရားစီရင်ရေနိန့်က ဦးဇင်း မြင်တွိ့ခရရေ မြင်ကွင်းကို ပြောပြပီးပါလား အသျှင်ဘုရား။

ဖြေ။ ။ ယင်းနိန့်က ဦးဇင်းနန့် ဦးဇင်းရို့ကျောင်းက ရဟန်း သုံးပါး အခြေအနီ ဇာပိုင်ဟိရေဆိုစွာကို သိချင်ရေ စစ်တွေ ခရိုင်တရားရုံးကို လားခကတ်ပါရေ။ တရားရုံးထဲကို တယောက်ကိုလည်း ၀င်ခွင့်မပြူ။ ရဲသားတိကို တရားရုံး အပြည့်ချထားရေ။ ရဲဆိုင်ကယ်တိ၊ ကားတိ အပြည့်။ စရဖတိ၊ SB တိလည်ူ အပြည့်ပါ။ တရားရုံးရှိ ပတ်ပတ်လည်မှာ လူတိ အပြည့်။

မိန်း။ ။ အပြည့်ဆိုတော့ခါ  ပြည်သူလူထုက ဇာလောက်များလဲ အသျှင်ဘုရား။

“အမှောင်ကိုခွင်း၊ အလင်းကိုဆောင်၊ ရခိုင်အလင်းရောင်” ဘလော့ကို တမင်တကာလာကတ်တေဖြစ်စီ၊ လမ်းမှားလို့ရောက်လာကတ်တေဖြစ်စီ ကျွန်တော်ရို့ “ရခိုင်အလင်းရောင်” မိသားစုမှ အထူးပင်ကျေးဇူးတင်ပါရေ။ နောက်ထပ်လည်း လာလည်ကတ်ပါလို့ ဖိတ်ခေါ်ပါရေ။