မနှင်းဇီ
နင်ကမြန်မာ
ငါကရခိုင်
မျဉ်းပြိုင်နှစ်ကြောင်း
မဆုံကောင်းပါ
ခွင့်လွှတ်လိုက်ပါ မနှင်းဇီ --။
ဤကဗျာမှာ မနှင်းဇီအား ကိုသာကျော် နောက်ဆုံးပီးခသော ကဗျာဖြစ်သည်။ ဤကဗျာကို ပီးပြီးနောက် ကိုသာကျော်သည် သူချစ်သော မနှင်းဇီအားကြောခိုင်းပြီး ရန်ကုန်မှ သူ့မွီးရပ်မြီ ရခိုင်ပြည်သို့ အပြီးအပိုင်ထွက်ခွာလာခသည်။ ဘ၀နှင့်ပုံ၍ ချစ်ခရစွာဖြစ်လို့ ကိုသာကျော် မနှင်းဇီနှင့်ခွဲရစဉ်မှာ ရင်ဆို့အောင်ခံစားရသည်။
အပိုင်း (၁)
ရန်ကုန်တက္ကသိုလ် နောက်ဆုံးနှစ် မြန်မာစာကျောင်းသားတဦးဖြစ်သော ရခိုင်သားကိုသာကျော်သည် သူနှင့်အတန်းတူ အချိန်တူ မြန်မာမချေ “မနှင်းဇီ” နှင့် ချစ်ရည်မျှခသည်။ သူရို့ချစ်ကျွမ်းဝင်ပုံကလည်း ဆန်းဆန်းချေဖြစ်သည်။ တယောက်နှင့်တယောက် နတ်ယင်းသွမ်းယင်း ရည်းစားဖြစ်လားခကတ်သည်။ မနှင်းဇီရို့ကျောင်းသူအုပ်စုက အတန်းထဲတွင် ကိုသာကျော်အပါအ၀င် ရခိုင်ကျောင်းသားများကို နာမည်ထုတ်မခေါ်ဘဲ “ခုနှစ်ခိုင်” ဟုခေါ်သည်။ ရခိုင်မှ “ရကောက်” ကို “ခုနှစ်ဂဏန်း” ဖြင့်အစားထိုးပြီး နတ်သည့်သွမ်းသည့်သဘော “ခုနှစ်ခိုင်” ဟု ခေါ်ခြင်းဖြစ်သည်။
မနှင်းဇီသည် သူရို့အုပ်စုထဲတွင် အလှဆုံး၊ အသားမဖြူမညို နှာတံပေါ်လွင်ပြီး ရယ်လိုက်လျှင် ပါးချိုင့်ပေါ်သည်။ သူ့ပိုင် အချောအလှမချေက “ကိုသာကျော်” လို့ ခေါ်ဖို့အစား “ကိုခုနှစ်ခိုင်” လို့ ခေါ်နီခါ ကိုသာကျော်က အောင့်သက်သက် ခံနီရသည်။ ထို့ကြောင့် ကိုသာကျော်လည်း “ခုနှစ်ခိုင်” လို့ခေါ်စွာတုန့်ပြန်ဖို့ စကားလုံးလိုက်ရှာရပါတော့သည်။ ထိုအခါ စကားတလုံးကို ကိုသာကျော်လားတွေးမိသည်။
ထိုနိမှစ၍ မနှင်းဇီက “ကိုခုနှစ်ခိုင်” လို့ခေါ်တိုင်း ကိုသာကျော်ငြိမ်ခံမနီ။ “ဟေ့ ကိုခုနှစ်ခိုင် နီကောင်းလား” ဟု မနှင်းဇီးကမီးလာလျှင် ကိုသာကျော်က “မနှင်းဇီ” ကျွန်တော့်နာမည်က “ကိုခုနှစ်ခိုင်” မဟုတ်ပါ။ ကိုချစ်ခိုင်ပါ။ ချစ်ကေခိုင်လွန်းလို့ “ကိုချစ်ခိုင်” လို့ခေါ်စွာပါ။ “ခုနှစ်ခိုင်” လို့ မခေါ်ပါကဲ့။ “ကိုချစ်ခိုင်” လို့ နာမည်ပြောင်းခေါ်ပီးလို့ရပါဖို့လားစသဖြင့် ပြန်လှန်ရပါသည်။ ထိုအခါ မနှင်းးဇီမှာ မျက်လွှာချပြီး ဂေါင်းငုံ့လားတတ်သည်။ ထိုသို့ တဦးနှင့်တဦး နတ်ယင်းသွမ်းယင်းနှင့် ကိုသာကျော်နှင့် မနှင်းဇီရို့နှစ်ဦး နောက်ပိုင်းတွင် သမီးရည်းစားဖြစ်လားသည်။
အပိုင်း (၂)
ရည်းစားဘ၀ဖြစ်လားသောအခါ သူရို့နှစ်ဦး မိုးမမြင်လီမမြင် ပျော်သည်။ ကျောင်းပြီးလျှင် မနှင်းဇီကို လက်ထပ်ယူရန် ကိုသာကျော်က ဆုံးဖြတ်လိုက်သည်။ နောက်ပိုင်းတွင် ကိုသာကျော်က ကျောက်ဖြူမှ အမိအဖထံသို့ အကြောင်းကြားသည်။ မိခင်ဖြစ်သူ မိဒေါ်ညွန့် ရန်ကုန်ထိလိုက်လာပြီး မနှင်းဇီနှင့်တွိသည်။ စကားပြောသည်။ ချွေးမလောင်းကို အကဲခတ်သည်။ နောက်ပိုင်းတွင် စမ်းချောင်းသျှမ်းလမ်းမှ မနှင်းဇီရို့အိမ်ထိ လိုက်လည်သည်။ မနှင်းဇီမိဘများနှင့်လည်း တွိဆုံသည်။ အားလုံးအိုကေ အဆင်ပြေသည်။ ကိုသာကျော်ရို့ မိသားစုသည်လည်း ကျောက်ဖြူတွင် ထိပ်ထိပ်ကြဲဖြစ်သည်။ အသောက်အစားကင်းပြီး လူတဘက်သားကိုကူညီတတ်သော မိသားစုဖြစ်သဖြင့် လူချစ်လူခင်များသည်။
၎င်းအပြင် လူမျိုးရေးအစွဲကင်းသည်။ (ရခိုင်-မြန်မာ) ခွဲခြားမှုမဟိ အားလုံးမိသားစုတခုကဲ့သို့ သဘောထားသည်။ ကိုသာကျော်သည် ရခိုင်သားဖြစ်သော်လည်း ကျဉ်းမြောင်းသော အမျိုးသားအတွေးအခေါ်အယူအဆမဟိ။ သို့ဖြင့် မနှင်းဇီကို ရာသက်ပန်အိမ်ထောင်ဖက်အဖြစ် ကိုသာကျော် ရွီးချယ်လိုက်သည်။ ကိုသာကျော်နှင့် မနှင်းဇီအကြား မည်သည့်အဟန့်အတားမှမဟိ။ ချစ်သူများလျှောက်သောလမ်းသည်ကား ခရောင်လမ်းမဟုတ်၊ ပန်းခင်းသောလမ်းအတိဖြစ်သည်။
အပိုင်း (၃)
ထိုတနိ။ ထိုတနိကို ကြမ္မာငင်သောနိဟု ဆိုရဖို့လားမသိ။ ထိုနိတွင် ကိုသာကျော်နှင့် မနှင်းဇီရို့ လမ်းခွဲခရပါသည်။ ကိုသာကျော်နှင့်မနှင်းဇီရို့နှစ်ဦး ရွှေတိဂုံမြောက်ဘက်မုခ်မှ ဘုရားပေါ်သို့တက်လာလတ်သည်။ လမ်းဘေးပန်းသည်တဦးက ပန်းတိလန်းလန်းဆတ်ဆတ် ယူပါအုံးပြောလို့ ပန်းစည်း တယောက်တစည်းယူပြီး ဘုရားပေါ်တက်လာသည်။ မနှင်းဇီက င်္အဂါသမီးဖြစ်၍ င်္အဂါထောင့်တွင်ပန်းတင်ပြီး ရွှေတိဂုံစေတီကို လက်ညာရစ်ပတ်ယင်း အနောက်ဘက်စေတီရင်ပြင်တော်အနီး အနောက်ပြည်ရခိုင်ကုန်သည်ကြီးများတန်းဆောင်တွင် နှစ်ယောက်သားထိုင်သည်။
နီမညှိုးသိမ့်သဖြင့် ဘုရားပေါ်တွင် လူကြဲနီသည်။ အချေနှစ်ယောက်က မိခင်ဖြစ်သူနှင့်အတူ တန်းဆောင်အရိပ်ခိုပြီး ခွာစာကျွေးနီသည်။ ခွာချေတိကလည်း အချေလက်ထက်တက်ပြီး အစာစားလိုက် ပျံလိုက်နားလိုက် မြင်ရသောမြင်ကွင်းသည် ချစ်ဖို့အလွန်ကောင်းသည်။ ကိုသာကျော်နှင့် မနှင်းဇီရို့နှစ်ယောက်စလုံး အချေတိ ခွာစာကျွေးနီရာသို့ မျက်စိရောက်လားသည်။ မနှင်းဇီက ကိုသာကျော်ကို စပြောသည်။ “ကိုကို အချေတိ ကကောင်းချစ်ဖို့ကောင်းရေ” ကိုသာကျော်ကလည်း သဘောတူ ဂေါင်းညိတ်ယင်း “ဟုတ်တေ မနှင်းဇီ အချေတိ ကကောင်းချစ်ဖို့ကောင်းရေနှန်း” ဟုဆိုသည်။
ထိုမှတဆင့် သားသမီးမွီးလာပါက ယောက်ျားချေနှင့် မမချေ “ပဇာကို ပိုကြိုက်တေလဲ” ဟု မနှင်းဇီက မီးသည်။ ကိုသာကျော်က ယောက်ျားချေဘဲမွီးမွီး သမီးချေဘဲမွီးမွီး သားသမီးဖြစ်သဖြင့် ချစ်ရမည်ဖြစ်ကြောင်းပြောသည်။ ထိုမှတဆင့် သားသမီးများမွီးလာပါက။ သားသမီးများ၏နာမည်ကိစ္စသို့ ရောက်လာသည်။ ထိုအခါ ကိုသာကျော်က “ကိုယ့်သားတိကို ရခိုင်နာမည်စစ်စစ် “သာထွန်းဦး“ ၊ “ကျော်လှဦး” စသည်ဖြင့် နာမည်ထားချင်ကြောင်းပြောသည်။ မနှင်းဇီမျက်နှာ ကိုသာကျော်စကားကြောင့် အနည်းငယ်ပျက်လားသည်။ “ဇာဖြစ်စွာလဲ မနှင်းဇီ” ဟု မီးသောအခါ မနှင်းဇီက “အေနာမည်တိ မဖြစ်နိုင်ထင်ရေ ကိုကို” ဟုဆိုသည်။
ကိုသာကျော်က “ဇာဖြစ်လို့လဲ မနှင်းဇီ” ဟု မီးသောအခါ မနှင်းဇီက “စိတ်မဟိပါကဲ့ ကိုကို မနှင်းဇီက သားချေတိနာမည်ကို မြန်မာနာမည်ဖြစ်တေ “ကျော်စွာမြင့်” ၊ “ဇော်လွင်မြင့်” ယင်းပိုင် နာမည်တိရာထားချင်စွာပါ။ ဇာဖြစ်လို့လဲဆို ကိုကို့သားတိနာမည်ကို ရခိုင်ပိုင်ထားကေ ကိုကိုသားတိ ဇာခါလည်း ရားထူးကြီး၊ အစိုးရထိပ်ပိုင်းရာထူးတိကို ရလီဖို့မဟုတ်ယာ။ မနှင်းဇီက သားချေတိကို စစ်ဗိုလ်ချုပ်ကြီးတိ၊ နိုင်ငံတော်အကြီးအကဲတိ ဖြစ်ချင်စွာ။ နာမည်တခုကြောင့် မနှင်းဇီသားချေတိ အနာဂါတ်တက်လမ်း ပိတ်မလားစီချင်ပါ ကိုကို”။ ကိုသာကျော်၏နှလုံးသား ဆားနှင့်အတို့ခံရပိုင် ခံစားလားရသည်။
ဖနောင့်ကသွီး ဂေါင်းဖျားတက်လားသည်။ “ဟုတ်လား မနှင်းဇီ၊ အေတိုင်းပြည်မှာ ရခိုင်နာမည်ထားစွာနှင့် အစိုးရထိပ်ပိုင်းရာထူးကို မရနိုင်ပျာလား။ စစ်ဗိုလ်ချုပ်ကြီးတိ မဖြစ်နိုင်ပျာလား။ နိုင်ငံတော်အကြီးအကဲ မဖြစ်နိုင်ပျာလား” ကိုသာကျော်က ရင်ဆို့ဆို့ပြောသည်။ မနှင်းဇီသည် အ၀ီးတနီရာသို့ကြည့်ယင်း ပြောလာသည်။ “ဟုတ်တေ ကိုကို ။ အေချင့် အမှန်ပါ။ မနှင်းဇီ ကိုကို့ကို စမချစ်ခင်ကပင် အေကိစ္စကို အယင်စိုင်းစားပြီးသားပါ။ အထူးသဖြင့် သားသမီးတိ အနာဂါတ်ခရီး။ ရခိုင်သားတယောက်နှင့်ရရေ မနှင်းဇီသားသမီးတိ အေတိုင်းပြည်မှာ ဇာပိုင်လူရာဝင်လဲဆိုစွာကိုပါ”။ ကိုသာကျော် နားလည်လိုက်ပါပျာ။
မနှင်းဇီး၏စကားလုံးများသည် ကိုသာကျော်၏နှလုံးသားကို မျှားချွန်းချွန်းနှင့် တချက်ချင်းထိုးနီရေပိုင် ခံစားမိသည်။ ကိုသာကျော် ဇာလည်းဆက်ပြောချင်ပျာ။ ထိုနိက မနှင်းဇီကို သူ့အိမ်သျှမ်းလမ်းထိ ကိုသာကျော်လိုက်ပို့သည်။ သို့သော် စကားတခွန်းမပြောဖြစ်။ ချစ်သူနှစ်ဦး၏အိမ်အပြန်လမ်းရီးသည် ဆိတ်ငြိမ်လွန်းလှ၏။ မနှင်းဇီရို့အိမ်သို့ရောက်သော်လည်း စကားတခွန်းမျှမပြောမဆိုဘဲ လှည်းတန်းအခန်းသို့ ကိုသာကျော် လှည့်ပြန်လာလတ်သည်။ လာလမ်းတလျှောက် ကိုသာကျော်၏အတွေးအာရုံကို မနှင်းဇီ၏စကားလုံးများက ကြီးစိုးထားသည်။ နှလုံးသားဖြင့်ရင်း၍ချစ်ရပါသော်လည်း ဘ၀ကား မနှင်းဇီကို လက်ထပ်ရန်မဖြစ်နိုင်တော့။ ကိုသာကျော် နားလည်သဘောပေါက်လိုက်သည်။
(နိဂုံး)
မိုးလင်းသောအခါ ကိုသာကျော် မနှင်းဇီရို့အိမ်သို့လားပါသည်။ မနှင်းဇီက အိမ်တန်းခါးဖွင့်ပီးသည်။ ကိုသာကျော်အိမ်ထဲဝင်ရန် စိတ်မဟိတော့ပါ။ အသင့်ရွီးယူလာသောကဗျာနှင့် မနှင်းဇီ အမှတ်တရပီးထားခသောပစ္စည်းများကို မနှင်းဇီလက်ထဲ ပီးအပ်ယင်း ကိုသာကျော် မနှင်းဇီကို ကြောခိုင်းလိုက်ပါသည်။
မနှင်းဇီ
နင်ကမြန်မာ
ငါကရခိုင်
မျဉ်းပြိုင်နှစ်ကြောင်း
မဆုံကောင်းပါ
ခွင့်လွှတ်လိုက်ပါ မနှင်းဇီ --။
(ဂနိန့်ရခိုင်ပြည်ဘလေ့မှ)
အကျွန်ုပ်တရက်နိ ဖျားနီလို့ ကျောင်းမတက်ဖြစ်၊၊ တခါတရီ ကျောင်းမတက်ချင်လို့ ဖျားကွန်ဆောင်ဖူးပါသည်၊၊ အခုက အသည်းအသန်အဆင့်အထိ မရောက်ကေတောင်က ဂေါင်းသင့်အောင်ကိုက်နီရေဆိုခါ အေနိတရက် ခွင့်တိုင်လိုက်ပါသည်၊၊ ရာသီဥတုကလည်း အယင်နှင့်မတူ၊၊ အခုလည်းသွင့်ကြည့် အပြင်မှာ မိုးကြီးလီကြီးလိုက်နီသည်၊၊ သာမန်ဆိုကေ အေအချိန် မိုးရွာရဖို့ အချိန်မဟုတ်၊၊ လူကြီးတိကစီ ရိုးမတောင်က အပင်တိပြုန်းလားခလို့ ရာသီဥတုဖောက်ပြန်စွာလို့ ပြောပါသည်၊၊ တောင်မှာအပင်မဟိစွာနှင့် ရာသီဥတုဖောက်ပြန်စွာ ပဇာဆိုင်ရေလဲမသိ၊၊ တောင်ကအပင်တိပြုန်းလားခစွာမဟုတ်ဘဲ တမင်ဖြုန်းပစ်လိုက်ကတ်စွာလို့ အကျွန်ုပ်ထင်ပါသည်၊၊
အနောက်တောင်မုတ်သုံလီက တပျင်းတိုက်နီလို့ အိမ်ဘေးကစိုက်ထားရေကွမ်းသီးပင်တိ၊ အုန်းပင်တိ သံဖြူခေါင်ကို တဘုန်းဘုန်းသတ်နီလို့ စာအုပ်ကို ကောင်းကောင်းဖတ်ဖို့မရပါ၊၊ တော်သိမ့်ယင့်။ အိမ်ရှိကသရက်ပင်ကို လမ်းချယ်ဖို့အတွက် ခွတ်ရဖို့ဆိုလို့ ခွတ်ပစ်လိုက်ရဖို့၊၊ လက်ထဲကစာအုပ်ကလည်း ကောင်းခန်းရောက်နီသည်၊၊ နှစ်ထောင်ပေါင်းအများကြီးကပင် အခက်အခဲတိကိုကျော်ဖြတ်လို့ အေမြီကြီးမှာ သူများနိုင်ငံနှင့်တန်းတူ ရပ်တည်နိုင်ခသည့် မျိုးနွယ်စုတခုအကြောင်းဖြစ်သည်၊၊
သူရို့တိရင်ဆိုင်ခရရေတိုက်ပွဲ၊ ခံစားခရရေဒုက္ခသုခတိနှင့် ဇတ်သျှိန်ကလည်းမြင့်တက်လာသည်၊၊ စာဖတ်နီယင်း ဘေးနားကတင်ထားရေ ခွင်ခလောက်ခုံထက်ခွက်ထဲက လက်ဖက်သုတ်တဇွန်းယူစားပြီးကေ အဖန်ရည်တတုတ်သောက်လိုက်သည်၊၊ လက်ဖက်သုတ်ကိုပဲဆီနှင့် သုတ်ထားလို့ အိပြီးကေမွှီးရေအရသာက ကကောင်းကောင်းပါသည်၊၊
အကျွန်ုပ်သည် လက်ဖက်သုတ်လျှင် ဆီတိအိုင်ပြီးကေစီထည့်တတ်လို့ အဘောင်သျှင်ကစီ (ဟေး ဆီတိ ယင်းလောက်ဈီးကြီးစွာမှာ ချွေချွေတာတာသုံးပလင်။ သူများတိ ပဲဆီအစစ်တောင်မစားနိုင်ကတ်ပျာယ်) အသိပီးပါလေ့ဟိပါသည်၊၊
ခြီဖျားတိအီးလာလို့ သိုးမွှီးပုဆိုးတထူကြီးကို ခြီမှာပတ်လိုက်သည်၊၊ အရာအိမ်ထက်မှာ အဘောင်သျှင်အိပ်နီလို့ တော်သိမ့်သည်၊၊ တချက်ရာမြင်ကေ သူများတိချမ်းလို့ ချုံဖို့ပုဆိုးတောင်မဟိစွာမှာ (နင်က ထိုချင့်၊ ဒေချင့်) ဟု ပြောလိမ့်မည်။
(အော် အိမ်ကလူတိမဟိကတ်ပါလာ။)
တုန်တုန်ယင်ယင်နှင့်အသံတသံ အိမ်ရှိခြံဝကထွက်ပါလတ်သည်။ အိမ်ထဲကနီ တချက်လှမ်းကြည့်လိုက်သောအခါ အိမ်အပြင်မှာထီးဆောင်းလို့ မိမ္မတယောက်ရပ်နီသည်။ လက်ထဲတွင်လည်း အထုပ်တထုပ်ဖက်ထားသည်။ အိမ်ခြံဝနှင့် သုံးပေလောက်ရာဝီးသောကြောင့် ကြင်းကြင်းလင်းလင်းမြင်ရသည်။ အယင်ခေါက်ကဆိုကေ အေထက်ဝီးသိမ့်သည်။ လမ်းချယ်ဖို့အတွက် ခြံဖျက်ပီးလိုက်ရလို့ အခု ပိုနီးလားသည်။ အိမ်ကိုဖျက်ပီးလိုက်ရဖို့ တားတားချေလိုသည်။
အကျွန်ုပ် ယင်းမမကိုမြင်သောအခါ အဘောင်မကိုခေါ်ဖို့ အိမ်ထက်ကိုပြီးတက်လိုက်သည်။ စိတ်ထဲမှာ ပဇာကိစ္စလဲလို့ တထင့်ထင့်ဖြစ်နီသည်။ အခုပိုင် မိုးကြီးလီကြီးထဲမှာ လုပ်အားပီးလာခေါ်စွာတော့မဖြစ်နိုင်။ လုပ်အားပီးဖို့လာခေါ်ကေ ရပ်ကွက်ကောင်စီက စစ်သားလူထွက် စံထွန်းအေးမျက်နှာကို အယင်မြင်ရဖို့။
အဘောင်မ အိမ်အောက်သို့ရောက်သောအခါ ဓမြရန်ကိုကြောက်လို့ခတ်ထားရေ လက်ခုတ်သီးကို အယင်ဖွင့်ပီးလိုက်သည်။
ယင်းမမသည် အိမ်ထဲသို့ မ၀င်ဝံ့ဝင်ဝံ့ဝင်လာပြီး သမံတလင်းမှာထိုင်ချလိုက်သည်။ တခန္ဓာလုံး မိုးရီဘဘုတ်စွတ်နီသည်။ ဆောင်းလာရေထီးက မြို့မကျောင်းဆွမ်းတကာမောင်စိန်ထီးလောက်မကောင်း။ ထီးချာက ဂျီသရီးကျည်ဆံကျထားရေပိုင် အပေါက်တရာနှင့် လက်ကိုင်လည်းမဟိ။ ၀တ်ထားရေချန်သားအင်းကျီက ပဇာလောက်ကြာပျာယ်လဲမသိ အရောင်မတောက်။ မီုးရီစွတ်လို့ မြင်မကောင်းဖြစ်နီသည်။
ပိုဆိုးစွာ သူ့ထပိန်။ ၀တ်ထားရေလို့ပြောစွာထက် ပတ်ထားရေဆိုကေ ပိုမှန်ပါလိမ့်မည်။ ပင့်ကူအိမ်ပိုင် အထပ်တရာခြုပ်ထားသည်။ မိုးရီစွတ်ဖန်များလို့ ဆွီးပျာယ် ထိုတစဒေတစ အနားလန်နီသည်။ မသကာကေ အချိန်မရွီးစုတ်လားနိုင်သည်။
ခြီမှာလည်း ဖိနပ်စီးမထား။ ရီနူးလို့ ခြီတဖ၀ါးလုံး ဖြူဖတ်ဖတ်အထွင်းထွင်းဖြစ်နီသည်။ လက်ထဲကအထုပ်ကို ဘေးသို့ အသာချေချလိုက်သောအခါ သမံတလင်းမှာရပ်နီသော အကျွန်ုပ်၏ခြီထောက် အအီးဓါတ်ကိုစုပ်ယူလိုက်ယှောင် ခံစားလားရသည်။
တခန္ဓာလုံး ကြက်သီးဖြိန့်ပနာ မျက်စိမှာမြင်ရစွာ အဂယင့်လားလို့ ကိုယ့်စွာကိုယ်တောင်မယုံနိုင်ဖြစ်လားသည်။ ဟုတ်ပါသည်။ အဂယင့်ဟုတ်ပါသည်။ လသားအရွယ်အဘုချေတယောက်။ အသက်ဟိသိမ့်ယင့်လားမသိ။ ယင်းမမသည် အဘောင်မခြီကိုကိုင်ပျာယ် တပျင်းငိုပါသည်။ အဘောင်သျှင်ကလည်း အိပ်မွှားဆံထ (ဟေး ထထ) ဆိုပျာယ် အနားမှာ ထိုင်ခိုင်းပါသည်။
(အရီး အကျွန်ဝါပိုကပါ။ ရွာပျက်လို့ထွက်ပြီးလာစွာပါ။ အကျွန့်အိမ်သျှင်လည်း ပေါ်တာပါလားခလို့ ငှက်ဖျားနန့် သီကျလားပါယာ။ အားကိုးဖို့လူလည်းမဟိပါ။ အချေကလည်းတဖက်။ တောင်းလို့တာဖြစ်စားဖို့ပျာယ်ဆိုပျာ စစ်တွေကိုတက်လာစွာပါ။ အခု လားတောင်းစားဖို့ ၀တ်ဖို့ထပိန်မဟိလို့ မိုးရွာလို့ အရီးရို့အိမ်ကိုဝင်လာစွာပါ။ ထပိန်တထည်လောက်ဟိကေသနားပါ။) ဟု ပြောပါသည်။ ပြီးကေ ချိတ်၍ငိုပါသည်။
(ဟေး တပိန်ကအရေးမကြီး၊ အချေဝါ) ဆိုပျာယ် အဘောင်သျှင်က အချေကို တချက်ငုံကြည့်လိုက်သည်။ ကံကောင်းသိမ့်ယင့်။ အချေမသီသိမ့်။ ယင်းလောက်မိုးရွာစွာမှာ သားကိုရင်နှင့်အုပ်ပျာယ် ဖိနပ်မပါလားနီရေ မိခင်တယောက်မိတ္တာကို နားလည်ခံစားမိပါသည်။
(အကျွန် ကံကကောင်းဆိုးပါရေ) မျက်နှာကို လက်နှင့်အုပ်ထားသည်။ ဆက်ပြောဖို့စကား ငိုသံနှင့်ထွီးနီသည်။ အဘောင်သျှင် ပြင်တန်းခါးကိုပိတ်လိုက်သည်။ ယင်းမမကို စောင့်ဖို့ခိုင်းပနာ အိမ်ထက်ကိုတက်လားသည်။ ပါးစကလည်း (အော် ဒုက္ခ၊ ဒုက္ခ) လို့ မကြားတကြားပြောသည်။
ထပိန်ပီးဖို့လူ ခံစားနီရရေဒုက္ခလား။ ထပိန်မဟိရေလူ ခံစားနီရရေဒုက္ခလား။ အသေအချာ အကျွန်ုပ်မပြောတတ်။ အကျွန်ုပ်ရို့တိမှာ ဒုက္ခကကောင်းများပါသည်။ ပဲဆီကို ချွေတာရရေဒုက္ခ။ အပင်ခွတ်ခိုင်းလို့ အပင်ခွတ်ပီးရရေဒုက္ခ။ လမ်းချယ်ဖို့အတွက် အိမ်ဖျက်ပီးရရေဒုက္ခ။ ဈီးဆောက်ဖို့အတွက် အိမ်ရွှိပီးရရေဒုက္ခ။ ယောက်ဖနွားကို အလကားကျောင်းပီးရရေဒုက္ခ။ ကန်ကမကန်ပါ။
အဘောင်မ အိမ်ထက်ကဆင်းလာရေအခါ ထပိန်တထည် လက်ထဲတွင်ပါလာပါသည်။ ယင်းမမသားချေအတွက် အကျွန်ုပ်၏ညီ အင်းကျီတလုံးကိုပါထည့်ပီးလိုက်သည်။ သူ့မျက်နှာသည် ဆောင်းမှာပရေလလောက် မတောက်ကေလည်း မိုးခါလျှပ်စိမ်းပြယှောင် ၀င်းလားပါသည်။ အဘောင်သျှင်ခြီကိုရှိခိုးလို့ (အရီး ကောင်းကောင်းကျေးဇူးဟိပါရေ) ဟု ဆုပီးပါသည်။
မိုးလည်းသင့်အောင်ချေစဲလားပျာယ်ဆိုခါ ပြန်ထွက်လားပါသည်။ အရှက်နှင့်သိက္ခာကိုဖုံးဖို့ ထပိန်တထည်တော့ရလားခပျာယ်။ ထပိန်ကို အသာချေကိုင်ပျာယ် မိုးရီထဲမှာပျောက်လားရေ ယင်းမမကိုကြည့်ယင်း အကျွန်ုပ်သက်ပြင်းချမိပါသည်။
...........................
မောင်မောင် (စစ်တွေ)
(09/06/1998)
(ဂနိန့်ရခိုင်ပြည်ဘလော့မှ)
အနီဝီးလို့ သွီးအီးလားခရစွာလားပန်းနု။ ကျနော့်ရင်ထဲမှာ နွီဦးမှာတိုက်တေ လီပွီလီရူးတိ ပြာပြာလဲ့လဲ့တိုက်ခတ်နီကတ်ပါရေ။ စိတ်ထဲမှာ ခံစားရစွာလောက်ရာ လီလွှင့်ပစ်လိုက်ရဖို့ဆိုကေ ကျနော်ဟာ လူတပိုင်း မီးခိုးတပိုင်းဖြစ်လားပါပျာယ်။ ဒေပိုင်ပါ..တချိန်က ကျနော့်မှာ ပန်းနုဆိုရေ ချစ်သူတယောက်ဟိပါရေ။ နာမေနန့်လိုက်အောင် ကကောင်းအလှပချေဖြစ်တေအတွက်နန့် ကျနော်လည်း ကကောင်းချစ်ခပါရေ။ တချိန်ကစွာယေ ဒေဂုမဟုတ်တေအတွက်နန့် ပန်းနုဆိုရေချစ်သူ ကျနော့်မှာမဟိပါပျာယ်။
မိုးမှုန်တိ တုန်ခါဝဲယိုင်ကျပြီးကေ ပိတောက်တိပွင့်ရေ လတလမှာ ပန်းနုကို ကျနော်စတွိခစွာပါ။ ကျေးလက်ဆန်ရေ တောမြို့ချေတမြို့၏ အတိတ်နိစွဲတိမှာ ကျနော်ရို့နှစ်ယောက်၏အချစ်တိစွာ ခိုင်ခိုင်မာမာဖြစ်ပေါ်လာခပါရေ။ အသက် (၁၇၊၁၈) အခါတုန်းက ဆင်းရဲခြင်းချမ်းသာခြင်း၊အဆင့်အတန်းနန့်ဂုဏ်ဒြပ်တိကို နားမလည် မတွေးတတ်ခကတ်ကေလည်း အချစ်အကြောင်းကိုတော့ခါ နားလည်တွေးတတ်ခပါရေ။
ယင်းပိုင်နန့် ကျနော်ရို့နှစ်ယောက် တယောက်ကိုတယောက် ကကောင်းချစ်မိလားခကတ်တေ။ ပန်းနုနာမည်က နှစ်လုံးရာဟိပြီးကေ ကြာသားပတီးနံနန့်စပါရေ။ ပန်းနုနာမည်ကို သဲမြီဖုံဖုံမှာ မှုံနီအောင် ကျနော်ရွီးဖူးပါရေ။ ပန်းနုမိဖတိက ကုန်စုံစတိုးဆိုင်ဖွင့်ပြီးကေ တခြားစီးပွားရေးလုပ်ငန်းတိလည်း လုပ်ပါရေ။ ရွာမှာဆိုကေ ပန်းနုမိဖတိက ရွာမျက်နှာဖုံးတိပါရာ။ ကျောင်းအားလပ်တေရက်တိမှာ ပန်းနုကို စတိုးဆိုင်ထဲမှာ အမြဲတမ်းပိုင် တွိရတတ်ပါရေ။ ပန်းနုရို့စတိုးဆိုင်ရှိမှာ မထည်ဝါ မခန့်ညားရေ အုန်းရည်ဆိုင်ချေတဆိုင်ဟိပါရေ။ အုန်းရည်ဆိုင်နာမည်က မူကြိုအုန်းရည်ဆိုင်ဆိုဝါ။ ကျနော်ကနားမလည်လို့ ဆိုင်သျှင်ကို လားမီးကြည့်ရေခါ အရက်မသောက်တတ်သိမ့် လူတိအတွက် အရက်သောက်တတ်အောင်သင်ပီးရေအခါ အုန်းရည်က စသောက်ရစွာဖြစ်လို့ ဆိုင်နာမည်ကို မူကြိုအုန်းရည်ဆိုင်ပြီးကေပီးထားစွာလို့ပြောယင့်။ ပန်းနုနန့်ကျနော် ချစ်ကြိုက်နီကတ်စွာကို မနာလိုပြိုင်ဖက်တိဟိပြီးကေ ကျနော့်ဘ၀ အဆင်မပြေမှုတိကို ပန်းနုကိုတောင် ထုတ်ဖော်မပြောတတ်တေ ကျနော်ဟာ ယင်းမူကြိုအုန်းရည်ဆိုင်မှာ ထိုင်ပြီးကေ ပန်းနုအကြောင်းတိကို အုန်းရည်သောက်ရင်း ထိုင်စိုင်းစားဖူးခပါရေ။ ပန်းနုကို ကျနော် ဇာကြောင့်ဒေလောက်ချစ်မိခရစွာလဲ။ ပန်းနုက၀ါ ကျနော့်ပိုင် အဖက်ဖက်ကနိမ့်ကျလှရေ လူတယောက်ကို ဇာကြောင့်ပြန်ချစ်ခစွာလဲ။
ကျနော်ရို့နှစ်ယောက်ဘ၀တိခြားနားနီမှန်းကို ယင်းအချိန်ကပင် ဂဂနန သေသေချာချာ စိုင်းစားဝေဖန်ချင့်ချိန်နိုင်ခဖို့ဆိုကေ ပန်းနုကို ကျနော်ချစ်ချင်မှချစ်မိခဖို့ပါ။ လုံလောက်တေ စိုင်းစားဥာဏ်တိမဟိခသိမ့်ရေအတွက်နန့် ပန်းနုနန့်ကျနော် တယောက်ကိုတယောက်မခွဲနိုင်၊ မခွာနိုင်လောက်အောင် အချစ်တိကို ကိုးကွယ်ထားခကတ်စွာဖြစ်ပါရေ။ ပန်းနုက သူဌီးသမီး၊ဥစ္စာပေါ ရုပ်ချောပြီးကေ အတန်းထဲမှာဆိုကေလည်း ကကောင်းစာတော်ရေ ကျောင်းသူမတယောက်ပါ။ ယင့်အတွက်နန့် တခါတခါ ကိုယ့်ကိုကိုယ် အားငယ်စိတ်တိဝင်ပြီးကေ ၀မ်းနည်းမိခစွာလည်း တကြိမ်တခါထက်မကခပါ။ ယေကေလည်း ယင့်အချိန်က တယောက်နန့်တယောက် အချစ်စိတ်တိမွှမ်နီအောင် ဖုံးလွှမ်းထားကတ်တေအတွက် အချစ်ကလွဲပြီးကေ ကျန်စွာကို ကောင်းကောင်းမစိုင်းစားခကတ်။ ယင့်အချိန်က ပန်းနုနန့်ကျနော့်အချစ်စွာ ကကောင်းဖြူစင်ရိုးသားခပြီးကေ ဟန်ဆောင်ဖုံးကွယ်မှုတိမဟိခကတ်တေ အချစ်မျိုးတိနန့် တယောက်ကိုတယောက် ကကောင်းချစ်ခကတ်စွာပါ။ ဒေအချိန်မှာ ယင့်ချင့်တိကိုပြန်တွေးမိကေ ကိုယ့်ကိုကိုယ် ဂုဏ်ယူကြေနပ်အားရနီမိပါရေ ပန်းနု။ ပန်းနုက ပင့်မြင့်မှာ လှနီရေ ပန်းနုနုချေတပွင့်ပါရာ..ကျနော်မခူးဝံ့ မခြွီဝံ့ပါ ပန်းနု။
ကုန်လွန်လားခရေ အတိတ်တိကို ကွန်ပျူတာထဲက Document ထဲမှာထည့်ထားရေမှတ်တမ်းဖိုင်တိပိုင် ပြန်ပနာထုတ်ကြည့်လို့ရကေ ကကောင်းကောင်းပါဖို့ ပန်းနု။ ရွာဦးက မောင့်ထောင့်တောင်ဘုရားပွဲကျရေခါ ပန်းနုနန့်ကျနော် ကြမ်းတမ်းရေ ကျောက်ခင်းလမ်းထက်မှာ စက်သီးတတူစီးပြီးကေ ဘုရားပွဲလားကြည့်ဖူးပါရေ။ ဇာလောက်ပင်လမ်းကြမ်းကြမ်း ကျနော်ရို့နှစ်ယောက်အတွက်တော့ ကျောက်ခင်းလမ်းစွာ ပန်းခမ်းလမ်းပိုင် ထင်မှတ်မိခကတ်ပါရေ။ ပန်းနုဆိုရေ ကျနော့်ချစ်သူဟာ နာမည်နန့်လိုက်အောင် စိတ်ထားတိလည်း ကကောင်းနုညံ့ပါရေ။ မောင်းထောင့်ဘုရားပွဲမှာ နှလုံးသားထဲကစောမဲကျီဆိုရေအော်ပဒါပြဇာတ်ကိုထည့်ရေခါ မင်းသားမောင်ရွှီသီးနန့်မင်းသမီးစောမဲကျီမရို့တိ၏ ၀မ်းနည်းကြွီကွဲစရာအဖြစ်တိကို မြင်တွိရလို့ လိုက်ပနာမျက်ရည်တိကျတတ်တေအထိ စိတ်ထားနုညံ့ပါရေ။ ပန်းနုပါးပြင်ထက်က တလိမ့်လိမ့်တလိမ့်လိမ့်နန့်စီးကျလာရေ မျက်ရည်တိကို ကျနော့်လက်ကိုင်ပုဝါနန့်သုတ်ပီးဖူးခပါရေ။ ယင်းလက်ကိုင်ပုဝါစွာ ဒေဂုထက်ထိ ကျနော်အမှတ်တရသိမ်းထားလို့ဟိပါသိမ့်ရေ ပန်းနု။
"မောင်စာရွီးဆရာဖြစ်လို့ဟိကေ ပျော်စရာကောင်းရေ ဇာတ်လမ်းတိကိုရာ ရွီးရဖို့နှမ်း၊ ၀မ်းနည်းစရာကောင်းရေ ဇာတ်လမ်းတိကို မရွီးပါကဲ့"
"ဇာတ်လမ်းတပိုဒ်ကို ပျော်စီလွမ်းစီဆိုပြီးကေ ပုံသီတွက်ထားလို့က မရ ပန်းနု၊ ပျော်စရာ လွမ်းစရာတိစွာရေ ကာလံဒေသံ အချိန်အခါနန့် အကြောင်းကြောင်းတိကြောင့် ဖြစ်ပေါ်လာရရေ အကျိုးသက်ရောက်မှုတိရာဖြစ်တေမနားယေ"
ယင်းအချိန်က ပန်းနုနန့်ကျနော့်ဇာတ်လမ်းက၀ါ...ပျော်စရာတိနန့်ဆုံးဖို့လား၊ ၀မ်းနည်းစရာတိနန့်ဆုံးဖို့လားမသိနှမ်းဆိုပြီးကေ တယောက်တည်း ကြိတ်ပနာ စိုင်စားကြည့်ခပါရေ။ ပန်းနုနန့်ဝီးဖို့ဆိုရေအတွေးထက် နီးရဖို့ဆိုရေ စိတ်ကူးတိကရာ အနိုင်ယူထားခပါရေ။ ကြိုမသိနိုင်ရေကြောင်းအရာတိက အနာဂါတ်ကာလမှာ ကကောင်းဟိနီခပါရေမနား။
ကံကြမ္မာလီရိုင်းနန့်လောကဓံမုန်တိုင်းတိက နာဂိစ်မုန်တိုင်းတိုက်တေပိုင် ကျနော်ကို တိုက်ခတ်လားခပါပျာယ်။ ဘ၀ရီစီးကြောင်းထဲမှာ စီးမျောလိုက်ပါယင်း ကျနော်ဟာ လုံးဝအံဝင်ဂွင်ကျ လွဲချော်လားခပါယာ။
"ပန်းနုနန့်ကျနော် ဇာခါကပင် ၀ီးကွာလားခရစွာလဲ"
"ဇာခါတုန်းကပင် သွီးအီးလားခရကတ်စွာလဲ"
"ဇာကြောင့်ဝီးလားခရကတ်စွာလဲ"
"ဇာကြောင့်သွီးအီးလားခရကတ်စွာလဲ"
ကိုယ့်ဖာသာကိုယ်လည်း မီးယင်း၊ ဖြေယင်း
ထပ်မီးယင်း၊ ထပ်ဖြေယင်း
မသဲကွဲခပါဝါ ပန်းနု။
ပန်းနုက မကွေးဆီးတက္ကသိုလ်မှာ ဆီးကျောင်းတက်နီခရေ။ ကျနော်က ပြည်ပမှာ ပန်းနုကိုလွမ်းယင်းနန့် ဘ၀အတွက် ရန်းကုန်ကြိုးစားနီခရရေ ဘ၀သမားတယောက်ပါရာ။ တယောက်နန့်တယောက် ယင်းပိုင် အလှမ်းကွာဝီးနီရရေအချိန်မှာ တတူတူတွိဆုံဖြစ်ဖို့ဆိုရေကိစ္စက လုံးဝမဖြစ်နိုင်ခပါ။ သူကဆီးတက္ကသိုလ်နောက်ဆုံးနှစ်ရောက်ပါလတ်တေခါ အွန်လိုင်းမှာလည်း တခါတရီမှရာ တွိဖြစ်ကတ်ခပါရေ။ ကကောင်းအလုပ်တိများလို့ မကြာမကြာမတွိနိုင်ကတ်စွာလို့ထင်ပါရေ။ အွန်လိုင်းမှာတွိရေအခါလည်း ပန်းနု၏အလေးထားမှု၊ဖော်ဖော်ရွေရွေဆက်ဆံမှု၊ အကြင်နာယုယမှုတိကို မရနိုင်လိုက်ပါပျာယ်။ ပန်းနုက ငွေရေးကြေးရေး၊ စီးပွားရေးနန့်အလုပ်အကိုင်အကြောင်းတိကိုရာ အချစ်နီရာမှာ အစားထိုးပနာ ပြောပြောလာစွာတိကို တွိရပါရေ။ အချစ်အကြောင်းကို ပြောရစွာလောက် ဇာမှာ အရသာဟိနီပါဖို့လဲ ပန်းနု။ ကုန်ခရေအပတ်က ပန်းနုနန့် အွန်လိုင်းမှာတွိရစွာလောက် ဇာခါတုန်းကမှ ၀မ်းနည်းကြီကွဲစရာမကောင်းလို့ ကျနော်ထင်လိုက်ရပါရေ။ ပန်းနု၏လီစိမ်းတိုက်မှုတိကိုတွိရစွာဟာ ကျနော့်အတွက် သီမိန့်ချခံရရေ လူတယောက်ပိုင် တုန်လှုပ်မှုတိဖြစ်ရပါရေ။
ပြည်ပမှာ မိဝီးဖ၀ီး ဆွေဝီးမျိုးဝီးနန့် ကြမ်းတမ်းရေ ဘ၀စိန်ခေါ်မှုတိကို နိစိုင်ရင်ဆိုင်ဖြတ်သန်းနီရရေကျနော့်ကို ပန်းနုက အယင်ကပိုင်မဟုတ်ပါပျာယ်ကာလတ်။ ကကောင်းနီနိုင်ရေ၀ါလတ်။ ပြောင်းလဲလားခစွာက ကျနော်မဟုတ်ပါ ပန်းနု။ ပန်းနုရာ အစစ အရာရာ ပြောင်းလဲလားခစွာပါရာ။ ပန်းနုက အရင်ကထက် စာတိတတ်လာပျာယ်။ M.B.B.S ဆရာဝန်ဘွဲ့ကိုလည်း ရလားခယာ။
"အိမ်က ဘဘာနန့်အီးယောက်ရို့တိ သဘောတူပီးစပ်ဖို့လုပ်နီကတ်တေ အိင်ဂျိင်နီယာစစ်ဗိုလ်တယောက်ကို ပန်းနုလက်ခံလိုက်ရဖို့လား" လတ်။ အကျိုးအကြောင်းကို ကျနော်ကို ဆွေးနွေးတိုင်ပင်စွာမဟုတ်ပဲနန့် အသိပီးခစွာလောက်ရာဖြစ်တေဆိုစွာကို ကျနော် နားလည်သဘောပေါက်လိုက်ပါပျာယ် ဆရာဝန်မကြီး ဒေါ်ပန်းနု။ ကျနော် ပန်းနုကို ကကောင်းချစ်ပါရေ ပန်းနု။ ယေကေလည်း ပန်းနုရို့မှာ ဒေအခြေအနေတိကိုရောက်ပြီးခါမှ ကျနော် ဇာတခုမှ စောတကတိမတက်ချင်ပါပျာယ်။ ကျနော့်ကို ထားပစ်ခပါ ပန်းနု။ ပန်းနုလားချင်စွာကို ဆက်လားပါ။ ကျနော်က အချစ်ဆိုစွာကို စွန့်လွှတ်အနစ်နာခံခြင်းပါရာဆိုပြီးကေ ပန်းနုကို လွတ်လပ်ခွင့်ပီးလိုက်ပါရေ။ ဒေါက်တာ ဒေါ်ပန်းနုတယောက် ရောက်လီရာ နီရာမှာ ပျော်နိုင်ပါစီလို့ ကျနော်ဆုတောင်းပီးလိုက်ပါရေ။ ကျနော်ကတော့ သင်းကြန်လီတိနန့်တတူ ရူးမတတ်ခံစားရပါဖို့သိမ့်။
................
(ခိုင်မျိုးသူရိန်)
(ဂနိန့်ရခိုင်ပြည်ဘလော့မှ)
လောကမှာကိုယ်လုပ်ချင်စွာကို လွတ်လွတ်လပ် လပ်လုပ်ရရေဘဝမျိုးကို ကျနော်လိုချင်ပါသည်။ အခုကျနော့်မှာ ကောင်းခက်ပါယင့်။ ပဇာကြောင့်လဲ။ ပဇာကြောင့်လဲဆိုသော် ကျနော်ကျောင်းကအပြန် အိမ်ကိုရောက်မဆိုက် ဖခင်ကြီးထံမှ စာတစောင်ရောက်လာသည်။ စာပါအကြောင်းအရာမှာ ရခိုင်ပြည်ကိုတပတ်အတွင်းအရောက်ပြန်လာရန်နှင့် ကျနော့်အတွက် သမက်တတ်ပီးရန် သင့်တော်သောကုလိမ္မေချေတယောက်အား ရှာထားပြီးဖြစ်ကြောင်းနှင့် အကယ်၍မရောက်လာပါက နောက်နောင်ငွေကြေးပံပို့ပီးလိမ့်မည်မဟုတ်ကြောင်း ရွီးထားသည်။ ထိုစာနှင့်အတူ ငွေတသိန်းလည်းပါလာသည်။ ရှိလူကြီးများ ကကောင်းခက်သည်။
ယင်းပိုင်နှင့် မော်ဒန်လောက၊ Internet လောက၊ Globalization လောကထဲက လူကိုမှ တခုဆိုတခုလည်းမဟိပဲ အရာရာမှာ မတိုးတက်မဖွံ့ဖြိုးသိမ့်ရေ မင်းပြားမြို့ကိုပြန်ခေါ်ပျာယ် ကျွန်းသမချေတယောက်နှင့်ရာ ပီးစပ်ဖို့ဟုဆိုသည်။
ကျနော်တခုလည်းပြောလို့မရ။ မခက်လားယေ။ ဘဇောင်လုပ်ရပါဖို့လဲ။ ယင်း ကုလိမ္မေချေကတော့ကြိုက်ဖို့ပ။ ကျနော်က မြို့ကြီးမှာ ကျောင်းတက်နီရေ တက္ကသိုလ်ကျောင်းသားလေ။ နောက်ပြီးကေ စကေလောက် နာမည်ထွက်စပြုနီရေ Model ချေတယောက်။ ယင်းပိုင်လူကို ဇာကုလိမ္မေချေက မကြိုက်ဘဲနီဖို့လဲ။ ကျနော်ကတော့ မကျေနပ်။ ကျနော့်ဖခင်စွာ မစိုင်းစားမဆင်ခြင်ဘဲ ရခိုင်ရိုးရာသမက်တက်ဓလေ့ကို အသုံးချပြီး မိဖပါဝါပြရေဟု ထင်သည်။
ကျနော့်အထင် သူရို့ဖေးသာမပို့ပီးချင်လို့ မယားပီးစပ်ဖို့လုပ်တေဟု ထင်သည်။ ကျနော် ဖေးသာတန်ဖိုးကိုနားလည်ပါသည်။ ယေကေလည်း သိရေအတိုင်း မောဒန်လောကဆိုစွာက ဖေးသာသုံးရသည်။ အေလောကမှာ ဖေးသာမသုံးဘဲအောင်မြင်ရေလူ ဇာသူဟိလို့လဲ။ နောက်ပြီး သူရို့ကပြောသည် ကျနော် ကုလိမ္မေချေတိနှင့် ထိုတို့ဒေတို့ လုပ်ဖို့အရွယ်မဟုတ်ပျာယ်လတ်။ မခက်လား။ ဒေလောကမှာက တပျင်းလှပါရေဆိုရေစွတိက များမှများမဟုတ်လား။
ကျနော်က ဇာအသားနှင့်ထုထားလို့ ခံနိုင်ဖို့လဲ။ ကျနော်က သူရို့ကိုချစ်လားဆိုကေ မချစ်၊ ယေကေလည်း အိုင်တွိကေ ခြီဆီးချင်ရေစိတ် ကျနော့်မှာဟိရေ။ လူငယ်ရာမနား။ ဟိဖို့ပ။ ယင်းချင့်ကို လူကြီးလုပ်တေလူတိက နားလည်ပီးရဖို့ပ။ အခု လုံးဝနားလည်မှုမပီး။ သူရို့ကို အာခံရအောင်လည်း ကျနော်ကဖေးသာ မရှာနိုင်။ ကိုယ့်စွာကို ရပ်တည်နိုင်စွမ်းမဟိ။ နောက်ဖြစ်လာဖို့ ငတ်ပြတ်မှုနှင့် ဆင်းရဲဒုက္ခတိကိုလည်း ခံနိုင်ဖို့မဟုတ်။ သူရို့ ဇာလောက်ဂေါင်းမာရေဆိုစွာ ကျနော်သိသည်။ ကျနော်က သူရို့သားကို။ ကျနော်က သူရို့ပိုင် ခေါင်းမမာနိုင်ရေအတွက် ငြိမ်ခံလိုက်ရသည်။
ကျနော့်မိဖများ ကြည့်ရှုပျာယ် သဘောကျရှာထားရေ မိမ္မချေမှာ မင်းပြားမြို့မြောက်ဘက် (၁၅) မိုင် အကွာတွင်ဟိသည့် “မေလွမ်း” ရွာကပါ။ ကကောင်းလှရေ မိန်းမချေပေါင်းမြောက်များစွာထွက်တေရွာဖြစ်လို့ “မိမ္မလှရွာ” ဟုလည်းခေါ်သည်။ ထိုအယင်ခေတ်က ရခိုင်ဘုရင် မိဖုရားတော်ကောက်တေ မိမ္မလှကျွန်း (၄) ကျွန်းတွင် အေနီရာလည်းပါသည်။
ယေကေလည်း ဒေနိုင်ငံ၏အလှဆုံး model တိနှင့် တွဲခုတ်လာရေ ကျနော့်အတွက် အေအနီးအနားပတ်ဝန်းကျင်မှာ ကျနော့် စိတ်ထဲက လှပါရေလို့အသိအမှတ်ပြုခံရလောက်အောင် မိမ္မချေတိဟိလီဖို့ကား မထင်။ နောက်ပြီး ရခိုင်သမဆိုစွာ မြန်မာနိုင်ငံမှာ ရုပ်အဆိုးဆုံးမဟုတ်လား။ ယေကေလည်း ကျနော့်မိဖတိကတော့ခါ မေလွမ်းရွာသူမှာ အလွန်တရာချောမောလှပကြောင်း၊ “ငါ့သားမောင် မယားရကံကောင်းရေ” ဆိုစွာစကားကို ရက်ပြတ်ပြောနီလီကတ်ပါပျာယ်။ ကုလိမ္မေချေ၏အရုပ်ကိုကားမမြင်ဖူး။ သူမ၏နာမည်ကတောခါ့ နုနု။
မင်းပြားမြို့တွင်း မင်းကန်ကြီးဘေးတနီရာမှာပါ။ မိုးစုန်းစုန်းမလင်းသိမ့်ရေ မိုးထက်အာရုဏ်ချေမှာ နှင်းထူထူထပ်ထပ်ကျနီလို့ မြို့ကို ၀ိုးတိုးဝါးတားမြင်ရသည်။ ယေပြီးကေ မြို့ရေမလှုပ်လျှား ကျောက်ရုပ်အလား ငြိမ်သက်လျှက်ဟိသည်။ ယေကေလည်း ကျနော့်အိမ်ရှိ မြီကွက်လပ်တွင်ကား ဆူညံလှုပ်လျှားနီသည်။ ထိုလူတိကား တခြားလူတိမဟုတ်။ ကျွန်တော့်ငယ်ပေါင်းသူငယ်ချင်းများဖြစ်သည်။
မိုးကာစ၊ ၀ါးလုံးတိနှင့် ကျယ်ကျယ်လောင်လောင်အော်၍ မဏ္ဍပ်ဆောက်နီခြင်းဖြစ်သည်။ သူရို့ဆောက်လုပ်သမျှမှာလည်း ပျက်စီးဖို့အကြောင်းက ဖန်လာပါသည်။ ရုတ်တရက် အာကာပြင်သည် မတည်မြဲခြင်းသဘောကိုဆောင်၍ ပြိုကျလတ်သည်။ ကောင်းခင်တခုလုံးသည် မိုးကြိုးသန်လျက်ဖြင့်ပိုင်းဖြတ်ခံလိုက်ရပြီး မိုးရီစက်များသည် ကမ္ဘာမြီပြင်ပေါ်သို့ အတားအဆီးမဟိ ကျဆင်းလာသည်။ ထိုမိုးစက်မိုးကြိုးနှင့်အတူ လီမင်းလည်းဝင်ရောက်လာသည်။ မဏ္ဍပ်တခုလုံးကို ယူဆောင်တိုက်စားပစ်လိုက်သည်။
နီမင်းလည်း ကျိန်းတောင်တန်းကို လွန်မြောက်လာသောအခါ မှုန်ဝါးဝါး မှောင်မိုက်မိုက်မြို့သည် လင်းကျင်းလာသည်။ သင့်အောင်ချေလောက်က ငှားထားသောကားရောက်လာသောအခါ လိုအပ်သောပစ္စည်းများကိုဆောင်၍ မေလွမ်းရွာသို့ ထွက်ခွာလာလတ်ကတ်သည်။ မိုးကလည်းကြီးသထက်ကြီးလာခါ ကားစီးရစွာမှာလည်း ကားရီကားရားကျသည်။ နီရာကကျိုင်းစွာမှာ မိုးကလည်းယိုသည်။ လီနှင့်အတူ မိုးတိုးဝင်လာသည်။ ထို့ကြောင့် ကျနော့်ပါးတွင်း သွားအချင်းချင်းရိုက်ပနာ တဆပ်ဆပ်တုန်နီသည်။
သူ့အိမ်ရှိတွင် မဏ္ဍပ်ထိုးထားစွာကို တွိရသည်။ သူ့မိဘတိက ကျနော့်ကို အခန်းတခန်းပီးပြီး အပြင်သို့ထွက်လားကတ်သည်။ ကျနော်အခန်းထဲသို့ဝင်လိုက်စွာနှင့် မေလွမ်းရွာသူကို တွိရသည်။ မြို့ကြီးပြကြီးများ၏ ဖိနှိပ်မှုအောက်တွင် လှပရေမိန်းမပျိုတိမှာ ဖြူဖြူဖတ်ဖတ် ပိန်ပိန်ညှပ်ညှပ် လီဟပ်စွာနှင့်လဲဖို့။ အေကျွန်းရွာ မေလွမ်းရွာသူချေမှာကား တောင့်တောင့်တင်းတင်း၊ ၀င်းဝင်းစက်စက်အလှကို ပိုင်ဆိုင်ထားသည်။
ကြက်သွီးရောင်ထပိန်အား ရင်ကန့်ပျာယ် သနပ်ခါးနှိမ်းထားသည်။ သနပ်ခါးရနံ့တိကဆိုစွာက သူရို့ကျည်းသက်သက်ဆိုကေ မွှီးရုံရာမွှီးပြီး ညှို့အားမဟိ။ အေမေလွမ်းရွာသူ၏ ခန္ဓာကိုယ်က ထွက်လာရေသနပ်ခါးရနံ့ကား ကျနော့်အား သူ့အနားကိုတိုးကပ်လာအောင် သူ့ပါးက ကျနော့်မျက်လုံးအား လွှဲဖယ်မလားအောင် ဆွဲဆောင်ထားသည်။ ရီချိုးပြီးခါစဖြစ်လို့ ပါးလွှာသော ထပိန်အသားရို့မှာလည်း သူ့ခန္ဓာကိုယ်တွင် ပိပြားကပ်နီလို့ သူမ၏စွဲမက်ဖွယ် ခန္ဓာကိုယ်ကောက်ကြောင်းအလှကို ကြင်းကြင်းလင်းလင်းမြင်ရသည်။ လီကလည်းတအုန်းအုန်းနှင့် ထရံအားတိုက်ခတ်နီသည်။ ကျနော့်တသက်တကိုယ် အေလောက်လှရေအလှမျိုး မမြင်ဖူးခပါ။ သူမ၏ ရှက်ကွန့်တကို့မျက်နှာထားချေက ကျနော့်နှလုံးသွီးကို ပွက်ပွက်ဆူစီသည်။
မိမ္မချေတယောက်သည် ယောင်္ကျားတယောက်၏ခန္ဓာကိုယ်အား နွီးအောင်လုပ်ပီးနိုင်သည်။ နောက်ပြီး သူ့ခန္ဓာကိုယ်ကထွက်နီသည့် သနပ်ခါးရနံ့သည် ကျနော်၏ ထိုင်းမှိုင်းသောစိတ်အာရုံအား လန်းဆန်းစီသည်။ အခုအချိန်မှာ ကျနော့်နှလုံးသားထဲမှာ ကိန်းအောင်းခရေ မေလွမ်းရွာသူနှင့်ပတ်သက်တေ သဘောတရားဟူသမျှရို့သည်လည်း အရည်ပျော်ကျလားခဗျာ။ ကျနော်လည်း သူမကို ဖက်နမ်းမိသည်။ ထိလိုက်တိုင်းအိနီရေ သူ့ပါးပြင်ချေဖောဠဗ္ဗာအာရုံမှာ နစ်မြုပ်လားသည်။ ဖေးသာပီးဝယ်လို့ရရေ မိန်းမရို့၏အထိအတွိကား ဖေးသာကုန်စွာရာ အဖတ်တင်သည်။ သေချာချာချာသိပါပျာယ်။ မြို့ကြီးသူတိနှင့်ထိတွိခရပုံတိကိုတွေးမိတိုင်း အန်ချင်လာသည်။ မော်ဒန်အလှတိနှင့်ပျော်ပါးခရစွာကို မသထီနှလုံးပျို့လာသည်။
မြို့သမတိမှာဆိုကေ lotion နှင့် မိတ်ကပ်ထူထူအောက်မှာ အသားအရောင်တိ မသာကောင်ပိုင်။ သူရို့၏အထိအတွိ အဓိပ္ပါယ်ကင်းမဲ့ပုံကိုခံစားယင်း ကျနော့်မျက်ရည် တပေါက်ပေါက်စီးကျလာသည်။ မေလွမ်းရွာသူမချေမှာ ကျနော့်အဖြစ်ကို ရိပ်မိပုံမပေါက်။ အေဒေသ၏အရိုးကွဲအောင်အီးရေ ကျီးမ,လီဒါဏ်မခံနိုင်လို့ မျက်ရည်ကျသည်ဟုထင်သည်။ မင်္ဂလာဦးမွိရာထက်သို့ရောက်သောအခါ ကျနော့်အချစ်၏ရင်ခုန်သံသည် အပြင်အိမ်ထရံသို့တိုက်ခတ်နီသောကျီးမလီနှင့်အပြိုင် တအုန်းအုန်းအော်မြည်လျှက်ဟိသည်။
......................
(ပန်းလှအောင်)
(ဂနိန့်ရခိုင်ပြည်ဘလော့မှ)
အကျွန်ုပ်ရို့ရွာတွင် အလွန်သဘောကောင်းသော ၀ါကြီးတလုံးဟိသည်။ သူသည် ဘုရားတရားအလွန်ရိုသေကိုင်းညွတ်သည်။ စိတ်ကောင်းစေတနာကောင်းဟိသည်။ ရပ်ရေးရွာရေး၊ သာရေးနာရေးအစစအရာရာ ကူညီတတ်သည်။ ရပ်ရွာစည်ပင်သာယာရေးအတွက်အစဉ်မမြဲ ဦးထိပ်ရွက်ပန်ထားသူဖြစ်သည်။ ရပ်ရွာအတွင်း လင်မယားရန်ဖြစ်သည်ကအစ သင့်မြတ်အောင် စိစပ်ဆောင်ရွက်ပီးသည်။ အချေသူငယ်များရန်ဖြစ်လျှင်လည်း (အဝေး အစိတ်ကေချေတိ၊ ပုတ်ကြားကေ နွားချီးဝင်ရေ။ နွားကွဲကေ ကျားကိုက်တေဝေး၊) စသည်ဖြင့် ထိရောက်သောစကားပုံများဖြင့် ဆိုဆုံးမလေ့ဟိသည်။
သူ့အိမ်သည် ပျိုင်စီပျိုင်ဆောင်အိမ်ကြီးဖြစ်သည်။ သူ၏မိဘများမှာ လယ်ပိုင်သျှင်သူဌေးကြီးများဖြစ်သဖြင့် ပြိုင်းသားတိုင်နောင်းနောင်းဖြင့် အင်္ဂလိပ်လက်ထက်တတည်းကပင် ဆောက်လုပ်ခပြီး မသီခင် တဦးတည်းသောသားကြီးမောင်သာဘန်းအား အမွီပီးထားခခြင်းဖြစ်သည်။ အိမ်မှာ နှစ်ပေါင်း (၁၀၀) ကျော်ကြာသည့်တိုင် အခုအထိ နောင်းနောင်းနင်းနင်း မယိုင်မယိမ်းဘဲ ရွာ၏အရှိဖက်တွင်တည်ဟိသည်။ ဘုန်းကြီးကျောင်းနှင့် မနီးမ၀ီးဖြစ်သည်။ မင်းကန်နှင့်လည်း နီးသည်။ နှစ်ထပ်အိမ်ဖြစ်ပြီး ကားလမ်းမကကြည့်လျှင် ဟိန်းလျှက်မြင်ရသည်။ ရွာ၏ကျက်သရေဆောင်အိမ်ကြီးတဆောင်ဖြစ်သည်။ ရွာသားများက သူ၏အိမ်ကိုလက်ညှိုးထိုးလျှက် မိမိရွာကိုဂုဏ်ယူတတ်ကြသည်။ အခြားရွာသားများအား ကြွားစရာဟူ၍ ဤအိမ်ကြီးတလုံးရာဟိသည်။ ရပ်ရေးရွာရေးအတိုင်ပင်ပြုသောအခါ ဘုန်းတော်ကြီးကျောင်းကိုပင် မအားထား၊ ဤအိမ်ကြီး၌စုရုံးလေ့ဟိသည်။ သို့ကြောင့် သက်တူရွယ်တူလူကြီးများက အဘိုးမောင်သာဘန်းအား (ညီညွတ်ရေးသာဘန်း) ဟုခေါ်သည်။
ဤသို့ခေါ်ရသည့်အကြောင်းမှာလည်း ရွာတွင် သောက်စားယစ်မူးတတ်သော နွားသူခိုးသာဘန်းနှင့် ကွဲလွဲစီချင်၍ဖြစ်သည်။ (သာဘန်း) ဟုပြောလျှင် (ဇာသာဘန်း) လဲဟု အတွန့်ရှည်သဖြင့် (ညီညွတ်ရေးသာဘန်း) ပြောလိုက်လျှင် လူတိုင်းသိသည်။ သူသည် ရွာသူရွာသားများစည်းလုံးညီညွတ်ရေးသာလျှင်မဟုတ် ရခိုင်တမျိုးသားလုံးစည်းလုံးညီညွတ်ရေးကို လိုလားသူတဦးဖြစ်သည်။ လေးဝတီညီညွတ်ရေးတရားကိုလည်း စကားထဲအမြဲထည့်ပြောလေ့ဟိသည်။ သူ့အိမ်တွင် အလွန်ကြီးမားသော ကပ်ဆပ်တလုံးဟိသည်။ သူ့ကိုယ်ပိုင် နွားမတန်းမ,သုံးကောင်ကိုရောင်းလျှက် ၀ယ်ထားသည်ကို ရှိမှီနောက်မှီများက သိသည်။ အဖိုးသာဘန်းသည် အသက်အရွယ်ကြီး၍ ၀ါကြီးဖြစ်သော်ငြားလည်း ဂျီမသုဉ်းသည့်အပြင် ခေတ်လူငယ်များနှင့် အပေါင်းအသင်းလုပ်နိုင်သော အလွန်ခေတ်မှီသော ခေတ်မှီဝါကြီးတလုံးဖြစ်သည်။
မြန်မာပြည်လွတ်လပ်ရေးရသောအခါ အဘိုးသာဘန်းမှာ အသက် (၁၅) နှစ်ဟိပြီးဖြစ်သည်။ ထို့ကြောင့် အင်္ဂလိပ်ပညာရေးကို (၈) တန်းအထိသင်ကြားဖူး၍ အဖိုးသည် အင်္ဂလိပ်စကားကိုလည်း အသင့်အတင့်ပြောဆိုနိုင်သည်။ မိဘများက ချမ်းသာသူများဖြစ်၍ မြို့တက်၍ ကျောင်းထားနိုင်သောကြောင့်လည်းဖြစ်သည်။ အဖိုးသည် အင်္ဂလိပ် (Grammar) ကို အလွန်ကျွမ်းကျင်ပိုင်နိုင်သည်။ ထို့ကြောင့် ပညာရေးကိုလိုက်စားသော ရွာလူငယ်များက အဖိုးထံ၌ တပည့်ခံ နည်းနာခံယူရသည်။ အဖိုးလည်း ပညာရေးနှင့်ပတ်သက်လာလျှင် အလွန်စိတ်ရှည်သည်။ တပည့်သားသမီးများမသိနားမလည်သည်များကို စိတ်ရှည်လက်ရှည်ယှင်းပြတတ်သည်။ လူငယ်များအား နွားနှင့်ရုန်း၍ ကျုပ်နွံထဲတွင် မနစ်မွမ်းစီချင်သော သူ၏စေတနာအရင်းခံကြောင့်ဖြစ်သည်။
သူ့၏အိမ်တွင် ဘို့အား (၁၂) လုံးဟိသော ဘယ်ထရီ (၃) လုံးနှင့် လူတရပ်ခန့်မြင့်သော (Sound Box) နှစ်လုံးဟိသည်။ ဘေထရီတလုံးကုန်လျှင် (၂) လုံး အရံအဆင့်သင့်ဟိသည်။ နှစ်စဉ်နှစ်တိုင်း တန်းဆောင်ဘုန်းလပြည့်နိရောက်၍ ထမင်းပေါင်းချက်စားတိုင်း ရွာလူငယ်များအဘိုးအိမ်၌စုရုံး၍ အဘိုးကပ်ဆပ်ဖြင့် (Sound Box)အသံကုန်ဖွင့်လေ့ဟိသည်။ ချောင်းတဖက်ကမ်း (၃) မိုင်ကွာဝီးသော ဇီးဇာရွာကပင်လျှင် အကျွန်ုပ်ရို့ဖွင့်သော တေးခြင်းသံများကို ညဥ့်လုံးပေါက်ကြားရသည်ဟုဆိုသည်။ အဖိုးသည် ရှိဟောင်းသခြင်းကြီးများသာလျှင်မဟုတ် အခုခေတ်ပေါ်ရခိုင်သခြင်းများကိုလည်း လက်ခံသည်။ အဖိုးအနှစ်သက်ဆုံးသခြင်းမှာ (၀တီလေးရပ်သားချင်း၊ ညီညွတ်ကတ်မေ) ဆိုသည့်သခြင်းဖြစ်သည်။ ပြီးလျှင် မြောက်ဦးသား သိန်းထိုက်ဇော်ဆိုသော (အပြောနှင့်မပြီးသိမ့်ပါ ရခိုင်) ဆိုသည်သခြင်းကိုလည်း အလွန်နှစ်သက်သည်။ တခါတရီ အဘိုးသည် ဆောင်းတွင်းဝိုင်းမီးလှုံသောအခါ အသုံးပြုသော ကသောင်းဝါးခြမ်းထိုင်ခုံကို သူ၏ပန်းတူရိုးဖြင့် စည်းခေါက်လျှက် ထိုကာလပေါ်တေးခြင်းများကို အကျွန်ုပ်ရို့လူငယ်များအား ဆိုပြလေ့ဟိသည်။ ထို့ကြောင့် အကျွန်ုပ်ရို့လူငယ်များက အဖိုးအားအလွန်ချစ်သည်။
သို့သော် အဖိုးကားစိတ်ကောင်းဟိသလောက် ကံမကောင်းပါ။ အဘိုး၏ချစ်လှစွာသော အဘောင်မမသျှင်မှာ အဖိုးထက်စောစောစီစီး သီဆုံးလားသောကြောင့်ဖြစ်သည်။ အဖိုးမှာ အိမ်ထောင်ကျလည်းနောက်ကျသည်။ အဖိုးက ဘုန်းကြီးလုပ်ချင်သည်။ သို့သော် သူ၏မိဘများက အမွီခံမျိုးဆက်တုံးလားမည်စိုး၍ အဖိုးအသက် (၅၀) ရောက်ခါမှ ပန်းမော်ရွာက အပျိုကြီးမသျှင်နှင့် အိမ်ဆောင်ချပီးသည်ဟုသိရပါသည်။ အဖိုးအိမ်ထောင်ကျချိန်တွင် အကျွန်ုပ်ရို့ မွီးတောင်မမွီးသိမ့်ပါ။ အိမ်ထောင်ကျပြီး (၂) နှစ်အကြာမှ သမီးချေတယောက်ထွန်းကားသည်။ (အထွီးမေ) ဟုခေါ်သည်။ အသက်ကြီးပြီးမှ အိမ်ထောင်ကျသောကြောင့် သမီးဦးကိုဖွားပြီး နောက်ထပ်သားသမီးမရလီပါယာ။ အဖိုးကို တရွာလုံးကချစ်သောကြောင့် သမီး (အထွီးမေ) ကိုလည်း တရွာလုံးက ၀ိုင်းချစ်သည်။
တချက်မိကျန်လိုက်သည်မှာ အဖိုးအိမ်တွင် ဒါးတချောင်းဟိသည်။ အသွားမှာ လက်နှစ်လုံးအရွယ်ဟိ၍ အရှည်မှာ တလံလောက်ဟိသည်။ အဆောက်ကို ကျွဲရိုးဖြင့်ဆောက်ထားသည်။ အဖိုး၏အိမ်ရှိခန်းတွင်အလှချိတ်ထားသည်။ သို့သော် ၄င်ဒါးအား မည်သူတဦးတယောက်ကိုလည်း အကိုင်မပီး။ သင်္ကြန်ရောက်တိုင်း အဖိုးမှာ တကြိမ်စီဒါးသွီးသည်။ သို့သော် မည်သည့်အရာကိုမျှ ခွတ်ထစ်ခြင်းမပြု။ ၄င်းဒါးမှာ မြန်မာယိမ်းနွဲ့ပါးဒါးကဲ့သို့ပျော့စိစိမဟုတ်။ အလွန်မာ၍ အလွန်ဖြောင့်သည်။ သံဆီးသုံးထပ်တင်ထားသဖြင့် အလွန်ထက်သည်ဟုဆိုသည်။ မယုံသဖြင့် တခါက ရွာသျှင်ပြုပွဲတွင် ပိဿာ (၁၅၀) ကျ ၀က်တကောင်းအားခွတ်ပြရာ တချိန်းတည်းနှင့် နှစ်ပိုင်းပြတ်လားမှ ရွာသားအားလုံးအံသြသင့်ရသည်ဟုဆိုသည်။ အင်္ဂလိပ်အဆုပ် ဂျပန်အတက် ကုလားရခိုင်အရေးအခင်းဖြစ်ရာတွင် အသုံးပြုခသဖြင့် သမိုင်းဝင်ဒါးအဖြစ် အဖိုးက တယုတယသိမ်းထားခြင်းဖြစ်သည်။ ဘူးသီးတောင်မောင်တော ရထားလမ်းဟောင်းသံဖြင့်ပြုလုပ်ထားခြင်းဖြစ်ပြီး အဖိုးအသက် (၁၃) နှစ်အရွယ် ဆံတော်ရှင်ဘုရားဖူးအပြန် ပူဆာသဖြင့် အမိအဘများက စစ်တွေကုန်တန်းပန်းဘဲဆိုင်တခုမှ ဈီးကြီးပီး၍ ၀ယ်ယူခသည်ဆို၏။ အကျွန်ုပ်ကား တကြိမ်တခါကိုင်ဖူးပါ၏။ မခွတ်မပြုဘဲ တနှစ်တကြိမ်သွီးထားသဖြင့် ဒါးသွားမှာ သျှင်ပြုဥက္ခောင်းဆံရိပ်သော သင်းထုန်းဒါးထက်ပင်ထက်၏။
ဇတ်လမ်းကိုဆက်ရသည်ဟိသော် အကျွန်ုပ်ရို့ရွာတွင် အပျိုလူပျိုရွာလည်သော ဓလေ့အစဉ်အလာဟိ၏။ သို့သော် စည်းမဲ့ကမ်းမဲ့ကားမဟုတ်။ လူပျိုတဦးတယောက်က အပျိုတယောက်အားရွာလည်လိုသည်ဟိသော် ပထမဦးစွာ လူပျိုဂေါင်းအားအသိပီးရ၏။ ထိုနောက် လူပျိုဂေါင်းက အပျိုဂေါင်းအားကြိုတင်အကြောင်းကြား၏။ ထိုညတွင် အပျိုဂေါင်းက အပျိုအိမ်သို့ ဆီးကွမ်းစားဟန်ပြု၍ အပျိုမအား တိတ်တိတ်ပုံးအသိပီးထား၏။ အပျိုသဘောတူမှ သမီးရည်းစားဖြစ်ခွင့်ရ၏။ သို့သော် ရမ်းဗြဲအရပ်မှာကဲ့သို့ ဇမ်းကဗျာဖြင့် အချစ်ကျူးသော ကဗျာအလင်္ကာ၊ စာအလင်္ကာများမှာ ကွယ်ပျောက်ပြီးဖြစ်သဖြင့် ရိုးရိုးစကားဖြင့်ပင် ချစ်ခွင့်ပန်ကြ၏။ သမီးရည်းစားဖြစ်သူများအဖို့ ကျူရိုးတံတွင် သင်္ကေတပြုလျှက် လူမမှားစီရန် အမှတ်အသားပြုရ၏။ ထိုကျူရိုးတံအား သူများမမြင် မခိုးရအောင် ပုန်းဝှက်ထားရသည်မှာ လူပျိုများအဖို့ အလွန်ဦးနှောက်စားသောအလုပ်ဖြစ်၏။ တချို့ငမျောက်ငချောက်များက သူများကျူရိုးတံခိုး၍ အချောင်ရွာလည်တတ်သည့်အန္တရာယ်ကို သမီးရည်းစားချစ်ကြိုက်နီသူများအထူးဂရုပြုရ၏။
ရွာလည်ချင်သော လူပျိုများသည် ရွာလယ်တွင် လူပျိုများတကူးတကဆောက်လုပ်ထားသော ရွာလည်အိမ်၌ စုဝေးအိပ်ကြရ၏။ အရာရာကို စူးစမ်းချင်သောအသက်ဆယ့်သုံး၊ ဆယ့်လေးနှစ်အရွယ် လူပျိုပေါက်စများအဖို့ ထိုအိမ်၌ အိပ်ခွင့်ရရေးမှာ လွယ်ကူသောအလုပ်မဟုတ်။ လူပျိုကြီး၊ လူပျိုဂေါင်းများကို အထူးပူဇော်ပသရ၏။ လူပျိုဂေါင်း၏ခွင့်ပြုချက်မရဘဲ ထိုရွာလည်အိမ်၌အိပ်ခွင့်မဟိ။ ရွာလည်သောအခါတွင်လည်း ရွာလည်လာသော အာဂန္ဓုတခြားရွာသားများအား ဦးစားပီးရ၏။ အနီးပတ်ဝန်းကျင်ရွာအင်တန်များများ၌ ထိုဓလေ့မှာ ကွယ်ပျောက်ပြီးဖြစ်သဖြင့် ရွာလည်ရန် အကျွန်ုပ်ရို့ရွာသို့ စုပြုံရောက်လာတတ်၏။ အထူးသဖြင့် နွီခါသားတလင်းပွဲချိန်ဖြစ်၏။ ရွာလည်ခွင့်ဟိသော အကျွန်ုပ်ရို့ရွာ၏အားသာချက်မှာ လူပျိုများသည် တခြားရွာသို့ထွက်မလားလို။ ရွာ၌မြဲ၏။ ထို့ကြောင့် အကျွန်ုပ်ရို့ရွာ၏အိမ်ခေါင်ပေါ်ဦးရေမှာ အခြားရွာများထက် သုံးလေးဆပိုများ၏။ ရွာလည်ခွင့်ဓလေ့ကွယ်ပျောက်ပြီးဖြစ်သောရွာများ၌ လူပျိုလူရွယ်များမပျော်ပိုက်သဖြင့် အချိန်တန်လျှင် ကြက်ပျောက်ငှက်ပျောက်ကုန်၏။ အထူးသဖြင့် မြန်မာစစ်တပ်ထဲသို့ဝင်၍ မှိုင်းသင့်ပြီးမှ ရွာပြန်ရောက်လာတတ်၏။ သို့သော် အများစုမှာ ကရင်ပြည်နယ်ရှိတန်းတွင် လစန့်ကောင်သည်များ၏။
မှတ်မိသဘောက် အကျွန်ုပ်ပထမဆုံးအကြိမ် ရွာလည်အိမ်၌ အိပ်ခွင့်ရသည်မှာ အသက် (၁၅) နှစ်အရွယ်ရောက်ပြီးမှဖြစ်သည်။ ထို့အခွင့်အရေးရဖို့ လူပျို၊ လူပျိုဂေါင်းများအားကန်တော့လိုက်ရသည်မှာ အိမ်ကကြက်တုတ်တုတ်ပြောင်၏။ ထိုရွာလည်အိမ်၌ ပထမအိပ်ခွင့်ရသောနိသည်ပင်လျှင် အကျွန်ုပ်၏အပျော်ဆုံးရက်ထဲတွင်တရက်အပါအ၀င်ဖြစ်သည်။ မှတ်မိရရဟိသည်မှာ ထိုနိတွင် အကျွန်ုပ်ထက်အလွန်ဝါကြီးသော အစ်ကိုကြီး (၆) ယောက်နှင့်အတူဖြစ်သည်။ အကျွန်ုပ်အပါဝင် (၇) ယောက်ဖြစ်သည်။ ထိုအထဲတွင် အလွန်ရယ်စရာ ဟာသပြောတတ်သော အစ်ကိုကြီးသာအောင်လည်း တယောက်အပါအ၀င်ဖြစ်သည်။ အစ်ကိုကြီးသာအောင်သည် ထိုအချိန်တွင် အသက် (၂၆) နှစ်ခန့်ဟိပြီးဖြစ်၍ အကျွန်ုပ်ထက် (၁၀) နှစ်ခန့်အသက်ကြီးပါသည်။ (ပရမီကျင့်သကြားမင်း၊ ဒယွားမရထွက်ပြီးဖို့ကျ။ နှစ်ကားနှစ်အဖိုး ကျွန်တော်မပါစီကဲ့။) ဟာသများမှာ အစ်ကိုကြီးသာအောင်ပါးကရသော ရွာလည်ဝတ္ထုများဖြစ်ပါသည်။
ဇတ်လမ်းကိုပြန်ဆက်ရသော် ထိုနှစ်တပေါင်းလတွင်ဖြစ်သည် အဖိုးသာဘန်း၏သမီးနီမကောင်းဖြစ်သည်။ ဆရာဝန်မဟိ၍ ရွာက သားဖွားဆရာမနှင့်ပြသောအခါ ဇတ်လမ်းမှာ ကြိုးကြာဥပြဿနာဖြစ်သည်။ အကြောင်းစုံစမ်းသောအခါ တရားခံမှာ အစ်ကိုသာအောင်ဖြစ်နီသည်။ အများမကြာ တရက်နိမိုးထက်စောစော ဆွမ်းပို့ခတက်ခေါက်ပြီး မကြာခင်လောက်တွင် အဖိုးသာဘန်း ဒုတ်ကောက်ထောက်၍ အကျွန်ုပ်ရို့စံအိမ်ကြီးသို့ ပေါက်ချလာသည်။ (အဝေး သာအောင်ထထ) ဟု လှမ်းအော်ခေါ်သည်။ အကျွန်ုပ်ရို့လည်း အိမ်မွှမ်းစုံထ ထပါလတ်ကတ်သည်။ မိုးထက်စောစောဖြစ်သဖြင့် အရေးကြီးအကြောင်းကိစ္စပေါ်သည်ဟုထင်သည်။ စိတ်ထဲမှာ အစ်မ (အထွီးမေ) နီမကောင်း၍ ဆီးရုံသို့ပို့ချင်၍လားမသိထင်သည်။ ကိုသာအောင်က ဦးစွာဆင်းနှင့်သည်။
လှီကားထစ်တ၀ှက်အရောက်တွင် အဖိုးသာဘန်းက ဒုတ်ကောက်တွင် ပူးချိုင်ယူလာသော ကုလားနိုင်ဒါးဖြင့် အစ်ကိုသာအောင်၏ခါးနောက်ကုန်းကို နှစ်ပိုင်းပိုင်းချလိုက်သည်။ ကံကောင်းထောက်မသည်မှာ ဓါးမှာအလွန်ရှည်သဖြင့် နှုတ်ယူချိန်တွင် နည်းနည်းကြံ့ကြာနီသဖြင့် အကျွန်ုပ်ရို့က မြင်ပြီးလှမ်းအော်လိုက်သောကြောင့်ဖြစ်သည်။ အစ်ကိုသာအောင်မှာ နောက်လှည့်၍ဆင်းနီသဖြင့် သူအားခွတ်သည်ကိုလုံးဝမမြင်။ အကျွန်ုပ်ရို့လှမ်းအော်လိုက်မှ ကြောက်ကြောက်ဖြင့်လန်ချလိုက်ရာ အဖိုးသာဘန်းခြီထောက်အောက်တွင် ပက်လက်လန်ကျလားသည်။ ခွတ်သည့်ဒါးမှာ ပြတ်သည်ကကြောင်း ပြင်းသည်ကတကြောင်း လှီးကားထစ်လုပ်ထားသော ကန်းပိုင်သားတွင် လက်လေးဆစ်ခန့်နစ်ဝင်လားသည်။ နောက်ထပ်ခွတ်ရန် ဒါးကိုနှုတ်သောအခါ နှုတ်မရဖြစ်နီဆိုက် အစ်ကိုသာအောင်ထွက်ပြီးလား၍ အသက်ချမ်းသာရသည်။ သာအောင်ကိုမမှီလိုက်သောအခါ အဖိုးသာဘန်းမှာ ဒေါသဖြင့် အိမ်နောက်ဖေးတွင် စိုက်ထားသော နှပျိုးပင်အားလုံးကို ကုလားနိုင်ဒါးဖြင့်ပိုင်းဖြတ်လိုက်ပြီးမှ အိမ်ပြန်လားသည်။
သာအောင်ဆိုသူမှာလည်း အလွန် အရွှန်ဖြစ်သည်။ အဖိုးဖြတ်ပစ်သောနှပျိုးပိုင်းများကိုယူလျှက် မုန့်တီရောင်းသော အရီးအောင်ကြွဖြူကို တကူးတကမုန်းဟင်းခါးချက်ခိုင်းသည်။ အကျွန်ုပ်ရို့လည်း အစ်ကိုသာအောင်အားဓမ္မခေါ်ကျွေးသဖြင့် စိတ်မပါဘဲလိုက်စားလိုက်ရပါသည်။ နှပျိုးပင်မှာ လတ်လတ်ဆန်းဆန်းဖြစ်၍လားမသိ အလွန်စားကောင်းပါသည်။
ထိုသတင်းကိုကြားသဖြင့် ရွာကဆရာတော်ကြီးဥူးကောဝိဒ ကိုယ်တိုင်ကြွ၍ ထိုကုလားနိုင်ဒါးအား အဘိုးသာဘန်းဘားက အလှုခံလားသည်။ “ကိုယ့်အလှည့်ကျ ကုလားနိုင်ဒါးနှင့်ဆုံးမ။ မသင့်တော်ပါတကာကြီး၊ တရားနှင့်ဖြေပါ” ဟု ဆုံးမသည်။ အဖိုး “ညီညွတ်ရေးသာပန်း” က မှားပါသည်ဟု ၀န်ခံသည်။ ပြီးလျှင် ရှက်ရှက်ဖြင့် သုံးလလခန့် အိမ်တွင်းအိမ်ပြင်လုံးဝမထွက်။ သမီးအထွီးမေမှာ ၀မ်းတလုံးနှင့် အဖ “ညီညွတ်ရေးသာဘန်း” အိမ်တွင်းပုန်းနီဆိုက် အိမ်မှုကိစ္စ၊ စီးပွားရေးအ၀၀ကို ဦးစီးရသည်။ သုံးလလွန်ပြီးမှ အဖိုး “ညီညွတ်ရေးသာပန်း” ဥပုသ်ကထွက်သည်။၊ ဥပုသ်မှာ ရက်ရှည်ဥပုသ်ဖြစ်သဖြင့် ရွာသားတချို့က “သီရိသုဓမ္မရာဇာမင်းကြီး မဟာမုနိမှာ ဥပုသ်စောင့်ရေမနားယေ” ဟု မကြားတကြားပြောသည်။ အဖိုးမှာ အသက်အရွယ်ကြီးရင့်ပြီးဖြစ်သည်ကတကြောင်း၊ စိတ်ဓါတ်ကျသည်ကတကြောင်း စသောအကြောင်းများကြောင့် ယခင် ကန်းကျင်ပင်ကဲ့သို့မတ်စောက်သော သူ့ခန္ဓာကိုယ်ကြီးမှာ ဥပုသ်အထွက် သင်းခွီချပ်ဖြစ်လားသည်။ ရွာဘုန်းကြီးကျောင်းသို့လည်း အယင်ပိုင်ယှောင်မလားလိုက်ပျာ။ “နွားကွဲကျားဆွဲ၊ လေးဝတီညီညွတ်ရေး” တရားကိုလည်း ယောင်လို့တောင်မဟလီယာ။ စကားတိုက်ဆိုင်သောကြောင့် ငယ်ပေါင်းဝါကြီးမ, မအိုဇာအား “ကုလားနိုင်ဒါးကို နှမျိုးရေ” ဟု ပြောသည်ဟူ၏။ ၄င်းကုလားနိုင်ဒါးမှာ သမိုင်းဝင်ဒါးတချောင်းဖြစ်သဖြင့် သူခိုးမခိုးရအောင် ဆရာတော်ကြီးက မိမိကုတင်အောက်၌ သိမ်းထား၏။ ယခုအခါ အစ်ကိုသာအောင်နှင့် အစ်မအထွီးမေလည်းအိမ်ထောင်ကျလျှက် သားတဦးနှင့် သမီးတဦးထွန်းကားလျှက်ဟိသည်။ အဘိုး “ညီညွတ်ရေးသာပန်း” နှင့် ဆရာတော်ကြီး “ဥူးကောဝိဒ” မှာ ကွယ်လွန်လားပြီးဖြစ်သည်။ သို့သော် “ကိုယ့်အလှည့်ကျ ကုလားနိုင်ဒါးနှင့်ဆုံးမ။” ဆိုသည့်စကားပုံမှာ အကျွန်ုပ်ရို့ရွာ၌ အဖိုး “ညီညွတ်ရေးသာဘန်း” ကိုအကြောင်းပြုပြီး ပြောစမှတ်တင်ကျန်ရစ်ခသည်။
...................
(သာလှဦး)
(ဂနိန့်ရခိုင်ပြည်ဘလော့မှ)
နွီရာသီကိုရောက်လာပျာယ်။ အပူသျှိန်က အာကာကို အငွေ့ပျံတက်နီသည်။ မောင်နီတယောက် အိမ်ရှိ သရက်ပင်အောက် ကြိမ်ကုလားထိုင်မှာ ထိုင်နီသည်။ အာကာမှာ တိမ်မဟိ။ အယင်ကနွီရက်တိနှင့်မခြား အလှပလှ။ ကျောင်းပိတ်ချိန်ဖြစ်လို့ ကလေချေတိ စွန်တင်နီကတ်သည်။ စွန်အချင်းချင်းသိမ်းနီကတ်စွာကို မောင်နီမြင်ရရေအခါ သူအချေက ဖြစ်ခရရေဘ၀ကို အောက်မိမိသည်။ ယင်းအချိန်မှာ အိမ်နောက်ဖေးအုန်းပင်က ဥသြတွန်သံကိုလည်း ကြားနီရသည်။ အေပိုင်နွီရာသီတိ ကန်ကမကန် မောင်နီဘ၀မှာ ကျော်ဖြတ်ဖူးသည်။ အခုအချိန်မှာ မောင်နီသည် စွန်တင်ခရေမောင်နီမဟုတ်ပျာယ်။ အဖိုးသျှင်မောင်နီဖြစ်နီပျာယ်။
တချို့သောနွီရက်များကဆိုလျှင် မောင်နီသည် လူငယ်ဘ၀ကို ပိုင်ဆိုင်ဖူးသည်။ လူငယ်ပီပီ တက်တက်ကြွကြွ။ စိတ်ယင်လက်ယင်ဟိသည်။ အပင်တက်၊ ရီကူး၊ သူငယ်ချင်းတိနှင့် ပျော်ခသည်။ မောင်နီမှာ ကော့နီရေမျက်တောင်၊ ကျော့နီရေဆံပင်၊ ခိုင်ရေသွား ဟိခဖူးသည်။ တခါတရီ သူငယ်ချင်းတိဆုံလို့ သရက်သီးငါးပိဆားရည်စားချင်ကေ ရှိဆုံးက အပင်တက်စွာ မောင်နီ။
ယင်းချင့်တိကို စိုင်းစားကေ မောင်နီသည် အခုအချိန်မှာ ယိုင်တိယိုင်တိုင်လားနီရရေသူ့ဘ၀ကို သနားမိသည်။ အခုအချိန်မှာ ဖြူနီရေသူ့ဆံပင်၊ မှုန်နီရေသူ့မျက်စိကို ပွတ်ကြည့်နီမိသည်။ တခါတရီ ကိုယ့်စွာကိုတောင် မယုံချင်။ ဟုတ်ပါရေ အေချင့်စွာ မောင်နီမှမောင်နီအစစ်။ အက်ဒီဆန်ကိုအားကျဖူးရေ မောင်နီ၊ ဟိုချီမိန်းကို လေးစားဖူးရေမောင်နီ။ အေပိုင် သြတွန်ရေနွီရက်တိမှာ ခရီးရှည်လားခဖူးသည်။ ဘုရားလည်းဖူး၊ လိပ်ဥလည်းတူးယက်ပင်းလေ။ မြစ်ကမ်းယောင်ဘုတ်စီးယင်းပျံနီကတ်တေ ဆိုက်ဘေးရီးယားငှက်တိကိုကြည့်ပျာယ် လွတ်လပ်မှုကိုခံစားဖူးခသည်။ ငှက်တိပိုင် အာကာမှာအတောင်ပေါက်လို့ ပျံပစ်လိုက်ချင်သည်။ လက်ဟိဘ၀နှင့် မရောင့်ရဲနိုင်ခ။ မောင်နီချုပ်ချယ်မှုတိ၊ ဘောင်တိ၊ အကွပ်တိကို ရွံပါလတ်သည်။ ယင်းချင့်စွာ မောင်နီလူပျိုပေါက်စဘ၀ကလေ။
မောင်နီအသက်နှစ်ဆယ်လောက်မှာ မိသားစုနှင့် ကွဲလားခရသည်။ လုံးချင်းကျန်မှုရသကို ခံစားခရသည်။ အေချင့်ကို ဝေဒနာတခုလို့ သူသတ်မှတ်တေအချိန်ကပင် အရက်နှင့်ဆီးလိပ်ကို စသောက်တတ်လာသည်။ မောင်နီခန္ဓာကိုယ်ထဲကသွီးတိရေ သူ့ကို စကားလုံးမဟိရေ ဘာသာတမျိုးနှင့် မိတ်ဆက်လာသည်။ မောင်နီမှာ ပြောစရာစကားမဟိ။ အရက်နှင့်ဆီးလိပ်ကို ဖိလို့သောက်ကြည့်မိသည်။ သာယာရေသံစိုင်ကြားမှာ လက်ပိုက်ကူးကြည့်မိသည်။ သူရို့ကမဟုတ်၊ မဟုတ်ဟုငြင်းသည်။ ယကေ သူရို့ ပဇာကို အလိုဟိပါရေလဲ။ မောင်နီပြန်မိန်းကေလည်း မကြားကွန်ဆောင်နီကတ်သည်။ နောက်ဆုံး မောင်နီသဘောပေါက်လာသည်။ သူရို့တိ တောင်းဆိုနီစွာက မောင်နီအတွက် ဘ၀အဖော်။ ယင်းပိုင်နှင့် အသက်နှစ်ဆယ့်ငါးမှာ မောင်နီမယားရသည်။
မောင်နီမယားရရေအချိန်မှာလည်း အေပိုင်နွီခါလေ။ အိမ်ရှိက ရွက်ကြွီပင်ကိုကြည့်ယင်း လင်မယားနှစ်ယောက် ရှိဖြစ်နောက်ကြောင်းပြောပျာယ် ပျော်ရသည်။ အိမ်သျှင်မမျက်နှာကိုကြည့်ပျာယ် တေးခြင်းဆိုလို့ ပျော်ခသည်။ ယင်းအချိန်မှာ လွတ်လပ်မှုအရသာကို ပြောင်းပြန်ခံစားလာမိသည်။ အယင်က ဥသြတွန်စွာကို ဇာနှင့်လည်းနှိုင်းမရဆိုရေမောင်နီ အခု သူ့မယားအသံက ငှက်မြည်သံထက် သာယာနီပြန်သည်။ မောင်နီအသက်ကြီးပါလတ်ပျာယ်မနားယေ။
သူရို့လင်မယားနှစ်ယောက် ပထမဆုံးသားကိုရရေအခါ ဘဇောင်ပျော်လဲမသိ။ သူ့ကို ဘာဘာလို့စခေါ်ရေအချိန်စွာ နွီရာသီလေ။ ယင်းအချိန်မှာ ရာသီလေးလလုံး ဥသြအသံကို သူနားမစိုက်ခ။ ငှက်ကတော့ အိမ်နောက်ဖေးအုန်းပင်ထက်မှာ မြည်မြဲမြည်လီဖို့ရာ။ မောင်နီ လူပျိုခရီးထွက်ခါက အိမ်ကိုပြန်မလာချင်ခ။ ရက်တိကို သဘောက်ဖျာပိုင် ဖြန့်ထားချင်ခသည်။ အခု သားမယားနှင့်ခွဲနီရကေ အိမ်ပြန်ဖို့ကျည်းတွက်နီမိသည်။ မောင်နီမှာ နောက်ထပ်သားတယောက်၊ သမီးတယောက်ရသည်။ သူရို့တိမကြီးခင် လင်မယားနှစ်ယောက် အယင်ကပိုင် သစ်ရွက်လှုပ်စွာကိုကြည့်လို့ ကဗျာမဆန်နိုင်ပျာယ်။ လယ်ပြင်မှာ စွန်တင်ဖို့လားခရေသားအတွက် စိတ်ပူရ၊ သားနှစ်ယောက်နောင်ရီးအတွက် စိုင်းစားရ၊ ဘ၀ကာလတခုကို ဖြတ်သန်းရပြန်သည်။ ခရီးထွက်လားခရေသားကြီး အချိန်တန်လို့ အိမ်ပြန်ရောက်မလာကေ မမပီပီစိတ်ပူတတ်တေ အိမ်ကမယားကို ချော့ရသည်။ အဲလေ သူလည်း မောင်နီအချေခါပိုင် အိမ်ပြန်ဖို့ကို ကြိုးအရှည်ကြီးမသန်နှင့် လံထားလီဖို့။ လွတ်လပ်မှုကိုရှာပြီး သွီးကတောင်းဆိုချက်ကို ငြင်းနိုင်လီဖို့မဟုတ်။ ယင်းပိုင် သိတတ်တေအချိန်မှာ မောင်နီအသက် သင့်အောင်ချေကြီးနီပျာယ်။
သူ့ဘ၀ကို ခွန်အားနှင့် ရုန်းခသည်။ နိုင်ဖို့ကျည်း မျှော်လင့်ခသည်။ အခုအသက် ခုနှစ်ဆယ်ကျောက်ရေအထိ သူ့ဘ၀မှာ အောင်မြင်မှုတိ ဟိခရေပိုင်၊ မအောင်စွာတိလည်း တပုံ။ နောက်မှ ဘ၀ဆိုစွာ အေချင့်ပါကားလို့ နားလည်လာပြီး အဟိကိုအဟိအတိုင်း ပကတိကို ပကတိအတိုင်းမြင်လာသည်။ သားသမီးတိလည်း အတောင်စုံလို့ လီဟုန်စီးပျာယ် ပျံလားခကတ်သည်။ သူရို့လည်း မောင်နီဖြတ်ခရေနွီရက်တိကို အသိုက်အအုံဆောက်ပြီး ပျံသန်းနီကတ်ပျာယ်။ တနိနိတချိန်ချိန်မှာ သူရို့ဘ၀ကိုသူရို့ စိုင်းစားလာကတ်လိမ့်မည်။ ယင်းအချိန်မှာ သူရို့တိ ပဇာလုပ်ကတ်ဖို့လဲ မောင်နီမသိ။
လုပ်စရာမဟိရေ အေပိုင်ဝါကြီးတလုံးအတွက် နွီတရက်မကုန်နိုင်ပါ။ မှန်သားရောင်အာကာပြင်မှာ မိုးရိပ်တိကင်းစင်လို့ ရင်ထဲမှာတမျိုးကြီး။ အချိန်တန်လို့ အိမ်ပြန်ကတ်တေ ငှက်တိလည်း အာကာထဲမှာတ၀ဲဝဲ။ ကုလားထိုင်ဘေးက ၀ါးရင်းတုတ်ကိုကောက်ပြီး ရပ်စောက်ရပ်လိုက်သည်။ အစအဆုံးမဟိရေ သံသရာဘော်လုံးထဲမှာ အဆုံးသတ်တေ တိုက်တလုံးကို မောင်နီဆောက်ရခန့်သိမ့်။ ။
.....................
မောင်မောင် (စစ်တွေ)
(ဂနိန့်ရခိုင်ပြည်ဘလော့မှ)
အကျွန်ုပ်ရို့ရွာတွင် ခန္ဓာကိုထောင်ထောင်မောင်းမောင်းနှင့် အလွန်သတ္တိကောင်းသော ကိုဝင်းမောင်ဆိုသောလူတယောက်ဟိသည်။ သူသည်မျိုးချစ်စိတ်ထက်သန်သူတဦးလည်းဖြစ်သည်။ မြောက်ဦးမြို့ ဘုရားသမိုင်းအင်တန်များများကို တီးမိခေါက်မိသူတဦးလည်းဖြစ်သည်။ အကျွန်ုပ်ရို့ရွာအရှိဖက်တွင် မြို့ဦးက္ခောင်းတောင်ဟိသည်။ အကျွန်ုပ်ရို့ အငယ်ချေခါကဆိုလျှင် ၄င်မြို့ဦးက္ခောင်းတောင်တခုလုံး ခြုံကြပ်လျှက် မြို့ဦးက္ခောင်းဘုရားမှာ မြင်မကောင်းရှုမကောင်းပျက်စီးလျှက်ဟိသည်။ ကိုဝင်းမောင်အပါအ၀င် ရပ်ကွက်က လူလပ်ပိုင်းအရွယ်များဦးဆောင်လျှက် ခြုံများကို ခွတ်ထုတ်ယှင်းလင်းပြီး ဘုရားကိုပြန်လည်ပြုပျင်မွန်းမံကတ်ပါသည်။ တောရဆရာတော်တပါးအားပင့်ဖိတ်၍ အုံးမိုးဝါးထရံကာ ယာယီတောကျောင်းငယ်တခုဆောက်လုပ်ကာ ကိုးကွယ်ထားဟိသည်။ မြို့ဦးက္ခောင်းတောင်၏သဏ္ဍန်မှာ (ဂ) ငယ်သဏ္ဍန်ဟိသည်။ အလယ်တွင် ယခင်င်္သချိုင်းဟောင်းတခုဟိပြီး င်္သချိုင်းကို မင်းသားကျွန်းသို့ပြောင်းရွှိလိုက်ပြီးဖြစ်သဖြင့် င်္သချိုင်းဟောင်းအရှာ၌ ဥယျာဉ်ခြံစိုက်ပျိုးလျှက်ဟိသည်။ ၀ါကျွတ်လျှင် မြို့ဦးက္ခောင်းတောင်အရောက် ဆီမီးတိုင်များထွန်းညှိပူဇော်လေ့ဟိသည်။ ၀ါကျွတ်တိုင်း မြို့ဦးက္ခောင်းတောင်မှ ၀ါးပြောင်းအမြောက်ဖောက်လေ့ဟိပါသည်။ အသံမှာ အလွန်အောင်သဖြင့် အဂယင့် အမြောက်ဖောက်သည့်အတိုင်းကြားရသည်။ အကျွန်ုပ်ရို့လူငယ်များမှာ ၀ါးပြောင်းအမြောက်ဖောက်တိုင်း မြို့ဦးက္ခောင်းတောင်သို့လားရောက်၍ ၀ိုင်းကြည့်လေ့ဟိသည်။ မြို့ဦးက္ခောင်းတောင်အနောက်ဖက်တွင် အကျွန်ုပ်ရို့ ဘော်လုံးကျောက်လေ့ဟိသော ကွင်းငယ်တခုဟိသည်။ ထိုကွင်းတွင် နွီရာသီဆိုလျှင် စွန်တင်လေ့ဟိသည်။ အကျွန်ုပ်ရို့စွန်တင်လျှင် ကိုဝင်းမောင်က မြို့ဦးက္ခောင်းတောင်ထက်မှနီ၍ တက်လာသမျှသောစွန်များကို သိမ်းကျုံးဖြတ်လေ့ဟိပါသည်။ ထိုကွင်းကို ယခုအခါ အလယ်တန်းကျောင်းဆောက်လိုက်ပြီးဖြစ်ကြောင်းသိရသည်။
ကိုဝင်းမောင်သည် ၄င်းတောကျောင်းဘုန်းကြီးကျောင်းအတွက် ဝေယျာဝစ္စအ၀၀ကို ကူညီပီးလေ့ဟိသည်။ တောင်မြောက်ဖက်တွင် ရီတွင်းတတွင်းဟိသည်။ ကျောက်ထရံဖြင့်ပြုလုပ်ထားသော ရှိဟောင်းရီတွင်းတတွင်းဖြစ်သည်။ ရီမှာ အလွန်အီးပြီးအလွန်ချိုသည်။ ဘုန်းကြီးကျောင်းအတွက် ကိုဝင်းမောင်မှာ အမြဲတမ်းမငြိုမငြင်ဒိုင်ခံ၍ ရီခပ်ပီးလေ့ဟိသည်။ နွီရာသီဆိုလျှင် လီအလွန်တိုက်သဖြင့် ကိုဝင်းမောင်မှာ နွီရာသီရောက်တိုင်း ဘုန်းကြီးကျောင်း၌ သူ့သူငယ်ချင်းများနှင့်အတူ လားအိပ်လေ့ဟိသည်။ တရက်နိ လပြည့်တညတွင် အလွန်နာသာသော သာခြင်းသံကို ကြားရသည်ဟုဆိုသည်။ အစပထမတွင် လရောင်အောက်တွင် ရီခတ်လာသော အကောင်မချေတိ သခြင်းဆိုသည်ဟုထင်မိသည်။ ၄င်း သာခြင်းသံမှာ ပေါ်လိုက်ပျောက်လိုက်ဖြစ်သည်။ သို့သော် သာခြင်းသံမှာ တခါတရံ ညဥ့်နက်သိုင်ခေါင်တွင်လည်း ပေါ်လာတတ်သဖြင့် တစုံတခုထူးဆန်းနီသည်ကို သတိထားမိသည်။ ဆရာတော်လည်းကြားရသည်ဟုဆိုသည်။ သူ့သူငယ်ချင်းများကလည်းကြားရသည်။ သို့သော် ဆရာတော်မှာ ညဦးစောစောဘုရားဝတ်ပြုပြီးသည်နှင့် ဘုန်းဘုန်းချအိပ်ပေါ်လားသဖြင့် ညဥ့်နက်သိုင်ခေါင်သခြင်းဆိုသံကို သတိမပြုမိ။ ရံဖန်ရံခါ ကြားရဖန်များလာသောအခါ ကိုဝင်းမောင်စိတ်ထဲ၌ စူးစမ်းချင်စိတ်ပေါ်လာသည်။ တရက်နိ သူ့သူငယ်ချင်းများအိပ်နီဆိုက် တယောက်တည်းအသံကြားရာ လိုက်ပါလားရာ အ၀တ်ဖြူဖြူဖြင့် အမျိုးသမီးတယောက်အား အုတ်ဂူထက်တွင်ထိုင်လျှက် တွိသည်။ မျက်နှာကိုမူကား မမြင်ရ။ မျက်နှာကို လရောင်ဖက်သို့ လှည့်ထားသဖြင့် နောက်ကြောဖက်ကိုရာ မြင်ရသည်။ ဆံဖင်ကို ဖားလျားချထားသည်။ အရွယ်မှာ အသက် (၃၀) အရွယ်ခန့်ဖြစ်သည်။ ကိုဝင်းမောင်မှာ သတ္တိကောင်းသူဖြစ်သဖြင့် တုန်လှုပ်ခြင်းမဖြစ်မိ။ ၄င်းမိမ္မအား မှင်သက်ကြည့်နီယင်း မိမ္မမှာ ရုပ်တရက်ပျောက်ကွယ်လားသည်။ သို့ပြီးမှ ကိုဝင်းမောင်သတိရလာသည်။ သို့သော် ၄င်းအမျိုးသမီးထိုင်နီခသည် အုတ်ဂူသို့တိုင် လားကြည့်ရဲသည်အထိ သတ္တိမဟိ။ အနည်းငယ်တုန်လှုပ်မိသည်ကားအမှန်။ လူကြီးသူမများက ဤနီရာတွင် သိုက်ဟိသည် ဥစ္စာစောင့်ဟိသည်ဟု ပြောဆိုလေ့ဟိသည်။ မိမိမျက်စိနှင့် တပ်အပ်မြင်မှ ယုံသည်။ ဤသို့ ညဥ့်နက်သန်းခေါင်တွင် ဇာအမျိုးသမီးတယောက်ကလည်း ဤနီရာသို့လာ၍ သခြင်းဆိုနိုင်စရာအကြောင်းမဟိ။ ဤကိစ္စကို သူတယောက်တည်းလျှို့ဝှက်ထားသည်။ သူ့သူငယ်ချင်းများကိုလည်း အသိမပီး။ ဆရာတော်အားလည်းမတိုင်ပင်။ သူ့စိတ်ထဲ၌ တဲထားသည်။
အကျွန်ုပ်ရို့ရွာနှင့် မလှမ်းမကမ်းတွင် ကြက်ဈီးရပ်ကွက်ဟိသည်။ ထိုကြက်ဈီးရပ်ကွက်မှာ သျှစ်သောင်းဘုရားသို့ လားရာလမ်းတွင်ဟိသည်။ သျှစ်သောင်းဘုရားသို့မရောက်မှီ ဦးစွာပထမမြင်ရသော စေတီနှင့်တောင်ကို င်္သချီတောင်ဟုခေါ်သည်။ င်္သချီတောင်မှာ သျှင်မြ၀ါတောင်နှင့် နံချင်းပြိုင်ဖြစ်သည်။ ကြားတွင် ဖိုးခေါင်တောင်ဟိသည်။ ထိုဖိုးခေါင်တောင်တလပ်၌သာလျှင် သျှစ်သောင်းဘုရားကို တည်ထားခြင်းဖြစ်သည်။ ၄င်းင်္သချီတောင်မြောက်ဖက်တွင် ဒုက္ကံသိမ်နှင့် လေးမျက်နှာစေတီဟိသည်။ လေးမျှက်နှာစေတီမှာ မြောက်ဦးမြို့တည် ဘုရင်မင်းစောမွန်တည်ခသော စေတီလေးဆူအနက် အထင်ရှာဆုံးစေတီတဆူဖြစ်သည်။ အရပ်လေးမျက်နှာ ဂူလေးပေါက် ဘုရားလေးဆူဖြင့်တည်ထားပြီး ဘုရားပုလ္လင်ခုံနှင့် မုခ်ကနုတ်ပန်းမှာ အလွန်လက်ရာမြောက်သော ကျောက်ဆစ်လက်ရာဖြစ်ပါသည်။ ဒုက္ကံသိမ်နှင့် င်္သချီတောင်အကြား လေးမျက်နှာစေတီသို့လားရာလမ်းအနောက်ဖက်တွင် ရပ်ကွက်ငယ်တခုဟိပါသည်။ ထိုရပ်ကွက်ထဲတွင် ဇီးပင်များစွာဟိသည်။ ထိုနောက် ကြက်ဈီးချောင်းသည် ၄င်းရပ်ကွက်နောက်ဖက်မှနီ၍ ဘားမိဘားကရားဟိရာ ပန်းဈီးမြောင်းဖက်သို့တိုင် စီးဆင်းသည်။ ထိုရပ်ကွက်၏အရှိဖက်တွင်လည်း ကျောက်နံရံဖြင့်ပြုလုပ်ထားသော ရှိဟောင်းရီတွင်းတတွင်းဟိသည်။ ၄င်းရီတွင်းအရှိဖက်ကွင်းတွင် သျှစ်သောင်းဘုရားပွဲကျတိုင်း ကျင်တိုက်သည့်ကွင်းဖြစ်သည်။ ထိုရပ်ကွက်တွင် ဗိန္ဓောဆီးဆရာတဦးဟိသည်။ သူသည် စုန်းမှော်အတတ်ပညာကိုလေ့လာလိုက်စားသည်။ မြန်မာစစ်တပ်အငြိမ်းစားတဦးဖြစ်ပြီး ထိုစုန်းမှော်အတတ်ကို သျှမ်းပြည်မှသင်ယူခသည်ဟုဆိုသည်။ သူသည် ဘိုးတော်ယောင်ယောင် ဗွေတော်ယောင်ယောင်ဖြင့် ယောင်ခြောက်ဆယ်ဖြစ်သည်။ သျှစ်သောင်းဂေါပကအသင်းတွင်လည်း အသင်းဝင်ဖြစ်ဖူးသည်ဟုဆိုသည်။ အသက်မှာ (၆၀) အရွယ်ခန့်ဟိပြီး ဆံပင်ဖြူပြီးဖြစ်သည်။ သမီးတဦးဟိသည်။ သမီးနှင့်အတူနီသည်။ ၄င်းဗွေတော်၏နာမည်မှာ နတ်ကောင်းစံရွှီဖြစ်သည်။ မိုးဦးကျ ချောင်းသျှင်မ ရွာသျှင်မနတ်ပူဇော်သောအခါ သူက ပန်းကျင်းတီးလေ့ဟိသဖြင့် သူ့အားနတ်ကောင်းစံရွှီအဖြစ်အမည်တွင်ခြင်းဖြစ်သည်။ မြောက်ဦးမြို့နန်းရာကုန်းအလယ်တည့်တည့်တွင် နတ်မောင်ရုပ်ထုတခုဟိသည်။ နှစ်စဉ်နှစ်တိုင်း ယင်းရုပ်ထုအား နတ်ပူဇော်လေ့ဟိသည်။ နတ်ကတိုင်း နတ်ကောင်းစံရွှီက ပန်းကျင်းတီးသဖြင့် သူ့အားတမြို့လုံးကသိသည်။
ကိုဝင်းမောင်၏စိတ်တွင် သူနှင့်တိတ်တိတ်ပုန်းတိုင်ပင်မည်ဟု အကြံဟိသည်။ သို့ဖြင့် သူထံလားရောက်၍ အကြံဥာဏ်ရယူသည်။ နတ်ကောင်းစံရွှီက ဥစ္စာစောင့်ဖြစ်ကြောင်းတပ်အပ်ပြောသည်။ ဥစ္စာစောင့်ကိုဖမ်းနိုင်လျှင် ဥစ္စာဟိသည့်နီရာကိုဖော်နိုင်ကြောင်းဆိုသည်။ ထိုသို့ဖမ်းနိုင်ရန် စနီင်္အဂါနိသီဆုံးသူအမျိုးသမီးတဦး၏ဆံကိုရယူပြီး ၄င်းဆံညှော်တိုက်၍ ဖမ်းနိုင်သည်ဟုဆိုသည်။ ထိုဆံညှော်နံ့ရလျှင် ဥစ္စာစောင့်သည် ခေတ္တမူးမိလားပြီးလျှင် ကိုယ်ရောင်မဖျောက်နိုင်ဘဲဟိသည်။ ထိုအချိန်ကို ဂျက်ကောင်းယူပြီး အငိုက်ဖမ်းလျှက် ဥစ္စာဟိရာအရပ်ကိုထုတ်ပြောရန် ခြိမ်းခြောက်တောင်းယူရသည်ဟူ၏။
ကိုဝင်းမောင်တွင် တရပ်ကွက်တည်း အုန်းတပင်စုမှ ကိုသန်းအောင်ဟူသော အရင်းနှီးဆုံးသူငယ်တယောက်ဟိသည်။ ကိုသန်းအောင်နှင့် ထိုကိစ္စကိုတိုင်ပင်သည်။ သန်းအောင်ကလည်းသဘောတူသည်။ ထို့ကြောင့် ထိုကိစ္စကို သုံးယောက်သားညှိ၍ စနီင်္အဂါသီဆုံးမည့်အမျိုးသမီးတဦးကိုစောင့်ဆိုင်းရသည်။ ကိုသန်းအောင်၏စကားအရ (၇) လခန့်ကြာသည်ဟုဆိုသည်။ (၇) လကြာပြီးမှ သူရို့စောင့်ဆိုင်းနီသောအခါကြုံသည်။ ရက်လည်ဆွမ်းမသွတ်ခင် ဆံကိုလားဖော်ယူရသည်ဟုဆိုသည်။ ၄င်းဆံကိုရယူပြီးနောက် ၄င်းဥစ္စာစောင့်အမျိုးသမီးထွက်မည့်နိကိုစောင့်ရသည်။ အထူးသဖြင့် လပြည့်လကွယ်ညများတွင်ထွက်လေ့ဟိသဖြင့် လပြည့်လကွယ်ကို စောင့်ဖမ်းရသည်။ ဆရာတော်မရိပ်မိအောင် ၀ါတွင်းကာလ ဥပုသ်စောင့်သည်ကိုအမှည်ပြု၍ ဘုန်းကြီးကျောင်း၌ လားအိပ်ရသည်။ ၀ါခေါင်လပြည့်နိတွင် အခိုက်ကြုံသည်။ သာခြင်းသံကိုကြားရသည်။ သုံးယောက်သားတိတ်တိတ်ပုန်းဆင်းလာလတ်ကတ်သည်။ အုပ်စုကောင်းသဖြင့် ကြောက်စိတ်လုံးဝမဟိ။ သုံးယောက်စလုံး၌ ဒုတ်ဒါးအစုံပါသည်။ ဓါတ်တောင့်အားကောင်းကောင်းတလက်ပါသည်။ ဆံညှော်တိုက်ရန် မီးဆွဲလည်းအဆင့်သင့်။ ၄င်းဥစ္စာစောင့်မအား တွိနီကျအုပ်ဂူထက်တွင် တွိသည်။ အချိန်ဆိုင်း၍မဖြစ်။ ကိုယ်ရောင်မပျောက်ခင် ချက်ချင်းလုပ်ငန်းစရတော့သည်။ နတ်ကောင်းစံရွှီက စ၍ဆံညှော်တိုက်သည်။ လီလည်းလီသင့်ဖြစ်သဖြင့် ဆံညှော်နံ့ရရချင်း ဥစ္စာစောင့်မက သခြင်းဆိုရပ်လိုက်သည်။ ပြီးလျှင် မျက်နှာလှည့်လာသည်။ ထိုအခါမှ ဥစ္စာစောင့်မ၏မျက်နှာကို အသေအချာမြင်ရသည်။ မျက်နှာမှာ ၀၀၀ိုင်းဝိုင်းဖြစ်သည်။ အသက်မှာ ထင်သည်ထက် အနည်းငယ်အိုစာနီသည်။ (၅၀) ကျော်အရွယ်ဖြစ်သည်။ အရုပ်ဆိုးဆိုးဖြစ်သည်။ မျက်နှာတွင် ကြီကွဲဝမ်းနည်းနီသည့်အရိပ်အယောင်မြင်ရသည်။ နီကြန့်ကြန့်ဖြစ်ပြီး ပါးရီများစွာတွန့်လျှက်ဟိသည်။
ဥစ္စာစောင့်မက တလှမ်းချင်းခြီဆောင့်လှမ်းလာပြီး သုံးယောက်သားရှိတွင် ရပ်စောက်ရပ်လိုက်သည်။ ပြီးလျှင် သုံးယောက်စလုံးအား မျက်လုံးနီနီဖြင့် စူးစိုက်ကြည့်သည်။ သူမ၏မျက်လုံးမှာ သပိတ်ရောင်တောက်နီသည်။ မျက်စွန်တွင် သူမ၏ဒေါသကို အထင်းသားမြင်ရသည်။ ပြီးလျှင် ခြီဆောင့်ပြီး တက်သီးတချက် ပြင်းပြင်းခေါက်လိုက်သည်။ တက်သီးခေါက်သံမှာ သံကိုသံချင်းရိုက်သည့်အလား အလွန်စူးပြီး ပြင်းထန်သည်။ အားလုံးလိပ်ပြာလွင့်စိုင်ကုန်သည်။ ပထမဆုံးစပြီးသူမှာ နတ်ကောင်းစံရွှီဖြစ်သည်။ ပြီးလျှင် ကိုသန်းအောင်။ ကိုဝင်းမောင်က မည်သည်လောက်သတ္တိကောင်းသည်ဆိုသော်ငြားလည်း တယောက်တည်းမကျန်ဝံ့။ သူလည်း လိုက်၍ပြီးသည်။ နတ်ကောင်းက နောက်လှည့်မကြည့်ရန် အတန်တန်မှာသည်။ သို့သော် ကိုဝင်းမောင်က အလွန်သတ္တိကောင်းပြီး စူးစမ်းချင်စိတ်လွန်ကဲနီသဖြင့် ရွာအ၀င်တွင် တချက်နောက်လှည့်ကြည့်လိုက်မိသည်။ နောက်လှည့်ကြည့်လိုက်သည်နှင့်ချက်ချင်း ”ဖြောင်း” ဟု လိုင်ရိုးကျိုးသံကြားရသည်။ ပြီးလျှင် မျက်နှာပြန်လှည့်မရဘဲ မျက်နှာနောက်ခိုင်းနှင့် ဆက်ပြီးသည်။ အိမ်ရောက်သည်နှင့် အသက်ကုန်သည်။ မျက်နှာကို လုံးဝတည့်မရ။ မျက်နှာကို သူများမြင်အောင် ခန္ဓာကိုယ်ကိုမှောက်ခုံထားရသည်။ အစိမ်းဖြစ်သဖြင့် နိချင်းညမကူး င်္သဂြိုဟ်လိုက်ရသည်။
ယင်းနိမိုးထက်စောစော ကိုဝင်းမောင်ကောင်ညင်းပေါင်းလာဝယ်သည်ကို မြင်ယောင်နီပါသိမ့်သည်။ ကောက်ညင်းပေါင်းသည်မကိုလည်း “နှမ်းစကေချေလောက် အပိုထည့်ပီးပါအရီး“ ဟု နောက်ဆုံးပြောခသံကို ယခုတိုင်အကျွန်ုပ်နားထဲ ကြားယောင်နီတုန်းဖြစ်သည်။
................
(သာလှဦး)
(ဂနိန့်ရခိုင်ပြည်ဘလော့မှ)
"သီချင်ကေ စိန်မစားကဲ့၊ ကဇူးကိုင်းကိုလား" ဆိုရေစကားကို အချေခါကြားဖူးနားဝ ဟိခပါယင့်။ စုန်းပေါသည်ဟုသတင်းကြီးသော ကဇူးကိုင်းရွာသို့ ကိုယ်တိုင်ရောက်သောအခါ...။
လက်ငါးချောင်းရာ
------------------
"ဆရာနတ်မောင်၊ ဆရာနတ်မောင်.... ဆရာထွန်းမောင်ချေ ငြမ်းစင်ထက်ကလူးကျရေ ဆရာ" ဟု ညည့် (၁၀) ချက်တီးလောက်တွင် အလုပ်သမားတယောက်လာပြောသောကြောင့် အကျွန်ုပ် ချက်ချင်းထလိုက်လားပါသည်။ တွိလိုက်ရသောအခါ အကျွန်ုပ်၏ ချစ်လှစွာသောသူငယ်ချင်း ထွန်းမောင်ချေမှာ မျက်စိပြူးလျှက်၊ ပါးစမှ အမြှုပ်များထွက်ကာ ဂေါင်းတွင်သွီးလူးလူးဖြင့် သီဆုံးလျှက်ဟိကြောင်းတွိလိုက်ရသည်။ အလုပ်သမားတချို့က ကိုထွန်းမောင်ချေသည် ယင်းနိက အရက်သောက်ထားသည်။ အရက်ကြောင့် အသက်ပါဆုံးယှုံးရသည်ဟု အမျိုးမျိုးဝေဖန်လျှက် အသုဘကိစ္စကို ပျင်ဆင်ကတ်ရသည်။ အကျွန်ုပ်လည်း အလုပ်သမား (၄) ယောက်နှင့်အတူ သူငယ်ချင်း၏အလောင်းမှ အဝတ်များကိုလှယ်ရန် အင်္ကျီချွတ်လိုက်သောအခါ အလောင်း၏နောက်ကုန်းတွင် လက်ငါးချောင်းရာ ညိုပုတ်ပုတ်အကွက်ကြီးတကွက်ကို တွိလိုက်ရသည်။ ထိုအညိုကွက်ကြီးသည် သွီးဥသကဲ့သို့ စိုထိုင်းထိုင်းဖြစ်နီသည်။ ဤသည်မှာ သဆီ (ဝါ) မိစ္ဆာများ၏လက်ချက်ဖြစ်ကြောင်း ချက်ချင်းသိလိုက်ရသည်နှင့် အလုပ်သမားများအားမပြောဘဲ ထားလိုက်မိသည်။ သို့နှင့် အသုဘကိစ္စကြောင့် အလုပ်ချူတ်နီသည်တွင် ကဇူးကိုင်းရွာသို့မလားဖြစ်ဘဲ (၃-၄) ရက်ကြာလားသည်။ ကဇူးကိုင်းရွာမှာ ဆောက်လုပ်ရေးဝင်းမှ (၁) မိုင်ခန့်ဝီးပြီး အုပ်ဆိုင်းဆိုင်းတောလမ်းအတိုင်း လမ်းလျှောက်ရသည်။ ထွန်းမောင်ချေနှင့် ထိုင်နီကျ ရွာလယ်လဖက်ရည်ဆိုင်မှ ကုလိမ္မေချေတိကို သံသယမကင်းသော်လည်း လွမ်းလျှက်ဟိသည်။
ညီမငါးဖော်
------------
လဖက်ရည်ဆိုင်တွင် ညီအေးမငါးယောက်ဟိသည်။ အငယ်ဆုံးဖြစ်သူ မငယ်မှာ အသက် (၂၀) ဝန်းကျင်ခန့်ဟိပြီး ငါးယောက်လုံးမှာ အသက်ကောင်းမကွာဟုထင်ရသည်။ ရုပ်များမှာ တရုတ်မများ၏မျက်နှာပေါက်ဖြစ်ပြီး မျက်လုံးထောင့်မှာ နီစပ်စပ်နှင့် အကြည့်ရဲရင့်သည်။ အသားအရောင် ဝင်းပစိုပြေသည်။ မှန်အိမ်မှိန်မှိန်ချေရာ ထွန်းထားသော်လည်း ကိုယ်ရောင်ကိုယ်ဝါထွက်သော နတ်သမီးများကဲ့သို့လှသည်ဟုပြောခြင်းထက် ဖိုသတ္တဝါများအား ဆွဲအားဟိသောအသွင်ကိုဆောင်သည်။ လဖက်ရည်ဆိုင်ထဲတွင် မွှီးကြိုင်သောရနံ့တမျိုးဟိသည်။ အကျွန်ုပ်အထင် ထိုကုလိမ္မေချေတိနှိမ်းသော သနပ်ခါးမှ မွှီးခြင်းဖြစ်မည်ဟု မှတ်ချက်ချမိသည်။ အခြားသော လဖက်ရည်လာသောက်သူများအား မတွိရ။ အကျွန်ုပ်ရို့ သူငယ်ချင်းနှစ်ယောက်နှင့် ညီအေးမငါးယောက်ရာဟိသည်။ အကျွန်ုပ်၏မူလဗီဇအတိုင်း ကုလိမ္မေချေများနှင့်တွိက ရယ်စရာများကိုဖောက်သည်ချကာ ပွဲကျလျှက်ဟိသည်။ ကြောက်ရွံ့ခြင်း၊ သံသယဖြစ်ခြင်းအလျှင်းမဟိ။ မြို့ပြနှင့်ဝီးလျှက် အမ်းတောင်တန်း၏အစွန်အဖျား တောင်ဂျိုင်များကြားက ဤဒါးလက်ချောင်းတန်းတားဆောက်လုပ်ရေးတွင် အလုပ်သင်အင်ဂျင်နီယာအဖြစ် တာဝန်ထမ်းလျှက်ဟိသော ထွန်းမောင်ချေနှင့် အကျွန်ုပ်ရို့၏တခုတည်းသော အပန်းဖြေရာလောကနိဗ္ဗာန်သည်ကား ဤလဖက်ရည်ဆိုင်ပင်တည်း။ အချိန်ပို မဆင်းရသောညဥ့်များတွင် လာထိုင်လေ့ဟိသည်။ မကြာသောအချိန်ကာလအတွင်း မငယ်နှင့်ထွန်းမောင်ချေမှာ အကျီဆိုက်လီကတ်သည်။ ထွန်းမောင်ချေ မသီခင်တရက်မှာ ထူးခြားသောအဖြစ်အပျက်တခု ဖြစ်ပျက်ခသည်။
ချစ်၍သတ်ရသည်
------------------
ညဥ့် (၁၀) ချက်တီးခန့်တွင် ထွန်းမောင်ချေနှင့်မငယ်သည် လဖက်ရည်ဆိုင်နောက်ဖက် အိမ်ခန်းထဲသို့ဝင်လားသည်။ အကျွန်ုပ်မှာလည်း တားရန်မတတ်သာ။ မကြီးကလည်းသဘောတူသည့်အမူအယာပြသည်နှင့် လွှတ်ထားသည်။ သူရို့နှစ်ယောက်တည်း ချစ်ရည်လူးလျှက် (၁) နာရီ ခန့်ကြာသောအခါ ပြန်ထွက်လာကတ်သည်။ ထွန်းမောင်ချေမှာ ညှိုးငယ်သောမျက်နှာနှင့် လဖက်ရည်ဆိုင်တွင်ဆက်မထိုင်ပဲ ချက်ချင်းပြန်ရန်ပြောသည်နှင့် နှုတ်ဆက်ပြီးပြန်လာလတ်ကတ်သည်။ လမ်းတွင်အကျိုးအကြောင်းမီးမြန်းရာ ထွန်းမောင်ချေက မငယ်နှင့်ချစ်ရည်လူးနီစဉ်တွင် အပုတ်နံတထောင်းထောင်းထွက်လျှက်ဟိကြောင်း။ အခန်းထဲသို့ဝင်လားစဉ်က အခန်းထဲတွင် နှစ်ယောက်တည်းဖြစ်သော်လည်း ကျန်အေးမ (၄) ယောက်ပါ လာရောက်ပြုစုသည်ဟု ခံစားရကြောင်း။ အချစ်ရည်လူးပြီးသောအခါ မငယ်မှာ အလွန်နှစ်သက်ကျေနပ်သောအမူအရာကိုပြ၍ တသက်လုံးသူရို့ညီအေးမငါးယောက်နှင့်အတူတူနီရန် ပြောသောအခါမှ သံသယစိတ်ဝင်ကာ ကြောက်ရွံ့မိကြောင်း ယှင်းပြသည်။ နောက်နိတွင် ထွန်းမောင်ချေမှာ မှိုင်တိုင်တိုင်ဖြစ်လျှက် ညဇာဖက် အရက်စကေသောက်ဖြစ်သည်တွင် ညဥ့်အချိန်ပိုဆင်းသောအခါ အလုပ်ခွင်၌ ဤသို့ငြမ်းစင်ထက်မှ လူးကျသီဆုံးရခြင်းဖြစ်သည်။ ဤသည်မှာ ညီမငါးဖော်၏လက်ချက်ရာဖြစ်ရမည်ဟု အကျွန်ုပ်စိတ်ထဲ တပ်အပ်သိနီသည်။
စိန်ခေါ်ခြင်း
-----------
ထွန်းမောင်ချေ၏အသုဘကိစ္စများပြီး၍ နောက်ရက်သတ္တတပတ်ခန့်ကြာသောအခါ ယင်းလဖက်ရည်ဆိုင်သို့ အကျွန်ုပ်တယောက်တည်း ရောက်လားသည်။ ညီမငါးဖော်မှာ အလွန်ပျော်ရွှင်ကျေနပ်၍ တက်ကြွသောမျက်နှာအမူအယာများဖြင့် အကျွန်ုပ်အားဆီးကြိုလျှက်ဟိသည်။ ထွန်းမောင်ချေသီဆုံးလားကြောင်းပြောသောအခါ စိတ်မကောင်းယောင်ပြသည်ကို အကျွန်ုပ် ကောင်းကောင်းရိပ်မိသည်။ ဆိုင်နောက်ဖေးက အိမ်ခန်းထဲလို့လှမ်းကြည့်လိုက်သောအခါ အမှောင်ထဲတွင် ထွန်းမောင်ချေတယောက် ငုတ်စုတ်ထိုင်နီသည်ကို ရုတ်တရက်မြင်လိုက်ရပြီး ချက်ချင်းပျောက်လားသည်။ အကျွန်ုပ်မှာ ကြောက်လည်းကြောက် ဒေါသလည်းထွက်လျှက် သူငယ်ချင်းအတွက် လက်စားချေမည်ဟု ဆုံးဖြတ်လိုက်သည်။ "မငယ်... ကျွန်တော့်သူငယ်ချင်း မကောင်းမိစ္ဆာတိလက်ချက်နန့်သီရစွာ။ ယင်းမိစ္ဆာတိ ကျွန်တော်ရအောင် ပြန်သတ်ဖို့။ စောင့်ကြည့်နီကတ်" ဟုဒေါနှင့်ပြောလျှက် ဆိုင်ထဲမှထွက်လာလတ်သည်။ အိမ်သို့ရောက်သောအခါ ဓါးမျှောင်ကို ဘုရားစင်ညောင်ရီအိုးထဲမှ ရီများဖြင့်ဆီးကြောလျှက် ခေါင်းအုံးအောက်တွင်ထားလိုက်သည်။ အိပ်ရာထက်တွင်လှဲနီယင်း သနားဖွယ်ကောင်းသော သူငယ်ချင်း၏မျက်နှာကိုမြင်ယောင်ကာ တရားခံကို မည်သို့မည်ပုံဖော်ထုတ်ရမည်ကို စိတ်ကူးကြံစည်လျှက်ဟိသည်။
ဘီလူးစီးခြင်း
------------
အကျွန်ုပ်၏ဘဝတွင် ဤတခါလောက် မိမိ၏အသက်ကို သီခြင်းတရားလက်တွင်းထဲသို့ မျှော်လင့်ချက်ကင်းမဲ့စွာအပ်နှံလိုက်ရသော ဆိုးရွားသောအတွိအကြုံမျိုး တခါလည်းမဟိဖူးပါ။ အိပ်ရာထက်တွင်လှဲနီယင်း အိပ်မွိမကျတကျအချိန်တွင် တန်းခါးဖွင့်လျှက် လူလေးယောက်ဝင်လာသည်။ မျက်လုံးဖွင့်ကြည့်လိုက်သောအခါ ဂျပန်နပန်းသမားများကဲ့သို့ကြီးမားသော အရိပ်မဲမဲကြီးလေးခုသည် အကျွန်ုပ်၏ခြီနှင့်လက်များကို လေးဖက်လေးတန် ချုပ်ကိုင်ထားသည်။ အကျွန်ုပ်လည်း ခြီနှင့်လက်များကို ရုန်းထွက်နိုင်ရန် အစွမ်းကုန်ကြိုးစားသည်။ လှုပ်၍ပင်မရ။ ချွေးပြန်လျှက်ဟိသည်။ သတိဝင်လာ၍ ဘေးအိမ်ကိုအကူအညီတောင်းမည်ဟု ခေါင်းထောင်လိုက်သောအခါ နောက်ထပ်အရိပ်မဲမဲကြီးတခုသည် တန်းခါးပေါက်မှဝင်လာပြီး ထွန်းမောင်ချေမှာလည်း သနားစရာမျက်နှာထားနှင့် နောက်မှမျှောင်၍လိုက်ပါလာသည်။ အော်ချိန်ပင်မရ ထိုအရိပ်မဲကြီးသည် အကျွန်ုပ်၏ခါးကိုခွထိုင်လျှက် လိုင်ဖင်းကိုညှစ်သည်တွင် အော်သော်လည်းအသံမထွက်။ လိုင်ဖင်းပျစ်သောကြောင့် မျက်စိပြူးလျှာထွက်လာသည်။ ကြောက်စိတ်မွှမ်ပြီး အသကုန်ရုန်းသော်လည်း တစိချေလည်း မလှုပ်။ ပကတိ အရိပ်မဲကြီးငါးခု၏ ချုပ်ထားသည့်အတိုင်း ငြိမ်လျှက်ဟိသည်။ ထွန်းမောင်ချေမှာလည်း ကူဖော်မရ။ ဘေးနားကထိုင်၍ ကြောင်တောင်တောင်ကြည့်နီသည်။ အကျွန်ုပ် မည်မျှပင်ရုန်းသော်လည်း မထူး။ လိုင်ဖင်းမှာလည်း ပျစ်သထက်ပျစ်လာသည်။ ပါးစက အမြှပ်များထွက်လာရာ စိတ်ကိုလုံးလုံးလျှော့ချလိုက်ပြီး ဤအတိုင်းငြိမ်ခံလိုက်သည်။ အလိုဟိသမျှ လုပ်ကတ်ဖိ။ သီခြင်းကိုရင်ဆိုင်ရသောအခါ ဗုဒ္ဓမြတ်စွာဘုရားကိုအောက်မိလျှက် “ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ၊ သံဃံ သရဏံ ဂစ္ဆာမိ” စိတ်ထဲ တိုးတိုးရွတ်ဆိုလိုက်သည်။
တရားခံသိပျာယ်
---------------
ထိုသို့ ရွတ်ဆိုလိုက်သည်နှင့်တပြိုင်နက် အကျွန်ုပ်၏ခန္ဓာကိုယ်မှာ ပေါ့ပါးလားသည်။ အရိပ်နက်များအားလုံးနှင့် ထွန်းမောင်ချေပါ နီးစပ်ရာပြတင်းပေါက်များမှ ခုန်ထွက်ပြီးလားကတ်သည်။ အကျွန်ုပ်လည်း အလွတ်မပီး ညာဖက်လက်ကို ခေါင်းအုံးအောက်သို့ထည့်၍ ဓါးမြှောင်ကိုဆွဲထုတ်လိုက်ပြီး နောက်ဘိတ်ဆုံးမြင်ရသော အရိပ်မဲမဲကြီးကိုလှမ်းပေါက်လိုက်ရာ လက်မောင်းကိုစိုက်ဝင်လားသည်တွင် ဓါးတန်းလန်းနှင့်ထွက်ပြီးလားသည်။ အရိပ်တွင် ဓါးစိုက်ဝင်နိုင်သည်မှာ မှော်ဆရာတဦးပြောဖူးသည့်အတိုင်းပင် ဘုရားညောင်ရီအိုးမှရီများဖြင့် ဆီးထားသောကြောင့်ဖြစ်သည်နိုင်သည်။ အကျွန်ုပ်လည်း တရားခံကို နောက်နိသိရပျာယ်ဟု ကျေနပ်မိသည်။ ယင်းနိက ကြောက်စိတ်ဖြင့်အိပ်မပျော်ပဲ ညဥ့်လုံးပေါက်ထိုင်၍မိုးလင်းသည်။ မိုးလင်းသောအခါ ကဇူးကိုင်းရွာဖက်သို့ ထွက်လာလတ်သည်။ ရွာလယ်သို့ရောက်သောအခါ လဖက်ရည်ဆိုင်ကိုရှာမတွိပဲ ယင်းနီရာတွင် ဗောဓိပင်ကြီးတပင်နှင့် ရီကန်ပျက်တခုကိုရာ တွိရသည်။ ရွာမှာ အိမ်ပေါင်း (၃၀) ခန့်ဟိပြီး လမ်းတလမ်းရာဟိသောကြောင့် မှားနိုင်စရာအကြောင်းမဟိ။ ဝါကြီးအိုကြီးတလုံး ထိုင်၍ဆီးလိပ်ဖွာနီသည်ကိုတွိသောကြောင့် လား၍မီးကြည့်သည်။
“အဖိုး ... အေနားက လဖက်ရည်ဆိုင် ဇာသို့ရောက်လားပါရေလဲ”
“အဝေး... မောင်ချေ... အေရွာမှာ လဖက်ရည်ဆိုင်က မဟိကာ”
“အဖိုး ... ကျွန်တော် ညကညဥ့်ခါကတောင် ရောက်ခပါသိမ့်ရေ... ညီအေးမငါးယောက်ဟိပါရေ ယင်းဆိုင်မှာ”
“အဝေး.. မောင်ချေ... ညီမငါးဖော်နန့် မင်းတွိခပျာယ်ထင်ရေ.... ယင်းစုန်းမငါးယောက်ကို တွိဖူးလူ.. အသက်ရှင်ရေလို့မဟိဝေး... မင်းသတိနန့်ရာ နီလီဖိ”
ယင်းပိုင်ပြောသောအခါ အကျွန်ုပ်မှာ ကြက်သိမ်းဖြိမ့်ဖြိမ့်ထလားသည်။ ဆောက်လုပ်ရေးသို့ အယင်ပြန်လာလတ်ပြီး ယင်းနိတွင်းချင်းပင် အလုပ်မှနှုတ်ထွက်ကာ ကြုံရာကားဖြင့် မင်းပြားသို့လိုက်ပါလာလတ်သည်။
ကဇူးကိုင်းသို့ ကိုယ်တိုင်ရောက်ဖူးသောအခါ အသင်သိပါလိမ့်မည်။
..........................
(နတ်မောင်)
(ဂနိန့်ရခိုင်ပြည်ဘလော့မှ)
အယင်ကခါ မြောက်ဥဘုရင်တပါးလက်ထက် နိဂုံးဇနပုဒ်တခုတွင် လင်မယားတအိမ်ထောင်ဟိသည်။ အလွန်ဆင်းရဲသည့်အတွက် ဆန်ဖွပ်၊ ရီခပ်၊ ထင်းခြွီ၊ အငှားလုပ်စားကတ်ရသည်။ လင်ကပျင်း၍ အလုပ်မလုပ်။ မယားလုပ်စွာ ထိုင်စားသည်။ မယားလုပ်ရာတွင် အပျင်းပြေ ကြက်နှင်ယင်လိုက်လုပ်သည်။ တရက်နိ မယားဆန်ဖွပ်နီစဉ် ယင်များဆန်မှုန့်လာနားစားသည်။ ငပျင်းထွေလည်း ရှောက်ခြမ်းစိတ်နှင့် ယင်လိုက်သတ်သည်။ သို့ဖြင့် ယင်သုံးဆယ်ရ၍ မယားကို “ငါ ယင်သုံးဆယ်ကိုသတ်လိုက်ပျာယ်။ ကြည့်ဈာန်တချက်” ဟု ဘောရိပြောသည်။ ထိုအခါ မယားက “သုံးဆယ်သီမင်း အစစ်မနားယေ” ဟု ပြန်ပြောသည်။
ထိုနိမှစ၍ မယားလည်း လင်ကိုအယွဲ့တိုက်ပျာယ် “ငါ့လင် ယင်သုံးဆယ်ကိုသတ်နိုင်ရေ။ အေပိုင်တော်ရေမဟုတ်။ သုံးဆယ်သီမင်းအစစ်” ဟု လူတွိတိုင်းလျှောက်ပြောသည်။ ထို့ကြောင့် သူ့ကို “သုံးဆယ်သီမင်း” ဟု နာမည်တွင်လာသည်။ ကြာသောအခါ သူ့သတင်းသည် ဘုရင့်ရွှီနား ပေါက်ကြားလားသည်။
မီးကျောင်းသူရဲ။
မြောက်ဦးမြို့နှင့်မနီးမ၀ီးတွင် လေးမြို့မြစ်ဟိသည်။ အဉ္ဇနနဒီဟုလည်းခေါ်သည်။ ထိုအချိန်၌ မြစ်ထဲတွင် မီးကျောင်းတကောင် သောင်းကျန်းလျှက်ဟိသည်။ ထို့ကြောင့် မြစ်ကိုဖြတ်၍ တယောက်လည်းမကူးဝံ။ “အသံကြားကေ လိုက်ဆွဲရေ” ဟု နာမည်ကြီးလျှက်ဟိသည်။ လောင်းနှင့်တောင် အနားမသန်းဝံ့။ လူသူအားလုံး ကြောက်လန့်နီကတ်ရသည်။ ကျွဲနွားလူသူအားလုံး မီးကျောင်းအစားခံရသည်။ အစားများလာ၍ လူအများမှာ ဇာလုပ်၍ ဇာကိုင်ရမှန်းမသိ။ “ဘုရင့်ရွှီနား မပေါက်သိမ့်နှင့်တူရေ။ ဘုရင်သိကေ ငြိမ်နီဖို့ကမဟုတ်” တယောက်စကားတရာနား ပြောလျှက်ဟိသည်။ ဘုရင်လည်း မကြာခင် ထိုသတင်းကိုကြားသည်။ သို့အတွက် အမှုးအမတ်များနှင့် အတိုင်ပင်ပြုသည်။ “မီးကျောင်းရန်နှိမ်နှင်းရန် လူစွမ်းကောင်းတယောက်လိုသည်။ ပဇာလုပ်ကေကောင်းဖို့လဲ။ လျှောက်တင်ကတ်။” ဟုမိန့်တော်မူသည်။ ထိုအခါ အမတ်ကြီးများက “အသျှင်မင်းနိုင်ငံတော်မှာ သုံးဆယ်သီမင်းဟုဆိုသော လူတယောက်ဟိပါသည်။ သူ့ကိုရလျှင် မီးကျောင်းရန်ကို ဧကန်မုက္ချ နှိမ်နှင်းနိုင်ပါလိမ့်မည်” ဟုလျှောက်တင်ကတ်သည်။ ဘုရင်လည်း ၀မ်းသာအားရဖြစ်ပြီး မှုးမတ်များကို “ယင်းပိုင်ဆိုလျှင် သူ့ကိုခေါ်ခီ” ဟု မိန့်တော်မူသည်။ အမိန့်တော်ရသည်နှင့်ချက်ချင်း မင်းချင်းယောက်ျားတယောက်ကို တမန်စေလွှတ်လိုက်သည်။ “တမန်လည်းရောက်၊ သုံးဆယ်သီမင်းမှာ၊ သီအောင်ကြောက်” ဖြစ်ရသည်။ “သို့သော် သီတနိ မွီးတနိ။ ဘုရင်ကခေါ်ကေ မလိုက်လို့မရ၊ ဘုရင့်အာဏာပါယ်ဆန်လို့မရ။ မင်းဒါဏ်သင့်ဖို့ကြောက်ရသည်။” သို့အတွက် သီမင်းမှာ စိတ်တင်းဖို့ကျသည်။ တမန်လည်း အပူတပြင်း “ငါနှင့်ဖ၀ါးကပ်၍ လိုက်ရမည်” ဟုဆိုသည်။ သီမင်းမှာ မငြင်းသာကေ ကဗျာကယာ နောက်ကလိုက်ရသည်။ ယင်းပိုင်နှင့် ဘုရင်ရှိတော်မှောက်သို့ရောက်လတ်သည်။ ဘုရင်က “မောင်မင်း သုံးဆယ်သီမင်း အမှန်လား” မီးသောခါ သီမင်းက “မှန်ပါသည်ဘုရား” ဟုဖြေသည်။ ထိုအခါ ဘုရင်က “ငါ၏နိုင်ငံတော်မှာ မီးကျောင်းရန်ကိုနှိမ်နှင်းဖို့ ငါဘုရင်လိုလားတော်မူရေ။ အလိုဟိစွာတောင်းခံ။” ဟုမိန့်တော်မူသည်။ ထိုအခါ သီမင်းက သေနတ်၊ ဓါး၊ လှံ၊ လက်နက်အပြည့်အစုံနှင့် သူရဲတယောက်၊ ဘုရင်ကိုင်သံလျှက်အပါအ၀င် ကြိုးတခွီ၊ လောင်းတစင်းတောင်းသည်။ လိုသည်ကို ဘုရင်ကပီးသည်။ စားသုံးဖို့ အသပြာငွေတထောင်လည်း ပီးလိုက်သည်။ ဘုရင်ပါးကပြန်၍ အိမ်ရောက်သောအခါ သီမင်းက မယားကိုအပြစ်တင်သည်။ “နင်သတင်းရွှင့်လို့ ငါပွဲဝင်ခရပျာ။ ငါသီကေလည်း နင့်မှာလင်မယှား။ ဘုရင့်အသပြာကို စားလို့ရာနီလီ။ နက်ဖန်ခါ မီးကျောင်းက ငါ့ကိုစားဖို့လား၊ ငါကရာ မီးကျောင်းကိုစားဖို့လားမသိ။ ကြည့်လို့ရာနီလီ။ မိုးထက်စောစော ထမင်းကောင်းကောင်းချက်။” ဟုမယားကိုမှာသည်။ မယားသည်က လင်အတွက်စိတ်ပူရမှန်းမသိ။ အသပြာရသောခါ ကောင်းကောင်းပျော်သည်။ လင်ဗောရိမှာ တညဥ့်လုံးအိပ်မပျော်။ မိုးလင်းဖို့စွာ တွက်လျှက်ဟိသည်။ မိုးလင်းသောအခါ မယားကလင်ကိုနှိုးသည်။ “ထဖိထဖိ ဘုချေဘ။ ထမင်းစား” ဟုဆိုသည်။ သုံးဆယ်သီမင်းလည်း မျက်နှာမသစ်ပဲ ထမင်းစားသည်။
သူရဲကလည်း ချိန်းထားသည်အတိုင်း အသင့်စောင့်လျှက်ဟိသည်။ သီမင်းလည်း ထမင်းစားပြီးချက်ချင်း လောင်းဆိပ်သို့ဆင်းသည်။ လောင်းဆိပ်သို့ရောက်သောအခါ သီမင်းမှာ သူရဲကို သေနတ်ကိုင်ခိုင်းထားပြီး ပဲ့ဂျောင်တွင်နီခိုင်းသည်။ ကိုယ်ကျ ကြိုးတခြွီနှင့် သံလျှက်ကိုင်လျှက် လောင်းဦးတွင်နီသည်။ လောင်းသံ၊ တက်သံ၊ လူသံကြားသည်နှင့် မီးကျောင်းရဲက ကုန်းပေါ်လျှက်လိုက်သည်။ ထိုအခါ သုံးဆယ်သီမင်းက တခုလည်း မလုပ်တတ်မကိုင်တတ်။ ကြောက်ကြီးသံဖက် ဗြန်းဗြန်းတုန်လျှက်ဟိသည်။ သူရဲက “အသျှင်သီမင်း မီးကျောင်း အနားကိုကပ်လာပါယာ။ ပဇာလုပ်ပါဖို့လဲ။ သေနတ်နှင့်ပစ်ရပါဖို့လား။ ဟက်ဖေနှင့်ထိုးရပါဖို့လား” မီးသည်။ သီမင်းကတခုလည်းပြန်မပြော။ ဇာပိုင်ပြောပြော သီမင်းက ပြန်မပြောသောအခါ သူရဲက မနီသာကေ မီးကျောင်းကို ဟက်ဖေနှင်ထိုး သေနပ်နှင့်ပစ်ဖောက်လိုက်သည်။ မီးပေါက်မှန်လို့ မီးကျောင်း ဂွင်ချင်းသီသည်။ ထိုအခါမှ သီမင်းက လောင်းဦးကထ၍ သူရဲကိုသံလျှက်နှင့်ရော်လျှက် “မီးကျောင်းကို မင်းသတ်လာ၊ ငါသတ်လာ” ဟု မီးသည်။ သူရဲက စဉ်းစားသည်မှာ “ငါကနောက်လိုက်၊ သူကဂေါင်းဆောင်။ ငါသတ်ကေလည်း သူသတ်စွာ။ သူသတ်ကေလည်း သူသတ်စွာ။ ဘုရင်က သူ့ကိုရာသိရေ။ ငါ့ကိုမသိ။ ၀န်မခံကေ သူကငါ့ကိုရန်ရှာဖို့။ ငါ့မှာ မျက်နှာမရပဲ ဂျောက်ရာကျဖို့” စဉ်းစားပြီး “အသျှင်သတ်ပါရေ” ဟုဝန်ခံလိုက်သည်။ ထိုခါ သုံးဆယ်သီမင်းလည်း မျက်နှာပြာပြာနှင့် မီးကျောင်းကိုကြိုးစွပ်ပြီး လောင်းနားမျှောင်လျှက် ယူလာလတ်သည်။ သို့သော် သီမင်းမှာ ကမ်းရောက်အောင်ထိ မီးကျောင်းနားသို့ မကပ်ဝံ။ သူရဲကဆွဲ၍ ကုန်းထက်တင်ရသည်။ မီးကျောင်းသီကို ဘုရင်ထံဆက်သောအခါ သီမင်းမှာ အသပြာတထောင်ဆုရသည်။ သူရဲမှာ တပြားလည်းမရ။ အိမ်ပြန်ရောက်သောခါ မယားလက်ကို အသပြာတထောင်ကိုအပ်သည်။ ပြီးလျှင် “နင့်ကြောင့်ငါ တခါခံရပျာ။ အရာဇာနိလာခေါ်ဖို့လည်းမသိ။ ကောင်းကောင်းရာစားနီ” ဟု အပြစ်တင်သည်။ လင်မယားနှစ်ယောက် ရငွေနှင့် နွားတသျှိုင်းလယ်တပြင်ဝယ်လျှက် အိမ်တဆောင်ဆောက်သည်။ တနှစ်ဝမ်းစာဖုံသည်။
ကျားသားငလ၀ါ သူရဲ။
ထိုသို့ စိတ်အီးလက်အီးနီ၍ တမိတမောကြာသောအခါ အရေးအကြောင်းတခုပေါ်လာသည်။ ကျားသားငလ၀ါတကောင်သည် သောင်းကျန်းလျှက်ဟိသည်။ ရွာကကျွဲနွားများကို ဖမ်းစားသည်။ အစားများလာသောအခါ လက်ရဲဇက်ရဲဖြစ်လာပြီး မြို့တော်နားချဉ်းလာသည်။ လူများကိုဝင်ကိုက်ဖို့ကြံသည်။ ထိုသတင်း ဘုရင့်နားပေါက်လတ်သည်။ သုံးဆယ်သီမင်းကို အယင်ခေါ်၍ နှိမ်နှင်းခိုင်းသည်။ သီမင်းမှာ အယင်အတိုင်း သံလျှက်နှင့် မင်းဝတ်တန်းဆာတခုတောင်းသည်။ မြို့သူမြို့သားများမှာ “ကျားရာသီဖို့လား။ သီမင်းရာသီဖို့လား။ မြင်ကတ်ရဖို့ပျာ” ဟုပြောဆိုနီကတ်သည်။ အိမ်ရောက်သောအခါ သုံးဆယ်သီမင်းလည်း “အေတချီတော့ ငါကံတော်ကုန်ပျာ။ ကျားကိုဇာပိုင်နိုင်ဖို့လဲ” ဟုစဉ်းစာပြီး စိတ်မကောင်းဖြစ်ရသည်။ မယားကိုအပြစ်တင်သည်။ “နင်ပျင်လို့ ငါခံရရေ။ နက်ဖန်ခါသိလိမ့်မည်။ ထမင်းကောင်းကောင်းစားနီ” ဟုငြိုးသည်။ သူ့အကြံက မိုးထက်စောစောအာရုံမှာ ရောက်ရာရောက်ပေါက် ထွက်ပြီးဖို့။ သို့အတွက် လမ်းမှာစားဖို့ထမင်းကို မယားကိုချက်ခိုင်းသည်။ သီမင်းမှာ အကြံဖြင့် တညဥ့်လုံးအိပ်မပျော်။ သို့ဖြင့် မိုးစင်စင်လင်းလတ်သည်။ အာရုဏ်တက်၍ ထမင်းကျက်သောခါ မယားကနှိုး၍ လင်သည်ကိုပီးသည်။ မိုးသောက်ထမှာ နှင်းတ၀ီဝီ၊ မြုံတမှိုင်းမှိုင်း၊ သုံးဆယ်သီမင်းမှာ မြင်းနှင့်စိုင်းယှောင်ထွက်လတ်သည်။ တောဝင်ဖို့လည်း လမ်းမမြင်။ ရပ်နီလျှင် ရွာကမလွတ်။ လားမိလားရာလားလီသောခါ ကျွဲတခြံနားသို့ရောက်လတ်သည်။ ကျွဲခြံနားတွင် ကျားသားငလ၀ါလည်း ကျွဲကိုဆွဲဖို့ချောင်းနီသည်။ သုံးဆယ်သီးမင်းရောက်သည်နှင့် ထက်ပင်းတိုးသည်။ သီမင်းက “ကျားသားငလ၀ါဆိုစွာ ဒေကောင်ပျာ”။ ကျားသားငလ၀ါကလည်း “သုံးဆယ်သီမင်းဆိုစွာ သူပျာ” ဟုအော်သည်။ ငလ၀ါကျားက ကျွဲကိုရာကိုက်ဖို့လား။ သီမင်းကိုရာလိုက်ဖို့လား အကြံမရဖြစ်နီဆိုက် သီမင်းက ကြောက်ကြောက်ဖြင့် မျက်စိမှိတ်ခုန်ပစ်လိုက်သည်။ ကျားနောက်ကုန်းထက်မှာ ပကားစီး၍ကျသည်။ ကျားလည်းကြောက်၍ ထွက်ပြီးသည်။ သီမင်းလည်း ကျားနားရွက်ကိုဆွဲ၍ နောက်ကုန်းထက်က လိုက်သည်။ ကျားလည်းညောင်း လူလည်းညောင်း မြို့တော်ထဲသို့ရောက်လတ်သည်။ ထိုခါ မြို့သူမြို့သား၊ နန်းတွင်းသူနန်းတွင်းသားအားလုံး ထွက်ကြည့်ကတ်သည်။ အသျှင်သီမင်း ကျားစီးလာစွာမြင်ရသည်။ တချိ့လူက ကျားကိုဒုတ်နှင့် ထောင်းထုသတ်သောအခါ ကျားဂွင်တိုက်သီသည်။ သီမင်းလည်း ကျားနောက်ကုန်းထက်က လူးကျလတ်သည်။ ထိုခါမှ သီမင်းလည်း ကျားသံဖက်ကလွတ်သည်။ ထိုခါ သီမင်းက သံလျှက်ကိုဆွဲလျှက် “ကျားကိုသတ်စွာအသူလဲ” ဟုမီးသည်။ လူများက ကြောက်ကြောက်ဖြင့် “အသျှင်သီမင်းသတ်ပါရေ” ဟုဝန်ခံသည်။ ကျားသီကို ဘုရင်ထံပြသောအခါ သီမင်းမှာ အသပြာတတောင်ဆုရသည်။ အိမ်ပြန်ရောက်သောအခါ အသပြာငွေကိုမယားလက်သို့အပ်သည်။ “နင်ပျင်လို့ ငါဒုက္ခကျရေ” ဟုမယားကို ဆူသည်။
ဓမြလူဆိုးသောင်းကျန်းမှု။
များမကြာခင် တိုင်းပြည်တခွင် ဓမြလူဆိုးများ ဆူပူသောင်းကျန်းကတ်သည်။ ရွာနိဂုံးကိုလုယက်မကျီ မြို့အနီးပါးခြိမ်းခြောက်လတ်သည်။ လူသူလေးပါးအိပ်မရ ပုန်းဝှက်နီကတ်ရသည်။ ကြာသော် သတင်းထွက်လာသည်။ ဘုရင်နားပေါက်ကြားလာသည်။ ဘုရင်လည်း သုံးဆယ်သီမင်းကို အပြင်းခေါ်ခိုင်းသည်။ သီမင်းရောက်သောအခါ ဘုရင်က “လိုစွာတောင်း၊ ဓမြတိကိုဖမ်း” ဟုမိန့်တော်မူသည်။ သီမင်းလည်း ထုံးစဉ်အတိုင်း မင်းဝတ်တန်းဆာနှင့် သံလျှက်တစင်း၊ မြင်းကောင်းတကောင်တောင်းသည်။ ရသောအခါ အိမ်ပြန်လတ်သည်။ အိမ်ရောက်သောခါ ခါတိုင်းပိုင်ယှောင် မယားကိုအပြစ်တင်သည်။ မယားလည်း ပြန်လို့မပြော။ တိန်းနီသည်။ သီမင်းက “အေတခါတော့ ငါသီရဖို့ယာ။ လူဆိုးတိကို ငါတယောက်တည်း ဇာပိုင်နိုင်ဖို့လဲ။ ငါ့အသက် နက်ဖန်ရက်ကို မလွန်နိုင်ပျာ” ဟုစိတ်ဆိုးပြီးငိုသည်။ ထွက်ပြီးဖို့ကြံသည်။ မယားကို ညဥ့်ဦးကပင် စောစောစီးစီး ထမင်းချက်ထားဖို့ပြောသည်။ သူက တညဥ့်လုံးမအိပ်။ မအိပ်တချက်အိပ်တချက် လှဲနီသည်။ သန်းခေါင်ကျော်သောအခါ မယားက ပါးခပ်နားခပ် ထမင်းချက်သည်။ ကျက်သောခါ ကဗျာကယာလင်ကိုနှိုး၍ ပီးသည်။ လင်ကလည်း တလောင်ပွန်းနှစ်လောင်ပွန်း ဆင်ဆီဆုပ် ဗောင်းဆုပ်စားပြီးလျှင် အကျန်ကိုထုပ်ခိုင်းသည်။ မင်းဝတ်တန်းဆာကိုဝတ်ပြီး မြင်းစီးထွက်ဖို့ကန်နီတုန်း မယားထွက်လတ်သည်။ အေတခါ လင်တော်မောင် သီရဖို့စွာကိုသိလို့ စိတ်မကောင်း။ လင်သည်ကို ထမင်းထုပ်ကွမ်းယာ လှမ်းပီးသည်။ လင်ကလည်း မယူချင်ယူချင်လှမ်းယူသည်။ မြင်းကိုစီးပျာ ရွာကထွက်လတ်သောအခါ ညဥ့်မှောင်နီသိမ့်၍ “မိုးလင်းပတ်စီ၊ လမ်းစမ်းမြင်မှ လွတ်ရာလွတ်ကြောင်း ထွက်ပြီးဖို့ပျာ” ဟုစိတ်ထဲတွင် တွက်သည်။ အကြံနှင့် တောခြုံတခုထဲဝင်ပြီး သစ်တပင်ထက် တက်၍နီသည်။ ထိုအခါ နာမည်ကြီးသူခိုးခုနစ်ယောက်သည် ၄င်းသစ်ပင်အောက်လာရောက်ပြီး ဓမြတိုက်ဖို့ တိုင်ပင်ကတ်သည်။ ညဥ့်တွင် သီမင်းရွာကိုဝင်စီးဖို့ကြံသည်။ အချိန်းအချက်လုပ်ကတ်သည်။ သို့သော် သီမင်းကိုကြောက်၍ သတိနှင့်လုပ်ဖို့ပြောသည်။ ထိုစကားကို သီမင်းကြားသောအခါ အချိန်စိလို့ထွက်ခါနီး “သုံးဆယ်သီမင်းဆိုစွာ ငါဝေး” ဟုသစ်ပင်ထက်က အော်လိုက်သည်။ ဓမြအားလုံး ကြောက်ကြီးသန်ဖက်ဝင်၍ သစ်ခွတွင်ဆွဲထားသောထမင်းထုတ်လည်း ပြုတ်ကျလတ်သည်။ ထိုအခါ ဓမြအားလုံး သီမင်းခုန်ဆင်းလာပျာ အထင်ဖြင့် အချင်းချင်းခွတ်ကတ် သီကုန်ကတ်သည်။ ဓမြအားလုံးသီပြီးမှ သီမင်းလည်း သစ်ပင်ထက်ကဆင်းလတ်သည်။ ထိုနောက် ဓမြဦးဂေါင်းများကို တန်းသိန်သိန်၍ ဘုရင့်ထံပါးသို့ဆက်သည်။ ဘုရင်လည်း သီမင်းအား ဆုကြီးလာဘ်ကြီးပီးသနားတော်မူသည်။ တိုင်းပြည်လည်း အီးချမ်းလားသည်။ သီမင်းမှာ နောင်တွင် စစ်သေနာပဓိကြီးဖြစ်လာသည်။ ဘုရင်ကံကုန်သောအခါ သျှင်ဘုရင်ဖြစ်သည်။ ထိုဘုရင်အား ရခိုင်သမိုင်းတွင် “တိရိနရပတိသီမင်း” ဟု ခေါ်တွင်သည်။
ဤတွင် အကျွန့်ဝတ္ထုလည်းဆုံးပါလီ၏။ မဆုံးသိမ့်ကေ ကျန်ရေလူတိ ဆက်ပြောပါလီ။
(နတ်မြစ်စန်းအောင်)
(ဂနိန်ရခိုင်ပြည်ဘလော့မှ)
ရခိုင်ရိုးရာ၊ ဖြစ်ခြင်းရာကို၊ ကျွန်ဆရာမှာ၊ ပြောပြမည်။ ထီးကခရိုင်၊ မင်းထိုင်ပြည့်ဖြိုး၊ ပြည်ပဂိုး။ ပဂိုးမင်းသမီး၊ ပြည်ကိုခွဲခါ၊ နှမကားတောင်၊ မောင်ကားမြောက်ဦး၊ မြစ်မင်းဂဂါင်္၊ သီတာတရိုး၊ နှမနီကေ၊ သံတွဲမြို့၊ မောင်ရို့နီကေ၊ ရခိုင်မြို့။ ရခိုင်မင်းသား၊ နန်းထက်ဖွား၊ လှငြားတင့်တယ်၊ မိခင်ဝမ်းမှာ၊ သန္ဓေတည်။ ကိုးလကပင်၊ ကိုယ်ဝန်ကြင်၊ ခမည်းလွန်းတင်၊ ဖဘုရင်၊ ဘုရင်လွှတ်လွှတ်၊ ရခိုင်မြို့မှာ၊ မကြံတတ်။ ကျွန်မပြည့်ကူ၊ ကိုယ်ယူကိုယ်မ၊ သနားစဖွယ်၊ သျှင်မ၀မ်းကို၊ စမ်းကြည့်ရေခါ၊ ချစ်သျှင်မမှာ၊ မိမ္မမဖြစ်၊ ယောင်္ကျားဖြစ်မည်။ ယောင်္ကျားဖြစ်လည်း၊ အရှင်မမွီး၊ ချစ်သျှင်မမှာ၊ အသီရာမွီးမည်၊ ဇောင်လည်းလေ၊ ဇောင်လည်းအလို၊ ပြည့်ကျွန်မမှာ၊ ဇမ်းတိုက်ဆိုရေ။
ဇောင်စကားကို၊ ကြားရေနိက၊ ရခိုင်မင်းပင်၊ အသျှင်တရီး၊ နန်းတောင်ညာမှာ၊ ကြောင်းကြကြီးရေ။ ငါ့မှာဟိငြား၊ ရွှီကလောင်ကိုင်၊ ဇကိုင်ကြီး၊ မတ်ကြီးမနီ၊ ငါ့အနားတွင်၊ ခုရောက်စီ။ ငွေကလောင်ကိုင်၊ ဇကိုင်ကြီး၊ မှုးကြီးမနီ၊ ငါအနားတွင်၊ ခုရောက်စီ။ ရွှီကလောင်ကိုင်၊ ဇကိုင်ကြီး၊ မတ်ကြီးလေးသွယ်၊ နန်းတောင်ညာမှာ၊ ရောက်လာရေ။ ငွေကလောင်ကိုင်၊ ဇကိုင်ကြီး၊ မှုးကြီးလေးသွယ်၊ နန်းတောင်ညာမှာ၊ ရောက်လာရေ။ ရွှီကလောင်ကိုင်၊ ဇကိုင်ကြီး၊ မတ်ကြီးမနီ၊ ကံ့ကူသည်နှင့်၊ ၀လံသည်ကို၊ ရခိုင်မြို့မှာ၊ ခုရှာခီ။ ငွေကလောင်ကိုင်၊ ဇကိုင်ကြီး၊ မှုးကြီးမနီ၊ ကံ့ကူသည်နှင့်၊ ၀လံသည်ကို၊ ရခိုင်မြို့မှာ၊ ခုရှာခီ။
ရွှီကလောင်ကိုင်၊ ဇကိုင်ကြီး၊ မတ်ကြီးမနီ၊ ကံ့ကူသည်နှင့်၊ ၀လံသည်ကို၊ ရှာခီရေ။ ငွေကလောင်ကိုင်၊ မှုးကြီးမနီ၊ ကံ့ကူသည်နှင့်၊ ၀လံသည်ကို၊ ရှာခီရေ။ ရွှီကလောင်ကိုင်၊ ဇကိုင်ကြီး၊ ငွေကလောင်ကိုင်၊ ဇကိုင်ကြီး၊ မှုးမတ်လေးသွယ်၊ ကံ့ကူသည်နှင့်၊ ၀လံသည်ကို၊ ရှာခီရေ။ ကံ့ကူသည်နှင့်၊ ၀လံသည်၊ မောင်ဖွားလေးသွယ်၊ နန်းတောင်ညာမှာ၊ ရောက်လာရေ။ ကံ့ကူသည်နှင့်၊ ၀လံသည်၊ တချက်နှစ်ချက်၊ ပျိုင်သင်ပုန်းမှာ၊ ခေါက်လို့တွက်ခါ၊ မိမ္မမဖြစ်၊ ချစ်သျှင်မမှာ၊ ယောက်ကျားဖြစ်မည်။ ယောက်ကျားဖြစ်လည်း၊ အရှင်မမွီး၊ ချစ်သျှင်မမှာ၊ အသီရာမွီးမည်။ ဇောင်လည်းလေ၊ ဇောင်လည်းအလို၊ ကံ့ကူသည်နှင့်၊ ၀လံသည်မှာ၊ တွက်တိုင်းဆိုရေ။ ဇောင်စကားကို၊ ကြားရေနိက၊ ရခိုင်မင်းပင်၊ အသျှင်တရီး၊ နန်းတောင်ညာမှာ၊ ကြောင့်ကြကြီးရေ။ ကြက်ဖကြိမ်သီး၊ မောင်လုံးကြီး၊ ရှောက်ရှောက်လဲဖမ်း၊ စုန်းမင်းလယ်ကို၊ ရီမိုးသန်း။ ဂေါင်းရင်းကနီ၊ မဟာကျီကို၊ မောင်ကိုးရေ။ ခြီရင်းကစောင့်၊ သျှင်မဂေါက်ကို၊ မောင်ကိုးရေ။ ဇောင်ပင်တရီး၊ ရခိုင်မင်းမှာ၊ မကျီသီး၊ ကိုးလကပင်၊ ဆယ်လစိမြောက်၊ သားပန်းပင်ကို၊ ဖွားလာရေခါ၊ သားပန်းပင်ကို၊ နန်းတောင်ညာမှာ၊ အရှင်မမွီး၊ အသီရာမွီးရေ။
ဇောင်စကားကို၊ ကြားရေနိက၊ ရခိုင်မင်းပင်၊ အသျှင်တရီး၊ နန်းတောင်ညာမှာ၊ ကြောင့်ကြကြီးရေ။ နဖူးကိုခတ်၊ ရင်ကိုသတ်၊ ရပ်ပတ်ကြိုကြို၊ ရခိုင်မင်းမှာ၊ နန်းတောင်ညာမှာ၊ လှုးလို့ငိုခါ၊ အထက်ဒေ၀ါ၊ အသျှင်သိကြား၊ ခင်းထားကမ္မလာ၊ နီရာသင်းဖုန်း၊ တင့်ကြော့လုံးစုံ၊ သိကြားဖုံမှာ၊ မနီနိုင်ဘဲ၊ နတ်မျက်တထောင်၊ အဟန်ဆောင်၊ နတ်ပြည်ယဉ်မှာ၊ ကြည့်လိုက်မူကား၊ မည်သည်မျပင်၊ နတ်ပြည်ယာဉ်မှာ၊ မမြင်ကျင်။ လူ့မျက်တထောင်၊ အဟန်ဆောင်၊ ကြည့်လိုက်မူကား၊ ရခိုင်မင်းပင်၊ အသျှင်တရီး၊ သားပန်းပင်နှင့်၊ ကြောင့်ကြကြီး။ ငါတာခုဝေ၊ ရခိုင်မင်းကို၊ မခီမည်။ ရွှီကြိုးခုနှစ်ပင်၊ သျှင်သိကြားမှာ၊ စလွယ်တင်။ လက်မှာပြောင်ဝင်း၊ ခရုသင်း။ သျှင်မင်းမနီ၊ ရခိုင်မြို့ကို၊ ဆင်းလီရေ။ သိကြားရီစင်၊ ဖြန်းလီရေခါ၊ သားပန်းပင်မှာ၊ အသက်ကေ၀င်ပြီး၊ ၀ါးဝါးဝါးလို့ ငိုလီရေ။
အသက်ကေ၀င်ပြီး၊ ရခိုင်မင်းပင်၊ အသျှင်တရီး၊ နို့ကောင်းသူကို၊ ကောင်းရာရွီးလို့၊ သားကောင်းသားဖြူ၊ နို့ကောင်းသူ၊ ကောက်ယူစို့ငြား၊ အသားဖြူကေ၊ မိမ္မနို့သယ်၊ ရှိကပယ်၊ အငယ်အကြီး၊ နို့ကောင်းရာမှာ၊ ကောင်းရာရွီးလို့၊ အသားဖြူကေ၊ ပူသယ်နို့ရည်၊ ထိုသည်မိမ္မ၊ ဣထိယ၊ ရာဇပုတ္တ၊ နို့ကောင်းရာမှာ၊ ရွီးကာမသွင်း။ နို့အုန်းသီးလျှင်၊ နို့လာပြင်းလျှက်၊ သူငယ်စို့ကေ၊ ခံတွင်းမကန်၊ မှောက်ကာလန်၊ နို့အံတတ်တေ။ ထိုသည်မိမ္မ၊ ဣထိယ၊ ရာဇပုတ္တ၊ နို့ကောင်းရာမှာ၊ ရွီးကာမသွင်း။ နို့ဖရုံလျှင်၊ သူငယ်စို့လျှက်၊ တအောင့်လောက်မှ၊ တပေါက်ရလို့၊ မ၀ခင်ပင်၊ သူငယ်ရို့မှာ၊ ပျင်းစိတ်ဝင်လို့၊ မစို့ချင်၊ ထိုသည်မိမ္မ၊ ဣထိယ၊ ရာဇပုတ္တ၊ နို့ကောင်းရာမှာ၊ ရွီးကာမသွင်း။ မမဲမဖြူ၊ မဆူမကြုံ၊ နို့အုံညီညွတ်၊ စနီနံ၊ ရွှီရင်ဖတ်မှာ၊ သားမြတ်မကျ၊ ဘေးတဖက်က၊ တနာရီမှာ၊ လေးယောက်ထလို့၊ မင်းသားညီမောင်၊ လှသားမောင်၊ ဘုန်းခေါင်နန်းလယ်၊ မြဧယိုင်မှာ၊ တင်ကာလွှဲကေ၊ မွီးစားရေလေ။
တညဥ့်သားနှင့်၊ တရက်သားမတူ၊ ပန်းတံမောင်မှာ၊ ကြီးတော့မူ။ တရက်သားနှင့်၊ တလသားမတူ၊ ပန်းတံမောင်မှာ၊ လှတော့မူ။ ခုနှစ်နှစ်သား၊ ရွယ်ရောက်သောခါ၊ တရပိုဒ်တဆူ၊ ကံ့ကူတခဲ၊ ဒေါ်လွန်းကြင်၊ နို့သျှင်မိနှင့်၊ နို့သျှင်ဖမှာ၊ ဆွမ်းတပွဲနှင့်၊ ကျောင်းခြီတထောင်၊ ပိုင်ရေဘုန်းကြီး၊ မြတ်လေးလွမ်းကြင်၊ ကူတော်တိုက်မှာ၊ ရွှီကျောင်းသျှင်၊ အသျှင်ဘုန်းကြီး၊ သံစည်ကြောင်၊ ညောင်ညောင်တီး။ ဘုန်းကြီးမြတ်မွန်၊ နာမည်ကောင်းကေ၊ ၀ိဟာစံ။ ဆရာတော်၊ သျှင်ဖော်ကျောင်းမှာ၊ သားရင်သွီးကို၊ လက်ထက်အပ်တေ။ ကကြီးခငယ်၊ အရင်းသွယ်၊ သုံးဆယ်သုံးလုံး၊ သုံးသင်ပုန်း၊ တလုံးမကျန်၊ ဆရာတော်၊ သျှင်ဖော်ကျောင်းမှာ၊ ရွီးကာပြန်။ ရွှီကျောင်းသခင်၊ အသျှင်တစ၊ ပန်းတံမင်းသား၊ တပည့်မောင်ကို၊ စာလုံးပြ။ ပန်းဇင်းပျို၊ မောင်တိုတစ၊ ပန်းတံမင်းသား၊ လူလှမောင်ကို၊ စာကြောင်းပြ။ ပန်းတံမင်းသား၊ မောင်တာလွှတ်လွှတ်၊ ရွှီကျောင်းသခင်၊ အသျှင်ဘားမှာ၊ စာမဖတ်။ ရွှီကျောင်းသခင်၊ အသျှင်မာန်ပေါက်၊ နဖူးစမှာ၊ ရွှီရောင်တောက်။ စာကြိုးနှင့်နှောင်၊ စာပေါင်နှင့်သတ်၊ ပန်းတံမောင်ကို၊ ကျောင်းလက်ခင်းမှာ၊ လှုးပျာသတ်တေ။ မျက်ခမ်းထဲမှာ၊ မျက်ရည်ဖျင်ဖျင်၊ စာလုံးကိုပင်၊ ကြည့်မမြင်။ တဆယ့်ငါးနှစ်၊ ပန်းတံမင်းသား၊ လူလှမောင်၊ ဆရာတော်၊ သျှင်ဖော်ကျောင်းမှာ၊ လူသျှင်ဖြစ်တေ။
ကိုးလကပင်၊ သံတွဲသူကို၊ ကိုယ်ဝန်ကြင်။ ကျွန်မပြည့်ကူ၊ ကိုယ်ယူကိုယ်မ၊ သနားစဖွယ်၊ သျှင်မ၀မ်းကို၊ စမ်းကြည့်ရေခါ၊ ယောက်ျားမဖြစ်၊ ချစ်သျှင်မမှာ၊ မိမ္မဖြစ်မည်။ မိမ္မဖြစ်လဲ၊ အရှင်မမွီး၊ ချစ်သျှင်မမှာ၊ အသီမွီးဖို့၊ ဇောင်လဲအလို၊ ပြည့်ကျွန်မမှာ၊ ဇမ်းတိုက်ဆို။ ဇောင်စကားကို၊ ကြားရေနိက၊ ရခိုင်မင်းပင်၊ အသျှင်တရီး၊ နန်းတောင်ယာမှာ၊ ကြောင်းကြကြီး။ ငါ့မှာဟိငြား၊ ရွှီကလောင်ကိုင်၊ ဇကိုင်ကြီး၊ မတ်ကြီးမနီ၊ ငါအနားတွင်၊ ခုရောက်စီ။ ငွေကလောင်ကိုင်၊ ဇကိုင်ကြီး၊ မှုးကြီးမနီ၊ ငါအနားတွင်၊ ခုရောက်စီ။ ရွှီကလောင်ကိုင်၊ ဇကိုင်ကြီး၊ မတ်ကြီးလေးသွယ်၊ နန်းတောင်ညာမှာ၊ ရောက်လာရေ။ ငွေကလောင်ကိုင်၊ ဇကိုင်ကြီး၊ မှုးကြီးလေးသွယ်၊ နန်းတောင်ညာမှာ၊ ရောက်လာရေ။ ရွှီကလောင်ကိုင်၊ ဇကိုင်ကြီး၊ မတ်ကြီးမနီ၊ ကံ့ကူသည်နှင့်၊ ၀လံသည်ကို၊ ရခိုင်မြို့မှာ၊ ခုရှာခီ။ ငွေကလောင်ကိုင်၊ ဇကိုင်ကြီး၊ မှုးကြီးမနီ၊ ကံ့ကူသည်နှင့်၊ ၀လံသည်ကို၊ ရခိုင်မြို့မှာ၊ ခုရှာခီ။ ကံ့ကူသည်နှင့်၊ ၀လံသည်၊ မောင်ဖွားလေးသွယ်၊ နန်းတောင်ညာမှာ၊ ရောက်လာရေ။ တချက်နှစ်ချက်၊ ပျိုင်သင်ပုန်းကို၊ ခေါက်၍တွက်သော်၊ ချစ်သျှင်မမှာ၊ ယောင်္ကျားမဖြစ်၊ မိမ္မဖြစ်မည်။ မိမ္မဖြစ်လည်း၊ အရှင်မမွီး၊ ချစ်သျှင်မမှာ၊ အသီရာမွီးမည်။ ဇောင်လဲလေ၊ ဇောင်လဲအလို၊ ကံ့ကူသည်နှင့် ၀လံသည်မှာ၊ တွက်တိုင်းဆိုရေ။
ကိုးလကပင်၊ ဆယ်လစိမြောက်၊ သမီးတော်ကို၊ ဖွားလာရေခါ၊ သမီးတော်ကို၊ အရှင်မမွီး၊ နန်းတောင်ညာမှာ၊ အသီရာမွီးရေ။ ဇောင်စကားကို၊ ကြားရေနိက၊ နဖူးကိုခတ်၊ ရင်ကိုသတ်၊ ရပ်ပတ်ကြိုကြို၊ နို့သျှင်မိနှင့်၊ နို့သျှင်ဖမှာ၊ လှူးလို့ငိုခါ၊ အထက်ဒေ၀ါ၊ အသျှင်သိကြား၊ ခင်းထားကမ္မလာ၊ နီရာသင်းဖုန်း၊ တင့်ကြော့လုံးစုံ၊ သိကြားဖုံမှာ၊ မနီနိုင်ဘဲ၊ နတ်မျက်စိတထောင်၊ အဟန်ဆောင်၊ နတ်ပြည်ယာဉ်ကို၊ ကြည့်လိုက်မူကား၊ မည်သည်မျှပင်၊ မမြင်ကျင်။ လူ့မျက်တထောင်၊ အဟန်ဆောင်၊ ကြည့်လိုက်မူကား၊ ရခိုင်ဘုရင်၊ အသျှင်တရီး၊ သမီးကညာနှင့်၊ ကြောင့်ကြကြီး။ ငါတာခုဝေ၊ ရခိုင်မင်းကို၊ မခီမည်။ ရွှီကြိုးခုနှစ်ပင်၊ သျှင်သိကြားမှာ၊ စလွယ်တင်၊ လက်မှာပြောင်းဝင်း၊ ခရုသင်း၊ သိကြားမနီ၊ သံတွဲသူကို၊ သိကြားရီစင်၊ ဖြန်းလီရေခါ၊ အသက်ကေ၀င်ပြီး၊ ၀ွါးဝွါးဝွါးလို့ ငိုလီရေ။
အသက်ကေ၀င်ပြီး၊ ရခိုင်မင်းပင်၊ အသျှင်တရီး၊ နို့ကောင်းသူကို၊ ကောင်းရာရွီးလို့၊ သားကောင်းသားဖြူ၊ နို့ကောင်းသူကို၊ ကောက်ယူစို့ငြား၊ အသားဖြူကေ၊ မိမ္မနို့သယ်၊ ပူသယ်နို့ရည်၊ ထိုသည်မိမ္မ၊ ဣထိယ၊ ရာဇပုတ္တ၊ နို့ကောင်းရာမှာ၊ ရွီးကာမသွင်း။ နို့အုန်းသီးလျှင်၊ နို့လာပြင်းလျှက်၊ သူငယ်စို့ကေ၊ ခံတွင်းမကန်၊ မှောက်ကာလန်၊ နို့အံတတ်တေ။ ထိုသည်မိမ္မ၊ ဣထိယ၊ ရာဇပုတ္တ၊ နို့ကောင်းရာမှာ၊ ရွီးကာမသွင်း။ နို့ဖရုံလျှင်၊ သူငယ်စို့လျှက်၊ တအောင့်လောက်မှ၊ တပေါက်ရလို့၊ မ၀ခင်ပင်၊ သူငယ်ရို့မှာ၊ ပျင်းစိတ်ဝင်လို့၊ မစို့ချင်။ ထိုသည်မိမ္မ၊ ဣထိယ၊ ရာဇပုတ္တ၊ နို့ကောင်းရာမှာ၊ ရွီးကာမသွင်း၊၊ မမဲမဖြူ၊ မဆူမကြုံ၊ နို့အုံညီညွတ်၊ စနီနံ၊ ရွှီရင်ဖတ်မှာ၊ သားမြတ်မကျ၊ ဘေးတဖက်က၊ တနာရီမှာ၊ လေးယောက်ထလို့၊ သံတွဲသူ၊ ဖြူမယ်လှကို၊ မြဧယိုင်မှာ၊ တင်ကာထားကေ၊ မွီးစားရေလေ။
ခုနှစ်နှစ်သမီး၊ အရွယ်ရောက်သောအခါ၊ ဆံထုံးထုံးတတ်၊ ပန်းပန်တတ်၊ ရပ်တတ်ကပင်၊ သံတွဲသူကို၊ ယိုင်ခတ်သင်။ ဦးစံတင်၊ အယင်မွီးကေ၊ မယ်ကြီးတစ၊ သံတွဲသူကို၊ ယိုင်ကြောင်းပြ။ လွမ်းလို့ကြင်၊ နို့သျှင်တစ၊ သံတွဲသူ၊ ချစ်သမီးကို၊ ရွမ်းကြောင်းပြ။ သံတွဲသူ၊ ချစ်ဖြူလွှတ်လွှတ်၊ မြယိုင်စင်မှာ၊ မခတ်တတ်။ လွမ်းလို့ကြင်၊ နို့သျှင်မာန်ပေါက်၊ နဖူးစမှာ၊ ရွှီရောင်တောက်။ ယိုင်ကြိုးနှင့်နှောင်၊ ယိုင်ပေါင်နှင့်သတ်၊ သံတွဲသူကို၊ မြယိုင်စင်မှာ၊ ကြင်းပျာသတ်ခါ၊ မျက်ခမ်းထဲမှာ၊ မျက်ရည်ဖျင်ဖျင်၊ သံတွဲသူမှာ၊ ခြည်လုံးကိုပင်၊ ကြည့်မမြင်။ တဆယ့်ငါးနှစ်၊ သံတွဲသူမှာ၊ မိခင်အိမ်နှင့်၊ ဖခင်အိမ်မှာ၊ လူသျှင်ဖြစ်တေ။ တလင်္ဂုနီ၊ စနီရန်ဖက်၊ သံတွဲသူနှင့်၊ ပန်းတံမောင်မှာ၊ တဂြက်ဂြက်။ ရက်ကမသင့်၊ အရီးကေအသျှင်၊ အခင်ပင် မသနား၊ သံတွဲသူနှင့်၊ ပန်းတံမောင်ကို၊ သံတွဲမြို့နှင့်၊ ရခိုင်မြို့မှာ၊ ခွဲလို့ထားရေ။ တဆယ့်ငါးနှစ်၊ အရွယ်ရောက်ခါ၊ သံတွဲသူမှာ၊ လူသျှင်ဖြစ်တေ။ တဖက်ကေတချက်၊ သံတွဲသူမှာ၊ မြယိုင်စင်မှာ၊ နွှဲပျာရက်တေ။ အဖြူရွန်းကို၊ နှိပ်ပျာထိုးလို့၊ ချောင်းမှာနီရေ၊ ပုဇွန်စိတ်ကေ၊ ငါးချေမကြွင်း၊ မယ်လက်ရာမှာ။ ပေါ်ပျာလတ်ကေ၊ ဆင်မျက်ကွင်း။ အနီရွန်းကို၊ နှိပ်ပျာထိုးလို့၊ တောမှာနီရေ၊ ပုရွက်စိတ်ကေ၊ နှံချေမကြွင်း၊ မယ်လက်ရာမှာ၊ ပေါ်ဗျာလတ်ကေ၊ အံကိုးကွင်း။ တဖက်တချက်၊ သံတွဲသူမှာ၊ မြယိုင်စင်မှာ၊ နွဲပျာရက်ခါ၊ ညှိုးညှိုးငယ်ငယ်၊ သံတွဲသူမှာ၊ အိမ်သာယာကို၊ တက်ခရေ။ မိနံဘားနှင့်၊ ဖနံဘားမှာ၊ ထိုင်လာရေ။
လက်ခြီဆယ်ချောင်း၊ စုံစွာပေါင်း၊ လက်ကောက်ရုံ့တုံ၊ ကြာမုံအဆင်၊ လက်ဆယ်ချောင်းကို၊ ဦးထိပ်တင်။ ကိုယ်ပင်ပင်၊ ကိုယ်ပင်ရိုကျိုး၊ မိနှင့်ဖကို၊ ရှိမိုးခိုးရေ၊၊ မြင်းမိုရ်ကြီးခြင်း၊ ငါ့ကိုကြင်ကေ၊ မွီးဖရင်း။ ဖခင်ပဒေ၊ ပီးလိုက်လီ။ မြင်းမိုရ်ကြီးခြင်း၊ ငါ့ကိုကြင်ကေ၊ မွီးမိရင်း။ မိခင်ပဒေ၊ ပီးလိုက်လေ။ အချေကပင်၊ တခါရံထူး၊ ရွှီစလောင်းနှင့်၊ ဆွမ်းကောင်းမယ်ထွီး၊ ပန်းဇင်းပျိုကို၊ မလောင်းဖူး။ ရင်ဝလေးတောင်၊ ဇောက်သျှစ်တောင်၊ ရောင်တော်ညီးညီး၊ ဂူတော်တိုက်မှာ၊ ဘုရားကြီး။ တခါရံပင်၊ မြတ်သျှင်ပင်ကို၊ မဖူးဖူး။ မယ်ဒါဒါ၊ မယ်ဒါခုဝယ်၊ နို့သျှင်မိနှင့်၊ နို့သျှင်ဖယောင်၊ ကူတော်တိုက်မှာ၊ ရွှီကျောင်းသခင်၊ အသျှင်မြတ်ကို၊ ရွှီစလောင်းနှင့်၊ ဆွမ်းကောင်းမယ်ထွီး၊ လောင်းခီမည်။ ငွေစလောင်းနှင့်၊ ဆွမ်းကောင်းမယ်ထွီး၊ လောင်းခီမည်။ ရင်ဝလေးတောင်၊ ဇောက်သျှစ်တောင်၊ ရောင်တော်ညီးညီး၊ ကူတော်တိုက်မှာ၊ ဘုရားကြီး။ ဒေါ်လဲလေ၊ ဒေါ်လဲခုဝယ်၊ မြတ်သျှင်ပင်ကို၊ ဖူးခီမည်။ ဖခင်ပဒေ၊ ပီးလိုက်လီ။ မိခင်ပဒေ၊ ပီးလိုက်လီ။ ပဒေတောင်းလီရေ။
လားကားလားခီ၊ ချစ်သမီးလေ၊ တံဆီးတပေါက်၊ ယင်မသောက်ခင်၊ မိခင်ထံနှင့်၊ ဖခင်ထံမှာ၊ ခုရောက်စီ။ ဇောင်ပိုင်ပိုင်၊ ဇောင်ပိုင်လည်းဆို၊ သံတွဲသူ၊ ချစ်သူဆွမ်းပန်း၊ ချက်လတ်တေ။ ဆွမ်းပန်းချက်ပြီး၊ မြသပိတ်မှာ၊ ခူးပျာထည့်ခါ၊ လေးတောင်ကျော်၊ ငါးတောင်တိုက်ကို၊ ၀င်ခရေ။ တပင်တပင်၊ မယ့်ဆံပင်ကို၊ ဆီနှင့်ပျင်၊ တပင်ထက်မှာ၊ နှစ်ပင်ပျံ့ပျူး၊ မယ့်ဆံပင်ကို၊ ပန်းဆီလူးရေ၊။ ဆင်စွယ်အဖီး၊ ဆိုင်သာယာမှာ၊ အဖ၀ယ်ကေ၊ ငါးဆယ်ပီး။ မဖြီးစလို၊ မကိုင်စလောက်၊ ၀က်ခေါက်မျှမျှ၊ နဖူးပြင်မှာ၊ တင်ပျာထားကေ၊ မိမျက်တွက်။ မိမ္မဆံထုံး၊ ကျောက်သားလုံး၊ ရွန်းလုံးဆံကျင်၊ စမ်းမမြင်။ သီသီသပ်သပ်၊ သံတွဲသူ၊ မယ်ထွီးဂေါင်းမှာ၊ မြဆံထုံးကို၊ ထုံးပြန်လတ်ကေ၊ ချောမွတ်မွတ်နှင့်၊ ဥဒေါင်းကေအတောင်၊ ကျီးတောင်ဆံဆပ်၊ မယ်ရို့ဂေါင်းမှာ ပန်းမွှီးမွှီးနှင့်။ နားမှာကြည့်လည်း၊ ကလုတ်ကယင်၊ စီရင်တဖက်၊ သံတွဲသူ၊ မယ်ထွီးနားမှာ၊ မြနားဘက်နှင့်။ လက်မှာကြည့်လည်း၊ ဖောက်ဖီးပွင့်နွယ်လိမ်၊ ကျောက်မျက်စီ၊ မှန်စီတဖက်၊ ဘယ်ဖက်လက်နှင့်။ ညာဖက်လက်မှာ၊ ပြောင်ပြောင်လက်တေ။ ကိုယ်မှာကြည့်လည်း၊ သရက်ကေအကျ၊ မယူပန်းခက်၊ ဥဒေါင်းကြိုးကြာ၊ ကိန္နရာ၊ ရုပ်ပုံများစွာ၊ မယ်ဘာဇူမှာ၊ ရုပ်ပုံချလို့၊ သံတွဲသူ၊ ချစ်သမီးမှာ၊ ၀တ်လတ်တေ။ ခါးမှာကြည့်လည်း၊ မှင်းကျိုးပွင့်ထပိန်၊ အခြီသုံးဆင့်၊ မှင်းကျိုးပွင့်ကို၊ ၀တ်လတ်တေ။ ဒွါဒရာ၊ မောက်ကာခါးကြိုး အဖျားစိုင်မှာ၊ ရွှီခြည်ထိုး။ ခါးကြိုးတရပတ်၊ ပန်းပုံချပ်။ မြဲပါစီချင်၊ ခယောက်ငင်။ ဒေါ်ပင်ပင်၊ ဒေါ်ပင်သီသပ်၊ ခါးကြိုးမွှီးကို၊ အောက်ကချပ်တေ။ သံတွဲသူ၊ ချစ်သမီးမှာ၊ ၀တ်လတ်တေ။
ဟော့ဟန်းမရယ်၊ သံတွဲသူ၊ ချစ်သူရယ်ကေ၊ ခပြုံးရယ်။ တခါရယ်၊ ငါးဆယ်တန်ယင့်။ ကုလားမရမာ၊ လူတာတသီး၊ သံတွဲသူကို၊ သတင်းမီးရေ။ ကုလားမရမာ၊ မြင်သမျှလူ၊ သံတွဲသူ၊ မယ်ကိုမြင်ကေ၊ နှလုံးပူ။ ညှိုးညှိုးငယ်ငယ်၊ သံတွဲသူကား၊ သံတွဲမြို့ကို၊ အိမ်သာယာက၊ ထွက်ခရေ။ အိမ်သာယာက၊ ဆင်းခရေ။ မချီချင်၊ ချီချင်ဖ၀ါး၊ ကမ်ဖာမြီမှာ၊ ကင်းနှယ်တွား။ တို့တီတီ၊ တို့တီတို့တွတ်၊ ကြက်တည်ကျင်လေ၊ မြီမှာယက်ယောင်။ အယွေရောက်မ၊ ဘုရားဖူးဇောင်၊ မလားလား။ ရောက်မအယွေ၊ ဘုရားဖူးဇောင်၊ လားကတ်မည်။ လာလဲလေ၊ လာလဲမယ်ယေ၊ ဂူတော်တိုက်ကို၊ လားကတ်မည်။ ရင်ဝလေးတောင်၊ ဇောက်သျှစ်တောင်၊ ရောင်တော်ညီးညီး၊ ဂူတော်တိုက်မှာ၊ မြတ်သျှင်ပင်လေ၊ ဘုရားကြီး။ လာလဲလေ၊ လာလဲမယ်ယေ၊ မြတ်သျှင်ပင်ကို၊ ဖူးကတ်မည်။ သံတွဲသူ၊ ချစ်သူမြူးပျော်၊ သံတွဲမြို့မှာ၊ ကျူးလို့ခေါ်ရေ။ ရှိကကြည့်လည်း၊ ရှိကဗိုလ်ကျိုင်၊ သံတွဲသူမှာ။ ရွီမနိုင်။ နောက်ကကြည့်လည်း၊ နောက်ကဗိုလ်ကျိုင်၊ သံတွဲသူမှာ၊ ရွီမနိုင်။ ဗိုလ်ကျိုင်ကျိုင်၊ ဗိုလ်ကျိုင်အကြား၊ မချီချင်၊ ချီချင်ဖ၀ါး၊ သံတွဲသူ၊ ချစ်သူဖ၀ါး၊ ကမ်ဖာမြီမှာ၊ ကင်းယောင်တွား။ တို့တီတီ၊ တို့တီတို့တွတ်၊ ကြက်တည်ကျင်လေ၊ မြီမှာယက်ယောင်။ ဗိုလ်ကျိုင်ကျိုင်၊ ဗိုလ်ကျိုင်အကြား၊ ဇင်္ကြန်လမ်းကို၊ လျှောက်လှမ်းလားရေ။ လားတုံလားတုံ၊ လားငြားတုံ၊ လားစိုင်လားစိုင်၊ လားငြားစိုင်၊ လားစိုင်တုံမြောက်၊ ဂူတော်တိုက်မှာ၊ ဇီတေ့ရောက်တေ။
ပန်းတံမင်းသား၊ လူလှမောင်မှာ၊ ကျောင်းခြီတထောင်၊ ပိုင်ရေဘုန်းကြီး၊ မြတ်လေးလွမ်းကြင်၊ ဂူတော်တိုက်မှာ၊ ရွှီကျောင်းသျှင်၊ အသျှင်ဘုန်းကြီး၊ သံစည်ကြောင်၊ ညောင်ညောင်တီး။ ဘုန်းကြီးမြတ်မွန်၊ နာမည်ကောင်းကေ၊ ၀ိဟာစံ။ အသျှင်နောက်က၊ ပန်းတံမင်းသား၊ လူလှမောင်မှာ၊ ကိုယ်ကြပ်မကွာ၊ ပါလီရေ။ ကျောင်းတလင်းမှာ၊ ပန်းတံမင်းသား၊ လူလှမောင်၊ မောင်တာညှိုးငယ်၊ သူငယ်ချင်းနှင့်၊ ဒိုးတလင်းမှာ၊ ဒိုးထိုးရေ။ ကျောင်းတလင်းမှာ၊ အံလူးရေ။ နှမမယ်၊ မယ်လေလာဆိုက်၊ မောင်လာခိုက်၊ မျက်ရစ်လုံးဆုံ၊ ကျောင်းတလင်းမှာ၊ ဇိတေ့ကြုံ။ မောင်ကိုကို၊ မောင်ကိုမြင်လို့၊ ကျီးကန်းရွီမှာ၊ ငှက်ဝါတကောင်၊ ကျသို့ယောင်။ ခပြီခပြုံး၊ သံတွဲသူမှာ၊ မြပ၀ါကို၊ သွားမှာဖုံး။ ခပြုံးရယ်သွင်၊ မောင်ကိုမြင်ကေ၊ ရယ်မှုဆင်။
အသူ့ရင်သွီး၊ ပါးတံရင်းမှာ၊ ညှင်းယင်ပြီးကေ၊ မယ့်မောင်ကြီး။ မောင်တာဒါ၊ မောင်ဒါလွှတ်လွှတ်၊ မိစိုင်လာနှင့်၊ ဖစိုင်လာကို၊ ပြောပြလတ်။ ပန်းတံမင်းသား၊ လူလှမောင်က၊ ဇောင်စကားကို၊ ကြားရေနိက၊ ခပြီခပြုံး၊ ပန်းတံမင်းသား၊ လူလှမောင်မှာ၊ ပုဝါချေကို၊ သွားမှာဖုံး။ ခပြုံးရယ်သွင်၊ သူ့ကိုမြင်ကေ၊ ရယ်မှုဆင်။ ငါတာတာ၊ ငါတာကိုယ်တိုင်၊ မိစိုင်လာနှင့်၊ ဖစိုင်လာကို၊ မပြောနိုင်။ မိစိုင်လာနှင့်၊ ဖစိုင်လာကို၊ သိချင်ကေလေ၊ သိချင်သို့သော်၊ ကျောင်းခြီတထောင်၊ ပိုင်ရေဘုန်းကြီး၊ မြတ်လေးလွမ်းကြင်၊ ဂူတော်တိုက်မှာ၊ ရွှီကျောင်းသျှင်။ အသျှင်ဘုန်းကြီး၊ သံစည်ကြောင်၊ ညောင်ညောင်တီး။ ဘုန်းကြီးမြတ်မွန်၊ နာမည်ကောင်းကေ၊ ၀ိဟာစံ။ မိစိုင်လာနှင့်၊ ဖစိုင်လာကို၊ သိချင်ကေလေ၊ ရွှီကျောင်းသခင်၊ အသျှင်မြတ်ကို၊ မီးကြည့်လီ။ ငါတာတာ၊ ငါတာကိုယ်တိုင်၊ မိစိုင်လာနှင့်၊ ဖစိုင်လာကို၊ မပြောနိုင်။
ရယ်ပြုံးရယ်ပြုံး၊ သံတွဲသူ၊ ငယ်မျောက်သားက၊ ကျောင်းသာယာကို၊ တက်ခရေ။ ရွှီစလောင်းနှင့်၊ အသျှင်မြတ်ကို၊ ဆွမ်းကောင်းမယ်ထွီး၊ လောင်းလီရေ။ ငွေစလောင်းနှင့်၊ ဆွမ်းကောင်းမယ်ထွီး၊ ပန်းဇင်းပျိုကို၊ လောင်းလီရေ။ ရွှီစလောင်းနှင့်၊ ဆွမ်းကောင်းလောင်းပြီး၊ ရင်ဝလေးတောင၊် ဇောက်သျှစ်တောင်၊ ရောင်တော်ညီးညီး၊ ဂူတော်တိုက်မှာ၊ ဘုရားကြီး။ ပန်းမကောင်းလည်း၊ ပန်းကောင်မယ်မှာ၊ တင်လတ်တေ။ ဆုမကောင်းလည်း၊ ဆုကောင်းမယ်မှာ၊ တောင်းလတ်တေ။ ဆုကောင်းတောင်းပြီး၊ ပန်းတင်ပြီးခါ၊ နီလဲခညို၊ ညချမ်းနီမှာ၊ တောင်ရိပ်ခို၊ ဂြိုးညိုအိပ်ဆိုက်၊ ကူတော်တိုက်မှာ၊ ညလည်းမိုက်။ မယ်ထွီးလားချိန်၊ ညချမ်းနီမှာ၊ ပိုးပွင့်ချိန်။ လားချိန်တန်၊ လားစိုင်မယ်ရို့၊ လွမ်းလို့ကြင်၊ နို့သျှင်မိနှင့်၊ နို့သျှင်ဖက၊ ဒေါ်လာပျာလို့၊ တန်းကိုလက်ကိုင်၊ တိုင်ကိုလက်ဆွဲ၊ နွဲ့ကောင်းသာဖွယ်၊ သံတွဲမြို့က၊ မျှော်ယင့်မည်။
လက်ခြီဆယ်ချောင်း၊ သံတွဲသူမှာ၊ ဆုံစွာပေါင်း၊ လက်ကောက်ရုံ့တံ၊ု ကြာမုံအဆင်၊ ဆယ်ချောင်းလက်ကို၊ ဦးထိပ်တင်။ ကိုယ်ပင်ပင်၊ ကိုယ်ပင်ရိုကျိုး၊ ရွှီကျောင်းသခင်၊ အသျှင်မြတ်ကို၊ ရှိမိုးခိုး။ ရွှီကျောင်းသခင်၊ အသျှင်လွှတ်လွှတ်၊ မိစိုင်လာနှင့်၊ ဖစိုင်လာကို၊ ပြောပြလတ်။ ရွှီကျောင်းသခင်၊ အသျှင်ခုဝေ၊ မိစိုင်လာနှင့်၊ ဖစိုင်လာကို၊ ပြောပြရေ။ အရှိမဏ္ဍိုင်၊ ကိုးမြို့ပိုင်၊ ရခိုင်ခိုင်၊ ရခိုင်မြို့စား၊ နန်းတောင်ညာမှာ၊ စံကာဖွားကေ၊ ဘုရင်သား။ ဆံထုံးကွင်းချွတ်၊ နဘီဝတ်၊ ချောမွတ်ရွှီရောင်။ ရခိုင်ကျွန်းမှာ၊ ပန်းတံမောင်ချင့်၊ နင့်မျောက်သားချင့်၊ နင်မသိလား။ ဇောင်စကားကို၊ ကြားရေနိက၊ သံတွဲသူ၊ မယ်တာ အားပါးရလီရေ။
နှမမယ်၊ မယ်လေလာခိုက်၊ မောင်လာဆိုက်။ မျက်ရစ်လုံးဆုံ၊ ကျောင်းတလင်းမှာ၊ ဇီတေ့ကြုံခါ၊ ပန်းတံမင်းသား၊ လူလှမောင်၊ ကျောင်းတလင်းမှာ၊ ဒိုးထိုးရေ၊၊ ကျောင်းတလင်းမှာ၊ အံလှူးရေ။ သံတွဲသူမှာ၊ မောင်ကိုယ်ကို၊ မောင်ကိုမြင်လို့၊ ကပြီကပြုံး၊ မြပုဝါကို၊ သွားမှာဖုံး။ ကပြုံးရယ်သွင်၊ မောင်ကိုမြင်ကေ၊ ရယ်မှုဆင်။ အရှိမဏ္ဍိုင်၊ ကိုးမြို့ပိုင်၊ ရခိုင်ခိုင်၊ ရခိုင်မြို့စား၊ နန်းတောင်ညာမှာ၊ စံကာဖွားကေ၊ ဘုရင့်သား။ ဆံထုံးကွင်းချွတ်၊ နဘီဝတ်၊ ချောမွတ်ရွှီရောင်၊ ရခိုင်ကျွန်းမှာ၊ မျောက်သားမောင်၊ မယားလျာ၊ သားလျာမောင့်မှာ၊ ဟိရေလား။ မယားလျာ၊ သားလျာစမ်းလည်း၊ သံတွဲမြို့မှာ၊ စမ်းခလေ့။ ဇောင်စကားကို၊ ကြားရေအခါ၊ ပန်းတံမင်းသား၊ လူလှမောင်မှာ၊ ကပြီကပြုံး၊ ပုဝါချေကို၊ သွားမှာဖုံး။ ကပြုံးရယ်သွင်၊ မယ်ကိုမြင်ကေ၊ ရယ်မှုဆင်။ သံတွဲသူ၊ ငယ်မျောက်သားဝေ၊ ချစ်လိပ်ပြာစင်၊ မောင်စကားကို၊ ရွှီနားတင်၊၊ တလင်္ဂုနီ၊ စနီရန်ဖက်၊ ဒေါ်နှင့်မောင်မှာ၊ တဂြက်ဂြက်။ ရက်ကမသင့်။ အရီးကေအသျှင်၊ အခင်ပင် မသနား၊ ဒေါ်နှင့်မောင်ကို၊ သံတွဲမြို့နှင့်၊ ရခိုင်မြို့မှာ၊ ခွဲလို့ထားရေ။ ဘဇောင်ကြံကေ၊ ၀ါးတလုံးမှာ၊ ကုန်းချင်းနံပြိုင်၊ အတူထိုင်၊ ရွှီလိုင်ကိုဆွဲ၊ သံတွဲမြို့နှင့်၊ ရခိုင်မြို့မှာ၊ ပျော်ရမည်။ ပန်းတံမင်းသား၊ လူလှမောင်၊ မောင်တာစကား၊ ပြောလိုက်တေခါ၊ သံတွဲသူ၊ ငယ်မျောက်သားက၊ အမိမကြိုက်၊ ဟိလီပတ်စီ၊ အဖမကြိုက်၊ ဟိလီပတ်စီ၊ နှစ်ပါးကြိုက်သူ၊ သဘောတူကေ၊ ယူလီဖို့ရာ။ လာရာလာလတ်၊ မောင်တယောက်ကို၊ လက်မလွှတ်။ ဇောင်ပိုင်ပိုင်၊ ဇောင်ပိုင်ခုဝေ၊ ဇောင်စကားကို၊ သံတွဲသူမှာ၊ ပြောလီရေ။ ယင်းပိုင်ဆိုပြီး၊ သံတွဲသူ၊ ငယ်မျောက်သားကား၊ သံတွဲမြို့ကို၊ ပြန်လီရေ။
အခြီဝင်းဝင်း၊ ကြက်မင်းလည်းတွန်၊ သံတွဲမြို့မှာ၊ မိုးလင်းပြန်ခါ၊ ပန်းတံမင်းသား၊ လူလှမောင်မှာ၊ သံတွဲသူ၊ ငယ်မျောက်သားထံ၊ လားလီရေ။ အသီးတိုတောင်း၊ ဗိုင်းဝင့်ရာနှင့်၊ ခြည်ဖြတ်ရာမှာ၊ သံခြည်ခေါင်း၊ နှစ်ပါးစံပါယ်၊ ဒေါ်နှင့်မောင်မှာ၊ ခြည်ခေါင်း မောင်နှင့်မှုတ်ကတ်တေ။ ခနဲစကား၊ ဘားဇီစကား၊ ပြောလီရေ။ ခုနှစ်ကယ်ရက်၊ သျှစ်ရက်စိလို့၊ ဥဒရာဇ်စံပါယ်၊ မြုံပြည်ရပ်က၊ ဇရပ်ကျိုးနှင့်၊ သီကျိုးနာမည်၊ မြုံပြည်ရပ်က၊ ပင့်ဆိုင်းရေ။ ခုနှစ်ကယ်ရက်၊ သျှစ်ရက်စိကေ၊ ပန်းတံမင်းသား၊ လူလှမောင်မှာ၊ ရွှီကျောင်းသခင်၊ အသျှင်နောက်က၊ ကိုယ်ကြပ်မကွာ၊ မြုံပြည်ရပ်ကို၊ လားရမည်။ ဇောင်စကားကို၊ ပန်းတံမင်းသား၊ လူလှမောင်မှာ၊ သံတွဲသူ၊ ချစ်မျောက်သားကို၊ ပြောလီရေ။ သံတွဲသူ၊ ချစ်မျောက်သားဝေ၊ ဇရပ်ကျိုးနှင့်၊ သီကျိုးနာမည်၊ ဥဒရာဇ်စံပါယ်၊ မြုံပြည်ရပ်က၊ ပင့်ဆိုင်းရေ။ ကျောက်ဂူဘုရား၊ ခုနှစ်ပါးလည်း၊ တည်လိမ့်မည်။ သဲဇာတီလည်း၊ တည်လိမ့်မည်။ အကောက်တထောင်၊ ၀င်္ဂပါလည်း၊ တည်လိမ့်မည်။ ချောင်းကြီးလဟာ၊ မကူးသာ၊ ချောင်းငယ်ပျက်လက်၊ တန်းထားပျက်ကို၊ ဆင်လိမ့်မည်။ အတောင်သုံးဆယ်၊ တင်းခွန်ရှည်ကို၊ လွှင့်လိမ့်မည်။ မြုံပြည်အရပ်က၊ ပင့်ထားရေ။ များများမကြာ၊ မြုံပြည်အရပ်မှာ၊ သုံးနှစ်တာ၊ ငါတာခုဝယ်၊ ရွှီကျောင်းသခင်၊ အသျှင်နောက်က၊ ကိုယ်ကြပ်မကွာ၊ မြုံပြည်အရပ်ကို၊ လားရဖို့ယာ။ ဇောင်စကားကို၊ ကြားရေနိက၊ မယ်တာတရီး၊ သံတွဲသူမှာ၊ ကြောင်းကြကြီးရေ။ ဘဇောင်ကြံကေ၊ မြုံပြည်ရပ်ကိ၊ု လားနိုင်မည်။ လားပြန်ကေလည်း၊ မြုံမင်းသမီး၊ အထွီးလှစွာ၊ နာမည်ထားကေ၊ ပန်းနီလာ။ အသက်သုံးဆယ်၊ အရွယ်တိုင်ပြီး၊ ပန်းနီလာကို၊ လင်မပီး။ သူ့လင်မြင်ကေ၊ ဖျက်တတ်တေ။ သူ့သားမြင်ကေ၊ ဖျက်တတ်တေ။ ဖျက်တေအစစ်၊ ပန်းနီလာမှာ၊ မြုံပြည်ဈီးမှာ၊ ကွမ်းမျက်ချစ်နှင့်၊ မောင်ကိုမြင်လီ၊ ကပြီကပြုံး၊ မြပ၀ါကို၊ သွားမှာဖုံး။ ကပြုံးရယ်သွင်၊ မောင်ကိုမြင်ကေ၊ ရယ်မှုဆင်ဖို့။ ရယ်မှုလည်းဆင်၊ ယင်းခါမချို့၊ မြုံပြည်ရပ်မှာ၊ ပန်းနီလာနှင့်၊ ပျော်လီဖို့။ သူ့ဓါးကိုကိုင်၊ သူ့အပိုင်။ သူရီကိုသောက်၊ သူ့လက်အောက်။ အရာတဖန်၊ သံထန်ပြန်လို့၊ မယ်ထံပါးသို့၊ ရောက်ခဲဖို့။ ဇောင်ပိုင်လည်းဆို၊ သံတွဲသူမှာ၊ ငိုလည်းငို။ သံတွဲသူ၊ ချစ်မျောက်သားဝေ၊ တပြည်ပြည်၊ တပြည်ကားကွဲ၊ မောင်တယောက်ကို၊ မကြောင့်ကြကဲ့။ ထပိန်တိုတောင်း၊ ရိုင်းသူမမှာ၊ ၀ါးနဒေါင်းနှင့်၊ စကားကိုထက်၊ ဘားဇီကိုပင်၊ ပန်းနီလာကို၊ မပြောချင်။ တဖဲ့ကေ၊ တဖဲ့ကိုမျှ၊ သံတွဲသူ၊ ငယ်မျောက်သားဝေ၊ မကြောင့်ကြကဲ့။ များများမကြာ၊ မြုံပြည်ရပ်မှာ၊ သုံးနှစ်တာ။ ဒန်းစိထိုက်ထံ၊ သံတွဲသူ၊ ငယ်မျောက်သားမှာ၊ ရွှီဖျာထက်မှာ၊ ပျိုးထားပြန်။ ဒန်းစိလည်းပေါက်၊ သံတွဲမြို့မှာ၊ မောင်လည်းရောက်ဖို့။ ဇောင်ပင်တရီး၊ သံတွဲသူ၊ ချစ်မျောက်သားမှာ၊ မယုံသီး။ မဟုတ်ကေလဲ့၊ သံတွဲသူ၊ ချစ်မျောက်သားဝေ၊ နှစ်ပါးစံပါယ်၊ ဒေါ်နှင့်မောင်မှာ၊ သစ္စာခွင်ကို၊ တက်ကတ်မည်။ ဒါးရှည်လှံရှည်၊ မညောင်းရှည်၊ ဒါးရှည်စုံမြောက်၊ ဒေါ်နှင့်မောင်၊ သစ္စာခွင်မှာ၊ မိုးကြိုးကျောက်နှင့်၊ ကျောက်ခုံးတိုင်၊ သံတိုင်အကြား၊ ဒေါ်နှင့်မောင်မှာ၊ သစ္စာထား၊ ကျောက်ခုံးတိုင်၊ သံတိုင်ကျိုးလည်း၊ ကျိုးလီပတ်စီ၊ မောင်ထွီးသစ္စာ၊ မြုံပြည်ရပ်မှာ၊ ပန်းနီလာနှင့်၊ မယွင်းပါ။ ဇောင်ပိုင်ပိုင်၊ ဇောင်ပိုင်လည်းဆို၊ ဒေါ်နှင့်မောင်၊ သစ္စာမောင်နှင့်၊ ထားလီရေ။ ဒန်းစိထိုက်တန်၊ ရွှီကျေက်ဖျာမှာ၊ သံတွဲသူမှာ၊ ပျိုးထားပြန်။ ခုနှစ်ကေရက်၊ သျှစ်ရက်စိလို့၊ ရွှီကျောင်းသခင်၊ အသျှင်နောက်က၊ တောင်မွိခြင်းခြင်း၊ ပန်းတံမင်းသား၊ လူလှမောင်မှာ၊ ယပ်တစင်းနှင့်၊ သပိတ်အိုးလိုင်လွယ်၊ ရွှီကျောင်းသခင်၊ အသျှင်နောက်က၊ မြုံပြည်အရပ်ကို၊ လိုက်ခရေ။ လားစိုင်လားစိုင်၊ လားငြားစိုင်၊ လားစိုင်တုံမြောက်၊ မြုံပြည်ရပ်မှာ၊ ဇီတေ့ရောက်တေ။ မြုံပြည်ရပ်မှာ၊ ဇီတေ့ရောက်ခါ၊ အကောက်တထောင်၊ ၀င်္ကပါ၊ သျှစ်သောင်းလေးထောင်၊ တည်လီရေ။ သဲဇာတီလည်း၊ တည်လီရေ။ ကျောက်ဂူဘုရား။ ခုနှစ်ပါးလည်း၊ တည်လီရေ။ ချောင်းကြီးလဟာ၊ မကူးသာ၊ ချောင်းငယ်ပျက်လက်၊ တန်းထားပျက်ကို၊ ဆင်လီရေ။ အတောင်သုံးဆယ်၊ တင်းခွန်ရှည်ကို၊ လွှင့်လီရေ။ များများမကြာ၊ ပန်းတံမင်းသား၊ ရွှီကျောင်းသခင်၊ အသျှင်နောက်က၊ မြုံပြည်ရပ်မှာ၊ သုံးနှစ်ကြာရေ။ သုံးနှစ်ကြာခါ၊ မြုံမင်းသမီး၊ အထွီးလှစွာ၊ နာမည်ထားကေ၊ ပန်းနီလာ။ နှမမယ်၊ မယ်လေလာခိုက်၊ မောင်လာဆိုက်၊ မျက်ရစ်လုံးဆုံ၊ ပန်းနီလာနှင့်၊ ပန်းတံမင်းသား၊ လူလှမောင်မှာ၊ မြုံပြည်ဈီးမှာ၊ ဇီတေ့ကြုံ။ မောင်ကိုယ်ကို၊ မောင်ကိုမြင်လို့၊ ကပြီကပြုံး၊ မြပ၀ါကို၊ သွားမှာဖုံး၊ ကပြုံးရယ်သွင်၊ မောင်ကိုမြင်၊ ပန်းနီလာမှာ၊ ရယ်မှုဆင်။ ကျီးကန်းရွီမှာ၊ တုတ်ကျာတကောင်၊ ကျသို့ယောင်၊ အသူ့ရင်သွီး၊ ပါးတံရင်းမှာ၊ ညှင်းယင်ပြီးကေ၊ အသူ့သွီးလဲ။ မောင်တာဒါ၊ မောင်တာလွတ်လွတ်၊ မယ်ကိုချစ်ကေ၊ မိစိုင်လာနှင့်၊ ဖစိုင်လာကို၊ ပြောပြလတ်။ ဇောင်ပိုင်ပိုင်၊ ဇောင်ပိုင်လည်းဆို၊ ပန်းနီလာမှာ၊ မီးလီရေ။ ဇောင်စကားကို၊ ကြားရေခါက၊ ပန်းတံမင်းသား၊ လူလှမောင်မှာ၊ ကပြီကပြုံး၊ မြပ၀ါကို၊ သွားမှာဖုံး။ ကပြုံးရယ်သွင်၊ မယ်ကိုမြင်ကေ၊ ရယ်မှုဆင်။ ငါပင်ကိုယ်တိုင်၊ မိစိုင်လာနှင့်၊ ဖစိုင်လာကို၊ မပြောနိုင်။ မိစိုင်လာနှင့်၊ ဖစိုင်လာကို၊ သိချင်ကေလည်း၊ ကျောင်းခြီတထောင်၊ ပိုင်ရေဘုန်းကြီး၊ မြတ်လေးလွန်းကြင်၊ ဂူတော်တိုက်မှာ၊ ရွှီကျောင်းသျှင်၊ အသျှင်ဘုန်းကြီး၊ သံစည်ကြောင်၊ ညောင်ညောင်တီး။ ဘုန်းကြီးမြတ်မွန်၊ နာမည်ကောင်းကေ၊ ၀ိဟာစံ။ ပန်းနီလာ၊ ချစ်သူမယ်ဝေ၊ ရွှီကျောင်းသခင်၊ အသျှင်မြတ်ကို၊ မိစိုင်လာနှင့်၊ ဖစိုင်လာကို၊ မီးကြည့်လီ။ ပန်းနီလာ၊ ချစ်သူမနီ၊ ရွှီကျောင်းသခင်၊ အသျှင်ထံကို၊ တက်ခရေ။ လက်ခြီဆယ်ချောင်း၊ ပန်းနီလာမှာ၊ ဆုံစွာပေါင်း။ လက်ကောက်ရုံ့တုံ၊ ကြာမုံအဆင်၊ ဆယ်ချောင်းလက်ကို၊ ဦးထိပ်တင်။ ကိုယ်ပင်ပင်၊ ကိုယ်ပင်ရိုကျိုး၊ ပန်းနီလာမှာ၊ အသျှင်မြတ်ကို၊ ရှိမိုးခိုးရေ။ ရွှီကျောင်းသခင်၊ အသျှင်လွတ်လွတ်၊ တပည့်မောင်၊ မိစိုင်လာနှင့်၊ ဖစိုင်လာကို၊ ပြောပြလတ်။ ရွှီကျောင်းသခင်၊ အသျှင်ခုဝေ၊ တပည့်မောင်၊ မိစိုင်လာနှင့်၊ ဖစိုင်လာကို၊ ပြောလီရေ။ အရှိမဏ္ဍိုင်၊ ကိုးမြို့ပိုင်၊ ရခိုင်ခိုင်၊ ရခိုင်မြို့စား၊ နန်းတောင်ညာမှာ၊ စံကာဖွားကေ၊ ဘုရင်သား။ ဆံထုံးကွင်းချွတ်၊ နဘီဝတ်၊ ချောမွတ်ရွှီရောင်၊ ရခိုင်မြို့မှာ၊ ပန်းတံမောင်ချင့်။ ဇောင်စကားကို၊ ကြားရေခါက၊ ပန်းနီလာကား၊ မောင်ဟိရာကို၊ လားလီရေ။ နဘေးဖြူ၊ ချစ်သူမောင်ဝေ၊ မယားလျာ၊ သားလျာမောင့်မှာ၊ ဟိရေလား။ မယားလျာ၊ သားလျာစမ်းလည်း၊ မြုံပြည်ရပ်မှာ၊ စမ်းခလေ့။ ဇောင်ပိုင်ပိုင်၊ ဇောင်ပိုင်စကား၊ ပန်းနီလာမှာ၊ ပြောလီရေ။ စကားကိုထား၊ ဘားဇီကိုပင်၊ ပန်းနီလာကို၊ မပြောချင်။ မပြောချင်လည်း၊ သူ့ဒါးကိုကိုင်၊ သူ့အပိုင်။ သူ့ရီကိုသောက်။ သူ့လက်အောက်။ မချစ်ကေလည်း၊ အောင့်ကာနမ်းရေ။ ဇောင်ပိုင်ပိုင်၊ ဇောင်ပိုင်ဆိုလည်း၊ ယခုတိုင်တိုင်၊ ပန်းနီလာ၊ ချစ်မျောက်သားဝေ။ မြုံပြည်ရပ်မှာ၊ မနီနိုင်။ ငါတာခုဝယ်၊ ရခိုင်မြို့ကို၊ ပြန်ရမည်။ ရခိုင်မြို့ကို၊ ပြန်ပြန်ကေလဲ့၊ နောက်နောင်တခါ၊ မြုံပြည်ရပ်ကို၊ ရောက်သောခါ၊ ပန်းနီလာ၊ ချစ်မျောက်သားကို၊ ထိမ်းမြားမည်ရာ။ ဇောင်စကားကို၊ ကြားရေခါ၊ ဇောင်ပိုင်တရီး၊ ပန်းနီလာမှာ၊ မယုံသီး။ ဥဒေါင်းတကောင်၊ အတောင်သတ်လို့၊ ငါရောက်ပြန်ကေ၊ မြုံပြည်ရပ်မှာ၊ တွန်လိမ့်မည်။ ဥဒေါင်းတကောင်၊ ထိုက်ထံပြီးကေ၊ ပန်းနီလာကို၊ အပ်လီရေ။ ဇောင်ပိုင်ပိုင်၊ ဇောင်ပိုင်တရီး၊ ပန်းတံမင်းသား၊ လူလှမောင်မှာ၊ ရွှီကျောင်းသခင်၊ အသျှင်မြတ်နှင့်၊ သုံးနှစ်စိကေ၊ တောင်မွိခြင်းခြင်း၊ ယပ်တစင်းနှင့်၊ သပိတ်လိုင်လွယ်၊ ရခိုင်မြို့ကို၊ ပြန်ခရေ။
သုံးနှစ်စိလည်း၊ သံတွဲသူမှာ၊ တနိတခါ၊ တလတခေါက်၊ ဒန်းစိပေါက်ကို၊ ကြည့်လီရေ။ ဒန်းစိလည်းပေါက်၊ သံတွဲမြို့ကို၊ မောင်လည်းရောက်မည်။ အသူလာရေ၊ သံတွဲမြို့က၊ ခွီးဟောင်ရေ။ ပန်းတံမင်းသား၊ လူလှမောင်၊ မောင်တာလာရေ၊ သံတွဲမြို့မှာ၊ ခွီးဟောင်ရေ။ သံတွဲသူ၊ မယ်တာမျက်စိ၊ ပန်းတံမင်းသား၊ မျောက်သားမောင်ကို၊ မြင်ခီမိ။ ဇောင်ပိုင်ပိုင်၊ ဇောင်ပိုင်ဆိုလို့၊ နှစ်ပါးစံပါယ်၊ ဒေါ်နှင့်မောင်၊ သံတွဲမြို့နှင့်၊ ရခိုင်မြို့မှာ၊ ၀ါးတလုံးမှာ၊ ကုန်းချင်းနံပြိုင်၊ အတူထိုင်၊ ရွှီလိုင်ကိုဆွဲ၊ ဒေါ်နှင့်မောင်ရို့၊ ပျော်ရမည်။ ပန်းတံမင်းသား၊ လူလှမောင်ဝေ၊ မိသအိုနှင့်၊ ဖသအိုကို၊ ခေါ်ပြီးကေလည်း၊ သံတွဲသူ၊ ချစ်မျောက်သားကို၊ ဆိုခလေ့။
(ပဒေ) = အခွင့်
(အဆက်ဟိပါသိမ့်သည်။ ၀တ္ထုမှာ ၀တ္ထုရှည်ဖြစ်ပါသည်။ ပီစောင်မှတဆင့်ကူးယူခြင်းမဟုတ်ပါ။ နှုတ်တိုက်ရွတ်ဆိုသည်ကို ပြန်ရွီးထားခြင်းဖြစ်ပါသည်။ ပီမူတိုက်ရိုက်မဟုတ်သော်လည်း ပီမူမှတဆင့်ကူးထားသောလက်ရွီးမူကို ထရီပူရတွင် ကိုယ်တိုင်မြင်ဖူးပါသည်။ ယခု လုံးချင်းဝတ္ထုအရွယ်အထူဟိပါသည်။ ပီင်္အဂါဆိုလျှင် အင်တန်များများဟိမည်ဟု ခန့်မှန်းရပါသည်။)
(ဂနိန့်ရခိုင်ပြည်ဘလော့မှ)
သို့
စာတည်းအဖွဲ့ ရခိုင်ရိုးမ မဂ္ဂဇင်း
အကျွန်ရေ ရန်ကုန်တက္ကသိုလ် သမိုင်းဌာနမှ နည်းပြ ဒေါ်မြနှင်းဝေဖြစ်ပါရေ။ အကျွန်မာန်အောင်ဇာတိပါ။ ရန်ကုန် တက္ကသိုလ်ကျောင်းသူ ဖြစ်တေဘ၀ကပင် ရခိုင်မြောက်ဦးကို အကျွန်အထူးစိတ် ၀င်စားခပါရေ။ အကြောင်း အမျိုးမျိုးကြောင့် မရောက်ဟိနိုင်ခပါ။ ၀ိဇ္ဇာဘွဲ့ရပြီးကေ မဟာဝိဇ္ဇာဆက်တက်ယင်းပင်၊ သမိုင်းဌာနမှာ နည်းပြ ၀င်လုပ်နိန်ခပါရေ။ ရခိုင်သမိုင်းကိုလည်း လက်လှမ်းမှီရေဆီလေ့လာပါရေ။ ဆရာသမားရို့၏ ကျေဇူးတရား ကြောင့် အကျွန်၏မဟာဝိဇ္ဇာဘွဲ့စာတမ်းရေ အကျွန်စိတ်ဝင်စားသော ချစ်မြတ်နိုးသော ရခိုင်သမိုင်းနန့် ပတ်သတ် တေ စာတမ်းမျိုးကို တင်ပြခွင့် ရလှာပါရေ။ ဌာနက ချပီးလိုက်တေစာတမ်းက “ ရခိုင်မိဖုရားရို့၏ ကိုယ်ကျင့်သီလ စောင့်ထိမ်းမှု ကိုယ်ရည်ကိုယ်သွေး” ဖြစ်ပါရေ။
ယင်းကိစ္စနန့်အကျွန်မြောက်ဦးကို ၁၉၉၄ ခု မတ်လဆန်းမှာ ရောက်လာပါရေ။အကျွန်ဘ၀မှာ အလွန်ပျော်ရွှင် တက်ကြွ ကြည်နူးဖို့ကောင်းရေနိ ရက်တိပါဗျယ်။ ကျောင်းနီဖက်တိ စာပီသမားတိ၊ ရှိဟောင်း သုတေသနဌာန၊ သမိုင်းသုတေသီတိက လိုအပ်စွာတိ အစစအရာရာကို ကူညီပီးပါရေ၊ ပညာရေးဌာနက လူကြီးတိကလေး မှတ်တမ်းတင်လောက်အောင် ကူညီပီးပါရေ။ အတိုသျှေပြောရကေ ကိုယ့်လူမျိုးအတွက် ကိုယ့်ဘ၀အတွက် မှတ်တိုင်လို့ပြောစမှတ် စာတမ်းတစောင် ဖြစ်လာအောင် လိုအပ်ချက်တိ အပြည့်အစုံရခရေလို့ အကျွန် ကိုယ့်ကိုယ်ကို ယုံကြည်ထားပါရေ။ မိမိ၏ စိတ်စေတနာ မှန်ကန်မှုကြောင့် ၀ိုင်းဝန်းကူညီပီးရေသူရို့၏ ကြီးမား သော ကျေးဇူးတရားကို ဇာခါလေ့သော့ မိဖို့မဟုတ်ပါ။လုပ်ငန်းတာဝန် ပြီးစီးရေ သင်္ကြန်နိတရက်မှာ ရတနာ့ မာန်အောင် ကျောင်းတိုက်၏တရားစခန်းဖွင့်ပွဲနှင့် ကြုံပါရေ။ ကြုံတောင့်ကြုံခဲ အခွင့်အခါတရပ်ပိုင် မှတ်ပြီးကေ ၊ မြောက်ဦးမြီ တရားစခန်းမှာ ၀စီပိတ် (၉)ရက်ဝင်ပါရေ။
ထေရ၀ါဒသာသနာထွန်းကားရေ ရခိုင်မြောက်ဦးခေတ်မှာ အဂုတရားစခန်းဖွင့်လိုက်ထားရေ ရတနာ့မာန်အောင် ၀င်းရေ တောင်ကိုးလုံးဝိုင်းရန်ထားပြီး အလွန်စိတ်နှစ်လုံး ငြိမ်းချမ်းရေနီရာ တစ်ခုဖြစ်ပါရေ။ တရားစခန်း ၀င်သူတိ ကတော့ စစ်တွေ၊ မြောက်ဦး၊ကျောက်တော်၊ မင်းပြားမြို့ရွာအနှံ့ကပါ။ အကျွန်နန့် အိပ်ရာချင်းကပ်လို့ အရီးဆိုကေ အသက်ခြောက်ဆယ်လောက်ဟိပါဖို့။ ထမင်းတ၀ိုင်းတည်းလည်းကျပါရေ။ ပြောရဖို့ဆိုကေ ရုပ်ဆင်းရူပါက အဆင်းအလွန်လှပခန့်ငြားရေ အရီးတယောက်ဖြစ်ပါရေ။ မျက်နှာရေ ရှင်းသန့်ပြီးငြိမ်းချမ်း နီပါရေ။ သန္တိရသကို ဆောင်ရေမျက်နှာမျိုးပါ။ အသားအရီဝင်းလို့ နှာတံသွယ်သွယ်မျက်လုံးမျက်ခုံး ကောင်းကောင်းနန့်ပါ။ တက္ကသိုလ် လောကမှာ လှပခန့်ငြားရေ အမျိုးသမီးတိ ဆရာမတိတွိဖူးပါယင့်။ အကျွန်ရို့ မာန်အောင်သူမတိလေ့ အလှမှာ နာမည်ဟိရေ အရပ်ဖြစ်ပါယင့်။ ယေကေလေ့ဒေအရီးနန့်တော့ လုံးဝယှဉ်လို့မရပါ။ တရားစခန်းပြီးဗျာလ်ဖြစ်လို့ စကားပြောဖြစ်ကတ်ပါရေ။ လေးမြို့ချောင်းဖျားကလို့ ပြောပါရေ။ စကားရှည်ရှည် ပြောချင်ပုံမရပါ။ အကျွန့်ကို သမိုင်းဌာနက ဆရာမသျှေတယောက်လို့သိရေခါ စကားတိ အရှည်ကြီးပြောဖြစ်ကတ်ပါရေ။ အကျွန့်စာတမ်း အားနည်းချက်တိကို ဖြည့်စွက်ပြုပြင်ပီးပါရေ။ ရခိုင်ရာဇ၀င်၊ မြန်မာရာဇ၀င်ကို ဆရာတဆူပိုင် နှံ့စပ်ကျွမ်းကျင် ပါရေ။ အကျွန်အချိန်ရကေ အရီးမနန့်လိုက်ချင်ရေ ပြောရေခါ၊ ခေါင်းခါပါရေ။ သူရေသာသနာ တော်၏ အဆုံအမအောက်က ယောဂီဖြစ်ကြောင်း လောကီကိစ္စများကို ကြိုးစားပြီး မိပစ်နိန်ကြောင်း၊ စကားအဆိုက်ကျလို့ ပြောခြင်းဖြစ်ကြောင်း ပြောပြပါရေ။
စခန်းကထွက်ဖို့နိ မိုးထအာရုဏ်တက်မှာ အကျွန့်ကိုနှိုးပြီးကေ သူနန့်လမ်းလျှောက်လိုက်ဖို့ ခေါ်ပါရေ။ ရတနာ့မာန်အောင်စေတီတော်ကို ကန်တော့ကတ်ပြီးကေ၊ အရီးမဘေးက အကျွန်လိုက်လာမိပါရေ။ရင်ထဲမှာ ထူးဆန်းမှု ခံစားမှုတခုပေါ်နီရေလို့ အကျွန်သတိထားမိပါရေ။ စကားမပြောဖြစ်ကတ်ပါ။ အရီးမရေ မြောက်ဦး ပန်းမြောင်းကာရီလမ်းကို ဖြတ်ပြီးကေ သကျမာန်အောင်စေတီတော်ကို သောတာပန် ဘီလူးနှစ်ယောက် စောင့်ရေ အနောက်ဘက်မုခ်က ၀င်ပါရေ။စေတီတော်ကို ရည်မှန်းပြီး လက်အုပ်ချီလို့အကျွန့်ရှိက လျှောက်ပါရေ။ အကျွန်လေ့ယင်းအတိုင်း လက်အုပ်ချီလို့ နောက်ကလိုက်ပါရေ။ နီရောင်အင်တန်လင်းနီပါဗျာ။
စေတီတော်ရှိမှာ ငြိမ်သက်တိတ်ဆိတ်စွာ ရပ်နိန်ပြီးကေ လက်ကိုအသာချလို့ အကျွန့်ဘက်ကို လှည့်လိုက်ပါရေ။
အရီးမရေ အကျွန်နန့်ရွယ်တူ ကမ္ဘာလောက်လှပရေ မိန်းမပျိုတဦး ဖြစ်နိန်ပါရေ။ သူရေနတ်သျှင်မယ်လို့ခေါ် ကတ်တေ သီရိသုမြတ်စွာ ဒေ၀ီဖြစ်ကြောင်း။ ဒေသကျမာန်အောင်စေတီတော်ကို သူနန့်မောင်တော်ကြီး သီရိ သုဓမ္မရာဇာရို့ ဒါယိကာ၊ ဒါယိကာမခံယူပြီး တည်ဆောက်ခကတ်ကြောင်း ပြောပြပါရေ။
သူအကျွန့်လက်ထဲကို စာတစောင်ထည့်ပီးလိုက်တေ။ ဒေစာကို ရခိုင်ပြည်သူတိအားလုံး ဖတ်နိုင်အောင်စီစဉ်ပီးဖို့ မောတ္တာရပ်ခံပါရေ။ အကျွန့်ကို ပြန်လီဖိလို့ပြောပြီးကေ သူပုတီးစိပ်ဖို့ကျန်ခပါရေ။
သီရိသုမြတ်စွာဒေ၀ီ၏စာကို အကျွန်ရခိုင်ရိုးမ မဂ္ဂဇင်းသို့ ပို့ပီးလိုက်ပါယင့် ဖော်ပြပီးနိုင်လိမ့်မယ်လို့ ယုံကြည်ပါရေ။
လေးစားလျှက်
မြနှင်းဝေ
မဟာဝိဇ္ဇာကျမ်း
(သမိုင်းဌာန ရန်ကုန်တက္ကသိုလ်)
ဝသုနြေ္ဒသျှင်မကိုတိုင်တည်ပနာ ဒေစာကိုရွီးပါ၏။
အေနိခါ အကျွန်ရေ မြတ်ဗုဒ္ဓသာသနာ၏ အဆုံအမအောက်မှာ သံသရာဝဋ်က လွတ်မြောက်ဖို့တခုကိုရာ အာရုံပြု ကျင့်ကြံအားထုတ်နိန်ပါရေ။ အကျွန်အတိတ်ကို မိန့်ထားပါရေ၊ ပစ္စုပ္ပန်ကိုတည့်တည့်ရှုပါရေ၊ ကုန်ခရေမိုးတွင်း တရက်နိမှာ ရခိုင်ကဗျာတပုဒ်ကို မဂ္ဂဇင်းတစောင်မှာ မမျှော်လင့်ဘဲဖတ်ရပါရေ။ အကျွန်မျက်ရည်ကို ထိမ်းလို့ မရပါ။ စိပ်ပုတီးလက်လွတ်ပြီး အကျွန်အချေတယောက်ပိုင် ငိုမိပါရေ။
သျှင်နာဂိန္ဒမော်ကွန်းကို
ထဘီစုတ်ပိုင်ဗြန်းခနဲဆုတ်
ရခိုင်ရာဇ၀င်မှာယုတ်ကန်ဆုံးမိန်းမ
ကိလေသာညွံတွင်းပုပ်မှာ
ပျော်ရင်းမြုပ် မြုပ်ယင်းပျော်
အော်---- နတ်သျှင်မယ် နတ်သျှင်မယ်
နင်ဖျက်လို့ပြည်ပျက် နန်းပျက်
ပြည်ပျက်ခရရေ ။
နှစ်ပေါင်း သုံးရာငါးဆယ်ပင်ကျော်လီပါဗျာလ်။ ထိုးအတိတ်ဘ၀၀ဋ်ကြွီးတိက အကျွန်ပြီးလို့မလွတ်ပါသိ။ အလိုက်သင့်ရေခါ အကျွန်ယှင်းပြချင်ပါရေ။ မျိုးချစ်ပြည်ချစ် စာပီပညာရှင်ရို့အကျွန့်ကို စကားပြောခွင့်ပီးကတ်ပါ။
အကျွန်ရေ ရခိုင်ပြည်သျှင် မင်းခမောင်းနန့် မိဘုရားကြီးရှင်ထွီးရို့၏ သမီးတော်ကြီးဖြစ်ပါရေ။ အကျွန့်အမိရေ ပဲခူးနန္ဒဘုရင်၏ သမီးတော်ပါ။ ချစ်သူမောင်တော်မင်းဟရီမှာ အမိကမိဘုရားသုပဘာဒေ၀ီ ဖြစ်ပါရေ။ အကျွန်နဲ့ မင်းဟရီရို့ရေ အဖတူအမိကွဲ ငယ်ကပင်ချစ်ကျွမ်းဝင်လာသူတိဖြစ်ပါရေ။ မင်းဟရီ အိမ်ရှေ့မင်းသား ဘ၀ကပင် အကျွန်ရို့ကို လက်ဆက်ပီးကတ်လို့ ချစ်ခင်ကြင်နာစွာ ပေါင်းသင်းနီထိုင်ကတ်ပါရေ။ အဖပြည်သျှင်မင်းခမောင် သီလွန်နတ်ရွာလားရေခါ၊ မင်းဟရီ ဘုရင်ဖြစ်လှာပါရေ။ ၁၆၂၄ ခုမှာပါ။ သီရိသုဓမ္မရာဇာဘွဲ့ကို ခံယူပြီးကေ အကျွန့်ကို သီရိသုမြတ်စွာဒေ၀ီဘွဲ့ ပီးပါရေ။
ယင်းအချိန်မှာ အကျွန်ရို့မျိုးဆက်သစ် ရတနာတိဖြစ်တေ မင်းစနီ၊ မန်ကြီးစွာနန့်၊ သမီးရွှေကြင်စွာ သုံးယောက် ဟိနီပါဗျာယ်။ မောင်တော်မင်းကြီးရေ ဘီးလောင်းတော် မင်းဗာကြီးလုပ်ခရေ မြို့တော်ကျုံး၊မြောင်း၊ ရီလှောင်၊ မစ္စင်း၊ ရင်တား၊ တံခါး၊ပြအိုး၊ တန်းဆောင်၊ပြသာဒ်၊ဇရပ်တံတား၊ ရီတွင်း၊ရီကန်၊ ဘုရားပျက်စီးယိုယွင်း နီစွာတိကို ပြုပြင်ပါရေ။ နန်းတက်စခါ အကျွန်ရို့မောင်နှံနှစ်ပါး သေလာဂီရိတောင်တော်စေတီကို လားဖူးပြီးကေ အရိယာသံဃာ ပုဂ္ဂိုလ်သူမြတ်တိကို အလှူကြီးပီးပါရေ။ အဉ္စနနဒီမြစ်ကမ်းက ဘိုးတော်မင်းဖလောင်း ပဉ္ဇင်းတထောင် ခံခရေ မြစ်ကမ်းမှာလေ့ အလှူကြီးပီးပါရေ။
မင်းခေါင်းရွှေဂူကျောင်းကို ဆောက်ပြီးကေ ရဟန်းသံဃာတိကို လှူဒါန်းခကတ်ပါရေ။ မာန်ငါးပါးထဲမှာ တပါးပါရေ သကျမဉ္ဇူလို့ခေါ်ရေ သကျမာန်အောင်စေတီတော်ကို တည်ထားကိုးကွယ်ပြီး ဒါန၊သီလ ဘာဝနာ ကုသိုလ် ကောင်းမှုမှာ အကျွန်ရို့မွေ့လျှော်နီခပါရေ။ “ ဘ၀ဆက်တိုင်းမှာ မောင်တော်နန့် ဆုံရပါလို၏။ နိဗ္ဗာန်ကူးကေတောင် တူတူကူးရပါလို၏” လို့ အကျွန်ဆုတောင်းခပါရေ။ မောင်တော်မင်းဟရီရေ ရုပ်ရည်ချောမော့လှပပြီးကေ စိတ်နှလုံးပျော့ပျောင်းသိမ်မွေ့သူပါ။ေ ဗဒင်ယတြာတိကို အလွန်အ ကျူးယုံကြည်ဗျာယ် အြေ မှာက်ကြိုက်ပြီးကေ သာ ပေါင်းညာစားတိကို ယုံ လွယ်စွာ အားနည်းချက်ဟိသူပါ။သူယုံဗျာယ်ဆို ကေ ပြောပြလို့လည်းနား မ၀င်ပါဗျာလ်။ မင်းဖြစ်စမှာ ကမ္ဘာလောက်ကောင်းပါရေ။နောက်ပိုင်းမှာ အကြံသမား၊လုပ်ကြံရေးသမားတိထောင်ချောက်မှာ ကျရလီပါရေ၊ ကိလေသကာ မဂုဏ်ကိုလဲ လွန်ကျူးတ ပ်မက်လာပါရေ။ သဘာဝလွန်ရေဆီးဝါးတိ ဘုရားရဟန္တာ တိက ဆန့်ကျင်ရေ ဆီးဝါးတိကို လိုက်စားယြုံ ကည်လှာရေ။ မင်းကျင့်တ ရား ဆယ်ပါးနှင့်မညီ၊ြ ပည်သူပြည်သားရို့ အသက်စည်းစိမ်ကို မစောင့် ရှောက်တေမက သတ်ဖြတ်စော်ကားလှာပါရေ။ အကျွန် သူ့အပေါ်သြဇာမဟိပါ။ ရခိုင်မိဖုရားတပါးစွာ သျှင်ဘုရင်အပေါ်မှာ ဇာ ပြောပိုင်ခွင့်ဟိပါဖို့လဲ။ အကျွန်ရို့က မိန့်မပါရာ သူ့ဘေးမှာ အ တိုင် ပင်ခံ အမတ်ကြီးတိဟိပါရေ။ သူရို့နန့်တိုင်းရေးပြည်ရာကို စီ မန်ခန့်ခွဲကတ်ပါရေ။ အ မတ်တိထဲမှာ အဓိကကျရေ လူတိက ပညာဟိအမတ် သစ်တက် ငလက်ရုံးနန့်လောင်ြး ကက်စား ကုသလပါ၊ ငလက်ရုံးက နန်းရင်းဝန်ကြီြး ဖစ် ပြီးကေ ကုသလစွာ ကို ယ်ရံတော်တပ်ကိုကြီးကြ ပ်တေ တပ်မှူးကြီးဖြစ်ပါရေ။ အမတ်ကုသလရေ ဘုရင် မ င်းဗာကြီးညီကဆင်းလာရေလူ၊ မင်းဗာကြီးမြစ်ဆိုပြီးကေ နန်းတွင်းမှာ သြဇြာ ကီးပြီး တွင်ကျယ်ပါရေ။ေ ဗဒင်ယတြာအင်းအိုင်တိကို ကျွမ်းကျင်လို့ လေးစားရရေပိုင် ကြောက်လဲကြောက်ရပါရေ။ သူနန့် ငလက်ရုံးကြားမှာ ပြိုင်ဆိုင်မှုပဋိပက္ခဟိပါရေ။ အကျွန်ကတော့ နှဖူးကျင်းထိပ်ကျင်း နှာရောင်ကောက်ကောက် နှုတ်ခမ်းတွဲတွဲနန့် ဒေ၀ါကြီးကုသလကို ကြည့်လို့မရပါ။ ဒေ၀ါကြီးရေ ကောက်ကျစ်ယုတ်မာရေ အကြံသမားလို့ အစကတည်းက ထင်မိပါရေ။ အကျွန့်မောင်တော်၏ အားနည်းချက်တိကိုဖိနင်း၊ စိတ်ဓါတ်ကိုဖျက်ဆီး၊ တိုင်းပြည်ကို သွီးလန့်အောင် လုပ်ပြီးကေ၊နောက်ဆုံးမောင်တော် မင်းဟရီကို လုပ်ကြံသတ်ဖြတ်လားရေ မဟုတ်ပါလား။ နောက်တက်လာရေ သားတော်မင်းစနီလက်ထက်မှာ ဘုရင်မင်းပြည်ရေးပြည်ရာ အတိုင်ပင်ခံအဖွဲ့မှာ ကုသလ ပိုလို့ သြဇာအာဏာဟိလာပါရေ။ အမတ်ကြီးငလက်ရုံးကို သူဖယ်ထုတ်လိုက်ဗျာယ် မဟုတ်ပါလား အကျွန်က တော့ တခုလည်းပြောရေး ဆိုခွင့်မဟိရေ မဆမမိဖုရားပါရာ။ ငကုသလနဲ့သူ့တပည့်ဟူရားတတ် ရဲထွဋ်ရို့ အကျွန့်သားကို ထပ်ပြီးသတ်လိုက်ကတ်ပါရေ။ ရခိုင်နန်းတွင်းမှာ အမတ်ကြီးလေ့သူ၊ နန်းရင်းဝန်ကြီးလည်းသူ၊ ကိုယ်ရံတော်တပ်မှူးကြီးလည်းသူ၊ ကျန်ရေလူတိက သူ့လူတိနန့် အကျွန်ရို့ တော်ဝင်နန်းမျိုးဆက်တိပါ။ သူ့အတွက်နောက်ဆုံးပန်းတိုင်နန့် နောက်ဆုံးဆူးတိ ငြောင့်တိကိုသူမြင်ပြီးသား ပညာတတ်သလောက် ကောက်ကျစ်ရက်စက်မှု ကမ်းကုန်ရေအမတ်ပါ။ ရခိုင်နန်းတွင်းမှာ အမတ်ပညာဟိရို့ ကြီးစိုးပါရေ။ အကျွန်ရို့ မိဘုရားတိစွာ စစ်ဘုရင်ခုံထက်က နတ်ရုပ်သျှေတိပါရာ။ အကျွန်ရို့တခုလည်း သြဇာမဟိပါ။ ဘုရင်မြှောက်တေခါ နန်းတော်ပညာဟိ အ၀ိုင်းအ၀န်းက ငကုသလနန့်ရာတန်ရေလို့ ထောက်ခံကတ်တေ မဟုတ်ပါလား။ ဇာသူထလို့ ကန့်ကွက်ခပါလေ။ နန်းတော်ကို ငကုသလက သူ့ခါးပိုက်ထဲကတပ်နန့် နင်းထားစွာကိုသိလို့ ခေါင်းညိတ်ခကတ် တေ။ ရခိုင်သမိုင်း ပျက်ရလီပါဗျယ်။
ရခိုင်တော်ဝင်ထုံးတန်းစဉ်လာအရ မြောက်ဦးထီးနန်းကို အကျွန်မပိုင်ပါ။ အကျွန်ငကုသလကို နန်းအပ်လို့ ရပါဖို့လား။ နန်းတော်က အတိုင်ပင်ခံအဖွဲ့က အကျွန့်ကိုပိုင်ပါရေ။ ဘုရင်လို့မြှောက်တေလူစွာ မုဒိမ်း၊ဓါးမြ၊ အနူဖြစ် ကေလေ့ကိုယ့်ဘ၀ကို ကိုယ်မပိုင်ရေဘ၀မှာ ရွီးစရာလမ်းမရှိပါဗျာယ်။ လုပ်ကြံရေးသမား မိစ္ဆာကောင် ငကုသလ ရေ အမြင်လှဖို့အတွက် မိဖုရားခေါင်ကြီးဟောင်း မင်းမျိုးမင်းနွယ်အစစ် နတ်သျှင်မယ်ကို မိဖုရားမြှောက် တေ။ ဇာလောက်နတ်ယောင်ကား ကောက်ကျစ်လေ။ စဉ်းစားကြည့်ကတ်ပါဖိ။ အကျွန်သိပါရေ မောင်တော် မင်းဟရီကို ငကုသလရေ ရိုးသားရေလူမဟုတ် သတိထားဖို့ ပြောဖူးပါရေ။ သူမယုံ။ အခုအားလုံး ပျက်စီးရပါဗျယ်။ ကိုယ့်ဝမ်းနန့်လွယ်မွီးရရေ သားကိုတောင် နန်းတွင်းအမိန့်မရလို့ မသင်္ဂြိုလ်ရရေဘ၀ ။ သူရို့အမိန့်ရမှ သင်္ဂြိုလ်ရရေ ဘ၀ ။ လင်သီသားသီလို့မကျီသိ။ လူသတ်ကောင်နန့် လက်ထပ်ရရေ ရခိုင်မိဖုရားတပါး၏ နှလုံးသားဝေဒနာကို တစိသျှေလောက်ရာ မျှဝီလို့ခံစားကြည့်ကတ်ပါ။ ထီးနန်းကိုရရေခါ ခွီးပါးစပ်က နတ်စကားထွက်ဗျယ် သမိုင်းကို လိမ်ပါရေ။ လင်ကိုမတွယ် သားကိုမခင်ရေမိန်းမ၊ ငါနန့်ပေါင်းကေ ထိုအကျင့်ပျောက်ဖို့ မဟုတ်၊ ငါ့ကိုလည်း ပြစ်မှားဖို့ ဆိုရေလို့ ငကုသလက ပြောရေဆိုပါကာ။ ယုံကတ်ပါလား။ ငကုသလရေ မင်းရူး၊ အာဏာရူး၊ လုပ်ကြံ ရေးသမားပါ။အကျွန့်လင်ကိုသတ်၊သားကိုသတ်၊ဆွေတော်မျိုးတော်တိကို ပြုန်းအောင်သတ်ခရေလူပါ။ တတိုင်း ပြည်လုံး ငါးပါးမှောက်အောင် လုပ်ခရေလူပါ။ စကားအမျိုးမျိုးပြောပြီးကေ အလွန်ကောက်ကျစ် စဉ်းလဲရေလူပါ။ သူ့စကားကိုယုံကတ်ပါလား။ တိုင်းသူပြည်သားရို့ အကျွန်ဘက်က ၀င်ပြီးစဉ်းစားကြည့်ကတ်ပါတချက်။ မျှမျှ တတစဉ်းစားဖို့ အကျွန်အနူးအညွတ် တောင်းပန်ပါရေ။
မင်းဖြစ်တေခါတော့ ဆရာတော်ကြီးတိ အဆိုအမိန့်ကို နားထောင်ပြီးကေ ရင်ရိုးတော်၊နံရိုးတော် စေတီနှစ်ဆူကို ပြောင်းတည်ပါရေ။ သမိုင်းမှာတော့ ဘုရားတကာလို့ရွီးဖို့ထင်ပါယင့်။ အကျွန့်အဖြစ်ကို ရရိုးသျှေတခုပြောပြပါမေ။ ကွယ်လွန်ရေ(သူသတ်ပစ်တေ) မင်းတရားကြီး သီရိသုဓမ္မရာဇာမှာ ရွှေရေးဆောင်မိန်းဖုရားနန့် သူ့လက်ရင်း တပည့်အမတ် သံတောင်စားငတုံးညို သင့်မြတ်နီကတ်တေလို့ နန်းတွင်းမှာသတင်းပြန့်ထွက်လာပါရေ။ ယေခါ ငကုသလရေ ဆရာတော်ကြီးတိကို နန်းတွင်းသို့ပင့်ပြီးကေ မင်းမိဖုရားနန့် သာမန်မူးမတ်ပြည်သူရို့ အိမ်ထောင် ပြုလို့ရပါဖို့လားလို့ လျှောက်မီးပါရေ။ ဇာလောက်ထိ နတ်တေဆိုစွာ စဉ်းစားကြည့်ကတ်ပါဖိ။ သူအမတ်ကြီး လုပ်ခရေလူပါ။ အေယှင့်ဇာသဘောပါလေ။ သျှင်ဘုရင်ကိုသတ်ပြီး သျှင်ဘုရင်မယားကို မိဘုရားမြှောက်ပြီး ယူခရေ ကျွန်အမတ်ဆိုစွာ ငကုသလသူကိုယ်တိုင်မဟုတ်ပါလား။ ရခိုင်ရာဇ၀င်မှာ အကောက်ကျစ်ဆုံးလူပါယေ။ ယင်းအချိန်မှာ အကျွန်က ကျောက်အုဋ်တံတိုင်း ကာထားရေ၀င်းထဲမှာတောင် အပိတ်လှောင်ခံထားရပါဗျယ်။ အကျွန်ကျေနပ်ပါရေ တံကျင်ထိုးလို့သတ်ပစ်ကေလေ့ ကျေနပ်ပါရေ။
အကျွန်ရေ အမျိုးသီလစောင့်ထိမ်းရေ သာဂီဝင်မျိုးနွယ်ပါ။ ကုသလပိုင်လူနန့် နန်းတော်ကလက်ဆက်ပီးကေလေ့ သွီးဆက်ဖို့အကျွန် လုံးဝငြင်းဆန်ပါရေ။ အမှန်ပြန်စဉ်းစားရေခါ သူ့အတွက်စွာရေ သဘာဝကျပါရေ။ သူ့ကိုအကျွန် လုပ်ကြံသင့်ပါရေ။ အကြံသမားကတော့ခါ ကွက်ကျော်မြင်လို့ အကျွန့်ကို နန်းတွင်းကထုတ်ပြီးကေ အကျဉ်း ချထားရေ။ ယင်းဘ၀က ပိုလို့မြတ်ပါရေ။သွီးပေနီရေ ရခိုင်နန်းတွင်းမှာ အကျွန်မခြီပါဗျယ်။
သီခါနီးမှာတော့ အကျွန့်ကိုမှာရေ သူရူးခမက်ခရေ မင်းစည်းစိမ်ဆိုစွာ ဇာအဓိပ္ပါယ်ဟိပါသိလေ။ သူကျူးလွန်ခရေ ပြစ်မှုတိအတွက် နောင်တရနီပါဗျယ်။ သူအကျွန့်ကို စကားပြောချင်မှာချင်ရေ။ သူခွန်အားလျှော့နီပါဗျာယ်။ သွီးဆုတ်လားဗျာယ်။ ရခိုင်ရာဇ၀င်မှာ သူရေဇာလောက်ကောင်းကျိုး ပြုနိုင်ခပါလေ။ အကျွန်ရေ ဘုရားရှင် သာသနာတော် အဆုံးအမမှာ ငါးပါးသီလမြဲရေ ရခိုင်မင်းသမီးပါ။သူ့အတွက် အကျွန်အမျှဝီပါယင့်။ နိဗ္ဗာန်မ ရောက်ခင် သံသရာ၌ကျင်လည်ရသမျှ ဘ၀အဆက်ဆက်မှာ ဒေလူယုတ်မာတိနန့် မတွိကြုံရပါလို၏။ အမျိုးသီလ စောင့်ထိမ်းထားသောရခိုင်မြီမှာ ဒေလူယုတ်မာတိ မမွီးပါစီကေ့လို့ ယင်းနိန်ရာမှာ ဆုတောင်းမိန့်ခပါရေ။ အကျွန့်မှာရာ ဖြီမရယှင်းမရ စွပ်စွဲချက်တပုံနန့် ကျန်ခပါရေ။ ပဒေသရာဇ် မင်းယောင်္ကျားရို့ အာဏာလုပွဲမှာ အကျွန်ညှပ်ပြီး ပါလီရပါရေ။ အကျွန့်ဘ၀ ပျက်တေပိုင် မြောက်ဦးရွှေနန်းတော်ကြီးသွီးစွန်းလို့ ယိုယွင်းပျက်စီးစွာ ကိုလည်း အကျွန်မျက်စိနန့် မြင်လိုက်ရပါရေ။ ရခိုင်သမိုင်းကို ပထမဆုံးစတင်ဖျက်စီးသူရေ မင်းရူး၊အာဏာရူး၊ လုပ်ကြံရေးသမား ငကုသလ အကျွန်စက်ဆုပ်ရွံရှာဆုံးလူပါ။ အကျွန့်အဖို့ အကျွန့်လင်ကိုသတ် သားကိုသတ် ဆွေတော်မျိုးတော်တိကို သတ်တေလူနန့်ရာ အကျွန့်ကို ယိုးစွပ်ကတ်တေ အကျွန်ဇာပိုင်ခံစားရဖို့လဲ တချက်သျှေ စဉ်းစားကြည့်ကတ်ပါ။ ထိုလူဒေလူရွီးရေ ရာဇ၀င်မှာပါတိုင်းလည်းမယုံပါကဲ့။ ဥာဏ်ပညာနှင့် ချင့်ချိန်စဉ်းစား ကတ်ပါ။ ရာဇ၀င်ထဲကနတ်သျှင်မယ်ရေ အမျိုးသီလကိုစောင့်ရေ၊ ကိုယ့်တိုင်းပြည်ကိုချစ်တေ သစ္စာတရားကိုမြတ် နိုးရေ ရခိုင်မိဖုရားတပါးပါလို့ရခိုင်အမျိုးသား အမျိုးသမီးများအပေါင်းရို့ သိကတ်ပါ။
ရခိုင်ပြည် အီးချမ်းသာယာပါစီ၊ ဖီးကင်းပါစီ၊နတ်ကောင်း နတ်မြတ်ရို့ ရခိုင်ပြည်ကို စောင့်ရှောက်ပါစီ။
မြတ်စွာသာသနာတော်
ထွန်းကားတည်တံ့ပါစီ။
(သီရိသုမြတ်စွာဒေ၀ီ)
မောင်ခိုင်အောင်
(ရခိုင်ရိုးမ မဂ္ဂဇင်းမှ ကူးယူဖော်ပြသည်။)
(ဂနိန့်ရခိုင်ပြည်ဘလော့မှ)