“အမှောင်ကိုခွင်း၊ အလင်းကိုဆောင်၊ ရခိုင်အလင်းရောင်။” စာပီမြင့်မှ လူမျိုးမြင့်ရေ။ စာပီပျောက်ကေ လူမျိုးပျေက်တေ။ ရခိုင်လူမျိုးလွတ်လပ်ချင်ကေ ရခိုင်စာကို အယင်သင်ကတ်။
ကျွန်တော်ရို့၏ “အမှောင်ကိုခွင်း၊ အလင်းကိုဆောင်၊ ရခိုင်အလင်းရောင်”ဘလော့သည် အိန်တာနက်ထက်မှာ တက်လာသမျှ ရခိုင်ဘာသာနန့် ဆောင်းပါး၊ကဗျာ စသည်တိကို ရှာဖွီတင်ဆက်ဖို့အတွက် စမ်းသပ်ပြုလုပ်နိန်ပါသည်။ လိုအပ်ချက်တိဟိပါက c'box မှာအမှာစာရေးထားခကတ်ပါ။ အတတ်နိုင်ဆုံး အကောင်းဆုံးဖြစ်အောင် ကြိုးစားနိန်ပါသည်။ ဆက်သွယ်ချင်ပါက alrevelation@gmail.com ကိုဆက်သွယ်နိုင်ပါရေ။

“မင်းနှလုံးသားနန့် ငါ့ခန္ဓာ”

ဖဲသာမပီးရတိုင်း
ထ ထ ဟောင်တတ်တေ ခွီးပိုင်
တ၀ီဝီအော်နိန်ရေ ဆောင်းလီပြင်းနန့် 
လေးဖက်လေးတန်က အအီးဓါတ်တိ
ဟဲလ်ဗီးမက်တယ်လ်တေးခြင်းကို ဆိုပနာ
တလားကနိန်ရေ ညဥ့်
ငါ့ရင်ဘတ်က
မင်းကို လွမ်းနိန်ရေ လခြမ်းချေ …….။

နာမေမပီးရသိမ့်ရေ အနာဂတ်
ကုန်းရီစုတ်နိန်ရေ ပစ္စက္ခနန့် 
ဘ၀ကို ကြိုးညှိပနာ တီးကြည့်ရေ
တခုအသံလေ့ ထွက်မလာ
ယကေလေ့ မင်းကို ငါ လွမ်းရေ လခြမ်းချေ…….။

မင်းအသံကို ကြားကေပင်
ငါ့သွီးကြောမျှင်တိ အသက်ဝင်
ရိုးမရင်ပြင်က မင်းအလှ
စိတ်ကူးထဲမှာတောင် ကြည့်မဝ
လွမ်းနိန်ရရေ လခြမ်းချေ…….။

ရပ်ဝီးမြီခြား
ရာသီဓလေ့သစ်တိကြားမှာ
မင်းနှလုံးသားနန့် ငါ့ခန္ဓာ
မင်းအိမ်မက်နန့် ငါ့ကဗျာ
မင်းခြီရာနန့် ငါ့အတိတ်
အငိုမတိတ်သိမ့်ဝေ လခြမ်းချေ…….။


ဝံလက်ညို (ရိုးမ၀တီ်)

(အနာဂတ်လှိုင်းဘလော့မှ)

0 မှတ်ချက်:

“အမှောင်ကိုခွင်း၊ အလင်းကိုဆောင်၊ ရခိုင်အလင်းရောင်” ဘလော့ကို တမင်တကာလာကတ်တေဖြစ်စီ၊ လမ်းမှားလို့ရောက်လာကတ်တေဖြစ်စီ ကျွန်တော်ရို့ “ရခိုင်အလင်းရောင်” မိသားစုမှ အထူးပင်ကျေးဇူးတင်ပါရေ။ နောက်ထပ်လည်း လာလည်ကတ်ပါလို့ ဖိတ်ခေါ်ပါရေ။