နှစ် နှစ်ရာကျော်
အလင်းချေတစက်
မမြင်တွီ့ ခရ…….၊
ဒေကောင်းကင်ကြီးက
အမှောင်ထဲမှာ
အမဲရောင်မိုးတိ ရွာချ…..၊
ဒေနံရံတိက
အနက်ရောင်ဆီးသားတိ
မွမ်းမံချယ်သ ….၊
ဒေဂျောင်ချေထဲမှာ
ငါ့ဘ၀က ငါ့ကိုမသိ
ငါ့အသိစိတ်က ငါ့ကိုမမြင်
ငါ့ရင်ဘတ်က ငါ့ကိုမချစ်
နွံနစ်နိန်ရဗျာယ်ဝေ……၊
လူဆန်ရေ အကြင်နာတရား
မကြားဖူးစွာ ကြာလို့ 
အဘိဓါန်ထဲမှာတောင်
ယင်းစကားလုံးမဟိလိုက်ဗျာယ် ……၊
ထောင့်ပေါင်းစုံက
ဖိနှိပ်ပိတ်ဆို့ သွီးစုပ်ရက်စက်ခြင်းတိ
အညာရီပေါက်တေပိုင် တိုက်စား
မတန့် တမ်းစီးဆင်းလားနိန့် ယင့် ……၊
ယကေလေ့
တူရေဒုက္ခ
ကိုယ်စီကိုယ်ငှနန့် 
ငါရို့ တိ …. ငါရို့ တိ
လက်ချင်းထပ်ပနာ
အလင်းရှာကတ်မေ………..၊
ယုံကြည်ခြင်းရင်ပြင်ထက်မှာ
နှလုံးသားအလင်းဟိစွာ ကျိန်းသီရေ။ ။ ။
ဝံလက်ညို(ရိုးမ၀တီ)
၁၅၊၁၊၂၀၀၉
(အနာဂတ်လှိုင်းဘလော့မှ)
Subscribe to:
Post Comments (Atom)
0 မှတ်ချက်:
Post a Comment