“တိမ်မယောင်နက်
လွယ်မယောင်ခက်”လတ်
ငါ့ဘဝခရီးလမ်းမှာ
သေချာနိန်ရေအရာတိကလည်း
လွဲချော်လားခရဗျာယ်…။
နှစ်ပေါင်းများစွာကြာအောင်
စောင့်စားလို့မျှော်လင့်ခရရေအရာတိ
နှစ်ပေါင်းများစွာ
ဝီးကွာခပြီးရေနောက်မှာ
တမြီတည်းမှာ နီးနိန်ကေလေ့
“နီးလျှက်နှင့် ဝီနိန်ရရေဘဝနန့်”
တွိ့ဆုံဖို့ဆိုစွာလည်းနတ္ထိ
ယကေလေ့..
ငါ့က မင်းကိုဆက်ပြီကေ
ချစ်နိန်တုန်းသိမ့်ပါဝေး…။
ငါ့က မင်းကို
အယင်ကမပြောဝံခရေ
ရင်ထဲကစကားတိကိုလည်း
ပြောထားခချင်ရေ…။
တချို့ကပြောကတ်တေ
“ကမ္ဘာကြီးက အကျိုင်းချေ”လတ်
ယကေလေ့..
လက်တွိ့အခြေအနီမှာ
ငါ့ဘဝနနန့်က
တခြားစီပါဗျာယ်…။
မင်းဟိရေနီရာကို
ငါရောက်နိန်ကေတောင်မှ
မင်းကိုတွိ့ခွင့်မရရေဘဝမှာ
အေနီရာ အေဒေသက
ငါ့ထွက်ခွာလားရေနောက်မှာ
နောက်ထပ်တကြိမ်
ပြန်ပနာတွိ့ဆုံဖို့ဆိုစွာက
ဇာပိုင်ဖြစ်နိုင်ပါဖို့လဲဝေး…။
......................
(မောင်တောရောက်အမှတ်တရ)
၁၄-၅-၂၀၀၇
(ကျော်ဒိုင်ယာရီဘလော့မှ)
0 မှတ်ချက်:
Post a Comment