အမင်...
မလိမ္မာခ အချေဘဝက
ရွာမှာဆိုးနိန် မာန်ကိုတည်လျှက်
အမင်အချစ် သားလူမိုက်ကြောင့်
ငိုကြီးပူဖြာ ဝမ်းနည်းစွာနန့်
အမင်မျက်နှာ ငယ်ခရေ။
အမင်...
အမင့်ရင်သွီး လူမိုက်လေးကို
ယည်ကျေးလိမ္မာ ဟိစီငှာဟု
များစွာပြုပြင် အမင်သင်လည်း
သွင်သင်မရ လက်မှိုင်ချဗျာယ်
အမင်သောက ဖြစ်ခရေ။
အမင်...
ဟို...အချိန်ခါက
ရွာမှလူများ အမင်သားကို
ယှောင်ဂတ်ပါလီ လူမိုက်ငယ်ဟု
ဘေးမှာချန်ထား ပြောစကားနန့်
စိမ်းကားစွာနန့် ပြောပြန်ကြလည်း
သားလှအမင် ပြစ်မမြင်ဘဲ
အမင်မေတ္တာ လပိုင်သာခ။
အမင်...
အချိန်ကာလ ရောက်လာကလည်း
ရွာမှထွက်ခွါ ရက်လကြာညောင်း
နှစ်တိပြောင်းသော်
ငယ်ကြောင်းပြန်တွေး သားမိုက်ကြွီးကို
ပီးဆပ်ဖို့ရန် စိတ်အားသန်လို့
သာသနာဝန်ထမ်း ကျောင်းတော်လမ်းသို့
ခြီလှမ်းဦးတည် သားလားနိန်ဗျာယ်
သာသနာချစ်အား အမင်သားမှာ
သာမနေဖြစ် ဂေါင်းကိုရစ်၍
အမင်အကြိုက် ဘဝသစ်မှာ
မိုက်ပြစ်လျော့ပြယ် ပီးဆပ်နိန်ဗျာယ်
အမင်ဂုဏ်ယူ ပါလီဖိ။
..................
၁-၇-၂၀၀၂
(ကျော်ဒိုင်ယာရီဘလော့မှ)
0 မှတ်ချက်:
Post a Comment