“အချစ်ဆိုစွာ
ပန်းရိုင်းပွင့်တိပိုင်
နိန်ရာတိုင်းမှာ
ပွင့်တတ်ကြရေ”ဆိုကေလေ့
ငါ့ရင်ထဲက အချစ်ပန်းတိက
မင်းနှလုံးသား ဥယျာဉ်ထဲကလွဲပြီး
ဇာနိန်ရာမှာမှမပွင့်ခရေပိုင်
နောက်ထပ်လဲ
ဇာဥယျာဉ်ထဲမှာမှ
ပွင့်လီဖို့စွာမဟုတ်ပါ...။
မမြင်နိုင်ကေလေ့
ခိုင်မာစွာနန့်နှောင်ဖွဲ့ထားရေ
သံယောဇဉ် နှောင်ကြိုးတိကို
ငါ ဖြီလို့မရပါဗျာယ်....။
ယင်းအတွက်ကြောင့်လဲ
လူတိကတိတ်ဆိတ်
ကြယ်ချေတိကကြွီ
အမှောင်တိနန့်ပြည့်လျှံနိန်ရေ
အ,ကာလမှာ
ငါက..
မင်းကိုလွမ်းလို့
တယောက်တည်းထိုင်ပြီး
ငိုချိုက်နီရေအသံတိကို
မင်းကတော့ခါ
ကြားနိုင်ဖို့မဟုတ်ပါ...။
မင်းကိုသတိရတိုင်း
မင်းပီးထားရေဓာတ်ပုံတိကို
ကြည့်လိုက်ရေအခါ
အပြုံးတိဝီနိန်ရေ မင်းကို
ငါမြင်လိုက်ရလို့
ငါ၏ အလွမ်းညဥ့်တိအတွက်
မင်းအပြုံးက
ငါ့ကို နှစ်သိမ့်စီလီရေ...။
အသွင်မတူလို့
အတူမနီရရေဘဝမျိုးနန့်
ငါဇာလောက်ထိ
မင်းကိုလွမ်းရဖို့သိမ့်လဲ
ချစ်သူချေ....။
...............
24-6-2009
2:15 pm
(ကျော်ဒိုင်ယာရီဘလော့မှ)
0 မှတ်ချက်:
Post a Comment