“အမှောင်ကိုခွင်း၊ အလင်းကိုဆောင်၊ ရခိုင်အလင်းရောင်။” စာပီမြင့်မှ လူမျိုးမြင့်ရေ။ စာပီပျောက်ကေ လူမျိုးပျေက်တေ။ ရခိုင်လူမျိုးလွတ်လပ်ချင်ကေ ရခိုင်စာကို အယင်သင်ကတ်။
ကျွန်တော်ရို့၏ “အမှောင်ကိုခွင်း၊ အလင်းကိုဆောင်၊ ရခိုင်အလင်းရောင်”ဘလော့သည် အိန်တာနက်ထက်မှာ တက်လာသမျှ ရခိုင်ဘာသာနန့် ဆောင်းပါး၊ကဗျာ စသည်တိကို ရှာဖွီတင်ဆက်ဖို့အတွက် စမ်းသပ်ပြုလုပ်နိန်ပါသည်။ လိုအပ်ချက်တိဟိပါက c'box မှာအမှာစာရေးထားခကတ်ပါ။ အတတ်နိုင်ဆုံး အကောင်းဆုံးဖြစ်အောင် ကြိုးစားနိန်ပါသည်။ ဆက်သွယ်ချင်ပါက alrevelation@gmail.com ကိုဆက်သွယ်နိုင်ပါရေ။

အထွီးချေအတွက်

မင်းကိုသတိရ၊ လွမ်းဆွေးစိတ်က
ငါ့ရင်ထဲမှာ ပြည့်ဝှန်နိန်လို့
ငါ့ရင်ထဲမှာ မွန်ကျပ်စွာနန့်
အိပ်မရညည့်တိဆိုစွာလည်း
မဆန်းပါဗျာယ်ဝေး…။

အစကပင်
မင်းနန့်ငါ မတွိ့ခဆိုကေ
ငါ့ဘဝမှာ
အချစ်ဆိုရေ ပန်းချေတိလည်း
ပွင့်လာဖို့မဟုတ်စွာပိုင်
အဂုပိုင်လွမ်းဆွေးခြင်းတိကိုလည်း
ငါ နားလည်ဖို့မဟုတ်ပါ…။

ငါ့ရို့နှစ်ယောက်ဘဝက
မတူညီရေမြိုင်ပြိုင်နှစ်ခုလို့ရာ
ပြောရဖို့လား…။

သို့မဟုတ်
ကိုယ့်နန့်မတန်ရေပန်းကိုရာ
ငါ့ကလှမ်းချင်နိန်လို့လား…။

ငါဘဝမှာက
ဂုဏ်ပကာသနဆိုစွာ
ဗလာနတ္တိဘဝနန့်
မင်းကိုချစ်နိန်မိစွာကရာ
ငါအမှားလား…။

အမှန်အတိုင်းဝန်ခံရကေ
ငါ့ဘဝကမင်းဘဝတောက်ပြောင်ဖို့အတွက်
လမင်းကြီးပိုင်အလင်းကိုပီးနိုင်ဖို့ကိုထားလိုက်
မှုန်ဝါးဝါးနန့် လမင်းကြီးဘေးနားမှာ
တောက်ပနီရေ ကြယ်ချေတိလောက်တောင်မှ
အလင်းကိုမပီးနိုင်ရေဘဝပါ…။

နှစ်လရာသီ
အလီလီပြောင်းလားခကေလေ့
ရင်ထဲမှာ နှစ်နှစ်ကာကာနန့်
မင်းကို ငါ့ချစ်နိန်ရစွာ
ဇာလောက်ကြာလားဗျာယ်ဆိုစွာကိုလည်း
မင်းသိဖို့မဟုတ်ပါ…။

၁၃-၀၅-၀၇ တုန်းက
မင်းကိုတွိ့ချင်လို့
မင်းဟိရေနိန်ရာကို
ငါလာခသိမ့်ရေ…။

ယကေလေ့
မင်းကို တွိ့နိုင်ဝံ့ရေသတ္တိတိ
ငါ့မှာမဟိခ…။

တမြီတည်းမှာ
အတူဟိရေအချိန်ခါမှာတောင်မှ
မင်းကိုတွိ့ဝံ့ရေသတ္တိမဟိရေ
ငါ့ကိုယ်ငါ
ကောင်းမုန်းမိရေ…။

ထို…အချေဘဝခါက
မင်းကိုရူးမိုက်စွာနန့်
စွဲလန်းခရေ ငါ
မင်း ကျူချိန်လားတိုင်း
ငါ နိန့်တိုင်းစောင့်ကြည့်ခဖူးရေ…။

ယကေလေ့
ယင်းအကြောင်းတိကို
မင်းတယောက် သိခဖို့မဟုတ်ပါနှ…။

အမှန်အတိုင်းပြောရကေ
အတိတ်အဖြစ်အပျက်တိကို
အလွယ်ချေနန့် မိန့်နိုင်လီဖို့လို့
အယင်က
ငါထင်ထားခဖူးရေ…။

ယကေလေ့
ဇာနိန်ရာ ဇာကိုပင်ရောက်ရောက်
ငါ့ အတွေးတိုင်းငါ့စိတ်ကူးတိုင်းမှာ
မင်းကအမြဲတမ်း
ရှိကပါနိန်ရေ…။

မင်းဓာတ်ပုံတိမဟိကေလေ့
အချေခါကပင
်ရူးသွပ်စွာနန့်
စိတ်ကူးယည်သ္မားပီပီ
ကိုယ့်စိတ်ကူးချေနန့်
ပုံဖော်ရေးဆွဲထားရေ
ပုံကိုကြည့်ယင်းနန့်
ကြည်နူးနိန်ရသူပါ…။

တယောက်တပြည်
ဝီးကွာနိန်ရရေအချိန်မှာ
မမျှော်လင့်ဘဲနန့်
လီလှိုင်းကတဆင့်
မင်းနန့်ပြန်လို့ တွိ့ရလို့
ငါ့ရင်ထဲမှာ
အတိုင်းမသိ
ပျော်မြူးရသူပါ…။

ဖော်ကွာဝီးလို့
ကမ်းဝီးနိန်ရေ
ဇင်ယော်ငှက်ချေတကောင်ပိုင်
ကမ်းမမြင်လမ်းမမြင်ရေ
သမုဒ်ပြင်ကြီးထဲမှာ
ကြမ်းတမ်းခက်ထန်ရေ
လောကဓံမုန်းတိုင်းတိကို
ရင်ဆိုင်ယင်းနန့်
ပျံသန်းနိန်ရရေဘဝမှာ
မင်းဘားက ချစ်ရေဆိုရေ
စကားတခွန်းချေက
ိုကြားခွင့်မဟိကေတောင်မှ
ငါ့က မင်းကိုချစ်နိန်ရေဆိုစွာ
ကိုမင်းတယောက်သိခကေ
ငါ သီပျော်ရေဝေး…။
…………………….
၀၃-၀၂-၂၀၀၉၂း၃၄ pm

(ကျော်ဒိုင်ယာရီဘလော့မှ)

0 မှတ်ချက်:

“အမှောင်ကိုခွင်း၊ အလင်းကိုဆောင်၊ ရခိုင်အလင်းရောင်” ဘလော့ကို တမင်တကာလာကတ်တေဖြစ်စီ၊ လမ်းမှားလို့ရောက်လာကတ်တေဖြစ်စီ ကျွန်တော်ရို့ “ရခိုင်အလင်းရောင်” မိသားစုမှ အထူးပင်ကျေးဇူးတင်ပါရေ။ နောက်ထပ်လည်း လာလည်ကတ်ပါလို့ ဖိတ်ခေါ်ပါရေ။