အော်...
ကိုယ့်မွီးရပ်ရွာ ကိုယ့်ပြည်ရွာကို
စွန့်ခွါလာရ ငါ့ဘဝဂါး
နှစ်လရက်တိ ကြာခဗျာယ်...။
မရောက်စွာကြာ မွီးရပ်ရွာနန့်
မွီးသမိခင် ကျေးဇူးသျှင်ကို
အောက်မိတမ်းတ လွမ်းရရက်တိ
ရင်မှာမချိ ခံစားမိပနာ
ဝမ်းနည်းလာရေ...။
အဝီးတနိန်ရာ ရောက်နိန်ပါလည်း
မာတာမိခင် ကျန်းကျန်းမာမာ
ချမ်းချမ်းသာအောင်
အမင်သားချေ ဆုတောင်းနိန်ရေ...။
ထို...အချဘဝက
ထမင်းဘဲဆီဆုပ် ဆီဆားဖုပ်နန့်
အမင်ကျွေးခ ယုယခစွာ
သားချေရင်မှာ အတွက်ပေါ်လာဂေ
အမင်ဝီးသားချေ ငိုမိရေ...။
မြင့်မိုရ်တောင်ထက် ကြီးမားဂုဏ်ထူး
အမင့်ကျေးဇူးကို သားချေရင်မှာ
ပီးဆပ်ချင်လည်း
မဆပ်နိုင်သိမ့်ရေ အမင့်သားချေကို
အမင်ခွင့်လွှတ် နားလည်ပါ...။
အော်...အမင်..
အသက်ထက်ဆုံး ဘဝတုန်းအောင်
အမင့်ရင်ခွင် ခိုနားချင်လည်း
ဇာဘဝက ဇာရီစက်ကြောင့်
အမင့်ရင်ခွင့်နန့် ဝီးနိန်ရလဲ....။
အမင်...
နောက်နောင်ဘဝ လူဖြစ်ရလည်း
နောက်နောင်ဘဝ ငှက်ဖြစ်ရလည်း
ဇာဘဝမျိုးမှာ ဖြစ်ရဖြစ်ရ
သားချေအချစ် အမင်ရိပ်မှာ
ပြန်ဖြစ်ချင်ရေ
သားချေဆန္ဒ ပြည့်ပါရစီ
တောင်းဆုဝီရေ....။
----------------------
၇-၅-၂၀၀၉
9:43 pm
(ကျော်ဒိုင်ယာရီဘလော့မှ)
0 မှတ်ချက်:
Post a Comment