မတွိ့ချင်ယာဆိုခါမှ
သတိရနိန်ရေ
ငါ့စိတ်တိကို...။
လားဖို့ယာဆိုခါမှ
နှုတ်လို့မရရေ
ငါ့ခြီထောက်တိကို...။
နှုတ်ဆက်ပါရေဆိုခါမှ
ထောင်လို့မရရေ
ငါလက်ချေတိကို...။
ငိုဖို့ကျခါမှရာ
ထွက်မလာရေ
ငါ့မျက်ရည်တိကို...။
အလကားလားရေခါ
ဝါးလုံးကိုထိုးပစ်စော်ပိုင်
မြန်နိန်ရေ ငါ့ခြီထောက်
ပြီးဖို့ကျရေခါမှာ
မ,လို့တောင်မှမရယာစော်ကို...။
ထမင်း ဝ,နိန်ရေခါ
လူများအိမ်မှာစားလို့ရာ
ခြီခရေ လူတယောက်
စားစရာမဟိရေခါ
တောင်းစားရဖို့ကို
ရှက်တေအဖြစ်တိကို…။
မွီးဖွားလာရေခါ
ပြုံးစိစိနန့်
သီဖို့ကျရေခါမှရာ
မျက်ရည်ပါးရည်တိ
ကျရေအဖြစ်တိကို…။
ကိုယ့်လူမျိုးအတွက်
အကျိုးဆောင်ရေလူတိကို
လူ့ဘောင်အသိုင်းအဝိုင်းကဖယ်ထုတ်
အမျိုးယုတ်ကိုကျဂေ
သခင်ပိုင်ကိုးကွယ်ရေလူတိကို…။
“ကိုယ့်စကား”ကိုပြောဂေ
အောက်တေဆိုပနာ
“ပထွီးစကား”ကိုကျကေ
ကြွိနိန်အောင်ပြောနိန်ရေလူတိကို…။
အမျိုးသားရေကိုဗန်းပြပနာ
ကိုယ့်ဝမ်း ဝ,ရေးအတွက်ရာ
လုပ်နိန်ဂတ်တေလူတိကို…။
အမျိုးသားရေးအတွက်
ပထွီးအောက်မှာ
ဆိုင်းဘုတ်တင်ပနာ
လမ်းမှားစွာလုပ်နိန်ရေ
နိုင်ငံခြားလူ့အဖွဲ့တိကို...။
အမှန်တရားကိုထောက်ပြလို့
ငါ့ရို့အဖွဲ့ကိုထိရေဆိုပနာ
အမျိုးသားရေးအတွက်
လုပ်ဆောင်နိန်ရေလူတိကို
အဝီးသို့ဖယ်ထုတ်..
အမျိုးသားရေးအတွက်
စက်ဆုတ်စရာ
Sexy ရုပ်ပေါက်နိန်ရေ
ပ ပိန်မချေတိကို
ဘုရားတဆူပိုင်
ကိုးကွယ်နိန်ရေလူတိကို...။
ကိုယ့်ယဉ်ကျေးမှုကို
ကိုယ်စောင့်ရဖို့အစား
ကိုယ့်ဖေသာကို ကိုယ်ဖြုန်းလို့
ကိုယ့်ရတနာကိုတိကို
ပထွီးရတနာအဖြစ်
ပြောင်းလဲပစ်တေ
ရခိုင်အဖွဲ့အစည်းတိကို...။
ကိုယ့်အမျိုးအတွက်
လုပ်ဆောင်နိုင်ဖို့ကိုမပြောကေ့
ကိုယ့်ကိုယ်ကိုတောင်မှ
စားစရာမဟိရေ
ငါ့ဘဝချေကိုလည်း...။
..................
၎-၇-၂၀၀၉
၆:၄၅ am
(ကျော်ဒိုင်ယာရီဘလော့မှ)
0 မှတ်ချက်:
Post a Comment