“အမှောင်ကိုခွင်း၊ အလင်းကိုဆောင်၊ ရခိုင်အလင်းရောင်။” စာပီမြင့်မှ လူမျိုးမြင့်ရေ။ စာပီပျောက်ကေ လူမျိုးပျေက်တေ။ ရခိုင်လူမျိုးလွတ်လပ်ချင်ကေ ရခိုင်စာကို အယင်သင်ကတ်။
ကျွန်တော်ရို့၏ “အမှောင်ကိုခွင်း၊ အလင်းကိုဆောင်၊ ရခိုင်အလင်းရောင်”ဘလော့သည် အိန်တာနက်ထက်မှာ တက်လာသမျှ ရခိုင်ဘာသာနန့် ဆောင်းပါး၊ကဗျာ စသည်တိကို ရှာဖွီတင်ဆက်ဖို့အတွက် စမ်းသပ်ပြုလုပ်နိန်ပါသည်။ လိုအပ်ချက်တိဟိပါက c'box မှာအမှာစာရေးထားခကတ်ပါ။ အတတ်နိုင်ဆုံး အကောင်းဆုံးဖြစ်အောင် ကြိုးစားနိန်ပါသည်။ ဆက်သွယ်ချင်ပါက alrevelation@gmail.com ကိုဆက်သွယ်နိုင်ပါရေ။

နီမင်းကြီးသို့လွမ်းခြင်း

ညာဏ်စမ်းပဟေဠိ အဟုတ်ပုစ္ဆာ
များစွာသောင်းသောင်း မိန်းခွန်းပေါင်းကို
လွယ်လင့်တကူ ဖြေနိုင်သူကား
ရက္ခိုင်ပဏ္ဍိ ပညာဟိ။

ရဟန်းသျှင်လူ များပြည်သူရို့
ဓိပ္ပါယ်မသိ ကျောက်စာတိကို
နှုတ်တက်အာဘော် ဓိပ္ပါယ်ဖော်ရေ
ကဝိအမော် ပညာကျော်ကား
ရက္ခိုင်ပဏ္ဍိ ပညာဟိ။

ရက္ခမဏ္ဍိုင် ပြည်ရက္ခိုင်အတွက်
ကယ်တင်သျှင်တဆူ ဖြစ်တော်မူရေ
ရှေးတွေးနောက်ခေါ်
မြော်မြင်သိတတ် ထိုလူမြတ်ကား
ရက္ခိုင်ပဏ္ဍိ ပညာဟိ။

လွန်စွာကျွမ်းကျင် ရာဇဝင်နန့်
များပြားလှဘိ ကျောက်စာတိကို
အများသိအောင် ဖော်ထုတ်နိုင်ဘိ
မြတ်ကဝိကား
ရက္ခိုင်ပဏ္ဍိ ပညာဟိ။

အဂုအချိန်ခါ....
ကဝိအမော် ပညာကျော်ကား
ခန္ဓာရုပ်ဟောင်း ဘဝပြောင်းလို့
လူ့ပြည်လူ့ရွာ ကိုယ့်ဌာနာက
ထွက်ခွါလားစွာ ကြာလခဗယာ။

ယကေလေ့သော့...
ကဝိသတင်း ကျော်ဇောခြင်းကား
ရက္ခပြည်ခွင် များလူရင်မှာ
“သဇင်ရနံ့ပိုင်” သင်းပျံ့ကြိုင်ဆဲ
မွှီးနိန်မြဲပါ။
-------------
၁၁-၁၁-၂၀၀၆

မှတ်ချက်။ ။သြဂတ်(စ်) (၁၄) နိန့်မှာကျရောက်ဖို့ ဆရာကြီး ဦးဦးသာထွန်းကျဆုံးခြင်း(၂၀)နှစ်မြောက်ကို အေကဗျာချေနန့်ဆရာကြီးအား ဂုဏ်ပြုပါရေ။

(ကျော်ဒိုင်ယာရီဘလော့မှ)

0 မှတ်ချက်:

“အမှောင်ကိုခွင်း၊ အလင်းကိုဆောင်၊ ရခိုင်အလင်းရောင်” ဘလော့ကို တမင်တကာလာကတ်တေဖြစ်စီ၊ လမ်းမှားလို့ရောက်လာကတ်တေဖြစ်စီ ကျွန်တော်ရို့ “ရခိုင်အလင်းရောင်” မိသားစုမှ အထူးပင်ကျေးဇူးတင်ပါရေ။ နောက်ထပ်လည်း လာလည်ကတ်ပါလို့ ဖိတ်ခေါ်ပါရေ။