ပညာသင်ရန် စိတ်မှာကြံလို့
စီးပွားရှာရန် စိတ်မှာကြံလို့
ကိုယ့်ပြည်ကိုယ့်ရွာ ခိုင်ပြည်ရွာက
ထွက်ခွါလားရေ ညီမချေသို့
မောင်ကြီးစိချေ မှာလိုက်မေ။
ဘာသာစကား တမူကွဲပြား
တိုင်းတပါးကို ရောက်လားရေခါ
“ရိုးရာကိုဖျောက် ငှက်စိတ်ပျောက်လို့
ကျီးငှက်သာလကာ ငှက်မိစ္ဆာပိုင်”
အမိကိုကျော် ဒွေးတော်လွမ်းကာ
မဖြစ်ပါဂေ့။
ပညာသင်နိန် ဝီးတမြိန်မှာ
စီးပွားရှာနိန် ဝီးတမြိန်မှာ
များစွာသောင်းသောင်း ပန်းအပေါင်းရို့
လန်းဆန်းဝီဆာ ရနံ့ဖြာကာ
ပွင့်ဆန်းဝဝီ စီရရီလည်း
ဟိပါလီဖို့။
ယကေလေ့သော့…
များပြားလှဘိ ထိုပန်းတိကို
ညီမချေစီကုံး တပြုံးပြုံးနန့်
စီကုံးကာဖြင့် ညီမချေဂေါင်းမှာ
မပန်သင့်ပါ။
ဇာဖြစ်လို့လဲ?
မိန်းကြည့်ပြီးကေ ဆန်းစ်လီက
ငါ့ရို့ဘီဘင် ဘိုးစဉ်ဘောင်ဆက်
မျိုးအဆက်ဆက်ရို့ သူရို့ဂေါင်းထက်မှာ
“ပန်းမြတ်တော်ဝင် ပန်းသဇင်”ကို
မြတ်မြတ်နိုးနိုး ရင်မှာပျိုးပနာ
ယုယကြင်နာ ထွီးပိုက်ကာဖြင့်
အသားထဲက လောက်မဖြစ်ဘဲ
အစဉ်အဆက် ထုံးမပျက်ဘဲ
မပျက်သစ္စာ ခိုင်မြဲစွာနန့်
အသက်ထက်ဆုံး ပန်ကာကုံးရေ
ဆိုစွာချေကို ညီမချေရင်မှာ
မမိန့်ပါဂေ့။
----------------
၁၁-၀၁-၂၀၀၆
(ကျော်ဒိုင်ယာရီဘလော့မှ)
0 မှတ်ချက်:
Post a Comment