“အမှောင်ကိုခွင်း၊ အလင်းကိုဆောင်၊ ရခိုင်အလင်းရောင်။” စာပီမြင့်မှ လူမျိုးမြင့်ရေ။ စာပီပျောက်ကေ လူမျိုးပျေက်တေ။ ရခိုင်လူမျိုးလွတ်လပ်ချင်ကေ ရခိုင်စာကို အယင်သင်ကတ်။
ကျွန်တော်ရို့၏ “အမှောင်ကိုခွင်း၊ အလင်းကိုဆောင်၊ ရခိုင်အလင်းရောင်”ဘလော့သည် အိန်တာနက်ထက်မှာ တက်လာသမျှ ရခိုင်ဘာသာနန့် ဆောင်းပါး၊ကဗျာ စသည်တိကို ရှာဖွီတင်ဆက်ဖို့အတွက် စမ်းသပ်ပြုလုပ်နိန်ပါသည်။ လိုအပ်ချက်တိဟိပါက c'box မှာအမှာစာရေးထားခကတ်ပါ။ အတတ်နိုင်ဆုံး အကောင်းဆုံးဖြစ်အောင် ကြိုးစားနိန်ပါသည်။ ဆက်သွယ်ချင်ပါက alrevelation@gmail.com ကိုဆက်သွယ်နိုင်ပါရေ။

အဆုံးကျမှ ညွတ်မှန်းသိ

အချေခါက
ရီလောင်းပျာယ်ပျိုး
ညှိုးလားမည်
စိုးရိမ်စိတ်နန့်
မွမ်းမံဂရုစိုက်ခ
မင်းဥယာဉ်မှုး --။

အရွယ်ရောက်စ
အနှစ်မပြည့်ခင်
ပျင်ဆင်ပီးခစွာက
မြီသြဇာအားဆီးတိ
ငါ့ကိုတိုက်ကျွေးခ
မင်းဥယာဉ်မှုး --။

အားမြတ်လို့
ငါထွားနီရေခါ
ပီတိတရွမ်းရွမ်းနန့်
ငါကိုကြည့်ပျာယ်
ပျော်ရွင်ခရေ
မင်းဥယာဉ်မှုး --။

အရွယ်လည်းမအို
အသက်လည်းမကြီးသိမ့်
ငါလှပနီရေအချိန်
ဒါးပြတ်ပြတ်နန့်
ဘောင်းဘောင်းမြည်အောင်ခွတ်
အကာနန့်အခက်တိကိုဖျင်
အအူအနှစ်ကို ခွဲထုတ်
ငါ့ကိုသတ်ခစွာ
မင်းဥယာဉ်မှုး --။

ှုငါ့လက်ငါ့ခြီတိ
မရောင်းခင် နီလှန်း
မဆွီးခင်မီးဆိုက်
ဇာပိုင်လုပ်လုပ်
မင်းစိတ်တိုင်းကျ
ငါ့လိုက်ခယင့် ဥယာဉ်မှုး --။

ပြုစုယုယခ
အားလုံးကိုအကောင်းမြင်
မင်းပီးရေအစာကိုစား
မင်းပီးရေ ရီကိုဆီးထင်
ပျော်ပျော်ရွင်ရွင်နန့်
ငါဖြတ်သန်းခစွာ
အဆုံးကျမှ
ညွတ်မှန်းသိရေ --။

ငါကား
သစ်ပင်တပင်ရာ
လုပ်ချင်ပိုင်လုပ်
မင်းလုပ်သရိ ငါခံယင့် --။

အသျှင် (Ashun)

(ရက္ခဌာနီဘလော့မှ)

0 မှတ်ချက်:

“အမှောင်ကိုခွင်း၊ အလင်းကိုဆောင်၊ ရခိုင်အလင်းရောင်” ဘလော့ကို တမင်တကာလာကတ်တေဖြစ်စီ၊ လမ်းမှားလို့ရောက်လာကတ်တေဖြစ်စီ ကျွန်တော်ရို့ “ရခိုင်အလင်းရောင်” မိသားစုမှ အထူးပင်ကျေးဇူးတင်ပါရေ။ နောက်ထပ်လည်း လာလည်ကတ်ပါလို့ ဖိတ်ခေါ်ပါရေ။