“အမှောင်ကိုခွင်း၊ အလင်းကိုဆောင်၊ ရခိုင်အလင်းရောင်။” စာပီမြင့်မှ လူမျိုးမြင့်ရေ။ စာပီပျောက်ကေ လူမျိုးပျေက်တေ။ ရခိုင်လူမျိုးလွတ်လပ်ချင်ကေ ရခိုင်စာကို အယင်သင်ကတ်။
ကျွန်တော်ရို့၏ “အမှောင်ကိုခွင်း၊ အလင်းကိုဆောင်၊ ရခိုင်အလင်းရောင်”ဘလော့သည် အိန်တာနက်ထက်မှာ တက်လာသမျှ ရခိုင်ဘာသာနန့် ဆောင်းပါး၊ကဗျာ စသည်တိကို ရှာဖွီတင်ဆက်ဖို့အတွက် စမ်းသပ်ပြုလုပ်နိန်ပါသည်။ လိုအပ်ချက်တိဟိပါက c'box မှာအမှာစာရေးထားခကတ်ပါ။ အတတ်နိုင်ဆုံး အကောင်းဆုံးဖြစ်အောင် ကြိုးစားနိန်ပါသည်။ ဆက်သွယ်ချင်ပါက alrevelation@gmail.com ကိုဆက်သွယ်နိုင်ပါရေ။

ရခိုင်သဘာဝတေးကဗျာစပ်နည်း

အခန်း (၁)

ရခိုင်သဘာဝတေးကဗျာစပ်နည်းစပ်ဟန်ကို လေ့လာသူ သိဟိရအချက်များ

လူပေါ်စခေတ်ကတည်းကပင် တေးကဗျာများလည်းဆင်းသက်လာပါသည်ဟု ဆိုလီသည်။ စာပီထက် ကဗျာကရှေးကျပါသိမ့်၏။ ဇာကြောင့်ဆိုသော် မွီးဖွားစကပင် မိခင်သည် တေးကဗျာကိုဆို၍ အချေကိုချော့သည်။ မအိပ်,အိပ်အောင်သိပ်၍ အိပ်ပျော်စီသည်။ ယင်းသို့ကဗျာဖြင့် မွီးမြူလာရခြင်းဖြစ်သည်။

မှတ်ချက်။ ။ကဗျာစပ်ရာ၌ ကာရန်နောက်သို့ဂျည်းလိုက်၍ မရေးစပ်သင့်။ အဓိပ္ပါယ်နောက်သို့လိုက်၍သာ ကာရန်ကိုယူ၍ ရေးစပ်သင့်ပါသည်။

ဥပမာ။ ။(၁) ကာရန်သာစပ်၍ အဓိပ္ပါယ်မစပ်ခြင်းမျိုး။
(၂) အဓိပ္ပါယ်သာစပ်၍ ကာရန်မစပ်ခြင်းမျိုး။
(၃) အဓိပ္ပါယ်လည်းမစပ် ကာရန်လည်းမစပ်ခြင်းမျိုး။
(၃) အဓိပ္ပါယ်လည်းစပ် ကာရန်လည်းစပ်ခြင်းမျိုး။

ဤလေးမျိုးရို့တွင် နံပါတ်(၁)အမျိုးအစားသည် ကဗျာလေ့လာသူများအတွက်သာ အသုံးပြုသင့်သည်ဆို၏။ (၂) နှင့် (၃) အမျိုးအစားကိုကား မသုံးသင့်ဟူ၏။ (၄) အမျိုးအစားကိုကား ကဗျာရေးစပ်သူတိုင်း ပိုင်ပိုင်ကျင့်သုံးလားရမည်ဖြစ်သည်။

ယင်းသို့ကျင့်သုံးရန်မှာ-
(၁) လိုအပ်သောစကားလုံးအတွက် ကာရန်ရအောင် ရှာနိုင်စွမ်းဟိရမည်။
(၂) ရဟိလာသောကာရန်ကို လိုအပ်သောအဓိပ္ပါယ်သို့ အံဝင်အောင်အသုံးပြုနိုင်စွမ်းဟိရမည်။

ရခိုင်သဘာဝတေးကဗျာများဖွဲ့စည်းစပ်ဟပ်နိန်ပုံ ပုံသဏ္ဍာန်ကိုသိသာရန်အချက်များ

ကျွန်ုပ်လေ့လာသိဟိသလောက် ရခိုင်သဘာဝတေးကဗျာများတွင်-
(၁) ရခိုင်ဒေသန္တရသုံး စကားသံကာရန်ကိုအသုံးပြုများခြင်း၊ စကားပြောပုံစံမျိုးသီကုံး ခြင်းများပါဝင်ခြင်း။
(၂) ကာရန်အချိန်၊အဆက်၊ ကာရန် သွယ်စပ်ပုံ၊ ထပ်ပုံနည်းအများအပြားချဲ့ထွင်ပါဝင် သုံးထားခြင်းကြောင့် ကာရန်ယူရန်လွယ်၍ ကာရန်ယူပုံလွတ်လပ်ခြင်း။
(၃) သီဆိုကောင်းရန် အစပ်အဟပ်မျိုးဖြစ်ခြင်း။
(၄) သီဆိုကောင်းရန်အတွက် အသံနိန်အသံထားမျိုးစပ်ဆိုပါဝင်စီခြင်း။
(၅) အသံအနိန်အထား တမျိုးတည်းထွက်လျှက် နားညိန်းဖွယ်စီမှုမဖြစ်စီရဘဲ (အသံ)အမျိုးမျိုးထွက်ပေါ်လာအောင် သံနိန်သံထားမျိုးဖြင့်စပ်ဆိုထားခြင်း။
(၆) စပ်နည်းစပ်ပုံများမှာ ရခိုင်သခြင်းစပ်ပုံဟန်၊ ရခိုင်သံချပ်စပ်ပုံဟန်၊ တုံး (ဒုံး)ခြင်းများစပ်ဟန်များ ဆင်တူသောစပ်ဟန် အမျိုးမျိုးရောနှောဖွဲ့စည်းပါဝင်ခြင်း။
(၇) နည်းစနစ်ရလျှင် လွယ်ကူသောစပ်နည်း မျိုးဖြစ်စီခြင်း။


(အခန်း (၂) ကိုဆက်လို့တင်ပြလားပါဖို့)

-------------------

ဝန်ခံချက်။ ။ ရခိုင်သမိုင်းသုတေသီ အသျှင်စက္ကိန္ဒ၏ “ရခိုင်သဘာဝတေးကဗျာများ” (အမှတ် ၄၄၊ ၃၆ လမ်း၊ မြန်မာကြော်ငြာပုံနှိပ်တိုက်မှ ၁၉၆၁ ခုနှစ်ထုတ်ဝီ) စာအုပ်မှ ထုတ်နှုတ်လို့ ကိုယ့်ပိုင်စာ ကိုယ်ပိုင်ဘာသာသို့ ပြန်ဆိုထားပါသည်။

0 မှတ်ချက်:

“အမှောင်ကိုခွင်း၊ အလင်းကိုဆောင်၊ ရခိုင်အလင်းရောင်” ဘလော့ကို တမင်တကာလာကတ်တေဖြစ်စီ၊ လမ်းမှားလို့ရောက်လာကတ်တေဖြစ်စီ ကျွန်တော်ရို့ “ရခိုင်အလင်းရောင်” မိသားစုမှ အထူးပင်ကျေးဇူးတင်ပါရေ။ နောက်ထပ်လည်း လာလည်ကတ်ပါလို့ ဖိတ်ခေါ်ပါရေ။