ကုန်ဈီးနှုန်းက
အတက်အကျ
စီးပွါးရေးကပျက်
ကမ္ဘာထက်က
နိန့် နန့် ညပြောင်း
အသစ်တိဟောင်း
မတည်မြဲခြင်းစီးကြောင်းထဲမှာ……၊
ငါ့နှလုံးသားက အချစ်တိ
တရိပ်ရိပ်တက်
အကျကမဟိ
စကြ၀ဠါ အာကာထိလားတိုက်နိန်ရေ……၊
အရီပြားချွေးပေါက်တိထဲက
တစိမ့်စိမ့်ယိုကျ
လီရှူထုတ်လိုက်ကေတောင်
အချစ်တိက
ချိုမြရေ သံဇိုင်ချေတိဖြစ်နိန်ရေ…..၊
ဒေပိုင်အချစ်နန့် မွီး
ငါအိုလာကေလေ့
ငါ့အချစ်က
တရက်ထက်တရက်နုပျို
စိမ်းစိုလန်းသစ်နိန်ရေ…..၊
မင်းရို့ တိက
လေးဝတီလို့  ခွဲခြားသတ်မှတ်
ငါ့ရင်ဘတ်မှာက
ငါချစ်တေ ရက္ခ၀တီ တခုတည်းရာဟိရေဝေ….။ ။ ။
ဝံလက်ဖြူ
(အနာဂတ်လှိုင်းဘလော့မှ)
အမျိုးအစား
တခြားကဗျာ
Subscribe to:
Post Comments (Atom)
0 မှတ်ချက်:
Post a Comment